← Chapters

မဟာကျင်းကို ပြန်လည်တည်ဆောက်ရန် အခွင့်အလမ်း

Vol. 21 Ch. 301

မဟာကျင်းကို ပြန်လည်တည်ဆောက်ရန် အခွင့်အလမ်း

Vol. 21 Ch. 301

ကျန်းဟန်သည် သက်ပြင်းတစ်ချက်ချပြီး အာရုံပျံ့လွင့်စေသော အတွေးများကို မတွေးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သူသည် စားပွဲပေါ်ရှိ ဒယ်စောက်လေးကိုကြည့်ပြီး မေးလိုက်၏။ "ကောင်းကင်နဲ့ မြေကြီးရဲ့ရတနာ ဖားပြုပ်၊ မဟာကျင်းရဲ့ ကံကြမ္မာက ပြောင်းလဲသွားပြီလား"

ကောင်းကင်နှင့်မြေကြီးရတနာဖားပြုပ်က ပြန်ဖြေလ်ုက်သည်။ ကျန်းဟန်သည် သူ့စိတ်အထင်ဟုတ်မဟုတ် မသိသော်လည်း ကောင်းကင်နှင့်မြေကြီးရတနာ၏ ဝိညာဉ်ရေးရာမှာ အားနည်းသွားသည်ဟု ခံစားမိလိုက်သည်။ သို့သော်လည်း အားနည်းရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို တိတိကျကျ ဖော်ထုတ်နိုင်ခြင်းမရှိပေ။

ကျန်းဟန်က အံ့အားသင့်စွာမေးလိုက်ပြန်၏။ " ချွမ်းလျန့်မျိုးနွာ်ကိုတောင် ချေမှုန်းပြီးပြီလေ။ ဒါဆိုဘာလို့ မဟာကျင်းရဲ့ကံကြမ္မာက မပြောင်းလဲသေးတာလဲ"

ကောင်းကင်နှင့် မြေကြီးရတနာ ဖားပြုပ်က အဖြေမပေးခဲ့ပေ။ ၎င်းသည် အဖြစ်မှန်ပေါ်အခြေခံ၍ သို့မဟုတ် အမှန်တကယ်ဖြစ်လာတော့မည့် ဖြစ်ရပ်မှန်များပေါ်တွင်သာ ဖြေကြားခြင်းဖြစ်သည်။

ကျန်းဟန်လည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ရွှင်းထျန်မြို့သည် အလွန်တိတ်ဆိတ်ပြီး ခြောက်ခြားစရာကောင်းနေသည်။ သူတို့ အနိုင်ရခဲ့ခြင်းနှင့်မတူပေ။

သူ့မျက်လုံးများကလည်း ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

မဟာကျင်း၏ကံကြမ္မာကို ဘယ်အရာမှ မပြောင်းလဲနိုင်တော့ဘူးဟု ထင်ရပုံရသည်။

သူသည် တာအိုဘိုးဘေးကိုရှာရန် စိတ်ကူးထားပေမယ့်လည်း သူရှာပြီးရင်ရော ဘယ်လိုလုပ်ရမည်နည်း။ သူဘာပြောရမလဲ။ သူ့ရဲ့တောင်းဆိုချက်က ဘာလဲ။

အရေးအကြီးဆုံးမှာ သူ၏သတ္တမမြောက်ညီတော် ကျန်းယဲ့သည် တာအိုဘိုးဘေး၏စကားကို အားကိုးပြီး ဧကရာဇ်ဖြစ်လာခဲ့သည်။ ဤသည်မှာ ဧကရာဇ်ဖြစ်လာပြီးနောက် ကျန်းယဲ့ကို သူ မထိသေးသည့် အကြောင်းရင်းလည်းဖြစ်သည်။ ငယ်စဉ်ကတည်းက သူတို့ကြားက ပဋိပက္ခက တစ်ခါမှ မကြုံဖူးပေမယ့် ဒီကိစ္စက သူ့ရင်ဘက်ထဲ၌ ဆူးတစ်ချောင်းလိုဖြစ်နေသည်။ တာအိုဘိုးဘေး၏ စိတ်ထဲ၌ ဘယ်လိုထင်မြင်ချက်ရှိလဲ သူမသိချေ။

ဟဲဟွမ်နှစ်၏ လေးနှစ်မြောက်နှစ်ဖြစ်ပြီး နွေဦးရာသီသစ်ကို ရောက်ရှိလာတော့မည်ဖြစ်သည်။

တာအိုဘုရားကျောင်းတွင် ကျန်းချန်ရှန်းသည် အမွှေးတိုင်များကို စစ်ဆေးပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ့အမွှေးတိုင်များ၏ ကြီးထွားနှုန်းသည် သိသိသာသာ တိုးမလာကြောင်း သဘောပေါက်လိုက်သည်။ အနည်းငယ်သာ တိုးလာသော်လည်း သူမျှော်လင့်ထားသလောက် မမြန်ချေ။

သူသည် စိတ်ပျံ့လွင့်ရာဘုံကို ကြည့်လိုက်၏။ ယခုအချိန်တွင် စိတ်ပျံ့လွင့်ရာဘုံတွင် မရေမတွက်နိုင်သော သတ္တဝါများရှိနေပြီး မဟာကျင်း၏ လူများသည် ၎င်းတို့ထဲမှ တစ်ဝက်ကိုပင် မသိမ်းပိုက်နိုင်သေးပေ။ စိတ်ပျံ့လွင့်ရာဘုံတွင် မွေးဖွားလာသည်နှင့်အမျှ ယုံကြည်သူများ ပိုမိုများလာပြီး သူ၏ခွန်အားကိုလည်း ပိုပြီး မြှင့်တင်လာသည်။ အခြားတစ်ဖက်တွင် ကောင်းကင်ရှုခင်းနယ်မြေရှိ ယုံကြည်သူများ၏တိုးတက်မှုနှုန်းမှာ နှေးကွေးသည်ထက် နှေးကွေးလာသည်။ အခြားနေရာများတွင် ကြီးထွားနှုန်းသည် အလွန်လျင်မြန်သောကြောင့် ၎င်းမှာ အလွန်နှေးကွေးသည်ဟု ထင်ရသည်။

တာအိုဘိုးဘေးနှင့် ချွမ်းလျန့်မျိုးနွယ်အကြား တိုက်ပွဲသည် ကောင်းကင်ရှူခင်းကုန်းမြေတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သူ၏ယုံကြည်သူများက သူ့ကို ပို၍ပင် သဘောကျကြသော်လည်း အများစုမှာ ၎င်းတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ကြပေ။ ထို့ကြောင့် အမွှေးတိုင်များ၏ ကြီးထွားမှုမှာ မတိုးတက်ခဲ့ချေ။

ကျန်းချန်ရှန်းသည် မျက်လုံးဖွင့်ပြီး သူ့၏စိတ်ဝိညာဉ်အာရုံကို ကျင်းချန်ဆီသို့ ဖြန့်ကျက်လိုက်သည်။ မဟာကျင်း၌ ဘာဖြစ်နေလဲသိရန် ကျင်းချန်ဆီက သဲလွန်စတချို့ ကြားရန်သာလိုအပ်သည်။

ခဏကြာသောအခါ အသံတစ်ချို့ကို သူကြားလိုက်ရသည်။

“ဖြစ်ချင်တော့ ပြီးခဲ့တဲ့နှစ်က မဟာကျင်းက တိုက်ပွဲမှာ လူတော်တော်များများ သေဆုံးသွားတယ်လေ။ ဒဏ်ရာရ စစ်သည် အများအပြားကိုလည်း မကယ်တင်နိုင်ခဲ့ဘူးတဲ့။ သေဆုံးတဲ့အရေအတွက်ကလည်း တိုင်းတာလို့မရနိုင်လောက်အောင် များပြားနေပြီး အင်ပါယာတရားရုံးက အဲ့ကိစ္စကို ဖုံးကွယ်ဖို့ အပြင်းအထန်လုပ်ဆောင်နေကြတယ်တဲ့”

" တာအိုဘိုးဘေးက အရမ်းအစွမ်းထက်တာပဲကို သူက ဘာလို့ အစောကြီးကတည်းက ဝင်မတိုက်တာလဲ။ သူက ဘာလို့ ငါတို့မဟာကျင်းကနေ အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့တာလဲ"

" တာအိုဘိုးဘေးက သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် ဘယ်လိုလုပ်ရမလဲ မသိဘူးလား။ သူက မဟာကျင်းကို ဘာကြောင့် မကယ်ခဲ့တာလဲ"

" တာအိုဘိုးဘေးရဲ့ ပြန်လည်ရှင်သန်ခြင်းက သူ့သက်တမ်းတွေကို ကုန်စေတယ်လေ။ လူသန်းပေါင်းများစွာကို ကယ်တင်ဖို့ သူဘယ်လိုလုပ် သတ္တိရှိမှာလဲ။ ဒါ့အပြင် တာအိုဘိုးဘေးနဲ့ငါတို့ကြား ဆက်ဆံရေးက ပိုပိုပြီး ကွဲကွာလာတာကို မင်းတို့ သတိမထားမိကြဘူးလား။ ဧကရာဇ်တောင်မှ ကျင်းချန်နဲ့ ခပ်ဝေးဝေးမှာ နေနေတာပဲကြည့်"

“ဒါတွေနဲ့ယှဉ်ရင် ငါကတော့ တာအိုဘိုးဘေးရဲ့ ခွန်အားကိုပဲ ပိုစိုးရိမ်တယ်။ သူက အစွမ်းထက်လွန်းတယ်။ အစွမ်းထက်လွန်းလို့ မဟာကျင်းရဲ့ကိုယ်ခံပညာက သူနဲ့ နှိုင်းယဉ်လို့တောင်မကဘူး။ ငါ့ညီကိုတစ်ယောက်ပြောတာတော့ တာအိုဘိုးဘေးရဲ့ခွန်အားက မဟာကျင်းရဲ့ ထောင်သောင်းမကတဲ့ ကိုယ်ခံပညာရှင်တွေကို ဖိနှိပ်ဖို့ လုံလောက်ပါတယ်တဲ့...

တစ်နေ့ တာအိုဘိုးဘေးသာ မဟာကျင်းနဲ့ရန်သူဖြစ်လာပြီး ထပေါက်ကွဲရင် မဟာကျင်းတော့ ပြီးပြီပဲ"

ထိုကဲ့သို့သော အသံများ အများအပြားမရှိခဲ့ဘဲ ၎င်းတို့အားလုံးသည် သီးသန့်ဆွေးနွေးမှုများသာဖြစ်သည်။ နောက်ဆုံးတော့ တာအိုဘိုးဘက မြို့တော်မှာရှိနေတဲ့အတွက် ပြောင်ပြောင်တင်းတင်း မပြောရဲကြပေ။ သို့သော်လည်း ကျင်းချန်မှာတောင် ဒီလိုအခြေအနေမျိုးရှိတာကြောင့် တခြားမြို့တွေကို ပြောဖို့မလိုပေ။

ယင်းအတွင် အဓိကအကြောင်းရင်းမှာ မဟာကျင်းတွင် အသေအပျောက်များလွန်းသဖြင့် ၎င်းတို့၏ မိသားစုများကို ဆုံးရှုံးခဲ့ရသော တိုင်းသူပြည်သားများက ကျန်းချန်ရှန်းကို မုန်းတီးသွားကြခြင်းဖြစ်သည်။ ဤမကျေမနပ်မှုသည် ပျံ့နှံ့သွားပြီး လူများကို ပိုပို၍ သက်ရောက်လာခဲ့သည်။ မဟာကန္တာရသို့ ပြောင်းရွှေ့လာကတည်းက မဟာကျင်းသည် အဆက်မပြတ် အားကောင်းလာပြီး မဟာကျင်းရှိ လူတိုင်း၏ စိတ်ဓာတ်များလည်း ပြောင်းလဲသွားခဲ့သည်။ လူတော်တော်များများက သူတို့နှင့် သန်မာသူတွေကြားက ကွာဟမှုကို လက်မခံနိုင်ကြတော့ပေ။ ယင်းစိတ်သည် ထိုမကျေမချမ်းဖြစ်မှုများနှင့်အတူ ပေါက်ကွဲထွက်လာကြသည်။

ပြတ်ပြတ်သားသားပြောရလျှင် မဟာကျင်းသည် အလွန်အစွမ်းထက်လာသည်။ ၎င်းသည် အလွန်အင်အားကြီးမားသဖြင့် ၎င်း၏လူများက ၎င်းကို အလေးမထားတော့ သူတို့၏အကျိုးစီးပွားကိုသာ အာရုံစိုက်လာကြသည်။

အတိတ်တုန်းက မဟာကျင်းသည် ကမ္ဘာကြီး၏ အုပ်စိုးသူမဟုတ်ပေ။ ကျန်းချန်ရှန်း လှုပ်ရှားလိုက်တိုင်း မဟာကျင်း၏နိုင်ငံသားများက ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်သောဘဝ၌ နေထိုင်ကြသည်ဖြစ်သည်။ ယခုအခါ နိုင်ငံသားများမှာ ချမ်းသာလာသဖြင့် သူ၏အင်အားကို ကြောက်ရွံ့လာကြသည်။

ကျန်းချန်ရှန်းသည် ပြန်လည်ရှင်သန်ခြင်းနတ်ဘုရားစွမ်းအားကို ရှားရှားပါးပါး အသုံးပြုခဲ့သည်။ သူသည် အတိတ်ကစစ်ပွဲများတွင် ယင်းကို အသုံးမပြုခဲ့ကြောင်း ကမ္ဘာကြီးက မေ့သွားပြီထင်သည်။ ဤနတ်ဘုရားစွမ်းအားကို အသုံးမပြုသဖြင့် တစ်စုံတစ်ဦးမှ သူ့အား အပြစ်တင်လိမ့်မည်မထင်မိခဲ့ချေ။

သူသည် ဒေါသမထွက်သလို နောင်တလည်း မရပေ။ သူသာ ပြန်လည်ရှင်သန်ခြင်းနတ်စွမ်းအားကို အသုံးပြုခဲ့မည်ဆိုပါက နောင်တွင် တစ်စုံတစ်ဦးမှ ၎င်းအား ဆက်လက်အသုံးပြုရန် တောင်းဆိုမည်ဖြစ်ပြီး ၎င်းသည် မဟာကျင်း၏လူများကို အကြောက်အရွံ့ကင်းစေလိမ့်မည်ဖြစ်သည်။

သူတို့သာ သေခြင်းတရားကို မကြောက်တော့ပါက မည်သည့်အရာကို ကြောက်ပါတော့မည်နည်း။

ဤကိုယ်ခံပညာလောကတွင် ကျန်းချန်ရှန်းသည် အခြားကိုးကွယ်သူများကို လက်လျှော့လိုက်နိုင်သော်လည်း မဟာကျင်းအတွက်တော့ သူ့တွင် လိပ်ပြာလုံသောစိတ်ရှိသည်။

သူသာ အကြိမ်များစွာ ကာကွယ်ခဲ့ခြင်းမရှိပါက လက်ရှိမဟာကျင်းသည် မည်သို့တည်ရှိနိုင်တော့မည်နည်း။

သူမရှိပါက မဟာနတ်ဆိုးသူတော်ခုနစ်ပါး၏ ရှင်ပြန်ထမြောက်ခြင်းသည် နဂါးသွေးတိုက်ကြီးရှိ လူတိုင်းကို သတ်ပစ်ရန် လုံလောက်သည်။

ကျန်းချန်ရှန်းသည် သူ့နှလုံးသားထဲတွင် ကရုဏာအရိပ်အယောင်များရှိနေသော်လည်း သူက မမိုက်မဲပေ။ လက်ရှိအခြေအနေကို ဂရုမစိုက်ချေ။

သူလုပ်မယ် မလုပ်ဘူးဆိုတာကို ကမ္ဘာက ဆုံးဖြတ်ခွင့်မရှိပေ။

ကျန်းချန်ရှန်းက မတ်တပ်ထရပ်ပြီး တာအိုဘုရားကျောင်းထဲက ထွက်လာပြီး ခြံဝင်းထဲက လူတိုင်းအတွက် ခန္ဓာကိုယ်ကိုကြံ့ခိုင်ဆေးများကို သန့်စင်ဖို့ ပြင်လိုက်သည်။

မုလင်းလောလည်း ပြန်‌ရောက်လာသည်။ သူမ နောက်ကျမှ ပြန်ရောက်ရခြင်း အကြောင်းအရင်းမှာ မုမိသားစုကို နှစ်သိမ့်ပြီး သူတို့၏အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ရန် ကူညီပေးစေခြင်းကြောင့် ဖြစ်သည်။ ဤအရာများကြောင့် သူမ စိတ်ဆိုးသွားသော်လည်း မုမိသားစု၏ တောင်းဆိုမှုကို သူမ မငြင်းဆန်နိုင်ခဲ့ပေ။

သူထွက်လာသောအခါ လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။

ကျန်းချန်ရှန်းသည် ဆေးမီးဖိုထဲသို့ ဆေးဖက်ဝင်ပစ္စည်းများကို စတင်ထည့်လိုက်သည်။

လူတိုင်းက တစ်ခုခုပြောချင်ပေမယ့် တွန့်ဆုတ်နေကြသည်။ ကျန်းချန်ရှန်းက ခေါင်းကိုလှည့်ပြီး ပြုံးပြလိုက်သည်။ “မင်းတို့ ဘာပြောချင်လဲ ငါသိတယ်။ ငါတောင်ဂရုမစိုက်တာ မင်းတို့က ဘာလို့ ဂရုစိုက်နေသေးတာလဲ"

သူပြောပြီးသည်နှင့် ခြံဝင်းအတွင်းရှိ တင်းမာသောလေထုက ချက်ချင်းသက်သာရာရသွားသည်။

ကျီဝူကျွင်းက စိတ်မကောင်းစွာ သက်ပြင်းချလိုက်ပြီး "မင်းဆက်တစ်ခုဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြီးပွားချမ်းသာလာပြီဆိုရင် ဒီလိုအခြေအနေမျိုးက မလွဲမသွေဖြစ်လာမှာပဲ။ အရင်တုန်းက အထွတ်အမြတ်မင်းဆက်မှာလည်း ဒီလိုအခြေအနေမျိုးဖြစ်လာပြီး ပြည်တွင်းစစ်တွေ ဖြစ်ခဲ့တာပဲ။ တစ်ခါတစ်ရံမှာ ဘာမှမရှိတာထက် တစ်ခုခုရှိနေတာက ထိန်းချုပ်ရခက်တယ်။”

ပိုင်ချီက ရယ်မောလိုက်သည်။ “ အဲ့ဒါကို ခြေဗလာနဲ့လူက ဖိနပ်စီးရမှာမကြောက်ဘူးလို့ခေါ်တယ်”

အားလုံးက တပြိုင်နက်တည်း စကားစမြည်ပြောလိုက်ကြသည်။ သူတို့လည်း ကောလဟာလများကို ကြားကြသည်။ တာအိုဘိုးဘေးရဲ့ အရည်အချင်းဖြင့် သူလည်း သေချာပေါက် ကြားနိုင်လိမ့်မည်ဟု သူတို့ ခံစားရသည်။ ထို့ကြောင့် တာအိုဘိုးဘေး စိတ်ဆိုးမည်ကို စိုးရိမ်နေကြသည်။

သူနှင့်အတူ နေ့တိုင်းရှိနေသော သူတို့ပင်လျှင် တာအိုဘိုးဘေးသည် ဒေါသထွက်ပြီး မဟာကျင်းကို ထားခဲ့မည်ကို စိုးရိမ်နေကြသည်။

ကျန်းချန်ရှန်းသည် အတော်လေး ပွင့်လင်းသူဖြစ်သည်။ စိတ်ပျံ့လွင့်ရာဘုံသို့ဝင်ရောက်လာသော ယုံကြည်သူတိုင်းသည် သူ့ကိုသစ္စာဖောက်ရန် လက်တွေ့တွင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ပျံ့လွင့်ရာဘုံသည် ၎င်းတို့အား စိတ်ကူးယဉ် မသေနိုင်သော နတ်ဘုရားတစ်ပါးဖြစ်ခြင်း၏ ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် အခွင့်အလမ်းမျိုးစုံကို ယူဆောင်လာပေးနိုင်သောကြောင့် ဖြစ်သည်။ သူတို့ ဘယ်လိုလုပ် တွန်းလှန်နိုင်မှာလဲ။

သူ့ကို ဆဲဆိုကြိမ်းမောင်းနေသူများသည် ကျန်းချန်ရှန်းအား ကိုးကွယ်ယုံကြည်သူများ မဟုတ်ပေ။ သူတို့၏အသံများသည် ကျယ်လောင်လွန်းသဖြင့် ကိုးကွယ်ယုံကြည်သူဖြစ်လိုသူများကို အဟန့်အတားဖြစ်စေသည်။

" ချွမ်းလျန့်မျိုးနွယ်ရဲ့ ခွန်အားကိုလည်း မင်းတို့လည်း မြင်ပြီးပြီပဲ။ ဆိုလိုတာက ကိုယ်ခံပညာနယ်ပယ်တစ်ခုစီရဲ့အဆင့်တွေက အနာဂတ်မှာ ပြောင်းလဲသွားလိမ့်မယ်။ များမကြာမီ ဒါမှမဟုတ် နောက်ပိုင်းမှာ အတွင်းကောင်းကင်နယ်ပယ်က သာမန်ဖြစ်လာလိမ့်မယ်။ လေ့ကျင့်ဖို့ အချိန်ကို အကောင်းဆုံးအသုံးချရမယ်။”

ကျန်းချန်ရှန်းက အခြားဆေးမီးဖိုကို လှမ်းယူပြီး ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်သည်။

မုလင်းလောက “အစ်ကိုချန်ရှန်း ချွမ်းလျန့်မျိုးနွယ်မှာ ကောင်းကင်သက်ဆင်းသိုင်းဥပဒေဿအတွက် ဒီမှာရှိပုံရတယ်။ ကောင်းကင်သက်ဆင်းသိုင်းဥပဒေဿက အမှန်တကယ်ပဲ အကန့်အသတ်မရှိတာလား"

တခြားသူတွေကပါ ကျန်းချန်ရှန်းကို ကြည့်နေကြသည်။ အရင်ကလည်း ဒီပြဿနာကို ဆွေးနွေးခဲ့ဖူးသည်။

ကောင်းကင်သက်ဆင်းသိုင်းဥပဒေဿက အားကောင်းလွန်းသည်။ ၎င်းသည် အခြားသက်ရှိသတ္တဝါများ၏ သွေးကို သန့်စင်စေပြီး ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်များကို ဆုတ်ကိုင်ကာ သူတို့၏ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲပေးနိုင်သည်။ မဟာကျင်း၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာရခြင်း အကြောင်းရင်းမှာ ကောင်းကင်သက်ဆင်းသိုင်းဥပဒေဿကြောင့် ဖြစ်သည်။ အင်အားကြီးသော ချွမ်းလျန့်မျိုးနွယ်ကိုပင် သွေးဆောင်ခံရသည်အထိ ကြီးကျယ်လှသည်။

ကျန်းချန်ရှန်း ပြောလိုက်သည်။ “ကန့်သတ်ချက်မရှိရင်တောင် ကံကြမ္မာက ရှိနေပါသေးတယ်။ ချွမ်းလျန့်မျိုးနွယ်ရဲ့ ကျူးကျော်ခြင်းက ကောင်းကင်သက်ဆင်းဥပဒေဿအတွက် လေ့ကျင့်ရေး စျေးနှုန်းဖြစ်တယ်။ ဒီဈေးနှုန်းက လူပေါင်းများစွာကို သေစေလိမ့်မယ်" ဒါ့အပြင် ချွမ်းလျန့်မျိုးနွယ်က တစ်ခုတည်းသောရန်သူမဟုတ်ဘူး"

ကောင်းကင်သက်ဆင်းဥပဒေဿသည် အစွမ်းထက်သော ကိုယ်ခံပညာ နည်းစနစ်တစ်ခုမျှသာ ဖြစ်သည်။ သိုင်းပညာရှင်တစ်ဦးသည် ကောင်းကင်သက်ဆင်းဥပဒေဿကိုသုံးကာ ရက်စက်ကြမ်းကြုတ်သောသားရဲ၏သွေးချီကို ပြန်လည်သန့်စင်ရန် အချိန်နှင့် စွမ်းအင်လိုအပ်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲကို အမဲလိုက်ခြင်း၏ အခကြေးငွေကို ပေးဆောင်ခရသည်။ သန်မာသူများမှာ ပိုသန်မာလာသော်လည်း အားနည်းသူများမှာတော့ ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော သားရဲများကို အမဲလိုက်ခြင်း၏ တံခါးခုံကိုပင် ဘယ်သောအခါမှ မကျော်ဖြတ်နိုင်ကြပေ။

၎င်းသည် သူ၏အင်မော်တယ်တာအိုထက် နိမ့်ကျနေဆဲပင်။

ကျင့်ကြံမှုလမ်းကြောင်းသည် ကိုယ်ပိုင်လမ်းကြောင်းကိုသာ ကျင့်ကြံရန်ဖြစ်သည်။

“ဒီစစ်ပွဲပြီးရင် ချွမ်းလျန့်မျိုးနွယ်က နောက်တစ်ကြိမ် ထပ်မလာနိုင်ဘူးဆိုရင်တောင်မှ သူတို့က တခြားလူမျိုးတွေကိုပါ ချည်နှောင်လာမှာ သေချာတယ်။ ငါတို့တွေ ညှိနှိုင်းလို့တောင် မရလောက်ဘူး။ ကောင်းကင်သက်ဆင်းဥပဒေဿရဲ့စွမ်းအားသာ ပျံ့သွားရင် ချွမ်းလျန့်က မဆွဲဆောင်ရင်တောင် အခြားမျိုးနွယ်တွေက ငါတို့တံခါးကို လာခေါက်နေမှာပဲ " ဓားနတ်ဘုရားက ခေါင်းယမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လူသားများသည် ကောင်းကင်သက်ဆင်းဥပဒေဿကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

ကျန်းချန်ရှန်းကလည်း နားထောင်နေသည်။ မဟာကန္တာရတွင် သွားလာနေသော ကိုယ်ပွားတစ်ဦးရှိသော်လည်း သူသည် အစွမ်းထက်လွန်းပြီး သာမန်လူများ၏ စိတ်လှုပ်ရှားမှုကို မခံစားခဲ့ရပေ။

နှစ်နှစ်ကြာပြီးနောက် ချွမ်းလျန့်မျိုးနွယ်သည် ကြီးကြီးမားမား ထိခိုက်သွားသည်။

ယခင်က ကျင်းရှိလူထုများ၏ မကျေနပ်မှုတွေကလည်း အချိန်နှင့်အမျှ ပျောက်ကွယ်သွားသည်။

မကျေနပ်ခြင်းဟူသည် အဘယ်နည်း။ ဧကရာဇ်နှင့် သူ၏ယုံကြည်သူများ၏ ကြေငြာချက်နှင့်အတူ ကျန်းချန်ရှန်း၏ အမွှေးတိုင်များသည်လည်း ကြီးထွားမှုက ပိုမိုမြန်ဆန်လာသည်။

သူ၏နတ်ဘုရားအာရုံကိုပြသသည့် တာအိုဘိုးဘေး၏သတင်းသည် မဟာကျင်း၏ထောင့်တိုင်းသို့ လုံးဝပျံ့နှံ့သွားခဲ့သည်။

ရွှင်းထျန်မြို့၊ တော်ဝင်စာကြည့်ခန်း

ကျန်းဟန်သည် ချန်လီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ "ဝန်ကြီးချန် ကိုယ်တော့မှာလည်း ရွေးချယ်စရာမရှိဘူး။ တာအိုဘိုးဘေးသာ ထွက်လာရင် ငါမင်းကို ကာကွယ်နိုင်သေးတယ်"

ချန်းလီက စိတ်အေးလက်အေး ပြုံးပြပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို အပြစ်မတင်ပါဘူး။ ကျွန်တော်မျိုးလည်း ပင်ပန်းနေပြီ။ အရှင်မင်းကြီး ကျွန်တော်မျိုးကို ကာကွယ်စရာမလိုပါဘူး။ ကျွန်တော်မျိုးကို နှုတ်ထွက်ပြီး ကျင်းချန်ကို ပြန်ခွင့်ပြုပါ"

ကျန်းဟန်က ခေါင်းညိတ်ပြပေမယ့် “မင်းက စစ်သားတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရခဲ့ပေမယ့် ဆွေမျိုးတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ဂိုဏ်းဂဏတွေက ငါ့ကို အတင်းအကြပ် ဖိအားပေးလို့ပါ။ ဟိုတုန်းက ထျန်းကျုံးလိုမျိုး မဟာကျင်းကို ဖိနှိပ်ဖို့ ငါ့မှာ အင်အားမရှိဘူး"

ကျင်းထျန်းကျုံးအာဏာရလာသောအခါ သူသည် မဟာကျင်းရှိ တာအိုဘိုးဘေးထက် ဒုတိယ အင်အားကြီးသော တည်ရှိမှုဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့တွင် အကြွင်းမဲ့အာဏာရှိသည်။

"နှစ်သိမ့်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးအတွက် စိတ်ပူစရာမလိုဘူး။ ကျွန်တော်မျိုး ဒီနေ့ပဲ နှုတ်ထွက်ပါ့မယ်။"

ချန်းလီက အရိုအသေပေးပြီး ပြုံးလိုက်သည်။ ဧကရာဇ်မင်းပြောသောစကားသည် အမှန်ဖြစ်လားဆိုသည်ကို သူဘယ်လိုလုပ် နားမလည်ဘဲနေမည်နည်း။ သို့သော် ဧကရာဇ်သည် သူ့အာဏာကို ဖယ်ရှားလိုသည်။

သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ သူ၏ အာဏာနှင့် ဂုဏ်သိက္ခာမှာ ကြီးမားလွန်းလှသည်။ အကယ်၍ သူ့ကိုသာ မဖယ်ရှားပါက ဧကရာဇ်နှင့် မင်းမျိုးမင်းနွယ်များ စိတ်သက်သာရာရမည်မဟုတ်ပေ။ ချန်းလီလှည့်ထွက်သွားပြီး ကျန်းဟန်၏အမူအရာမှာ အေးစက်သွားသည်။

ခဏအကြာတွင်။

သူက မှတ်တမ်းတစ်ခုကို ကောက်ယူလိုက်ပြီး ရေရွတ်လိုက်သည်။ "ရှထျန်းကျီ မင်းအလှည့်ရောက်ပြ"

မေလတွင် ချန်းလီသည် လုံချီတောင်သို့ပြန်လာခဲ့သည်။ ကျန်းချန်ရှန်းကိုမြင်သောအခါ ရိုသေစွာ ဦးညွှတ်လိုက်သည်။

မည်သို့သော အခွင့်အာဏာမျိုးကိုမျှ သူရရှိသည်ဖြစ်စေ ကမ္ဘာပေါ်တွင် သူဘယ်တော့မှ အာဏာမပြဝံ့သော တစ်စုံတစ်ယောက်ရှိခဲ့ပြီး ၎င်းမှာ တာအိုဘိုးဘေးသာဖြစ်သည်။

တာအိုဘိုးဘေးက သူ့ကို အရာအားလုံး ပေးခဲ့ခြင်းဖြစ်သည်။

"ဘာလဲ။ ဧကရာဇ်က မင်းကို ရာထူးချလိုက်ပြီလား။ သူက ကောင်းကင်ကို လှန်ချင်နေတာပဲ။ မြန်မြန် မင်းအတွက် တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ငါ့ဆရာကို တောင်းဆိုလိုက်”

ပိုင်ချီက မျက်လုံးမျက်ဆန်ပြူးပြီး ဒေါသထွက်သွားသည်။

ချန်းလီသာ အလုပ်မရှိပါက ခြံဝင်းကို အနည်းငယ်ဖဲ့ပြီး လက်ဆောင်အဖြစ်ပေးရလိမ့်မည်။

ယဲ့ရွှင်းနှင့် ဓားနတ်ဘုရားတို့လည်း မျက်မှောင်ကြုတ်သွားကြသည်။ ချန်းလီအတွက်လည်း မခံမရပ်နိုင် ခံစားလိုက်ရသည်။

ချန်းလီက တဟားဟားရယ်မောပြီး “မလိုပါဘူး။ ဒါက ငါလိုချင်တာအတိအကျပဲ။ တာအိုဘိုးဘေးလည်း ငါ့အတွက် တရားမျှတမှုရှာပေးဖို့ မလိုပါဘူး။ ငါက အခြေအနေကို အခွင့်ကောင်းယူနေရုံပါပဲ။ မဟုတ်ရင် ဧကရာဇ်က ငါ့အာဏာကို ဖယ်ရှားဖို့ လွယ်မှာမဟုတ်ဘူး။”

ကျီဝူကျွင်းက "ဒါဆို မင်းဘာလို့ ဒီကိုလာတာလဲ"

အထွတ်အမြတ်မင်းဆက်တွင် ချန်းလီကဲ့သို့ ဝန်ကြီးတစ်ဦးကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

ချန်းလီ၏ မျက်လုံးများမှာ ပူလောင်သွားပြီး "မဟာကျင်းကို အသွင်ပြောင်းရမယ်။ ဒီလိုမှမဟုတ်ရင် ငါတို့အရင်က ငါတို့အရင်လုပ်ခဲ့တဲ့လမ်းဟောင်းအတိုင်းပဲ လျှောက်ရလိမ့်မယ်။ အဟာကျင်းကို ပြန်လည်ပုံဖော်ဖို့ အခွင့်အရေးကို ငါစောင့်နေတာ"

All Chapters