← Chapters

ချိုးဖျက်ခြင်းတစ်ခု၏ အကြိုနေ့၊ ရှမန့်၏ အံ့အားသင့်မှု

Vol. 21 Ch. 314

ချိုးဖျက်ခြင်းတစ်ခု၏ အကြိုနေ့၊ ရှမန့်၏ အံ့အားသင့်မှု

Vol. 21 Ch. 314

ကျန်းရှန်ချန်းသည် အင်ပါယာအား တခဏလောက် ကြည့်ပြီးနောက် သူ့အကြည့်အား ဆုတ်ခွာလိုက်သည်။

သူသည် နယ်မြေအသီးအသီးရှိ ကျွမ်းကျင်သူများ၏ ခွန်အားများကို ဆက်လက်လေ့လာလိုက်သည်။ အချိန်တစ်ခုထိ အများကြီး ပြောင်းလဲမှုမရှိချေ။ ၎င်းက သူ့အား ငြိမ်းချမ်းစွာ ကျင့်ကြံစေနိုင်ပြီး ဖြစ်နိုင်သမျှ မြန်မြန်အဆင့်ချိုးဖျက်နိုင်စေပေသည်။

တာအိုနည်းစနစ်အား အဆင့်၁၀သို့ ရောက်သည်နှင့် မဟာကျင်းကို ပြောင်းလဲရန် သူဆုံးဖြတ်ထားသည်။ ပထမဆုံးအနေဖြင့် မဟာကျင်းရှိ လူများအား ပို၍ လုံခြုံစွာ ထားလိုပြီး မှန်ကန်သော လမ်းကြောင်းကို လျောက်လှမ်းစေချင်ပေသည်။ ဒုတိယအနေဖြင့် သူ၏ အမွှေးတိုင်အရေအတွက်များကို တိုးမြင့်လာအောင် လုပ်ရန်ဖြစ်ပေသညါ။

ကျန်းရှန်ချန်းသည် သူနှလုံးသားနှင့် အဝေးသို့ မည်သည့်အခါမှ ပြေးမည်မဟုတ်ချေ။ သူသည် အမွှေးတိုင်အရေအတွက်များအား အလွန်တန်ဖိုးထားပြီး သူ့နှလုံးသားက ထိုသို့အမျိုးအစားမဟုတ်ချေ။ သို့သော်လည်း လူများအား ပိုမိုကောင်းမွန်သော ရှင်သန်မှုပေးပြီး သူ့ခွန်အားတိုးတက်လာစေလိုလျှင် ဤကိစ္စအား ရှောင်လွှဲ၍ မရပေ။

ထို့နောက် ကျန်းရှန်ချန်းသည် ဆက်လက်ကျင့်ကြံလိုက်သည်။

မဟာတာအို၏ မျက်လုံး အသွင်ပြောင်းလဲလာခြင်းသည် သူ့အား အဆင့်ချိုးဖျက်နိုင်ရန် အခွင့်အရေးများလာစေသည်။ အလွန် မဝေးကွာတော့ဟု သူခံစားနေရသည်။

အဆင့်ချိုးဖျက်ပြီးနောက် မည်သို့ ဖြစ်မည်ကို သိချင်စိတ်များဖြစ်သွားသည်။

ဤကာလများအတွင်း မဟာကျန်း၏ အတွင်းပဋိပက္ခများအား သူတို့ကို ဆက်လက်တိုက်ခိုက်စေလိုက်ပြီး မည်သို့ လှည့်ကွက်များ သုံးလာမည်ကို စောင့်ကြည့်လိုပေသည်။

သင်းဟဲခေတ် သက္ကရာဇ် ၁၂၊ နွေဦးပြီးနောက် အင်ပါယာသည် အမိန့်များ အဆက်မပြတ်ထုတ်ပြန်လိုက်သည်။ အရာရှိများအပြင် ဟော်ချီစစ်တပ်၏ စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ထားသည့် ယန်ယွမ်ဟုန်နှင့် နောက်တစ်ယောက်က အဓိကစီရင်စုသုံးခုမှ ဝန်ကြီးချုပ်အိုကြီးတစ်ယောက်တို့က အမိန့်ထုတ်ပြန်ချက်ကို လက်ခံရသည်။

ရွှမ်ထျန်းမြို့တော်တွင် သွေးခင်းလမ်းများ ဆက်ဖြစ်နေသည်။

သင်းဟဲခေတ် သက္ကရာဇ် ၁၃၊ Marquis of Expedition နှင့် သူ့၏ မဟာဗိုလ်ချုပ်၃ဦးတို့သည် မြောက်ပိုင်းနယ်စပ်သို့ ပြောင်းရွေ့ခံရသည်။ သူတို့ထွက်သွားသည်နှင့် အန်းချန်သည် အင်ပါယာခုံရုံးတွင် ကောင်းကင်အား လက်တစ်ဖက်ဖြင့် ဖုံးအုပ်ထားလာနိုင်သည်။

နှစ်ကုန်ပိုင်းတွင် အင်ပါယာ ကျန်းစီသည် ရာထူးစွန့်ကာ အိမ်ရှေ့စံမင်းသား ကျန်းရွှယ်နျန်းအား ရာဇပလ္လင်လွှဲပြောင်းပေးရန် ကြေညာသည်။ ထိုသတင်းသည် ကုန်းမြေတစ်ခုလုံးပျံ့နှံ့သွားသည်။

နောက်တစ်နှစ်တွင် ကျန်းရွှယ်နျန်းသည် ရာဇပလ္လင်အား တက်ရောက်ယူဆောင်ပြီး သက္ကရာဇ်အား ယန်ဝူဟု ပြောင်းလဲသည်။ ယန်ဝူခေတ် သက္ကရာဇ်၁၊ ကျန်းရွှမ်သည် သိုင်းနည်းစနစ်များအား အလွန်ကျွမ်းကျင်စွာ ပြသကာ ယန်မိသားစုမှ လူအများစုအား ရာထူးတိုးပေးသည်။ သို့သော်လည်း ထိုနှစ်၏ နိုဝင်ဘာလတွင် ရက်စက်သော သားရဲ မျိုးနွယ်စုတစ်ခုသည် မြောက်ပိုင်းအရပ်မှ တိုက်ခိုက်လာသည်။ ထိုမျိုးနွယ်စုက အသိဉာဏ်မရှိသော်လည်း ကြီးမားသော အုပ်စုအဖွဲ့ကြီးက ပျက်စီးမှုများစေသည်။ ထို့ကြောင့် ကျန်းရွှယ်နျန်းသည် ရွေးချယ်စရာမရှိဘဲ ကောင်းကင်မဟာဗျူဟာစစ်တပ်အား စုစည်းကာ မြောက်ပိုင်းအရပ်ရှိ စီရင်စုများကို ကာကွယ်ရန် စေလွှတ်ရသည်။

ယန်ဝူခေတ် သက္ကရာဇ် ၂၊ မတ်လတွင်…။

ရွှမ်ထျန်းနန်းတော်ထဲ၌ ကျန်းရွှယ်နျန်းသည် အိပ်ယာဘေး၌ ထိုင်လျက် ယခင်အင်ပါယာ ကျန်းစီအား ကြည့်လိုက်သည်။

ကျန်းစီသည် အလွန်အားနည်းနေပေပြီ။ သူသည် မျက်လုံးတဝက်ဖွင့်လျက်ပြောလိုက်သည်။

“ရွှယ်နျန်း… အရာရာပြောင်းလဲသွားပြီ။ အင်ပါယာစွမ်းအားက အရင်ကလို့ စွမ်းအား၊ ခွန်အား ရှိမနေတော့ဘူး။ ငါအပါအဝင် လုပ်ကြံခံရတဲ့ အင်ပါယာ၃ပါးရှိပြီ။ သူတို့က ပိုပိုပြီး ရဲတင်းလာတယ်။ မင်းဂရုစိုက်မှရမယ်…”

ကျန်းရွှယ်နျန်းသည် သူ့လက်တွင် သေးငယ်သော ဒယ်စောက်အား ကိုင်ဆောင်ထားဆဲပင်။ မည်သို့ပင်ဆိုပါစေ ကောင်းကင်နှင့် မြေကြီးရတနာသည် ရှားပါးသော ရတနာဖြစ်သည့်အတွက် တခဏလောက်ပင် လက်လွှတ်မထားဝံ့ချေ။

သူ့အဖေ၏ စကားများကို ကြားသည့်အခါ ကျန်းရွှယ်နျန်းသည် သက်ပြင်းချလျက် ပြောလိုက်သည်။

“အဖေ…ကျန်းမိသားစုရဲ့ ကံတရားက သတ်မှတ်ခံထားရပြီးပြီ။ ဒီတော့ ကျွန်တော်က ဘာကို ဂရုစိုက်နေရမှာလဲ”

သူသည် ရာဇပလ္လင်သို့ တက်ရောက်ပြီးနောက် ကိစ္စအများစုက အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည်ကို သိလာခဲ့သည်။

အရာရာတိုင်းသည် အန်းချန်နှင့် ယန်ကျန်းအား ကျန်းစီက တိုက်ခိုက်ခွင့်ပေးလိုက်ခြင်းမှ စတင်ပေသည်။

ထိုအခြေအနေမှစပြီး ရွှမ်ထျန်းမြို့၏ အကာအကွယ်ကို ယန်မိသားစု ထိန်းချုပ်လာသည်။ သို့သော်လည်း အန်းချန်အား လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ယောက်က ကာကွယ်ပေးထားသည့်အတွက် ယန်မိသားစုသည် ဘာမှ မလုပ်နိုင်ချေ။ အင်ပါယာသည် ခက်ခဲသော အခြေအနေတွင် ရှိနေသည်။ နှစ်ဖက်စလုံးက သူ့အသက်ကို အလွယ်တကူယူဆောင်သွားနိုက်သည်ကို သိသည့်အတွက် အင်ပါယာသည် အန်းချန်နှင့် ယန်ကျန်းတို့အား ကွပ်မျက်ခြင်းမပြုဝံ့ချေ။

စစ်ပွဲပြီးနောက် ရွှမ်ထျန်းမြို့တော်၏ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။ အန်းချန်နှင့် ယန်ကျန်းတို့သည် တိတ်တဆိတ် နားလည်မှုရယူသည့် အခြေအနေဖြစ်သွားသည်။ အပြင်ဘက်တွင် တိုက်ခိုက်နေကြသော်လည်း အင်ပါယာအားနည်းသွားစေရန် အဖြူရောင်ဝတ်အစောင့်များအား တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်နေကြသည်။

၂နှစ်ကြာပြီးနောက် အင်ပါယာ ကျန်းစီသည် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရလုနီးပါးဖြစ်သွားသည်။ တဖက်လူက သူ့အား သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှ်ိဘဲ အပြင်းအထန်ဒဏ်ရာရသွားစေရုံသာ ပြုလုပ်ခဲ့သည်။

လွှဲပြောင်းပေးသည့်ကာလတွင် အင်ပါယာသည် ကျန်းရွှယ်နျန်းအား တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည့်အတွက် ယန်မိသားစုကို အဝေးသို့ ပို့ခဲ့ခြင်းဖြစ်သည်။ ကျန်းရွှယ်နျန်းရာဇပလ္လင်သို့ တက်ရောက်ပြီးနောက် အန်းချန်သည် သူ့စွမ်းအားအား ထိန်းချုပ်ကာ ရွေးချယ်စရာမရှိဘဲ ယန်မိသားစုနှင့် ပူးပေါင်းခဲ့ရသည်။

ထိုအချိန်တွင် အင်ပါယာခုံရုံးသည် ကျန်းမိသားစု၏ အင်ပါယာခုံရုံစမဟုတ်တော့ဘဲ အန်းချန်နှင့် ယန်မိသားစုအတွက် ဖြစ်သွားသည်ကို ကျန်းရွှယ်နျန်းက သတိပြုမိသွားသည်။

ယန်မိသားစုသည် အန်းချန်အား ဘာမှ မလုပ်သလို အန်းချန်၏ လုပ်ဆောင်ချက်များကလည်း ထူးဆန်းနေသည်။ သူ ဘာလုပ်လိုသည်ကို မည်သူမှ သေချာမတွေးတောနိုင်ချေ။ သူသည် ယန်မိသားစုအား ဖိနှိပ်ခြင်းမရှိတော့ဘဲ ကြွယ်ဝမှုကိုသာ စုဆောင်းနေသည်။

ကျန်းစီသည် အံကြိတ်လျက်ပြောလိုက်သည်။

“ငါတို့ မကိုင်တွယ်နိုင်တော့ရင် တာအိုဘိုးဘေးကို သွားတွေ့လိုက်တော့… သူက ငါတို့နဲ့ ဝေးကွာနေတယ်ဆိုပေမယ့် သွေးချင်းဆက်နွယ်နေသေးတယ်။ မင်းအဖိုးက အခြေအနေတွေကို ငါတို့ကိုယ်တိုင် ထိန်းချုပ်စေချင်ပေမယ့် ငါတို့ စွမ်းအားမဲ့တယ်။ အင်ပါယာရဲ့ ကံတရားက ဒီလိုအဆုံးသတ်ရမယ်လို့ သတ်မှတ်ထားတာကို ငါနောက်ဆုံးတော့ နားလည်သွားပြီ”

ကျန်းရွှယ်နျန်းသည် ခေါင်းခါလျက် ပြောလိုက်သည်။

“ဒီပြဿနာကို တာအိုဘိုးဘေးကို မေးမြန်ရုံနဲ့ အပြည့်အဝ ကျွန်တော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျန်းမိသားစုရဲ့ ကံတရားက ကျွန်တော့်လက်ထဲမှာ သတ်မှတ်ထားတယ်လို့ ခံစားရတယ်။ ကျွန်တော် ရွှယ်ကျန်းကို ထောက်ပံ့ပေးပြီး လက်အောက်ခံတွေကြားမှာ ပဋိပက္ခဖြစ်အောင်လုပ်ဖို့ တွေးထားတယ်။ ဒီလိုဆို ရွှယ်ကျန်းက အင်ပါယာဖြစ်လာပြီး မဟာကျင်းကို ပြန်ပြီးတည်ဆောက်နိုင်လိမ့်မယ်”

သူ၏ မျက်လုံးများသည် တောက်ပနေသည်။ သူသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ရှေးခေတ်ကတည်းက ဖျက်စီးမခံရတဲ့ မင်းဆက်မရှိခဲ့ဘူး။ နှစ်ပေါင်းထောင်နဲ့ ချီတဲ့ မင်းဆက်တွေလည်း အင်ပါယာစွမ်းအားရဲ့ အကျိုးသက်ရောက်မှုခံရတာပဲ။ နောက်ဆုံးမှာ သူတို့ရဲ့ ဆွေမျိုးတွေက ပြောင်းလဲပြီး မင်းဆက်ကို ဆက်လက်ရှင်သန်စေတယ်။ ဒီလိုလုပ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မင်းဆက်ကို အသာစီးပြန်ရ‌စေချငိလို့ပဲ။ ဖရိုဖရဲဖြစ်မှပဲ အမိန့်တွေ ထုတ်ပြန်နိုင်လိမ့်မယ်”

ကျန်းစီသည် ကျန်းရွှယ်နျန်းအား ရှုပ်ထွေစွာ ကြည့်လျက် မေးလိုက်သည်။

“မင်းတကယ်ပဲ ရာဇပလ္လင်ကို စွန့်ချင်တာလား”

ကျန်းစီသည် ဤအကြံအစည်းအားတွေးမိသော်လည်း အလွန်စော်ကားခံရပေသည်။ ၎င်းက သူ့အမည်ကို နှစ်ပေါင်း၁၀၀၀၀လောက် သမိုင်းကြောင်းတွင် ဟာသတစ်ခုဖြစ်သွားစေပေမည်။

“ရွှယ်ကျန်းက ထာဝဂအင်ပါယာတစ်ပါးဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။ သူ့အတွက် ဘာမဆို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်”

ကျန်းရွှယ်နျန်းသည် လေးနက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးများတွင် ပြတ်သားမှုများကို တွေ့နိုင်သည်။

ကျန်းစီသည် သက်ပြင်းချလျက် ပြောလိုက်သည်။

“မင်းက ရွှယ်ကျန်းကို ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့တယ်။ မင်းရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ ပြဿနာဖြစ်နိုင်တယ်”

ကျန်းရွှယ်နျန်းသည် ပြုံးလျက် ပြောလိုက်သည်။

“အစ်ကိုကြီးတစ်ယောက်အနေနဲ့ ညီငယ်ကို ဂရုစိုက်ရပါမယ်။ သူ အင်ပါယာဖြစ်လာရင်တောင် သူက အဖေ့ရဲ့ မျိုးဆက်ပါပဲ”

နှစ်ကုန်ပိုင်းတွင် အင်ပါယာသင်းဟဲ သည် ကွယ်လွန်ပြီး ကွယ်လွန်သူအင်ပါယာရွှမ်ဟု အမည်တွင်သည်။ သို့သော်လည်း သူ၏ ညံဖျင်းမှုကြောင့် ကျန်းရွှယ်နျန်းသည် အပြင်ဖိအားများကို မခံစားနိုင်သည့်အတွက် ကျန်းစီအား အင်ပါယာဘိုးဘေးဘုရားကျောင်းသို့ မပို့ဆောင်နိုင်ခဲ့ချေ။

ယန်ဝူခေတ် သက္ကရာဇ်၃၊ အင်ပါယာသည် သူ၏ ညီငယ် ကျန်းရွှယ်ကျန်းအား ‌ဘုရင်ဝေ့ဂုဏ်ပုဒ်ပေးအပ်ကာ မြောက်ပိုင်းအရပ်ရှိ စီရင်စုတစ်ခုသည် တာဝန်ထမ်းဆောင်ရန် စေလွှတ်သည်။ ထိုသတင်းက မည်သည့် ကြီးမားသော ကိစ္စကိုမှ မဖြစ်စေခဲ့ချေ။ နှစ်စဉ်နှစ်တိုင်း လက်အောက်ခံဘုရင်များထွက်ပေါ်လာသည့်အတွက် ပြည်သူပြည်သားများ အံ့ဩမနေတော့ချေ။

ထိုနှစ်တွင် မြောက်ပိုင်းအရပ်အား ကျူးကျော်သည့် ရက်စက်သောသားရဲမျိုးနွယ်စုကို ရှင်းလင်နိုင်ခဲ့သည်။ မြောက်ပိုင်း စီရင်စုများ၏ စစ်တပ်များသည် ရက်စက်သော သားရဲအလောင်းများအတွက် စတင် တိုက်ခိုက်ကြသည်။

ယန်ဝူခေတ် သက္ကရာဇ်၄၊ ဧကရီသည် အဆိတ်ခတ်လုပ်ကြံခံရ၍ သေဆုံးပြီး မင်းဆက်တစ်ခုလုံး တုန်လှုပ်သွားရသည်။ အင်ပါယာနှင့် ယန်မိသားစုသည် အလွန်ဒေါသထွက်သွားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ စစ်တပ်များအားစုစည်းကာ ရွှမ်ထျန်းမြို့တော်အား ဝိုင်းရံလိုက်သည်။ ဤကိစ္စအား အန်းချန်က စစ်ပွဲစတင်ကာ

ရွှမ်ထျန်းမြို့တော်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းစတင်လိုသည့်အတွက် လုပ်ခြင်းဖြစ်သည်ဟု သူတို့ ယုံကြည်ပေသည်။ အန်းချန်နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူက ယန်မိသားစုစစ်တပ်ကို ဖြိုခွင်းသည်။ ထို့နောက် အန်းချန်အား သတ်နိုင်သူကို ဘုရင်ဂုဏ်ပုဒ်ချီးမြှင့်မည်ဟု ယန်ကျန်းက အင်ပါယာအမိန့် ထုတ်ပြန်သည်။

မင်းဆက်သည် ဖရိုဖရဲပြန်လည်စတင်သည်။

ထိုနှစ်တွင် ကျန်းရှန်ချန်းသည် နှစ်ပေါင်း၃၂၁နှစ်ပြည့်သည်။

တာအိုဘုရားကျောင်းထဲတွင် သူ့မျက်လုံးများအား ဖွင့်လိုက်ပြီး အကြည့်တချက်ဖြင့် သူတို့အား မြင်တွေ့လိုက်ရသည်။

“နောက်ဆုံးတော့ ငါအဆင့်ချိုးဖျက်နိုင်တော့မယ်ဆိုပေမယ့် အချိန်တချို့လိုဦးမယ်ထင်တယ်”

ကျန်းရှန်ချန်းသည် တီးတိုးရေရွတ်လိုက်သည်။ သူသည် ထရပ်လျက် တာအိုဘုရားကျောင်းအပြင်ဘက်သို့ ထွက်လိုက်သည်။ ခြံဝင်းမှ လူတိုင်း ထွက်လာကြသည်။ သူ၏ ရောက်ရှိလာမှုကိုမြင်သောအခါ လူတိုင်းသည် ထရပ်လျက် အရိုအသေပေးလိုက်ကြသည်။

“ဆရာ…အဆင့်ချိုးဖျက်သွားနိုင်ပြီလား”

ပိုင်ချီသည် စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး သူမ၏ အသံတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

မုလင်းလော၊ ကျီဝူကျွင်း၊ ကျန်းထျန်းမင်၊ ရဲရွှမ်၊ ဓားနတ်ဘုရား၊ ရွှေကျီးကန်း၊ အဖြူရောင်နဂါး၊ တိုင်ဝနှင့် တိုင်ရှီးတို့ အားလုံးသည်လည်း သိချင်စိတ်များဖြင့် ပြည့်သွားသည်။

တာအိုဘိုးဘေးက သူတို့အား ဘာလုပ်ရမည်ဟု မပြောသည်မှာ ကြာပေပြီ။

တခဏကြာပြီးနောက် ချန်လီသည် အလောတကြီးရောက်ရှိလာသည်။ ထိုသို့မြင်သောအခါ လူတိုင်းသည် စိုးရိမ်သွားကြသည်။

ကျန်းရှန်ချန်းသည် သူ့အားထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။

“ငါက အဆင့်ချိုးဖျက်ဖို့ တာအိုကို နားလည်အောင် လုပ်နေတာ။ အချိန်တစ်ခုထိ ငါထွက်လာမှာ မဟုတ်တဲ့အတွက် ကျင်းမင်းဆက်ကို မင်းတို့လက်ထဲမှာ ထားခဲ့မယ်။ ချန်လီ… မင်းအစီအစဉ်အတိုင်းဆက်လုပ်ပါ…ဒါပေမဲ့ မဟာကျင်းတော့ မကျရှုံးစေနဲ့”

ချန်လီက ထိုသို့ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။

ကျန်းရှန်ချန်းသည် တခြားသူများအား ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျန်းမိသားစု အန္တရာယ်ကျရောက်ရင် မင်းတို့ ကယ်တင်ပေးနိုင်တယ်။ ဒါပေမဲ့ ထျန်းမင်…မင်း အကူအညီမပေးရဘူး”

ကျန်းထျန်းမင်သည် ထိုသို့ကြားသည့်အခါ မလိုလားစွာ ပြောလိုက်သည်။

“ကျွန်တော် သိုင်းဘုရင်နယ်ပယ်ကို ရောက်သွားရင်ရော…”

ကျန်းရှန်ချန်းသည် ပြုံးလျက်ပြောလိုက်သည်။

“ဒါဆိုလည်း ဘယ်သူ အရင်အဆင့်ချိုးဖျက်နိုင်မလဲ ကြည့်ကြတာပေါ့”

“ကောင်းပါပြီ…”

ကျန်းထျန်းမင်၏ မျက်လုံးများသည် တောက်ပသွားသည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။

မုလင်းလောက ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့…မူမိသားစုကို အကူအညီတောင်းထားလိုက်ပါမယ်။ ဒီမင်းဆက်ရဲ့ မျိုးရိုးက အမြဲတန်းကျန်းမျိုးရိုးဖြစ်ရပါမယ်။ မဟာကျန်းလည်း ဘယ်တော့မှ မကျရှုံးစေရပါဘူး”

တခြားသူများသည်လည်း ကတိပေးလိုက်ကြသည်။

မဟာကျန်းက ဖရိုဖရဲဖြစ်နေသော်လည်း သူတို့ ဂရုမစိုက်ချေ။

ကျန်းရှန်ချန်းသည် သူတို့အားလုံးအား သူ့ဆံပင်တစ်ပင်စီပေးကာ အသက်အန္တရာယ်နှင့်ကြုံလာလျှင် အသုံးပြုနိုင်ကြောင်းပြောလိုက်သည်။ ထို့နောက် သူသည် ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာခဲ့သည်။

“Scattering Beans into Soldiers Spellနဲ့ တူညီတဲ့ မန္တာန်တစ်ခုလား” ရဲရွှမ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျိဝူကျွင်းသည် ပြုံးလျက် ပြောလိုက်သည်။

“ဖြစ်နိုင်တယ်…ဒါပေမဲ့ ငါတော့ အန္တရာယ်နဲ့ ကြုံမှာ မဟုတ်ဘူး”

သူမသည် မဟာကျင်းရှိ ကျွမ်းကျင်သူများအား ဂရုမစိုက်ချေ။ ဤနေရာတွင် သူတော်စင်ကွမ်သည်သာ သူမအား အနိုင်ယူနိုင်သည်။ ထို့အပြင် ကွမ်ရှန့်သည်လည်း သူမတို့ထဲမှ တစ်ယောက်ဖြစ်သည်။

“ဒါဆိုလည်း ငါ့ကို ပေးလိုက်”

ရဲရွှမ်၏ စကားကို ကြားသည့်အခါ သူမသည် ကျန်းရှန်ချန်း၏ ဆံပင်အား အလျင်အမြန် သိမ်းဆည်းထားလိုက်သည်။

မုလင်းလောသည် သူမအား အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သော်လည်း ဘာမှ မပြောချေ။

ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲတွင်…။

ကျန်းရှန်ချန်းသည် ခြေချိတ်ထိုင်လျက် ရှမန့်အား ကူညီပေးနေသည့် အမွှေးတိုင်အရေအတွက်သန်း၃၀၀တန်သော လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူကို ကြည့်လိုက်သည်။ သူသည် တီးတိုးရေရွတ်လိုက်သည်။

“ငါ မင်းကို အကြာကြီးစောင့်နေပေမယ့် မင်းက နှိမ့်ချစွာ နေတုန်းပဲ။ ဒါဆိုလည်း မင်း ငရဲကို သွားလို့ရပြီ”

သူ့မျက်ခုံးကြားရှိ မဟာတာအိုမျက်လုံးပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု တောက်ပစွာထွက်‌ပေါ်လာကာ ပစ်လွှတ်လိုက်သည်။

ထိုအချိန်၌ သူ့ကိုယ်ပွားသည် တောင်တန်းနှင့်ပင်လယ်ပြင်စာအုပ်နှင့် ကောင်းကင်နှင့်မြေကြီးရတနာကြေးမုံသို့ ပြန်ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

ရွှေရောင်အလင်းတန်းသည် ပျောက်ကွယ်သွားသည်။

ကျန်းရှန်ချန်းသည် မျက်လုံးများအားမှတ်လိုက်သည်။ သူအဆင့်ချိုးဖျက်လိုလျှင် ငြိမ်းချမ်းအောင် အရင်လုပ်ဂပေမည်။ ပုန်းကွယ်နေသော ကျွမ်းကျင်သူများနှင့် မဟာကျင်းရှိ သူပြိုင်ဘက်များကို ဂရုမစိုက်လျှင်ပင် လုံခြုံသည်က ပိုကောင်းသည်။

တောင်တန်းများကြားတွင် ရှမန့်သည် ရေကန်တစ်ခု၌ ခန္ဓာကိုယ်တပိုင်းပေါ်လျက် ထိုင်နေသည်။ ‌ရေကန်အား တောင်တန်းများက ဝန်းရံထားပြီး ပန်းချီကားတစ်ချပ်လိုဖြစ်နေသည်။

ရှမန့်ဘေးတွင် လူတစ်ယောက်သည် ခြေချိတ်ပြီး ပါးစပ်တွင် ဓားသွားမြက်ပင်အားကိုက်လျက် လဲလျောင်းနေသည်။ သူသည် ဝါဂွမ်းဝတ်စုံဝတ်ဆင်းထားပြီး သူ့ဆံပင်များက ပုခုံးထိ ကျနေသည်။ သူသည် အလွန် အေးချမ်းနေသည့်ပုံစံပင်ဖြစ်၏။

ရှမန့်သည် မျက်လုံးဖွင့်လျက် မေးမြန်းလိုက်သည်။

“ဆရာ…ကျွန်တော် ဘယ်အချိန်ထိ လေ့ကျင့်ရမလဲ”

ထိုလူသည် မျက်လုံးမှတ်လျက် ပျင်းရိစွာပြောလိုက်သည်။

“ကောင်းကင်ပေါ်က ကြယ်တွေကို ဆွဲယူနိုင်ရင် ထွက်သွားလို့ရပြီ”

ရှမန့်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။

“ဒီအထွတ်အထိပ်နည်းစနစ်က အဲ့ဒီအဆင့်ထိ ရောက်နိုင်လား”

ထိုသို့ကြားသည့်အခါ လူကြီးသည် ထထိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ငါ့ကို မေးခွန်းထုတ်နေတာလား။ ငါတို့ ထျန်းစုမျိုးနွယ်စုက မဟာကန္တာရမှာ ခွန်အားကြီးတဲ့ မျိုးနွယ်စုပဲ။ ကောင်းကင်နဲ့ မြေကြီးစွမ်းအားနဲ့ မဟာကန္တာရကို ငါတို့ သွားလာနိုင်သလို မဟာကန္တာရရဲ့ အင်ပါယာမျိုးနွယ်စုတောင် ဖြစ်လုနီးပါးပဲ”

ရှမန့်သည် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းလေ့ကျင့်ရေးကိုပဲ ဆက်လုပ်ပါ။ ပြီးတော့ အခု မင်းထွက်သွားရမယ့်အချိန်မကျသေးဘူး။ နည်းနည်းလောက် ထပ်စောင့်လိုက်…”

ထိုလူသည် နောက်တကြိမ်လဲလျောင်းလိုက်ကာ သက်တောင့်သက်သာရသော ပုံစံသို့ ပြောင်းလိုက်သည်။

ရှမန့်သည် သူ့အား သတိဖြင့် ကြည့်လိုက်သည်။

တဖက်လူက သူအား ကယ်ဆယ်ပေးခဲ့သော်လည်း ထိူလူသည် မျိုးနွယ်ခြားဖြစ်နေသည်။ အကြံအစည်တစ်ခုရှိနိုင်သည်။ သို့သော်လည်း သူသည် တဖက်လူ၏ အကူအညီကို လိုပေသည်။ အကြံအစည်တစ်ခုဖြစ်နေလျှင်ပင် ရှေ့ဆက်ရပေမည်။

ရှမန့်က မေးမြန်းလိုက်သည်။

“ဆရာ… ထျန်းစုမျိုးနွယ်စုရဲ့ အသန်မာဆုံးလူက မဟာကျင်းရဲ့ တာအိုဘိုးဘေးကို ယှဉ်နိုင်လား”

ထိုသို့ကြားသည့်အခါ ထိုလူသည် အထင်သေးစွာ ပြောလိုက်သည်။

“တာအိုဘိုးဘေးလား။ သူ့ကို ဘယ်သူက တွေးနေမှာလဲ။ ငါတို့ ထျန်းစုမျိုးနွယ်စုက ချွမ်လျန့်မျိုးနွယ်စုကိုတောင် ယှဉ်နိုင်တယ်…”

"ဘုန်း"

ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလူကြီးအား ဖောက်ထွက်သွားသည်။ ထိတ်လန့်ဖွယ်အင်အားသည် ရှမန့်အား လွင့်စင်သွားစေသည်။

ရှမန့်သည် ရေကန်ဘေးသို့ ကျသွားပြီး သူ့ခန္ဓာကိုယ်ကို အလျင်အမြန်တည်ငြိမ်အောင်လုပ်လိုက်ရသည်။ သူကြည့်လိုက်သည့်အခါ သူ့အမူအရာသည် ထိုင်းမှိုင်းသွားရသည်။ ထိုလူကြီးသည် အရိုးများ တစစီဖြစ်သည့်အထိ ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လေများတိုက်ခတ်လာပြီး ကျန်နေသော အသားစများကို လွင့်ပျံသွားစေသည်။ အလောင်းပင် မကျန်ခဲ့ချေ။

‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…’

All Chapters