← Chapters

မူလကျောက်တုံးစားပွဲ၊ ကောင်းကင်ဘုံကိုးခု

Vol. 21 Ch. 313

မူလကျောက်တုံးစားပွဲ၊ ကောင်းကင်ဘုံကိုးခု

Vol. 21 Ch. 313

သင်းဟဲခေတ်၊ သက္ကရာဇ် ၁၀…ကမ္ဘာကြီးသည် ငြိမ်းချမ်းနေသည်။ မြို့သူမြို့သားများက အတွင်းပဠိပက္ခများ ပြီးသွားပြီဟု ထင်နေကြသော်လည်ူ အမှန်တော့ ခုံရုံးထဲတွင် သွေးခင်းလမ်းများဖြစ်နေသည်။ အန်းချန်နှင့် ယန်ကျန်းတို့သည် ခုံရုံးထဲတွင် ပွင့်လင်းစွာဖြစ်စေ ကွယ်ဝှက်၍ ဖြစ်စေယှဉ်ပြိုင်နေကြပြီး အင်အားစုနှစ်ခု ဖွဲ့စည်းကာ ရွှမ်ထျန်းမြို့တော်၌ လူသတ်မှုများ မကြာခဏဖြစ်နေသည်။

ရွှမ်ထျန်းမြို့တော်နှင့် ဝေးကွာသော ကျင်းချန်သည်သာ ဆက်လက်ငြိမ်းချမ်းနေဆဲဖြစ်သည်။ လုံချီဘုရားကျောင်းတည်ရှိသည့်အတွက်ကြောင်း ကျင်းချန်က အမြဲတမ်းသုခဘုံပင် ဖြစ်နေ၏။

ပိုင်ချီသည် ကမ္ဘာ့စိတ်ဝိညာဉ် သစ်ပင်အောက်တွင် လဲလျောင်းလျက် တောင့်တစွာပြောလိုက်သည်။

“ဆရာ မထွက်လာတာ ကြာနေပြီ။ ဆရာ ထပ်ပြီး အဆင့်ချိုးဖျက်တော့မှာများလား”

မုလင်းလောသည် ဤကိစ္စကို သိသော်လည်း ဘာမှ မပြောချေ။ မည်သို့ပင် ဆိုပါစေ အဆင့်ချိုးဖျက်ခြင်းက အရေးကြီးသော ကိစ္စဖြစ်သည်။ အဆင့်ချိုးဖျက်သည့်အချိန်တွင် များပြားသော ကျွမ်းကျင်သူများသည် ခြုံခိုတိုက်ခိုက်နိုင်သည်။ ကမ္ဘာပေါ်တွင် ကျန်းရှန်ချန်းအား မည်သူမှ နာကျင်အောင် မလုပ်နိုင်သော်လည်း ဂရုစိုက်ခြင်းက ပိုကောင်းပေသည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ငါတို့လည်း အဆင့်ချိုးဖျက်နေကြတာပဲ…တာအိုဘိုးဘေးကိုတော့ ပြောမနေနဲ့တော့”

ရဲရွှမ်သည် ပုခုံးတွန့်လျက်ပြောလိုက်သည်။ သူသည် မြေပြင်တွင် ထိုင်လျက် စွမ်းအင်များ လှည့်ပတ်နေသည်။ သူ့ဝတ်ရုံများသည် လေတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ်လွင့်နေသည်။

ဓားနတ်ဘုရားက ပြောလိုက်သည်။

“ကျန်းကျန်၊ လင်ဟောင်ထျန်းနဲ့ ပင်းအန်းတို့က မြန်မြန်ဆန်ဆန် အဆင့်ချိုးဖျက်သွားနိုင်တယ်။ ငါတို့ ကြိုးစားမှ ဖြစ်မယ်”

စိတ်ပျံ့လွင်းခြင်းဘုံတွင် သူတို့မည်မှ ဝေးကွာနေပါစေ အချင်းချင်း ဆက်သွယ်နိုင်ပေသည်။ ထို့ကြောင့် သူတို့သည် ကျန်းကျန်နှင့် လင်ဟောင်ထျန်းတို့ဖြင့် မကြာခဏဆက်သွယ်နိုင်ပေသည်။

ကျန်းထျန်းမင်သည် လေထုတွင် ထိုင်လျက် ပတ်ဝန်းကျင်အား စောင့်ကြည့်နေသည်။ သူ့မျက်လုံးများက ပိတ်နေသော်လည်း သူ့မျက်ခုံးကြားရှိ ဒေါင်လိုက်မျက်လုံးက အမြဲ ပွင့်နေသည်။ သူသည် ခြံဝင်းရှိ လူတိုင်းအား ကြည့်လျက် ပြောလိုက်သည်။

“မြန်မြန်လုပ်ကြ…ငါ့ကို သိုင်းဘုရင်နယ်ပယ်ကို အရင်မရောက်စေနဲ့။ မဟုတ်ရင် မင်းတို့က ကမ္ဘာကြီးမှာ ငါနဲ့ လျှောက်သွားဖို့ မထိုက်တန်ဘူး”

ပိုင်ချီက မပျော်မရွှင်ဖြစ်စွာ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါလည်း မင်းနဲ့အတူ ကမ္ဘာကြီးကို ပတ်မသွားချင်ပါဘူး”

လူတိုင်းသည် စကားများနေကြစဉ် ချန်လီသည် ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။

သူသည် ဘာမှ လုပ်စရာမရှိလျှင် ခြံဝင်းထဲသို့လာကာ သူတို့နှင့် စကားစမြည်းပြောလေ့ရှိပေသည်။ ကျန်းရှန်ချန်း၏ အမြင်အရ သူသည် ဤအတိုင်း အရက်သောက် စကားပြောရန် လာခြင်းဖြစ်သည်ဟူ၏။

“ခုံရုံးကတော့ ဖရိုဖရဲဖြစ်နေပြီ”

ချန်လီ၏ စကားများက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

မုလင်းလောသည် အံ့အားသင့်စွာ မေးလိုက်သည်။

“အန်းချန်နဲ့ ယန်ကျန်းက တစ်ယောက်ကို တစ်ယောက်ဘာမှ မလုပ်နိုင်ကြသေးဘူးလို့ မူမိသားစုက စာပို့လာတယ်။ ဘာလို့ ဖရိုဖရဲဖြစ်ရမှာလဲ”

သူမသည် မူမိသားစုကို မသွားသည်မှာ ကြာပြီဖြစ်သော်လည်း မူမိသားစုခေါင်းဆောင်က သူမအား အမြဲတမ်းစာပို့ပေသည်။ မည်သို့ပင်ဆိုပါစေ သူမက မူမိသားစုနှင့် တာအိုဘိုးဘေးတို့ကြားက ဆက်နွယ်မှုဖြစ်သည်။ ထို့အပြင် သူမ၏ ခွန်အားက မူမိသားစု၏ ထိပ်တန်းကျွမ်းကျင်သူတိုင်းထက် ကျော်လွန်နေပေပြီ။ မည်သို့ပင်ဆိုပါစေ သူမအား မူမိသားစုက သူမအား လျစ်လျူရှုထားနိုင်မည်နည်း။

ချန်လီသည် ထိုင်လျက် ဝိုင်တစ်ခွက်လောင်းထည့်ကာ ခွက်အား ကောက်ယူလိုက်သည်။

“ယန်ကျန်းက အမှောင်ထဲမှာ အန်းချန်နဲ့ အကြာကြီး ဆက်ကစားနေလို့ မရတော့ဘူး။ ယန်မိသားစုရဲ့ မဟာဗိုလ်ချုပ်သုံးယောက်က ကျင်းချန်နဲ့ သူ့လက်အောက်ခံတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပြင်ဆင်နေကြတယ်”

ကျိဝူကျွင်းသည် ထွက်လာခဲ့ပြီး သူ့ရှေ့၌ ထိုင်ကာ ပြောလိုက်သည်။

“ယန်မိသားစုက ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိနေတာလား”

တခြားသူများသည်လည်း လျောက်လာခဲ့လိုက်ကြသည်။

ချန်လီသည် ဝိုင်တစ်ခွက်အားသောက်လိုက်ပြီး ပြောလိုက်သည်။

“ငါသေချာ ရှင်းမပြနိုင်သေးပေမယ့် ယန်မိသာစုသာ စွမ်းအားအာဏာရလာရင် ယန်ကျန်းမထိန်းချုပ်နိုင်တော့မှာကို စိုးရိမ်မိတယ်။ ဘာပဲပြောပြော လူ့နှလုံးသားက ခန့်မှန်းလို့မရဘူးလေ”

သူသည် တခဏလောက် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ ဖရိုဖရဲက စတင်တော့မယ်။ ခေတ်ရဲ့ လက်အောက်ခံဘုရင်တွေက စွမ်းအားရဖို့ အခွင့်အရေးကို စောင့်နေကြတယ်။ ဒီလိုမျိုး သမိုင်းမြင်ကွင်က မကြာခဏတွေ့နေရတယ်။ ဒါက ကောင်းကင်နိယာမ စက်ဝန်းပဲ”

မဝေးသောနေရာရှိ တိုင်ဝသည် ‘ကောင်းကင်နိယာမစက်ဝန်း’ဟူသော စကားကို ရေရွတ်လိုက်သည်။ သူမ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမှ မသိချေ။

ရဲရွှမ်သည် သူ့လည်ပင်းအား လှည့်လျက် ပြောလိုက်သည်။

“ငါတော့ ဒါကို စောင့်မျှော်နေတာ။ ငါမတိုက်ခိုက်ရတာကြာပြီ။ ယန်မိသားစုရဲ့ မဟာဗိုလ်ချုပ်သုံးယောက်က ငါနဲ့ တိုက်ခိုက်နိုင်မလား သိချင်မိတယ်”

ချန်လီသည် ပြုံးလျက် ပြောလိုက်သည်။

“ယန်မိသားစုရဲ မဟာဗိုလ်ချုပ်သုံးယောက်က ပါရမီရှိတဲ့အပြင် မရေမတွကနိုင်တဲ့ အရင်းအမြစ်တွေရတယ်။ ဒါပေမဲ့ မင်းနဲ့ ယှဉ်ရင်တော့ သူတို့က အတွေ့အကြုံနုနေသေးတယ်”

သူသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ တာအိုဘိုးဘေးက အကောင်းဆုံးဖြစ်နေဆဲပင်။

ဤခြံဝင်းရှိ လူတိုင်းသည် ကမ္ဘာကြီးအား တစ်ကိုယ်တည်း လျောက်သွားနိုင်ပေသည်။ တာအိုဘိုးဘေးရှိနေသ၍ ကျန်းမိသားစုနယ်မြေများ ဆုံးရှုံးမည်မဟုတ်ချေ။ အများဆုံးတခဏတာသာ ဖရိုဖရဲဖြစ်သွားပေမည်။

ချန်လီတွင် အင်ပါယာခုံရုံး၌ သူလျိုများရှိသည်ကို လူတိုင်းသိသည့်အတွက် သူတို့ မေးမြန်းနေခြင်းပင်။ ချန်လီကလည်း ဘာမှ ဖုံးကွယ်မနေဘဲ ပြောပြလိုက်သည်။

မှိုင်အုံနေသော ကောင်းကင်ပေါ်တွင် လျှပ်စီးများ လက်လာသည်။ တခါတလေ လေဟာနယ်အပြင်ဘက်မှ ဥက္ကာခဲများသည် တိမ်ပင်လယ်အား ဖြတ်သန်းကာ တောက်လောင်သောမီးတောက်များဖြင့် ကျောက်ရေပူပင်လယ်သို့ ဆင်းသက်လာလေ့ရှိသည်။ တစ်တောင်ထက်တစ်တောင်ပိုမြင့်သော တောင်တန်းများရှိနေကာ ၎င်းတို့ကြားတွင် ထူးဆန်းကြီးမားသော ငှက်များ ပျံသန်းနေကြသည်။ တခါတရံ ထိုငှက်ကြီးများသည် ကျောက်ရည်ပူပင်လယ်ထဲမှ ငါးများကို ဆင်းသက်ကာ ဖမ်းယူစားသောက်နေကြသည်။

အမြင့်ဆုံးတောင်ထိပ်တစ်ခုတွင် လူတချို့သည် ကြီးမားသော စက်ဝိုင်းတစ်ခုထဲ၌ ခြေချိတ်ထိုင်နေသည်။ သူတို့ထဲက တစ်ယောက်က ငရဲဘုံးကိုးခုနတ်ဆိုးဘုရင်ဖြစ်သည်။ စုစုပေါင်း၁၂ယောက်ရှိနေပြီး တစ်ယောက်စီတိုင်းက ထူးခြားသော အော်ရာကို ထုတ်လွှတ်နေသည်။

ရုတ်တရက် သူတို့ထဲမှ ငရဲဘုံကိုးခုနတ်ဆိုးဘုရင်နှင့် တခြားသူများသည် မျက်လုံးဖွင့်လျက် ကြည့်လိုက်သည်။ သူတို့အားလုံးသည် သူတို့ရှေ့‌၌ လေဟာနယ်ပျက်စီးလုမတတ် တောက်လောင်နေသော မီးတောက်လုံးအား တွေ့လိုက်ကြရသည်။

မီးတောက်များသည် ရုတ်တရက်တောက်လောင်လာပြီး တောင်ထွတ်တစ်ခုလုံး မီးပင်လယ်ဖြစ်သွားစေသည်။ နတ်ဆိုးဘုရင် ၁၂ပါးသည် မီးတောက်များကြားမှ သိပ်သည်းလာသော ထိတ်လန့်ဖွယ်ကောင်းကာ ကြီးမားသည့် မျက်နှာကို ကြည့်လိုက်ကြသည်။

“နှုတ်ဆကိပါတယ် နတ်ဆိုးအရှင်”

နတ်ဆိုးဘုရင်၁၂ပါးသည် တူညီစွာ အော်ဟစ်လိုက်ကြပြီး မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။

နတ်ဆိုးအရှင်၏ အသွင်အပြင်သည် လူသားနှင့် တူသော်လည်း သေချာသောအသွင်အပြင်ကိုတော့ မြင်နိုင်ခြင်းမရှိချေ။ သူသည် နတ်ဆိုးဘုရင်၁၂ပါးအား ကြည့်လျက်ပြောလိုက်သည်။

“မူလကျောက်တုံးစားပွဲထွက်ပေါ်လာပြီ။ ပြီးတော့ မျိုးနွယ်စုတွေကြားက ကပ်ဘေးတွေ စတင်တော့မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နတ်ဆိုးအားလုံးကိုစုစည်းပြီး ကပ်ဘေးအတွက် ပြင်ဆင်ပါ”

ထိုသို့ကြားသည့်အခါ နတ်ဆိုးဘုရင်များ၏ အမူအရာသည် ပြောင်းလဲသွားခြင်းမရှိချေ။ ၎င်းတို့က သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်မှာ သိသာပေသည်။

ဆံပင်ဖြူများဖြင့် နတ်ဆိုးဘုရင်က မေးမြန်းလိုက်သည်။

“နတ်ဆိုးအရှင်… မူလကျောက်တုံးစားပွဲက ဘယ်မှာပါလဲ”

နတ်ဆိုးအရှင်က ပြန်ဖြေလိုက်သည်။

“အင်ပါယာမျိုးနွယ်စုရဲ့ မျိူနွယ်စုဝင် ဘယ်သူ မဆိုမူလကျောက်တုံးစားပွဲကို ရနိုင်တယ်။ ပြီးတော့ ဒါနဲ့ သူတို့ရဲ့ ကိုယ်ပိုင်းစည်းမျဉ်းတွေနဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဖန်တီးနိုင်လိမ့်မယ်။ အဲ့ဒါ ဘယ်နေရာမှာရှိလဲဆိုတာ တွေးတောနေစရာမလိုဘူး။ အင်ပါယာမျိုးနွယ်စုမှာ နတ်ဆိုးတွေရဲ့ ဦးတည်ရာကိုပဲ ဆကိလက်တိုးတက်အောင် လုပ်ထားပါ။ ပြီးရင် ငါတို့က မဟာကန္တာရရဲ့ မျိုးနွယ်စုတွေကို ယှဉ်ပြိုင်ပွဲဆီတွန်းပို့မယ်။ ပြီးတော့ ကောင်းကင်နဲ့မြေကြီး ကောင်းချီပေးမှုကို ခံစားနိုင်ဖို့ Everlasting Holy Mountain ကို သိမ်းပိုက်မယ်”

“နတ်ဆိုးတွေရဲ့ ပထမပစ်မှတ်က ယင်ကိုးခုမျိုးနွယ်စုပဲ။ နှစ်ပေါင်း၁၀၀အတွင် ယင်ကိုးခုမျိုးနွယ်စုကို ဝါးမျိုးပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်ရမယ်”

ထိုသို့ပြောပြီးနောက် မီးပင်လယ်သည် ပျောက်ကွယ်သွားကာ နတ်ဆိုးအရှင်သည် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

နတ်ဆိုးဘုရင် ၁၂ပါးသည် အချင်းချင်းကြည့်လိုက်ကြသည်။

“ယင်ကိုးခုမျိုးနွယ်စုလား။ သူတို့က ရင်ဆိုင်ရမလွယ်ဘူး။ အင်ပါယာမျိုးနွယ်စုလက်အောက်က မျိုးနွယ်စုကြီး ၁၂ခုက ခွန်အားကြီးတဲ့ မျိုးနွယ်စုတွေပဲ။ နှစ်ပေါင်း၁၀၀၀၀အကြာက ယင်ကိုးခု မျိုးနွယ်စု လက်ချက်နဲ့ ငါတို့ အကြီးအကျယ် ခံစားခဲ့ရတယ်”

“မျိုးနွယ်စု၁၂ခုက စတင်လှုပ်ရှားလာပြီလို့ ငါကြားတယ်။ သူတို့‌ထဲမှာ ချွမ်းလျန့်မျိုးနွယ်စုက လူသားတွေ ပြန်လာဖို့ ဆွဲဆောင်နေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ စစ်ပွဲစတင်ဖို့ ပြင်နေတယ်။ လူသားတွေက တကယ်ကံဆိုးတာပဲ။ သူတို့ ပြန်သွားတာနဲ့ အသတ်ခံရတော့မယ်”

“နတ်ဆိုးတွေလည်း မဟာကန္တာရကို ချိုးဖျက်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒီ နတ်ဆိုးအဓိပတိက မရိုးရှင်းဘူး။ သူ့ခွန်အားက ကောင်းကင်နဲ့ မြေကြီးအင်ပါယာ အလွှာငါးကိုတောင် ရောက်နေပြီ”

“ငါ့ရဲ့ အတိတ်ဘဝမျိုးနွယ်စုက သေချာလေ့လာခဲ့တယ်။ ဒီမျိုးနွယ်စုလည်း မရိုးရှင်းဘူး။ သူတို့က သေဆုံးသွားတဲ့ အင်ပါယာနယ်ပ်ယ်ကျွမ်းကျင်သူတွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေကြတယ်”

“သိုင်းတာအိုက နှစ်ပေါင်းများစွာ တည်ရှိလာပြီး မရေမတွက်နိုင်တဲ့ အင်ပါယာမျိုးနွယ်စုတွေ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရတယ်။ အခု မူလကျောက်တုံးစားပွဲ ထွက်ပေါ်လာတော့မှာဆိုတော့ မမျှော်လင့်ထားတဲ့ ကပ်ဘေးတွေ ဖြစ်လာနိုင်တယ်”

“ပြီးတော့ အပြင်လောကနတ်ဆိုးမြစ်လည်း ရှိသေးတယ်။ လက်ရှိမှာ အပြင်လောကနတ်ဆိုးမြစ်က ကျောက်တုံးတွေက မဟာကန္တာရကို မကြာခဏဆင်းသက်နေတယ်။ ဒါက သာမန်ကိစ္စမဟုတ်ဘူး”

တာအိုဘိုးဘေးသည် သေမျိုးကမ္ဘာသို့ဆင်းသက်လာသည့် အင်မော်တယ်နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ကောလဟာလရှိပေသည်။ မည်သူမှ သူ့နောက်ကြောင်းကို မသိကြချေ။

သို့သော်လည်း ငရဲဘုံကိုးခု နတ်ဆိုးဘုရင်က အများကြီး တွေးတောမနေချေ။ သူသည် ထရပ်လိုက်ပြီး အ‌နက်ရောင်မြူများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

လရောင်အောက်တွင် အန်းချန်သည် မှုန်ဝါးနေသော ခန်းမထဲ၌ လေ့ကျင့်နေသည်။

"ဘုန်း"

ခန်းမအပြင်ဘက်မှ မုန်တိုင်းတစ်ခုတိုက်ခတ်တော့မည့်အတိုင်း လျှပ်စီးများထွက်ပေါ်လာပြီး ခန်းမထဲရှိ လေထုအား ပို၍ မွန်းကျပ်သွားစေသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တံခါးသည် ကန်ဖွင့်ခံလိုက်ရပြီး အသွင်အပြင်သုံးခု ထွက်ပေါ်လာသည်။ လရောင်က သူတို့၏ အရိပ်ကို အန်းချန်ဆီသို့ တွန်းပို့နေသည်။

အန်းချန်သည် မျက်လုံးပိတ်လျက် ပြောလိုက်သည်။

“The Marquis of Expedition က ရှမန့်ကို ရက်စက်တဲ့အတွက် လှောင်ပြောင်ခဲ့တယ်။Marquis of Expedition က ရှမန့်ထက် ပို၍ ရက်စက်တယ်လို့ ထင်တယ်”

ရေခဲကဲ့သို့ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အန်းချန်… ယန်မိသားစုကို ဆန့်ကျင်မိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ ငါတို့ကို အသုံးမကျတဲ့ သူတွေလို့ တကယ်ထင်နေတာလား။ ဒါက သိုင်းပညာကမ္ဘာကြီးပဲ။ သိုင်းပညာကမ္ဘာကြီးမှာဖြစ်စေ ခုံရုံးထဲမှာ ဖြစ်စေ ဘယ်သူ့လက်သီးက ပိုသန်မာသလဲဆိုတာပဲ အရေးကြီးတယ်”

“အစ်ကို…သူနဲ့ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ သူ့ကို ကျွန်တော့်လှံနဲ့ အသားပြားဖြစ်တဲ့အထိ ရိုက်လိုက်ရင် ပြဿနာတွေ ဖြစ်မနေတော့ဘူးလေ”

“ဒီည အစောင့်တွေ အရမ်းများမနေဘူး။ ကျွန်တော်တို့ ရောက်လာမှာကို ခန့်မှန်းမိထားတာဖြစ်နိုင်လား”

တခြားနှစ်ယောက်သည်လည်း စကားပြောလိုက်သည်။ သူတို့က ယန်မိသားစု၏ မဟာဗိုလ်ချုပ်၃ဦးပင်။

အန်းချန်သည် မျက်လုံးဖွင့်လျက် မထိမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

“မင်းတို့က အရူးမဟုတ်ဘူးပေ။ ယန်ယွမ်ဟုန်… မင်းမှန်တယ်။ ဘယ်သူလက်သီးက ပိုကြမ်းသလဲဆိုတာပဲ အရေးကြီးတာ။ ဒါပေမဲ့ မင်းတို့ ၃ယောက်စလုံးက ကောင်းကင်ဘုံနှစ်ခုနယ်ပယ်ပဲ ရှိသေးတယ်။ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်‌နေတာလား”

ထိုသို့ပြောပြီးနောက် ခန်းမထဲရှိ အမှောင်ထုမှ ခြေသံများ ထွက်ပေါ်လာသည်။

ယန်မိသားစု၏ မဟာဗိုလ်ချုပ်၃ဦးသည် ထိုသို့ကြားသည်နှင့် ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ ဘယ်ဘက်ရှိ ဗိုလ်ချုပ်က ရုတ်တရက် လှံရှည်ဖြင့် လှမ်းပစ်လိုက်ပြီး အေးစက်သောအလင်းသည် မှောင်မိုက်နေသော ခန်းမသို့ ဖြတ်သန်းသွားသည်။

"ဘုန်း"

တိတ်ဆိတ်နေသောရွှမ်ထျန်းမြို့တော်သည် ကမ္ဘာတုန်ခါမတတ် လှုပ်ခါသွားပြီး လူတိုင်သည်လည်း အိပ်မက်မှ နိုးထသွားရသည်။

နန်းတော်ထဲတွင်…။

အိပ်ခန်းထဲ၌ ရပ်နေသော အင်ပါယာသည် မီးတောက်များထွက်ပေါ်လာသော အရပ်သို့ အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

စောရနတ်ဘုရားသည် သူ့ဘေးတွင် ထွက်ပေါ်လာပြီး မေးမြန်းလိုက်သည်။

“အရှင်မင်းကြီး…ကျွန်တော်တို့ ဒါကို တားဆီးသင့်လား”

အင်ပါယာက ပြောလိုက်သည်။

“ကြားဝင်ဖို့ မလိုဘူး။ အန်းချန်နောက်ကွယ်က လူကို ငါသိချင်တယ်”

စောရနတ်ဘုရားသည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောလိုသော်လည်း တုန့်ဆိုင်းနေသည်။

ယုံကြည်မှုရှိကာ ဗျူဟာများဖြင့်ပြည့်နေသော အင်ပါယာအား ကြည့်လျက် စောရနတ်ဘုရားသည် သူက ပို၍ ပို၍ စိတ်ကြီးဝင်လာသည်ဟု ခံစားမိလိုက်သည်။ ရှမန့်အား နှိမ်နင်းပြီးနောက် အင်ပါယာ၏ နှလုံးသား လှုပ်ခါနေခြင်းသည် မကောင်းဟု သူခံစားနေရသည်။

သူသည် စိုးရိမ်နေသော်လည်း ဘာမှ မပြော‌လိုက်ချေ။

မည်သို့ဆိုပါစေ သူက အင်ပါယာမဟုတ်ပေ။ သူသည် ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ပေးရုံသာဖြစ်ပေသည်။

ဂျူလိုင်လတွင် သတင်းတစ်ခုက လူတိုင်းအား တုန်လှုပ်သွားစေသည်။

ဗိုလ်ချုပ်ယန်ကျန်းသည် ဝန်ကြီးချုပ်၏ စံအိမ်အား ညဘက်တွင် တိုက်ခိုက်ရန် ယန်မိသားစု၏ မဟာဗိုလ်ချုပ်၃ဦးအား စေလွှတ်ခဲ့သည်။ နှစ်ဖက်တိုက်ခိုက်မှုသည် ရွှမ်ထျန်းမြို့တော်တစ်ခုလုံး အကျိုးသက်ရောက်သွားသည်။ ထိုတိုက်ပွဲက ညမှ နောက်တနေ့မနက်အထိ ကြာသွားသည်။ မရေမတွက်နိုင်သည့် မြို့သူမြို့သားများသည် အသတ်ခံရခြင်းနှင့် အပြင်းအထန်ဒဏ်ရာရခြင်းတို့ဖြင့် ကြုံတွေ့လိုက်ရသည်။ အင်ပါယာက သူတို့အား တားဆီးရန် အဖြူရောင်ဝတ်အစောင်များအား စေလွှတ်ခဲ့သော်လည်း နှစ်ဖက်စလုံး အသေအပျောက်များခဲ့သည်။

ထိုညမှ သတင်းအပြည့်အစုံကို ဘယ်သူမှ မသိချေ။ သို့သော်လည်း Marquis of Expedition ဖြစ်စေ အန်းချန်ဖြစ်စေ အင်ပါယာ၏ အပြစ်ပေးခြင်းကို မခံခဲ့ရချေ။ အင်ပါယာထံမှ မည်သည့်လှုပ်ရှားမှုမှမရှိခဲ့ပေ။ ဖြစ်စဉ်တစ်ခုလုံး ထူးဆန်းနေသည်။

ဩဂုတ်လတွင်…။

ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲ၌…။

ကျန်းရှန်ချန်းသည် သူ့မျက်လုံးများအားဖွင့်လိုက်သည်။ သူ့မျက်ခုံးများကြားတွင် တာအိုသင်္ကေတများထွက်ပေါ်နေပြီး ပုန်းကွယ်နေသော မျက်လုံးအတိုင်းပင် ရှိနေသည်။

ဤနှစ်အတွင်း လေ့ကျင့်ပြီးနောက် သူ့တာအိုမျက်လုံးသည် ပြောင်းလဲလာသည်။ သူသည် Phantom God’s Eye အား မဟာတာအိုမျက်လူံများနှင့် ပေါင်းစည်းပြီး ပို၍သန်မာသော နတ်စွမ်းအားကို ဖန်တီးနိုင်ခဲ့သည်။ ထိုနတ်စွမ်းအားသည် ပုံရိပ်ယောင်အား အခြေခံသော စွမ်းအားဖြစ်သည်။ ထိုနတ်စွမ်းအား၏ လွှမ်းမိုးခံရသည်နှင့် လွှမ်းမိုးခံရသူသည် ပုံရိပ်ယောင်ထဲတွင် ထာဝရပိတ်မိသွားပေမည်။ သူသည် ထိုနတ်စွမ်းအားကို အသုံးပြုလျက် စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်သည့် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖန်တီးနိုင်သည်။

ဤနတ်စွမ်းအား၏ ခွန်အားသည် ဒုတိယဖြစ်ပေသည်။ အဓိက ကိစ္စက သူသည် နားလည်တတ်ကျွမ်းထားသော ကောင်းကင်နှင့် မြေကြီးနိယာမစွမ်းအားများကို အသုံးပြုလာနိုင်ခြင်းပင်။

“ကောင်းကင်ဘုံကိုးခုဖန်တီးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ကျန်းရှန်ချန်းသည် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူသည် မတူညီသော အကွာအဝေးများရှိ ကျွမ်းကျင်သူများကို ရေတွက်လိုက်သည်။

အမွှေးတိုင်အရေအတွက်သန်း၃၀၀တန်သည့် လူများ မဟာကျင်းတွင် ထွက်ပေါ်လာသည်။ သူသည် အမွှေးတိုင်အရေအတွက်သန်း၃၀၀တန်သည့် လူအား သေချာကြည့်လိုက်သည်။

ထိုလူသည် မျိုးနွယ်ခြားဖြစ်သည်။ လက်ရှိတွင် သူသည် ရှမန့်နှင့် အတူရှိနေပြီး သိုင်းနည်းစနစ်များ သင်ပေးနေသည်။

ကျန်းရှန်ချန်းသည် ရှမန့်၏ နောက်ကွယ်မှ လူကို သိရှိသွားခဲ့ပြီး သူ့မိတ်ဆွေဟောင်းတစ်ဦးပင် ပါဝင်နေသည်။ ကျန်းမိသားစုက ဤကြံစည်မှုကို ကိုင်တွယ်နိုင်မလား ဆိုသည်ကို သိလို၍ သူ ဝင်မပါခဲ့ချေ။

သူသည် ရွှမ်ထျန်းမြို့တော်ရှိ နန်းတော််အား ကြည့်လိုက်သည်။

အင်ပါယာသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ သွက်လက်မှုများသည် လျော့နည်းလာသည်။ ၎င်းကို ကြည့်လျှင် သူသည် နှစ်ပေါင်းအ‌နည်းငယ်သာ နေနိုင်ပေတော့မည်။

မျိုးနွယ်ခြားများ၊ မင်းမျိုးမင်းနွယ်မိသားစုများ၊ သိုင်းပညာကမ္ဘာကြီး၊ အရာရှိမှ အင်ပါယာဆွေးမျိုးများနှင့် မဟာကျင်းတို့သည် အတွင်းပဠိပက္ခများကို ရင်ဆိုင်နေရသည်။ လူအများစုက အင်ပါယာကို သေစေချင်နေကြသော်လည်း အင်ပါယာကတော့ ကျန်းရှန်ချန်း၏အကူအညီအား မျှော်လင့်နေဆဲဖြစ်သည်။ သူသည် ကျန်းရှန်ချန်းအား ယုံကြည်သူတစ်ယောက်မဟုတ်ဘဲ ခွန်အားနှင့် ထာဝရရှင်သန်ခြင်းကို လေးစားရုံသာဖြစ်သည်။ သူသည် ကျန်းရှန်ချန်းအား လုံးဝ ဆုမတောင်းဖူးချေ။

All Chapters