← Chapters

မင်းဆက်က စစ်တုရင်ခုံတစ်ခုပဲ

Vol. 21 Ch. 309

မင်းဆက်က စစ်တုရင်ခုံတစ်ခုပဲ

Vol. 21 Ch. 309

“ပုန်ကန်တာလား။ သူတို့ဘာလို့ ပုန်ကန်တာလဲ။ ငါ သူတို့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးလား”

အင်ပါယာသည် မျက်မှောင်ကြုတ်လျက် လေးနက်စွာ မေးလိုက်သည်။ သူ့မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နေသည်။

အန်းချန်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။

“အတိတ်က မကျေနပ်မှုတွေကို စုစည်းနေကြရုံပါ။ အရှင်မင်းကြီး…ဒီလိုမျိုးကိစ္စတွေ အတိတ်တုန်းက မကြာခဏဖြစ်လေ့ရှိတာကို မေ့ထားလို့ မရပါဘူး”

အင်ပါယာသည် ထိုသို့ကြားသည့်အခါ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

အမှန်ပင်…။

ဤသို့ပြဿနာသည် ယခင်က မကြာခဏဖြစ်ပျက်လေ့ရှိပေသည်။

သူတို့သည် မဟာကန္တာရမှ လာသည့်တိုင် သိုင်းနည်းစနစ်အရင်းအမြစ်များ၊ မင်းမျိုးမင်းနွယ်မိသားစုများ၏သိုင်းနည်းစနစ်များနှင့် မြင့်မြတ်မှုများသည် အရပ်သားများဆီမှ ဖျစ်ညှစ်ယူဆောင်နေကြသည်။ သူတိုင်းသည် သိုင်းနည်းစနစ်များ လေ့ကျင့်ပြီး နေကြလျှင် မဟာကျင်းအတွက် အရာရှိများအဖြစ် မည်သူက ပြုလုပ်မည်နည်း။

၎င်းက ဖြေရှင်း၍ မရသော ပြဿနာပင်။ လူသားတို့၏ ဘဝ အဆင်မပြေဖြစ်လာသည်နှင် မကျေနပ်မှုများ များပြားလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် စစ်ပွဲများ ဖြစ်လာပေမည်။

စစ်ဖြစ်ရန် အင်ပါယာက ခွင့်မပြုနိုင်ချေ။ စစ်ပွဲ၏ အကျိုးအမြတ်က မင်းမျိုးမင်းနွယ်များကို တိုက်ခိုက်သည် သူပုန်များအပေါ်တွင်သာ ရှိသည်။ သူ့အတွက်တော့ အကြီးမားဆုံးအန္တရာယ်ပင် ဖြစ်၏။

အင်ပါယာသည် ပို၍တွေးတောလေလေ ပို၍ ခေါင်းကိုက်လာလေလေ ဖြစ်သည်။ သူသည် သူ့အဖေနှင့် အန်းကျုံးအကြောင်းအားတွေ့လျက် သက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီး…မစိုးရိမ်ပါနဲ့… ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချသင့်တယ်လို့ ထင်ပါတယ်”

အန်းချန်သည် တီးတိုးရေရွတ်လိုက်ပြီး အင်ပါယာက သူ့အား ကြည့်လိုက်သည်။

အန်းချန်က ပြောလိုက်သည်။

“ကျွန်တော် ရဲတင်းတဲ့ အကြံတစ်ခုပေးပါရစေ။ ကျွန်တော်တို့ ပုန်ကန်မှုကို ပိုပြီး ကြီးမားအောင် ဘာလို့ မလုပ်ရမှာလဲ။ အခု လက်ရှိမှာ မင်းဆက်က အရှင်မင်းကြီးတစ်ယောက်တည်း ပိုင်ဆိုင်နေတာ မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက မင်းဆက်တွေ အမျိုးမျိုးပြောင်းလဲသွားပေမယ့် မင်းမျိုးမင်းနွယ်တွေတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ သူတို့ ခွန်အား ထိခိုက်သွားရုံလောက်ပဲ ရှိခဲ့တာပါ။ အမှန်တော့ ဒါက ပြောင်းလဲဖို့ လိုပါတယ်။ ဒီပုန်ကန်မှုကို သုံးပြီး သာမန်ပြည်သူတော်အပေါ် သူတို့ရဲ့ အနိုင်ကျင့်မှုတွေကို သာမန်ပြည်သူတွေ သိသွားစေနိုင်ပါတယ်။ ဒါမှသာ ပြည်သူတွေက အရှင်မင်းကြီးရဲ့ ကြင်နာမှုနဲ့ ခွန်အားကို သိလာမှာပါ။ အရှင်မင်းကြီး…ကျွန်တော့်ရဲ့ စကားတွေက လွန်လွန်ကျူးကျူးဖြစ်နေပေမယ့် အနာဂတ်မှာ အရှင်မင်းကြီးအတွက် အကျိုးအမြတ်ရစေနိုင်ပါတယ်။ ချွမ်လျန့်မျိုးနွယ်စု ကျွန်တော်တို့ကို မတိုက်ခိုက်သေးတာကို အခွင့်အရေးယူဖို့ အကောင်းဆုံးအချိန်ပါပဲ”

“ကမ္ဘာကြီး ဖရိုဖရဲဖြစ်လာရင် စိုးရိမ်ရမှာက အရှင်မင်းကြီးတစ်ယောက်တည်းမဟုတ်ပါဘူး”

အင်ပါယာသည် အန်းချန်အား အေးစက်စွာကြည့်လိုက်သည်။

အန်းချန်သည် ခေါင်းငုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

အင်ပါယာက မေးမြန်းလိုက်သည်။

“ဒီမင်းမျိုးမင်းနွယ်တွေ သူတို့ လိုအပ်ချက်ပြည့်သွားတာတောင် မရပ်တန့်ဘူးဆိုရင် ငါဘာဆက်လုပ်ရမလဲ”

အန်းချန်သည် ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုကို‌ ဖြေရှင်းနိုင်ဖို့ ကျွန်တော် သေပေးရင်ရပါတယ်။ အရှင်မင်းကြီးရဲ့ ဓားသွားကို ကျွန်တော်လက်ခံပါမယ်”

“အို… မင်းတကယ် ဆန္ဒရှိတာလား”

“ဟုတ်ပါတယ်… ကျွန်တော်က သူတော်စင်ချီရဲ့ အထွတ်အထိပ်နည်းစနစ်တွေကို သင်ကြားခဲ့ရတဲ့အတွက် ကျွန်တော် အတုအယောင် သေပေးလို့ရပါတယ်။ ပြီးရင် တခြားအသွင်အပြင်တစ်ခုနဲ့ အရှင်မင်းကြီးလက်အောက်မှာ အရာရှိငယ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ပါမယ်”

“ဒါက မင်းအတွက် မတရားဘူးမလား”

“ဒါက တခဏတာပါ။ အရှင်မင်းကြီးရဲ့ နှစ်ပေါင်းများစွာ ဂရုစိုက်မှုနဲ့ ယှဉ်ရင် မပြောပြလောက်ပါဘူ”

အန်းချန်၏ မြောက်ပင့်မှုကိုကြားပြီးနောက် အင်ပါယာ၏ မျက်နှာသည် မဲမှောင်နေဆဲဖြစ်သည်။

အင်ပါယာစာကြည့်ခန်း၏ လေထုသည် တင်းမာနေသည်။

အချိန်တခဏကြာပြီနောက်…။

အင်ပါယာသည် ဖြေးညှင်းစွာ ပြောလိုက်သည်။

“ဒီကိစ္စကို မင်းနဲ့ ထားခဲ့မယ်။ မင်းအကန့်အသတ်ကို မင်းသိရမယ်”

အန်းချန်သည် ကြည့်လျက်ပြောလိုက်သည်။

“အရှင်မင်းကြီး…မစိုးရိမ်ပါနဲ့။ ဒီကိစ္စအတွက် မင်းမျိုးမင်းနွယ်က လူတစ်ယောက် ရွေးချယ်လိုက်ပါမယ်”

အင်ပါယာသည် လက်ဝှေ့ယမ်းလိုက်ပြီး အန်းချန်သည် ချက်ချင်းထွက်ခွာသွားသည်။

အန်းချန်ထွက်သွားပြီးနောက် အင်ပါယာသည် စားပွဲအား ငါးချက် ဆက်တိုက်ခေါက်လိုက်သည်။ ချက်ချင်းပင် အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက စောရနတ်ဘုရားပင် ဖြစ်သည်။

အင်ပါယာက မေးမြန်းလိုက်သည်။

“မင်း သူ့အပေါ် အနိုင်ယူဖို့ ယုံကြည်မှု ဘယ်လောက်ရှိလဲ”

စောရနတ်ဘုရားက ပြန်ဖြေလိုက်သည်။

“များပါတယ်…သူနဲ့ သူ့မိသားစုကို ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်လိုက်လို့ရပါတယ်”

အင်ပါယာသည် နှာခေါင်းရှုံ့လျက် ပြန်ဖြေလိုက်သည်။

“သူ့ကို ဆက်ပြီး စောင့်ကြည့်ထားပါ။ ရန်သူကို တပ်လှန့်သလို မဖြစ်စေနဲ့… သူရဲ့ အဖြူရောင်ဝတ်ရုံဝတ်အစောင့်တွေအထဲ ထိုးဖောက်ဝင်ရောက်မှုကိုလည်း မနှောက်ယှက်ပါနဲ့။ အဓိက လူကို ဖမ်းမိတာနဲ့ အရာရှိလား၊ အစောင့်အရှောက်လား သိရတာပေါ့”

“ကောင်းပါပြီ…”

စောရနတ်ဘုရားက ပြန်ဖြေလိုက်သည်။

အင်ပါယာက မေးမြန်းလိုက်သည်။

“သူတော်စင်ကွမ်းကရော ဘယ်လိုလဲ။ သူ ဘာပြောလဲ”

စောရနတ်ဘုရားသည် အကူအညီမဲ့စွာ ပြန်ဖြေလိုက်၏။

“သူက ခုံရုံးကို မဝင်ချင်ပါဘူး…ဒါပေမဲ့ မျိုးနွယ်ခြားတွေသာ မဟာကျင်းကို ဝင်ရောက်လှုပ်ရှားလာရင် သူလှုပ်ရှားပါလိမ့်မယ်”

“ကောင်းတယ်… ဒါက လုံလောက်ပြီ… အနည်းဆုံး သူ ဘယ်သူကိုမှ မကူညီပေးသ၍ ငါ့အတွက် ကောင်းတယ်”

အင်ပါယာသည် လက်ဝှေ့ယမ်းလျက် စောရနတ်ဘုရားအား ထွက်သွားရန် ပြောလိုက်သည်။

စောရနတ်ဘုရားသည် ရိုသေစွာ အရိုအသေပေးလျက် အင်ပါယာစာကြည့်ခန်းမှ ထွက်ခွာသွားသည်။

ဒီဇင်ဘာလ အလယ်တွင် မြောက်ပိုင်းရွှမ်စီရင်စုသည် ပုန်ကန်သူများအား ဖိနှိပ်ရန် စစ်တပ်တစ်ခု ဖွဲ့စည်းသည်။ ရလဒ်အနေနှင့် သူတို့သည် အရှုံးနှင့် ရင်ဆိုင်လိုက်ရသည်။ သူပုန်အရေအတွက်သည် အဆက်မပြတ်တိုးပွားလာပြီး မြို့တော်များအားလုယက်ခြင်း၊ နယ်မြေများကို သိမ်းပိုက်ခြင်းတို့အား လျှင်မြန်စွာ လုပ်ဆောင်လာကြသည်။ လအကုန်ပိုင်းတွင် သူတို့သည် စီရင်စုအား သိမ်းပိုက်လိုက်သည်။

သူပုန်ခေါင်းဆောင်အမည်က ရှမန့်ဖြစ်ပြီး အင်ပါယာ စာမေးပွဲအား ကျရှုံးခဲ့သည့် ကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ သူသည် မင်းမျိုးမင်းနွယ်မိသားစုတစ်ခုအား အပြစ်ပြုမိသည့်အတွက် သူ့ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် မီးလောင်တိုက်အသွင်းခံလိုက်ရသည်။ သို့သော်လည်း သူသည် ကံကောင်း၍ တောင်တန်းများထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ သူ့ လုပ်ဆောင်ချက်များက မြောက်ပိုင်းရွှမ်စီရင်စုတစ်ခုလုံး လျင်မြန်စွာ ပြန့်နှံ့လာခဲ့ပြီး ပြည်သူပြည်သားများအား သူ့ဘက်သို့ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ရှမန့်သည် တောင်တန်းများကြားမှ အင်မော်တယ်တစ်ပါး၏ အမွေအနှစ်များကို ရရှိခဲ့ပြီး သူ့အဖွဲ့အင်အားသည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ စီရင်စုသိမ်းပိုက်သည့်တိုက်ပွဲတွင် သူသည် စစ်သည်တော်များကြား၌ တောက်ပစွာ ထွက်ပေါ်လာခဲ့ကာ တစ်ကမ္ဘာလုံးအား တုန်လှုပ်သွားစေသည်။

စစ်သည်တော်များကြားသို့ ရောင်ခြည်တန်းပစ်လွှတ်ခြင်းက တာအိုဘိုးဘေး၏ မှော်မန္တာန်မဟုတ်ဘူးလား။

ရှမန့်သည် တာအိုဘိုးဘေး၏ အမွေသို့မဟုတ် အင်မော်တယ်နတ်ဘုရားတစ်ပါး၏ အမွေအနှစ်အား ရရှိခဲ့သည်လား။

အချိန်သည် သင်းဟဲခေတ် သက္ကရာဇ် ၆သို့ ရောက်ရှိလာသည်။ ဇန်နဝါရီလ အဆုံးတွက် လုံချီဘုရားကျောင်းနှင့် ရှမန့် ည်သည့် ပတ်သတ်မှုမှ မရှိသလို တာအိုဘိုးဘေး၏ တပည့်တစ်ယောက်လည်း မဟုတ်ကြောင်း လုံချီဘုရားကျောင်းက ကြေညာသည်။ ၎င်းအား ဖြေရှင်းချက်ပေးခြင်းဖြစ်သည်ဟု သတ်မှတ်၍ရသည်။ လုံချီဘုရားကျောင်း၏ လွှမ်းမိုးမှုက ကြီးမားနေသေးသလို တာအိုဘိုးဘေးအပေါ် လေးစားမှုသည်လည်း ကြီးမားနေကြပေသေးသည်။

“ကောင်းကင်ဘုံက လူတွေကို မကြင်နာသလိုပဲ အရာရှိတွေကလည်း မကြင်နာကြဘူး။ လူတွေကပဲ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်”

သာမန်အရပ်သားအများစုသည် မြောက်ပိုင်းရွှမ်စီရင်စုသို့ မင်းဆက်မှ ဦးတည်သွားကြပြီး သိုင်ကမ္ဘာကြီးတစ်ခုလုံး ဆူပွက်နေသည်။

ဖေဖော်ဝါရီလတွင် လက်အောက်ခံဘုရင်နှစ်ပါးသည် မြောက်ပိုင်းရွှမ်စီရင်စုအား တိုက်ခိုက်သည်။ အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် သူတို့အား လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခုဝင်ရောက်တိုက်ခိုက်သည့်အတွက် အရှုံးနှင့် ရင်ဆိုင်ရသည်။ လက်အောက်ခံဘုရင်နှစ်ပါးက သူတို့၏ မြင်းများကို စွန့်ခွာကာ ပျံသန်းထွက်ပြေးရသည်။ ထို့နောက် ရှမန့်၏ အမည်သည် တစ်ကမ္ဘာလုံးကို လှုပ်ခါသွားစေသည်။

၃လကြာပြီးနောက် အင်ပါယာက အမိန့်တစ်ခု ထုတ်ပြန်သည်။ ရှမန့်အား သတ်ဖြတ်နိုင်သည့်သူ မည်သူ့ကိုမဆို ဘုရင့်ရာထူးပေးမည် ဟူ၏။

မင်းဆက်ထဲရှိ စီရင်စုအားလုံးသည် အသည်းအသန်ဖြစ်သွားရသည်။ ရှမန့်သည် မဟာကျင်းတွင် မသိသူမရှိသော တည်ရှိမှုတစ်ခု ဖြစ်သွားသည်။

ဧပြီလနှင့် ဂျွန်လကြားတွင် ရှမန့်သည် အရှုံးပေးရန် ငြင်းပယ်ပြီး နောက်ထပ်စီရင်စုတစ်ခု သိမ်းပိုက်သည်။

ခြံဝင်းတစ်ခုတွင်…။

ချန်လီသည် ရေရွတ်လိုက်သည်။

“ဘယ်လောက်တောင် တရားလွန်လိုက်သလဲ… ရှမန့်ရဲ့ နောက်ကွယ်မှာ လူဘယ်လောက်ရှိမလဲ သိချင်သွားပြီ”

ရဲရွှမ်သည် သူ့လက်များအား ပွတ်သပ်လျက် ပြုံးလိုက်သည်။

“သူ့ကို ဖြေရှင်းပြီး ဘုရင့်ရာထူး ယူလိုက်ရင် ကောင်းမလား”

မုလင်းလောက ပြောလိုက်သည်။

“မူမိသားစု ပို့လိုက်တဲ့စာအရ ရှမန့်လက်အောက်မှာ အတွင်းကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ၁၀၀ကျော်ရှိတယ်။ တချို့က လက်အောက်ခံဘုရင်တွေဆီကဖြစ်ပြီး တချို့က မြင့်မြတ်မိသားစုတွေဆီကပဲ။ သူ့ကို ဘယ်သူထောက်ပံ့ပေးနေသလဲဆိုတာ သိဖို့ခက်မယ်ထင်တယ်”

ပိုင်ချီကလည်း ပြောလိုက်သည်။

“အင်ပါယာများ ဖြစ်နေမလား”

ရဲရွှမ်သည် မျက်လုံးလှိမ့်လျက် ပြောလိုက်သည်။

“အင်ပါယာက အရူးလား။ သူပုန်တစ်ယောက်ကို ထောက်ပံ့ပေးနေတာဆိုရင် သူ့ကို ခြေရင်းအောက် ပစ်ချထားလိုက်ဖို့ ကောင်းနေပြီ”

အဆင့်ချိုးဖျက်ပြီးနောက် ကိုယ်ပိုင်ကံတရားကို ဖန်တီးပြီး မဟာကျင်း၏ အင်ပါယာအပေါ် သက်တမ်းလျော့စေခြင်း ကန့်သတ်ချက်ကို ပျက်ပြယ်သွားစေနိုင်ခြင်းတို့ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ဤအတွေးများရှိနေသည်မှာ ကြာပြီဖြစ်ပြီး ငရဲဘုံမှ စတင်မိခြင်းဖြစ်သည်။

အကယ်၍ မဟာကျင်းသည် ငရဲဘုံနှင့်တူလျှင် မဟာကျင်း၏ လူများသည် မင်းဆက်၏ ကံတရားကိုပိုမိုကောင်းမွန်လာစေနိုင်ပြီး သူ့အား စွမ်းအားများ ပိုရလာစေနိုင်ကာ ၎င်းတို့ကို ထိန်းချုပ်အသုံးပြုနိုင်ခြင်းပင် ဖြစ်လာနိုင်သည်။

လက်ရှိတွင် ၎င်းက ယူဆချက်တစ်ခုသာ ဖြစ်ပေသေးသည်။ အောင်မြင်ရန်အတွက် ကျန်းရှန်ချန်းတွင် ယုံကြည်ချက်မရှိချေ။

တဖက်တွင်…အဆုံးမဲ့ပင်လယ်၊ ကွမ်းထျန်း…။

ခံနားသော‌ခန်းမတစ်ခု၌ ကွမ်းထျန်း၏ အင်ပါယာသည် နဂါးပလ္လင်၌ ဖြူဖျော့သော အသွင်အပြင်ဖြင့် ထိုင်နေသည်။ သူသည် ခန်းမရှိ အရာရှိများကို ကြည့်လျက်မေးမြန်းလိုက်သည်။

“ကောင်းကင်ဗိုလ်ချုပ်က ဒီမှာ မရှိပေမယ့် နတ်ဆိုးတွေ ကျူးကျော်လာပြီ။ ကွမ်းထျန်းက ဘာလုပ်သင့်လဲ”

သူသည် အင်ပါယာ၏ ရုပ်သေးတစ်ခုသာ ဖြစ်သည့်အတွက် မည်သည့်စွမ်းအားမှ မပြသချေ။ သို့သော်လည်း ကွမ်းထျန်း၏ ကံတရား ကျဆင်းလာသည့်အတွက် သူ၊ သူ့ကလေးများနှင့် မျိုးဆက်များ အားလုံး သေသွားပေမည်။

All Chapters