← Chapters

ပထမလှိုင်း စစ်ဆင်ရေး၊ အင်ပါယာနှင့် ကံတရား

Vol. 21 Ch. 308

ပထမလှိုင်း စစ်ဆင်ရေး၊ အင်ပါယာနှင့် ကံတရား

Vol. 21 Ch. 308

ဧပြီလတွင် အင်ပါယာသည် မဟာကန္တာရညီလာခံအတွက် ကြိုတင်ပြင်ဆင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး မဟာကျင်းနှင့် ထိတွေ့ဆက်ဆံခဲ့သော မျိုးနွယ်ခြများ၏ သံတမန်များကို လာမည့်နှစ် နွေဦးပွဲတော်အတွက် ရွှမ်ထျန်းမြို့သို့ လာရန် ဖိတ်ကြားခဲ့သည်။ ထိုအမိန့် ပျံ့နှံ့သွားသည့်အခါ တကမ္ဘာလုံး အုတ်ဩသောင်းနင်းဖြစ်ကုန်သည်။ လူအများစုက မျိုးနွာ်ခြားများ မုန်းတီးနေကြပြီး အင်ပါယာ၏ လုပ်ရပ်က ဝံပုလွေအား အိမ်သို့ ခေါ်နေခြင်းနှင့် တူနေသည်ဟု ဝေဖန်ကြသည်။

သို့သော်လည်း အင်ပါယာက အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည့်အတွက် မည်သည့် ပြောင်းလဲမှုမဇ လုပ်၍မရချေ။

လောစီရင်စုသည် မဟာကျင်းတွင် အကြွယ်ဝဆုံး စီရင်စုဖြစ်သည်။

စံအိမ်တစ်ခုတွင်…။

အနက်ရောင်ဝတ်လူတစ်ယောက်သည် မျက်နှာဖုံးတပ်ဆင်လျက် လက်ဖက်ရညသောက်နေသည်။ မျက်နှာဖုံးသည် သူ့မျက်နှာအပေါ်ပိုင်းကိုသာ ကာကွယ်ဖုံးအုပ်ထားပြိး သူ့ပါးစပ်နှင့် နှာခေါင်းတို့အား ထုတ်ဖော်ထားသည်။ သူ၏ အသားအရေနှင့် အဖြူရောင်မုတ်ဆိတ်မွှေးများကြောင့် လူအိုကြီးတစ်ယောက်ဖြစ်ကြောင်းသိသာသည်။

အသွင်အပြင်တစ်ခုသည် ထွက်ပေါ်လာပြီး သူ့ရှေ့၌ ဒူးထောက်လိုက်သည်။ သူက လက်သီးဆုပ်လျက် ပြောလိုက်သည်။

“အရှင်…လှိုင်းကို ရွေးချယ်ပြီးပါပြီ”

ထိုလူသည် သိုင်းပညာရှင်ဝတ်စုံအား ဝတ်ဆင်ထားကာ အနက်ရောင်ဝတ်လူကို လေးစားကြည်ညိုသော မျက်လုံများဖြင့် ကြည့်နေသည်။

အနက်ရောင်ဝတ်လူက ပြန်ဖြေလိုက်သည်။

“အင်…ငါသိပြိ… သူ့ကို အနီးကပ်စောင့်ကြည့်ထားပါ”

“ကောင်းပါပြီ…”

ထိုသိုင်းပညာရှင်သည် နေရာတွင် မည်သည့်အချိန်ကမှ မရောက်ရှိလာသကဲ့သို့ ပျောက်ကွယ်သွားသည်။

တံခါးသည် ရုတ်တရက် ပွင့်လာခဲ့ပြီး အသွင်အပြင်တစ်ခုထွက်ပေါ်လာသည်။ ၎င်းက အိုမင်းသောတာအိုပညာရှင်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ အကယ်၍ ကျန်းရှန်ချန်းသာ ဤနေရာတွင် ရှိလျှသ် သူ့အား သေချာပေါက် မှတ်မိပေလိမ့်မည်။ သူသည် လုံချီဘုရားကျောင်း၏ တည်ထောင်သူ တာအိုဆရာသခင်ချင်းရှဖြစ်သည်။

သူသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀ကအတိုင်းဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမှ မရှိချေ။ သူ့နဖူးတွင် ထူးဆန်းသော အနက်ရောင်အမှတ်အသားတစ်ခုသာ ရှိနေသည်။

တာအိုဆရာသခင်ချင်းရှသည် အနက်ရောင်ဝတ်လူဆီသို့ သွားလိုက်ပြီး ထိုင်လိုက်သည်။ သူသည် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်ပြီး ပြောလိုက်သည်။

“အထု အင်ပါယာက ခွန်အားကို စုစည်းထားတဲ့အတွက် ကမ္ဘာကြီး ငြိမ်းချမ်းနေတယ်။ မင်း လှိုင်းတွေကို အတင်းအကျပ် ပြုလုပ်တော့မှာလား”

အနက်ရောင်ဝတ်လူသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“လက်ရှိ ငြိမ်းချမ်းနေတာက အယောင်ဆောင်ပဲ။ ‌ ဟုန်ကျုံးက လုပ်ကြံသတ်ဖြတ်ခံလိုက်ရပေမယ့် တာအိုဘိုးဘေးက မလှုပ်ရှားလာဘူး။ ဒီအဓိပ္ပာယ်အရ တာအိုဘိုးဘေးက မဟာကျင်းကို လျစ်လျူရှုထားလိုက်ပြီဆိုတာပဲ။ တာအိုဘိုးဘေးရဲ့ အကာအကွယ်မရှိရင် မဟာကျင်းက လူတိုင်း စားသောက်ဖို့ ချောင်းမြောင်းနေတဲ့ အသားပြားတစ်ခုလိုပဲ”

ကျန်းဟုန်ကျုံး၊ ကျန်းဟန်သည် မဟာကျင်းတွင် တိုင်ကျုံးပြီးလျှင် ပထမဆုံး လုပ်ကြံသတ်ဖြတ်ခံရသူဖြစ်သည်။ မြို့တော်အား ကျင်းချန်မှ အဝေးသို့ မရွေ့ပြောင်းမိ တာအိုဘိုးဘေးရှိသည့်အတွက် အင်ပါယာကို မည်သူမှ မလုပ်ကြံဝံ့ချေ။ သို့သော်လည်း မြို့တော်အား ပြောင်းရွေ့ပြီးနောက် တစ်ယောက်ပြီး ယောက်လုပ်ကြံခံခဲ့ရသည်။ တာအိုဘိုးဘေးလည်း မလှုပ်ရှားလာချေ။ လုပ်ကြံခြင်းအောင်မြင်သွားခြင်းသည် အင်အားစုများကို လှုပ်ခါသွားစေသည်။

တာအိုဘိုးဘေးနှင့် ကျန်းမိသားစုကြားက ဆက်ဆံရေးပျက်စီးသွားပြီဟု လူအများယုံကြည်နေကြသည်။ ယခင်က ချွမ်လျန့်မျိုးနွယ်စုတိုက်ခိုက်သည့်အခါ တာအိုဘိုးဘေးတစ်ယောက်တည်း လှုပ်ရှားခဲ့သည်။

“လှိုင်းက‌ရော တကယ်သင့်တော်ရဲ့လား” တာအိုဆရာသခင်ချင်းရှသည် မေးမြန်းလိုက်သည်။

အနက်ရောင်ဝတ်လူ၏ မျက်လုံးများသည် အေးစက်သွားပြီး ပြောလိုက်သည်။

“သူက လှိုင်းဖြစ်ဖို့ ထိုက်တန်တဲ့ တစ်ဦးတည်သောသူပဲ”

တာအိုဆရာသခင်ချင်းရှက ခေါင်းညိတ်လိုက်သည်။

“လှိုင်းရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ကြတာပေါ့။ ကမ္ဘာကြီး ဖရိုဖရဲဖြစ်နေပေမယ့် တာအိုဘိုးဘေးက မလှုပ်ရှားလာဘူးဆိုရင် ငါ့တို့အစီအစဉ်ကို အကောင်အထည်ဖော်လို့ရပြီ။ အရင် အပျက်အစီးဂိုဏ်းနဲ့ လက်ရှိ မင်းမျိုးမင်းနွယ်မိသားစုတွေက တာအိုဘိုးဘေးရဲ့ သဘောထားကို စောင့်နေကြတယ်”

အနက်ရောင်ဝတ်လူသည် ဖြည်းညှင်းစွာပြောလိုက်သည်။ တာအိုဘိုးဘေးဟု ပြောသည့်အခါ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများကို တွေ့ရနိုင်သည်။ သူ့အတွေးများကို မည်သူမှ မသိနိုင်ချေ။

သူသည် တာအိုဆရာသခင်ချင်းရှအား ကြည့်ကာ ပြောလိုက်သည်။

“ပြင်ဆင်ထားပါ… မင်းက လှိုင်းထက် အသုံးဝင်တယ်”

တာအိုဆရာသခင်ချင်းရှသည် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒီနှိမ့်ချတတ်တဲ့ တာအိုပညာရှင်က အမြဲပြင်ဆင်ထားပြီးသားပါ”

အနက်ရောင်ဝတ်လူ၏ နှုတ်ခမ်းသည် ကွေးတက်သွားသည်။

၃နှစ်ခန့်ကြာပြီးနောက် နွေဦးရောက်လာသည့်အချိန်တွင် လူတိုင်း၏ အကြည့်သည် ရွှမ်ထျန်းမြို့သို့ ကျရောက်နေသည်။ မဟာကန္တာရမှ မျိုးနွယ်စု ၁၀ခုသည် လာရောက်လည်ပတ်ပြီး အင်ပါယာမြို့တော်တွင် တစ်ခုခုဖြစ်မည်ကို လူတိုင်းစိုးရိမ်နေကြသည်။

မဟာကန္တာရညီလာခံသည် ၁၀ရက်ကြာခဲ့ပြီး နောက်ဆုံးတွင် မျိုးနွယ်စုအားလုံး ထွက်ခွာသွားကြသည်။ ဖြစ်စဉ်တခုလုံး မည်သည့်အနှောက်အယှက်မှမရှိဘဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။ မျိုးနွယ်စုတိုင်းက အရိုအသေပေးကြပြီး မဟာကျင်းအား လေးစားကြပေသည်။

သို့မှသာ လူတိုင်းသည် စိတ်သက်သာရာရသွားကြပြီး မဟာကျင်း၏ အနာဂတ်ကို တွေးတော လာကြသည်။

မဟာကန္တာရညီလာခံသည် မဟာကျင်းနှင့် မဟာကန္တာရ၏ ပေါင်းစည်းမှုကို တရားဝင်ချခြင်းဖြစ်သည်ဟု သတ်မှတ်၍ရပေသည်။ ၎င်းသည် သမိုင်းတွင် သေချာပေါက်ကျန်ရစ်ပေလိမ့်မည်။

အင်ပါယာသည် ပျော်ရွှင်မှုကြောင့် မဟာကန္တာရညီလာခံကို လက်ခံကျင်းပပေးသည့် ကံတရားဝန်ကြီး အန်းချန်အား ဝန်ကြီးချုပ်ရာထူးချီးမြင့်ပြီး အဓိကစီရင်စုသုံးခု အဆင့်သို့ ဝင်ရောက်စေသည်။ ထိုရာထူးဖြင့် သူသည် အုပ်ချုပ်သူဆုံးဖြတ်များကို ပြောဆိုပိုင်ခွင့်ရှိသည်။

သို့သော်လည်း အန်းချန်၏ ရာထူးတိုးခြင်းက မြန်ဆန်လွန်းသည့်အတွက် ခုံရုံးအား ကမောက်ကမဖြစ်သွားစေပြီ အရာရှိများအား အလွန် မကျေမနပ်ဖြစ်သွားစေသည်။ အရာရှိများသည် ဝန်ကြီးချုပ်ရာထူးအား မင်းဆက်များစွာ ဖြတ်သန်းပြီးသည့်တိုင်အောင် မရရှိခဲ့ပေ။ အန်းချန်က ဝန်ကြီးချုပ်ရာထူးအား ဤသို့ တွေ့ဆုံပွဲတစ်ခုဖြင့် ရရှိသွားခြင်းက ရယ်စရာကောင်းနေသည်။

မနက်ခင်း ခုံရုံးတွင် ဆူပွက်နေသည်။ အရပ်သားများနှင့် စစ်ဘက်အရာရှိများက ကန့်ကွက်ကြသော်လည အင်ပါယာက မည်သည့်ပြောင်းလဲမှုမှ မရှိချေ။

အန်းချန်က ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သူ့ လူယုံတော်များကို အလျင်အမြန်ရာထူးတိုးပေးလိုက်သည်။ နှစ်ဝက်အတွင်း သူ့အား ဆန့်ကျင်သူများ ပျောက်ကွယ်သွားသည်။ အနည်းဆုံးတော့ ခုံရုံးထဲတွင် မည်သည့် အသံမှ မကြားရတော့ချေ။

သင်းဟဲခေတ် သက္ကရာဇ်၄…။

ဂျူလိုင်လ အစတွင် မဟာကျင်း၏ မြောက်ပိုင်းဒေသတွင် ရှားပါးသော မိုးခေါင်မှုဖြစ်ပွားသည်။ လဝက်အတွင်း မိုးခေါင်မှုကြောင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်ကာ မရေမတွက်နိုင်သော ပြည်သူပြည်သူများကို ခံစားရစေသည်။

လုံချီတောင်တန်းတွင်…။

“မိုးခေါင်တာလား… ရယ်စရာကောင်းလိုက်တာ။ နောက်ကွယ်မှာကံတရားဌာနက လူတစ်ယောက် သေချာပေါက်ရှိနေပြီး အဲဒီဧရိယာရဲ့ ကံတရားကို အကြီးအကျယ်လျော့ကျသွားစေတာဖြစ်မယ်။ မဟုတ်ရင် မဟာကျင်းရဲ့ ကံတရားနဲ့ ဘယ်လိုလုပ်ပြီးဒီလို ကပ်ဘေးတစ်ခုဖြစ်လာမှာလဲ”

ချန်လီသည် အထင်သေးစွာပြောလိုက်သည်။ သူ့အသံက ရေခဲကဲ့သို့ အေးစက်နေသည်။

အရှင်ပိုင်သည် ခေါင်းခါလျက် ပြောလိုက်သည်။

“ကြည့်ရတာ အခုအင်ပါယာက ကံတရားလမ်းကြောင်းကို မသိတဲ့ပုံဘဲ။ သူ့ဘေးမှာ သစ္စာရှိတဲ့ အရာရှိတဲ့ မရှိတဲ့အတွက် ပြည်သူပြည်သားတွေကို စိတ်ပျက်စေတယ်”

ချန်လီက ပြောလိုက်သည်။

“ဒါက သူ့ရွေးချယ်မှုပဲ။ အန်းချန်ကို အရေးပါတဲ့ ရာထူးပေးပြီးကတည်းက သူ မှားသွားပြီ။ ဒီ အန်းချန်က သူတော်စင်ချီနဲ့ ဆရာတပည့်ဆက်ဆံရေးကို ချိုးဖျက်သွားတဲ့ သူပဲ။ အရှင်မင်းကြီးက သူ့ကို အမြင့်ကြီးတွေးထားတော့ သူ ပြုစားခံရလိမ့်မယ်။ အန်းချန်က တကယ် လုပ်နိုင်စွမ်းရှိတယ်။ တစ်နှစ်အတွင်း သူ့အာဏာကျယ်ပြန့်လာတယ်။ သူ့ကို ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေ အများကြီး ရှိမယ်ထင်တယ်”

သူသည် ကျန်းရှန်ချန်းအား ကြည့်လျက်ပြောလိုက်သည်။

“တာအိုဘိုးဘေး…ဒါကို သည်းခံနိုင်ရမယ်။ အဆင့်ချိုးဖျက်နိုင်မယ့် အခွင့်အရေး လာနေပြီ”

ကျန်းရှန်ချန်းသည် ပြန်မဖြေချေ။ သူ့ဘေးတွင် လဲလျောင်းနေသော ပိုင်ချီက မကျေမနပ်ပြောလိုက်သည်။

“ဆရာက လေနဲ့ မိုး ဆင့်ခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပြီ။ ဒါပေမဲ့ သူတို့က ဆူပူအပြစ်တင်နေတုန်းပဲ”

လီရီသည် မိုးကြိုးနတ်ဘုရားဖြစ်ပြီး မိုးကြိုးများနှင့် တိမ်ပင်လယ်အား ဆင့်ခေါ်နိုင်သည်။ သိူ့သော်လည်း ပြဿနာက ထိုနေရာရှိ ကံတရားပင်ဖြစ်၏။ သူ့အရည်အချင်းဖြင့် နေ့တိုင်း လေနှင့် မိုးကြိုးကို ဆင့်ခေါ်နိုင်ခြင်းမရှိချေ။ သူ့၏ ကပ်ဘေးမှ ကယ်တင်ရန် ကြိုးစားမှုမအောင်မြင်သည့်အခါ ပြည်သူပြည်သားများသည် သူ့အား ဆူပူအပြစ်တင်လာကြသည်။ ထိုတုန့်ပြန်မှုက စိတ်ပျံ့နှံ့ခြင်းဘုံသို့ ပျံ့နှံ့သွားပြီး ယုံကြည်သူများအား အလွန်မပျော်မရွှင်ဖြစ်သွားစေသည်။

မဟာကျင်း၏ လူများ ခံစားနေရသည်မှာ ကြာပေပြီ။ အနည်းဆုံး ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့ရမည်ဟု မည်သည့်အခါမှ မတွေးထားချေ။ ထိုထိခိုက်ခံစားရသော ပြည်သူများက မိုးကြိုးနတ်ဘုရား၊ တာအိုဘိုးဘေးနှင့် အင်ပါယာခုံရုံးတို့အား ဆဲဆိုကြိမ်းမောင်းကြသည်။ မိုးကြိုးနတ်ဘုရားကို ကျေးဇူးတင်ရမည့်အစား သူ့တို့ဒေါသအား ပုံချနေကြသည်။

တာအိုဘိုးဘေးကို လူများ ပိုပို၍ ဖြေရှင်းချက်တောင်းလာကြသည့်အခါ တာအိုဘိုးဘေးအား ယုံကြည်သူများသည် ပို၍ စိတ်ပျက်လာကြသည်။ စိတ်ပျံ့လွင့်ခြင်းဘုံတည်ရှိသည့်အတွက် ဤကိစ္စသည် ကံတရားဌာနနှင့် ဆက်စပ်နေသည်ကို ယုံကြည်သူများက သိထားကြသည်။ တာအိုဘိုးဘေး၏ အပြစ်မဟုတ်ချေ။ သို့သော်လည်း စစ်ဦးစီးချုပ်များက အင်ပါယာ၏ အမိန့်ကို မလွန်ဆန်နိုင်သည့်အတွက် တာအိုဘိုးဘေးအပေါ်သာ အပြစ်တင်လိုက်ကြသည်။ အကြောင်းပြချက်က မည်သည်နည်း။ ရလဒ်အနေဖြင့် မဟာကျင်းတွင် အင်အားစုနှစ်ခု စတင်ဖြစ်ပေါ်လာသည်။

တာအိုဘိုးဘေးကို ယုံကြည်သူများက အင်ပါယာအား ပုန်ကန်ရန်ပင် တွေးတောလာကြသည်။

ကျန်းရှန်ချန်း၏ ယုံကြည်သူများသည် အင်ပါယာခုံရုံးမှ သိုင်းကမ္ဘာကြီးအောက်ခြေအထိ တည်ရှိပေသည်။ ထိုအင်အားစုများဆုံတွေ့လျှင် မဟာကျင်းကိုပင် ပြောင်းပြန်လှန်နိုင်သည်။ သို့သော်လည်း ကျန်းရှန်ချန်းက ထိုသို့ မလုပ်ချေ။ မင်းဆက်အား စီမံရန် အင်အားလိုပေသည်။ ကျန်းမိသားစုမျိုးဆက်များက အခြေအနေကို ပြောင်းလဲနိုင်မည်လားဆိုသည်ကို သူသိချင်နေသည်။

“သူတို့ ထိခိုက်ခံစားမှုရှိတာကို မေ့လျော့နေကြတာ ကြာပြီ။ မဟာကျင်းရဲ့ အေးချမ်းသာယာမှုကို ဘယ်သူယူဆောင်လာသလဲဆိုတာကိုလည်း မေ့နေကြပြီ”

ကျိဝူကျွင်းက ပြောလိုက်သည်။

“အန်းချန်ရဲ့ ပြဿနာဖြစ်စေတဲ့ ကိစ္စကို ထပ်ပြောရရင် နောက်ကွယ်မှာ အကွက်ချကြံစည်နေတဲ့သူတစ်ယောက်ရှိမယ်ထင်တယ်။ ဘာလို့ ကံတရားစစ်ရေးအရာရှိက မိုးခေါင်းမှုကို ဖန်တီးပြီး လူထုကို ဒေါသထွက်စေတာလဲ။ ရည်ရွယ်ချက်က ဘာလဲ”

မုလင်းလောသည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“အန်းချန်က ပုန်ကန်ချင်နေတယ်လို့ ပြောချင်တာလား။ အင်ပါယာ ရှုံးနိမ့်စေဖို့ လူထုကို အရင်လှုံ့ဆော်လိုက်တာလား”

ကျိဝူကျွင်းသည် ခေါင်းညိတ်လျက်ပြောလိုက်သည်။

“ကံတရားဌာနရဲ့ လူတိုင်းက အန်းချန်ရဲ့ လက်ပါးစေတွေဖြစ်တယ်။ ဘယ်လိုလုပ်ပြီး သူ မသိဘဲ နေမှာလဲ”

သူမက အန်းချန်အား သတ်လိုက်ရမလားဟု မုလင်းလော မေးချင်သော်လည်း ချန်လီ၏ မဟာအကြံအစည်နှင့် ကျန်းရှန်ချန်း၏ တိတ်တဆိတ်သဘောတူမှုတို့ကို မြင်သောအခါ သူမသည် တိတ်ဆိတ်သွားရသည်။ မင်းမျိုးမင်းနွယ်များနှင့် အရာရှိများသည် မဟာကျင်း၏ အင်ပါယာစွမ်းအားကို ထိန်းချုပ်နေပြီး ပြိုင်ဆိုင်မှုများက ဖြေရှင်း၍ မရသည့်အထိ ပြင်းထန်လာသည်။ မူမိသားစုမှ လူတချို့ပင် ဖြေရှင်းချက်တောင်းနေကြသည်။

“အန်းချန်နောက်မှာ လူအများကြီး ရှိလိမ့်မယ်။ သူတို့ကိုသာ ဖော်ထုတ်လိုက်ရင် အင်ပါယာတောင် သေသွားလောက်တယ်။ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေပြီး သူတို့လည်း တိုက်ခိုက်နေကြတာဆိုတော့ ဒီအတိုင်း လွှတ်ထားလိုက်တော့။ ကမ္ဘာကြီးက သူတို့ကို ဒေါသထွက်ရင် တာအိုဘိုးဘေးက ကျန်းမိသားစုရဲ့ အင်ပါယာစွမ်းအားကို ထောက်ပံ့ပေးလိမ့်မယ်။ ဒီအချိန်ကျရင် အင်ပါယာကို လူတွေ ချစ်မြတ်နိုးလာလိမ့်မယ်။ မင်းမျိုးမင်းနွယ်မိသားစုတွေကိုလည်း ရှင်းလင်းနိုင်ပြီး လူတွေကို ကောင်းမွန်စွာ ထားနိုင်လိမ့်မယ်”

ချန်လီသည် သက်ပြင်းချလိုက်၏။ သူ့စကားများက ရက်စက်သော်လည်း ငြင်းပယ်စရာမရှိချေ။

အမှန်တရား အမှန်တကယ် အထင်နှင့်အမြင်လွဲနေသည်။

ကျန်းရှန်ချန်းသည် တွက်ချက်မှုတချို့ပြုလုပ်ခဲ့သည်။ သူအပြင် မဟာကျင်း၏ အသန်မာဆုံးလူသည် တုန်းထျန်းတိဖြစ်နေဆဲပင် ဖြစ်သည်။

မည်သူက မည်မျှပင် အကွက်ချကြံစည်နေပါစေ သူ့ရှေ့တွင် ပုရွက်ဆိတ်သာသာဖြစ်သည့်အတွက် သူဂရုမစိုက်ချေ။

အောက်တိုဘာလတွင် မိုးခေါင်မှုအဆုံးသတ်သည်။ သို့သော်လည်း နှစ်အကုန်ပိုင်းတွက် မဟာကျင်း၏ အရှေ့ဘက်အရပ်၌ နှင်းမုန်တိုင်းနှင့် ကြုံတွေ့ရသည်။

သင်းဟဲခေတ် သက္ကရာဇ် ၅၊ မတ်လအစတွင်…။

အင်ပါယာ စာကြည်ခန်း၌…။

အင်ပါယာသည် ဆုတောင်းဖျာတစ်ခုပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင် မှတ်တမ်းများ အများအပြားရှိနေသည်။ သူသည် ထွက်ပေါ်လာသော နေမင်းအား မျက်နှာမူလျက် ကျင့်ကြံသည့် ပုံစံပြုလုပ်လိုက်သည်။

အန်းချန်သည် ရောက်ရှိလာပြီး အခန်းထဲသို့ တစ်ယောက်တည်းဝင်ရောက်လာသည်။

အင်ပါယာသည် မျက်လုံးမဖွင့်ဘဲ မေးမြန်းလိုက်သည်။

“မဟာကျင်းရဲ့ ကံတရား မတည်မငြိမ်ဖြစ်တဲ့ နောက်ကွယ်က အကြောင်းပြချက်ကို ရှာတွေ့ပြီလား”

အင်ပါယာတစ်ပါးအနေအဖြင့် ကုန်းမြေ၏ ကံတရားကို ခံစားနိုင်သော်လည်း ကံတရားမတည်မငြိမ်ဖြစ်သည့် ကိစ္စကိုတော့ ခံစား၍ မရဖြစ်နေသည်။

“ဒါတွေအားလုံးက သိုင်းကမ္ဘာကြီးရဲ့ ဂိုဏ်းတွေအချင်းချင်းတိုက်ခိုက်မှုကြောင်းပါ။ လူတွေအများကြီး သေကြပေမယ့် စစ်ဦးစီးချုပ်တွေက အဆင်ပြေနေတယ်။ အရှင်မင်းကြီး သိုင်းကမ္ဘာကြီးကို ပြန်လည်စုစည်းရမယ့်အချိန်ရောက်ပါပြီ။ သူတို့က အကြောင်းမဲ့တိုက်ခိုက်ပြီး သာမန်ပြည်သူတွေကို အလွယ်တကူ ဒဏ်ရာရစေတယ်။ တိုင်းပြည်ရဲ့ ဥပဒေတွေကို လျစ်လျူရှုထားတဲ့အတွက် ဘယ်နည်းနဲ့မှ ခွင့်လွှတ်ပေးလို့မရပါဘူး” အန်းချန်သည် အရိုအသေပေးလျက် ပြောလိုက်သည်။ သူ့အမူအရာက အလွန်ရိုကျိုးနေပြီ ဝန်ကြီးချုပ်နှင့်ပင် မတူချေ။

အင်ပါယာက ဆက်ပြောလိုက်သည်။

“ဒါဆိုလည်း သူတို့ကိုဖိနှိပ်ပြီး သိုင်းကမ္ဘာကြီးအတွက် ခေါင်းဆောင်တစ်ယောက်ခန့်လိုက်ပါ။ မင်း ဒီကိစ္စအတွက် တာဝန်ယူရမယ်”

“ကောင်းပါပြီ”

အန်းချန်သည် ပြန်ဖြေလိုက်သည်။ ထို့နောက်ညသူသည် သစ်သားသေတ္တာတစ်လုံးအား ထုတ်ယူကာ ပြောလိုက်သည် ။

“အရှင်မင်းကြီး…ဒါက လိပ်အဆီအနှစ်ဆေးလုံးပါ။ ဒါက နှစ်တစ်သောင်းအနက်ရောင်လိပ်သွေးချီက ဖွဲ့စည်းထားပြီး တစ်ယောက်ယောက်ရဲ့ သက်တမ်းကို တိုးတက်စေနိုင်ပါတယ်”

အင်ပါယာသည် မျက်လုံးဖွင့်လျက် ထိုပစ္စည်းအား ယူလိုက်သည်။

“မဆိုးဘူး…မင်းက အလိုက်သိသားပဲ”

အန်းချန်သည် ပြုံးလျက်ပြောလိုက်သည်။

“ဒါက အရှင်မင်းကြီးရဲ့ ကြင်နာမှုကြောင့်ပါ။ အရှင်မင်းကြီး အသက်နှစ်ပေါင်း ၁၀၀၀၀ရှင်သန်နိုင်ရင် ကျွန်တော် နှစ်ပေါင်း၁၀၀၀၀လွတ်လွတ်လပ်လပ်နေရတာပါပဲ”

အင်ပါယာသည် ဒေါသထွက်စွာ ပြောလိုက်သည်။

“နှစ်ပေါင်း၁၀၀၀၀လား။ နှစ်ပေါင်း၂၀၀ကျော်လောက် နေရရင်ကို ငါ့အတွက် မဆိုးဘူး”

သူတို့နှစ်ယောက်သည် တခဏလောက် စကားပြောလိုက်ကြပြီး မကြာမီ အန်းချန်ထွက်ခွာသွားသည်ာ

အင်ပါယာသည် ဆက်လက်ကျင့်ကြံသည်။

သူ့လူယုံများအား အစားထိုးပြီးနောက် သူ့အာဏာကို လွှဲပြောင်းပေးထားရခြင်းအား နှစ်သက်လာသည်။ မဟာကန္တာရညီလာခံအောင်မြင်မှုနှင့် မျိုးနွယ်စုအမျိုးမျိုး၏ ကြေညာမှုများသည် မဟာကျင်းအား ဖယ်ရှားခြင်းကို ညွှန်ပြသည်။ သူ့အမြင်အရ သူသည် ဟုန်ကျုံးပေးသောတာဝန်ကို ပြီးဆုံးသည့်အတွက် အလုပ်ကြိုးစားရန် မလိုတော့ခြင်း ဖြစ်သည် ဟူ၏။ သူသည် အချိန်အများစုအား ကျင့်ကြံခြင်းနှင့် ဆေးလုံး သန့်စင်ခြင်းတို့တွင် ကုန်ဆုံးသည်။

ကျန်းရွှယ်နျန်းက အတွင်းကောင်းကင်နယ်ပယ်သို့ ရောက်ရှိလျင် ရာဇပလ္လင်ကို သူလွှဲပြောင်းပေးမည်။ ဤသို့ဖြင့် ကျန်းရွှယ်နျန်းသည် အရာရှိများအား ဖိနှိပ်ကာ အရင်အင်ပါယာ၏ အခြေအနေများကို ဖြေရှင်းနိုင်ပေမည်။

အရာရာတိုင်းက သူ့ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု အင်ပါယာ ခံစားနေရသည်။ သို့သော်လည်း မင်းဆက်၏ ကံတရားအဆက်မပြတ်ပြောင်းလဲလာသည့်အတွက် သူဝင်ပါရပေတော့မည်။

၎င်းက ကံတရားမင်းဆက်၏ အကျိုးသက်ရောက်မှုပင်။ ကံတရားက ကမ္ဘာကြီးအား အထင်သေးနေသည်မှာသိသာသည်။

သို့သော်လည်း…။

ကံတရားအဆက်မပြတ်ပြောင်းလဲမှုက ဆက်ဖြစ်နေဆဲဖြစ်သည်။

နိုဝင်ဘာလတွင်…။

အင်ပါယာသည် အင်ပါယာစာကြည့်ခန်း၌ အလွန်မဲမှောင်သော အမူအရာဖြင့် ထိုင်နေသည်။ အန်းချန်သည် အလျင်အမြန်ရောက်ရှိလာပြီး အရိုအသေပေးလိုက်သည်။

“မြန်မြန်ပြောစမ်း…ဘာဖြစ်နေတာလဲ”

အန်းချန်သည် အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေလိုက်သည်။

“တစ်ယောက်ယောက်က မင်းဆက်ကို ပုန်ကန်ဖို့ ‌လှုံ့ဆော်ခဲ့တဲ့အတွက် မင်းဆက်ရဲ့ ကံတရား သိသိသာသာပြောင်းလဲသွားပါတယ်။ အရှင်မင်းကြီး…မစိုးရိမ်ပါနဲ့။ ဒီကိစ္စကို ဖြေရှင်းဖို့ လူတစ်ယောက်စေလွှတ်ထားတဲ့အတွက် မကြာခင် အဆင်ပြေသွားပါလိမ့်မယ်..”

All Chapters