← Chapters

ကောင်းကင်အား ဖွင့်ခြင်း၊ ငရဲအား ပြန်လည်မွေးဖွားစေခြင်း

Vol. 21 Ch. 312

ကောင်းကင်အား ဖွင့်ခြင်း၊ ငရဲအား ပြန်လည်မွေးဖွားစေခြင်း

Vol. 21 Ch. 312

“အန်းချန်ရဲ့ အခြေအနေက ဘယ်လိုလဲ”

အင်ပါယာသည် ရယ်မောပြီးနောက် နောက်လှည့်ကာ မေးမြန်းလိုက်သည်။

စောရနတ်ဘုရားက ပြန်ဖြေလိုက်သည်။

“သူ့မျိုးဆက်‌တွေ ရွှမ်ထျန်းမြို့တော်မှာ အရာရှိ နေရာရဖို့ မင်းမျိုးမင်းနွယ်တွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားနေပါတယ်”

အင်ပါယာက ပြောလိုက်သည်။

“သူ့ကို သေချာစောင့်ကြည့်ထားပါ…အလွယ်တကူ မသေစေနဲ့”

“ကောင်းပါပြီ”

စောရနတ်ဘုရားသည် ရိုသေစွာ ပြန်ဖြေလျက် အရိုအသေးပေးကာ ထွက်ခွာ သွားသည်။

အင်ပါယာသည် အဖြူရောင်ဝတ်အစောင့်အား ခေါ်လိုက်ပြီး အိမ်ရှေ့စံမင်းသား ကျန်းရွှယ်နျန်းအား ဆင့်ခေါ် ခိုင်းလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် အသက်၂၅နှစ်အရွယ် ကျန်းရွှယ်နျန်းသည် ရောက်ရှိလာသည်။ သူသည် ကြီးပြင်းလာသည့်အတွက် လမ်းလျောက်သည့်အခါပင် မြင့်မြတ်သော အော်ရာ ထုတ်လွှတ်နေသည်။ သူ့ဘယ်လက်အား ညာဖက် ခါးနောက်တွင် ထားလျက် သူ့ညာလက်အား ရင်ဘတ်ပေါ် တင်လိုက်သည်။ သူ့လက်ထဲတွင် သေးငယ်သော ဒယ်စောက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုဒယ်စောက်ထဲတွင် ကောင်းကင်နှင့် မြေကြီး ရတနာ ဖားပြုပ် ရှိနေသည်။

“အဖေ…ကျွန်တော့်ကို ဘာလို့ ခေါ်တာပါလဲ”

ကျန်းရွှယ်နျန်းသည် လက်အား ပူးကပ်လျက် အပြုံးတစ်ခုနှင့် မေးလိုက်သည်။

အင်ပါယာသည် နှာခေါင်းရှုံးလျက် ပြောလိုက်သည်။

“အခု ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတာတောင် အိမ်ရှေ့စံမင်းသားဖြစ်တဲ့ မင်းက ပြုံးနေနိုင်သေးတာလား”

ကျန်းရွှယ်နျန်းသည် ပြုံးလျက် ပြောလိုက်သည်။

“သေချာတာပေါ့…ကျွန်တော် ပြုံးနေနိုင်တယ်။ အခု ကမ္ဘာပေါ်မှာ သူရဲကောင်းများစွာ ရှိနေတဲ့အတွက် ရှမန့်က အသတ်ခံရဖို့ သေချာနေပြီ။ ဒီဖရိုဖရဲက ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး မဟာကျင်းကို နိုးကြားသွားစေလိမ့်မယ်။ တချိန်တည်းမှာ အရည်အချင်းရှိတဲ့ အရာရှိတွေ အများကြီး ထွက်ပေါ်လာတယ်။ သူတို့က ဖရိုဖရဲတွေကို ကူညီဖြေရှင်းပေးတော့ အဖေရဲ့ နှစ်သက်မှုရပြီး အင်ပါယာရဲ့ စွမ်းအားကို တိုးမလာစေဘူးလား”

အင်ပါယာသည် ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် သူ့အကြီးဆုံးသားအပေါ် အလွန်ကျေနပ်နေပြီး သူ့အား အများကြီး မျှော်လင့်ထားပေသည်။ သူလုပ်သမျှအရာရာတိုင်းက ကျန်းရွှယ်နျန်းအတွက် လမ်းကြောင်း ဖွင့်ပေးခြင်းပင်။ သူ၏ ဂုဏ်သိက္ခာကျဆင်းပြီး အနာဂတ်တွင် သမိုင်း ပညာရှင်များ၏ ဝေဖန်မှုကို ခံရလျှင်ပင် သူဂရုစိုက်မည်မဟုတ်ချေ။

မင်းဆက်အခြေအနေ တည်ငြိမ်သွားလျှင် အင်ပါယာရာထူးအား ကျန်းရွှယ်နျန်းဆီသို့ ပေးအပ်ပြီး သူက အသက်ရှည်လမ်းကြောင်းကို ဆက်လက်လျောက်လှမ်းပေမည်။

အင်ပါယာက ရုတ်တရက် ပြောလိုက်သည်။

“ရွှယ်ကျန်းကရော ဘယ်လိုလဲ”

အင်ပါယာက ကျန်းရွှယ်ကျန်း၏ အကြောင်းကို ပြောသည့်အခါ ကျန်းရွှယ်နျန်းသည် စိတ်လှုပ်ရှားသွားသည်။

“အဖေ…ရွှယ်ကျန်း က သူတော်စင်ချီရဲ့ တပည့်တစ်ယောက်အဖြစ် အောင်မြင်စွာ ဖြစ်လာနိုင်ခဲ့ပါတယ်။ သူက အနာဂတ်မှာ မဟာကျင်းရဲ့ ထောက်တိုင်တစ်ခု သေချာပေါက်ဖြစ်လာပါလိမ့်မယ်”

“အို…ဟုတ်လား… ငါ သူ့ကို နားလည်မှုလွဲသွားတာပဲ” အင်ပါယာသည် သူ့မုတ်ဆိတ်မွှေးများအား ပွတ်သပ်လျက် ပြုံးလိုက်သည်။ သူသည် နှလုံးသားထဲမှ ဂုဏ်ယူမိပေသည်။ မဟာကျင်းက အရင်ကလောက် မကောင်းဟု မည်သူပြောမည်နည်း။ သူ့သားတွေက ထူးချွန်လွန်းနေသည်။

သူက ထပ်ပြောလိုက်သည်။

“ငါ ဆုလာဘ်အမိန့်တစ်ခု ထုတ်ပေးလိုက်မယ်။ ဒါကို ယန်စံအိမ်တော်ဆီ ကိုယ်တိုင်ပေးပို့ပြီး ယန်မိသားစုကို ကြိုးကိုင်ခြယ်လှယ်ပါ။ ဒီအမိန့်နဲ့ ယန်မိသားစုရဲ့ သမီးတော်ကို ဧကရီတစ်ပါးဖြစ်လာ‌စေလိမ့်မယ်”

ကျန်းရွှယ်နျန်းသည် ထိုသို့ကြားသည့်အခါ ဒေါသထွက်ခြင်းမရှိချေ။ ထိုအစား ပြုံးလျက်ခေါင်းညိတ်လိုက်သည်။

အင်ပါရီယာမိသားစုတွင် မွေးဖွားလာသည့်အတွက် လက်ထပ်ထိမ်းမြားခြင်းသည် သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်၍ မရချေ။ သူသည် ပြင်ဆင်းပြီးထားပေပြီ။

သင်းဟဲခေတ်၊ သက္ကရာဇ် ၉…။

ဧပြီလအစတွင် ယန်ကျန်းသည် ရှမန့်၏ စစ်တပ်အား ဖြိုခွင်းရန် သူ့စစ်တပ်အား ဦးဆောင်လျက် လိုက်လံတိုက်ခိုက်ခဲ့သည်။ မဟာဗိုလ်ချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယန်ယွမ်လေ့သည် ရှမန့်အား လှံတိုက်ကွက်တစ်ခုဖြင့် အပြင်းအထန်ဒဏ်ရာရသွားစေသည်။ ရှမန့်က သေလုနီးပါးဖြစ်နေစဉ် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ယောက်သည် မဟာဗိုလ်ချုပ်သုံးယောက်အား နောက်ဆုတ်သွားစေကာ ကယ်ထုတ်သွားခဲ့သည်။

ဤသို့ဖြင့် ရှမန့်၏ စစ်တပ်သည် ခေါင်းဆောင်မဲ့သွားကာ စတင်ပြိုကွဲလာသည်။ သို့သော်လည်း အစွန်းရောက်သူများနှင့် သူပုန်များက နေရာတိုင်းတွင် ရှိနေသေးသည်။ သူတို့ကိုယ် သူတို့ ကာကွယ်ရန် ကိုယ်ပိုင်အင်အားစုများဖွဲ့စည်းကာ မဟာကျင်း၌ စစ်ပွဲများ ထပ်မံစတင်လာကြသည်။

မေလတွင် ရာသီဥတုက သာယာနေသည်။ နေမင်းကြီးက တောက်ပနေကာ တောင်တန်းများအား ခရမ်းရောင်တိမ်တိုက်များက ဖုံးလွှမ်းနေသည်။ မြင့်မြတ်သော တောင်တန်းများအတိုင်းပငါ။

အပြာရောင်တိမ်တိုက်နန်းတော်တွင်…။

ကျန်းရှန်ချန်းသည် စွမ်းအားများအား လှည့်ပတ်နေပြီး ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ် စွမ်းအင်များ သူ့အားဝန်းရံနေကာ သူ့ဘေးတွင် ကျင့်ကြံနေသော မုလင်းလောအား ငြိမ်းချမ်းစေသည်။ သူမတွင် ရွေးချယ်စရာမရှိပဲ ခန်းမထဲသို့လာကာ လေ့ကျင့်နေရခြင်းပင်။

ကျန်းရှန်ချန်းတွင် ရွေးချယ်စရာမရှိချေ။ သူသည် အဆင့်ချိုးဖျက်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မုလင်းလောအား ပြောပြလျက် သူမ၏ နားလည်နိုင်စွမ်းကို ပိုမိုကျယ်ပြန့်လာအောင်သာ လုပ်ပေးနိုင်သည်။

သူ့တာအိုနှလုံးသား တည်ငြိမ်လာပြီးနောက် ကျန်းရှန်ချန်း၏ ကျင့်ကြံခြင်းသည် ပိုပို၍ ချောမွေ့လာသည်။ သူသည် သူ၏ စိတ်ဝိညာဉ်နည်းစနစ်များနင့် ကောင်းကင်နှင့် မြေကြီးစိတ်ဝိညာဉ်စွမ်းအားများအား အသုံးပြုကာသူ့စိတ်ဝိညာဉ်ကို မွန်းမံပြင်ဆင်နေသည်။ မကြာခဏ သူ့အတိတ်ကမှတ်ဉာဏ်များကို ပြန်မြင်လာပြီး ကောင်းကင်ပေါ်သို့ ပျံသန်းရောက်ရှိနေတတ်သည်။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ကျန်းရှန်ချန်းက ပို၍ နားလည်လာသော်လည်း အဆင့်ချိုးဖျက်နိုင်ရန် မသေချာသေးချေ။ သူသည် အခွင့်အရေးတစ်ခု လစ်ဟာနေခြင်းဖြစ်နိုင်သည်။

လတ်တလောတွင်မဟာကျင်း၏ ပြဿနာများအား ဖြေရှင်းနိုင်ပြီး သူ၏ အမွှေးတိုင်အရေအတွက်များ တိုးလာနိုင်သည် ရဲတင်းသောအကြံတစ်ခုရှိပေသည်။

၎င်းက မဟာကျင်း၏ ကောင်းကင်တွင် ကောင်းကင်အား ဖွင့်လှစ်ခြင်းဖြစ်ပြီး ဤသို့ဖြင့် သူ့အား ယုံကြည်သူများသည် အဆင့်ချိုးဖျက်ကာ အင်မော်တယ်များဖြစ်လာနိုင်သည်။ အမှန်တော့ ဤနေရာရှိ အင်မော်တယ်များသည် သူ့ထိန်းချုပ်မှုအောက်တွင်သာရှိပေသည်။ သူတို့က ကောင်းကငါအရာရှိများနှင့် တူပေသည်။

မဟာကျင်းတွင် အကျိုးဆောင်ရွက်သော အရပ်သားများနှင့် စစ်ဘက်အရာရှိများ နှင့် လူသားကမ္ဘာရှိ သူတော်စင်များအား ကောင်းကင်ပေါ်သို့ တက်ရောက်စေကာ သူ့အား ယုံကြည်သူများကို ဂရုစိုက်ကြောင်း ပြသနိုင်သည်။ ဤနည်းဖြင့် မဟာကျင်း၏ ခုံရုံးကို ခွဲခြားနိုင်ကာ ညီမျှစေပေမည်။

အင်ပါယာသည်ပင် ကောင်းကင်ဘုံသို့ တက်ရောက်နိုင်သည်။

အချိန်တစ်ခုထိ ၎င်းက အတွေးတစ်ခုအနေဖြင့်သာ ရှိခဲ့သည်။ ဤသို့ ပြုလုပ်လိုလျှင် သူ၏ ကိုယ်ပိုင် ကံကောင်းခြင်းကို ဖန်တီးရပေမည်။ သို့သော်လည်း မည်သို့ပင်ဆိုပါစေ ကောင်းကင်အရာရှိများသည် စစ်မှန်သော အင်မော်တယ်များ မဟုတ်သေးပေ။ ထို့အပြင် သက်တမ်းအကန့်အသတ်လည်း ရှိပေသေးသည်။ တွေးတောရန် လိုပေသေးသည်။

ကျန်းရှန်ချန်းက ကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများအား နားလည်တတ်ကျွမ်းလာသည်နှင့် ကံတရားအပေါ် သူ့ကိုယ်ပိုင်နားလည်မှုများရှိလာသည်။

ကျန်းရှန်ချန်းသည် တွေးတောနေစဉ် အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်၏ အသံသည် သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။

“ဆရာ…ငရဲဘုံမှာ ပြန်လည်မွေးဖွားခြင်းစတင်နေပါပြီ”

ထိုသို့ကြားသည့်အခါ ကျန်းရှန်ချန်းသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ငရဲဘုံတွင် ထွက်ပေါ်လာသည်။

အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်က သူ၏ ရုတ်တရက် ရောက်ရှိလာမှုကို မြင်သာည့်အခါ ကြောက်လန့်မသွားချေ။ သူသည် ထရပ်လျက် ကျန်းရှန်ချန်းအား ခေါ်ဆောင်သွားသည်။

“ကျွန်တော် ပြန်လည်မွေးဖွားခြင်းစမ်းချောင်းထဲမှာ အကူအညီမဲ့ တံတားကို တည်ဆောက်ထားတယ်။ ဒါက ငရဲဘုံရဲ့ အနက်ပိုင်းမှာပါ…”

အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်သည် လမ်းလျောက်လျက် ရှင်းပြလိုက်သည်။

လမ်းတလျောက်တွင် ကျန်းရှန်ချန်း သွားလာနေကြသော သေမင်းတမန်များကို မြင်တွေ့နေရသည်။ သေမင်းတမန်များသည် သူ့အား သိချင်စိတ်ဖြင့် ကြည့်နေကြသော်လည်း အကန့်အသတ်မဲ့ယန်နတ်အလင်းတန်းကြောင့် တစ္ဆေများသည်ပင် သူ၏ ပုံစံအစစ်အမှန်ကို မမြင်နိုင်ကြချေ။

“ဘိုးဘေး…”

အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ကျန်းရှန်ချန်း ကျင်းဟုန်ကျုံးနှင့် ကျန်းဟန်အား ဖျတ်ခနဲ ကြည့်လိုက်သည်။ ကျန်းဟန်သည် သူ့အား မြင်သောအခါ အလွန်စိတ်လှုပ်ရှားနေသော်လည်း ကျန်းရှန်ချန်းက မရပ်သည့်အတွက် သူသည် နောက်သို့လိုက်သွားဝံ့ခြင်း မရှိချေ။

ကျန်းဟန်သည် ကျန်းရှန်ချန်း၏ ထွက်ခွာသွားသော နောက်ကျောအား ပြောပြ၍ မရနိုင်သော ခံစားချက်များဖြင့် ကြည့်လိုက်သည်။

ကျန်းဟန်သည် အချိန်ကြာမြင့်စွာ စိတ်ပျက်မနေချေ။ တခဏကြာပြီးနောက် အသိစိတ်ပြန်လည်လာသည်။

ဘိုးဘေးနှင့် သူ၏ ဆက်ဆံရေးအရ ကောင်းမွန်စွာသာ ဆောင်ရွက်နိုင်လျှင် အနာဂတ်တွင် ယမမင်းဖြစ်လာရန် ခက်ခဲမည်မဟုတ်ချေ။

မည်သို့ပင်ဆိုပါစေ ၎င်းက ကမ္ဘာပေါ်တွင် ‌ရုန်းကန်နေရခြင်းထက် ကောင်းမွန်ပေသည်။

အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်နောက်သို့ လိုက်၍ ကျန်းရှန်ချန်းသည် အကူအညီမဲ့ခြင်းတံတားဆီသို့ ရောက်ရှိလာသည်။ အဝါရောင်ရေနွေးငွေ့များသည် ငရဲအား ဖုံးလွှမ်းနေပြီး ငရဲ၏ အနက်ပိုင်းတွင် အဝါရောင်စမ်းချောင်းတစ်ခုရှိနေသည်။ ဤနေရာတွင် အလွန်မှောင်မိုက်နေပြီး အဝါရောင်စမ်းချောင်းမှရေများသည် ပူပြင်းနေသည်။

အကူအညီမဲ့ခြင်းတံတားတွင် စိတ်ဝိညာဉ်များ တန်းစီ၍ ရှိနေသည်။ ကျန်းရှန်ချန်းသည် ဖြတ်သန်းသွားသည့် ဝိညာဉ်တိုင်းအား ရေခွက်ဖြင့် ရေတိုက်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ငရဲပြည်ရဲ့ တည်ရှိမှုတွေကို မဖော်ထုတ်နိုင်အောင် ဘဝမေ့ခြင်းရေကို ပြန်လည်မွေးဖွာခြင်းမပြုနိုင်ခင် သောက်သုံးရမယ်။ ဒါက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို လျော့ချနိုင်တယ်” အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်သည် ထိုအမျိုးသမီးအား ကျန်းချဲ၏ချစ်သူ၊ ကြင်ရာတော်ယုကဲ့သို့ မိတ်ဆက်ပေးလိုက်သည်။

ကြင်ယာတော်ယုသည် ကျန်းရှန်ချန်းအား အဝေးမှ မြင်လိုက်ရသည့်အခါ ရိုသေစွာ အရိုအသေပေးလိုက်သည်။

သူမအား မြင်သည့်အခါ သူသည် မုံ့ပိုအား သတိရသွားသည်။ သို့သော်လည်း ကြင်ယာတော်ယုသည် မိန်းမအိုကြီးအဖြစ်ပြောင်းလဲသွားခြင်းမရှိချေ။ သူမသည် ပြိုင်ဘက်ကင်းပြီး ဉာဏ်ပညာကြွယ်ဝသော အသွင်အပြင်ရှိနေသေးပြီး ၎င်းက ဘဝမေ့ရေစင်အား စိတ်ဝိညာဉ်များ သောက်သုံးနိုင်အောင် ပြုလုပ်ပေးနေသည်။

ကျန်းရှန်ချန်းသည် သူမအား တခဏလောက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မဆိုးဘူး… မင်း ဒီအတိုင်းသာ ဆက်ကြိုးစားရင် သန်မာတဲ့ ငရဲဘုံကို ဖွဲ့စည်းနိုင်လိမ့်မယ်။ ဒါက မင်းရဲ့ ကျင့်ကြံခြင်းပဲ”

အပြစ်ဒဏ်ပေးခြင်းခေါင်းဆောင်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီလိုကြီးမားတဲ့ အခွင့် အရေးကို ပေးတဲ့အတွင် ကျေးဇူးပါ ဆရာ…”

အတိတ်တုန်းက ကျန်းယွင်အား ကျန်းရှန်ချန်းနှင့် ရင်ဆိုင်ရန် ကူညီပေးဖို့ တုန့်ဆိုင်းနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ကျန်းရှန်ချန်း၏ လက်အောက်ခံဖြစ်လာခဲ့သည်။

အချိန်က အရာရာတိုင်းကို ပြောင်းလဲနိုင်သည့် စွမ်းအား အကြီးမားဆုံး အရာပင်ဖြစ်၏။

ကျန်းရှန်ချန်းသည် အချိန်ကြာမြင့်စွာ ဆက်မနေဘဲ ပျောက်ကွယ်သွားကာ ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာခဲ့လိုက်သည်။

ငရဲစက်ဝန်းပြန်လည် လည်ပတ်နိုင်ခြင်းသည် သူ၏ ပြန်လည်မွေးဖွားခြင်းအပေါ် နားလည် နိုင်သည့်အတွက်ကြောင်း ဖြစ်သည်။

ငရဲက သူ၏ မှော်ရတနာဖြစ်ပြီး သူနှင့် ပြောပြ၍ မရနိုင်သော ဆက်နွယ်မှုများ ရှိပေသည်။ ဝေးကွာနေသော်လည်း ငရဲ၏ စွမ်းအားများနှင့် ပြန်လည်မွေးဖွားခြင်းစဉ်းမျဉ်းများကို လေ့လာနိုင်နေဆဲပင် ဖြစ်သည်။

ကျန်းရှန်ချန်းသည် ထိုင်လျက် ငရဲ၏ နိယာမများအား နားလည်နိုင်စေရန်ကြိုးစားလိုက်သည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်၏ အကူအညီဖြင့် သူ့ခန္ဓာကိုယ်တွင် ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ် စွမ်းအင်များ ဝန်းရံလာပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ဝင်ရောက်သွားစေသည်။

တာအိုနည်းစနစ်၏ အဆင့်၁၀အား ချိုးဖျက်ပြီးနောက် သူသည် နာလည်းမှုများ ပိုမို မြင့်မားလာခဲ့သည်။ နားလည်တတ်မြောက်မှုက အရင်အဆင့်ချိုးဖျက်ခြင်းများနှင့် မတူညီချေ။

သင်းဟဲခေတ် သက္ကရာဇ်၁၀၊ ဂျွန်လတွင် သူပုန်များသည် နေရာတိုင်းတွင် သတ်ဖြတ်ခံနေရသည်။ ကျန်သူများသည် ပုန်းကွယ်နေကြကာ သေခြင်းထက် ဆိုးဝါးသော ဘဝတွင် နေထိုင်နေကြသည်။

အင်ပါယာသည် စစ်ပွဲတော်ပါဝင်သူများအား ဆင့်ခေါ်ကာ ဆုလာဘ်များ ချီးမြှင့်ခဲ့သည်။

“ယန်ကျန်း… မင်းက တော်တော်လေးကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် Marquis of Expeditionဂုဏ်ပုဒ်ကို ချီးမြှင့်မယ်”

“မြောက်ပိုင်းနယ်စပ်ရဲ့ ဘုရင်… မင်းက စီရင်စုပိုင်နက်၅ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။ မင်းလည်း အကြီးအကျယ်အကျိုးပြုခဲ့တဲ့အတွက် လက်အောက်ခံန်ိုင်ငံတစ်ခုကို စီရင်နိုင်တဲ့ အာဏာရမယ်”

“မုကျန်း…မင်းက စီရင်စုလေးခုကို ပြန်လည်သိမ်းပိုက်နိုင်တဲ့အတွက် မင်းလည်း အကြီးအကျယ် အကျိုးဆောင်ရွက်ခဲ့တာပဲ။ မင်းကို ယုံလေ့ဗိုလ်ချုပ်ဆိုတဲ့ ဂုဏ်ပုဒ် ချီးမြှင့်မယ်”

“ချန်ချွမ်… မင်းလည်း အကြီးအကျယ်အကျိုးပြုပြီး စီရင်စုနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်။ မင်းကို ဟော်ချီရဲ့ ဗိုလ်ချုပ် ရာထူးချီးမြှင့်လိုက်တယ်”

ခန်းမထဲတွင် ပြည်တွင်းရေးခေါင်းဆောင်သည်ဘအင်ပါယာအမိန့်အား ကြေညာပေးနေသည်။ သူ့အသံသည် ခန်းမတစ်ခုလုံး ပြည့်နေသည်။ လူတိုင်းသည် ဒူးထောက်ဘအရိုအသေပေးလိုက်သည်။ သူတို့အားလုံးသည် စစ်ပွဲတွင် အကြီးအကျယ်အကျိုးဆောင်ရွက်ခဲ့သူများပင်ဖြစ်သည်။

အန်းချန်သည် အရာရှိများကြားတွင် ရပ်လျက် အကျိုးဆောင်ရွက်သူများကို ကြည့်နေသည်။ သူ၏ အတွေးများကို မည်သူမှ မသိနိုင်ချေ။

အချိန်‌ တခဏကြာပြီးနောက်…။

ဆုလာဘ်ရရှိသော အရာရှိများနှင့် အပြစ်ဒဏ်ပေးခံရသော အရာရှိများသည် တူညီစွာ အရိုအသေပေးကာ ထရပ် လိုက်ကြသည်။

အင်ပါယာက ပြုံးလျက် ပြောလိုက်သည်။

“ရှမန့်ရဲ့ ပုန်ကန်မှုက ငါးနှစ်ကြာပြီးနောက် ပြီးဆုံးသွားခဲ့ပြီ။ ငါက ရွှမ်ထျန်းမြို့တော်မှာ ရှိနေရပေမယ့် ရှေ့တန်းကို အမြဲစိတ်ပူနေခဲ့တာ။ ယန်ကျန်း… ရှမန့်က ဘယ်လို လူစားမျိုးလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

အရာရှိ ဝတ်စုံဝတ်ဆင်ထားသည့် ယန်ကျန်းသည် အသက်၅၀အရွယ် ဖြစ်ပေသည်။ သူ့ဆံပင်များက အဖြူအနက်ရောနေပြီး ခန့်ညားသော ရုပ်ရည်ရှိသည်။ သူသည် လွှမ်းမိုးနိုင်စွမ်းမရှိသည့်ပုံပေါ်သော်လည်း အံ့ဖွယ်ဖြစ်နေသေးသည်။ သူသည် လက်အုပ်ချီလျက် ပြောလိုက်သည်။

“အရှင်မင်းကြီးကို တင်ပြပါတယ်။ ရှမန့်က သာမန်လူနဲ့ မခြားနားပါဘူး။ သူမှာလည်း ပါးစပ်တစ်ပေါက်၊ ခေါင်းတစ်လုံးပဲ ရှိတာပါ။ သူမှာ ကြမ်းတမ်းတဲ့ စရိုက်ရှိပြီး အရမ်းစိတ်လက်မာန်ပါ လုပ်လွန်းပါတယ်။ ကျွန်တော်ရဲ့သား ယန်ယွမ်ရှုံးကို ရှုံးနိမ့်ပြီးနောက် စစ်ပွဲကဒေါသနဲ့ ထွက်ခွာသွားပြီး သူ့စစ်တပ်ကို ဖရိုဖရဲဖြစ်အောင် ချန်ထားခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ ရှမန့်က သူ့ကို နောက်ကွယ်က ထောက်ပံ့နေသူမရှိဘဲ ဒီအခြေအနေထိ ရောက်နိုင်မှာ မဟုတ်ပါဘူး”

ထိုသို့ကြားသည့်အခါ တီးတိုးရေရွတ်သံများထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ဆူညံသွားရသည်။

အင်ပါယာသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“အို…အရာရှိယန်…သူ့ကို ဘယ်သူက ထောက်ပံ့ပေးနေတယ်လို့ထင်လဲ”

ယန်ကျန်သည် အမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။

“သိုင်းကမ္ဘာကြီးမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေရှိပြီးအင်ပါယာခုံရုံးက လူ‌တချို့တောင် သူ့ကို ထောက်ပံ့ပေးနေနိုင်ပါတယ်။ ကျွန်တော်တို့ သေချာစစ်ဆေးခြင်းမလုပ်ရင် နောက်ထပ် ရှမန့်တစ်‌ယောက် ထွက်ပေါ်လာနိုင်ပါတယ်”

အင်ပါယာခုံရုံး…။

အရာရှိများ၏ အမူအရာသည် ပြောင်းလဲသွားပြီး ယန်ကျန်းအား အမြင်တမျိုးဖြင့် ကြည့်လိုက်ကြသည်။

အခုလေးတင် အကြီးအကျယ်အကျိုးအမြတ်ပြုခဲ့သည့်သူက သူတို့အား ဆွဲချချင်နေသည်လား။

အန်းချန်သည် နှာခေါင်းရှုံ့လိုက်သည်။

“Marquis of Expedition… ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ပြောလို့မရဘူး။ ပြောစမ်းပါ…ရှမန့်ကို ဘယ်သူက ထောက်ပံ့ပေးနေတာလဲ”

ယန်ကျန်းက သူ့အား စိုက်ကြည့်လျက် ပြောလိုက်သည်။

“ကျုပ်က လူတိုင်းလို့ မပြောဘူး။ အရှင်မင်းကြီးက ခုံရုံကို သေချာစီစစ်ရှင်းလင်းသင့်တယ်လို့ ပြောရုံပဲ။ အရှင်မင်းကြီးသာအမိန့်ပေးရင် မဟာကျန်းအတွက် ယန်မိသားစုက ရေ၊မီးပင်လယ်ကို ဖြတ်သန်းရပါစေ ပါဝင်ဆောင်ရွက်မှာပဲ”

ထိုသို့ပြောပြီးနောက် ယန်ကျန်းသည် နောက်လှည့်ကာ အရာရှိများအား ကြည့်လိုက်သည်။

“ယန်မိသားစုဘိုးဘေးတွေက သိုင်းဘိုးဘေးတွေ ကမ္ဘာကြီးကို အုပ်စိုးဖို့ ကူညီပေးခဲ့တယ်။ ကျုပ်အဖိုးက ကမ္ဘာကြီးကို အုပ်စိုးနိုင်ဖို့ တိုင်ကျုံးနောက်ကို လိုက်ခဲ့တယ်။ ယန်မိသားစုဘိုးဘေးတွေရဲ့ ပထမဆုံးစည်းမျဉ်းက အရှင်မင်းကြီးကို လေးစားပြီး မဟာကျန်းကို ကာကွယ်ဖို့ပဲ”

အရပ်သားများနှင့် အရာရှိများသည် အမူအရာအမျိုးမျိုး ပြောင်းလဲသွားရသည်။ တချို့က အထင်သေးနေကြပြီး တချို့က လှောင်ပြောင်နေကြကာ တချို့က မလွယ်ကူမှုများဖြင့် ပြည့်နေကြသည်။

အင်ပါယာသည် နက်ရှိုင်းစွာ ပြုံးလိုက်သည်။

“အခုအချိန်က စပြီး ဝန်ကြီးချုပ်အန်းနဲ့ Marquis of Expedition တို့က ခုံရုံးကို အတူတူစစ်ဆေးရမယ်။ ရလဒ်ကို ငါစောင့်မျှော်နေမယ်”

ထိုသို့ကြားသည့်အခါ အန်းချန်နှင့် ယန်ကျန်းသည် အချင်းချင်းကြည့်လိုက်ကြသည်။ အန်းချန်က တည်ငြိမ်နေစဉ် ယန်ကျန်း၏ မျက်လုံးများတွင် အထင်သေးခြင်းများဖြင့် ပြည့်နေသည်။

အရာရှိအိုကြီးတစ်ခုက တစ်ခုခုအား သဘောပေါက်သွားပြီး အင်ပါယာကို နက်ရှိုင်းစွာ ကြည့်လိုက်ကြသည်။

အင်ပါယာသည် သူတို့ထင်ထားသလို သည်းမခံတော့ဘဲ အန်းချန်ကိုလည်း မယုံကြည်တော့ကြောင်း သိလိုက်ရသည်။

All Chapters