ဘိုးဘေးနှင့် မျိုးဆက်များ ပြန်လည် ဆုံတွေ့မှု
Vol. 21 Ch. 306
သဲဟွမ်ခေတ် သက္ကရာဇ် ၁၄၊ အင်ပါယာ၏ သားသတ်ဓားသည် အဆုံးသတ်သွားပြီဟု လူတိုင်းတွေးနေကြသည်။ မမျှော်လင့်ထားစွာဖြင့် အင်ပါယာသည် ပို၍ ရူးသွပ်လာသည်။ လတိုင်းလိုလို လက်အောက်ခံဘုရင်များ၊ မင်းမျိုးမင်းနွယ်မိသားစုများ ဖယ်ရှားခံနေရသည်။ ထုတ်ပယ်ခံရသည့် တရားရေးဝန်ကြီးချုပ်ပင် ရှိလာခဲ့သည်။ ရွှမ်ထျန်းမြို့တော်သည် ဆူပွက်နေပြီး စီရင်စုအရာရှိများသည် တုန်လှုပ်နေကြသည်။
ဤနှစ်တွင် မဟာကျင်း၏ ဆက်ဆံရေးသည် သိသိသာသာတင်းမာနေသည်။ အင်ပါယာကျေနပ်စေရန် စီရင်စုများ၊ ဂိုဏ်းများသည် အချင်းချင်းသတင်းပို့လာကြသည်။ ဤနှစ်၏ အခြေအနေက သမိုင်းတွင်ပင် ကျန်ရစ်ပေလိမ့်မည်။
နွေရာသီ၏ နေမင်းကြီးသည် တောက်လောင်နေသည်။
ကျန်းရှန်ချန်းသည် ခရမ်းရောင်တိမ်တိုက်နန်းတော်၌ ထိုင်လျက် ကျင့်ကြံနေသည်။ သူ့စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ပြီး ငရဲဘုံသို့ ရောက်ရှိနေသည်။
ငရဲအားဗဟိုပြုလျက် မိုင်သောင်းနှင့်ချီ၍ ကျယ်ပြန့်သောမြစ်တစ်စင်းဖြစ်ပေါ်နေသည်။ ၎င်းက အဝါရောင်စမ်းချောင်းဖြစ်၏။ အဝါရောင်စမ်းချောင်းသည် ဖျော့တော့သော အလင်းများနှင့်အတူ လှိုင်းထန်နေသည်။ အပေါ်မှ ကြည့်လျှင် ပင်လယ်ပြင်သည် နက်ရှိုင်းလွန်းပြီး အမည်မသိကမ္ဘာတစ်ခုသို့ ဦးတည်နေသည့်အတိုင်းပင် ဖြစ်၏။
ငရဲဘုံရှေ့တွင် သေသူများ၏ ဝိညာဉ်များသည် တန်းစီလျက်ရှိနေသည်။ ငရဲဘုံရှေ့ရှိ ကမ္ဘာဖျက်စီးခြင်းသစ်ပင်သည် ယခင်ကထက် ပို၍ ကြီးပြင်လာသည်။ကမ္ဘာကြီးအား ထောက်ပံ့ထားသည့်အတိုင်းပင် ခမ်းနားထည်ဝါသော အသွင်အပြင်ရှိနေသည်။
ငရဲဘုံရှိ စိတ်ဝိညာဥ်များ များပြားလာသည်နှင့်အမျှ ပြန်လည်မွေးဖွားခြင်းနိယာမသည်လည်း ပို၍ မြန်ဆန်လာသည်။ မကြာမီ ပြန်လည်မွေးဖွားခြင်းစက်ဝိုင်း စတင်ကာ သိုင်းကမ္ဘာကြီးတွင် ပြန်လည်မွေးဖွားနိုင်အောင် လုပ်ပေးနိုင်ပေလိမ့်မည်။ ဝိညာဉ်များသည် ပြန်လည်မွေးဖွားရန် ငရဲမှ ထွက်ခွာသွားပြီး ကမ္ဘာကြီးတွင် မွေးဖွားကာ တဖန်သေဆုံးလျက် ငရဲသို့ ပြန်လည်မွေးဖွားနိုင်ရန် ရောက်ရှိလာကြပေမည်။ ၎င်းက ပြန်လည်မွေးဖွားခြင်းသံသရာပင်ဖြစ်၏။ ငရဲသည် ပြန်လည်မွေးဖွားခြင်းအမိန့်အာဏာအား ထိန်းချုပ်ပြီး အကောင်းအဆိုး၊ ဆုလာဘ်အပြစ်ဒဏ်တို့ကို ခွဲခြားရပေသည်။ ထိုသံသရာက ငရဲဘုံအား ပို၍ သန်မာလာစေပေမည်။
ကျန်းရှန်ချန်းသည် ငရဲဘုံသို့ ဝင်ရောက်နိုင်သည်။ ငရဲဘုံတွင် ယမမင်း၁၀ပါးရှိပြီး မတူညီသော ကမ္ဘာတစ်ခုကဲ့သို့ ပြုလုပ်နေသည်။
စိတ်ဝိညာဉ်များအားကြည့်လျက် ကျန်းရှန်ချန်း၏ စိတ်ဝိညာဉ်သည် တည်ငြိမ်လာပြီး ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်။
ကမ္ဘာပေါ်ရှိ အရာတိုင်းကို နားလည်တတ်ကျွမ်းမှသာ တာအိုကို နားလည်တတ်ကျွမ်းပေမည်။
ဤနေ့တွင် ယင်ယန်တာအိုနှင့် ကံကြမ္မာတာအိုအပေါ် ကျန်းရှန်ချန်း၏ နားလည်မှုသည် စတင်ပြောင်းလဲလာသည်။
အချိန်မည်မျှကြာသွားသည်ကို မည်သူမှ မသိချေ။ ၎င်းသည် နွေဦးရာသီများစွာ ဖြတ်သန်းသွားသည့်ပုံပေါ်ပေသည်။
ကျန်းရှန်ချန်း၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်သို့ ပြန်ရောက်လာသည်။ သူ့မျက်လုံးအား ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အလင်းတန်းများ ဖြတ်သန်းသွားသည်။
မုလင်းလောက သူ့၏ မူမမှန်မှုများကို သတိမထားမိဘဲ သူ့ ဘေးတွင် တိတ်တဆိတ်ကျင့်ကြံနေဆဲဖြစ်သည်။
‘တာအိုနည်းစနစ်ရဲ့ အဆင့်၁၀က နားလည်ဖို့ ခက်တာပဲ’
ကျန်းရှန်ချန်းသည် တွေးတောလိုက်သည်။ လက်ရှိတွင် သူ့တာအိုသစ်သီးသည် ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို အလိုလိုစုပ်ယူနိုင်သည့်အတွက် သူ့ကိုယ်တိုင် စုပ်ယူရန်မလိုတော့ပေ။ သူသည် ပုံမှန်အတိုင်း တာအိုနည်းစနစ်များကိုသာ ကျင့်ကြံနေလိုက်သည်။
တာအိုနည်းစနစ်၏ အဆင့်ချိုးဖျက်မှုများက ကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်လာပေသည်။ အဆင့်ကိုးက စိတ်ဝိညာဉ်စွမ်းအားကို မှော်စွမ်းအားအဖြစ်ပြောင်းလဲပေးပြီး အဆင့်၁၀က အင်မော်တယ်တစ်ပါးဖြစ်လာစေနိုင်သည်။
အင်မော်တယ်ဖြစ်လာလျှင် လမ်းကြောင်းအဆုံးသတ်မည်ဖြစ်ပြီး မည်မျှကြာမည်ကိုတော့ မသိနိုင်ချေ။ သို့သော်လည်း ကျန်းရှန်ချန်း၏ အမြင်အရ အင်မော်တယ်ဖြစ်လာခြင်းသည် နောက်ထပ်လမ်းကြောင်းတစ်ခု၏ အစဖြစ်ပေသည်။
ရှင်သန်ခြင်းစနစ်သည် အင်မော်တယ်တာအိုမှ အမွေဆက်ခံခြင်းဖြစ်သည်။ သူရရှိခဲ့သော မှော်လက်နက်များ၊ ကျင့်ကြံခြင်းနည်းစနစ်များ၊ နတ်စွမ်းအားများနှင့် တခြားအရာများလည်း အင်မော်တယ်ကျင့်ကြံခြင်းကမ္ဘာကြီး၏ သိပ်သည်းမှုများဖြစ်နိုင်သည်။ ရှင်သန်ခြင်းစနစ်သည် တခြားကမ္ဘာတစ်ခုမှ ဖွဲ့စည်းထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
ကျန်းရှန်ချန်းသည် တွေးတောနေသော်လည်း တွေဝေခြင်း ပြဿနာကိုတော့ မဖြစ်စေပေ။ သူသည် ကျင့်ကြံခြင်း၌ အာရုံစိုက်ပေသည်။
သူသည် နယ်ပယ်အသီးသီးရှိ ကျွမ်းကျင်သူများကို လေ့လာလိုက်သည်။
စနစ်၏ သတ်မှတ်ချက်အရ ဤနယ်မြေအတွင်းရှိ အသန်မာဆုံးသူသည် အမွှေးတိုင်အရေအတွက် ၈ဘီလီယံတန်ကြေးရှိပေသည်။ နတ်ဆိုးအဓိပတိက အမွှေးတိုင်အရေအတွက်၆ဘီလီယံထက် မပိုသေးချေ။ သူအပြင် ထျန်းခုန်းနယ်မြေရှိ ကျွမ်းကျင်သူများ၏ အမွှေးတိုင်အရေအတွက်သည် သန်း၂၀၀ကျော်သာရှိသည်။ ပို၍ တိုးလာသူက မဟာကျင်းသို့ ဝင်ရောက်ရန် ခွင့်ပြုလိုက်သည့် တုန်းထျန်းတိပင်ဖြစ်၏။
လက်ရှိတွင် တုန်းထျန်းတိသည် တောင်တန်းနတ်ဘုရားတစ်ပါးဖြစ်နေပြီး လူချစ်လူခင်များပေသည်။
မဟာကျင်းအနီးရှိ အသန်မာဆုံးလူအတွက် အမွှေးတိုင်အရေအတွက်က ၁.၅ဘီလီယံဖြစ်သည်။ နောက်ထပ် ကောင်းကင်နှင့် မြေကြီးအင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် ရောက်နေပေပြီ။ သို့သော်လည်း တဖက်လူက ရောက်ရှိနေသည်မှာ ၁နှစ်ကျော်ကြာသည့်တိုင်အောင် မလှုပ်ရှားသေးပေ။ သူတို့သည် မဟာကျင်း၏ အခြေအနေများကို အရင်လေ့လာနေသည်။ ချွမ်းလျန့်မျိုးနွယ်စု၏ ရှုံးနိမ့်မှုက မဟာကန္တာရ၏ တောင်ပိုင်းဒေသကို တုန်လှုပ်စေခဲ့သည်။ ထို့အပြင် ချွမ်းလျန့်မျိုးနွယ်စုက အခုအထိ မည်သည့်တုန့်ပြန်မှုမှ မလုပ်သေးပေ။ စစ်ပွဲကြီးတစ်ခု စတင်လာနိုင်ခြေရှိနေသည်။
ကျန်းရှန်ချန်းသည် ကြောက်လန် မနေပေ။ လွန်ခဲ့သော နှစ်ပေါင်း၉၀အကြာက တာအိုနည်းစနစ်၏ အဆင့်၉ကို ချိုးဖျက်ပြီးပေပြီ။ ထိုအချိန်က သူ၏ အမွှေးတိုင်အရေအတွက်သည် ၄ဘီလီယံကျော်ဖြစ်ခဲ့ကာ ယခုအချိန်၌ ထို ပမာဏထက် နှစ်ဆဖြစ်ပေသည်။
ချွမ်းလျန့်မျိုးနွယ်စုသာ ထပ်လာဝံ့လျှင် သူသည် ရှင်သန်ခြင်းဆုလာဘ်များ ပိုရနိုင်သည်။
ကျန်းရှန်ချန်းသည် တွက်ချက်လိုက်ပြီး အနည်းငယ် သက်တောင့်သက်သာရသလို ခံစားလိုက်ရသည်။ ထို့နောက် ကျန်းကျင်းနှင့် လင်းဟောင်ထျန်းတို့ အကြောင်းကို တွေးတောလိုက်သည်။ မင်းအန်းကတော့ တွေးတောစရာ အများကြီးမရှိချေ။
လက်ရှိတွင် ကျန်းကျင်းသည် လူသားမျိုးနွယ်သု၌ ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ကံကောင်းစွာဖြင့် သူ့တွင် လင်းဟောင်ထျန်း၊ ပင်းအန်းနှင့် လင်းဖုန်းတို့၏ အကူအညီရှိပေသည်။ သူသည် ကျန်းရှန်ချန်းအား အကူအညီလုံးဝမတောင်းချေ။ သူထက် သန်မာသော ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် အံကြိတ်၍ ရင်ဆိုင်ပေသည်။
ကျန်းရှန်ချန်းသည် ကျေနပ်သွားသည်။ အင်ပါယာက သူ့အား စိတ်ပျက်စေသော်လည်း သူ့စိတ်အား ကျေနပ်စေသည့် ကလေးများ ရှိနေပေသည်။
ကျန်းကျင်းက သူ့အား အကူအညီမတောင်းသ၍ သူ လှုပ်ရှားမည်မဟုတ်ချေ။ ကျန်းကျင်းသေခြင်းရှင်ခြင်းအခြေအနေနှင့် ရင်ဆိုင်ရလျှင် လင်းဟောင်ထျန်းသည် သူ့အား အကူအညီပေးရန် တောင်းဆိုပေမည်။ ထို့ကြောင်း စိတ်ပူနေစရာမလိုပေ။
အခက်အခဲများနှင့် ရင်ဆိုင်ခြင်းကသာ သူတို့ကို ပို၍သန်မာလာစေပေမည်။
ကျန်းရှန်ချန်းသည် သူ့အား ယုံကြည်သူများကို တွေးတောလိုက်သည်။ သူသည် သူ့အားယုံကြည်သူများ၏ အခက်အခဲပြဿနာများအား ဖြေရှင်းပေးရန် တွေးတောလိုက်သည်။ ယနေ့အထိ သူသည် လစဉ်လတိုင်း ကူညီပေးမှုအား ပြုလုပ်နေဆဲပင်ဖြစ်၏။ အမွှေးတိုင်သံတမန် ခြောက်ယောက်သည် အပြည့်အဝကြီးပြင်းလာပေပြီ။ လီရီသည် မဟာကျင်းသို့ ရောက်ရှိပြီးနောက် မိုးကြိုးနတ်ဘုရားအမည်ဖြင့် ထျန်းခုန်းနယ်မြေတစ်ခုလုံးကျော်ကြားပေသည်။ သူ့အား ကုန်းမြေကြီး၏ နံပါတ်တစ်ပါရမီရှင်ဟုပင် သတ်မှတ်ကြသည်။
အင်ပါယာက ခက်ထန်လွန်းသည့်တိုင် ပါရမီရှင်များတွင် ကိုယ်ပိုင်ပုံပြင်များရှိနေကြသည်။
၂နှစ်ကြာပြီနောက်…။
သဲဟွမ်ခေတ် သက္ကရာဇ် ၁၆၊ အင်ပါယာ ကျန်းဟန်သည် ရာထူးစွန့်သည်။ အိမ်ရှေ့စံမင်းသား နန်းတက်ပြီး ဤနှစ်၏ နောက်ဆုံးနေ့တွင် ရာဇပလ္လင်ကို လက်ခံယူသည်။ ကုန်းမြေတစ်ခုလုံး အုတ်ဩသောင်းနင်းဖြစ်ကုန်သည်။ အရပ်သားများက စိုးရိမ်ပူပန်မှု၊ နောင်တရမှုများဖြင့် ပြည့်နေကြစဉ် မင်းမျိုးမင်းနွယ်မိသားစုများနှင့် ဂိုဏ်းများသည် စိတ်သက်သာရာရသွားကြသည်။
အင်ပါယာသည် သူတို့အား ခေါင်းဖြတ် ကွပ်မျက်နေခဲ့သည် မဟုတ်ပါလား။ သူသည် မိသားစုတစ်ခုကို စီးနင်းတိုင်း အရပ်သားများအား ငွေကြေးများ စွန့်ကြဲသည်။ ထို့ကြောင့် အရပ်သားများ၏ နှလုံးသားထဲ၌ သူက မြင့်မြတ်ပေသည်။ အမှန်တော့ သူသာမက လက်အောက်ခံဘုရင်များသည်လည်း သူ့လူများကို ကြင်နာပေသည်။ ထို့ကြောင့် လူတချို့က ဘုရင်များကို ဖယ်ရှားခြင်းအတွက် မကျေမနပ်ဖြစ်ကြသည်။ သို့သော်လည်း ထိုမကျေမနပ်မှုများက လူအများနှင့် ယှဉ်လျင် မပြောပလောက်ချေ။
နှစ်အကုန်တွင်…။
နန်းတက်ပွဲအခမ်းအနားကို ရွှမ်ထျန်းမြို့၌ ကျင်းပသည်။
လူသားအင်ပါယာစားပွဲရှေ့တွင် လူအများနှင့် အရာရှိများ၏ အကြည့်အောက်၌ ကျန်းဟန်သည် အိမ်ရှေ့စံမင်းသားကို ရာဇပလ္လင်လွှဲပြောင်းပေးသည်။
လေထုက လေးနက်နေပြီး နန်းတော်တစ်ခုလုံး စန္ဒကူးမွှေးရနံ့ ပျံ့လွင့်နေသည်။
ဒဏ်ရာများ စုစည်းမှုကြောင့် ကျန်းဟန်သည် အလွန်အားနည်းနေသည့်ပုံပေါ်သည်။ သူသည် အင်ပါယာသရဖူအား တုန်ရင်စွာကောက်ယူလိုက်ပြီး ပြုံးလိုက်သည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ အမူအရာက မကောင်းဘဲ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
“ဒီအရှင်က မဟာကျင်းကို မင်းဆီ လွှဲပြောင်းပေးမယ်။ ဒါ ငါလုပ်နိုင်တာအကုန်ပဲ…”
ကျန်းဟန်သည် အားတင်း၍ ပြုံးလိုက်သည်။ သူသည် ၁၆နှစ်အထိ အာဏာရရှိခဲ့ကာ လုံ့လဝရီယ စိုက်ခဲ့သည်။ သသည် အင်ပါယာကျောက် နှင့် အန်းကျုံးကဲ့သို့ ဘဝတွင် ပျော်ရွှင်မနေခဲ့ပေ။ အနည်းဆုံး သူသည် မဟာကျင်းနှင့် သူ့ဘိုးဘေးများကို သိက္ခာမကျစေခဲ့ချေ။
အိမ်ရှေ့စံမင်းသားက စကားပြောရန်ပြင်လိုက်သည်။
ထိုအချိန်တွင် အရာရှိအိုကြီးတစ်ယောက်က ရုတ်တရက်ထရပ်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။
“ကျန်းဟန်… မင်းလူပေါင်းများစွာ သတ်ခဲ့တယ်။ မင်းအပြစ်တွေကို မင်းရဲ့ရာထူးစွန့်လိုက်တာနဲ့ ကျေပြီလို့ထင်လား။ မဖြစ်နိုင်ဘူး။ ကျန်းမိသားစုက မဟာကျင်းရဲ့ အရှင်သခင်ဖြစ်ဖို့ မထိုက်တန်ဘူး။ မဟာကျင်းမင်းဆက်ပြီးဆုံးပြီ။ ကျန်းဟန် မင်းအသက်ရှင်လျက် မဟာကျင်းပျက်စီးတာကို မြင်စေရမယ်”
ထိုသို့ပြောပြီးနောက် သူ့ဦးခေါင်းအား ရိုက်ခွဲကာ ကိုယ့်ကိုကိုယ် သတ်သေလိုက်သည်။
အရာရှိများက ထိုသို့မြင်သောအခါ လှုပ်ရှားသွားရသော်လည်း တိတ်ဆိတ်နေဆဲဖြစ်သည်။
ကျန်းဟန်၏ အမူအရာက ပျက်ယွင်းသွားပြီး တူပူကြိမ်းမောင်စရန် ပြင်လိုက်သည်။ သို့သော်လည်း သူသည်တစ်ခုခုအားတွေးတောလိုက်ပြီး အားနည်းစွာ သက်ပြင်းချလိုက်သည်။ အိမ်ရှေ့စံမင်းသားသည် သူတော်စင်ချီ၏ တပည့်အန်းချန်အား သူ့အလောင်းကို စုဆောင်းရန် တစ်စုံတစ်ယောက်စေလွတ်ပေးဖို့ ပြောလိုက်သည်။
ကျန်းဟန်သည် အိမ်ရှေ့စံမင်းသားအားကြည့်လျက် မေးမြန်းလိုက်သည်။
“မင်းကြောက်နေပြီလား”
နန်းတက်ပွဲအခမ်းအနားတွင် ဤသို့ဖြစ်ပျက်သွားသည့်အတွင် အခြေအနေက ထူးဆန်းသွားသည်။
အိမ်ရှေ့စံမင်းသားသည် နက်ရှိုင်းစွာ သက်ပြင်းချလျက် ပြောလိုက်သည်။
“ကျွန်တော်… ကျွန်တော် မကြောက်ဘူး။ မဟာကျင်းက ကျန်းမိသားစုနဲ့ သက်ဆိုင်တယ်။ အတိတ်လည်းအတူတူဖြစ်သလို အနာဂတ်လည်း အတူတူပဲဖြစ်ရမယ်။ အဖေ…မစိုးရိမ်ပါနဲ့။ အဖေ့ကို လုံးဝ စိတ်မပျက်စေရပါဘူး”
ကျန်းဟန်သည် ကျေနပ်စွာပြုံးလိုက်ပြီး သူ့မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
နန်းတက်ပွဲအခမ်းအနားပြီးနောက် နန်းတော်တစ်ခုလုံးကို မွန်းမံပြင်ဆင်သည်။
နောက်တစ်နှစ် အစတွင် အင်ပါယာအသစ်သည် ခေတ်အား သင်းဟဲခေတ်ဟု ပြောင်းလဲကြောင့် အမိန့်ထုတ်ပြန်သည်။
သင်းဟဲခေတ် ပထမဆုံးနှစ်တွင် အင်ပါယာသည် သူ့လူယုံများကို ရာထူးခန့်အပ်ပေးပြီး အန်းချန်အား ကံတရားစစ်ရေးအရာရှိအဖြစ် တိုက်ရိုက်ခန့်အပ်သည်။ အန်းချန်သည် သူတော်စင်ချီနှင့်အတူ နှစ်ပေါင်းများစွာ ကမ္ဘာပတ်ဖူးပြီး မိတ်ဆွေအပေါင်းအသင်းများပေသည်။ အင်ပါယာ၏ ထောက်ခံမှုဖြင့် သူ့မိတ်ဆွေ သိုင်းပညာရှင်များနှင့် ကုန်သည်အများအပြားကို ရာထူးခန့်အပ်သည်။
အန်းချန်အပြင် ဧကရာဇ်အား ပြုစုပျိုးထောင်ပေးသူများ ရာထူးတိုးလာသည်။
အင်ပါယာသည် အင်ပါယာသဲဟွမ်ကဲ့သို့ သတ်ဖြတ်ခြင်းမရှိသော်လည်း လူအများအား ရာထူးတိုးပေးပြီး အရာရှိအိုကြီးများကို ထုတ်ပယ်လိုက်သည်။ ရာထူးမှ ထုတ်ပယ်ရုံသာဖြစ်သည့်အတွက် မည်သည့် ဆူပူအုံကြွမှုမှ မဖြစ်ခဲ့ချေ။
သို့သော်လည်း ဂျူလိုင်လအစတွင် အင်ပါယာ သဲဟွမ်သည် အင်ပါယာနန်းတော်၌ပင် လုပ်ကြံသတ်ဖြတ်ခံရသည့်အတွက် တစ်ကမ္ဘာလုံး တုန်လှုပ်သွားရသည်။ အင်ပါယာသည် အလွန်ဒေါသထွက်သွားရပြီး ဖြစ်စဉ်တစ်ခုလုံး စုံစမ်းစစ်ဆေးရန် အဖြူရောင်ဝတ်အစောင့်များကို အမိန့်ပေးသည်။ လုပ်ကြံမှုနှင့် ပတ်သတ်သည့် လူများနှင့် သူတို့၏ မိသားစုများ အမြစ်ပြတ်သုတ်သင်ခံရပြီ ရွှမ်ထျန်းမြို့တော်တစ်ခုလုံး ကြောက်လန့်ဖွယ်ဖြစ်သွားရသည်။
ထိုလထဲတွင် အင်ပါယာသည် ကျန်းဟန်အား ကွယ်လွန်သူ ဟုန်ကျုံး၊ ကျင်းဟုန်ကျုံးအမည်ဖြင့် ဘိုးဘေးဘုရားကျောင်းသို့ ပို့ဆောင်သည်။
ဟုန်ကျုံးအုပ်ချုပ်သည့်ကာလတွင် သူသည် မဟာကျင်းအား ဦးဆောင်ပြီး ကျူးကျော်လာသည့် ချွမ်းလျန့်မျိုးနွယ်စုအား နှိမ်နင်းကာ သာမန်ပြည်သူပြည်သားများကို အကျိုးပြုခဲ့သည်။ သူ့အမည်ကို သာမန်ပြည်သူပြည်သားများက အမြဲမှတ်မိနေကြမည်ဖြစ်သော်လည်း ခုံရုံထဲရှိ လူများကတော့ ဆန့်ကျင်ဘက်ပင်။ သို့သော်လည်း ကျနိးဟန်သည် သေဆုံးပြီးခါစဖြစ်သည့်အတွက် အင်ပါယာသည် အလွန်ဒေါသထွက်နေသည်။
သူသေပြီးနောက် ကျန်းဟန်သည် မိန်မောတွေဝေနေသည်။ သူ့စိတ်ဝိညာဉ်နိုးထလာသည့်အခါ ဝါးသစ်တောတစ်ခုသို့ ရောက်ရှိနေသည်ကို သတိထားမိလိုက်သည်ယ
သူကြည့်လိုက်သည့်အခါ သူ့ဘေးတွင် တာအိုပညာရှင်တစ်ပါးထိုင်နေသည်ကို သတိထားမိလိုက်သည်။ ထိုတာအိုပညာရှင်က သူတော်စင်တစ်ပါးနှင့်တူပြီး သူ့ခေါင်းနောက်တွင် တောက်ပသော နေတစ်စင်းရှိနေသည်။ နတ်အလင်းရောင်ကတောက်ပနေပြီး သူ့မျက်နှာကို ဖုံးကွယ်ထားသည်။
ကျန်းဟန်သည် ဖြူဖျော့သည့်အထိ ကြောက်လန့်သွားသည်။ သူ့ မသိစိတ်က အရိုအသေပေးချင်စိတ်များ ဖြစ်လာသော်လည်း တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။
သူ မသေဘူးလား။
သူသည် အရာရာတိုင်းအား ဖြတ်သန်းသွားသော သူ့လက်များကို ကြည့်လိုက်သည်။ သူသည် မည်သည့်အရာဝတ္တုကိုမှ ထိတွေ့၍ မရချေ။
“အမှန်ပဲ…မင်းသေသွားပြီ” ကျန်းရှန်ချန်း၏ အသံသည် ထွက်ပေါ်လာသည်။
ထိုသို့ကြားသည်အခါ ကျန်းဟန်သည် စိတ်ပျက်မသွားချေ။ ထိုအစား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။ သူသည် ကျန်းရှန်ချန်းအား ရိုသေစွာ အရိုအသေပေးလိုက်သည်။
“ဒီမသိတတ်တဲ့မျိုးဆက် ကျန်းဟန်က ဘိုးဘေးကို အရိုအသေပေးပါတယ်”
ဤသည်က သူတို့ ပထမဆုံးတွေ့ဆုံဖူးခြင်းပင် ဖြစ်သာ်။
ကျန်းရှန်ချန်း၏ လေသံသည် မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း ဘယ်လို အပြစ်တွေ လုပ်ခဲ့သလဲ”
ကျန်းဟန်က ပြောလိုက်သည်။
“အများကြီးပါပဲ… ကျွန်တော်နားလည်ပေမယ့် ကျွန်တော့်မှာ ရွေစချယ်စရာမရှိဘူး”
ဝါးသစ်တောသည် တိတ်ဆိတ်နေပြီး လေများ တိုက်ခတ်နေသည်။ အလွန်အေးသော်လည်း သေဆုံးပြီးဖြစ်သော ကျန်းဟန်က မခံစားနိုင်ချေ။
ကျန်းဟန်သည် ကြည့်လျက်ပြောလိုက်သည်။
“ဘိုးဘေး…ကျွန်တော့်သားကို အပြစ်မတင်ပါနဲ့… သူ့ကို ဒီလိုလုပ်ဖို့ ကျွန်တော်ညွှန်ကြားတာပါ။ သူ အကြောင်းပြချက်တစ်ခုလိုပါတယ်။ ရန်သူကိုချေမှုန်းနိုင်ဖို့နဲ့ သူရဲ့အင်ပါယာအာဏာကို စုစည်းနိုင်ဖို့ အကြောင်းပြချက်တစ်ခု လိုပါတယ်”
ကျန်းဟန်အား သတ်လိုက်သူက လက်ရှိအင်ပါယာပင် ဖြစ်၏။
“ခုံရုံးထဲက ကိစ္စတွေနဲ့ ယှဉ်ရင် ကိစ္စတချို့ကို ကျုပ်ပိုပြီး စိတ်ပူတယ်။ လက်ရှိမှာ အဆုံးမဲ့ ပင်လယ်က ကျွမ်းကျင်သူတွေ ပိုပြီး ဝင်ရောက်လာတယ်။ ဒီကိစ္စ နောက်ကွယ်က အကြောင်းပြချက်ကို သိချင်မိတယ်” အရှင်ပိုင်သည် ထိုသို့ပြောပြီးနောက် ကမ္ဘာ့သစ်ပင်အောက်ရှိ ကျန်းရှန်ချန်းအား ကြည့်လိုက်သည်။
ပိုင်ချီက ပြုံးလျက်ပြောလိုက်သည်။
“လူအိုကြီး…မေးမနေနဲ့။ ရေက နက်တယ်”
သူတို့အားလုံးသည် ကျန်းရှန်ချန်းအား ယုံကြည်သူများပင်။ ကျန်းရှန်ချန်းက သူတို့အား စိတ်ပျံ့လွင့်ခြင်းဘုံသို့ ဝင်ရောက်စေခဲ့သူ ဖြစ်ကြောင်း သူတို့ သိသော်လည်း အရှင်ပိုင်ကိုတော့ မပြောနိုင်ချေ။
အရှင်ပိုင်သည် ကျန်းရှန်ချန်းအား ယုံကြည်သူတစ်ယောက်မဟုတ်ပေ။ ကျန်းရှန်ချန်းအား သူလေးစားသော်လည်း အရိုအသေပေးသည့် အခြေအနေထိတော့ မရောက်သေးချေ။ သူ၏ အသက်အရွယ်နှင့် ဉာဏ်ပညာက တစ်စုံတစ်ယောက်ကို အရိုအသေပေး ယုံကြည်ရန် ခက်ခဲနေသည်။
ကျန်းထျန်းမင်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အမှန်ပဲ…ဆရာ… အများကြီး မမေးမြန်ဖို့ ကျွန်တော် အကြံပေးပါရစေ”
အရှင်ပိုင်သည် မှင်သက်သွားသည်။ သူသည် ခေါင်းခါလျက် ရယ်မောလိုက်သည်။ သူ မှန်ပေသည်။
၎င်းက တာအိုဘိုးဘေးဖြစ်၏။
၎င်းက တာအိုဘိုးဘေးလုပ်ခြင်းဖြစ်သည့်အတွက် မဟာကျင်းကို သူ လက်မလျော့ကြောင်း သိသာပေသည်။
ချန်လီသည် ထရပ်လျက်ပြုံးလိုက်သည်။
“ပင်လယ်ပြင်က သိုင်းပညာရှင်တွေက အတူတူစုပြီး မဟာကျင်းပြောင်းလဲတာကို စောင့်ဆိုင်းနေကြတာ”
သူသည် ကျန်းရှန်ချန်းအား အရိုအသေပေးလျက် ထွက်ခွာသွားသည်။
သူသည် ခုံရုံးနှင့် ဝေးကွာနေသော်လည်း သူ့နှလုံးသားက ထိုနေရာတွင် ရှိနေသည်။ သူ့တွင် ခုံရုံး၌ နား၊ မျက်လုံးအများအပြားရှိပေသည်။
သူထွက်သွားပြီးနောက် အရှင်ပိုင်သည် ဆက်မနေတော့ဘဲ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ မကြာမီ ခြံဝင်းသည် တိတ်ဆိတ်သွားခဲ့သည်။ သူတို့သည် လေ့ကျင့်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းဘုံသို့ ဝင်ရောက်ခြင်းများ ပြုလုပ်ကြသည်။
ကျန်းရှန်ချန်းသည် သစ်ပင်အောက်၌ ထိုင်လျက် အနည်းငယ်အံ့ဩသွားသည်။ သူ့မျက်လုံးများ၌ တစ်ခုခုတွေ့လိုက်ရ၍ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တောင်တန်းများကြားတွင် ရက်စက်သော သားရဲများသည် ခိုင်မာစွယ အခြေကုတ်နေကြသည်။ သူတို့ထဲက အကြီးမားဆုံးသားရဲသည် တောင်တစ်လုံးလောက်ရှိပြီး အံ့ဖွယ်ကောင်းနေသည်။ ဟွမ်ထျန်းနှင့် ဟေးထျန်းသည် တောင်ထွတ်တစ်ခု၌ လဲလျောင်းလျက် နေအလင်းရောင်ကို ပျော်ရွှင်စွာ ခံစားနေကြသည်။
တချိန်တည်းတွင် သူတို့သည် လေ့ကျင့်ပြီး သန်မာအောင် လုပ်နေကြသည်။
သူတို့နတ်ဆိုးကလန်က စတင်ပုံစံဖော်နေသော်လည်း သူတို့ဆင်ခေါ်ထားသော သားရဲများက ငယ်ရွယ်လွန်းနေပေသေးသည်။ သူတို့သည် မျိုးနွယ်စုထဲက ထုတ်ပယ်ခံရခြင်း သို့မဟုတ် တကိုယ်တည်းရှိခြင်းတို့ ဖြစ်နိုင်သည်။ ၎င်းတို့သည် အနည်းဆုံး ၅၀၀ကျော်ပေသည်။
ဟွမ်ထျန်းသည် တစ်ခုခုအား အာရုံခံစားမိသွားသည့် ပုံပေါ်သည်။ သူသည် မျက်လုံးဖွင့်ပြီး မိုးကုတ်စက်ဝိုင်းအား ကြည့်လိုက်သည်။
ဟေးထျန်းသည် သူ့မျက်လုံးများအား ဖွင့်လျက် မေးမြန်းလိုက်သည်။
“အစ်ကို…ဘာဖြစ်လို့လဲ”
ဟွမ်ထျန်းက ပြန်မဖြေပေ။ ဟေးထျန်းသည် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းအဆုံးထိ မြင်ကွင်းက သာယာနေပြီး မည်သည့် ထူးခြားမှုမှ မရှိချေ။
ဟေးထျန်းက မေးမြန်မည် ပြုစဉ် မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မီးတောက်များ လွှမ်းခြုံကာ အဆက်မပြတ် ပြန့်ကားလာလျက် ဥက္ကာခဲတစ်ခု ပျံသန်းလာသည်ကို မြင်သောအခါသူ၏ ကြောင်မျက်လုံးများ ပြူးကျယ်သွားရသည်။
ဝရော…။
တောင်တန်းသည် တုန်ခါသွားပြီး ပုန်းကွယ်နေသည့် ရက်စက်သောသားရဲများကို နိုးကြား တုန်လှုပ်သွားစေသည်။ သူတို့သည်မျက်လုံးဖွင့်လျက် ကြည့်လိုက်ကြသည်။
ဥက္ကာခဲတစ်ခုသည် သူတို့ အပေါ်ရှိ ကောင်းကင်ပေါ်၌ အလွန်မြန်ဆန်သော နှုန်းဖြင့် ပျံသန်းနေသည်။ အလွန်ကြီးမားသော အသွင်အပြင်ဖြင့် ၎င်းသည် တိမ်ပင်လယ်ကို ဖြတ်သန်းကာ ကောင်းကင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဟေးထျန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလျက်မေးမြန်းလိုက်သည်။
“အစ်ကို…ဒါက ဘာလဲ”
ဟွမ်ထျန်းသည် လဲလျောင်းလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
“ငါလည်း သေချာမသိဘူး။ ကောင်းကင်ပေါ်က ကြယ်တစ်လုံး ကြွေကျတာ ဖြစ်မှာပေါ့။ ငါတို့ကို မထိသ၍ အဆင်ပြေတယ်”
သူသည် ထိုသို့ပြောလိုက်သော်လည်း သူ့နှလုံးသားထဲတွင် သတိထားမှုများဖြင့်ပြည်ြနေသည်။
ဥက္ကာခဲ့၏ အော်ရာက သူ့နှလုံးသားအား တုန်ရင်သွားစေသည်။ အထဲတွင် သက်ရှိတမျိုး ပုန်းအောင်းနေသည့်အတိုင်းပင်။
သူတို့သည် မဟာကန္တာရသို့ ထွက်လာကတည်းက ထူးဆန်သော အရာများအား မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသည့်အတွက် ဟွမ်ထျန်းသည် အများကြီး တွေးတောမနေတော့ချေ။
အချိန်တချို့ ကြာပြီးနောက်…။
ဥက္ကာခဲ့သည် မြေပြင်သို့ ကျဆင်းသွားပြီး နားအူမတတ် ဆူညံသံများ ထွက်ပေါ်လာကာ ကမ္ဘာကြီးကို အရောင်အဆင်းကင်းမဲ့ သွားစေသည်။ ဟေးထျန်းသည် သူ့ခေါင်းအား လှည့်လျက် ကြည့်လိုက်သည်။ သို့သော်လည်း ဝေးကွာလွန်းနေသည့်အတွက် ဘာမှ မမြင်နိုင်ချေ။ သူသည် အဖြူရောင်အလင်းများတောက်ပနေသော ကောင်းကင်ကိုသာ မြင်တွေ့လိုက်ရသည်။ ဟွမ်ထျန်းသည် လဲလျောင်းနေဆဲဖြစ်ပြီး ထပင် မကြည့်ချေ။
သင်းဟဲခေတ် သက္ကရာဇ် ၂၊ ရွှမ်းထျန်းမြို့တော၊ အင်ပါယာနန်းတော် ရာဇပလ္လင်အခန်းတွင်…။
မနက်ပိုင်း ခုံရုံးဖြစ်သည်။
ခန့်ညားသော အင်ပါယာသည် အရာရှိများအား ကြည့်လိုက်သည်။ မည်သူမှ သူ့အား မကြည့်ဝံ့ချေ။
အန်းချန်သည် ထရပ်လိုက်ပြီး သူ့လက်အား ယှက်နွယ်လျက် ပြောလိုက်သည်။
“အရှင်မင်းကြီး…အရင်အင်ပါယာရဲ့ ကိစ္စက တစ်နှစ်ကြာသွားပါပြီ။ ရာထူးချသင့်တဲ့သူတွေကိုလည်း ရာထူးချပြီးပါပြီ။ မင်းဆက်ကို အာရုံစိုက်ပေးသင့်ပါတယ်။ အခု ထျန်းခုန်းနယ်မြေပတ်ဝန်းကျင်မှာ မျိုးနွယ်ခြားတွေ ပိုများလာပါတယ်။ သူတို့ မဟာကျင်းကို အကျိုးအမြတ်ယူဖို့ ရောက်လာခြင်းဖြစ်စေ စူစမ်းရှာဖွေ့ဖို့ လာတာဖြစ်စေ ကျွန်တော်တို့ ပေါ့ဆလို့မရပါဘူး”
ထိုသို့ကြားသာ့်အခါ အရာရှိများသည် အင်ပါယာအား မျှော်လင့်ချက်များအား ကြည့်လိုက်သည်။
အင်ပါယာသည် နန်းတော်ထဲတွင်သာ တစ်နှစ်လောက် နေနေသော်လည်း ခုံရုံးအား ပြောင်းလဲခြင်း၊ အရာရှိများ ပြောင်းလဲခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အကြံပြုသူများက သေလမ်းရှာနေခြင်းပင်။ သို့သော်လည်း အန်းချန်က ပြောလာခြင်းဖြစ်သည့်အတွက် အရှင်မင်းမြတ်က စီစဉ်ထားခြင်း ဖြစ်ပေမည်။ အရှင်မင်းမြတ်က အန်းချန်အား သူတို့ကို လွှတ်မြောက်ခွင့်ပေးရန် နည်းလမ်းတစ်ခု ညွှန်ကြားထားခြင်းဖြစ်ရမည်။
အင်ပါယာသည် သက်ပြင်းချလျက် ပြောလိုက်သည်။
“ထားလိုက်တော့…ငါတကယ်သွားမှ ဖြစတော့မယ်။ ချွမ်းလျန့်မျိုးနွယ်စုအကြောင်းကို အရင် ပြောကြစို့”
ချွမ်းလျန်မျိုးနွယ်စုသည် မဟာကျင်း၏ ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်သည်။
ယခင်စစ်ပွဲတွင် ချွမ်လျန့်မျိုးနွယ်စုက လူမည်မျှ စေလွှတ်ခဲ့သနည်း။
၎င်းတို၏ ခွန်အား အားလုံးကို စုသည်းလိုက်လျှင် ချွမ်းလျန့်မျိုးနွယ်စု၏ အင်အားကို ခန့်မှန်းရန် ခက်ခဲပေသည်။