ကောင်းကင်ဘုံ၏ အကူအညီ၊ တာအိုဘိုးဘေး၏ ပြောင်းလဲမှု
Vol. 21 Ch. 311
“ဆရာ…ကျွန်တော်က တိတ်ဆိတ်ပြီး ငြိမ်သက်တာကို နှစ်သက်ပါတယ်။ သူတို့က အရမ်း ဆူပူလွန်းတယ်”
ငယ်ရွယ်သော ကျန်းရှန်ချန်းသည် ပြန်ဖြေလိုက်သည်။ သူ့အသံက ညှင်သာလွန်းနေပြီး စိတ်ရှုပ်ထွေးနေသည့်ပုံပေါ်သည်။
တာအိုဆရာသခင်ချင်းရှသည် သူ့အား ထိတ်လန့်ဖွယ်ကောင်းစွာ တည်ငြိမ်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ထိုရှုထောင့်မှ တာအိုဆရာသခင်ချင်းရှ၏ အမူအရာကို ကျန်းရှန်ချန်းသည် ရှင်းလင်းစွာ မြင်နေရသည်။
“ငါ့မှတ်ဉာဏ်တွေထဲမှာ သူ့မျက်လုံးတွေကို မမြင်နိုင်ဘူး။ ဒါက ပုံရိပ်ယောင်လား။ ဒါမှမဟုတ် အတိတ်ကို ပြန်မြင်နေရတာလား”
ကျန်းရှန်ချန်းသည် တိတ်တဆိတ်တွေးတောလိုက်ပြီး အတိတ်ကို ပြန်မြင်နေရခြင်းက မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။ အကယ်၍ အတိတ်သို့ ပြန်မြင်နေရခြင်းမဟုတ်လျှင် ငယ်ရွယ်သောသူ နှင့် တာအိုဆရာသခင်ချင်းရှက သူ့ကို မည်သည့်အတွက် မမြင်နိုင်ရသနည်း။
သူ့စိတ်များ ပျံ့လွင့်နေခြင်း ဖြစ်နိုင်သည်လား။
“ရှန်ချန်း… မင်း ငယ်ငယ်လေးကတည်းက မင်းမှာ ကိုယ်ပိုင်အတွေးတွေရှိတယ်။ မင်းဘာတွေးနေလဲဆိုတာ ငါတောင် မသိနိုင်ဘူး။ မင်းရဲ့ ကြီးထွားလာမှုကို ငါအရမ်းကျေနပ်ပျော်ရွှင်မိတယ်။ မင်းရဲ့ လက်ရှိ အတွေးတွေကို ဆက်လက်ထိန်းသိမ်းထားတာက အကောင်းဆုံးပဲ။ ပြောင်းလဲစရာ မလိုဘူး”
တာအိုဆရာသခင်ချင်းရှသည် ရှုပ်ထွေသော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းရှန်ချန်းသည် သူ့အတွေးများကို နားလည်ပေသည်။ ကျန်းရှန်ချန်းသည် လုံလောက်စွာ နှိမ့်ချနေထိုင်နေသည့်အတွက် ကျန်းယွင်အား ပြဿနာမဖြစ်စေချေ။ ကျင်းချန်ရှိလူများသည် လုံချီဘုရားကျောင်း၌ သူ့ကဲ့သို့ လူတစ်ယောက်ရှိသည်ကို မသိကြချေ။ ဤသို့ဖြင့် သူသည် မင်းမျိုးမင်းနွယ်များနှင့် ထိတွေ့ဆက်ဆံနိုင်မည်မဟုတ်ချေ။
အတိတ်တုန်းက သူ့အားကာကွယ်ရန်နှင့် ဧကရီမိသားစုအား ဖိနှိပ်နိုင်ရန် ကျန်းယွင်သည် သူ့ကို လုံချီဘုရားကျောင်းဆီသို့ ပို့ပေးခဲ့သည်။ သို့သော်လည်း သူ့အား သတ်ဖြတ်လိုသည် လူများ မရေမတွက်နိုင်အောင်ရှိနေသည်။ သူတို့သည် တခြားမင်းသားများ၏ လက်အောက်ခံများဖြစ်သလို မဟာယာနနဂါးမျှော်စင်၏ လက်အောက်ခံများ ဖြစ်ကြသည်။ သူတို့အား ကျန်းယွင်သည် နတ်ဆိုးဂိုဏ်း၏ အကူအညီဖြင့် ဖြေရှင်းခဲ့သော်လည်း အဓိက သူရှင်သန်နေရသည့်အကြောင်းရင်းသည် သူ၏ အသက်ရှင်သန်ခြင်းနည်းစနစ်နှင့် ငယ်စဉ်ကတည်းက သူ၏ လေ့ကျင့်မှုများကြောင်းဖြစ်သည်။ မဟုတ်လျှင် သူသည် နတ်ဆိုးဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေပြီ။
ထိုသို့တွေးပြီး ကျန်းရှန်ချန်းသည် သူ ယခုမည်သည့်အတွက် ဤနေရာတွင် ရှိနေရသည်ကို နားလည်သွားသည်။
တာအိုဆရာသခင်ချင်းရှ၏ စကားများက သူ့အား နားလည်သွားစေသည်။
သူသည် နှိမ့်ချစွာ နေရမည်ကို သဘာဝကျစွာပင် နားလည်ပေသည်။
နှိမ့်ချစွာ နေခြင်းထက် တခြားကိစ္စများလည်း ရှိပေသေးသည်။
“နားလည်သဘောပေါက်အောင် ကူညီပေးလို့ ကျေးဇူးပါ…ဆရာ”
ငယ်ရွယ်သော ကျန်းရှန်ချန်းသည် ကြည့်လိုက်ပြီး တာအိုဆရာသခင်ချင်းရှနှင့် မျက်လုံးချင်းဆုံသွားသည်။
တာအိုဆရာသခင်ချင်းရှသည် သူ့ခေါင်းအား ပွတ်သတ်လိုက်ပြီး ထွက်ခွာသွားသည်။
ကျန်းရှန်ချန်းသည် တာအိုဆရာသခင်ချင်းရှ၏ ထွက်ခွာသွားသော နောက်ကျောကို ကြည့်လျက် သူ့နှလုံးသားထဲ၌ တီးတိုးရေရွတ်လိုက်သည်။
“ဆရာ မတွေ့ရတာကြာပြီ။ အခုအချိန်ထိ ဆရာ့မှာ နွေးထွေးမှုတွေ ရှိနေသေးတယ်”
သူသည် သူ၏ ငယ်ရွယ်သော ပုံစံအားကြည့်လိုက်သည်။ လရောင်အောက်တွင် သူ၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်လုံးများက သူ့အား ပြုံးမိသွားစေသည်။
သင်းဟဲခေတ် သက္ကရာဇ်၈၊ ဇန်နဝါရီလာအစတွင် ကောင်းကင်မဟာဗျူဟာစစ်တပ်သည် ရှမန့်၏ စစ်တပ်နှင့် စစ်ပွဲစတင်ခဲ့သည်။ စစ်ပွဲက လူတိုင်းတွေးထားသည့်အတိုင်းပင်။ ရှမန့်သည် ကောင်းကင်မဟာဗျူဟာစစ်တပ်ကို ရှုံးနိမ့်ခဲ့ပေသည်။
ကောင်းကင်မဟာဗျူဟာစစ်တပ်သည် မဟာကျင်း၏ အဆင့်မြင့်စစ်တပ်ဖြစ်ပြီး အတွင်းကောင်းကင်နယ်ပယ်ကျွမ်းကျင်သူအများအပြားရှိပေသည်။ သူတို့သည် မဟာကျင်း၏ အသန်မာဆုံး ကောင်းချီအစီအရင်ကို ထိန်းချုပ်နိုက်သည်။ သူတို့အား ရှမန့်၏ စစ်တပ် ယှဉ်နိုင်သော အရာမဟုတ်ချေ။
ဤတိုက်ပွဲက ကောင်းကင်မဟာဗျူဟာစစ်တပ်အား တစ်ကမ္ဘာလုံး ပြန်လည် ကျော်ကြားသွားစေသည်။ မြောက်ပိုင်းနယ်စပ်ဘုရင်သည်လည်း လူအုပ်ထဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဤ လက်ပါးစေဘုရင်သည် အောင်မြင်မှုများမရရှိမိ အရင်အင်ပါယာအတွက် အမှုထမ်းပေးခဲ့သည်။
ရှမန့်က ရှုံးနိမ့်သွားသော်လည်း လုံးဝရှုံးနိမ့်သွားခြင်းတော့ မဟုတ်ချေ။ သူသည် အနည်းငယ် နောက်ဆုတ်ကာ မြောက်ပိုင်းရွှမ်စီရင်စုအား ဆုတ်ခွာသွားခဲ့ပြီး လူသူအင်အား စုဆောင်းသည်။
နောက်ထပ် နွေဦးတွင် ကောင်းကင်မဟာဗျူဟာစစ်တပ်သည် နောက်ထပ် ကြီးမားသော အောင်မြင်မှုရရှိခဲ့သည်။ နှစ်ကြိမ်ဆက်ရှုံးနိမ့်မှုသည် ရှမန့်၏ စစ်တပ်အား အလွန်စိတ်ဓာတ်ခွန်အား ကျဆင်းသွားစေသည်။
မြောက်ပိုင်းရွှမ်စီရင်စု၏ စီရင်စုမြို့တော် အဓိကခန်းမတွင်…။
အနက်ရောင်ဝတ်လူတစ်ယောက်သည် စားပွဲ၏ အဓိက နေရာ၌ ထိုင်နေသည်။ သူ့တွင် ချောမောသော မျက်နှာရှိသော်လည်း ညာမျက်လုံးကန်းနေကာ ထိတ်လန့်ဖွယ်အမာရွက်တစ်ခု ကန့်လန့်ဖြတ်လျက် ရှိနေသည်။ သူ့နဖူးတွင် အနက်ရောင် မျက်နှာဖုံးတစ်ခုရှိနေပြီး နတ်ဆိုးဆန်သော အော်ရာ ထုတ်လွှတ်နေသည်။
ရှမန့်…။ မဟာကျင်းအား တုန်လှုပ်သွားစေသည့် ဇာတ်ကောင်တစ်ယောက်ဖြစ်၏။
ရှမန့်၏ အကြည့်သည် ခန်းမထဲရှိ စစ်သည်တော်များနှင့် ဗျူဟာရှင်များအပေါ်သို့ ကျရောက်သွားသည်။ ဘုရင်တစ်ပါးက အရာရှိများအား ကြည့်နေသည့်အတိုင်းပင်။ လေထုသည် အလွန်ပြင်းထန်နေသည်။
“အရှင်… ကောင်းကင်မဟာဗျူဟာစစ်တပ်က ခွန်အား ကြီးလွန်းပါတယ်။ ကျွန်တော်တို့ အနိုင်မယူနိုင်မှတော့ ဘာလို့ မြောက်ပိုင်းရွှမ်စီရင်စုကို စွန့်လွှတ်ပြီး အနာဂတ်အတွက် စစ်သည်တော်တွေ မစုဆောင်းရမှာလဲ”
အရပ်ရှည်ကာ ဉာဏ်ပညာကြွယ်ဝသည့် ပုံစံဖြင့် ရှိသော လူတစ်ယောက်က ထရပ်ကာ ပြောလိုက်သည်။ သူ့အသံသည် ခန်းမတစ်ခုလုံးပျံ့နှံ့သွားသည်။ သူသည် အနက်ရောင်ချပ်ဝတ်အား ဝတ်ဆင်ထားပြီး လက်ဗလာဖြင့်ရှိနေသည်။ သူ့လက်မောင်းကြွက်သားများက တခြားစစ်သည်တော်များထက် နှစ်ဆခန့် တောင့်တင်းသန်မာနေသည်။
သူ့စကားကို လူအများက ထောက်ခံကြပေသည်။ သူတို့သည် ကောင်းကင်မဟာဗျူဟာစစ်တပ်အား ဆက်လက် ရင်မဆိုင်လိုတော့ချေ။
ရှမန့်သည် အေးစက်စွာ ပြောလိုက်သည်။
“ပြဿနာတွေ ထပ်ပြီး လှုံ့ဆော်နေတာလား။ ဒါက ပြောရလွယ်ပါတယ်။ ငါတို့ကျရှုံးရင် မဟာကျင်းမှာ နှစ်ပေါင်း၁၀၀လောက် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေဖြစ်သွားမယ်။ ပြီးတော့ ငါတို့နဲ့ ငါတို့ရဲ့ မိသားစုတွေလည်း အမြစ်ပြတ်အသတ်ခံရမယ်။ ငါ့မှာ ဘာမှ စိုးရိမ်စရာမရှိပေမယ့် မင်းတို့ကရော ဘယ်လိုလဲ။ နောက်ပြန်ဆုတ်လို့ရမယ်လို့ မင်းတို့တကယ်ထင်နေတာလား။ အင်ပါယာက ဘယ်လို လူစားမျိုးလဲ။ မင်းမျိုးမင်းနွယ်တွေရဲ့ ရက်စက်မှုကရော ဘယ်လိုလဲ”
သူ့စကားများကြောင့် လူတိုင်းသည် တိတ်ဆိတ်သွားသည်။
ရှမန့်သည် နက်ရှိုင်းစွာသက်ပြင်းချလျက် ပြောလိုက်သည်။
“မကြောက်ကြနဲ့… ညက နက္ခတ်တာရာသဘာဝဖြစ်စဉ်ကို ငါကြည့်ခဲ့တယ်။ သုံးရက်အတွင်း မဟာကျင်းမှာ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မယ်။ ငါတို့ရဲ့ ကံတရားကို ဆုံးဖြတ်လို့မရသေးသလို ဒီမမြင်နိုင်တဲ့ ကိစ္စကလည်း ငါတို့အတွက် အခွင့်အရေးဖြစ်နိုင်တယ်။ ရှေးခေတ်ကတည်းက သောင်းကျန်းတဲ့လူတွေက အဆုံးသတ်မကောင်းဘူး။ သူတို့ထဲက အများစုက နောက်ကွယ်မှာ အကျိုးအမြတ် အနည်းငယ်ရသွားရုံပဲ။ ငါ ဒါကို မယုံကြည်ဘူး။ ကောင်းကင်က ငါနဲ့ ကျယ်ပြောသောလှိုင်းစစ်တပ်ကို ကူညီပေးလိမ့်မယ်။ မင်းတို့ ကောင်းကင်က ပေးတဲ့ အခွင့်အရေးနဲ့ ရှင်သန်ဖို့ ကြိုးစားကြပါ…”
ထိုသို့ကြားသည့်အခါ လူတိုင်းသည် သွေးပူသွားကြပြီး အသက်ရှုမြန်သွားကြသည်။
“ကျွန်တော်တို့ အဆင်သင့်ပါပဲ”
“လုပ်ကြစို့… ရာဇပလ္လင်က တိုက်ခိုက်ဖို့အတွက်ပဲ”
“ငါတို့ အောင်မြင်ရဲ့ ငါတို့ နာမည်က သမိုင်းမထွင်ဘူးလား”
“အခုထိ တာအိုဘိုးဘေးက မလှုပ်ရှားသေးဘူး။ ဒီအဓိပ္ပာယ်က တာအိုဘိုးဘေးက ကျန်းမိသားစုကို စိတ်ပျက်နေပြီဆိုတာပဲ။ ငါတို့ရဲ့ အရှင်သခင် အလှည့်ရောက်ပြီ”
“ဟားဟား…အခုကစပြီး ငါမျိုးရိုးက ရှပဲ။ ငါတို့ ဘုရင်လုပ်ကြမယ်”
သူ့ စစ်သည်တော်များ စိတ်ဓာတ် တက်ကြွသွားသည်ကို မြင်သောအခါ ရှမန့်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် အမဲလိုက်ရန် ပြင်နေသော ကျားသစ်တစ်ကောင်လို ထရပ်လိုက်ပြီး သူ့မျက်လုံးများက အေးစက်ထက်ရှနေသည်။
“ကြီးမားတဲ့ လှိုင်းကြီးတွေ မြင့်တက်လာပြီ။ တစ်ကမ္ဘာလုံး လွှမ်ခြုံနိုင်မလား၊ မနိုင်ဘူးလားဆိုတာ မင်းတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်တယ်”
ရှမန့်၏ စကားများက သူ့စစ်သည်တော်များအတွက်သာမက သူ့အတွက်လည်း ဖြစ်ပေသည်။
လုံချီတောင်တန်း၏ ခြံဝင်းတွင်…။
ကျန်းရှန်ချန်းသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး သူ့မျက်လုံးများတွင် ခိုင်မာမှုများဖြင့် ပြည့်နေသည်။ အတိတ်ကို ကြည့်ရှုပြီးနောက် သူ့နှလုံးသားသည် ပို၍ ပို၍ ခိုင်မာလာသည်။
သူ့မျက်လုံးအား ဖွင့်လိုက်သည့်အခါ သစ်ပင်အောက်ရှိ ပိုင်ချီက တုန့်ဆိုင်းစွာပြောလိုက်သည်။
“ဆရာ…နောက်ဆုံးတော့ နိုးထလာခဲ့ပြီပဲ။ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နေပြီ”
တခြားသူများသည် ကျန်းရှန်ချန်းအား ကြည့်လိုက်ကြသည်။ သူသည် သစ်ပင်အောက်တွင် လပေါင်းများစွာ ထိုင်နေခဲ့သည်။ လူတိုင်းက သူ့အား ခေါ်ကြသော်လည်း နိုးထမလာခဲ့ချေ။ ထိုအခြေအနေက လူတိုင်းကို စိုးရိမ်သွားစေသည်။ အခု ကျန်းရှန်ချန်း၏ မျက်လုံးများဖွင့်သည့်အခါမှသာ စိတ်သက်သာရာရသွားသည်။
ကျန်းရှန်ချန်းသည် မဟာကျင်းအား စစ်ဆေးရန် ကောင်းကင်နှင့် မြေကြီးအကန့်အသတ်မဲ့မျက်လုံးများအား အသုံးပြုလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ”
“လဝက်အကြာက မြောက်ပိုင်းရွှမ်စီရင်စုရဲ့ တိုက်ပွဲကွင်းပြင်ကို ဥက္ကာခဲတစ်ခုဆင်းသက်လာတဲ့အတွက် ကောင်းကင်မဟာဗျူဟာစစ်တပ် အသေအပျောက်များသွားတယ်။ သူတို့ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရတယ်။ ရှမန့်ရဲ့ စစ်တပ်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အတင်းဖိအားပေးတဲ့အတွက် သူတို့ အင်အားကြီးလာကြတယ်”
ကျိဝူကျွင်၏ အလျင်အမြန်ပြောလိုက်ခြင်းက ပိုင်ချီအား တိတ်တဆိတ် စိတ်ဖိစီးသွားစေသည်။ သူမ၏ စကားများကို မည်သည့်အတွက် လုယူပြောဆိုဝံ့သည်နည်း။
အရှင်ပိုင်သည် သက်ပြင်းချလိုက်သည်။
“အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ သူတို့ကို ဥက္ကာခဲက ကယ်တင်သွားတယ်။ မထင်ထားစရာဘဲ။ သူ့မှာ ကောင်းကင်ဘုံရဲ့ ဆန္ဒ ရှိနေတာ ဖြစ်နိုင်လား”
ကျန်းထျန်းမင်သည် မကျေမနပ်ဖြစ်သွားသည်။
“သူ့မှာ ကျွန်တော့်ဆန္ဒရှိနေတယ်ဆိုတာ ဘာပြောတာလဲ”
တခြားသူများသည်လည်း စတင်ဆွေးနွေးလိုက်ကြသည်။ ရှမန့်အား လေဟာနယ်အပြင်ဘက်မှ ဥက္ကာခဲကူညီပေးသွားသည့် သတင်းသည် အလျင်အမြန်ပြန့်နှံ့သွားပြီး ၎င်းက သူ့အား ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်သွားစေသည်။
ကျန်းရှန်ချန်းက ထိုသို့ကြားသည့်အခါ တိတ်တဆိတ်မေးမြန်းလိုက်သည်။
“ရှမန့် နောက်ကွယ်မှာရှိတဲ့ ကျွမ်းကျင်သူက ဘယ်လောက် သန်မာလဲ”
[ ၁၀၈၀၀၀၀၀၀ အမွှေးတိုင်အရေအတွက်လိုပါတယ်။ ဆက်လက်ရန် အသုံးပြုမည်လား]
အမွှေးတိုင်အရေအတွက် သန်း၁၀၀ကျော်လား။ မလုံလောက်ဘူးဘဲ။ အမွှေးတိုင်အရေအတွက် သန်း၁၀၀ကျော်ရှိတဲ့ လူတစ်ယောက်က ဥက္ကာခဲကို ဆင့်ခေါ်နိုင်တယ်လား။
၎င်းက နည်းနည်းခက်ခဲပေသည်။
လျိုရှို့နှင့် ကံတရားတူညီသည့် လူတစ်ယောက်ဖြစ်နေသည်လား။
ကျန်းရှန်ချန်း၏ အကြည့်သည် ရှမန့်ထံသို့ ကျရောက်သွားသည်။ ရှမန့်သည် လက်ရှိတွင် စစ်တပ်အား ဦးစီးလျက် မြို့တော်တစ်ခုကို တိုက်ခိုက်နေသည်။
သူ၏ စိတ်ဝိညာဉ်ဆန္ဒသည် မဟာကျင်းတစ်ခုလုံး ဖုံးလွှမ်းနေသည်။ သူသည် ရှမန့်ထံ၌ ကံတရားစွမ်းအားနှင့် တူသော အထူးစွမ်းအင်တစ်ခုကို ခံစားမိလိုက်သည်။ ထိုစွမ်းအားသည် အလွန်အားနည်းသော်လည်း ကောင်းကင်နှင့် မြေကြီး စွမ်းအားကို အသက်သွင်းနိုင်သည်။
ဒီစွမ်းအားကြောင့် ဖြစ်နိုင်လား။
ကျန်းရှန်ချန်းက ပြောလိုက်သည်။
“မဟာကျင်းက ရှမန့်ကိုတောင် မသတ်နိုင်ရင် နောက်ထပ် အင်ပါယာတစ်ပါး ရွေးချယ်တင်မြှောက်ရမယ့် အချိန်ပဲ”
သူသည် မြေပြင်သို့ ဆင်းသက်ကာ ခရမ်းရောင်တိမ်တိုက်နန်းတော်ရှိသော ဘုရားကျောင်းသို့ သွားလိုက်သည်။
သူဘုရားကျောင်းသို့ ဝင်သွားသည်ကို မြင်သောအခါ လူတိုင်းသည် တီးတိုးရေရွတ်လိုက်ကြသည်။
ရဲရွှမ်သည် တီးတိုးရေရွတ်လိုက်သည်။
“တာအိုဘိုးဘေး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်”
တခြားသူများသည်လည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း အတူတူခံစားမိသော်လည်း မည်သို့ ပြောင်းလဲသွားသည်ကို မခန့်မှန်းနိုင်ဖြစ်နေသည်။
ဧပြီလတွင် မဟာကျင်း၏ စီရင်စုလေးဆယ်မှ သူပုန်များစွာ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ရှမန့်၏ နောက်လိုက်ပင်ဖြစ်သည်။ သူတို့သည် မြို့တော်များအား တိုက်ခိုက်သိမ်းပိုက်ပြီး မင်းဆက်တစ်ခုလုံး ဖရိုဖရဲဖြစ်အောင် မွှေနှောက်နေသည်။
အင်ပါယာသည် ဒေါသတကြီးဖြင့် စစ်တပ်များကို အသည်းအသန်စေလွှတ်ခဲ့သည်။ လက်အောက်ခံဘုရင်များနှင့် စီရင်စုဝန်ကြီးများသည် ရှမန့်၏ စစ်တပ်ကို စတင်တိုက်ခိုက်လာကြသည်။ တိုက်ပွဲထဲတွင် သူရဲကောင်းများ ပို၍ ပို၍ ထွက်ပေါ်လာသည်။ အများစုက မြင့်မြတ်နယ်မြေသို့မဟုတ် မင်းမျိုးမင်းနွယ်မှ ကလေးများပင်ဖြစ်၏။ သိုင်းကမ္ဘာကြီးမှ မဟာဆရာသခင်များလည်း ရှိပေသည်။
လုံချီဘုရားကျောင်း၏ ယန်ကျိုးသည် ထိတ်ထိတ်ကြဲ လူ၁၈ယောက်အား ဦးဆောင်ကာ မြောက်ပိုင်းရွှမ်စီရင်စုအား ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့ပြီး ရှမင်၏ ဦးခေါင်းကို ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့ရသည်။ ရှမန့်အား ကျွမ်းကျင်သူများ ပို၍ ဝိုင်းဝန်းကူညီလာခဲ့ကြသည့်အတွက်ကြောင့် ဖြစ်၏။ သို့တိုင် ယန်ကျိုးနှင့် ထိတ်ထိတ်ကြဲ၁၈ယောက်သည် သေဘေးမှ လွတ်မြောက်သွားသည့်အတွက် တကမ္ဘာလုံး ကျော်ကြားသွားခဲ့သည်။ ယန်ကျိုးနှင့် တခြားသူများက တဖန်ပြန်ပြီး နာမည်ကျော်ကြားလာခဲ့သည်။
မူမိသားစု၊ ယုမိသားစု၊ ချန်မိသားစုနှင့် တခြားမိသားစုများပင် သတိထားမိလာကြသည်။ သူတော်စင်ချီ၏ တပည့်တချို့သည်ပင် ရှမန့်အား သတ်ဖြတ်ရန်ဘကမ္ဘာကြီးသို့ ဝင်ရောက်လာခဲ့ကြသည်။
ရှမန့်၏ နတ်ဆိုးဆန်မှုအကြောင်းကို လူများပိုသိလာသည့်အတွက် ရှမန့်က လူကောင်းတစ်ယောက်မဟုတ်သည်ကို ပို၍ သိလာကြသည်။ သူသည် သာမန်လူများ၏ အကူအညီဖြင့် ရာဇပလ္လင်အား သိမ်းပိုက်လိုခြင်းပင် ဖြစ်၏။
အောက်တိုဘာလတွင်…။
ယန်ကျန်းဟု အမည်ရသည့် ဗိုလ်ချုပ်တစ်ယောက်သည် ကမ္ဘာကြီးသို့ ယန်မိသားစု တပည့်များဖြင့် ဝင်ရောက်လာပြီး ရှမန့်စစ်တပ်၏ မြို့တော်များကို တစ်ခုပြီးတစ်ခု ကျူးကျော်လာခဲ့ကာ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ခဲ့သည်။ ယန်ကျန်းသည်ဘယန်ကျိုးနှင့် ဘာမှ လုပ်စရာကိစ္စမရှိချေ။ သူသည် မဟာကျန်းရှိ ပို၍ စီနီယာကျသော ယန်မိသားစုမှဖြစ်သည်။ သူ့ဘိုးဘေးများသည် အင်ပါယာအား အလွန်အကျိုးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး မဟာကျန်း၏ ပထမဧကရီသည် ယန်မိသားစုမှ ဖြစ်ပေသည်။
နှစ်ပေါင်း၃၀၀လောက် တိုးတက်ပြီးနောက် မဟာကျန်းတွင် ယန်မိသားစုသည် အလွန်အင်အားကြီးလာခဲ့ကာ လုံချီဘုရားကျောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပေသည်။
ယန်ကျန်း၏ လက်အောက်တွင် ယန်မိသားစုမှ အတွင်းကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ ၃ယောက်ရှိပေသည်။ သူတို့က ယန်မိသားစု၏ အထူးချွန်ဆုံး တပည့်များ ဖြစ်သည့်အပြင် ယန်မဟာဗိုလ်ချုပ်သုံးဦးဟု လူသိများပေသည်။
သူတို့အားလုံးသည် မြောက်ပိုင်းနယ်စပ်ဘုရင်ထက် အရင်းအမြစ်များ ပိုရရှိကြပေသည်။ မြောက်ပိုင်း နယ်စပ်ဘုရင်သည် ခွန်အားကြီးမားသော်လည ယန်မိသားစုရှေ့တွင်တော့ ဘာမှ မဟုတ်ချေ။
တခဏအတွင်းမှာပင် ကမ္ဘာကြီးသည် ယန်တို့၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
နှစ်အကုန်ပိုင်းတွင်…။
ယန်ကျန်းသည် ယန်မိသားစုစစ်တပ်အား မြောက်ပိုင်းရွှမ်စီရင်စုသို့ ဦးဆောင်သွားခဲ့သည်။ ယန်မိသားစု၏ မဟာဗိုလ်ချုပ်သုံးယောက်သည် အတွင်းကောင်းကင်နယ်ပယ်ကျွမ်းကျင်သူ၁၀ဦးနှင့် ရင်ဆိုင်ကာ လေးယောက်အား သတ်ဖြတ်နိုင်ပြီး ခြောက်ယောက်ကို ထွက်ပြေးသွားစေခဲ့သည်။ တခဏအတွင်းမှာပင် သူတို့သည် တောက်ပလာခဲ့သည်။ လုံချီဘုရားကျောင်း၏ ယန်ကျိုးနှင့် ထိတ်ထိတ်ကြဲ၁၈ယောက်သည်ပင် မယှဉ်နိုင်ချေ။
ရွှမ်ထျန်းမြို့တော်၊ အင်ပါယာစာကြည့်ခန်း၌…။
အဖြူရောင်ဝတ်အစောင့်၏ တင်ပြမှုအားနားထောင်လျက် အင်ပါယာသည် အလွန်ပျော်ရွှင်နေသည်။
သူခိုးနတ်ဘုရားသည် အဖြူရောင်ဝတ်အစောင့်အား ထွက်သွားရန် ပြောလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“အရှင်မင်းကြီး… ယန်မိသားစုက ခုံရုံးနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိပါတယ်။ အခု သူတို့က ကြီးမားတဲ့ အကျိုးဆောငိမှုလုပ်လိုက်တဲ့အတွက် သူတို့ကို ဖိနှိပ်ဖို့ အန်းချန်အတွက် ခက်ခဲလာနိုင်သလို အရာရှိများရဲ့ ဒေါသကိုလည်း လှုံ့ဆော်ပေးလာနိုင်ပါတယ်”
ကျင်းမင်းဆက် တည်ထောင်ကတည်းက ယန်မိသားစုသည် ဩဇာညောင်းခဲ့သည်။ မင်းဆက်တည်းတွင်ပင် ယန်မျိုးရိုးနှင့် ဝန်ကြီးချုပ်နှစ်ယောက်ရှိပေသည်။ ကျင်းသိုင်းဘိုးဘေးများက သူတို့အား ဖိနှိပ်ပြီးနောက် ယန်မိသားစုသည် နှိမ့်ချစွာ နေခဲ့သည်။ သို့သော်လည်း ယန်မိသားစုသည် ကျင်းသိုင်းဘိုးဘေးများအား မြှင့်တင်ပေးခဲ့ရုံသာမက တိုင်ကျုံးမိသားစု၏ တိုးတက်မှုများတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သည်။ ယန်မိသားစုရှေ့တွင် ကျန်းမိသားစု ဆွေမျိုးများသည်ပင် နှိမ့်ချစွာ နေရပေသည်။
မဟာကျင်းတွင် ကျန်းမိသားစုပြီးလျှင် ယန်မိသားစုက အင်အားအကြီးဆုံးမိသားစုဟု ပြောလျှင် မမှားနိုင်ချေ။
အင်ပါယာက ပြောလိုက်သည်။
“သူ အနိုင်မယူနိုင်ရင် ငါ့ရဲ့ စစ်တုရင်ရုပ်ဖြစ်ဖို့ မထိုက်တန်ဘူး။ သူ သေသင့်တယ်”
သူသည် ယန်မိသားစုအား ပို၍ သိပေသည်။ ယန်မိသားစုမှ ပထမဧကရီသည် တာအိုဘိုးဘေး၏ မိခင်အရင်းဖြစ်သည်။
ဤဆက်နွယ်မှုကြောင့် ယခင်အင်ပါယာသည်ပင် ယန်မိသားစုကို အပြင်းအထန် ဖိနှိပ်ဝံ့ခြင်းမရှိချေ။ ယန်မိသားစုက အမှန်တရားအား မသိဘဲ ရေခဲတုံးပေါ်တွင်သာ ဆက်လျောက်နေခဲ့သည်။ အခု ကမ္ဘာကြီးက ဖရိုဖရဲဖြစ်လာသည့်အတွက် ယန်မိသားစုသည် ရွေးချယ်စရာမရှိဘဲ ဝင်ပါလာခဲ့ရသည်။
“ယန်မိသားစုရဲ့ မဟာဗိုလ်ချုပ်သုံးယောက်… အံ့ဩစရာပဲ။ ယန်မိသားစုကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ”
အင်ပါယာသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူတစ်ယောက်တည်းသာ နားလည်ပေသည်။
တာအိုဘိုးဘေးသည် ယန်မိသားစုသွေးတဝက်ပါဝင်ပြီး ယန်မိသားစုသည် ဤသို့ ပြိုင်ဘက်ကင်းဗိုလ်ချုပ်များအား မွေးထုတ်ပေးထားသည်။ ၎င်းက သူအား အံ့အားသင့်စေခဲ့သော်လည်း သင့်တော်သည်ဟု ခံစားရပေသည်။