← Chapters

အခြေအနေမှ ခွဲထွက်ရန် အစီအစဉ်၊ အချစ်

Vol. 21 Ch. 302

အခြေအနေမှ ခွဲထွက်ရန် အစီအစဉ်၊ အချစ်

Vol. 21 Ch. 302

"မဟာကျင်းကို ဘယ်လိုပုံစံ ပြောင်းလဲနိုင်မှာလဲ"

ပိုင်ချီက စိတ်ဝင်တစား မေးလိုက်သည်နှင့် အခြားသူများကလည်း ချန်းလီကို ကြည့်နေကြသည်။

ချန်းလီက ကျန်းချန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး “ပထမပြဿနာကတော့ ဧကရာဇ်တွေက အိမ်ရှေ့မင်းသားကို အစောကြီးခန့်ထားတော့ နောက်ဧကရာဇ်က နန်းတက်တဲ့အခါကျ အသက်ကြီးနေတာပဲ။ ဒါက ပြောင်းလဲဖို့ လိုအပ်ပေမယ့် ပြောင်းလဲဖို့လည်း မလွယ်ဘူး။ အဲ့အချက်ကို ပြောင်းလဲရမယ့်ပြဿနာက ထီးနန်းဆက်ခံတာက ပထမဇနီးရဲ့သားအကြီးဆိုတဲ့ အစဉ်အလာကို ဖြုတ်ချပစ်ဖို့ပဲ။ ဒုတိယပြဿနာက အရပ်ဘက်နဲ့စစ်ဘက်ဆိုင်ရာအရာရှိတွေက အာဏာကို ချုပ်ကိုင်တာကြောင့် အသစ်တက်လာမယ့် ဧကရာဇ်တွေကို ထိန်းချုပ်ရန် ခက်ခဲစေတယ်။ သူတို့က သစ္စာစောင့်တည်တဲ့ အရာရှိများဖြစ်ပေမယ့်လည်း သူတို့က မာနထောင်လွှားပြီး ဧကရာဇ်ထက် မင်းဆက်ကို ပိုသိပိုနားလည်တယ်လို့ မှတ်ယူတာပဲ။ တတိယပြဿနာက ဆွေတော်မျိုးတော်တွေက စွမ်းအားကြီးမားပြီး အဆုံးစွန်သောနည်းပညာများစွာကို ကျွမ်းကျင်ပိုင်နိုင်တာကြောင့်ပဲ။ သူတို့နဲ့ သာမန်လူတွေကြား ကွာဟမှုက ပိုကြီးသည်ထက် ပိုကြီးလာတယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ နိယာမပဲ။ အခုဆို အတွင်းမှာပါ တိုက်ခိုက်မှုတွေ ရှိနေတာပဲ"

“ဧကရာဇ်ရဲ့ အရည်အချင်းတွေလိုမျိုး တခြားပြဿနာတွေလည်းရှိသေးတယ်။ ဒါပေမယ့် ဒီပြဿနာတွေက တစ်ကြိမ်တည်းနဲ့ ဖြေရှင်းနိုင်တယ်။ အဲဒါတွေကြောင့် မဟာကျင်းကို မငြိမ်မသက်ဖြစ်စေတာပဲ။ မဟာကျင်းပြိုလဲတော့မယ့်အချိန်မှာ ဧကရာဇ်အသစ်ကို ထောက်ခံပြီး စည်းမျဉ်းသစ်တွေ ချမှတ်မယ်။ အဲ့တာဆို ငါတို့ကို ဘယ်သူမှတားနိုင်မှာ မဟုတ်တော့ဘူး။”

သူ့စကားကြောင့် လူတိုင်းကို လေးလေးနက်နက် တွေးတောစေခဲ့သည်။

ဓားနတ်ဘုရားက မေးလိုက်သည်။ "တာအိုဘိုးဘေးက ကျောခိုင်းထားလို့ မင်းဒီလို အကြံထုတ်ဖို့ သတ္တိရှိတာလား။"

ချန်းလီက ခေါင်းညိတ်ပြပြီး "အမှန်ပဲ။ မဟာကျင်းမှာ တာအိုဘိုးဘေးရှိတယ်။ တာအိုဘိုးဘေးက မဟာကျင်းကို လက်မလျော့သ၍ မဟာကျင်းက ကျဆုံးမှာမဟုတ်ဘူး။ ဒါ့ကြောင့် ဘယ်လောက်လဲ ပရမ်းပတာဖြစ်နေပါစေ ပြဿနာမရှိဘူး။ ဒီမျိုးဆက်တွေပဲ ဒုက္ခရောက်မှာ။ ဒါပေမယ့် မင်းဆက်ရဲ့ရှူထောင့်ကနေကြည့်ရင်တော့ မဟာကျင်းကိုသာ ခုထက်ပိုပြီး ရှည်ကြာစေချင်တယ်ဆိုရင်တော့ မျိုးဆက်တစ်ဆက်ကို စတေးလိုက်တာက ဘာဖြစ်မှာလဲ"

ရက်စက်ခဲ့ပေမယ့် ဒါက အမှန်တရားပါပဲ။

ချန်းလီသည် ယခင်ကလို သွေးပူတန်သည့် ပညာရှင်မဟုတ်တော့ပေ။ သူသည် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူများကို အလုပ်အကျွေးပြုကာ ကျင်းမင်းအဆက်ဆက် ခေတ်များစွာ၏ ဧကရာဇ်များကို ကူညီပေးခဲ့ပြီးနောက် ထိုအတွေးကို မျိုသိပ်မထားနိုင်တော့ပေ။ အရာရတိုင်း အမြတ်နှင့် ဆုံးရှုံးမှုများရှိကြောင်း သူ ကြာမြင့်စွာ နားလည်ခဲ့ပြီး ပြီးပြည့်စုံသော နည်းဗျူဟာဟူ၍ မရှိပေ။

ကျီဝူကျွင်းက “ပြည်တွင်းရန်ကသာ အခြေအနေကို သန့်စင်ပေးနိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ အားကောင်းပြီး ဗျူဟာမြောက် ဘုရင်တစ်ပါးကို မွေးဖွားဖို့က ပိုလွယ်ကူတယ်။ မဟာကျင်းရဲ့ ကံကြမ္မာက အရင်ကအတိုင်းသာဆိုရင် ပညာရှိတဲ့ အုပ်ချုပ်သူက တက်လာမှာ အသေအချာပဲ။ အရင်တုန်းက အထွတ်အမြတ်မင်းဆက်ပြိုလဲခါနီးအချိန်မှာ ကျီမိသားစုကနေ အထွတ်အမြတ်မင်းဆက်ကို သာယာဝပြောတဲ့ခေတ်သစ်ဆီသို့ ဦးဆောင်ခဲ့ကြသူများလည်း ရှိခဲ့တယ်။"

မုလင်းလောသည် ကျန်းချန်ရှန်းကိုကြည့်ကာ သူ့အတွေးများကို သိချင်မိသည်။

ကျန်းချန်ရှန်းသည် အခြားသူများနှင့် မတူပေ။ သူသည် မဟာကျင်း၏ကာကွယ်စောင့်ရှောက်သူသာမက တော်ဝင်မိသားစု၏ ဘိုးဘေးလည်းဖြစ်သည်။ ဒီလိုလုပ်ဖို့ သူဘယ်လိုလုပ် လက်ခံနိုင်ရည်ရှိနိုင်မှာလဲ။

ကျန်းချန်ရှန်းသည် စကားမပြောဘဲ လက်ဖက်ရည်ကိုသာ တစ်ယောက်တည်းသောက်နေသည်။

ပိုင်ချီက အံ့သြတကြီး မေးလိုက်၏။ “ငါတို့ ဒါကိုလုပ်ရမှာလား။ မင်းမျိုးမင်းနွယ်တွေ၊ ဝန်ကြီးတွေနဲ့ ဧကရာဇ်မင်းကို တိုက်ရိုက်အစားထိုးတာက ဆရာသခင့်အတွက် မကောင်းဘူးမလား"

ချန်းလီက ခေါင်းခါလိုက်ပြီး “သေးငယ်တဲ့ လုပ်ဆောင်ချက်တစ်ခုက အခြေအနေတစ်ခုလုံးကို ထိခိုက်စေလိမ့်မယ်။ လူတွေနဲ့ စိတ်ဝင်စားမှုတွေက များလွန်းတယ်။ ဒါ့အပြင် ဒီလိုလုပ်မှ လူတိုင်း တာအိုဘိုးဘေးကို စွန့်ခွာလိမ့်မယ်။ ဒီလိုမှ မဟာကျင်းက အပိုင်းပိုင်းကွဲသွားမှာ။ တာအိုဘိုးဘေးရဲ့ အထောက်အထားကြောင့် သူက အကျပ်အတည်းကာလမှာ လူတိုင်းကို မျှော်လင့်ချက်ပေးဖို့ သင့်တော်တယ်"

ထိုအခိုက် သူက သက်ပြင်းချလိုက်တယ်။ မဟာကျင်း၏ ပြင်ပရန်သူများကို တာအိုဘိုးဘေးက ဖြေရှင်းခဲ့သည်။ ယခုမူ ပြည်တွင်းပြဿနာများသည်လည်း တာအိုဘိုး‌ဘေးကို လိုအပ်နေပြီဖြစ်သည်။ သူပင် ရှက်မိသည်။

"ကိုယ်တိုင်ပဲ ဘာလို့ ဧကရာဇ်တက်မလုပ်တာလဲ တာအိုဘိုးဘေး။ ဘယ်လိုပဲဖြစ်ဖြစ် ဘိုးဘေးလည်း ကျင်းမိသားစုဝင်ပဲလေ။ ဒါ့အပြင် ဘိုးဘေးက မသေမျိုးဖြစ်တော့ သက်တမ်းကလည်း အကန့်သတ်မရှိဘူးလေ။ အခုချိန်က မဟာကျင်းရဲ့ ကံကြမ္မာနဲ့ ပေါင်းစည်းရမယ့်အချိန်ပဲ"

ယဲ့ရွှင်းက ရယ်လိုက်သည်။ ထိုစကားကိုကြားသောအခါ ကျီဝူကျွင်းရဲ့ မျက်လုံးများကလည်း တောက်ပလာသည်။

တကယ်တော့ ကျီဝူကျွင်းနှင့် အရှင်ပိုင်တို့၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးသာ နန်းတက်ဖို့ အလားအလာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

သိုင်းပညာလောကတွင် ဧကရာဇ်မင်းများသည် ပျော့ညံ့သည်မဟုတ်ပေ။ သူတို့သည် အသန်မာဆုံးမဟုတ်သည့်တိုင် လူများကို မဖိနှိပ်နိုင်မီတွင် သူတို့သည် အသန်မာဆုံးထဲမှ တစ်ဦးဖြစ်သည်။

ကျန်းချန်ရှန်း ပြောလိုက်၏။ “သဘာဝတရားက သူ့လမ်းစဉ်အတိုင်းပဲ သွားပါစေ။ ဘာပဲဖြစ်ဖြစ် မဟာကျင်းရဲ့ ကိုယ်ခံပညာက ပြောင်းလဲမှာမဟုတ်ဘူး။ ပိုသန်မာပြီးရင်း သန်မာလာမှာပဲ။ တော်ဝင်အာဏာကို လုံလုံလောက်လောက် မထူထောင်နိုင်တော့ တခြားဧကရာဇ်မင်းတစ်ပါးကိုသာ ထောက်ပံ့လိုက်ပါ။”

သူ့အမြင်အရတော့ မဟာကျင်း၏ လက်ရှိပြဿနာဟာ အသေးအမွှားကိစ္စသာဖြစ်သည်။ ဘယ်မင်းဆက်မဆို ကြုံဖူးကြသည်။ မဟာကျင်း မပျက်သုဉ်းသ၍ အဆင်ပြေပေသည်။ သူ၏ယုံကြည်သူများအနေဖြင့် သူ့အပေါ် ယုံကြည်မှုသည် အတိုင်းအတာတစ်ခုအထိရောက်ပါက ၎င်းတို့သည် စိတ်ပျံ့လွင့်ခြင်းဘုံသို့ဝင်ရောက်ပြီး အဆုံးစွန်သောနည်းပညာများကို ရယူနိုင်သည်။ ဤသည်မှာ သူတို့ကိုယ်သူတို့ ခွဲခြားသိမြင်ပြီး အောက်ခြေလူတန်းစားများ၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် လုံလောက်ပါသည်။

ကျန်းချန်ရှန်းသည် ယုံကြည်ချက်မလုံလောက်သူများကို ပြုစုစောင့်ရှောက်ရန် စွမ်းအင်မရှိပေ။

စိတ်ပျံ့လွင့်ခြင်းဘုံကို တွေးတောရင်း သူသည် သူ၏ဒုတိယအကြိမ် ဟောပြောပွဲအတွက် ပြင်ဆင်ရတော့ပေမည်။ သူသည် အင်မော်တယ်ကျင့်ကြံသူဖြစ်သော်ငြား များစွာသော အန္တိမနည်းစနစ်များကို ဆုပ်ကိုင်ထားသည်။ ဥပမာအားဖြင့် သူသည် ယုံကြည်သူများ၏သံသယများကို ဖြေရှင်းနိုင်ပြီး သူတို့အား အန္တိမနည်းပညာများကိုပင် သင်ပေးနိုင်သည်။

နောက်လာမည့် ဟောပြောပွဲတွင် သူ၏ အမွှေးတိုင်များ မြန်မြန်တိုးလာမည်ဟု သူမျှော်လင့်မိသည်။

ချန်းလီသည် တောင်ပေါ်မှမဆင်းမီ နေ့တစ်ဝက်ခန့် ခြံဝင်းထဲတွင်နေခဲ့သည်။ သူသည် မြို့တော်တွင် အိမ်တော်ကြီးတစ်လုံးရှိပြီး ပြန်လည်ကုစားရန် မိသားစုနှင့်အတူ နှစ်ဒါဇင်ပေါင်းများစွာကြာ ပျော်ရွှင်မှုကို ခံစားခဲ့သည်။ ဖရိုဖရဲအချိန်တွေရောက်လာပြီး ပညာရှိအုပ်ချုပ်သူ ပေါ်ထွက်လာသည့်အခါမှ သူ ပြန်ပေါ်လာခဲ့သည်။

"ဝမ့်ချန်း၊ ထိုက်ဟယ်ခေတ် ၃၂နှစ်မြောက်တွင်မွေးဖွားခဲ့ပြီး မဟာကျင်းနဲ့ ချွမ်းလျန့်မျိုးနွယ်အကြားစစ်မြေပြင်မှာ သေဆုံးခဲ့တယ်။ မင်းရဲ့ ကောင်းမှုကုသိုလ်တွေက မင်းရဲ့ မကောင်းမှုဒုစရိုက်တွေကို ကျော်လွန်နေလို့ မင်းက ငရဲပြည်ရဲ့တစ္ဆေစစ်သည်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်။ လူဝင်စားခွင့်ကို စောင့်ဆိုင်းဖို့လည်း မင်းရွေးချယ်နိုင်တယ်”

ငရဲ၌ အပြစ်ပေးမှူး၏ သာမန်ကာလျှံကာအသံက ပဲ့တင်ထပ်သွားသည်။

ခန်းမထဲမှာ ရပ်နေတဲ့ ဝိညာဉ်က မျှော်ကြည့်ပြီး “ကျွန်တော်က တစ္ဆေစစ်သည် ဖြစ်မှာလား”

“အဲဒါတော့ မမှန်သေးဘူး။ ငရဲမှာလည်း အမိန့်နဲ့စည်းမျဉ်းတွေရှိတယ်။ တစ္ဆေစစ်သည်ဖြစ်လာခြင်းက တစ္ဆေလမ်းစဥ်ထဲ ဝင်ရောက်ခြင်းနဲ့တူတူပဲ။ အနာဂတ်မှာ မင်းက မသေမျိုးတစ္ဆေဖြစ်လာဖို့ဆိုတာက မဖြစ်နိုင်တာတော့မဟုတ်ဘူး။ ပြန်လည်ဝင်စားခြင်းဝေဒနာမှ လွတ်မြောက်တယ်လို့ ယူဆနိုင်ပေမယ့်လည်း လောကီလောကရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကိုတော့ ဆုံးရှုံးရလိမ့်မယ်”

ယင်းကိုကြားသောအခါ ဝမ့်ချန်းက “ဒါဆို ကျွန်တော် တစ္ဆေစစ်သည်ဖြစ်ချင်ပါတယ်”

အပြစ်ပေးမှူး ခေါင်းညိတ်ပြပြီး စုတ်တံကို ဝှေ့ယမ်းကာ ကမ္မအစွမ်းကို ပေးပို့လိုက်သည်။ ထို့နောက် သေမင်းများအား သူ့အား နေရာချပေးစေလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျန်းချဲ့ ဝင်လာခဲ့သည်။

“မကြာသေးမီက မဟာကျင်းမှာ ဝိညာဉ်တွေ ပိုများလာတယ်။ သူတို့ထဲက တော်တော်များများက နှစ်ပေါင်းများစွာကြာအောင် စောင့်နေကြတာ။ လူဝင်စားခြင်းကို မကြာမီ မစတင်ဘူးဆို အခြေအနေက ဆိုးရွားလာလိမ့်မယ်”

ကျန်းချဲ့က စိုးရိမ်တကြီး မေးလိုက်သည်။ သူက ခဏရပ်ပြီး "တာအိုဘိုးဘေးမှာရော ညွှန်ကြားချက်ရှိလား။

အပြစ်ပေးမှူးက “စိုးရိမ်စရာ မလိုပါဘူး။ အဝါရောင်စမ်းချောင်းလည်း မွေးဖွားခဲ့ပြီလေ။ ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းကိုလည်း မကြာမီ တည်ဆောက်တော့မယ်။ တာအိုဘိုးဘေးအတွက်လည်း အလုပ်ကြိုးစားဖို့ မလိုအပ်တော့ဘူး။ ငရဲမှာ ဝိညာဉ်တွေ ပိုများလာတာနဲ့အမျှ ငရဲမှာရှိတဲ့ ကံစွမ်းအားကလည်း အားကောင်းလာပြီ။ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းကလည်း မလွဲမသွေ မွေးဖွားလာမှာပဲ။ ငါလည်း ရာမဘုရင်ဆယ်ပါးကို ထူထောင်ဖို့ ပြင်ဆင်နေတယ်။ မင်းရော ဘယ်လိုထင်လဲ"

ကျန်းချဲ့က “အဲ့ဒါက တကယ်ကောင်းတဲ့ကိစ္စပဲ။ ဒီလိုမှမဟုတ်ရင် သူတို့အားလုံးသာ ဒီမှာပဲနေနေမယ်ဆိုရင် အရမ်းထိရောက်မှာမဟုတ်တော့ဘူး”

အပြစ်ပေးမှူးက ခေါင်းညိတ်လိုက်သည်။ ငရဲဘုရင်ဆယ်ပါးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို သူ သေသေချာချာ စဉ်းစားရပေမည်။

ကျန်းချဲ့က သူ့ကို မနှောင့်ယှက်ချေ။ သူသည် ငရဲသို့ရောက်ပြီးနောက် သူနှင့် အပြစ်ပေးမှူးအကြက အနေအထားမှာ ပြောင်းပြန်ဖြစ်သွားသည်။ ဒီအကြောင်းနှင့်ပတ်သက်၍ သူသည် မကျေမနပ်မဖြစ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် အပြစ်ပေးမှူးကိုကို အလွန်လေးစားလာသည်။ နောက်ဆုံးတော့ သူသည် ငယ်ငယ်လေးကတည်းက အပြစ်ပေးမှူး၏ စောင့်ရှောက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

သဲဟွမ်ခေတ်၏ ၇နှစ်မြောက်တွင် ဧကရာဇ်သည် အင်ပါယာနန်းတွင်းကို သုတ်သင်ရှင်းလင်းခြင်းမှ နောက်ဆုံးတွင် မင်းဆက်က တည်ငြိမ်သွားခဲ့သည်။

ချွမ်းလျန့်စစ်သည်များ၏ အလောင်းများမှ အကျိုးကျေးဇူးရရှိပြီးနောက် မဟာကျင်း၏ ကိုယ်ခံစွမ်းအားသည်လည်း တစ်ဖန်ပြန်လည်မြင့်တက်လာသည်။ ချွမ်းလျန့်စစ်သည်တိုင်းသည် တောင်ကြီးကဲ့သို့ ကြီးမားပြီး ၎င်းတို့ကို ခွဲဝေခြင်းဖြင့် ကိုယ်ခံပညာရှင်များစွာကို အကျိုးပြုမည်ဖြစ်သည်။ ကျန်းချန်ရှန်း၏ခြံဝင်းအတွင်းရှိလူများသည် ချွမ်းလျန့်ဘုရင်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို သဘောကျသွားကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ ခွန်အားသည် အလွန်လျင်မြန်စွာ တိုးလာကာ သူတို့အားလုံး အဆင့်ချိုးဖြတ်သွားခဲ့သည်။

ကျန်းထျန်းမင်၊ ဤကလေးသည် အတွင်းကောင်းကင်နယ်ပယ် အဆင့်သုံးသို့ ရောက်နေပြီး ကျီဝူကျွင်းသည် အတွင်းကောင်းကင်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် သူမသည် သိုင်းဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အာရုံစိုက်နေခဲ့သည်။

လက်ရှိကျန်းထျန်းမင်သည် ငယ်ရွယ်ဆဲဖြစ်သည်။ သူသည် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာသော်လည်း လူများက သူမကို လူကြီးအဖြစ် ဆက်ဆံရန် ခက်ခဲသည်။

ဆောင်းဦးရာသီဖြစ်၍ ခြံဝင်းမှာ တိတ်ဆိတ်နေသည်။

ကျန်းချန်ရှန်းသည် တာအိုဘုရားကျောင်းတွင် တရားထိုင်နေသည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်ရှိစဉ်ကတည်းက ကျင့်ကြံရန် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ လတိုင်း သူသည် အချိန်နည်းနည်းယူပြီး အပြင်လေ့ရှိသည်။ သို့သော်လည်း လူတိုင်းသည် ဤကိစ္စကို စိတ်ပျက်ခြင်း မရှိခဲ့ကြပေ။ အဲဒီအစား သူတို့က သက်ပြင်းချလိုက်ကြတယ်။ ခြံဝင်းထဲ၌ ကျန်းချန်ရှန်းမရှိပါက သူတို့ ပိုပြီး စိတ်အေးလက်အေးရှိသည်။

ကျန်းချန်ရှန်းသည် လက်ရှိတွင် ကျန်းကျန့်၊ လင်းဟောင်ထျန်းနှင့် ဖျင်းအန်းတို့ကို အာရုံစိုက်နေသည်။

ဤနံစော်နေသော ကောင်လေးသုံးယောက်သည် အတွင်းကောင်းကင်ဘုံအဆင့်လေးကို ရောက်နေပြီဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဖျင်အန်းက သူတို့ကို တကယ် အမှီလိုက်နိုင်ခြင်းဖြစ်သည်။ ထိုထူးဆန်းသည့်ပန်းလေးက မရိုးရှင်းပေ။ ဖျင်အန်း၏ ပင်ကိုယ်စွမ်းရည်ကို ပြောင်းလဲစေခဲ့သည်။ ကျန်းကျန်နှင့် လင်းဟောင်ထျန်းတို့ပင် မနာလိုဖြစ်ခဲ့ကြသည်။ ဒါက ဘယ်လိုကံမျိုးလဲ။ သူသည် ကြုံရာကျပန်း ပန်းတစ်ပွင့်ကို ကောက်ယူရုံဖြင့် ပြောင်းလဲသွားနိုင်သည်။

သူတို့သုံးယောက်သည် ဝိညာဉ်မျိုးနွယ်နှင့်အတူ မဟာတောနက်ကြီးထဲ လှည့်လည်သွားကြသည်။ မကြာသေးမီက သူတို့သည် မဟာတောကြီးထဲ၌ လူသားမျိုးနွယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဤလူမျိုးသည် ကမ္ဘာကြီးနှင့် ကင်းကွာနေခဲ့သည်။ ၎င်းတို့သည် လူတစ်သန်းအောက်သာရှိသော်လည်း ၎င်းတို့အားလုံး စွမ်းအားကြီးမားသည်။

ပဋိပက္ခဖြစ်ပြီးနောက် သူတို့လေးဦးသည် မျိုးနွယ်စုထဲသို့ ဝင်ရောက်ကာ မျိုးနွယ်စု၏ ခင်မင်ရင်းနှီးမှုရရှိခဲ့သည်။ သို့သော် အချို့သော ထူးဆန်းသောအရာများ ဖြစ်ပျက်ခဲ့သည်။ ကျန်းကျန့်သည် မျိုးနွယ်စုအကြီးအကဲ၏သမီးအပေါ် စစ်မှန်သည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ရလဒ်အနေဖြင့် သူသည် မျိုးနွယ်စုဝင်လူများစွာကို စော်ကားခဲ့ပြီး ဇာတ်လမ်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်ရှန်းသည် သူတို့၏ အတွေးများကို ကြားလိုက်သောအခါ စိတ်ဝင်စားစရာ ကောင်းလာသည်။

သူလည်း စွန့်စားရတာ ကြိုက်တယ်ဆိုပါက သူလည်း အလားတူဘဝမျိုး ကြုံဖူးမှာလား။

ကျန်းချန်ရှန့်း ရုတ်တရက် မျက်လုံးပွင့်လာသည်။

ကျန်းကျန်၏ရွေးချယ်မှုနှင့် ပတ်သက်၍ သူ့တွင် မည်သည့်ထင်မြင်ချက်မှ မရှိပါ။ ကျန်းကျန့်ကို သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ချခွင့်ပြုလိုက်သည်။ အနာဂတ်၌ သူတို့ကြားက အကွာအဝေးဟာ ပြဿနာရှိတော့မှာ မဟုတ်ပေ။ ကျန်းကျန့်က မတတ်နိုင်ရင်တောင် သူတတ်နိုင်ပေသည်။

ဤသည်က သူ့အချစ်ဆုံးမြေးမို့ ကျန်းချန်ရှန်း သဘာဝအတိုင်း သူ့ကို မျက်နှာသာပေးပေမည်။

"မုမိသားစုရဲ့ အခြေအနေကရော ဘယ်လိုလဲ"

ကျန်းချန်ရှန်း ရုတ်တရက် မေးလိုက်သည်။

မုလင်းလော သူ့ဘေးမှာ ထိုင်နေသည်။ သူမဘာသာ ဝင်လာပြီး သူနှင့်အတူ လေ့ကျင့်သည်။

ယင်းကိုကြားတော့ မူလင်းလုံက မျက်လုံးဖွင့်ပြီး “တော်တော်ကောင်းပါတယ်။ ကျွန်မအထင်တော့ တခြားမင်းမျိုးမင်းနွယ်မိသားစုတွေနဲ့ ပွင့်ပွင့်လင်းလင်းရော လျှို့ဝှက်ပြီးရော တိုက်ခိုက်နေပေမယ့်လည်း အဲဒါကို စိတ်ပူနေစရာမနေပါနဲ့ ။ ကျွန်မလည်း ဝင်မစွက်ဖက်ချင်ဘူး။ တပည့်မျိုးဆက်တွေ ကြီးပြင်းလာတာနဲ့အမျှ ကျွန်မတို့ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေတဲ့ အရာများစွာရှိလာတယ်။ အစ်ကိုချန်ရှန်း ရှင် ကျွန်မအမြင်နဲ့ပတ်သတ်ပြီး သိပ်ဂရုမစိုက်နေပါနဲ့။ လောလောဆယ်တော့ ကျွန်မ နှလုံးသားက ရှင့်နဲ့အတူရှိနေမှာ"

ကျန်းချန်ရှန်းက ပြုံးပြီးပြောလိုက်သည်။ "မင်းက အရမ်းစိုးရိမ်တတ်တယ်။ ငါ ကျန်းကျန့်ရဲ့ အတွေးတွေကို ကြားလိုက်တယ်”

သူသည် သူမအား ကျန်းကျန့်၏အခြေအနေကို ပြောပြလိုက်၏။

ထိုမှသာ မုလင်းလောက နားလည်သွားသည်။ သူမ မျက်တောင်ခတ်ပြီး “ကျွန်မရဲ့မိဘတွေလည်း ကျွန်မအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သဘာဝအတိုင်း စိတ်ပူနေကြပေမယ့် သေမျိုးလောကရဲ့ ဓလေ့ထုံးစံတွေက ရှင့်ကို ဘယ်လိုလုပ်ပြီး ချည်နှောင်နိုင်မှာလဲ”

သူမသည် အတော်လေး ပွင့်လင်းသည်။ သူမ၏ထင်မြင်ယူဆချက်အရ တာအိုဘိုးဘေးကို ပွင့်ပွင့်လင်းလင်းလက်ထပ်ပြီး တာအိုဘိုးဘေးဖြစ်သည့် သူ၏အထောက်အထားကို ဖျက်ဆီးခြင်းက ရယ်စရာကောင်းပေသည်။ သူမသည် မိဘများနှင့်ဆက်ဆံရာတွင်လည်း ဤအကြောင်းပြချက်ကို အသုံးပြုခဲ့သည်။ သူမ၏မိဘများက မကျေနပ်သော်လည်း သူမအဖိုး မုရွှယ်ကန်း၏ပံ့ပိုးမှုကြောင့် သဘောတူလိုက်ရသည်။

တကယ်တော့ သူမမိဘတွေက ကျန်းချန်ရှန်း၏ တာအိုဘိုးဘေးဟူသော ကုတ်အင်္ကျီပေါ်မှာ ကပ်စီးချင်တာကြောင့် သူမကို လက်ထပ်စေချင်ခဲ့ကြောင်း သူမနားလည်ခဲ့သည်။ ထိုသို့ဖြစ်လာသည်နှင့် တပြိုင်နက် မုမိသားစု၏ လက်ရှိအခြေအနေသည် တာအိုဘိုး‌ဘေးနှင့် ဆက်စပ်နေပေလိမ့်မည်။

ကျန်းချန်ရှန်းနှင့် ကျန်းမိသားစုကြားက ဆက်ဆံရေးအကြောင်း သူမ၏အဖိုးနှင့် မိဘများအား မပြောပြခဲ့ချေ။ ကမ္ဘာပေါ်က ဘယ်သူမှ မသိကြပေ။

"အစ်ကိုချန်ရှန်း ရှင် ဟွာဂျန်ရှင်းရဲ့ ဇာတ်လမ်းကို ပြောပြပေးပါလား"

မုလင်းလောက ကူရာမဲ့စွာ မေးလိုက်သည်။

ကျန်းချန်ရှန်း ပြုံးပြီးပြောလိုက်သည်။ "မင်း အဲဒါကို အရင်က မကြားဖူးဘူးလား"

မုလင်းလောက သူ့အနားကို တိုးလာပြီး “အဲဒီတုန်းက ရှင်ပြောတာ သိပ်မ‌သဲကွဲဘူး။ ဒီတစ်ခါတော့ ပိုအသေးစိတ်ပြောပြပါနော်။ ကျန်းကျီယုရဲ့ ဇာတ်လမ်းလည်းရှိ‌သေးတယ်”

အကြောင်းတစ်ခုခုကြောင့် ကျန်းကျီယုဟူသောအမည်ကို သူမကြားကတည်းက သူမနှင့် နားမလည်နိုင်စွာ ရင်းနှီးလာခဲ့သည်။ ထို့အပြင် ထိုက်ကျုံးကိုလည်း လူအများက ချီးကျူးကြသည်ကို ကြားလိုက်ရသောအခါတွင် သူမသည် ထူးထူးခြားခြား ပျော်ရွှင်နေခဲ့မိသည်။

All Chapters