← Chapters

လူသားတစ်ယောက်က ကျုပ်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ

Vol. 9 Ch. 124

လူသားတစ်ယောက်က ကျုပ်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ

Vol. 9 Ch. 124

အခန်း (၁၂၄) လူသားတစ်ယောက်က ကျုပ်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ

တိမ်ပြိုကမ်းပါး…

တိမ်ပြိုကမ်းပါးက ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် တည်ရှိသော်လည်း ခွန်လွန်တောင်နှင့် အတော်လေး အလှမ်းဝေးသည်။ ထို့ကြောင့် ခွန်လွန်တောင်၏ ပိုင်နက်ဟု မဆိုနိုင်ပေ။

ယခုတော့ တိမ်ပြိုကမ်းပါးထက်ရှိ ကျောက်ဂူတစ်ခုထဲတွင် နတ်မိစ္ဆာ (၆) ယောက် ရှိနေကြသည်။

သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကတော့ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်ရှိပြီး ကျန်လူ (၅)ယောက်ကတော့ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

လူရွယ်က သူ့ရှေ့မှ လူ (၅)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ကဲ ဒီတော့ မင်းတို့တွေ ဘယ်လိုအစီအစဉ်တွေလုပ်ဖို့ စဉ်းစားထားကြသလဲ…"

ထိုသူက နတ်မိစ္ဆာအဖွဲ့၏ တပ်မှူး မန်တု ဖြစ်၏။

သူတို့က ခွန်လွန်တောင်ပတ်ဝန်းကျင်သို့ ပေါ်ပေါ်ထင်ထင် မကပ်ရဲကြသလို လူအင်အားအများကြီးလည်း အသုံးပြုရဲခြင်း မရှိကြပေ။

သို့သော် ခွန်လွန်တောင်ကို ကြောက်ရွံ့ကြသည့်တိုင် လုပ်စရာရှိသည့်တာဝန်များကိုလည်း ပြုလုပ်ကြရမည် ဖြစ်သည်။

ထို့ပြင် ယခု ခွန်လွန်တောင်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမအပြင် နောက်ထပ်နဂါးတစ်ကောင်လည်း ရောက်ရှိနေလေသည်။

ထို့ကြောင့် နတ်မိစ္ဆာများအနေဖြင့် ပိုပြီး သတိထားနေကြရခြင်း ဖြစ်သည်။

"လက်ရှိ ခွန်လွန်တောင်ရဲ့ နဝမတောင်ထွတ်မှာ လူ (၂) ယောက်ပဲ ရှိပါတယ်... ၊ တစ်ယောက်က နဝမတောင်ထွတ်ရဲ့တောင်သခင် မော့ကျန်းသုန့် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့တပည့်ပါ… ၊ အဲဒီတပည့်က ပါရမီရှင်မဟုတ်ပါဘူး ၊ သာမန်အရည်အချင်းပဲ ရှိတဲ့သူပါ…"

ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်က စကားစတင်ပြောလိုက်သည်။

သူက နတ်မိစ္ဆာအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နာမည်က ကျင်းရှိုး ဖြစ်သည်။

မန်တုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"အဲဒီအကြောင်းတွေ သိတယ်လေ… ၊ တကယ်တော့ နဝမတောင်ထွတ်က တပည့်က ဝိညာဉ်ဆေးဝါးတွေ ၊ ရင်းမြစ်ပစ္စည်းတွေအသုံးပြုပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်အောင်လုပ်ထားတာ… ၊ တကယ်တမ်း ဒီလိုကောင်မျိုးက အမှိုက်သာသာပါပဲ… ၊ စကားထဲ ထည့်ပြောဖို့တောင်မတန်ဘူး… ၊ ဒီကောင်သာ နဂါးမင်းသမီးလေးနဲ့ လက်ဆက်ရမယ့်သူမဟုတ်ရင် ကျုပ် ဒီကောင့်ကို အရေးအရာ လုပ်နေမှာမဟုတ်ဘူး… ၊ ဟွန်း… ဒီလိုကောင်မျိုးသာ ကျုပ်လက်ထဲရောက်လာလို့ကတော့ တစ်ခါတည်း အမှုန့်ချေပစ်လိုက်မယ်… ၊ နောက်ဆို ဒီလိုကောင်မျိုးအကြောင်းကို ကျုပ်ရှေ့မှာ လာမပြောမိစေနဲ့…"

"………………"

မန်တု၏ စကားကြောင့် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

မန်တုက အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ဗိုလ်မှူးက ဒီကောင့်ကို ရှင်းပစ်မှာလား ရှင်းမပစ်ဘူးလား သေသေချာချာ မပြောသေးဘူး… ၊ ဒါကြောင့် ကျုပ်က အခြေအနေစောင့်နေရတာ…"

ထို့နောက် မန်တုက လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရင်း…

"တော်ပြီ… အခု ငရဲတံခါးအကြောင်းပဲ ပြောကြရအောင်…"

ရှိုးကျင်းက အနည်းငယ် ချီတုံချတုံဖြစ်နေပြီးမှ…

"တပ်မှူး… အဲဒီ နဝမတောင်ထွတ်ကတပည့်ကို တိုက်ခိုက်မယ်ဆိုရင် ခွန်လွန်တောင်နဲ့ ဝေးတဲ့အရပ်မှာပဲ တိုက်ခိုက်ရမယ်လို့ ဗိုလ်မှူးက မှာထားတယ်… ၊ ဒီတော့ လှုပ်ရှားမှုတွေ မပြုလုပ်ခင် ဗိုလ်မှူးရောက်လာတဲ့အထိ စောင့်ကြတာ ကောင်းမယ်ထင်တယ်… ၊ မဟုတ်ရင် သူတို့တွေ သတိပြုမိသွားလိမ့်မယ်…"

မန်တုက ရှိုးကျင်းကို ဒေါသတကြီးဖြင့်ကြည့်လိုက်ရင်း...

"ဘာလဲ… မင်းက ကျုပ်ကို ဘာလုပ်ရမယ်ဆိုတာတွေ လာသင်ပေးနေတာလား…"

မန်တ၏ ဒေါသံက ဟိန်းထွက်လာပြီး ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ မြင့်တက်လာကာ ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ရှိုးကျင်းကလည်း တုန်တုန်ယင်ယင်ဖြင့်…

"မလုပ်… မလုပ်ရဲပါဘူး တပ်မှူး…"

ဟု ပြောလိုက်၏။

"ဒါဖြင့် ငရဲတံခါးကို ချဉ်းကပ်ဖို့ ဘယ်လိုစီစဉ်ထားလဲ ပြောစမ်း…"

မန်တုက အေးစက်စွာဖြင့် မေးလိုက်သည်။

ရှိုးကျင်းက…

"ရေတိုဆိုရင်တော့ ခွန်လွန်တောင်ကို ခိုးဝင်နိုင်မယ့် ကျင့်ကြံသူတစ်ယောက် ရှာဖွေပြီး မရဏဂူထဲကို စေလွှတ်ရမှာပဲ… ၊ ဒါပေမဲ့… အဲဒီလိုအလုပ်မျိုး လုပ်ပေးမယ့်သူက ရွေးခြယ်ရခက်တယ်…"

ရှိုးကျင်းက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

"ရေရှည်ဆိုရင်တော့ ခွန်လွန်တောင်ကို သူလျှိုတစ်ယောက် စေလွှတ်ရမယ်… ၊ သာမန်တပည့်အဖြစ် နဝမတောင်ထွတ်ကို ဆက်သွယ်ခိုင်းရမယ်… ၊ မရဏလောက လှုပ်ရှားမလာခင် အဲဒီမှာ ထူးခြားမှုတစ်ခုခုတော့ ဖြစ်မှာပဲ…"

မန်တုက…

"ဟွန်း… ခွန်လွန်တောင်က ကျုပ်တို့ နတ်မိစ္ဆာမျိုးနွယ်တွေကို လုံးဝမျက်လုံးထဲမထားဘူး… ၊ ဒီတော့ ပညာတော့ ပြရတာပေါ့… ၊ ဒါနဲ့ … မင်းပြောတဲ့အစီအစဉ်တွေက အကောင်အထည်ဖော်နေပြီလား…"

ရှိုးကျင်းက…

"ရေတိုအစီအစဉ်ကတော့ စတင်စမ်းသပ်နေပါပြီ… ၊ ခွန်လွန်တောင်ကို လူအချို့ ခိုးဝင်ခိုင်းထားပါတယ်… ၊ အဲဒါ မအောင်မြင်ဘူးဆိုမှ ရေရှည်စီမံကိန်းကို စတင်ဆောင်ရွက်မှာပါ…"

မန်တုက…

"အင်း… ကျုပ်တို့လူတွေ အထဲရောက်သွားရင်တော့ ဟို ချစ်ကြည်ရေးမင်္ဂလာလက်ထပ်ပွဲကိစ္စ အတည်ပြုရမယ်…"

မရဏဂူကိုရှာဖွေရမည့်အစီအစဉ်ကတော့ အချိန်ယူရမည် ဖြစ်သည်။

ထို့ကြောင့် ဤကာလအတွင်း နဂါးမျိုးနွယ် မင်းသမီးလေးနှင့် လက်ဆက်မည့်သူကို အရင် ရှာဖွေရမည် ဖြစ်၏။

သူတို့ကြားသည့်သတင်းများအရတော့ ထိုသူက အမှိုက်တစ်စသာ ဖြစ်သည်။ သူတို့အနေဖြင့် မျက်လုံးထဲထည့်ရမည့်သူတစ်ယောက်ပင် မဟုတ်ပေ။

မန်တုအနေဖြင့် ထိုသူ မည်သည့်နေရာတွင်ရှိသည်ကို သိရှိသည်နှင့် ချက်ချင်းသတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ တကယ်တမ်း တိုက်ခိုက်ကြလျှင် ထိုသို့ အသုံးမကျသည့်လူမျိုးက သူ့လက်မှ လွတ်လမ်း မရှိနိုင်ပေ။

မန်တုက…

"အခု ဒီကောင်ဘယ်မှာလဲဆိုတာ စုံစမ်းကြည့်လိုက်… ၊ ဟွန်း… ကိုယ်ပိုင်အစွမ်းအစမရှိဘဲ ဂုဏ်သိက္ခာအတွက် နဂါးမျိုးနွယ်ကို ချဉ်းကပ်တဲ့ကောင်… ၊ ဒီလိုကောင်မျိုးတွေကို ကျုပ် သိပ်အထင်သေးတာပဲ…"

သူ့စကားသံတွင် ရွံလျှာမုန်းတီးမှုများဖြင့် ပြည့်လျှက် ရှိသည်။

သူ့အရှေ့မှ လက်အောက်ငယ်သား (၅) ယောက်မှာ သူ့ကိုဆန့်ကျင်သည့်စကား တစ်ခွန်းမှ မပြောရဲကြပေ။

ဤတပ်မှူးက အနည်းငယ်စိတ်ဆတ်ပြီး ထင်ရာစိုင်းတတ်သည့်အကျင့်ရှိသည်။ သို့သော် သူက အစီအရင်ပညာ ကျွမ်းကျင်ပြီး အလွန်တရာ စွမ်းအားကြီးမားသူ ဖြစ်သည်။

ထို့ပြင် မွေးရာပါ နတ်ဘုရားစွမ်းအားများဖြင့် မွေးဖွားလာသည့် ပါရမီရှင်လည်း ဖြစ်၏။

ထိုစဉ်…

"ဒုန်း…"

ကျောက်ဂူအပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ချက်ချင်းပင် ကျောက်ဂူထဲမှ နတ်မိစ္ဆာ (၂)ယောက်က ထိုနေရာသို့ ပြေးလွှားထွက်ခွာသွားကြသည်။ ထိုအခါ လှစ်ခနဲ ပြေးလွှားပျောက်ကွယ်သွားသည့် လူရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။

လူရိပ်က အလွန်လျှင်မြန်လေရာ နတ်မိစ္ဆာများ အမီလိုက်နိုင်ခြင်း မရှိပေ။

မန်တု၏မျက်နှာက မဲမှောင်သွားပြီး…

"ဒီကောင့်နောက်ကိုလိုက်...  ရတဲ့နည်းနဲ့ ဒီကောင့်ကို ဖမ်းခဲ့…"

သူတို့ ပြောဆိုဆွေးနွေးနေသည့် စကားများကို လူတစ်ယောက်က ခိုးနားထေင်နေခဲ့သည် မဟုတ်ပါလား။

သို့သော် ကျောက်ဂူပတ်ဝန်းကျင်သို့ သူစိမ်းများရောက်ရှိလာလျှင် သိရှိစေရန် မန်တုပြုလုပ်ထားသည့် အစီအရင်က တစ်စုံတစ်ရာ အချက်ပြခြင်း မရှိသည်မှာ ထူးဆန်းလေသည်။

မန်တု၏ အမိန့်ပေးသံကြားသည်နှင့် ကျန်လူ (၃)ယောက်ကလည်း ကျောက်ဂူထဲမှ ချက်ချင်းပြေးထွက်သွားပြီး လူရိပ်နောက်သို့ လိုက်ပါသွားကြသည်။

ပြဿနာက မည်မျှအရေးကြီးကြောင်း သူတို့နားလည်လေသည်။

သူတို့ဆွေးနွေးနေသည့်အကြောင်းအရာများကိုသာ ခွန်လွန်တောင်က သိရှိသွားပါက အကြံအစည်များ ပျက်စီးရုံသာမက သူတို့ပါ သေပြေးရှင်ပြေး ပြေးကြရမည် ဖြစ်သည်။

အကယ်၍ ထိုသူက ခွန်လွန်တောင်မှ မဟုတ်လျှင်တော့ ညှိနှိုင်း၍ ရနိုင်ကောင်းသည်။

သူ့လူများအားလုံး ထွက်ခွာသွားသည်နှင့် မန်တုက ကိုယ်ကိုမတ်မတ်ထားကာ မတ်တတ်ရပ်လိုက်ရင်း ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် အကဲခတ်လိုက်သည်။

"တာအိုရောင်းရင်း… ထွက်ခဲ့ပါ… ကျုပ်လူတွေအကုန်လုံးကို ပ ထုတ်လိုက်ပြီ… ၊ မင်းအခုချိန်ထိ ထွက်မလာရင် သူတို့ပြန်လာတဲ့အထိ စောင့်နေသလို ဖြစ်နေမယ်နော့…"

မန်တု၏ အသံက ကျောက်ဂူထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ့စကားဆုံးသွားသည်နှင့် သူ့အနောက်ဘက်မှ ပြင်းထန်သည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

မန်တုက တုန့်ဆိုင်းမနေဘဲ သူ့စွမ်းအားများကို စုစည်းလိုက်ပြီး သွေးများက သွေးကြောများထဲတွင် တဟုန်ထိုး စီးဆင်းလာသည်။

သူ၏ စွမ်းအားက ချက်ချင်းပင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

ထို့နောက် သူက နောက်ကျောဘက်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

လက်သီးပစ်သွင်းလိုက်စဉ် သူ့လက်မောင်းထက်တွင် ဆင်တစ်ကောင်၏ ပုံရိပ်ပေါ်လာပြီး စွမ်းအားများက အထွတ်ထိပ်အဆင့်အထိ ပေါက်ကွဲထွက်သွားသည်။

"ဘုန်း..."

လက်သီးချက် (၂) ချက် ထိပ်တိုက်တွေ့သွားသည်။

ပြင်းထန်လှသည့် စွမ်းအားများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်သွားသည်။

"ဘန်း..."

သူ့ပတ်ဝန်းကျင်မှ အရာအားလုံး တစ်စစီပျက်စီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ကျောက်ဂူကြီးတစ်ခုလုံး ပြိုကျသွားသည်။

ပတ်ဝန်းကျင်ရှိ တောအုပ်တစ်ခုလုံးမှ သစ်ပင်များမှာလည်း အပိုင်းပိုင်းကျိုးပျက်ကုန်တော့သည်။

မန်တုက စွမ်းအားအကုန် ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေသည်။

သို့သော် သူ့အနောက်မှ လက်သီးချက်ဖြင့် ရင်ဆိုင်လိုက်ရသည့်အခါ မြင့်မားလှသည့် တောင်မြင့်ကြီးတစ်လုံးကို လက်သီးဖြင့် ထိုးလိုက်ရသည့်အလား ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ရာစွမ်းအားကြီးက သူ့နှလုံးသားကို တုန်လှုပ်သွားစေပြီး သူ့လက်တစ်ခုလုံး ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။

"ခရက်..."

သူ့လက် ကျိုးသွားပြီဖြစ်ကြောင်း မန်တု သိရှိလိုက်၏။

သူက ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုတော့ဘဲ ချက်ချင်းနောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်…

"ဘန်း..."

မန်တု လွင့်ထွက်သွားသည်။

သစ်ပင်များနှင့် ကျောက်ဂူအပိုင်းအစများ သူ့ပတ်ပတ်လည်တွင် လဲပြိုကြေမွနေပြီး သူ့ရှေ့တွင်တော့ မည်သူမည်ဝါမှန်း မသိရသည့် မှုံဝါးဝါးပုံရိပ်တစ်ခု ရှိနေသည်။

"မင်း ဘယ်သူလဲ..."

မန်တုက မေးလိုက်သည်။

သူ့ညာဘက်လက် ကျိုးသွားသော်လည်း သူ့မှာ တိုက်ခိုက်နိုင်စွမ်း အပြည့်ရှိနေသေးသည်။

အလစ်ချောင်းတိုက်ခိုက်မှု မအောင်မြင်ဖြစ်သွားသောကြောင့် ကျန်းလန်ကတော့ အနည်းငယ် အံ့အားသင့်သွားသည်။

ငှက်မိစ္ဆာက သူတို့တပ်မှူးမှာ မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့်ဟု သူ့ကို လိမ်ပြောခဲ့သည်။

ယခု တပ်မှူးဆိုသူက မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့် မဟုတ်ပေ။ မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်ဖြစ်၏။

ကျန်းလန်က မရှိမှု အာကာသအဆင့် ၊ နောက်ဆုံးအဆင့်ရောက်ရှိရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သူက အဆင့်တက်ရန်ပင် အနည်းငယ်မျှသာ လိုတော့သည်။

နတ်မိစ္ဆာအဖွဲ့ထဲတွင် တပ်မှူးတစ်ယောက်က မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့်ဖြစ်ပြီး ကျန်လူများက မူလဝိညာဉ်အဆင့်များဖြစ်သည်ဟု ငှက်မိစ္ဆာက သူ့ကို လိမ်ပြောခဲ့သည်။

ကျန်းလန်က မူလဝိညာဉ်အဆင့် ကျင့်ကြံသူများကို စိတ်ထဲမထားပေ။ သို့သော်… မရှိမှုအာကာသအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန်မှာတော့ အနည်းငယ် စိတ်ပူပန်မိသည်။

ပထမတွင် ကျန်းလန် စီစဉ်ထားသည်က နတ်မိစ္ဆာအုပ်စုမှ တစ်ယောက် ၊ နှစ်ယောက်ခန့်ကို လှည့်ဖြားခေါ်ဆောင်သွားပြီး တစ်ယောက်ချင်း ကိစ္စတုံးပစ်ရန် ကြံစည်ထားခဲ့သည်။

သို့သော် မထင်မှတ်စွာပင် မန်တုက အားလုံးကို အဝေးသို့ ပ ထုတ် လိုက်လေရာ ကျန်းလန်က တစ်ယောက်တည်းကျန်ခဲ့သည့် တပ်မှူးကို အရင်ဆုံးရှင်းပစ်ရန် စီစဉ်ရလေတော့သည်။

ကျန်လူများကိုတော့ ဖြည်းဖြည်းချင်းသာ ရှင်းပစ်ရပေတော့မည်။

အဓိကမှာ စွမ်းအားအကြီးမားဆုံးသူ လွတ်မြောက်သွားရန်သာ ဖြစ်သည်။ စွမ်းအားအကြီးဆုံးသူ လွတ်မြောက်သွားပါက ပြဿနာရှိနိုင်သည်။

ထို့ကြောင့် ကျန်းလန်အနေဖြင့် မန်တုကို အမြန်ဆုံး ရှင်းပစ်ပြီးမှ ကျန်လူများကို ဖြည်းဖြည်းချင်းလိုက်လံသုတ်သင်ပစ်ရန် စဉ်းစားလိုက်သည်။

စွမ်းအားအကြီးဆုံးတစ်ယောက်ကို အပြတ်ရှင်းနိုင်မည်ဆိုလျှင် အခြားသူများ လွတ်သွားလျှင်လည်း အဆင်ပြေလေသည်။

သို့သော် စွမ်းအားအကြီးမားဆုံးသူကို မရှင်းပစ်နိုင်လျှင်တော့ ကျန်းလန်အတွက် ဒုက္ခရောက်ရပေလိမ့်မည်။

ကျန်းလန်က သူ၏ ပထမအစီအစဉ် မအောင်မြင်သဖြင့် ဒုတိယအစီအစဉ် အကောင်အထည်ဖော်ရန် ကြံစည်လိုက်စဉ် ရန်သူက သူ့အစီအစဉ်ကိုစကားဖြင့် ထုတ်ဖော်ပြောလာခဲ့သည်။

ထို့ပြင် မန်တု၏ စွမ်းအားကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်လွန်းသည်။

မကြာသေးမီက ကျန်းလန် နွားရိုင်းကိုးကောင်စွမ်းအားကို အောင်မြင်ထားသောကြောင့် ကံကောင်းသည်ဟု ပြောရမည် မဟုတ်ပါက ဤတိုက်ပွဲတွင် အသာစီးရနိုင်မည် မဟုတ်ပေ။

ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်…

"ကျုပ် တိုက်ခိုက်တော့မယ်ဆိုတာ မင်းသိနေတာလား..."

မန်တုက…

"ဟက်… မင်း တိတ်တိတ်လေး ခိုးနားထောင်ပြီး ပြန်သွားလည်း ကျုပ်တို့ ဘယ်လိုလုပ်သိနိုင်မှာလဲ… ၊ ဒါပေမဲ့ မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ တမင် အသံပေးလိုက်တယ်လေ… ၊ ဒီတော့ ကျုပ်လူတွေ တစ်ယောက်ချင်း မင်းနောက်လိုက်မယ်ဆိုရင် မင်းက တစ်ယောက်ချင်း ရှင်းပစ်တော့မှာပေါ့… ၊ ဒီတော့ ကျုပ်က သူတို့အကုန်လုံးကို မင်းနောက် လိုက်သွားခိုင်းလိုက်တယ်… ၊ သူတို့အကုန်ထွက်သွားကြတော့ မင်း ကျုပ်ကို အရင်ဆုံး လာသတ်ရတာပေါ့… ၊ ဒါ မင်းအစီအစဉ်ပဲ မဟုတ်ဘူးလား … ၊ ကျားကိုတောင်ပေါ်က ထွက်လာအောင်လုပ်တဲ့ ဒီလိုလှည့်ကွက်တွေက ဖန်တစ်ရာတေနေပါပြီကွာ…"

ထို့နောက် မန်တုက ကျန်းလန်ကို တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ကြည့်လိုက်ရင်း…

"အင်း… ဒါတွေအားလုံးက မှန်းဆချက်တွေပါပဲ… ၊ ပြောလိုက်တဲ့စကားကတော့ ပရိယယ်သုံးလိုက်တာပေါ့ကွာ… မင်း ဒီမှာ တကယ်ပဲ ရှိနေသလားဆိုတာ ကျုပ် ကံစမ်းကြည့်လိုက်တာပေါ့…"

ကျန်းလန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မန်တုထံမှ သူ ယနေ့ အသစ်သောပညာတစ်ခု သင်ယူလိုက်ရပြီ ဖြစ်သည်။

ကျန်းလန်က တိုက်ပွဲအတွေ့အကြုံနည်းပါးပြီး တိုက်ပွဲပရိယယ်မာယာများနှင့် တစ်ခါမှ ကြုံဖူးသူ မဟုတ်ပေ။ ထို့ကြောင့် သူက တိုက်ပွဲအစီအစဉ်ဆွဲခြင်းများတွင်လည်း မကျွမ်းကျင်လှပေ။

သူက ရန်သူများကို သတ်ဖြတ်ခြင်းသာ ကျွမ်းကျင်သူ ဖြစ်သည်။

ထို့နောက် ကျန်းလန် နေရာမှာပင် ပျောက်ကွယ်သွားသည်။ မန်တုကလည်း ထိတ်လန့်အံ့သြသွားခြင်းမရှိပေ။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲသွားသည်။

သူ့ အသားအရေက ပိုပြီး ကြမ်းတမ်းလာသည်။ သူ့လက်များပေါ်တွင် ထူထဲသည့် ဆင်တစ်ကောင်၏ အရေပြားများ ထွက်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ သွေးခုန်နှုန်းများက တန်ခိုးစွမ်းအားလှည့်ပတ်ခြင်းများနှင့်အတူ တဟုန်ထိုး လှည့်ပတ်လျှက် ရှိသည်။

"ယား…"

မန်တု ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။

သူက ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း မသိမြင်ရသေးပေ။

ထိုသူက သူနှင့် အဆင့်တူသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်ချေရှိသည်။

မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် မဟုတ်ဘဲ လူသားတစ်ယောက်က သူ၏စွမ်းအားကို မည်သည့်နည်းနှင့်မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သူက တစ်ဖက်လူကို လက်သီးတစ်ချက်ဖြင့် အမှုန့်ချေခံရသည့် ခံစားချက်မျိုး ခံစားစေချင်သည်။

သူက တစ်ဖက်လူကို သွေးမှုံများအဖြစ် ပြောင်းလဲသွားသည့် ခံစားချက်မျိုး ခံစားစေလိုသည်။

မည်သို့ပင်ဖြစ်စေ ရန်သူက လူသားကျင့်ကြံသူတစ်ယောက်မျှသာဖြစ်သည် မဟုတ်ပါလား။

All Chapters