← Chapters

သက်ရှိများအားလုံး ပုံစံမျိုးစုံ၊ ကောင်းကင်ဘုံသို့ ချိုးဖျက်ခြင်း

Vol. 21 Ch. 315

သက်ရှိများအားလုံး ပုံစံမျိုးစုံ၊ ကောင်းကင်ဘုံသို့ ချိုးဖျက်ခြင်း

Vol. 21 Ch. 315

မျိုးနွယ်ခြားကျွမ်းကျင်သူအညးသတ်ဖြတ်ပြီးနောက် ကျန်းရှန်ချန်းသည် သူ၏ အမွှေးတိုင်အရေအတွက်များအားကြည့်လိုက်သည်။

[အမွှေးတိုင်အရေအတွက်: ၂၃၁၀၀၉၈၅၅၀၁]

၂၃.၁ဘီလီယံ…။

၎င်းက အဆင့်ချိုးဖျက်ရန် လုံလောက်မည်လား သိချင်မိသွားသည်။

ကျန်းရှန်ချန်းသည် တိတ်တဆိတ်တွေးတောနေသော်လည်း အဆင့်ချိုးဖျက်လိုသည့် ဆန္ဒကို မထိန်းချုပ်နိုင်တော့ချေ။ ထို့အပြင် သူ့တွင် မှော်ရတနာများစွာ ရှိနေသည့်အတွက် အဆင့်ချိုးဖျက်ရန် ခက်ခဲမည်မဟုတ်ပေ။

သူသည် မျက်လုံးမှိတ်လျက် တာအိုနည်းစနစ်များကို စတင်လှည့်ပတ်လိုက်သည်။

နေဝင်ခြင်း၊ လထွက်ခြင်းနှင့် ရာသီဥတုလေးမျိုးပြောင်းလဲခြင်းသည် အဆက်မပြတ်ဖြစ်ပေါ်နေသည်။

လူတချို့က ခြံဝင်းသို့ ဝင်ထွက်သွားလာနေကြသည်။ ထောင့်များရှိ ပန်းပွင့်များ ရင့်ရော်လာသည့်အခါ ဖယ်ရှားလိုက်ကြသည်။ အရာရာတိုင်းက ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။

ကျန်းရှန်ချန်းသည် ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်သွားသည်။ အချိန်မည်မျှကြာပြီမှန်းမသိချေ သူ့စိတ်ဝိညာဉ် လွင့်မျောကာ ကောင်းကင်သို့ မြင့်တက်နေသည်။ ကောင်းကင်ထိပ်ဆုံးသို့ရောက်သည့်အခါ ပိတ်ပိတ်မှောင်နေသော အမှောင်ထုကို တွေ့လိုက်ရသည်။ သူသည် အောက်သို့ကြည့်လိုက်သည့်အခါ အဆုံးမဲ့ကမ္ဘာကြီးအား မြင်တွေ့လိုက်ရသည်။ ကမ္ဘာကြီးအား ကိုယ်စားပြုသော အပြာ၊ အစိမ်းနှင့် အဖြူရောင်များကို မြင်တွေ့နေရသည်။

သူ့ရှေ့မှ ကမ္ဘာကြီးသည် စတင်ပြောင်းလဲလာသည်။ မရေမတွင်နိုင်သည့် ထူးဆန်းသော အင်အားများသည် ကမ္ဘာကြီးအား ဆံခြည်မျှင်များကဲ့သို့ ဖြန့်ကျက်သွားသည်။ မြင်ကွင်းက တမူထူးခြားလွန်းနေသည်။

“ဒါက ကောင်းကင်နဲ့ မြေကြီး စည်းမျဉ်းတွေလား”

ကျန်းရှန်ချန်းသည် တွေးတောလိုက်သည်။

မဟာတာအိုမျက်လုံးသည် သူ့ခန္ဓာကိုယ်၏ မျက်လုံးမဟုတ်ဘဲ စိတ်ဝိညာဉ်၏ မျက်လုံးဖြစ်ပေသည်။ သူ့မျက်လုံးသုံးလုံးသည် ကမ္ဘာကြီးအား ဖြန့်ကျက်ကာ အရာရာတိုင်းကို ကြည့်ရှုလိုက်သည်။

ထျန်းခုန်းနယ်မြေတွင် စစ်တပ်နှစ်ခု တိုက်ခိုက်နေကြပြီး သွေးများ မြစ်ကဲ့သို့ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။

ချောက်ကမ်းပါး ထိပ်များတွင် လေ့ကျင့်နေကြသော သိုင်းပညာရှင်များကို မြင်နေရသည်။ ထိုးချက်တစ်ခုစီတိုင်း တောင်တန်းနှင့် မြစ်ပြင်ကို လှုပ်ခါစေနိုင်သည်။

စည်ကားနေသော မြို့တစ်မြို့တွင် သူတောင်းစားအိုကြီး ဘေး၌ အိပ်ပျော်နေသော ကလေးတစ်ဦးကို တွေ့မြင်နေရသည်။ သိုင်းပညာရှင်၊ လူချမ်းသာ၊ လူဆင်းရဲ မခွဲခြားပဲ လမ်းမပေါ်တွင် သွားလာနေကြသည်။ ကမ္ဘာနှစ်ခု ပေါင်းစည်းသွားသည့်အတိုင်းပင်။

မီးငှက်မျှော်စင်၌ ကပြဖော်ဖြေနေသော အပျော်မယ်များနှင့် စနောက်ကျီစယ်နေသော မင်းမျိုးမင်းနွယ်များကို မြင်တွေ့နေရသည်။ မျှော်စင်တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသည်။ သေခြင်းရှင်ခြင်း၊ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း အစရှိသည့် မြင်ကွင်းမျိုးစုံ ထွက်ပေါ်လာသည်။

သူ့အမြင်သည် ဤမျှ မကျယ်ပြန့်ခဲ့ချေ။

ရုတ်တရက် မဟာကျင်းအပေါ်၌ ကံကောင်းခြင်း မြစ်တစ်စင်းကို တွေ့လိုက်ရသည်။ ထိုမြစ်သည် မြွေတစ်ကောင်ကဲ့သို့ မဟာကျင်းအား ဖုံးလွှမ်းထားသည်။ ၎င်းသည် မဟာကျင်းရှိ မြစ်တိုင်းထက် ကြီးမားပြီး သိသာထင်ရှားကာ ပြိုင်ဘက်ကင်းနေသည်။

ကျန်းရှန်ချန်း၏ သူငယ်အိမ်များ ကျုံ့သွားရသည်။

သူ့အကြည့်သည် ကံကောင်းခြင်းမြစ်အောက်ခြေသို့ ကျရောက်သွားသည်။ ထိုကျယ်ပြောသော မြစ်ကြီးအား စိတ်ဝိညာဉ်များ ဝိုင်းရံနေသည်။

ကျန်းယွင်၊ ကျန်းယု၊ ကျန်းဇီယု၊ ကျန်းရှို့နှင့် တခြားသူများဖြစ်၏။ ဤဘဝ၏ သူ့မိခင်ဖြစ်သော ဧကရီယန်သည်ပင် ပါဝင်နေသည်။

ဤအတွက်ကြောင်းပင် ဖြစ်၏။

သူတို့ ပြန်လည်မွေးဖွားခြင်း မပြုနိုင်သေးသည်ကိုမအံ့ဩတော့ပေ။ မဟာကျင်း၏ အင်ပါယာများသည် ကံတရားမြစ်၌ ပိတ်မိနေကြ၍ပင်။ အရင်အင်ပါယာတချို့သည်သာ သူ၏ ကြာဝင်းမှုနှင့် ငရဲဘုံတည်ရှိလာမှုတို့ကြောင့် ပြန်လည်မွေးဖွားလာနိုင်ခြင်းဖြစ်သည်။

ကျန်းရှန်ချန်း၏ အကြည့်သည် ကျန်းဇီယုအပေါ်သို့ ကျရောက်သွားသည်။ နှစ်ပေါင်း၂၀၀လောက် မတွေ့ရသည့်တိုင်အောင် တဖက်လူ၏ အသွင်အပြင်က ပြောင်းလဲခြင်းမရှိချေ။

မကြာမီကျန်းရှန်ချန်းသည် သူ့အကြည့်အား ရုတ်သိမ်းကာ ကောင်းကင်နှင့်မြေကြီးတာအိုကို နားလည်အောင် ဆက်လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ တာအိုသစ်သီးအား အကန့်အသတ်မဲ့သော စွမ်းအင်များဖြင့် အာဟာရပြုထားပေသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲတွင်…။

ကျန်းရှန်ချန်း၏ ဦးခေါင်းမှ အလင်းတန်းများ ပျံ့လွင့်လာသည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ လေပွေတစ်ခု ထွက်ပေါ်လာပြီး ကျန်းရှန်ချန်းအား ဝန်းရံသွားသည်။

ခြံဝင်းထဲတွင် မုလင်းလော၊ ကျိဝူကျွင်းနှင့် တခြားသူများသည် တစ်ခုခုအား အာရုံခံစားမိလိုက်သည့်အတွက် တစ်ယောက်ပြီးတစ်ယောက် မျက်လုံးဖွင့်လိုက်ကြသည်။

ကျန်းထျန်းမင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မှင်သက်စွာ ပြောလိုက်သည်။

“ဘယ်လိုအော်ရာလဲ… အရမ်း ခွန်အားကြီးတာပဲ”

သူသည်ပင် ဤသို့ ခံစားမိလျှင် တခြားသူများဆိုလျင် ပြောနေစရာမလိုတော့ချေ။

ပိုင်ချီက ပြောလိုက်သည်။

“ကြည့်ရတာ ဘိုးဘေးက အောင်မြင်စွာ အဆင့်ချိုးဖျက်သွားနိုင်တဲ့ ပုံပဲ။ ထျန်းမင်…မင်း သိုင်ူဘုရင်နယ်ပယ်ကို ဘယ်တော့ရောက်မှာလဲ”

ကျန်းထျန်းမင်သည် သူမအား စိုက်ကြည့်လိုက်သည်။ သူမက သူ့ရှိုက်ထိအောင် လုပ်လိုက်ခြင်းပင်။

ကျီဝူကျွင့်က ပြောလိုက်သည်။

“၅နှစ်ကြာသွားခဲ့ပြီ… မဟာကျင်းက ဖရိုဖရဲဖြစ်နေတုန်းပဲ။ တာအိုဘိုးဘေး အဆင့်ချိုးဖျက်နိုင်မလား သိချင်မိတယ်”

ပိုင်ချီသည် လက်ဆန့်လျက် ပြောလိုက်သည်။

“ဖရိုဖရဲဖြစ်တော့ ဘာဖြစ်လဲ။ ရဲရွှမ်နဲ့ ဓားနတ်ဘုရားက တောင်ပေါ်က ဆင်းသွားပြီ။ ဘယ်လိုလုပ်ပြီး ဖရိုဖရဲတွေ ဆက်ရှိနိုင်တော့မှာလဲ”

တခြားသူများသည်လည်း မဟာကျင်းအကြောင်းအား ဆွေးနွေးလိုက်ကြသည်။

ယန်မိသားစုမှ ကြေညာသော အင်ပါယာအမိန့်ကြောင့် မဟာကျင်းရှိ လူများသည် အန်းချန်အား ဖိနှိပ်ရန် အင်အားများ စုဆောင်းလာကြပြီး အင်ပါယာကို ကယ်တင်ရန် ကြိုးစားလားကြသည်။ သို့သော်လည်း အန်းချန်သည် အင်ပါယာအား ဖမ်းမိသွားသည်။ လက်အောက်ခံဘုရင်များနှင့် စီရင်စုဝန်ကြီးများ နန်းတော်သို့ ရောက်သည့်အခါ အင်ပါယာကို မတွေ့ရတော့ချေ။

အင်ပါယာ ပျောက်နေသည်။

ကံတရားဌာနအား ဖျက်းသိမ်းလိုက်သည်။

မဟာကျင်းသည် အုတ်ဩသောင်းနင်းဖြစ်နေသည်။ နှစ်ဝက်တောင်မကြာသည့်အချိန်အတွင်း သူပုန်များသည် မိုးဦးတွင်ထွက်သော မျစ်များကဲ့သို့ နေရာတိုင်းတွင် ထွက်ပေါ်လာသည်။ မင်းသားများ စတင်ထွက်ပေါ်လာသည်။ ခေတ်သည် မင်းသားများ အုပ်စိုးသည့် ခေတ်ဖြစ်လာသည်။

လက်အောက်ခံဘုရင်များက မဟာကျင်းအား အခွင့်အရေးယူရန်ပညင်လာကြသည်။ ၎င်းတို့တွင် မြောက်ပိုင်စနယ်စပ်ဘုရင်နှင့် ဘုရင်ကျင်း၊ ကျန်းရဲတို့ပင် ပါဝင်သည်။ ယန်မိသားစုသည်လည်း မဟာကျင်းအား ထိန်းချုပ်နိုင်ရန် အခွင့်အရေးကို စောင့်ဆိုသ်းနေကြသည်။ မင်းမျိုးမင်းနွယ်များသည်လည်း ကံစမ်းသည့်သဘောဖြင့် သူတို့ကလေးများကို သူတို့သဘောကျသည့် လက်အောက်ခံဘုရင်များထံစေလွှတ်ကာ ကူညီစေသည်။ ထျန်းခုန်းနယ်မြေသည် မမျှော်လင့်ထားသော ဖရိုဖရဲစတင်လာသည်။ မဟာကျင်းတွင် လက်အောက်ခံဘုရင်၁၀၀ကျော်ရှိသော်လည်း သူတို့သည် နေ့တိုင်း တိုက်ခိုက်နေကြသည်။

ဤကာလတွင် မဟာကျင်းသို့ မျိုးနွယ်ခြားများ ပို၍ ပို၍ ကျူးကျော်ဝင်ရောက်လာသည်။ တချိန်က မဟာကျင်းကို ကောင်းခဲ့သည့် မျိုးနွယ်စုများပင် ထျန်းခုန်းနယ်မြေအား စတင် ကြံစည်လာကြသည်။

ရဲရွှမ်နှင့် ဓားနတ်ဘုရားတို့က ကျူးကျော်သူများကို တိုက်ခိုက်ရန် တောင်ပေါ်မှ ဆင်းသွားကြသည်။

တာအိုဘိုးဘေးက ၅နှစ်သာ တံခါးပိတ်ကျင့်ကြံရသေးသော်လည်း မဟာကျင်းက ဖရိုဖရဲဖြစ်နေပေပြီ။ ခြံဝင်းထဲရှိ လူတိုင်းသည် သက်ပြင်းချလိုက်ကြသည်။

ကျန်းထျန်းမင်သည် နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“သိုင်းကမ္ဘာကြီးမှာ သန်မာသူပဲ လေးစားခံရမယ်။ တကယ်လို့ မဟာကျင်းကို စုစည်းနိုင်တဲ့ အင်ပါယာဖြစ်ချင်ရင် အင်ပါယာဆိုတဲ့ ဂုဏ်းပုဒ်နဲ့ကျေနပ်နေလို့မရဘူး။ အရေးအကြီးဆုံးက ခွန်အားပဲ။ တကယ်လို့ ဖရိုဖရဲဖြစ်ရင် ဖြစ်တာပဲ။ ဖရိုဖရဲကပဲ ပြိုင်ဘက်ကင် အင်ပါယာတစ်ပါးထွက်ပေါ်လာစေလိမ့်မယ်”

ပိုင်ချီသည် ကျိဝူကျွင်းအား အပြုံးတစ်ခုနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“လူသားမျိုးနွယ်စုအတွက် မဟာကျင်းနဲ့ သူတော်စင်မင်းဆက် လိုအပ်ချက် တူညီနေတာကို နင် သတိထားမိလား။ သူတော်စင်မင်းဆက်က သိုင်းဧကရာဇ်တစ်ပါးလိုတယ်၊ မဟာကျင်းက ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်တစ်ပါးလိုနေတယ်”

မုလင်းလောက ပြောလိုက်သည်။

“ကျန်းရဲ… ဘုရင်ကျင်းက တကယ်ကောင်းတယ်။ သူ့အဆင့်ချိုးဖျက်နိုင်စွမ်းက အရမ်းမြန်တယ်။ ဒါပေမဲ့ လက်အောက်ခံဘုရင်တွေထဲမှာ အသန်မာဆုံးက ရမ်ကျုံးရဲ့ ညီအငယ်ဆုံးဖြစ်တဲ့ကျန်းလောပဲ။ သူက အင်ပါယာ ဖြစ်မလာချင်တာ ခက်တယ်”

ကျိဝူကျွင်းသည် ခေါင်းခါလျက် ရယ်မောလိုက်သည်။

“သူက လက်အောက်ခံဘုရင်တွေထဲမှာပဲ သန်မာတာပါ မဟာကျင်းတစ်ခုလုံးနဲ့ ဆိုရင် လိုအပ်ချက်တွေ ရှိနေသေးတယ်။ မဟာကျင်းမှာ ဘေးက ရပ်ကြည့်နေတဲ့ ကောင်းကင်ဘုံ ငါးခု နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီးရှိသေးတယ်။ ငါ့အမြင်အရ မျှော်လင့်ချက် အရှိဆုံးက ထျန်းမင်ပဲ”

သူမသည် ကျန်းထျန်းမင်အား ကြည့်လိုက်သည်။

ကျန်းထျန်းမင်သည် ချက်ချင်းခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“အင်ပါယာလား… မလုပ်ဘူး လုံးဝပဲ… မဟာကျင်းကျရှုံးတော့မယ်ဆိုရင်တောင် ကျွန်တော် အင်ပါယာမလုပ်ဘူး။ ဒါက ကျွန်တော် သက်တမ်းတွေကို လျော့ကျစေမှာ မဟုတ်လား။ သက်တမ်းတွေ မလျော့ရင်တောင် ကျွန်တော့်အချိန်တွေကို တိုင်းပြည်အုပ်ချုပ်ရင်းနဲ့ မကုန်ဆုံးချင်ဘူး”

ကံကောင်းခြင်းနည်းလမ်းများ သင်ကြားသည့်အခါ အရှင်ပိုင်က အုပ်ချုပ်ရေးနှင့် ပတ်သတ်သော ပဟေဠိများကို ဖြေရှင်းခိုင်းလေ့ရှိသည်။ တဖက်လူက သူ့အား ပြုစုပျိုးထောင်ပေးချင်သော်လည်း သူက ပျင်းလွန်းနေသည်။

သူ့လုပ်ရပ်က ကျန်းထျန်းမင်းအား မဟာကျင်း၏ ရာဇပလ္လင်နှင့် အဝေးသို့ ရောက်သွားစေမည်ဟု အရှင်ပိုင်မမျှော်လင့်ထားချေ။

လူတိုင်းသည် နောက်ထပ် အင်ပါယာမည်သူဖြစ်လာမည်ကို ဆွေးနွေးနေကြပြီး အမြင်ကိုယ်စီထုတ်ပြောနေကြသည်။

ခြံဝင်းတစ်ခုတွင်…။

အနက်ရောင်ဝတ်လူ၊ တာအိုဆရာသခင်ချင်းရှနှင့် ကြီးမားသောဝတ်ရုံဝတ်ဆင်ထားသည့် လူအိုကြီးတို့သည် သေရည်သောက်နေကြသည်။

ဝတ်ရုံဝတ်ထားသည့်လူကို ကျူးခွမ်းကျိဟု ခေါ်ပြီး နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်မှ သိုင်းပညာရှင်တစ်ယောက်ပင်။ မကြာသေးမီက သူသည် ကောင်းကင်ဘုံ၅ခုနယ်ပယ်သို့ ချိုးဖျက်သွားပြီး သူ့သွေးချီများသည် ရက်စက်သော သားရဲတစ်ကောင်နှင့် တူနေကာ သားရဲတစ်ကောင်၏ အသွင်အပြင်သည် သူ့မျက်လုံးများတွင် လွှမ်းခြုံနေသည်။ ထိုအချိန်၌ ကျူးခွမ်းကျိသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ကျုပ် လုပ်နိုင်ပါမလား…”

အနက်ရောင်ဝတ်လူကပြောလိုက်သည်။

“မင်းရဲ့ ခွန်အားက ပြိုင်ဘက်ကင်းတဲ့အပြင် နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်ရဲ့ အထောက်အပံ့လည်း ရထားတယ်။ ဘာလို့ မလုပ်နိုင်ရမှာလဲ”

တာအိုဆရာသခင်ချင်းရှသည် သူ့မုတ်ဆိတ်မွှေးအား ပွတ်သပ်လျက် ပြုံးကာ ပြောလိုက်သည်။

“အခုမဟာကျင်းက ဖရိုဖရဲဖြစ်နေတယ်။ မင်း လူသားမျိုးနွယ်စုအတွက် တွေးတောရမယ်။ မဟာကျင်းက မင်းဆက်တစ်ခုသာသာဖြစ်တယ်ဆိုပေမယ့် လူသားမျိုးနွယ်စုရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်တယ်။ မဟာကျင်းရဲ့ လူသားမျိုးနွယ်စုကို အမြစ်ပြတ်သတ်ဖြတ်ခံရခြင်းနဲ့ ကြုံတွေ့စေလို့ မရဘူး”

ကျူးခွမ်းကျိသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မဖြေချေ။

အနက်ရောင်ဝတ်လူ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများသည် အေးစက်နေသည်။

“မင်း စိုးရိမ်နေတာက်ု ငါသိတယ်။ နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်က မဟာကျင်းကို ဝင်ရောက်နိုင်တာက တာအိုဘိုးဘေးရဲ့ ခွင့်ပြုချက်ကြောင်းပဲ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်က မဟာကျင်းနဲ့ လုံးဝ တသားတည်းဖြစ်သွားပြီ။ ဒီအတွက် တာအိုဘိုးဘေးက အပြစ်တင်မှာမဟုတ်ဘူး။ နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်ရဲ့ အကူအညီကြောင့်မဟုတ်ရင် မဟာကန္တာရကို စူးစမ်းရှာဖွေဖို့ ဒီလောက် အဆင်‌ပြေ ချောမွေ့နေမလား”

နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်သည် မဟာကျင်းနှင့် ပထမဆုံး ဆက်နွယ်မိသည့်အခါ သူတို့တွင် ကောင်းကင်၅ခုနယ်ပယ် ကျွမ်းကျင်သူအများအပြားရှိခဲ့သည်။ သူတို့ရောက်ရှိလာခြင်းက မဟာကျင်း၏ အပေါ်ယံခွန်အားကို အလွန်တိုးတက်စေကာ မဟာကျင်းအား မဟာကန္တာရကို စူးစမ်းရှာဖွေရန် အများကြီး ကူညီပေးနိုင်ခဲ့သည်။ သူတို့သည် အကြီးအကျယ် အကျိုးဆောင်ရွက်ခဲ့သော်လည်း မဟာကျင်းရှိ မင်းမျိုးမင်းနွယ်မိသားစုများနှင့် မတူညီဘဲ နှိမ့်ချစွာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် နဂါးအသွင်ပြောင်းလဲခြင်းစံအိမ်သည် စစ်ဦးချုပ်များနှင့် မဟာကျင်းရှိ ကျွမ်းကျင်သူများ၏ အထောက်အပံ့ကို အလွယ်တကူရခဲ့သည်။

“ဒီကိစ္စကို ကျုပ်မိသားစုခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ လိုတယ်” ကျူးခွမ်းကျိ၏ မျက်လုံးများသည် တောက်ပသွားသည်။

အနက်ရောင်ဝတ်လူက သူ့အားစိုက်ကြည့်ကာပြောလိုက်သည်။

“ကျူးခွမ်းကျိက အစစ်အမှန်နဂါးကို တစ်ဘဝလုံး စွဲလမ်းနေတယ်။ သူ သေချာပေါက်ငြင်းမှာပဲ။ ဒါပေမဲ့ ဒါက တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးလည်း ဖြစ်တယ်။ ကျူးမိသားစုက အစစ်အမှန်နဂါးကို တစ်သက်လုံး ယုံကြည်နိုင်မှာတဲ့လား”

“ဒါပေမဲ့ တာအိုဘိုးဘေး…”

“တာအိုဘိုးဘေးသာ စိတ်ထဲထားရင် သူ လှုပ်ရှားပြီးတာ ကြာပြီ။ မဟုတ်ရင် အင်ပါယာသုံးပါးလုပ်ကြံခံရတာကို ဒီအတိုင်းကြည့်နေပြီး မင်းဆက်ကို ဒီလိုအခြေအနေဖြစ်အောင် ထားမယ်လို့ထင်လား”

အနက်ရောင်ဝတ်လူ၏ စကားသည် ကျူးခွမ်းကျိအား တိတ်ဆိတ်သွားစေသည်ယ

မဟာကျင်းရှိ လူတိုင်းတွင် တူညီသော အတွေးရှိပေသည်။ တာအိုဘိုးဘေးက မဟာကျင်းအား စွန့်ပစ်လိုက်ပြီဟူ၍ ဖြစ်၏။

အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

“တာအိုဘိုးဘေးကို မေးဖို့ မစဉ်းစားနဲ့။ မင်းမေးလို့မရဘူး။ တာအိုဘိုးဘေးက သူ့တပည့်ပိုင်နက်ကို လာတောင်းတာကို ပေးမယ်လို့ ထင်နေတာလား။ လုံလဝရီယရှိတာကပဲ အောင်မြင်မှုတွေရနိုင်တာ”

ကျူးခွမ်းကျိ၏ မျက်လုံးများတွင် ထူးဆန်းမှုများဖြင့် ပြည့်သွားသည်။ ၎င်းက ရည်မှန်းချက် အလင်းရောင်များ အတိုင်းဖြစ်သည်။

“ဒါပေမဲ့ အင်ပါယာဖြစ်ဖို့ ကျုပ်သက်တမ်းက…

“မင်း အင်ပါယာဖြစ်လာမယ်လို့ ဘယ်သူပြောလဲ။ မင်းက ရုပ်သေးတစ်ခုကို အင်ပါယာလုပ်ခိုင်းပြီး မင်းကိုယ်တိုင်က မျှော်လင့်မထားနိုင်တဲ့ အရာရှိရာထူးကို ယူဆောင်ကာ မင်းဆက်ကို ထိန်းချုပ်ရမယ်။ ဒါဆို အလုပ်မဖြစ်ဘူးလား”

ထိုသို့ကြားသည့်အခါ ကျူးခွမ်းကျိ၏ မျက်လုံးများသည် တောက်ပသွားသည်။

သူသည် ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ လေးနက်စွာ မေးမြန်းလိုက်သည်။

“ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ”

အနက်ရောင်ဝတ်လူသည် ပြုံးလျက် ပြောလိုက်သည်။

“အင်ပါယာကို ကယ်ပြီး မဟာကျင်းတစ်ခုလုံး တုန်လှုပ်သွားစေရမယ်။ ဒါဆိုရင် အင်ပါယာက မဟာကျင်းကို ထိန်းချုပ်နိုင်တဲ့ အာဏာတွေ ပေးလိမ့်မယ်”

“ဒါပေမဲ့ အင်ပါယာက ဘယ်မှာလဲ”

“အင်ပါယာက မကြာခင်ရောက်လာလိမ့်မယ်”

“ဘယ်လို… အင်ပါယာက ခင်ဗျားဆီမှာလား..”

ကျူးခွမ်းကျိ၏မျက်လုံးများပြူးကျယ်သွားပြီး အနက်ရောင်ဝတ်လူအား ကြောက်လန့်စွာ ကြည့်လိုက်သည်။

အနက်ရောင်ဝတ်လူ၏ နှုတ်ခမ်းသည် ကွေးတက်သွားပြီး ပြောလိုက်သည်။

“ငါတို့ကို စိုးရိမ်နေစရာမလိုဘူး။ ဘာပဲပြောပြော ငါတို့က မင်းပြိုင်ဘက်မဟုတ်ဘူး”

တာအိုဆရာသခင်ချင်းရှသည် အပြုံးတစ်ခုဖြင့် ကျူးခွမ်းကျိ၏ တုန့်ပြန်မှုကို ကြည့်လိုက်သည်။

အချိန်များ ကုန်ဆုံးသွားသော်လည်း ကျန်းရှန်ချန်းသည် ကောင်းကင်နှင် မြေကြီးတာအိုကို နားလည်နိုင်အောင်လုပ်နေဆဲပင်။ သူ့အသိစိတ်က တစ်ကမ္ဘာလုံး ပတ်သွားနေပြီး သူထိန်းချုပ်နိုင်စွမ်းကင်းမဲ့လုနီးပါးဖြစ်လာသည်။

သူ့အသိစိတ်က လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသော ငှက်တစ်ကောင် လွှတ်မြောက်သွားသည့်အတိုင်းပင် ဖြစ်နေ၏။

အချိန်မည်မျှကြာပြီမှန်း မည်သူမှ မသိချေ။

"ဘုန်း"

ကျန်းရှန်ချန်း၏ အသိစိတ်သည် ရုတ်တရက် နိုးထလာသည်။ သူသည် မျက်လုံးဖွင့်လျက် ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပနေပြီး ဖန်သားကဲ့သို့လေဟာနယ်အပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။ နောက်တစ်ခုက သိုင်းပညာကမ္ဘာကြီးဖြစ်သည်။ သူသည် မည်သည့်အခါမှ အမြင့်ကြီး မပျံသန်းခဲ့ချေ

ဘာဖြစ်တာလဲ။

ကောင်းကင်ကို ချိုးဖျက်သွားတာလား။

ကျန်းရှန်ချန်း၏ အသိစိတ်သည် သူ့ခေါင်းဆီသို့ ပြန်ရောက်လာသည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် မရေမတွက်နိုင်သော ကြယ်များ ရွေ့လျားနေသည့် ကြီးမားသော မြစ်တစ်စင်းကို တွေ့လိုက်ရသည်။

ကြီးမားသော မြစ်သည် ခရုပတ်ပုံသဏ္ဍာန်ရှိသည်။ ဦးတည်ရာသို့ ကြည့်လျှင် နက်မှောင်နေသော တိမ်တိုက်များ လွှမ်းခြုံနေသည်ကို မြင်ရပေမည်။ ကြီးမားသော မြစ်၏ ထိပ်ဖျားသည် အနက်ရောင်တိမ်တိုက် စုပ်ဝဲထဲသို့ ဝင်ရောက်သွားပြီး အထဲတွင် ပြင်းထန်စွာတောက်ပနေသော အလင်းတန်းတစ်ခုရှိနေသည်။ ၎င်းက အမှောင်ထုထဲရှိ တစ်ခုတည်းသော အလင်းတန်းပင် ဖြစ်၏။

‘ဒါက ဘာလဲ’

ကျန်းရှန်ချန်းသည် အံ့အားသင့်စွာ တွေးတောလိုက်သည်။ ဤကြီးမားသော မြစ်ရှေ့တွင် သူသည်သာမက သိုင်းပညာကမ္ဘာကြီးပင် မထင်မရှားဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

မဟာကန္တာရရဲ့ အင်ပါယာမျိုးနွယ်စုပြောသည့် အပြင်လောကနတ်ဆိုးမြစ်ဖြစ်နေသည်လား။

All Chapters