ကျန်းရွှယ်နျန်၊ ကျန်းရွှယ်ကျန့်
Vol. 21 Ch. 303
ကျန်းချန်ရှန်း အမှတ်ရစရာများကို မုလင်းလောက နှိုးဆွလိုက်ရာ သူလည်း ဟွာဂျန်ရှင်းနှင့် တွေ့ဆုံခြင်းအကြောင်းကို စတင်ပြောပြခဲ့သည်။
ထိုအချိန်က ဟွာဂျန်ရှင်းသည် ဖြောင့်မတ်သောဝတ်ရုံဖြူအစောင့်အရှောက်တစ်ဦးဖြစ်နေဆဲဖြစ်သည်။ မကောင်းဆိုးဝါးတပည့်များနှင့် ရင်ဆိုင်ရန် သူမအား ချန်းလီမှ ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေနှင့် သူမသည် တရားရုံး၏ အကြံအစည်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ထိုအထဲတွင် မိန်းမစိုးလီလည်း ပါဝင်ပါသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အာဃာတတွေ ပျောက်ကွယ်သွားပြီး သူတို့သည် ခြံဝင်းထဲတွင် စကားစမြည်ပြောပြီး ရယ်နေနိုင်မည်ဟု ဘယ်သူက ထင်မိမည်နည်း။
အတိတ်အကြောင်းပြောရင်း ကျန်းချန်ရှန၏မျက်လုံးတွင် မြင်ကွင်းများစွာပေါ်လာသည်။ မရေမတွက်နိုင်သော မိတ်ဟောင်းဆွေဟောင်းများက ပြန်လည်ဝင်စာခဲ့ကြသည်။
ကျန်းကျီယုအကြောင်းပြောလျှင် ကျန်းချန်ရှန်း ပိုလို့တောင် တက်ကြွလာခဲ့သည်။ သူ့လေသံက အနည်းငယ် ဂုဏ်ယူနေဟန်ရပြီး မူလင်းလုံအား သူ့ရဲ့အခြားတစ်ဖက်ကို မြင်စေခဲ့သည်။ ကျန်းချန်ရှန်းက အတိတ်ကို ပြန်သတိရနေချိန်တွင် ရွှင်းထျန်မြို့ရှိ ဧကရာဇ်က ခေါင်းကိုက်နေသည်။
တော်ဝင်စာကြည့်ခန်း၌
ကျန်းဟန်၏အမူအရာမှာ စိတ်ဓာတ်ကျနေသည်။ သူသည် မှတ်တမ်းကို ကောက်ယူပြီး ဆုတ်ဖြဲပစ်လိုက်သည်။
စောရနတ်ဘုရားက စားပွဲရှေ့၌ ရပ်ပြီး “အရှင်မင်းကြီး ကျိုးဘုရင်က သင့်ရဲ့ အဖြေကို စောင့်နေတုန်းပဲ။ သင်အေကြာင်းမပြန်သ၍ သူက ရွှင်းထျန်မှာပဲရှိနေမှာပါ”
ကျန်းဟန်က အသံနက်ကြီးဖြင့်ပြောလိုက်သည်။ “သူက ငါ့ကို ခြိမ်းခြောက်နေတာလား။”
စောရနတ်ဘုရားက အဖြေမပေးပေ။ ဤသည်မှာ ဧကရာဇ်နှင့် သူ၏ဆွေမျိုးများကြား ပဋိပက္ခဖြစ်သည်။ သူ မနှောက်ယှက်ဝံ့ပေ။ သူ့ကန့်သတ်ချက်တွေကို သိသဖြင့် ယနေ့အထိ အသက်ရှင်နေခြင်းဖြစ်သည်။
ကျန်းဟန်က အသက်ပြင်းပြင်းရှူပြီး “အိမ်ရှေ့မင်းသားရော အဆင်ပြေလား” ဟု မေးလိုက်သည်။
စောရနတ်ဘုရားက “မင်းသားက ကျင့်ကြံနေပါတယ်”
"ကျင့်ကြံနေတာလား"
ကျန်းဟန်က ကြက်သေသေသွားပြီး သူ့အမူအရာက ထူးဆန်းလာသည်။
သူခိုးနတ်ဘုရားက အကူညီမဲ့စွာ ပြောလိုက်၏။ “အမှန်ပဲ သူ ကျင့်ကြံနေတယ်။ သူ့အိမ်တော်မှာ ကျင့်ကြံခြင်းလမ်းကြောင်းကို အထူးလိုက်စားတဲ့ တာအိုဘုန်းကြီးတွေအများကြီးပဲ။ သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကိုသာ စေလွှတ်မထားဘူးဆိုရင် တာအိုဘိုးဘေးကို သွားရှာမယ်လို့ ကျုပ်ထင်တယ်"
အိမ်ရှေ့မင်းသားကို ချုပ်နှောင်ထားတဲ့ ကျန်းဟန်ရ၏လုပ်ရပ်ကို လူတော်တော်များများ နားမလည်ကြချေ။ သူသိသည်မှာ ကျန်းရီ၏ အပြင်ခရီးကို အခွင့်ကောင်းယူကာ သူ့ကိုလုပ်ကြံရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ကြောင်း သူသာသိသည်။ အတိအကျကတော့ စိုးရိမ်၍ဖြစ်သည်။
ကျန်းဟန်က နှာရှုံ့ပြီး ပြောလိုက်သည်။ “ကျင့်ကြံခြင်းက ဘယ်လိုလုပ် လွယ်လွယ်ကူကူ လိုက်နိုင်မှာလဲ။ တာအိုဘိုးဘေးက လုံလုံလောက်လောက် သန်မာပြီးသား။ သူ့ရဲ့အရည်အချင်းနဲ့ဆို တာအိုဘိုးဘေးကို သွားရှာရင်တောင် သူ့ကိုလက်ခံမှာမဟုတ်ဘူး။ သူသာ နတ်ဘုရားမျက်လုံးကို ခဏလေးနဲ့ မွေးဖွားနိုင်ရင် သူ့ကို လုံချီတောင်ကို ပို့ပေးမယ်"ထိုအကြောင်းပြောရင် သူလည်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
ကျန်းကျန့်နှင့် ကျန်းချီ၏သားအားလုံးသည် သူတို့၏တတိယမျက်လုံးကို ဖွင့်ထားပြီးကြသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် အချိန်အတော်ကြာ ပြန့်နှံ့သွားပြီး လူအများအပြားက သူတို့အကြောင်းကို သဘောကျစွာ ပြောဆိုကြလေသည်။ ထိုအရာသည် တော်ဝင်အာဏာကိုချဲ့ထွင်ခြင်းအတွက် အရေးပါပေသည်။
ကျန်းဟန်က “ သူ့အိမ်က အဲဒီဘုန်းကြီးတွေကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်။ ဒါ့ပြင် ငါ့မြေးတော်ကိုလည်း ဒီကိုခေါ်လာခဲ့"
“ဟုတ်ကဲ့”
စောရနတ်ဘုရားက ချက်ချင်း ပြန်ဆုတ်သွားသည်။
ကျန်းဟန်က သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်။ "ခမည်းတော် သားတော်တော့ ခမည်းတော်ကို ရုတ်တရက် ကိုယ်ချင်းစာမိပြီ"
သူ ပိုပိုပြီး ပင်ပန်းလာခဲ့သည်။ သူ့၌ ရည်မှန်းချက်တွေရှိပေမယ့်လည်း သူ့အရည်အချင်းတွေကို ထုတ်မပြနိုင်ခဲ့ပေ။ သူ အလွန်အမင်း စိတ်မကောင်းဖြစ်မိသည်။
သို့သော် သူသည် ကျန်းလျူနှင့် မတူပေ။ သူဘယ်တော့မှ အရှုံးမပေးပေ။
အမွှေးတိုင်တစ်တိုင်စာကြာသောအခါ လူငယ်တစ်ဦးက တော်ဝင်စာကြည့်ခန်းသို့ အလျင်အမြန်လျှောက်လာခဲ့သည်။
"အဘိုးတော် မြေးကိုခေါ်တာ ဘာကိစ္စရှိလို့လဲ"
လူငယ်လေးသည် ငယ်ရွယ်ပေမယ့်လည်း သူ့မျက်နှာသွင်ပြင်မှာ ခန့်ညားပြီး ဝတ်စားဆင်ယင်မှုက သပ်ရပ်ပေသည်။ သူ့ကိုမြင်လိုက်သောအခါ ကျန်းဟန်က ပြုံးလိုက်သည်။
ကျန်းဟန်က လူငယ်လေးကို သူ့ဆီလာခိုင်းပြီး သူ့ပေါင်ပေါ်ကို ပွေ့တင်လိုက်သည်။
"ဒီနေ့ ကောင်းကောင်းလေ့ကျင့်ပြီးပြီလား"
ကျန်းဟန်က အပြုံးဖြင့် မေးလိုက်သည်။ သူပျင်းသည့်အခါတိုင်း သူ့မြေးကို ရှာရတာကို သဘောကျမိသည်။ သူ့မြေးကိုတွေ့လိုက်သည်နှင့် သူ့စိတ်က တိုးတက်လာသည်။ သူ့မြေး၏ဖြစ်တည်မှုကြောင့်လည်း လက်လျော့လိုစိတ်မရှိခဲ့ပေ။ သူသည် သူ့အတွက်သာမက သူ့မြေးအတွက်ပါ အလုပ်ကြိုးစားခဲ့ခြင်းဖြစ်သည်။
ကျန်းရွှယ်နျန်က မျက်တောင်ခတ်ပြီး "ဟုတ် သားကြိုးစားပြီးပြီ"
ကျန်းဟန်က ပြုံးပြီးပြောလိုက်သည်။ "ကြည့်ရတာ မင်းက အလုပ်မကြိုးစားဘဲ တိတ်တိတ်လေး ကစားနေပုံရတယ်။ ဘယ်သူနဲ့ ကစားတာလဲ"
ကျန်းရွှယ်နျန်က သူ့လက်တွေကိုကားပြီး "မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဖိုးတော်ကို ဖုံးကွယ်ထားလို့မရဘူး။ ရွှယ်ကျန့်က ချစ်စရာကောင်းလွန်းတယ်။ သားသူ့ကို မရှာဘဲမနေနိုင်ဘူး"
ကျန်းဟန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ရွှယ်ကျန့်က လသားလေးပဲရှိသေးတယ်။ မင်းညီလေးကို သေချာဂရုစိုက်ရမယ်။"
"စိတ်ချပါ အဘိုးဧကရာဇ်ရဲ့ သား သူ့ကို သေချာပေါက် ပြုစုစောင့်ရှောက်ပေးမှာပါ၊ ဒါပေမယ့် အဖိုးတော်ကို မေးစရာတစ်ခုရှိတယ်"
"အဲဒါဘာများလဲ"
"အမေက ရွှယ်ကျန့်နဲ့ သားကို လုံချီဘုရားကျောင်းကို ခေါ်သွားစေချင်တယ်။ အဖိုးဘယ်လိုထင်လဲ…"
ကျန်းရွှယ်နျန်က လေးလေးနက်နက် မေးလိုက်သည်။ အိမ်ရှေ့မင်းသားနှင့်ကြင်ယာတော်တို့က ဂရုတစိုက်ပြောဆိုရန် သတိပေးခဲ့သည်။ သူ့အဖိုးက တာအိုဘိုးဘေးကို အရမ်းဂရုစိုက်ပုံရသည်။
သူ့အဖေကျင့်ကြံနေရင်း တာအိုဘိုးဘေး၏ ငယ်ဘဝကအကြောင်းများကို သူ့အဖေက မြှောက်ပင့်ပြောဆိုနေသည်ကို ကြားခဲ့ရသည်။ ထို့ကြောင့် သူသည် တာအိုဘိုးဘေးနှင့် တွေ့ဆုံရန် ဆန္ဒရှိခဲ့သည်။
ယင်းကိုကြားတော့ ကျန်းဟန်က မျက်မှောင်ကြုတ်သွားသည်။
သူ့မြေးက ဘိုးဘေးကို သွားတွေ့တာကို မကန့်ကွက်ပေမယ့် လမ်း၌ တစ်ခုခုဖြစ်သွားမှာကို သူစိုးရိမ်နေမိသည်။
ကျန်းရွှယ်နျန်၏ မျှော်လင့်ချက်အကြည့်ကိုမြင်သောအခါ ကျန်းဟန်၏ နှလုံးသားမှာ ပျော့ပြောင်းသွားပြီး "ဒါဆိုလည်း သွားပါ။ မင်းသုံးယောက်ကို ခေါ်ထုတ်ဖို့ တစ်ယောက်ယောက်ကို အဖိုးစေလွှတ်လိုက်မယ်။"
"အရမ်းကောင်းတယ်။ အဘိုးတော်က သားအတွင် အကောင်းဆုံးပဲ”
“မင်းသိတာ ကောင်းတယ်။ မင်းလည်း အနာဂတ်ကျ ဧကရာဇ်မင်းဖြစ်လိမ့်မယ်။ ပုံမှန်နေ့တွေမှာ လျှော့ကစား။ ရွှယ်ကျန့်ကို တစ်ယောက်ယောက်က ပြုစုပေးလိမ့်မယ်"
နှင်းတွေ တဖွဲဖွဲကျပြီး တောင်များကို ဖုံးလွှမ်းနေသည်။ သူတော်စင်ချီဘွဲ့အပ်နှင်းခံရသော ချီယွမ်သည် လက်ရှိတွင် တာအိုဘုရားကျောင်းရှေ့ရှ့ တရားထိုင်နေသည်။ နှင်းတွေက သူ့အပေါ်မှာ စုပုံနေပြီး နှင်းထုရုပ်ပုံသဏ္ဍာန်ဖြစ်နေပေမယ့် သူကတော့ မလှုပ်ရှားချေ။
အဝါရောင်ဝတ်ထားသော အမျိုးသားတစ်ဦးက အလျင်အမြန်လျှောက်လာပြီး အရိုအသေပေးလိုက်သည်။ "ဆရာ ဘယ်တော့မှထွက်လာမှာလဲ၊ ဒီနှင်းက တကယ့်ကို ထူးဆန်းတယ်။ ကျွန်တော့်ရဲ့ခွန်အားနဲ့တောင် အအေးဒဏ်ကို ခံရတာ မယုံနိုင်စရာပဲ ”
ချီယွမ်က စကားမပြောသော်လည်း သူ့အသံက ထွက်လာခဲ့သည်။ “နောက်နှစ်အနည်းငယ်စောင့်ဦး။ ဒီတောင်ပေါ်ကို ခြေမချဖို့ ငါပြောခဲ့တယ်မဟုတ်လား။ ဒါပေမယ့် မင်းက အတင်းတက်လာတယ်။ အအေးဒဏ်ကို ခံစားထိုက်တယ်"
အဝါရောင်ဝတ်ထားသူက ပြုံးပြီး “ကျွန်တော်ကရော ဆရာ့ကို စိတ်မပူရဘူးလား” ချီယွမ်က စကားဆက်မပြောချေ။
အဝါရောင်ဝတ်ထားသူက လက်ဖဝါးထဲသို့ လေမှုတ်သွင်းပြီး “ဆရာ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။အခုဆို မဟာကျင်းရဲ့ နေရာတိုင်းမှာ တာအိုဘိုးဘေးရဲ့ ရုပ်ထုတွေချည်းပဲ။တာအိုဘိုးဘေးကိုရှာဖို့ လုံချီဘုရားကျောင်းကို ဆရာပြန်သင့်လား"
သူပြောပြီးသည်နှင့်တပြိုင်နက် ချီယွမ်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းများက မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဗဟိုချက်ဖြစ်ပြီး သူနှင့်အတူ နှင်းများ အရည်ပျော်လာကာ ဤဖြစ်စဉ်မှာ အလွန်လျင်မြန်သည်။ သက်တမ်း၅၀ထက်မနည်းကာလရှိ တောင်ပေါ်ရှိ ဆီးနှင်းများအားလုံး အရည်ပျော်ကာ ကြီးကျယ်ခမ်းနားသော ပူပြင်းသည့် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
အဝါရောင်ဝတ်ထားသော အမျိုးသားလည်း ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။
ချီယွမ်က သူ့ကို စိုက်ကြည့်ရင်း " အားချန် မင်းဘာလို့ မပြောင်းလဲတာလဲ"
အားချန်ဟုအမည်ရသည့် အဝါရောင်အမျိုးသားက ကြောက်ရွံ့ထိတ်လန့်စွာဖြင့်“ကျွန်တော်လည်း ဆရာ့အတွက်ပဲ စဉ်းစားပေးတာပါ။ တာအိုဘိုးဘေးဂိုဏ်းကို မြှင့်တင်ဖို့အတွက် ဆရာက လူ့လောကကြီးကို အနှစ်နှစ်ရာကြာ ခရီးထွက်ခဲ့တယ်။ ဆရာ ဘယ်အချိန်မှ အနားယူနိုင်မှာလဲ။ တပည့်နှလုံးသားက ဆရာ့အတွက် နာကျင်မိတယ်။"
ချီယွမ်က မျက်မှောင်ကြုတ်ပြီး "မင်းက ငါ့ကို သနားလို့လား။ ဒါမှမဟုတ် တာအိုဘိုးဘေးကို စိတ်ကျေနပ်စေချင်တာလား"
အားချန်လည်း ရှက်သွားပြီး ဘယ်လိုဖြေရမှန်းမသိတော့ပေ။
“မင်းဟာ ငါ့ဂိုဏ်းထဲမှာ ဉာဏ်အမြော်အမြင်အရှိဆုံး တပည့်ဖြစ်ပေမယ့် မင်းရဲ့နှလုံးသားက ဘယ်တော့မှ မတည်ငြိမ်ဘူး။ မင်းရဲ့ ကောက်ကျစ်တဲ့ ဦးနှောက်ကို အသုံးပြုဖို့ပဲ အမြဲတွေးနေတယ်။ မေ့လိုက်ပါတော့။ မင်း ထွက်သွားလို့ရတယ်။ အခုချိန်ကစပြီး ငါတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးလည်း ပြတ်တောက်သွားလိမ့်မယ်။”
ချီယွမ်က ဘာမှမထူးခြားသည့်အမူအရာနှင့် ပြောလိုက်သည်။ အားချန်သည် ထိုစကားကိုကြားသောအခါ ပို၍ပင် ကြောက်ရွံ့လာပြီး အလျင်စလို တောင်းပန်လိုက်သည်။
အားချန်သည် သူ၏ ရှောင်တခင်စစ်ဆေးမှုကြောင့် သူ့ဆရာမှ နှင်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
“တခြားဘာမှ ပြောနေစရာမလိုပါဘူး။ တာအိုဘိုးဘေးဂိုဏ်းကို မင်းရဲ့အလှူငွေတွေနဲ့ ငါ့အတွက် မင်းရဲ့ဂရုစိုက်မှုတွေကြောင့် မင်းကို ဒီဘရိုကိတ်အိတ်ကို ငါပေးမယ်။ အဲ့ထဲမှာ တာအိုဘိုးဘေးရဲ့ဂါထာတွေပါဝင်ပြီး ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ မင်းကို ကူညီပေးနိုင်တယ်"
ချီယွမ်သည် ဘရိုကိတ်အိတ်ကို အားချန်ရှေ့မှာ ပစ်ချလိုက်သည်။
အားချန်လည်း မော့ကြည့်လိုက်ရာ မျက်လုံးချင်းဆုံသွားသည်။ သူ့ဆရာသည် သူ့စိတ်ထဲရှိတာကို သိပေသည်။
သူသည် အံကြိတ်ပြီး “ဘယ်လိုပဲဖြစ်ဖြစ် ဆရာက ကျွန်တော့်ဆရာဖြစ်နေဆဲပဲ”
ထိုစကားဖြင့် သုံးကြိမ်တိုင်တိုင် အရိုအသေပေးကာ ဘရိုကိတ်အိတ်ကို ကောက်ယူပြီး ထွက်ခွာသွားခဲ့သည်။ သူသည် မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျံသန်းပြီး ပျောက်ကွယ်သွားခဲ့သည်။
ချီယွမ်သည် သူထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး "မင်းက အရမ်းရည်မှန်းချက်ကြီးပြီး မင်းကိုယ်မင်း ကောင်းကောင်း ဖုံးကွယ်ထားန်ိုင်ပြီလို့ ထင်နေတာလား။ မင်းရဲ့ကံကြမ္မာက မလုံလောက်ဘူးဆိုတာ မင်းနည်းနည်းလောက် သိသင့်တယ်။ အချိန်မီ ရပ်တန့်နိုင်ရင် အဲဒီ့ဘရိုကိတ်အိတ်က မင်းရဲ့အသက်ကယ်ကောက်ရိုးပဲ။ မင်းမလုပ်နိုင်ရင် မင်းရဲ့အရိုးတွေကို သေမျိုးသင်္ချိုင်းမြေမှာ မြှုပ်နှံခံရလိမ့်မယ်။"
သူသည် သက်ပြင်းချလိုက်ပြီး မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ သူသည် ကံကြမ္မာ၊ ကောင်းကင်နှင့်မြေကြီးကို ဆက်လက်ဆင်ခြင်လိုက်သည်။
သဲဟွမ်ခေတ်၊ ၈နှစ်မြောက်
နွေဦးရာသီအစတွင် ချင်းအာက လာရောက်လည်ပတ်ခဲ့သည်။
ကျန်းချန်ရှန်းသည် ခြံဝင်းထဲတွင် ပွဲတော်အတွက် ပြင်ဆင်နေချိန်တွင် ချင်းအာက လာပြောလေသည်။
"တာအိုဘိုးဘေး အိမ်ရှေ့မင်းသားကြင်ယာတော်က သူ့ရဲ့မြေးတော်နဲ့ မင်းသားကို ဘိုးဘေးဆီအလည်ခေါ်လာတယ်။ လက်ဆောင်တွေလည်း အများကြီး ယူလာပေးတယ်။ ဘိုးဘေး သူမကိုတွေ့ချင်လား"
သူမ မေးလိုက်သည့်အချိန်တွင် ပိုင်ချီ၏မျက်လုံးများမှာ တောက်ပလာကာ "ဘယ်လိုလက်ဆောင်တွေလဲ"
ချင်းအာက မျက်လုံးလှန်ပြပြီး "ငါက လက်ဆောင်တွေကို ကြိုဖွင့်လို့ရမလား"
ကျန်းချန်ရှန်းက ခဏတုံ့ဆိုင်းသွားပြီး "သူတို့ကို ဝင်ခွင့်ပြုလိုက်"
ချင်းအာက ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။
အရှင်ပိုင်သည် ကျန်းထျန်းမင်ကို သင်ကြားပေးနေသော်လည်း ကျန်းထျန်းမင်၏ စိတ်သည် သူ့သင်သည့်အပေါ်တွင်မရှိချေ။
“အဘေး မြစ်လေးက တူလေးရဲ့သားလား။ ကျွန်တော့်မြေးလား”
ကျန့်ချန်ရှန်းက "သူတို့ဝင်လာပြီးရင် မင်း ငါ့ကို တာအိုဘိုးဘေးလို့ပဲ ခေါ်သင့်တယ်"
ကျန်းထျန်းမင်က ခေါင်းညိတ်ပြပြီး ခြံအ၀င်ဝကို မျှော်ကြည့်သည်။
ကိုယ်ခံပညာလေ့ကျင့်ရတာ ပျင်းစရာကောင်းပေသည်။ သူ့မိသားစုဝင်တွေနှင့်တွေ့ဖို့က မလွယ်သည့်အတွက် သူတို့နှင့်တွေ့ဆုံဖို့ကို သဘာဝကျကျ မျှော်လင့်နေမိသည်။ မြို့တော်ကို ပြောင်းရွှေ့ပြီးကတည်းက ကျင်းချန်၌ ကျန်းမိသားစုဝင်များ မရှိတော့ပေ။ သူ့အဘေးသာ သူ့မိသားစုဝင်မှန်း မသိပါက ကျန်းမိသားစုကိုရှာဖို့ တောင်ပေါ်ကို ဆင်းသွားလိမ့်မည်။
ခဏအကြာတွင် အိမ်ရှေ့စံကြင်ယာတော်သည် သူမ၏ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးနှင့်အတူ ရောက်လာပြီး လူငယ်တစ်ဦး လိုက်ပါလာသည်။ ကျန်းရွှယ်နျန်ဖြစ်သည်။
တာအိုဘိုးဘေးနှင့်တွေ့ဆုံခြင်းသည် သူမ၏ပထမဆုံးအကြိမ်ဖြစ်၍ အိမ်ရှေ့စံကြင်ယာတော်က အလွန်စိတ်လှုပ်ရှားနေမိသည်။ ကျန်းရွှယ်နျန်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
အိမ်ရှေ့မင်းသားကြင်ယာတော်သည် ခြံဝင်းထဲတွင် ဝံပုလွေ၊ မီးတောက်ကျီးကန်းနှင့် နဂါးဖြူတို့ကို မြင်သောအခါ သူမ၏ လှပသော မျက်နှာမှာ သွေးမရှိတော့အောင် ကြောက်လန့်တကြားဖြစ်သွားသည်။
သို့သော်လည်း သူမသည် သတ္တိကို စုဆောင်းပြီး ကျန်းချန်ရှန့်ကို ဦးညွှတ်ရန် သွားခဲ့သည်။
"အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး"
ကျန်းချန်ရှန့်က ပြောလိုက်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် အိမ်ရှေ့စံကြင်ယာတော်သည် ဒူးထောက်၍မရပေ။ သူမသည် တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်စလိုပြောလိုက်သည်။
“ကျွန်မ ဒီနေရာကို ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့မင်းသားကိုယ်စား အရိုအသေပြုဖို့ ရောက်လာတာပါ။ အရှင်မင်းကြီးက ယခင်ဧကရာဇ်ခေတ်တည်းက ဘိုးဘေးအနှစ်သက်ဆုံး သစ်သီးဖျော်ရည်ကို ယူဆောင်ခိုင်းလိုက်ပါတယ်"
"ရွှယ်နျန် ဒူးထောက်ပြီး တာအိုဘိုးဘေးကို အရိုအသေပေးလိုက်"
သူ့အမေ၏စကားကိုကြားသောအခါ ကျန်းရွှယ်နျန်က လူကြီးလေးတစ်ယောက်လို ကမန်းကတန်း ဒူးထောက်လိုက်သည်။
ကျန်းထျန်းမင်လည်း ချက်ချင်းပင် သူ့ဆီတက်လာသဖြင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ကျန်းရွှယ်နျန်ရှေ့၌ ကျန်းထျန်းမင်က ပိုပုလေသည်။ သူသည် ကျန်းရွှယ်နျန်၏ညီလေးနှင့်တူပြီး သူတို့၏မျက်နှာသွင်ပြင်သည်း အထူးသဖြင့် မွေးရာပါအမှတ်အသားက အနည်းငယ်ဆင်တူသည်။
ကျန်းထျန်မင်က ဂုဏ်ယူစွာပြုံးပြီး "ငါက မင်းရဲ့ အဘိုးလေးပဲ။ မင်း ငါ့ကိုဘာလို့ ဦးမညွတ်တာလဲ"
ကျန်းရွှယ်နျန်က အံ့အားသင့်သွားသည်။ မယုံနိုင်စွာဖြင့် သူက “ဒါပေမယ့် မင်းက ငါ့ထက် ပိုငယ်ပုံရတယ်။ မင်း လိမ်နေတာ။"
အိမ်ရှေ့စံကြင်ယာတော်သည် တစ်ခုခုကိုတွေးမိကာ သူမအမူအရာမှာ ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရွှယ်နျန် မြန်မြန်ထပြီး မင်းရဲ့အဘိုးလေး အရိုအသေပေးလိုက်စမ်း။ မရိုမသေမလုပ်နဲ့"
ယင်းကိုကြားတော့ ကျန်းရွှယ်နျန်က အံ့အားသင့်သွားသည်။ သူသည် ကျန်းထျန်းမင်အား မယုံကြည်နိုင်စွာ ကြည့်နေသော်လည်း နာခံစွာဖြင့် ဒူးထောက်နေသေးသည်။
ကျန်းထျန်းမင်က ပိုလို့တောင် ကျေနပ်သွားသည်။
မျိုးဆက်သစ်လူငယ်များ ဆော့ကစားနေသည်ကိုမြင်သောအခါ ကျန်းချန်ရှန်းလည်း ကျေနပ်သွားသည်။ သူက "ထျန်းမင် သူ့ကိုကစားဖို့ အနီးနားကိုခေါ်သွားလိုက်။ လင်းလော တော်ဝင်မြစ်လေးကို ကူပြီးစောင့်ရှောက်ပေးပါဦး"
မုလင်းလောသည် ထိုစကားကိုကြားသောအခါ သူမသည် ချက်ချင်းပင် လမ်းလျှောက်လာပြီး ကျန်းရွှယ်ကျန့်ကို ခေါ်သွားသည်။
အိမ်ရှေ့စံကြင်ယာတော်သည် သက်ပြင်းတစ်ချက်ချကာ ကျန်းချန်ရှန်းအား ကျေးဇူးတင်စွာကြည့်လိုက်သည်။