← Chapters

မဟာကျင်းအား ကယ်တင်ရန် နည်းလမ်း

Vol. 21 Ch. 307

မဟာကျင်းအား ကယ်တင်ရန် နည်းလမ်း

Vol. 21 Ch. 307

“နောက်ဆုံးမှာ သာမန်လူတွေကို ထိန်းချုပ်နိုင်တဲ့ အင်ပါယာမျိုးနွယ်စုက ကွဲထွက်သွားတယ်”

ကျန်းဟန်က ထိုသို့ပြောလိုက်ပြီးနောက် သူသည် ခေါင်းငုံ့လိုက်ပြီး ကျန်းရှန်ချန်းအား မော့မကြည့်ဝံ့ဖြစ်နေသည်။ သူ့စကားများတွင် ပုန်ကန်ခြင်းများပါဝင်နေသော်လည်း ဤသို့ထုတ်မပြောလျှင် ပျော်ရွှင်နိုင်မည်မဟုတ်ချေ။

တချိန်တည်းတွင် သူသည် အံ့အားသင့်သွားသည်။

သူကသေဆုံးပြီးပြီဖြစ်သည့်အတွက် ဘိုးဘေးကို မည်သို့ ဆွဲခေါ်နိုင်မည်နည်း။

၎င်းက မည်သို့ နည်းလမ်းနည်း။

ကျန်းရှန်ချန်းသည် ဘာမှ မပြောချေ။ ထိုအစား သူသည် ကျန်းဟန်၏ စကားများကို တွေးတောနေသည်။ သဘာဝကျစွာပင် သူ့က လက်မခံချေ။ ၎င်းက လက်အောက်ခံဘုရင်များကြောင့်သာမဟုတ်ဘဲ အခြေအနေများဆိုးရွားလာသည့်အတွက်ကြောင်းဖြစ်သည်။ အတိအကျပြောရသော် သိုင်းခွန်အား ကွာဟမှုသည် ကံတရားကြောင်းသာဖြစ်သည်။

မဟာကျင်းသည် ကံတရားကြောင့် အောင်မြင်မှုများရရှိခဲ့သလို ကံတရားကြောင့် ဖရိုဖရဲနှင့် တွေ့ကြုံနေရသည်။

၎င်းက လူသားမင်းဆက်အားလုံးလည်း အတူတူပင်။

ကျန်းရှန်ချန်းသည် မေးခွန်းတစ်ခုကို ရုတ်တရက်တွေးမိသွားသည်။ ကံတရားမင်းဆက်ကို မည်သူ တည်ထောင်ခဲ့သနည်း။

ကံတရားမင်းဆက်ထွက်ပေါ်လာခြင်းသည် အစွမ်းနှစ်ဖက် ဓားကြောင့်ပင် ဖြစ်သည်။ သန်မာသူများက အဆင်ပြေချော့မွေ့ ကြွယ်ဝစွာနေနိုင်မည်ဖြစ်ပြီး အားနည်းသူများက အလွယ်တကူ ကျရှုံးသွားပေမည်။ ထို့အပြင် ကံတရားမင်းဆက်ထွက်ပေါ်လာခြင်းသည် လူသားမျိုးနွယ်စုတွင် ခြားနားသောကွဲပြားမှုများကို ဖြစ်သွားစေသည်။ ၎င်းကို တည်ထောင်းကတည်းက အဆက်မပြတ်တိုးတက်လာသည်။ ၎င်းတွင် မင်းဆက်တစ်ဆက်ထူထောင်နိုင်သည့်အထိ သန်မာသော မင်းမျိုးမင်းနွယ်များ၊ ဂိုဏ်းများရှိပေသည်။

အစောပိုင်းက အပျက်အစီးဂိုဏ်းက ဥပမာပင် ဖြစ်၏။ သူတို့သည် မင်းဆက်များကို ထိန်းချုပ်ထားသော်လည်း သက်တမ်းကံတရားကို မခံစားလိုသည့်အတွက် အင်ပါယာအဖြစ် မနေလိုကြချေ။

အကယ်၍ မဟာကျင်း၏ ပြဿနာကို ဖြေရှင်းလိုလျှင် အင်ပါယာ၏ ကံတရားကို ချိုးဖျက်နိုင်မှ ဖြစ်ပေမည်။ မဟုတ်လျှင် ပြဿနာများကို ယနေ့ ဖြေရှင်းနိုင်လိုက်လျှင်ပင် အနာဂတ်၌ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသေးသည်။

၎င်းကို ပြီးမြောက်လျှင် အင်ပါယာကို မျိုးဆက်အလိုက် ရွေးချယ်နေစရာမလိုတော့ချေ။ သင့်တော်သော မျိုးဆက်ကိုသာ ရွေးချယ်လိုက်လျှင် အ‌ဆင်ပြေပေသည်။ အမှန်တော့ ပုန်းကွယ်နေသော အန္တရာယ်များလည်း ရှိပေသေးသည်။ အကာ်၍ အင်ပါယာသာ အသိစိတ်ကင်းမဲ့သွားလျှင် ကပ်ဘေးနှင့် ကြုံရနိုင်သည်။

မည်သို့ပင်ဆိုပါစေ အကောင်းနှင့် အဆိုးက အမြဲတမ်းယှဉ်တွဲနေသည်။

ကံတရားမင်းဆက်၏ ကံကြိမ္မာကို လျစ်လျူရှုထားလျှင် ကမ္ဘာပေါ်ရှိ လူတိုင်းသည် ခံနိုင်ရည်ရှိပေလိမ့်မည်။ ကံတရားမင်းဆက်ရဲ့ ကန့်သတ်ချက်က အင်ပါယာအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိသည်။ ကံတရားမင်းဆက် တည်ဆောက်ခြင်း၏ အကျိုးသက်ရောက်မှုက ကံတရားအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု ပြော၍ ရပေသည်။

ကျန်းဟန်သည် သူ့ဘိုးဘေး စကားမပြောသည်ကို မြင်သောအခါ မလွယ်ကူသလိုခံစားလိုက်ရသည်။ သူ့ဘိုးဘေးအား စိတ်ဆိုးသွားစေသည်ကို သူသိလိုက်သည်။

မည်သို့ပင်ဆိုပါစေ တိုင်ကျုံးက ဘိုးဘေး၏ သားပင်။

ကျန်းဟန်၏ နှလုံးသားသည် နာကျင်သွားရသည်။ တိုင်ကျုံး၏ အဖေက ဤသို့ ကောင်းမွန်သော အဖေတစ်ဦးဖြစ်သော်လည်း သူ့အဖေကတော့…။

အကယ်၍ သူသာ တိုင်ကျုံးဖြစ်လျှင် ပိုကောင်းမွန်သော အောင်မြင်မှုများရရှိနိုင်သည်ဟု ခံစားလိုက်ရသည်။

ကျန်းဟန်သည် သတ္တိမွေးလျက် ပြောလိုက်သည်။

“ဘိုး‌ဘေး…လက်ရှိအင်ပါယာကို ဘာမှ မမေးတော့ဘူးလား”

ကျန်းရှန်ချန်းက ပြောလိုက်သည်။

“သူ့ကို မေးခွန်း ထုတ်မယ်လို့ ငါဘယ်တုန်းက ပြောဖူးလို့လဲ”

ကျန်းဟန်သည် တိတ်ဆိတ်သွားသည်။

“မဟာကျင်းပျက်စီးရင်တောင် ငါ့ကို ဘယ်လို အကျိုးသက်‌ရောက်မှုရှိမှာတဲ့လဲ”

ထိုစကားများက ကျန်းဟန်အား ခါးသီးစွာ ပြုံးမိသွားစေသည်။ သူသည် ၎င်းအား ကြောက်လန့်နေခြင်းပင်။

ကျန်းရှန်ချန်းက ပြောလိုက်သည်။

“မင်းကို လူတစ်ယောက်အနေနဲ့ လက်မခံပေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ လက်ခံပေးမယ်။ မင်း မဟာကျင်းကို ကျဆင်းအောင်လုပ်လို့မရဘူး”

သူ့စကားများက မမှားချေ။ ကျန်းဟန်သည် အလွန်ရက်စက်သော်လည်း သာမန်လူများအ‌ပေါ် ကြင်နာတတ်သည်။ သူ နေရာတစ်ခုကို ဝင်ရောက်စီးနင်းတိုင်း သာမန်လူများအတွက် ဝေစုချန်ထားပေးခဲ့သည်။ ထို့ကြောင့် ကျန်းဟန်အား ထောက်ခံသူများက ချီးမွမ်းကြခြင်းဖြစ်သည်။ အမှန်တော့ သူ့အား မုန်းတီးသူများရှိကြသော်လည်း ထိုသို့သော လူအများစုက မင်းမျိုးမင်းနွယ်များ၊ အရာရှိများပင် ဖြစ်၏။

ကျန်းဟန်က ထိုသို့ကြားသည့်အခါ အဆုံးမဲ့ ဝမ်းနည်းမှုများဖြင့် ပြည့်သွားသည်။

သူသည် ကွပ်မျက်သူဓားကို နှစ်ပေါင်းများစွာ ကိုင်ဆောင်ခဲ့သည်။ ဤအချိန်၌ သူသည် အကြီးအကဲများ ချီးမွမ်းခံနေရသည့် ကလေးတစ်ဦးလို ခံစားနေရသည်။ သူသည် အရာအားလုံးကို ပြောပြချင်နေသည်။ သူ့အဖေရှေ့တွင်ပင် ဤသို့ ခံစားချက်မျိုး မဖြစ်ဖူးချေ။

အချိန်တခဏလောက် သူသည် ဘာမှ မပြောနိုင်ဖြစ်နေသည်။

သို့သော်လည်း သူသည် ဘိုးဘေး၏ ပထမစကားတဝက်ကိုသာ နားလည်ပေသည်။ သူ့လုပ်ချက်များအား သူ့ခုနစ်ယောက်မြောက်ညီဖြစ်သည့် ကျန်းရဲအား ရည်ရွယ်၍ ပြောနေခြင်းပင်။ သို့သော်လည်း သူက သူ့အမေနှင့် သူ့ပတ်ဝန်းကျင်ရှိ လူများကို စာရင်းပြုစုထားသည်။ သူသာ ကျန်းရဲအား တကယ်မုန်းတီးလျှင် သူ့အား ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိပေသည်။

သူသည် လက်အောက်ခံဘုရင်များကို ပြဿနာဖြစ်စေခဲ့သော်လည်း မတရားသလိုခံစားရသည့်အတွက် ကျန်းရဲကို လုံးဝ မထိခဲ့ချေ။

“မင်းပြောစရာရှိရင် ပြောပါ။ ဒီလူသားကမ္ဘာကို ရောက်လာတာက မင်းနဲ့ ငါရဲ့ ကံတရားပဲ။ မင်း ပြောပြီးရင် ငရဲကို ပြန်လည် မွေးဖွားနိုင်ဖို့ ပို့ဆောင်ပေးမယ်”

ကျန်းရှန်ချန်းသည် လေသံကမပြောင်းလဲချေ။ အကန့်အသတ်မဲ့ယန်နတ်အလင်း၏ အလင်းရောင်အောက်တွင် ကျန်းဟန်သည် သူ့မျက်နှာကို မမြင်နိုင်သော်လည်း နှလုံးသား နွေးထွေးသွားရသည်။

ဤအချိန်၌ ကျန်းဟန်သည် ရှက်ရွံ့သလိုခံစားလိုက်ရသည်။ သူသည် ဖြစ်နိုင်ခြေအများကြီးကို တွေးထားသော်လည်း ဤသို့ အခွင့်အရေးတစ်ခုရနိုင်မည်ဟု မမျှော်လင့်ထားချေ။ သူသည် အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျန်းရှန်ချန်း ကျန်းဟန်၏ ပုံပြင်များကို အများအပြား ကြားခဲ့ရသည်။

လူတိုင်းတွင် စရိုက်မျိုးစုံရှိပြီး ရှုပ်ထွေးပွေလီမှုလည်း ရှိကြသည်။ သူသည် ကျန်းဟန်အကြောင်းကို ပို၍ သိချင်သွားသည်။

ကျန်းဟန်သည် ကံတရားမင်းဆက်၏ အနှစ်သာရနှင့် ပတ်သက်၍ သူ၏ နက်နဲသော အတွေးအမြင်များအား လှုံ့ဆော်ပြောကြားပေးသူဖြစ်သည်။ ကံကောင်းခြင်းသည် ကောင်းကင်နှင့် မြေကြီး စွမ်းအားတစ်ခုဟု သူခံစားရပေသည်။ အကယ်၍ သူသာ ဤသို့ ကောင်းကင်နှင့် မြေကြီးစွမ်းအားကို ဖန်တီးနိုင်လျှင် အင်ပါယာများ သက်တမ်းလျော့ကျသည့် ပြဿနာကို ဖြေရှင်းပြီး မဟာကျင်းအား ကယ်တင်နိုင်မည်လား။

ထိုသို့ပြုလုပ်လိုက်လျှင် ပုန်းကွယ်နေသောအန္တရာယ်များသည် အင်ပါယာ၏ လက်ထဲတွင်သာ ရှိနေတော့မည်ဖြစ်ပြီး မျှခြေအား ကျိုးပျက်သွားနိုင်သည်။

သူ့ ဘိုးဘေး၏ အတွေးများကို ကျန်းဟန်က မသိချေ။ သူသည် သူ့စိတ်ထဲရှိသမျှ ပြောပြလိုက်သည်။ မည်သို့ပင်ဆိုပါစေ သူက သေဆုံးပြီးသားဖြစ်သည်။

အချိန် တခဏကြာပြီးနောက်…။

ကျန်းဟန်က သူပြောလိုသည်များကို ပြောလိုက်ပြီးနောက် သူသည် ငယ်ရွယ်စဉ်က လွတ်လပ်သကဲ့သို့ ခံစားလိုက်ရသည်။ သူပြောသည့်ကိစ္စအများစုက သူ့စိတ်ခံစားချက်များဖြစ်ပြီး မည်သူကိုမှ အပြစ်မတင်ချေ။

“ကောင်းပြီ…မင်းသွားသင့်တဲ့ အချိန်ရောက်ပြီ”

ကျန်းရှန်ချန်းသည် လက်ဝှေးယမ်းလိုက်ပြီးကျန်းဟန်အား ငရဲဘုံသို့ ပို့ဆောင်လိုက်သည်။

ကျန်းဟန်၏ အသိစိတ်ပြန်လည်လာသည့်အခါ ငရဲဘုံသို့ ရောက်နေပေပြီ။ သူ့ရှေ့ရှိ ဝိညာဉ်တန်းကြီးအားကြည့်လျက် စိတ်ပျက်သလိုခံစားလိုက်ရသည်။

သို့သော်လည်း စိတ်ပျက်မှုများက အလျင်အမြန်ပျောက်ကွယ်သွားသည်။

ဤဘဝတွင် နောင်တရစရာ မရှိချေ။

ထိုသို့တွေးပြီး ကျန်းဟန်သည် ပြုံးလျက် ပြန်လည်မွေးဖွားခြင်းစက်ဝန်းဆီသို့ ဦးတည်လိုက်သည်။

ခြံဝင်းသို့ ပြန်လာခဲ့ပြီးနောက် ကျန်းရှန်ချန်းသည် ဆေးလုံးများ ဖော်စပ်ခြင်း စတင်လိုက်သည်။ အချိန်တချို့ကြာပြီးနောက် ရွှမ်ထျန်း၏ အံ့ဖွယ်သတင်းများသည် ကျင်းချန်တစ်ခုလုံး ပြည့်နှံ့သွားသည်။

ဤနေ့တွင် ကျန်းရှန်ချန်းသည် မဟာကန္တာရအား ကြည့်ရှုရန် ကောင်းကင်နှင့် မြေကြီး အကန့်အသတ်မဲ့ မျက်လုံးများကို အသုံစပြုလိုက်ပြီး ခြံဝင်းထဲရှိ လူများ၏ ပြောစကားများကို နားစွင့်လိုက်သည်။

ကျန်းဟန်၏ သေဆုံးမှုက အင်ပါယာအား အလွန်ဒေါသထွက်သွားစေသည်။ ၎င်းက မဟာကျင်းတွင် လုံးဝမဖြစ်ဖူးသည့် သိက္ခာကျစရာ လုပ်ရပ်ပင်ဖြစ်သည်။ မင်းမျိုးမင်းနွယ်မိသားစုများနှင့် ဂိုဏ်းများသည် သံသယဝင်ခံရမည်ကို စိုးရိမ်၍ အသံတိတ်သွားကြသည်။

ထိုအခွင့်အရေးကို ယူဆောင်လျက် အင်ပါယာသည် ထိန်းချုပ်၍ မရသော အရာရှိများအား ဖမ်းဆီးလိုက်သည်။ သူတို့သည် ပြစ်မှုနှင့် မသက်ဆိုင်သော်လည်း ဖမ်းဆီးခံရသည် လူများ ထပ်တိုးလာသည်။

အင်ပါယာက အင်အား စုစည်းနေခြင်းဖြစ်၏။

ရဲရွှမ်သည် ပြုံးလျက်ပြောလိုက်သည်။

“ကြည့်ရတာ ငါတို့ရဲ့ အင်ပါယာအသစ်က သာမန်မဟုတ်ဘူးဘဲ”

အရှင်ပိုင်သည် မုတ်ဆိတ်မွှေးများအား ပွတ်သပ်လျက် ပြောလိုက်သည်။

“အင်ပါယာက အခွင့်အရေးတစ်ခုကို တွေ့သွားပေမယ့် မလုံလောက်သေးဘူး။ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ တကယ်လို့ သူသာ မင်းသား ရွှယ်ကျန်းကြီးပြင်းလာတဲ့အထိ မဟာကျင်းကို ထောက်ပံ့နိုင်ရင် မဟာကျင်းက ခွန်အား ကြီးလာလိမ့်မယ်”

သူသည်ကျန်းရွှယ်ကျန်းအား မမေ့သေးချေ။

ကျန်းရွှယ်ကျန်းက မဟာအခွင့်အရေးယူဆောင်ကာ မဟာကျင်းအား ပြောင်းလဲမည်ကို သူ စောင့်မျှော်နေပေသည်။

ချန်လီသည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ဒါက အသုံးမဝင်ဘူး။ သူက အပေါ်ယံ အသုံးခံတစ်ယောက်သာသာပဲ။ အမှောင်ထုထဲက လူတွေကို တုန်လှုပ်စေနိုင်မှာမဟုတ်ဘူး”

သူသည် ခုံရုံးတွင်နှစ်ပေါင်း၂၀၀လောက် နေထိုင်လာသူဖြစ်သည့်အတွက် မဟာကျင်း၏ အနာဂတ်ကို စိုးရိမ်နေပေသေးသည်။ စကားဖြင့် ပြော၍ မရသော ပြဿနာ အများအပြားရှိနေသေးသည်။

“ခုံရုံးထဲက ကိစ္စတွေနဲ့ ယှဉ်ရင် ကိစ္စတချို့ကို ကျုပ်ပိုပြီး စိတ်ပူတယ်။ လက်ရှိမှာ အဆုံးမဲ့ ပင်လယ်က ကျွမ်းကျင်သူတွေ ပိုပြီး ဝင်ရောက်လာတယ်။ ဒီကိစ္စ နောက်ကွယ်က အကြောင်းပြချက်ကို သိချင်မိတယ်” အရှင်ပိုင်သည် ထိုသို့ပြောပြီးနောက် ‌ကမ္ဘာ့သစ်ပင်အောက်ရှိ ကျန်းရှန်ချန်းအား ကြည့်လိုက်သည်။

ပိုင်ချီက ပြုံးလျက်ပြောလိုက်သည်။

“လူအိုကြီး…မေးမနေနဲ့။ ရေက နက်တယ်”

သူတို့အားလုံးသည် ကျန်းရှန်ချန်းအား ယုံကြည်သူများပင်။ ကျန်းရှန်ချန်းက သူတို့အား စိတ်ပျံ့လွင့်ခြင်းဘုံသို့ ဝင်ရောက်စေခဲ့သူ ဖြစ်ကြောင်း သူတို့ သိသော်လည်း အရှင်ပိုင်ကိုတော့ မပြောနိုင်ချေ။

အရှင်ပိုင်သည် ကျန်းရှန်ချန်းအား ယုံကြည်သူတစ်ယောက်မဟုတ်ပေ။ ကျန်းရှန်ချန်းအား သူလေးစားသော်လည်း အရိုအသေပေးသည့် အခြေအနေထိတော့ မရောက်သေးချေ။ သူ၏ အသက်အရွယ်နှင့် ဉာဏ်ပညာက တစ်စုံတစ်ယောက်ကို အရိုအသေပေး ယုံကြည်ရန် ခက်ခဲနေသည်။

ကျန်းထျန်းမင်သည် ခေါင်းညိတ်ကာ‌ ပြောလိုက်သည်။

“အမှန်ပဲ…ဆရာ… အများကြီး မမေးမြန်ဖို့ ကျွန်တော် အကြံပေးပါရစေ”

အရှင်ပိုင်သည် မှင်သက်သွားသည်။ သူသည် ခေါင်းခါလျက် ရယ်မောလိုက်သည်။ သူ မှန်ပေသည်။

၎င်းက တာအိုဘိုးဘေးဖြစ်၏။

၎င်းက တာအိုဘိုးဘေးလုပ်ခြင်းဖြစ်သည့်အတွက် မဟာကျင်းကို သူ လက်မလျော့ကြောင်း သိသာပေသည်။

ချန်လီသည် ထရပ်လျက်ပြုံးလိုက်သည်။

“ပင်လယ်ပြင်က သိုင်းပညာရှင်တွေက အတူတူစုပြီး မဟာကျင်းပြောင်းလဲတာကို စောင့်ဆိုင်းနေကြတာ”

သူသည် ကျန်းရှန်ချန်းအား အရိုအသေပေးလျက် ထွက်ခွာသွားသည်။

သူသည် ခုံရုံးနှင့် ဝေးကွာနေသော်လည်း သူ့နှလုံးသားက ထိုနေရာတွင် ရှိနေသည်။ သူ့တွင် ခုံရုံး၌ နား၊ မျက်လုံးအများအပြားရှိပေသည်။

သူထွက်သွားပြီးနောက် အရှင်ပိုင်သည် ဆက်မနေတော့ဘဲ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ မကြာမီ ခြံဝင်းသည် တိတ်ဆိတ်သွားခဲ့သည်။ သူတို့သည် လေ့ကျင့်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းဘုံသို့ ဝင်ရောက်ခြင်းများ ပြုလုပ်ကြသည်။

ကျန်းရှန်ချန်းသည် သစ်ပင်အောက်၌ ထိုင်လျက် အနည်းငယ်အံ့ဩသွားသည်။ သူ့မျက်လုံးများ၌ တစ်ခုခုတွေ့လိုက်ရ၍ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

တောင်တန်းများကြားတွင် ရက်စက်သော သားရဲများသည် ခိုင်မာစွယ အခြေကုတ်နေကြသည်။ သူတို့ထဲက အကြီးမားဆုံးသားရဲသည် တောင်တစ်လုံးလောက်ရှိပြီး အံ့ဖွယ်ကောင်းနေသည်။ ဟွမ်ထျန်းနှင့် ဟေးထျန်းသည် တောင်ထွတ်တစ်ခု၌ လဲလျောင်းလျက် နေအလင်းရောင်ကို ပျော်ရွှင်စွာ ခံစားနေကြသည်။

တချိန်တည်းတွင် သူတို့သည် လေ့ကျင့်ပြီး သန်မာအောင် လုပ်နေကြသည်။

သူတို့နတ်ဆိုးကလန်က စတင်ပုံစံဖော်နေသော်လည်း သူတို့ဆင်ခေါ်ထားသော သားရဲများက ငယ်ရွယ်လွန်းနေပေသေးသည်။ သူတို့သည် မျိုးနွယ်စုထဲက ထုတ်ပယ်ခံရခြင်း သို့မဟုတ် တကိုယ်တည်းရှိခြင်းတို့ ဖြစ်နိုင်သည်။ ၎င်းတို့သည် အနည်းဆုံး ၅၀၀ကျော်ပေသည်။

ဟွမ်ထျန်းသည် တစ်ခုခုအား အာရုံခံစားမိသွားသည့် ပုံပေါ်သည်။ သူသည် မျက်လုံးဖွင့်ပြီး မိုးကုတ်စက်ဝိုင်းအား ကြည့်လိုက်သည်။

ဟေးထျန်းသည် သူ့မျက်လုံးများအား ဖွင့်လျက် မေးမြန်းလိုက်သည်။

“အစ်ကို…ဘာဖြစ်လို့လဲ”

ဟွမ်ထျန်းက ပြန်မဖြေပေ။ ဟေးထျန်းသည် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းအဆုံးထိ မြင်ကွင်းက သာယာနေပြီး မည်သည့် ထူးခြားမှုမှ မရှိချေ။

ဟေးထျန်းက မေးမြန်မည် ပြုစဉ် မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မီးတောက်များ လွှမ်းခြုံကာ အဆက်မပြတ် ပြန့်ကားလာလျက် ဥက္ကာခဲတစ်ခု ပျံသန်းလာသည်ကို မြင်သောအခါသူ၏ ကြောင်မျက်လုံးများ ပြူးကျယ်သွားရသည်။

ဝရော…။

တောင်တန်းသည် တုန်ခါသွားပြီး ပုန်းကွယ်နေသည့် ရက်စက်သောသားရဲများကို နိုးကြား တုန်လှုပ်သွားစေသည်။ သူတို့သည်မျက်လုံးဖွင့်လျက် ကြည့်လိုက်ကြသည်။

ဥက္ကာခဲတစ်ခုသည် သူတို့ အပေါ်ရှိ ကောင်းကင်ပေါ်၌ အလွန်မြန်ဆန်သော နှုန်းဖြင့် ပျံသန်းနေသည်။ အလွန်ကြီးမားသော အသွင်အပြင်ဖြင့် ၎င်းသည် တိမ်ပင်လယ်ကို ဖြတ်သန်းကာ ကောင်းကင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဟေးထျန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလျက်မေးမြန်းလိုက်သည်။

“အစ်ကို…ဒါက ဘာလဲ”

ဟွမ်ထျန်းသည် လဲလျောင်းလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။

“ငါလည်း သေချာမသိဘူး။ ကောင်းကင်ပေါ်က ကြယ်တစ်လုံး ကြွေကျတာ ဖြစ်မှာပေါ့။ ငါတို့ကို မထိသ၍ အဆင်ပြေတယ်”

သူသည် ထိုသို့ပြောလိုက်သော်လည်း သူ့နှလုံးသားထဲတွင် သတိထားမှုများဖြင့်ပြည်ြနေသည်။

ဥက္ကာခဲ့၏ အော်ရာက သူ့နှလုံးသားအား တုန်ရင်သွားစေသည်။ အထဲတွင် သက်ရှိတမျိုး ပုန်းအောင်းနေသည့်အတိုင်းပင်။

သူတို့သည် မဟာကန္တာရသို့ ထွက်လာကတည်းက ထူးဆန်သော အရာများအား မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသည့်အတွက် ဟွမ်ထျန်းသည် အများကြီး တွေးတောမနေတော့ချေ။

အချိန်တချို့ ကြာပြီးနောက်…။

ဥက္ကာခဲ့သည် မြေပြင်သို့ ကျဆင်းသွားပြီး နားအူမတတ် ဆူညံသံများ ထွက်ပေါ်လာကာ ကမ္ဘာကြီးကို အရောင်အဆင်းကင်းမဲ့ သွားစေသည်။ ဟေးထျန်းသည် သူ့ခေါင်းအား လှည့်လျက် ကြည့်လိုက်သည်။ သို့သော်လည်း ဝေးကွာလွန်းနေသည့်အတွက် ဘာမှ မမြင်နိုင်ချေ။ သူသည် အဖြူရောင်အလင်းများတောက်ပနေသော ကောင်းကင်ကိုသာ မြင်တွေ့လိုက်ရသည်။ ဟွမ်ထျန်းသည် လဲလျောင်းနေဆဲဖြစ်ပြီး ထပင်မကြည့်ချေ။

သင်းဟဲခေတ် သက္ကရာဇ် ၂၊ ရွှမ်းထျန်းမြို့တော၊ အင်ပါယာနန်းတော် ရာဇပလ္လင်အခန်းတွင်…။

မနက်ပိုင်း ခုံရုံးဖြစ်သည်။

ခန့်ညားသော အင်ပါယာသည် အရာရှိများအား ကြည့်လိုက်သည်။ မည်သူမှ သူ့အား မကြည့်ဝံ့ချေ။

အန်းချန်သည် ထရပ်လိုက်ပြီး သူ့လက်အား ယှက်နွယ်လျက် ပြောလိုက်သည်။

“အရှင်မင်းကြီး…အရင်အင်ပါယာရဲ့ ကိစ္စက တစ်နှစ်ကြာသွားပါပြီ။ ရာထူးချသင့်တဲ့သူတွေကိုလည်း ရာထူးချပြီးပါပြီ။ မင်းဆက်ကို အာရုံစိုက်ပေးသင့်ပါတယ်။ အခု ထျန်းခုန်းနယ်မြေပတ်ဝန်းကျင်မှာ မျိုးနွယ်ခြားတွေ ပိုများလာပါတယ်။ သူတို့ မဟာကျင်းကို အကျိုးအမြတ်ယူဖို့ ရောက်လာခြင်းဖြစ်စေ စူစမ်းရှာဖွေ့ဖို့ လာတာဖြစ်စေ ကျွန်တော်တို့ ပေါ့ဆလို့မရပါဘူး”

ထိုသို့ကြားသာ့်အခါ အရာရှိများသည် အင်ပါယာအား မျှော်လင့်ချက်များအား ကြည့်လိုက်သည်။

အင်ပါယာသည် နန်းတော်ထဲတွင်သာ တစ်နှစ်လောက် နေနေသော်လည်း ခုံရုံးအား ပြောင်းလဲခြင်း၊ အရာရှိများ ပြောင်းလဲခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အကြံပြုသူများက သေလမ်းရှာနေခြင်းပင်။ သို့သော်လည်း အန်းချန်က ပြောလာခြင်းဖြစ်သည့်အတွက် အရှင်မင်းမြတ်က စီစဉ်ထားခြင်း ဖြစ်ပေမည်။ အရှင်မင်းမြတ်က အန်းချန်အား သူတို့ကို လွှတ်မြောက်ခွင့်ပေးရန် နည်းလမ်းတစ်ခု ညွှန်ကြားထားခြင်းဖြစ်ရမည်။

အင်ပါယာသည် သက်ပြင်းချလျက် ပြောလိုက်သည်။

“ထားလိုက်တော့…ငါတကယ်သွားမှ ဖြစတော့မယ်။ ချွမ်လျန့်မျိုးနွယ်စုအကြောင်းကို အရင် ပြောကြစို့”

ချွမ့်လျန်မျိုးနွယ်စုသည် မဟာကျင်း၏ ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်သည်။

ယခင်စစ်ပွဲတွင် ချွမ်လျန့်မျိုးနွယ်စုက လူမည်မျှ စေလွှတ်ခဲ့သနည်း။

၎င်းတို၏ ခွန်အား အားလုံးကို စုသည်းလိုက်လျှင် ချွမ်လျန့်မျိုးနွယ်စု၏ အင်အားကို ခန့်မှန်းရန် ခက်ခဲပေသည်။

All Chapters