← Chapters

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း(ဂ)

Vol. 90 Ch. 1392

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း(ဂ)

Vol. 90 Ch. 1392

ရွှမ်ကမ္ဘာလမ်းစဉ်၏ တာဝန်သည် အသူရာချောက်နက်ဆီသို့ ဦးတည်သော ဂိတ်တံခါးကို စောင့်ကြပ်ပေးရန် ဖြစ်သည်။

သူတို့က ဧကရာဇ်၏ အမိန့်တော်ကိုပင် လျစ်လျူရှုနိုင်ကြသည်။

အသူရာချောက်နက်သည် နီလာနတ်သမီးနှင့် လီဇီဟွား၏ မွေးရပ်မြေဖြစ်သည်။

ယင်းက အစစ်အမှန်ဝမ်ကူးဖြစ်သည်။

ယင်းက ရွှမ်ကမ္ဘာမြေမှ ရောက်ရှိလာကြသော နွေဦးအင်မော်တယ်များနှင့် မူလဒေသခံများဖြစ်ကြသော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားများကြားမှ စစ်မြေပြင်ဖြစ်သည်။

ထိုတိုက်ပွဲတွင် နွေဦးအင်မော်တယ်များက အနိုင်ရခဲ့သည်။ ထို့နောက် အင်မော်တယ်များသည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်နှင့် ၎င်းတို့၏ နတ်ဧကရာဇ်ကို ချိပ်ပိတ်ပစ်ခဲ့သည်။ ထို့ပြင် အင်မော်တယ်များသည် အတိတ်တုန်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို သူတို့၏ ကမ္ဘာမြေအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ထို့ကြောင့် လက်ရှိဝမ်ကူးကုန်းမြေဟူ၍ ဖြစ်လာခဲ့သည်။

ဝမ်ကူးကုန်းမြေ၏ အောက်ဘက်၊ ရွှမ်ကမ္ဘာမြေ၏ အပေါ်တွင် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ချိပ်ပိတ်ထားသော ဧရိယာသည် အသူရာချောက်နက်အဖြစ် တည်ရှိနေသည်။

အသူရာချောက်နက်ထဲတွင် စုစုပေါင်း ဂိတ်တံခါး(၉)ခု ရှိသည်။

လူသားမျိုးနွယ်သည် ဂိတ်တံခါးတစ်ခုကို ဖိနှိပ်ထားသည်။

ဤအခိုက်အတန့်မှာ အလင်းရောင်သည် အသူရာချောက်နက်ဂိတ်တံခါးထဲမှ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အင်အားကို ဖွဲ့စည်းလိုက်ကာ နန်းမြို့တော်ထဲမှ အလင်းရောင်ကို တုံ့ပြန်လိုက်သည်။

ဝုန်းခနဲ မြည်သံသည် ကောင်းကင်ပေါ်သို့ ပျံ့လွင့်သွားသည်။

အက်ကွဲကြောင်းကိုးခုသည် အသူရာချောက်နက်ဂိတ်တံခါးပေါ်မှာ ထွက်ပေါ်လာကြသည်။

ကျယ်လောင်သော မြည်သံများသည် လူသားမျိုးနွယ်၏ ဒေသကြီးအတွင်းမှာ ပဲ့တင်ထပ်သွားသည်။ မသဲမကွဲ ရေရွတ်သံများသည် အသူရာချောက်နက်ထဲမှ ထွက်ပေါ်လာပြီး ဆန္ဒမရှိသော ဟိန်းသံများသည် ဂိတ်တံခါးထဲမှ ပျံ့လွင့်လာသည်။

၎င်းတို့က ပြန်လာနေကြသည်။

၎င်းတို့က ဝမ်ကူးကုန်းမြေ၏ အစစ်အမှန်သခင်များ ဖြစ်ကြသည်။

၎င်းတို့က ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ဖြစ်သည်။

ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များက အကြမ်းပတမ်း ထွက်ပေါ်လာကြပြီး မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အဆုံးမဲ့သော ဒြပ်နှောများသည် အသူရာချောက်နက်ဂိတ်တံခါး၏ အက်ကွဲကြောင်းများထဲမှ အရူးအမူး ထွက်ပေါ်လာကြသည်။

မြေပြင်မှ၊ သဲမှုန်များမှ၊ တောင်တန်းများနှင့် မြစ်ချောင်းများထံမှ…

မြို့တော်အတွင်းမှ၊ အဆောက်အဦးများထံမှ၊ အစားအစာများထံမှ၊ အရာဝတ္ထုများထံမှ…

နောက်ဆုံးမှာတော့ ဒြပ်နှောများသည် တည်ရှိမှုအားလုံးထံမှ ပေါ်လျှိုးလာကြပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် မီးခိုးငွေ့များကို ဖွဲ့စည်းလိုက်ကြသည်။

ကောင်းကင်ပေါ်မှ တိမ်တိုက်များက ထိုမီးခိုးငွေ့များဖြင့် ပေါင်းစပ်သွားပြီး မြန်ဆန်စွာ အရောင်ပြောင်းလဲသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယင်းတို့က အန္တရာယ်သတိပေးမှုဖြစ်သော နီညိုရောင်တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကြက်သွေးရောင်လျှပ်စီးသည် တိမ်တိုက်များကြားထဲမှာ ဝင်းလက်သွားသည်။ သွေးမိုးသည် ကောင်းကင်ပေါ်မှ စတင်ရွာသွန်းလာသည်။

စိတ်ကူးမယဉ်နိုင်အောင် အလွန်ကြီးမားသော အန္တရာယ်သည် အလင်းရောင်နှစ်ခု၏ ပဲ့တင်ထပ်မှုအောက်မှာ ထွက်ပေါ်လာသည်။

အကယ်၍ သူတို့က ယင်းကို အချိန်မီ မဖိနှိပ်ဘူးဆိုလျှင် အသူရာချောက်နက်ဂိတ်တံခါးက လုံးဝချိုးဖြတ်ခံလိုက်ရသည့်အခါ လူသားမျိုးနွယ်နှင့် အနီးနားမှ တခြားဒေသကြီးများက အန္တရာယ်ကပ်ဘေးထဲသို့ သေချာပေါက် ကျရောက်သွားလိမ့်မည်။

ချက်ချင်းဆိုသလို လူသားမျိုးနွယ်၏ ကမ္မက ပရမ်းပတာ လှုပ်ခတ်သွားပြီး လောကကြီးက တုန်လှုပ်သွားသည်။

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောသည်။

“ အရှင်မင်းကြီး… တကယ်လို့ မင်းနဲ့ အလောင်းနတ်ဘုရားငါးပါးက အသူရာချောက်နက်ဆီသွားပြီး အဲ့ဒါကို ဆယ့်ငါးမိနစ်ကြာအောင် ဖိနှိပ်ထားမယ်ဆိုရင် အသူရာချောက်နက်ဂိတ်တံခါးပေါ်က အက်ကွဲကြောင်းတွေက ပြန်ကောင်းလာဖို့ ရာခိုင်နှုန်းများလိမ့်မယ် ”

“ မင်းက အသူရာချောက်နက်ကို ဖိနှိပ်နေတဲ့အချိန် ငါက ညီလေးကို အိမ်ခေါ်သွားလိမ့်မယ် ”

“ ဒီတော့ ကစားပွဲက စတင်ပြီ ”

“ အရှင်မင်းကြီး… မင်း ဘယ်ဟာကို ရွေးချယ်မှာလဲ… လူတစ်ယောက်ကိုလား ဒါမှမဟုတ် မျိုးနွယ်စုကိုလား ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နန်းတော်ကို ကြည့်လိုက်သည်။

နန်းတော်ပေါ်မှ ဝဲကတော့က ဝုန်းခနဲ မြည်သွားပြီး ဧကရီ၏ မျက်လုံးက ထွက်ပေါ်လာသည်။

အသက်သုံးခါရှူချိန်ကြာပြီးနောက် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ဝိုင်းရံထားကြသော လူသားဧကရာဇ်နတ်ဘုရားငါးပါးသည် လေထဲသို့ ပျံတတ်သွားကြပြီး အသူရာချောက်နက်ဆီသို့ ဦးတည်သွားကြသည်။ နန်းတော်၏ ကောင်းကင်ပေါ်မှ ဝဲကတော့သည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ဧကရီသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အသူရာချောက်နက်ဆီသို့ လျှောက်သွားသည်။

သူက မျိုးနွယ်စုကို ရွေးချယ်ခဲ့သည်။

ယင်းကို မြင်သောအခါ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ စိတ်ခံစားချက်များသည် ဤဘဝတွင် ပထမဆုံးအကြိမ် လှုပ်ခတ်သွားသည်။ သူက သဘောကျစွာ ရယ်မောလိုက်သည်။

သို့သော်လည်း သူက ပြုံးလိုက်သည့်အခါ အတိတ်ကို လွမ်းဆွေးသတိရသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက အတိတ်ကို ပြန်သတိရသွားဟန် ရသည်။ အတိတ်ဘဝတွင် ဤအခြေအနေမျိုးဖြင့် တွေ့ကြုံရသည့်အခါ မျိုးနွယ်စုကို ရွေးချယ်ခဲ့သော လူတစ်ယောက် ရှိခဲ့ဖူးသည်။

ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်း၏ အမူအရာသည် အစမှအဆုံးထိ မပြောင်းလဲသွားပေ။ သူက ဖြစ်စဉ်အားလုံးကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။

“ ညီလေး… ဧကရီက မင်းအပေါ် လက်လျော့သွားပြီ… မင်းဘေးက လူတွေလည်းပဲ မင်းအပေါ် လက်လျော့သွားပြီနဲ့ တူတယ်… ဘယ်သူမှ မင်းကို ဒီအချိန်မှာ ရွေးချယ်တော့မှာ မဟုတ်ဘူး ”

“ ဒီတော့ အကိုကြီးနဲ့အတူ အိမ်ပြန်လိုက်ခဲ့တာက မင်းအတွက် ပိုကောင်းလိမ့်မယ် ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အသံသည် သိမ်မွေ့နူးညံ့သည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ကံကြမ္မာလက်သည် မည်သည့်အတားအဆီးမှ မတွေ့ကြုံဘဲ ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ရွှီချင်းက မတုံ့ပြန်ပေ။ သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ ငါ့အကို… ဒီနှစ်တွေမှာ မင်းကိုမေးဖို့ မေးခွန်းတစ်ခုက ငါ့စိတ်ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာတယ်… မင်းဘာကိုကြောက်နေတာလဲ ”

ရွှီချင်း၏ အသံသည် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ နားထဲသို့ ဝင်ရောက်သွားသည်။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ပြုံးထားဆဲပင်။ သူက ပြန်ပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဒေါသတကြီး ဟိန်းသံသည် နန်းမြို့တော်ထဲရှိ စံအိမ်တော်တစ်ခုထဲမှ ပေါ်ထွက်လာသည်။ ဟိန်းသံသည် ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ဟင်းလင်းပြင်ကို အက်ကွဲသွားစေသည်။ ယင်းထဲမှာ အရာအားလုံးကို စတေးပစ်နိုင်သော ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် စကြာဝဠာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သော ရူးသွပ်မှုတို့ ပါဝင်နေသည်။

“ ငါမင်းကို ဝါးမျိုပစ်မယ် ”

စံအိမ်တော်ထဲတွင် အားညိုကို ချုပ်နှောင်ထားသော ချိပ်တံဆိပ်သည် ရုတ်တရက် ပြိုကွဲသွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသော ရူးသွပ်မှု၏ တိုက်ရိုက် ဝါးမျိုခံလိုက်ရသည်။ သို့ဖြစ်၍ သူ၏ ရူးသွပ်မှုက မည်သည့်အတားအဆီးမှမရှိတော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ကောင်းကင်သည် ဤအခိုက်အတန့်မှာ အပြာရောင်သို့ ပြောင်းလဲသွားသည်။

အဆုံးမဲ့သော ရေခဲသည် ကောင်းကင်ကို ချိပ်ပိတ်လိုက်ပြီး မြေပြင်ကို အေးခဲလိုက်သည်။

မရေမတွက်နိုင်သော အပြာရောင်လက်များသည် အပြာရောင်ကောင်းကင်ထဲမှာ ထွက်ပေါ်လာကြပြီး အပြာရောင်ဝဲကတော့တစ်ခုကို ဖန်တီးလိုက်သည်။

ဝဲကတော့က ဝုန်းခနဲ မြည်သွားသည့်အခါ ပြန်လည်မွေးဖွားခြင်းအရှိန်အဝါနှင့် သေခြင်းအငွေ့အသက်သည် ချိပ်တံဆိပ်များ အက်ကွဲနေသော မြည်သံနှင့်အတူ ဝဲကတော့ထဲမှ ထွက်ပေါ်လာသည်။

အမောတကော အသက်ရှူသံသည်လည်း ဝဲကတော့ထဲမှာ ပဲ့တင်ထပ်နေသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက ဝဲကတော့၏ အနက်ပိုင်းထဲမှ ကြိုးစားရုန်းကန်၍ အပေါ်သို့ တွားသွားထွက်လာနေသည့်အလားပင်။

တစ်ချိန်တည်းမှာ အပြာရောင်နှင်းပွင့်များက ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။

ထိုနှင်းပွင့်များသည် အပြာရောင်ပိုးကောင်များမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာ နှင်းပွင့်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြသည်။

“ ချင်းလေးကို စွန့်ပစ်လိုက်တယ်လို့ ဘယ်သူပြောတာလဲ… ငါလက်မလျော့ဘူး ”

ဒေါသတကြီး အော်သံက နန်းမြို့တော်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် ညင်သာစွာ ခေါင်းမော့လိုက်ပြီး အပြာရောင်ဝဲကတော့ကို ကြည့်လိုက်သည်။

ရွှီချင်းသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို စောင့်ဆိုင်းနေသည့်အချိန်မှစ၍ ပထမဆုံးအကြိမ် မျက်နှာပျက်ယွင်းသွားသည်။ သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အပြာရောင်ဝဲကတော့ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက စီနီယာအကိုကြီး၏ ရူးသွပ်မှုနှင့် ချိပ်တံဆိပ်များ ပြေလျော့နေသော အရှိန်အဝါကို အာရုံခံမိသွားသည်။

သူက အလျင်စလို ပြောသည်။

“ စီနီယာအကိုကြီး… စိတ်အေးအေးထားပါ ”

အပြာရောင်ကောင်းကင်သည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ပိုပြီးကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ စိတ်အေးအေးထားရမယ် ဟုတ်လား… ဒီအခြေအနေကို ရောက်မှတော့ အစွမ်းကုန် ငါထုတ်သုံးတော့မယ် ”

ဝုန်းခနဲ မြည်သံများကြားတွင် ကောင်းကင်ပေါ်မှ ဝဲကတော့သည် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာသည်။ ဝဲကတော့အတွင်းမှ အရှိန်အဝါသည်လည်း ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ အသံက အလွန်ကျယ်လောင်သော်လည်း ချိပ်တံဆိပ်များကို ဖြေလျော့ခြင်းက သူမျှော်လင့်ထားသည်ထက် ပိုပြီးခက်ခဲနေဟန် ရသည်။

သို့ဖြစ်၍ မကြာမီ ဝုန်းခနဲ မြည်သံများကြားတွင် ဝဲကတော့က ပြိုကွဲပျက်စီးသွားသည်။ နောက်ဆုံးမှာတော့ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ပေါက်ကွဲသံ၏ အနောက်တွင် နှလုံးကွဲကြေသော အော်သံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။

နှင်းပွင့်များသည် ပျောက်ကွယ်သွားကြသည်။

ကောင်းကင်ပေါ်မှ အပြာရောင်သည်လည်း လွင့်ပြယ်သွားသည်။

မကြာမီ နန်းမြို့တော်ထဲမှ စံအိမ်တော်ထဲတွင် ရူးသွပ်သော အရှိန်အဝါက နောက်တစ်ကြိမ် မြှောက်တတ်သွားပြီး ချိပ်တံဆိပ်ကို ဖြေလျော့ရန် ထပ်မံကြိုးစားလိုက်သည်။ ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသော်လည်း ယင်းက ကျရှုံးသွားဆဲပင်။

ပထမအကြိမ်… ဒုတိယအကြိမ်…

ထိုရူးသွပ်မှုသည် အလွန်ပြင်းထန်သည်။

“ မင်းရဲ့ စီနီယာအကိုကြီးက ဟာသလုပ်နေတဲ့ပုံပဲ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။ ကံကြမ္မာလက်သည် ရွှီချင်း၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ပြီး ရွှီချင်းကို သူ့အရှေ့သို့ ခေါ်ဆောင်လိုက်သည်။

“ ကိစ္စမရှိပါဘူး… ဒီနေ့ ငါသူ့ကို ထိခိုက်အောင် မလုပ်ပါဘူး… ဒါပေမဲ့ စောစောက မင်းပြောခဲ့တာကို ငါနည်းနည်း စိတ်ဝင်စားတယ် ”

“ ဒါပေမဲ့ ငါပိုပြီးစိတ်ဝင်စားတာက… မင်းက ငါ့ကို ဒီနေရာမှာ စောင့်နေတယ်ဆိုတော့… မင်းရဲ့ ပြင်ဆင်မှုတွေက ဘာလဲ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ကံကြမ္မာလက်ဖြင့် ဖမ်းဆုပ်ခံထားရသော ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူက သိမ်မွေ့နူးညံ့စွာ ပြောသည်။

ရွှီချင်းက တည်ငြိမ်နေဆဲပင်။

“ စောစောတုန်းက မင်းရဲ့ လှုပ်ရှားမှုကို မြင်လိုက်တော့… ငါ့ရဲ့ အတွေးတွေကို အတည်ပြုနိုင်ခဲ့တယ် ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အမူအရာသည် သိမ်မွေ့နူးညံ့သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်ပင် ရှိသည်။ ဤသည်မှာ သူက ရွှီချင်းဆက်ပြောမည့်စကားကို အလွန်စိတ်ဝင်စားဟန် ရ၏။

“ ဖုန်းဟိုင်ဒေသငယ်မှာ ငါရှိနေခဲ့ချိန်တုန်းက မေးခွန်းတစ်ခုကို အမြဲတမ်း ငါစဉ်းစားခဲ့တယ်… အဲ့ဒါက မင်းကို ငါဘယ်လိုသတ်နိုင်မလဲ ”

ရွှီချင်းက သိမ်မွေ့နူးညံ့စွာ ပြန်ပြောသည်။

“ မင်းရဲ့ အစစ်အမှန် တိုက်ပွဲစွမ်းအားနဲ့ စွမ်းရည်တွေကို ငါမသိထားတော့ အချိန်အတော်ကြာအောင် အဖြေကို ငါမရှာဖွေနိုင်ခဲ့ဘူး… ငါပိုပြီးသန်မာလာမှပဲ အဲ့ဒီအဖြေကို ရှာဖွေနိုင်လိမ့်မယ်လို့ တွေးခဲ့တယ် ”

“ ဒါပေမဲ့ အဖြေကို ရှာဖွေဖို့ ဘယ်တော့မှ ငါလက်မလျော့ခဲ့ဘူး ”

“ နောက်ဆုံးမှာတော့ လပူဇော်ဒေသကြီးထဲမှာ အခွင့်အရေးတစ်ခုကို ငါမြင်လိုက်တယ် ”

ရွှီချင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

“ နောက်တော့ အဲ့ဒါကို မီးလျှံလဒေသကြီးထဲမှာ ပြီးပြည့်စုံ‌အောင် ငါလုပ်ခဲ့တယ် ”

“ မနေ့ညက မင်းရဲ့ အချိန်ထိန်းချုပ်ပုံကို ငါမြင်လိုက်တယ်… မင်းက စာအုပ်ဆိုင်ပိုင်ရှင်ဇောင်ရဲ့ အချိန်နဲ့ မင်းရဲ့ ကိုယ်ပိုင်အချိန်ကို ဖြတ်တောက်လိုက်တယ်… မင်းက အာဟာရဓာတ်အဖြစ် စားသုံးနိုင်ဖို့ သူ့ရဲ့ ကံကြမ္မာကို မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာနဲ့ ပေါင်းစပ်ခဲ့သေးတယ် ”

“ အဲ့ဒါက ငါ့ရဲ့ စိတ်ထဲက ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့တယ် ”

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အသံက အနည်းငယ် အက်ရှနေသည်။ ဤသည်မှာ သူက မှတ်ဉာဏ်တချို့ကို ပြန်မှတ်မိသွားသည့်အလားပင်။

“ စစ်ပွဲဗုံကို တီးလိုက်တဲ့အချိန်မှာ ပြီးပြည့်စုံလာတယ်လို့ ဘာလို့ ငါခံစားမိတာလဲ… လပူဇော်ဒေသကြီးထဲမှာ ငါမြင်တွေ့ခဲ့တဲ့ ပြိုင်ဘက်ကင်းမြို့တော်ထဲက မြင်ကွင်းက ဘာဖြစ်လို့ ငါ့မှတ်ဉာဏ်ထဲမှာ ရှိမနေတာလဲ ”

“ ဘာလို့ ငါ့မှတ်ဉာဏ်ထဲမှာ ငါ့ကို မင်းရိုက်ချလိုက်တဲ့ လက်ဝါးက သိမ်မွေ့ညင်သာနေတာလဲ ”

“ ပြီးတော့ နောက်ထပ် မှတ်ဉာဏ်တစ်ခုရှိသေးတယ်… အဲ့ဒီမှတ်ဉာဏ်ထဲမှာ မင်းရဲ့ လက်ဝါးက အရမ်းရက်စက်တယ် ”

“ ငါ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားခဲ့တယ်… အဲ့ဒါက ငါ့ဆီ မင်းပို့ပေးလိုက်တဲ့ ချုပ်ရာတွေနဲ့ အဝတ်ရုပ်အတိုင်းပဲ ”

“ ဒါပေမဲ့ ငါ့မှတ်ဉာဏ်ထဲမှာ အဲ့ဒီအပိုင်းက ဘာလို့ ရှိမနေတာလဲ ”

ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။

“ ဘယ်သူက ရက်စက်တဲ့ အဲ့ဒီအချိန်ကို ဖြတ်တောက်လိုက်ပြီး နူးညံ့တဲ့ အချိန်နဲ့ အစားထိုးပေးလိုက်တာလဲ ”

“ တကယ်လို့ အဲ့ဒီလူက တစ်ယောက်တည်းဆိုရင် ဘာလို့ သူက ရက်စက်တဲ့ အချိန်ကို ဖြတ်တောက်ပြီးတော့ အပိုင်းအစတွေကို အတူတကွ ပြန်ချုပ်ပေးလိုက်တာလဲ… အဲ့ဒါက မသင်္ကာစရာကောင်းတဲ့ လုပ်ရပ်ပဲ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက တိတ်ဆိတ်စွာ နားထောင်နေပြီး စကားဖြတ်မပြောခဲ့ပေ။

ဤအခိုက်အတန့်မှာ သူက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောသည်။

“ ဖြစ်နိုင်တာက မင်းကို တိုက်ခိုက်လိုက်တဲ့လူက အပိုင်းပိုင်းအစစ အက်ကွဲသွားတဲ့ မင်းကို မြင်လိုက်ရတော့ သနားကြင်နာစိတ်က သူ့ရဲ့ နှလုံးသားထဲမှာ ဖြစ်ပေါ်လာတာများလား ”

“ ဒါကြောင့် သူက မင်းကို ပြန်ချုပ်ပေးလိုက်ပြီး နူးညံ့တဲ့ မှတ်ဉာဏ်ကို ပေးလိုက်တယ် ”

ပူပြင်းသော နေရောင်ခြည်နှင့် ကောင်းကင်အောက်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လေသည် ထိုအခိုက်အတန့်မှာ တဟူးဟူး တိုက်ခတ်လာပြီး သူတို့၏ ဆံပင်များကို ပင့်မြှောက်လိုက်သည်။ ဆံပင်က တဖျပ်ဖျပ်လွင့်မျောသွားစဉ် အဆင့်မြင့်ဝိညာဉ်စံအိမ်တော်၏ အပြင်ဘက်ဂိတ်တံခါးရှေ့မှာ စွန့်ပစ်ခံထားရသော အဝတ်ရုပ်သည်လည်း လေထဲမှာ လှုပ်ယမ်းသွားသည်။

All Chapters