ပဉ္စဝဏ္ဏ တာအိုမီး
Vol. 116 Ch. 1726
စုန်းမီးသည် လက်သီးဆုပ်အရွယ်လောက်သာ ရှိပြီး ၎င်းက အချိန်မရွေး ငြိမ်းသေသွားနိုင်သည့်ပုံ ပေါ်သော်လည်း ၎င်း၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းပြီး အထင်သေး၍ မရနိုင်ပေ။
စုန်းမီးက မနှေးမမြန်သော နှုန်းဖြင့် လွင့်မျောလာ၏။
သို့သော်လည်း စုန်းမီး၏ နောက်ဘက်တွင် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးက ဘာမှမကျန်အောင် လောင်ကျွမ်းသန့်စင်ခံလိုက်ရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကမ္ဘာဖျက်နေလုံးကို ပိတ်ဆို့တားဆီးပြီး သွေးဆူပွက်လှံကို ဖမ်းဆွဲခဲ့၏။ ရုတ်တရက် သူသည် ဘေးဘက်သို့ လှည့်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ ချစ်ချစ်တောက် ပူလောင်သော မီးတောက်စီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။
မီးတောက်စီးကြောင်းက လေထဲသို့ ရောက်ရှိလာသောအခါ နီရဲနေသော ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး အငွေ့တထောင်းထောင်းထကာ စုန်းမီး ရှိရာသို့ ပစ်ဝင်သွားလေသည်။
မီးတောက်နှစ်ခုက စူးစူးရှရှ မြည်သံများနှင့်အတူ လေထဲမှာ ထိတွေ့ရိုက်ခတ်သွား၏။
ငရဲစုန်းဧကရာဇ်နှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်လာခဲ့၏။
သူတို့သုံးယောက်သည် ပူးပေါင်း၍ အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို ထုတ်ဖော်ခဲ့သော်လည်း သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ဖိနှိမ်နိုင်ခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို ဆန့်ကျင်ခုခံပြီး သူ၏ အော်ရာက အကန့်အသတ် မရှိသည့်အလား ဆက်လက်မြင့်တက်လာနေ၏။
အန္တိမ နတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ထားသည့် နဂါးဖီးနစ်သည် အရမ်းကို ကြောက်စရာကောင်းလာခဲ့၏။
အခြားတစ်ဖက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေအနေက ပို၍ အန္တရာယ်များလာခဲ့၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါး၏ ဝန်းရံတိုက်ခိုက်မှုတွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ထာဝရ အသက်ဓာတ်ပင်လျှင် သူ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအားကို ဖြည့်တင်းမပေးနိုင်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ယိုယွင်းပျက်စီး၍ ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီး လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာခဲ့၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးသည် ငရဲစုန်းဧကရာဇ်တို့ဘက်မှာ အခြေအနေမကောင်းတော့သည်ကို နားလည်လိုက်ပြီး သူတို့၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်ကြမ်းတမ်းလာ၏။
“နတ်ဘုရားတိုင်းပြည်”
“မုန်တိုင်း မျက်လုံး”
“ပုံရိပ်ယောင် ခုတ်ချက်”
“အဆုံးမဲ့ သွေးပင်လယ်”
ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ် ၉ပါးသည် အန္တိမ နတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ပြီး ဤတိုက်ခိုက်မှုများနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို လက်စတုံး သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်ကြ၏။
ဆူဇီမိုသည် မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ တည်ငြိမ်သော အမူအရာတစ်ခုနှင့်အတူ ဆင်းသက်လာသည့် အန္တိမ နတ်ဘုရားစွမ်းအား ၉ခုကို ကြည့်နေ၏။
ရုတ်တရက်ဆိုသလို…
သူ၏ သွေးသံရဲရဲ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဆူဇီမိုသည် လက်ဟန်ချိတ်စည်းများကို လှုပ်ရှားကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။
ဝှစ်..
ရုတ်တရက် အရောင်မတူသော မီးတောက်လုံး ၃လုံးက သူ၏ ဘေးမှာ ပေါ်ထွက်လာ၏။
သွေးနီရောင် အင်မော်တယ် တာအိုမီး..
ရွှေရောင် ဗုဒ္ဓ တာအိုမီး..
အနက်ရောင် မိစ္ဆာ တာအိုမီး..
မီးတောက်လုံး ၃လုံးက နတ်ဘုရား စွမ်းအားများ၏ အော်ရာကို စတင်ဖြာထုတ်ပေးလာ၏။
ဆူဇီမိုသည် ဤတာအိုမီးများကို သာမန်နတ်ဘုရားစွမ်းအားများ၏ အဆင့်ထိရောက်အောင် ကျင့်ကြံထားခဲ့ပြီးလေပြီ။
“သမာဓိ တာအိုမီးလား.. မင်းက ဒီလို ဘာမဟုတ်တဲ့ အတတ်တစ်ခုနဲ့ မင်းကိုယ်မင်း ဘယ်လိုတောင် အရှက်ခွဲရဲတာလဲ”
နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးက လှောင်ရယ်လိုက်၏။
သမာဓိ တာအိုမီးက သန်မာသော်လည်း ၎င်းက ဧကရာဇ်တစ်ပါး၏ မျက်လုံးထဲမှာ ဘာမှဟုတ်မနေပေ။
တာအိုမီး ၃ခုက ဆူဇီမို၏ ရှေ့မှာ လျင်မြန်စွာ စုစည်းသွားပြီး သုံးရောင်ခြယ်မီးတောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထို့နောက် ချက်ချင်းပင်.. ဆူဇီမို၏ နှာရောင်ထဲမှ နောက်ထပ် အမြုတေစိတ်ဝိညာဉ်မီးက လွင့်မျောထွက်ပေါ်လာပြီး သုံးရောင်ခြယ်မီးတောက်ထဲသို့ ဝင်ရောက်သွား၏။
စတုရတီ တာအိုမီးက ဖြစ်ပေါ်လာခဲ့၏။
အဲဒါသည် စတုရတီ တာအိုမီးထဲသို့ နောက်ထပ် အပိုမီးတောက်တစ်ခု တိုးလာခြင်းသာ ဖြစ်သော်လည်း အဲဒါက အလွန်သိသာခြားနားစွာ ပြောင်းလဲသွား၏။
မီးတောက်လုံး၏ အော်ရာက တလိပ်လိပ် ထိုးတက်လာပြီး သာမန်နတ်ဘုရားစွမ်းအားတစ်ခုကနေ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။
“ဟားဟားဟားဟား”
ရွှေကျီးကန်းမျိုးနွယ်မှ ဧကရာဇ်တစ်ပါးက ဟားတိုက်ရယ်မောလိုက်၏။
“လက်စသတ်တော့ အဲဒါက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကိုး.. ငါက ဘယ်လို အံ့မခန်းစွမ်းအားတစ်ခု ဖြစ်လာမလဲလို့ တွေးနေတာ”
စတုရတီ တာအိုမီးကို အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် မြှင့်တင်နိုင်ခြင်းက ၎င်း၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။
အဲဒါကြောင့် ဆူဇီမိုသည် တိုက်ပွဲ၏ အစကနေ ယခုအချိန်ထိ စတုရတီ တာအိုမီးကို မထုတ်ဖော်ခဲ့ခြင်းဖြစ်၏။
ဤအဆင့် တိုက်ပွဲတစ်ပွဲမှာ အချိန်ဆေဘာကဲ့သို့ ထူးခြားသည့် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုက လွဲလျှင် အခြားသော အဆင့်မြင့် နတ်ဘုရားစွမ်းအားများသည် လက်ရှိ ဧကရာဇ်များအပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
အခြားသော ဧကရာဇ်များကလည်း လှောင်ရယ်လိုက်ကြ၏။
ဆူဇီမိုက မရယ်ပေ။
သူသည် စတုရတီ တာအိုမီးကဲ့သို့ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုမျှကို တကယ်တော့ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ ဤနေရာမှာ ရှိနေသည်က သူတစ်ယောက်တည်း မဟုတ်ပေ။ သူ၏ အခြားသော အစစ်အမှန်ခန္ဓာကလည်း မလှမ်းမကမ်းမှာ ရှိနေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်တွင် အလွန်တရာ ကြောက်စရာကောင်းသော အန္တိမ မီးတောက်တစ်ခုကလည်း ရှိနေ၏။ အဲဒါက နဂါးဖီးနစ် မီးတောက်ဖြစ်၏။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ပို့လွှတ်ဆက်သွယ်စရာ မလိုအောင်ပင် အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေ၏။ ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ အကြံအစည်ကို သိရှိလိုက်ပြီဖြစ်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကို ပိတ်ဆို့တားဆီးခဲ့၏။ တစ်ချိန်တည်းမှာပင် သူ၏ ဧရာမ နတ်ဖီးနစ် အမြီးက လွှဲယမ်းသွားပြီး နဂါးဖီးနစ် မီးတောက်၏ အမြုတေ မီးလုံးတစ်လုံးကို စုဖွဲ့လိုက်၏။ ၎င်းသည် လေထုကို ဖြိုခွဲပြီး စတုရတီ တာအိုမီးထဲသို့ ဆင်းသက်လာခဲ့၏။
စတုရတီ တာအိုမီး၏ အော်ရာက ချက်ချင်းပင် အသွင်ပြောင်းလဲသွားလေသည်။
ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ် ၉ပါးကို တုန်လှုပ်ချောက်ချားစေသည့် စွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး နေရာတစ်ခွင် ဖြန့်ကြက်သွားလေသည်။
ပဉ္စဝဏ္ဏ တာအိုမီးက ဖြစ်ပေါ်လာခဲ့လေပြီ။
ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ဖြင့် မီးတောက်လုံးကို ကိုင်ဆွဲပြီး ကောင်းကင်တစ်ခွင် လောင်ကျွမ်းစေလိုက်၏။
အန္တိမ နတ်ဘုရားစွမ်းအား ၉ခုက ဆင်းသက်လာပြီး ထိုမီးတောက်လုံးကို မဖိနှိမ်နိုင်ပေ။ သူတို့အားလုံးက ရပ်တန့်သွားပြီး မီးတောက်လုံးနှင့် ဆန့်ကျင်တိုက်ခိုက်နေရ၏။
ထိုစွမ်းအားသည် အဆင့်မြင့် နတ်ဘုရားစွမ်းအား၏ အဆင့်ထက် ကျော်လွန်သွားခဲ့လေပြီ။
အဲဒါက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ပဉ္စဝဏ္ဏ တာအိုမီး ဖြစ်ပေါ်လာစေရန် နောက်ထပ် မီးတောက်တစ်ခုကို ထည့်သွင်းပေါင်းစည်းရသည့် အခြေအနေက အလွန်တရာ ကန့်သတ်မှု ရှိပြီး ဖော်ဆောင်ဖို့အတွက် ခဲယဉ်းလေသည်။
မီးတောက်များ၏ စွမ်းအားက လုံလောက်မှု မရှိဘဲ စတုရတီ တာအိုမီးထဲသို့ ထည့်သွင်းပေါင်းစည်းလိုက်မည်ဆိုလျှင် ၎င်းက မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ဝါးမျိုခံလိုက်ရမည်ဖြစ်၏။
မီးတောက်များ၏ စွမ်းအားက လုံလောက်သည်ဆိုလျှင်တောင် စတုရတီ တာအိုမီးနှင့် ပေါင်းစည်းသည့် ဖြစ်စဉ်က အလွန်တရာ ရှည်ကြာပြီး လိုက်လျောညီထွေမှုရှိစေရန် ကြိမ်ဖန်များစွာ ကြိုးပမ်းကြည့်ဖို့ လိုအပ်လေသည်။
သို့သော်လည်း နဂါးဖီးနစ် မီးတောက်က ကွဲပြားခြားနားလေသည်။
ပထမတစ်ချက်.. နဂါးဖီးနစ်၏ မီးတောက်က လုံလောက်အောင် သန်မာမှု ရှိလေသည်။ တကယ်ဆို နဂါးဖီးနစ် မီးတောက်သည် ဆူဇီမို စုဖွဲ့ထားသော တာအိုမီး ၃ခုထက် အတိုင်းအတာတစ်ခုအထိပင် ပိုမိုသန်မာလေသည်။
ဒုတိယတစ်ချက်.. နဂါးဖီးနစ် မီးတောက်သည် စတုရတီ တာအိုမီးနှင့် လိုက်လျောညီထွေမှု ရှိလေသည်။ အကြောင်းမှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာဖြစ်စေ.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်စေ.. သူတို့နှစ်ယောက်စလုံးက ဆူဇီမိုပင် ဖြစ်သောကြောင့်ပင်။
အစစ်အမှန်ခန္ဓာနှစ်ခုသည် အစတုန်းက တစ်ခုတည်းဖြစ်ခဲ့၏။
သူတို့ နားလည်ဆင်ခြင်ထားသည် နတ်ဘုရားစွမ်းအားများနှင့် ဓမ္မစွမ်းအားများကို ဖလှယ်ရယူနိုင်ခြင်း မရှိသော်လည်း နဂါးဖီးနစ် မီးတောက်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သဟဇာတဖြစ်နေ၏။
အဲဒါကြောင့် စတုရတီ တာအိုမီးထဲသို့ နဂါးဖီးနစ် မီးတောက်ကို ထည့်သွင်းပေါင်းစည်းခြင်းမှာ မည်သည့် ဟန့်တားနှောင့်ယှက်မှုမှ ဖြစ်ပေါ်မလာဟု ဆိုနိုင်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် အစစ်အမှန်ခန္ဓာ ၃ခုကို ကျင့်ကြံထားခဲ့၏။
သူတို့ကြားမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲမှာ တစ်ချိန်တည်း ပေါ်ထွက်လာခဲ့ပြီး လောကရှိ ပညာရှင်များကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် အတူပူးပေါင်းခဲ့ကြ၏။ သူတို့သည် ညဝိညာဉ်ကို ကယ်တင်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြ၏။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲဖြစ်စေ.. ဤတိုက်ပွဲဖြစ်စေ.. အစစ်အမှန်ခန္ဓာနှစ်ခုသည် ပူးပေါင်းခဲ့ကြရုံမျှသာ ဖြစ်၏။
သို့သော် ဤတစ်ခေါက်မှာတော့ အစစ်အမှန်ခန္ဓာနှစ်ခုသည် အသိစိတ်ချင်း အတိုင်းအတာတစ်ခုထိ ပေါင်းစည်းမိသွားကြ၏။
သို့သော်လည်း ဤပေါင်းစည်းမှုသည် အစစ်အမှန်ခန္ဓာနှစ်ခုက ဘာကြောင့် ကြောက်စရာကောင်းနေသလဲကို အမှန်တကယ်ပင် ထုတ်ဖော်ပြသနိုင်ခဲ့၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးက တုန်လှုပ်သွားပြီး စောစောက သူတို့၏ ရယ်မောမှုများသည် သူတို့၏ မျက်နှာများပေါ်မှာ အေးခဲရပ်တန့်သွားပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် ငေးကြည့်နေကြ၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ကြောက်စရာကောင်းသော မီးတောက်များထဲမှာ အန္တိမ နတ်ဘုရားစွမ်းအား ၉ခုက စတင်၍ တုန်ခါလာ၏။
နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ လက်ထဲရှိ နတ်ဘုရားတိုင်းပြည်က စတင်၍ ပြိုလဲကာ အက်ကွဲလာ၏။
သွေးနွယ်ပင် ဧကရာဇ်၏ အဆုံးမဲ့ သွေးပင်လယ်က ကြောက်စရာကောင်းသော မီးတောက်များဖြင့် လောင်ကျွမ်းဆူပွက်လာခဲ့၏။
သွေးပင်လယ်က အလျင်အမြန် အငွေ့ပျံ၍ လျော့ကျလာခဲ့၏။
တစ်ခဏချင်းမှာပင် သွေးပင်လယ်က သွေးနီရောင် ရေကန်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားလေသည်။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးကို တကယ်တမ်း တုန်လှုပ်စေခဲ့သည့်အရာမှာ ဆူဇီမိုသည် ထိုအန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တတိယမြောက် အန္တိမ နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကို ခံယူလာနိုင်ခဲ့ခြင်းပင်။
သူသည် ပဉ္စဝဏ္ဏ တာအိုမီးကို စုဖွဲ့ဖို့အတွက် နဂါးဖီးနစ် မီးတောက်ကို အသုံးချခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဲ့ဒီကနေတစ်ဆင့် လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်.. တတိယမြောက် အန္တိမ နတ်ဘုရားစွမ်းအား၏ အနှစ်သာရကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
အန္တိမ နတ်ဘုရားစွမ်းအား၏ စွမ်းအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ် အပါအဝင် သူ၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယတို့ကို ဆေးကြောသန့်စင်ပေးလာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ သွေးချီက အလျင်အမြန် မြင့်တက်လာ၏။
သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကလည်း အလျင်အမြန် ပြည့်ဝလာခဲ့လေသည်။
ဤကဲ့သို့သော အခြေအနေအောက်မှာ ဆူဇီမိုသည် သူ၏ အန္တိမ နတ်ဘုရားစွမ်းအား ထာဝရ အသက်ဓာတ်ကို လှည့်ပတ်လိုက်၏။
တစ်ခဏချင်းမှာပင် သူ၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားလေသည်။
သို့သော်လည်း သူ၏ ခွန်အားက ဆက်လက်၍ မြင့်တက်လာနေဆဲဖြစ်၏။
စ်ခုအဖြစ် ပြောင်းလဲသွားရ၏။