အစစ်အမှန်နဂါးအင်ပါယာ၊ လွတ်လမ်းမရှိ
Vol. 21 Ch. 305
သဲဟွမ်ခေတ် သက္ကရာဇ် ၁၀၊ အင်ပါယာသည် အနောက်ပိုင်းကျင်းဘုရင်၏ ပြစ်မှုများကို စာရင်းပြုစုကာ လက်အောက်ခံဘုရင်အဖြစ်မှ ဖယ်ရှားကြောင်းအမိန့်ထုတ်ကြေညာသည်။ အနောက်ပိုင်းကျင်းဘုရင်သည် လက်မခံနိုင်သဖြင့် သူ့စစ်တပ်အားစုစည်းကာ ပုန်ကန်သည်။ သို့သော်လည်း သူ့အား မြောက်ပိုင်းနယ်စပ်ဘုရင်နှင့် ဟန်ဘုရင် ကျန်းလောတို့၏ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ စစ်ပွဲသည် တစ်လပင် မကြာဘဲ အနောက်ပိုင်းကျင်းဘုရင်ကို ဖမ်းဆီးရမိသည်။
ထိုကိစ္စက ကုန်းမြေကြီးအား ကြီးမားသော ဆူပွက်မှုဖြစ်စေသည်။ မဟာကျင်းတွင် ဤသို့ အတွင်းပဋိပက္ခနှင့် မကြုံတွေ့ရသည်မှာ ကြာပေပြီ။
သို့သော်လည်း အင်ပါယာ၏ လုပ်ဆောင်ချက်က မရပ်တန့်ချေ။
သဲဟွမ်ခေတ် သက္ကရာဇ် ၁၁၊ အင်ပါယာသည် လက်အောက်ခံဘုရင်နှစ်ပါး၏ ရာထူးအား ရုတ်သိမ်းလိုက်သည့်တွက် စီရင်စုအားလုံး ဆူပွက်ကုန်သည်။ အင်ပါယာက သူတို့၏ ပြစ်မှုများကို ထုတ်ဖော်ပြသော်လည်း လူအများက ချောက်ချထားသည့် လုပ်ရပ်တစ်ခုအဖြစ်သာ ယုံကြည်ကြသည်။ ရာထူးဖယ်ရှားခံရသော လက်အောက်ခံဘုရင်များက လူအများ လေးစားရိုသေ ချစ်ခင်ခံရသော ဘုရင်များ ဖြစ်နေ၍ ဖြစ်၏။
ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် မင်းမျိုးမင်းနွယ်မိသားစု ၇ခုသည် ဝင်ရောက်စီးနင်းခံရသည်။ သူတို့အားလုံးတွင် ကုန်သွယ်ခြင်းနောက်ခံနှင့် သိုင်းပညာနောက်ခံရှိကြသည်။
သဲဟွမ်ခေတ် သက္ကရာဇ် ၁၂၊ ဇန်နဝါရီလအစတွင် အင်ပါယာသည် လုပ်ကြံသတ်ဖြတ်ခံရလုနီးပါးဖြစ်သွားသည်။ လုပ်ကြံသူကို ဖမ်းဆီးရမိပြီး စုံစမ်းစစ်ဆေးမေးမြန်းခဲ့သော်လည်း အင်ပါယာသည် ပြန်လည်ကောင်းမွန်ရန် လပေါင်းများစွာ အချိန်ယူခဲ့ရသည်။ သူ့အား လုပ်ကြံသတ်ဖြတ်ရန်စေခိုင်းသည် မင်းမျိုးမင်းနွယ်များသည် ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ခေါင်းဖြတ် ကွပ်မျက်ခံရကာ သူတို့ဦးခေါင်းများအား မြို့ဝင်ဝတွင် ချိတ်ဆွဲထားခံရသည်။
ထိုနှစ်တွင် ကျန်းရှန်ချန်းသည် သက်တမ်းနှစ်ပေါင်း ၃၀၀ပြည့်သည်။
ကျန်းရှန်ချန်း၏ နောက်ကြောင်းရာဇဝင်ကို သိသော ပိုင်ချီသည် သူ့အတွက် မွေးနေ့ပွဲအခမ်းအနားကို ကျင်းပပေးသည်။ သူ့သက်တမ်းကို မှတ်ရလွယ်ပေသည်။ သူသည်မဟာကျင်းနှင့် သက်တမ်းအတူတူပင်။ တိုက်ဆိုင်စွာပင် အင်ပါယာသည် နှစ်၃၀၀ပြည့် အခမ်းအနားကို ကျင်းပပေသည်။
ကျန်းရှန်ချန်းသည် သူ့မွေးနေ့ကို ဘယ်တော့မှ မပြုလုပ်သော်လည်း ပိုင်ချီသည် မုလင်းလောကို ခေါ်ထုတ်လာခဲ့သည်။ ဤကိစ္စတွင် မုလင်းလောသည် အလွန်စိတ်အားထက်သန်နေ၍ သူသည် သူမကိုသာ စီစဉ်ခိုင်းလိုက်သည်။
မွေးနေ့ပွဲတစ်ခုသာဖြစ်သော်လည်း လက်လွတ်စပယ်ကျင်းပခြင်း မဟုတ်ချေ။ ခြံဝင်းထဲသို့ ချန်လီသည်လည်း ရောက်ရှိလာသည်။ ပိုင်ချီက သူ့အား ခေါ်လိုက်ခြင်းဖြစ်၏။ သူသည် ဝိုင်အများအပြားယူဆောင်လာပေးသည့်အတွက် ပိုင်ချီ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နေသည်။
ချင်းအာလည်း ရောက်ရှိလာသည့်အတွက် ခြံဝင်းသည် အလွန် သက်ဝင်လှုပ်ရှားနေသည်။
မီးဖို၍ ဝိုင်းဖွဲ့လျက် ချန်လီသည် ခုံရုံးအကြောင်းကို ပြောလိုက်သည်။ သူသည် ညည်းညူးလျက် ပြောလိုက်သည်။
“အရှင်မင်းကြီးက မြောက်ပိုင်နယ်စပ်ဘုရင်နဲ့ ဟန်ဘုရင်ရဲ့ အထောက်အပံ့ကို ရပြီးတဲ့နောက်မှာ ပိုပိုပြီး ထိန်းမနိုင် သိမ်းမရဖြစ်လာတယ်။ ဒီသားသတ်ဓားက ရပ်တန့်လို့မရမှာ ကြောက်မိတယ်”
ကျိဝူကျွင်းက ပြောလိုက်သည်။
“ဒါက ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား”
အရှင်ပိုင်သည် ဤနေရာတွင် မရှိသော်လည်း ကျိဝူကျွင်း၊ ယဲ့ရွှင်းတိနှင့် ဓားနတ်ဘုရားတို့သည် ခုံရုံး၏ ကိစ္စများကို အလွန်စိတ်ဝင်စားနေကြသည်။ သူတို့သည် ပျော်ရွှင်စွာ စကားပြောဆိုနိုင်ပေသည်။
ချန်လီသည် ခေါင်းခါလျက် ပြောလိုက်သည်။
“ဒီလို ခက်ထန်တဲ့အပြုအမူက လက်အောက်ခံဘုရင်တွေနဲ့ မင်းမျိုးမင်းနွယ်တွေကို အတူတူစုစည်းသွားစေလိမ့်မယ်။ အင်ပါယာလုပ်ကြံခံရတာက သာဓကပဲ။ ပြီးတော့ အင်ပါယာက တိုင်ကျုံးရဲ့ ဆန္ဒကို လိုက်နာတဲ့အတွက် လက်အောက်ခံဘုရင်တွေကို မသတ်ဘဲ ရာထူးဖယ်ရှားရုံလောက်ပဲ လုပ်ခဲ့တယ်။ မဟုတ်ဘဲ သတ်လိုက်ရင် တခြားလက်အောက်ခံဘုရင်တွေက အငြိုးထားပြီး လက်စားချေဖို့ အခွင့်အရေးရှာကြလိမ့်မယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် မင်းဆက်က ကမောက်ကမဖြစ်လာလိမ့်မယ်”
“ဒါတွေက အရင်အင်ပါယာရဲ့ အမှားတွေပဲ။ မြို့တော်ကို ပြောင်းရွေ့ဖို့ သူတောင်းဆိုခဲ့တယ်။ တကယ်လို့ ကျင်းချန်သာ မြို့တော်ဆက်ဖြစ်နေရင် ဒီလိုကိစ္စတွေ ဘယ်လိုလုပ်ပြီး ဖြစ်လာမှာလဲ” ရဲရွမ်သည် ခေါင်းခါလိုက်သည်။
လူတိုင်းသည် လက်ခံပေသည်။ သူတို့က တာအိုဘိုးဘေးအား မြှောက်ပင့်နေခြင်းမဟုတ်ချေ။ ၎င်းက အမှန်ပင်ဖြစ်သည်။ တာအိုဘိုးဘေး၏ အကာအကွယ်ရှိလျှင် အင်ပါယာအား မည်သူက လုပ်ကြံဝံ့မည်နည်း။
ချန်လီသည် ကျန်းရှန်ချန်းအား ကြည့်လျက် ပြောလိုက်သည်။
“တာအိုဘိုးဘေး…ကျေးဇူးပြုပြီး ဘာမှ မလှုပ်ရှားပါနဲ့။ မဟာကျင်းက ကြီးမားတဲ့ပြောင်းလဲမှုလိုတယ်။ ဒီလိုမှ မဟာကျင်းမှာ တာအိုဘိုးဘေးရဲ့ အရေးပါမှုကို နားလည်လာလိမ့်မယ်။ မဟာကျင်းက ဆယ်စုနှစ်အနည်းငယ်လောက် အကျိုးသက်ရောက်မှု ခံစားရနိုင်ပေမယ့် ရလာမယ့်အကျိုးဆက်က အရမ်းကောင်းနိုင်တယ်”
ကျန်းရှန်ချန်းသည် ပြန်မဖြေချေ။ သူသည်လည်း ဤပြဿနာကို တွေးတောမိပေသည်။
မင်းဆက်၏ ပြဿနာက အင်ပါယာပြောင်းရွေ့လိုက်သည်နှင့် ဖြေရှင်းနိုင်သည့်အထိ မရိုးရှင်းချေ။ အဆင်ပြေသွားလျှင်ပင် တခဏတာသာဖြစ်ပေလိမ့်မည်။
တချိန်တည်းတွင် သူသည် အနာဂတ်အား သိချင်စိတ်ဖြစ်သွားသည်
အနာဂတ်အင်ပါယာများက ဤကိစ္စများကို ပြောင်းလဲနိုင်မည်လား။
ကျန်းချဲလက်ထက်ကတည်းက ကျင်းအင်ပါယာ၏ လူများပြောင်းလဲမှုသည် ဆိုးဝါးလာသည်။ ဤခြံဝင်းထဲက လူများပင် ပါဝင်သည်။ သူသည် ဤကိစ္စများကို စိတ်မဝင်စားသည့်ပုံစံဖြစ်နေသော်လည်း အမှန်တော့ နက်ရှိုင်းစွာ တွေးတောမိပေသည်။ မည်သို့ပင်ဆိုပါစေ သူ့မျိုးဆက်များဖြစ်နေသည် မဟုတ်ပါလား။
“ကမောက်ကမဖြစ်တာကပဲ မဟာကျင်းကို ပြောင်းလဲပြီး အစစ်အမှန်နဂါးအင်ပါယာကို ဖိအားပေးနိုင်တဲ့ ပုံစံသစ်၊ နိယာမအသစ်တွေ ရလာနိုင်လိမ့်မယ်”
ချန်လီသည် မျှော်လင့်ချက််များဖြင့် ပြည့်နေသည်
ပိုင်ချီက ပြုံးလျက်ပြောလိုက်သည်။
“ဒါဆို အလောင်းအစားတစ်ခုလုပ်ကြမလား။ အစစ်အမှန်နဂါး အင်ပါယာကို ဖိအားပေးနိုင်မလားကြည့်ကြတာပေါ့”
ရဲရွှမ်ကပြောလိုက်သည်။
“ငါ လောင်းမယ်”
ပိုင်ချီ၏ အမူအရာသည် ပြောင်းလဲသွားသည်။
“နှစ်ဘယ်လောက်ကြာမလဲ လောင်းကြမလား”
“ငါတော့ နှစ်၅၀ ကြာမယ်လို့ လောင်းကြေးထပ်တယ်”
“ငါတော့ နှစ်၃၀ ထင်တယ်။ အင်ပါယာရဲ့ မြေးက ဝမ်းနည်းကြေကွဲဖွယ်ကောင်းကင်ကံကြမ္မာရှိနေသေးတယ်”
“သူ့မှာ ကောင်းမွန်တဲ့ ကံတရားရှိရင်တောင် ရာဇပလ္လင်ကို ရဖို့ နှစ်ပေါင်းများစွာ ကြာလောက်တယ်မလား”
လူတိုင်း၏ ပိုင်ချီ၏ စကားကို စိတ်ဝင်စားသွားကြပြီး လောင်းကြေးထပ်လိုက်ကြသည်။
မုလင်းလောသည် ကျန်းရှန်ချန်း၏ အမူအရာကို သတိထားမိသွားသည်။
မွေးနေ့ပွဲပြီးနောက် ညသို့ ရောက်ရှိလာသည်။ ကျန်းရှန်ချန်းသည် လေ့ကျင့်ရန် ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာခဲ့ပြီး မုလင်းလောသည် သူ့နောက်မှ လိုက်ပါလာခဲ့သည်။
မုလင်းလောသည် ထိုင်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“အစ်ကိုရှန်ချန်း… ဒီကိစ္စတွေအတွက် စိတ်ပူနေတာလား”
ကျန်းရှန်ချန်းက ပြောလိုက်သည်။
“နည်းနည်းပါ…ဒါပေမဲ့ ချန်လီလုပ်တာ အဓိပ္ပာယ်ရှိတယ်။ ငါကသန်မာပြီး မဟာကျင်းက လူတိုင်းကို ဖိနှိပ်နိုင်တယ်ဆိုပေမယ့် အင်ပါယာမဟုတ်ဘူး။ မဟာကျင်းကို ပြောင်းလဲဖို့ အချိန်လိုတယ်”
မုလင်းလောသည် သူ့လက်အား ဆွဲဆုပ်လျက် ပြောလိုက်သည်။
“တကယ်တော့ အစ်ကို အများကြီး စိုးရိမ်နေစရာမလိုပါဘူး။ ကျန်းမိသားစုရဲ့ မျိုးဆက်တွေတစ်ခုတည်းကို စိတ်ပူနေတာမဟုတ်ဘဲ အစ်ကိုအပေါ်ယုံကြည်တဲ့ သာမန်လူတွေအပေါ်ကိုလည်း စိုးရိမ်နေတာ ကျွန်မသိတယ်။ ပြောရရင် စိတ်ပျံ့လွင့်ခြင်းဘုံမှာ အစ်ကိုကို ယုံကြည်တဲ့သူတွေက သာမန်လူတွေ မဟုတ်တော့ဘူး။ ကမောကကမတွေ ဖြစ်လာရင်တောင် သူတို့ကို သူတို့ ကာကွယ်နိုင်စွမ်းရှိပါတယ်”
“သာမန်လူတွေကလည်း အစ်ကိုကိုပဲ အားကိုးနေလို့မရဘူးလေ။ အစ်ကိုထက် အင်ပါယာ၊ အရာရှိနဲ့ မဟာကျင်းရဲ့ အုပ်ချုပ်သူတွေကို ပိုပြီး အားကိုးသင့်တာပေါ့။ အခု ငြိမ်းချမ်းနေတဲ့ ပုံပေါ်ပေမယ့် သာမန်လူတွေ အများကြီး ထိခိုက်ခံစားနေရတယ်။ သိုင်းပညာကွာဟလာမှုက သာမန်လူတွေကို အသုံးချခံအဖြစ် ပိုပိုပြီး ဖြစ်လာစေတယ်။ ဒါက အစ်ကို ပြောင်းလဲလို့ ရတဲ့အရာမဟုတ်ဘူး။ အစ်ကိုက လူတိုင်းကို ချမ်းသာ ကြွယ်ဝအောင် လုပ်ပေးလို့ မရဘူးလေ”
ကျန်းရှန်ချန်းသည် ခေါင်းခါလိုက်သည်။ သူသည် သဘောတရားကို နားလည်သည့်အပြင် အလွန်ပျော့ညံ့သူလည်းမဟုတ်ချေ။
သူသည် သက်ပြင်းချလျက်ပြောလိုက်၏။
“အခုအချိန်ထိ သူ ငါ့ကို လာမတွေ့သေးဘူး”
“သူလား…”
မုလင်းလောသည် အံ့ဩသွားသည်။ အခုမှသာ ကျန်းရှန်ချန်းက မည်သည့်အရာကို ဂရုစိုက်နေမှန် သူမ သိလာခဲ့သည်။
ကျန်းရှန်ချန်းက ပြောလိုက်သည်။
“လူသားတွေဆိုတာ ဝိရောဓိဖြစ်တဲ့ တည်ရှိမှုပဲ။ ဒါက တာအိုနှလုံးသားကို သိပ်သည်းတာလည်း ဖြစ်တယ်။ ငါ့ကို နှစ်သိမ့်နေဖို့ မလိုဘူး။ ဒါကဘငါ့ကို ပိုပြီး အပြင်ကျယ်စေတယ်”
သူသည် အဓိပ္ပာယ်မရှိသောအရာများကို မပြောလိုချေ။ လက်ရှိတွင် သူသည် ကမ္ဘာကြီးအား နားလည်နိုင်မှုပိုများလာသည့်အတွက် တာအိုကိုပို၍ နားလည်လာသည်။ မှန်ကန်သော တာအိုဟူ၍ မရှိချေ။ သင့်တော်သော တာအိုသာရှိပေသည်။
လက်ရှိတွင် သူသည် မှော်စွမ်းအား စုဆောင်းသော အဆင့်မဟုတ်တော့ပေ။ ထိုအစား ကိုယ်ပိုင်တာအိုအား နားလည်ပြီး သူ့စိတ်ဝိညာဉ်အား ဒြပ်စင်ငါးပါးနှင့် ကန့်ချက်သုံးခုကို တတ်ရောက်နိုင်အောင် လုပ်ရခြင်းဖြစ်ပေသည်။ သို့မှာသာ သူသည် အပူအပင်ကင်းမဲ့သော အင်မော်တယ်တစ်ပါးဖြစ်လာနိုင်ပေမည်။
မုလင်းလောသည် ခေါင်းညိတ်လျက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“အစ်ကို ရှန်ချန်း အင်မော်တယ်နတ်ဘုရားဖြစ်လာတဲ့အခါ သူက ကမ္ဘာကြီးကို ပြောင်းလဲပြီ ကြီးမားတဲ့မျှော်လင့်ချက်တွေ ယူဆောင်လာနိုင်တာ ဖြစ်ကောင်ဖြစ်နိုင်တယ်”
အမှန်တော့ ကျန်းရှန်ချန်းသည် တာအိုကို ရှာဖွေနေခြင်းသာ ဖြစ်သည်။ ဟုတ်ပေသည်…လမ်းကြောင်းနှစ်ခု၏ အနှစ်သာရက အတူတူပင်ဖြစ်၏။
ကျန်းရှန်ချန်းသည် သူမ၏ မျက်နှာအားပွတ်သပ်လိုက်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်သည်။
သဲဟွမ်ခေတ် သက္ကရာဇ်၁၃၊ ရွှမ်ထျန်းမြို့တော်၊ နန်းတော်ထဲတွင်…။
“ဖူး…”
နဂါးခုတင်တွင် လဲလျောင်းနေသောကျန်းဟန်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး နန်းတော်မိန်းမစိုးများအား ဖြူဖျော့သည့်အထိ ကြောက်လန့်သွားစေသည်။ ဧကရီသည် ပို၍စိုးရိမ်လာခဲ့ပြီး အင်ပါယာသမားတော်အား ဆင့်ခေါ်လိုက်သည်။
ကျန်းဟန်သည် ရာဇပလ္လင်အား ရရှိပြီးနောက် လေ့ကျင့်ခြင်းဆက်မလုပ်ခဲ့သည့်အတွက် ကျင့်ကြံခြင်းအဆင့် နိမ့်ပေသည်။ လွန်ခဲ့သောနှစ်က လုပ်ကြံခံရမှုကြောင့် သူ့ကျန်းမာရေးသည် ပိုပို၍ ဆိုးဝါးလာသည်။
“အိမ်ရှေ့စံမင်းသားကို… ခေါ်လိုက်…”
ကျန်းဟန်သည် ခက်ခဲစွာ ပြောလိုက်သည်။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး မသက်မသာဖြစ်မှုများဖြင့် ပြည့်နေသည်။
ဧကရီသည် ထိုသို့ကြားသည့်အခါ အိမ်ရှေ့စံမင်းသားအား အလျင်အမြန်ခေါ်ခိုင်းလိုက်သည်။
မကြာမီ အင်ပါယာသမားတော်ရောက်ရှိလာပြီး အင်ပါယာ၏ သွေးချီကို တည်ငြိမ်အောင်လုပ်လိုက်သည်။
အိမ်ရှေ့စံမင်းသား ရောက်သည့်အခါ ကျန်းဟန်သည် လူတိုင်းအား ထွက်သွားခိုင်းလိုက်သည်။
“အဖေ… အလုပ်ဆက်မလုပ်ဘဲ အေးအေးဆေးဆေး အနားယူပါတော့လား” အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။
ဤနှစ်များတွင် လက်အောက်ခံဘုရင်များနှင့် အရာရှိများက သူ့အား အကူအညီလာတောင်းကြသည်။ အင်ပါယာ၏ ဓားသွားက သူတို့ခေါင်းပေါ်မည်သည့်အချိန်၌ ကျရောက်မည်ကို သူတို့ မသိချေ။ သို့သော်လည်း သူ့တွင် အာဏာမရှိသည့်အတွက် ဝမ်းနည်းစရာကောင်းနေသည်။
ကျန်းဟန်သည် သူ့သားအား အကူအညီမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဤကလေးတွင် အုပ်ချုပ်သူကောင်းတစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိသော်လည်း သူ့တွင် ရွေးချယ်စရာမရှိချေ။
ကျန်းဟန်သည် နက်ရှိုင်းစွာ သက်ပြင်းချလျက်ပြောလိုက်သည်။
“ဒီနေ့ မင်းကို ခေါ်လိုက်တာက ကျန်းမိသားစုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ပြောပြဖို့ပဲ။ ဒါက အနာဂတ်မင်းရဲ့ အင်ပါယာစွမ်းအားကို အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်”
ထိုသို့ကြားသည့်အခါ အိမ်ရှေ့စံမင်းသားသည် သိချင်စိတ်ဖြင့် ထရပ်လိုက်သည်။
ကျန်းဟန်က ဖြေးညှင်းစွာ ရှင်းပြနေစဉ် အိမ်ရှေ့စံမင်းသားသည် တက်ကြွမှုများမဖြစ်မိ စိတ်လှုပ်ရှားသော အမူအရာဖြစ်သွားသည်။
သူ အလေးစားရဆုံး တာအိုဘိုးဘေးသည် သူ၏ ဘိုးဘေးအရင်းဖြစ်နေသည်။
တာအိုဘိုးဘေးက မဟာကျင်းအား ကာကွယ်ပေးနေသည်ကို မအံ့ဩတော့ချေ။
ကိစ္စများက ထိုအတိုင်းပင်။
တာအိုဘိုးဘေးနှင့် တိုင်ကျုံး၏ ဆက်ဆံရေးကို တစ်ကမ္ဘာလုံး တေးသီ၍ ချီးမွမ်းကြသည်။ သို့သော်လည်း လူအများက တာအိုဘိုးဘေးတွင် ဖုံးကွယ်ထားသော အကြောင်းအရင်းများ ရှိနေသလားဟု ပဟေဠိဖြစ်နေကြသည်။
သူက သူ့မျိုးဆက်များနှင့် သူ့ကုန်းမြေကို ကာကွယ်နေခြင်းဖြစ်ကြောင်း သိသာသွားပေပြီ။
သူ့သား၏ စိတ်လှုပ်ရှားနေသော အမူအရာကိုမြင်သောအခါ ကျန်းဟန်သည် ဒေါသထွက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
“မင်းအတွေးတွေကို ဘေးဖယ်ထားစမ်းပါ။ မင်းဆက် ပြိုကွဲမယ့် အန္တရာယ်နဲ့ မကြုံတွေ့ရသ၍ ဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို မနှောက်ယှက်ရဘူး။ ပြီးတော့ ကျန်းမိသားစုမျိုးဆက်တွေက ကိုယ်ပိုင်တဲ့ နယ်မြေကိုတောင် မထိန်းသိမ်းနိုင်တော့ဘူးလား”
အိမ်ရှေ့စံမင်းသားသည် မကျေမနပ်ပြောလိုက်သည်။
“တာအိုဘိုးဘေးက ကျန်းမိသားစုရဲ့ ဘိုးဘေးဖြစ်တဲ့အတွက် ကျန်းမိသားစုဝင်ပဲလေ”
ကျန်းဟန်က သက်ပြင်းချလျက် ပြောလိုက်သည်။
“ဒါက မတူဘူး။ တာအိုဘိုးဘေးမှာ မင်းဆက်ကို ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ သူ့ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တယ်။ မင်းရဲ့ မျှော်လင့်ချက်ကို သူ့အပေါ် ဘယ်တော့မှ မထားနဲ့။ ချွမ်လျန့်မျိုးနွယ်စုနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကိုပဲ ကြည့်ပါ။ တာအိုဘိုးဘေးက မဟာကျင်းကို ဂရိုစိုက်ရင် ဘာလို့ ချက်ချင်း မလှုပ်ရှားတာလဲ။ ဘာလို့ မလှုပ်ရှားခင် စစ်သည်တော်တွေ အများကြီး သေတဲ့အထိစောင့်ဆိုင်းနေတာလဲ။ ဒါက တာအိုဘိုးဘေးရဲ့ နှလုံးသားက မဟာကျင်းမှာ အပြည့်အဝမရှိတော့ဘူးဆိုတာပဲ။ သူလှုပ်ရှားခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မဟာကျင်းက အားနည်းပြီး ချွမ်လျန့်ဘုရင်ရဲ့ ခွန်အားကို မခုခံနိုင်တာကို သိလိုပဲ”
“ဒါပေမဲ့ တာအိုဘိုးဘေးက လက်ရှိ မဟာကျင်းအတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့သလဲ။ သူလည်း မဟာကျင်းကို အမြဲတမ်း ဂရုမစိုက်နိုင်ဘူး။ ပြီးတော့ တာအိုဘိုးဘေးရဲ့ ခွန်အားကြောင့် မဟာကျင်းမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ အများကြီး ဖြစ်လာတယ်။ တာအိုဘိုးဘေးသာ ထွက်သွားရင် ကျန်းမိသားစုက မင်းမျိုးမင်းနွယ်မိသားစုတွေ၊ ဂိုဏ်းတွေနဲ့ မျိုးနွယ်ခြားတွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်တော့မှာလဲ”
“မင်းကိုမင်း အားကိုးရမယ်… မင်းလည်း ဒီလိုတွေးရင် ရွှယ်နျန်းလည်း အတူတူပဲ တွေးတောလိမ့်မယ်… ငါတို့ကို ငါတို့ဘိုးဘေးတွေ အထင်မသေးစေနဲ့။ ကျန်းမိသားစုက တာအိုဘိုးဘေးကို အားကိုးနေရတယ်လို့ အပြင်လူတွေ ထင်မသွားစေနဲ့…”
သူသည် စကား ပိုပြောလေလေ၊ ပို၍ စိတ်တိုလာလေလေဖြစ်လာပြီး အဆက်မပြတ် ချောင်းဆိုးလိုက်ရသည်။
အိမ်ရှေ့စံမင်းသားသည် ထိမိသွားရသည်။ ဤစကားများကို အရင်က သူကြားဖူးပေသည်။ အတိတ်တုန်းက သူသည် ဂရုမစိုက်ချေ။ ထိုအစား တာအိုဘိုးဘေး၏ အင်ပါယာတာအိုကိုသာ မျက်ကန်းကဲ့သို့ ကိုးကွယ်ခဲ့သည်။ သို့သော်လည်း ယနေ့ သူ့အဖေ၏ စကားများကြောင်း စတင်ပြောင်းလဲလာသည်။
၎င်းက မှန်ပေသည်။
တာအိုဘိုးဘေး၏ အကူအညီပေးမှုမရှိလျှင် ကျန်းမိသားစုသည် မင်းဆက်ကိုတည်ငြိမ်အောင် လုပ်နိုင်မည်လား။
ကျန်းဟန်သည် အံကြိတ်လျက်ပြောလိုက်သည်။
“ငါသူတို့ကို လွတ်လမ်းမပေးချင်တဲ့အတွက် လူအများကြီး သတ်ခဲ့တယ်။ မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို စွန့်လွှတ်ပြီး အင်ပါယာကောင်းတစ်ယောက် ဖြစ်လာရမယ်။ မဟုတ်ဘဲ မင်း မသေချာတဲ့ အသက်ရှည်ခြင်းလမ်းကြောင်းကို ဆက်လိုက်နေရင် လက်အောက်ခံဘုရင်တွေ၊ မင်းမျိုးမင်းနွယ်မိသားစုတွေက မင်းခေါင်းကို အနှေးနဲ့ အမြန်ဖြတ်သွားလိမ့်မယ်။ နားလည်လား…”
အိမ်ရှေ့စံမင်းသားသည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်သွားသည်။
“ငါ မင်းကို နှစ်ပေါင်းများစွာ အလိုလိုက်ထားတဲ့အတွက် အင်ပါယာကောင်းတစ်ယောက်ဖြစ်လာဖို့ လေ့လာသင့်တယ်။ မင်းကို နောက်ထပ် သုံးနှစ်အထိ ငါကူညီပေးမယ် ပြီးရင် မင်းကိစ္စဖြစ်သွားပြီ။ မင်းအတွက် မလုပ်ရင်တောင် ရွှယ်နျန်းနဲ့ ရွှယ်ကျန်းအတွက်တော့ လုပ်ရမယ်။ တစ်ယောက်ယောက်ကသာ မင်းရဲ့ ရာဇပလ္လင်ကို လုယူသွားရင် သူတို့အားလုံး အသတ်ခံရလိမ့်မယ်။ မင်းတာအိုဘိုးဘေးကို သွားတွေ့ရင်တောင် မင်းရဲ့ တာဝန်မကျေမှုတွေအတွက် နောက်ထပ် အင်ပါယာတစ်ပါးကိုပဲ ရွေးချယ်လိုက်လိမ့်မယ်… ”
“မင်းရဲ့ မျိုးဆက်မပျက်သုဉ်းရအောင် အကျိုးဆောင်ရွက်မှုတွေလုပ်ရမယ်။ ဒါကို သေချာတွေးပါ”
ကျန်းဟန်၏ ပြောစကားများကိုကြားသည့်အခါ အိမ်ရှေ့စံမင်းသားသည် ဆက်လက်မတည်ငြိမ်နိုင်တော့ချေ။
သူသည် နက်ရှိုင်းစွာသက်ပြင်းချလျက် ကျန်းဟန်အား ကြည့်လိုက်သည်။
“အဖေ…ကျွန်တော် အဖေ့ကို စိတ်မပျက်စေရပါဘူး။ တာအိုဘိုးဘေးကိုလည်း မျှော်လင့်ချက်ထားမနေတော့ဘူး.. ကောင်းမွန်စွာ အနားယူပါ… မဟာကျင်းကို ပိုကောင်းလာအောင် ကျွန်တော် လုပ်ပေးပါမယ်”