← Chapters

ရှင်းလင်းပစ်ရှင်း

Vol. 116 Ch. 1727

ရှင်းလင်းပစ်ရှင်း

Vol. 116 Ch. 1727

လေထဲရှိမီးတောက်များက ပူပြင်းသည်ထက် ပူပြင်းလာပြီး ပို၍ကြောက်စရာကောင်းလာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် တိုက်ခိုက်နေရသော ဧကရာဇ် ၉ပါးကို မပြောနှင့် ခပ်ဝေးဝေးမှာရှိနေသာ ငရဲစုန်းဧကရာဇ်နှင့် အခြားထိပ်သီးဧကရာဇ်များပင်လျှင် ရင်တထိတ်ထိတ်ခံစားလာရ၏။

ဆူဇီမိုသည် တတိယမြောက် အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီး သူ၏ ခွန်အားက ဆပွားများစွာတိုးလာသောကြောင့်ဖြစ်၏။

ပဉ္စဝဏ္ဏတာအိုမီး၏ စွမ်းအားသည် မြင့်တက်လာပြီး ပိုမိုသန်မာလာ၏။

ထိုအခိုက်အတန့်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တိုက်ခိုက်ရာမှာ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများထက် အားနည်းခြင်း မရှိတော့ဘဲ သူ၏ ဘေးပတ်လည်တွင်ရှိသော ကမ္ဘာဦးမျိုးများမှ ဧကရာဇ် ၉ပါးကို အပြတ်အသတ် ဖိနှိမ်လာနိုင်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တတိယမြောက်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်လိုက်သည့်ခဏမှာပင် အခြေအနေက ပြောင်းလဲသွားပြီဖြစ်၏။

ဖျောက်... ဖျောက်.... ဖျောက်...

ပဉ္စဝဏ္ဏတာအိုမီး၏ လောင်ကျွမ်းမှုအောက်တွင် အန္တိမနတ်ဘုရားစွမ်းအား ၉ခုသည် အဲ့ဒါကို ခံနိုင်ရည်မရှိတော့ဘဲ တစ်ခုပြီးတစ်ခု လဲပြိုကျသွား၏။

နတ်ဘုရားတိုင်းပြည်နှင့် အဆုံးမဲ့သွေးပင်လယ်က ဘာမှမကျန်အောင်လောင်ကျွမ်းခံလိုက်ရ၏။

သွေးနွယ်ပင် ဧကရာဇ်တစ်ပါးသည် လူသားသွင်ပြင်သို့ မယူနိုင်ဘဲ သူ၏ အစစ်အမှန်ပုံစံနှင့်ပင် လေထဲမှာ အမြစ်တွယ်ရပ်တည်နေဆဲ ဖြစ်၏။ သူသည် ပဉ္စဝဏ္ဏတာအိုမီး၏ လောင်ကျွမ်းမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။

သွေးနွယ်ပင်ဧကရာဇ်သည် ပဉ္စဝဏ္ဏတာအိုမီးဖြင့် နေရာမှာပင် သေသည့်တိုင်အောင် လောင်ကျွမ်းပြာချခံလိုက်ရ၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် ဆူဇီမိုကို ဝန်းရံထားသော ကမ္ဘာဦးမျိုးနွယ်များရှိ ဧကရာဇ် ၉ပါးထဲမှ ၈ပါးသာလျှင် ကျန်ရစ်တော့၏။

ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက စတင်ရုံသာရှိသေးလေသည်။

“ခေါင်းသုံးလုံး လက်ခြောက်ဖက်”

လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်ကို နားလည်ဆင်ခြင်ပြီးနောက် ဆူဇီမို၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ်သည် သူတို့၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို နောက်တစ်ဖန်ထုတ်ဖော်လိုက်၏။

“သတ်...”

ဆူဇီမို၏ ခေါင်းသုံးလုံးက သူတို့၏ ပါးစပ်ကို တစ်ချိန်တည်းမှာဖွင့်ဟပြီး မိုးကြိုးထစ်ချုန်း အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

သူ၏ ခွန်အားအရ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းတစ်ခုတည်းကပင် ဘေးပတ်လည်ရှိ ဧကရာဇ်များအပေါ် သက်ရောက်စေဖို့ လုံလောက်လေသည်။

ဦးခေါင်းသုံးလုံးက အဲ့ဒါကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်သောအခါ မလှမ်းမကမ်းမှာရှိသော စုန်းဧကရာဇ်တစ်ပါးသည် သူ၏ ဒွာရ ၇ပေါက် ကနေ သွေးများစီးကျလာ၏။ သူသည် နေရာမှာပင် ငေးငိုင်စွာဖြင့် မှင်တက်နေ၏။

စုန်းမျိုးနွယ်၏ မျိုးဆက်သွေးက အားနည်းပြီး သာမာန်လူသားများထက် များစွာပိုမိုသန်မာခြင်းမရှိပေ။ သူတို့သည် ဤကဲ့သို့ကြောက်စရာကောင်းသည့် အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ။

ဘန်း...

၅ပေကျော်မြင့်မားသော အနက်ရောင်အရိပ်တစ်ခုက ပစ်လွင့်လာခဲ့ပြီး စုန်းဧကရာဇ်၏ ခန္ဓာကိုယ်ကို အလောင်းပင်မကျန်ရှိစေဘဲ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲအောင် ​ပစ်ဆောင့်ချလိုက်၏။

စုန်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။

ဆူဇီမို၏ ဘေးတွင် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၇ပါးသာလျှင် ကျန်ရစ်တော့လေသည်။

စုန်းဧကရာဇ်ကို သတ်ဖြတ်လိုက်သော အနက်ရောင်အရိပ်သည် စောစောက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကြောင့် ဘေးမှာပစ်ကျနေသော စတုရန်းကြေးမီးဖိုပင်ဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စတုရန်းကြေးမီးဖိုကို ယခုအချိန်မှာ မလိုအပ်တော့သည့်အတွက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအား ၎င်းကို ငှားပေးနိုင်လေသည်။

သူ၏ လက်သုံးဖက်က လူသားဧကရာဇ်ချိပ်စည်း ၊ ဖန်တီးခြင်းကြာပဒုမ္မာနှင့် စတုရန်းကြေးမီးဖိုတို့ကို အသီးသီးကိုင်ဆွဲလိုက်၏။ အခြားသောလက်သုံးဖက်က လက်ဗလာဖြင့် လွှဲယမ်းပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်သွား၏။

ထိုအခိုက်အတန့်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအား သုံးခု၏ ဆေးကြောသန့်စင်မှုကိုခံယူထားပြီးလေပြီ။ ၎င်းသည် အဆင့်-၉ သို့ မတက်လှမ်းနိုင်သေးသော်လည်း ၎င်းက အဆင့်-၈ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။

လူသားဧကရာဇ်ချိပ်စည်းနှင့် စတုရန်းကြေးမီးဖိုကဲ့သို့ ရတနာများမှလွဲလျှင် ဓမ္မရတနာအများစုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခွန်အား၏ လက်သီးချက်ကို မခံနိုင်ကြတော့ပေ။

ဘုန်း... ဘုန်း... ဘုန်း...

ဆူဇီမိုကို ဝန်းရံထားသည့် ကျန်ရှိနေသော ဧကရာဇ် ၇ပါးထဲမှ အချို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို ဆက်လက်၍ မထုတ်ဖော်နိုင်တော့ဘဲ သူတို့၏ ဓမ္မရတနာများနှင့် တိုက်ခိုက်ဖို့သာ တတ်နိုင်တော့လေသည်။

ဆူဇီမိသည် စတုရန်းကြေးမီးဖိုကို ကိုင်ဆွဲပြီး ပစ်ရိုက်ချလိုက်၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ လက်ထဲရှိ ဧရာမရွှေဓားသည် စတုရန်းကြေးမီးဖို၏ ပစ်တိုက်မှုကြောင့် ဆယ်ပိုင်းကျော်ကျိုးပဲ့ကာ ပြန့်ကျဲသွား၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင်မှာပင် လူသားဧကရာဇ်ချိပ်စည်းကို ကိုင်ဆွဲထားသော ဆူဇီမို၏ အခြားလက်ဖြင့် ပစ်ရိုက်ခြင်းခံလိုက်ရ၏။

ဖောင်း...

နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ ဦးခေါင်းက လူသားဧကရာဇ် ချိပ်စည်းဖြင့် ကြေမွပျက်စီးသွား၏။

ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့အတူ တိုက်ခိုက်မှုများက တဖွဲ့ဖွဲ့ကျဆင်းလာပြီး အခြားတစ်ဘက်သည် အသက်ရှုခွင့်ပင်လုံးဝရတော့မည် မဟုတ်ပေ။

သည့်ယခင်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကိုသာ နားလည်ဆင်ခြင်ထားပြီး သူ့ကိုဝန်းရံထားသည့် ဧကရာဇ်များကို အနိုင်နိုင်ခုခံနေရ၏။

သို့သော် ယခုအခါ သူ့ကိုဝန်းရံထားသော ဧကရာဇ်များသည် ရှေ့သို့ကျဆင်းလာသည့်ခဏမှာပင် လဲပြိုကျဆင်းကုန်ပြီဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်တချို့သည် ဆူဇီမိုကိုတားဆီးဖို့အတွက် အန္တိမနတ်ဘုရားစွမ်းအားအချို့ကို ထုတ်ဖော်လိုက်ကြ၏။

သို့သော်လည်း သူတို့သည် ဆူဇီမို၏ စတုရန်းကြေးမီးဖိုဖြင့် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရ၏။

အဲ့ဒါက ခွန်အားအရာများ ပကတိဖိနှိမ်ခြင်းဖြစ်၏။

သူသည် ဓမ္မပညာရပ်များအားလုံးကို ပကတိခွန်အားသက်သက်ဖြင့် ချိုးဖျက်နိုင်လေသည်။

‘ငါးယောက်’

‘လေးယောက်’

‘သုံးယောက်’

သူ၏ ခေါင်းသုံးလုံးကိုလှည့်ပတ်၍ ဆူဇီမိုသည် လက်ခြောက်ဖက်ကို လွှဲယမ်းကာ စတုရန်းကြေးမီးဖို ၊ လူသားဧကရာဇ်ချိပ်သည်းနှင့် ဖန်တီးခြင်းကြာပဒုမ္မာတို့ကို သူ၏ လက်ထဲမှာ ကိုင်ဆွဲထား၏။ သူသည် ရှေ့သို့ပြေးဝင်လာပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ အလောင်းများကို နင်းခြေကာ အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပစ်နေ၏။

အစက သူ့ကိုဝန်းရံထားသော ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးသည် အားမနည်းကြပေ။ သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်များဖြစ်ကြ၏။

သို့သော် ယခုအခါ... သူတို့သည် ဆူဇီမို၏ ဖျက်ဆီးချေမှုန်းခြင်းကိုခံရပြီးနောက် သုံးယောက်သာလျှင် ကျန်ရစ်တော့လေသည်။

သူတို့သုံးယောက်ထဲမှာ နှစ်ယောက်သည် ယက္ခမျိုးနွယ်မှဖြစ်ပြီး ကျန်နှစ်ယောက်က ရွှေကျီးကန်းမျိုးနွယ်မှဖြစ်၏။

သူတို့သည် သူတို့၏ ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်များကြောင့် ယခုအချိန်ထိ ရှင်သန်နိုင်နေသေးခြင်းဖြစ်၏။

ဆူဇီမိုမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနေပြီး ယခုအချိန်မှာ သူတို့က အစိမ်းရောင်အလင်းတောက်တောက်ဖြင့် တောက်ပနေ၏။

ထိုသည်ကိုတွေ့မြင်သောအခါ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် သုံးပါးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြပြီဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်သုံးပါးသည် ဆက်လက်၍ ခုခံရဲခြင်းမရှိတော့ဘဲ လှည့်ထွက်ပြေးလိုက်ကြ၏။

“ထွက်ပြေးချင်သေးတယ်ပေါ့”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ နေရာမှ ပျောက်ကွယ်သွား၏။ အစိမ်းရောင်အလင်းတောက်တောက်တစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး လေထုကို ဆုတ်ဖြဲကာ ယက္ခဧကရာဇ်ပေါ်သို့ ချက်ချင်းပင်ဆင်းသက်သွားလေသည်။

အဲ့ဒါသည် ကြာစေ့ ၇၂ စေ့ကနေ စုဖွဲ့ထားသော အစိမ်းရောင်ကြာပန်းဓားဖြစ်လေသည်။

၎င်းသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်လေသည်။

အဲ့ဒါက သာမန်တိုက်ပွဲတစ်ပွဲ ဖြစ်ပြီး ယက္ခဧကရာဇ်က တည်တည်ငြိမ်ငြိမ်ရှိနေမည်ဆိုလျှင် အစိမ်းရောင်ကြာပန်းဓား၏ ခုတ်ပိုင်းခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ ယက္ခဧကရာဇ်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်စိတ်သာရှိနေ၏။ သူ၏ တုံ့ပြန်မှုက နှေးကွေးသွားပြီး သူ၏ အသိစိတ်က အစိမ်းရောင်ကြာပန်းဓားဖြင့် ထိုးဖောက်ခြင်းခံရကာ သူ၏ အမြုတေစိတ်ဝိညာဥ်က နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။

သူ၏ ကြောက်စရာကောင်းသော လှုပ်ရှားမှုနည်းစနစ်ကို မှီခို၍ အသည်းအသန်ပြေးလွှားနေသော ယက္ခဧကရာဇ်သည် ရုတ်တရက်ရပ်တန့်သွားပြီး လေထဲကနေ ကျဆင်းကာ နေရာမှာပင် သေဆုံးသွား၏။

ကျန်ရှိနေသော ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်နှစ်ပါးက ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။

ဆူဇီမိုသည် သူတို့ကို လျစ်လျုရှုလိုက်ပြီး ညဝိညာဥ်ဘက်သို့ လှည့်လိုက်လေသည်။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများ၏ အမူအရာများက အလွန်တရာပျက်ယွင်းသွားကြ၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှ ဤမျှများပြားသော ဧကရာဇ်များ သေဆုံးသွားပြီး သူတို့ထဲမှ နှစ်ယောက်က ထွက်ပြေးသွားခြင်းနှင့်အတူ အခြေအနေက ပြီးဆုံးသလောက်ဖြစ်သွားခဲ့လေပြီ။

လူသားမျိုးနွယ်နှင့် နဂါးမျိုးနွယ်မှ ဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်နေကြသော ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်လာကြ၏။

သူတိုသည် အခြေအနေကို ထိန်းထားနိုင်နေသေးသော်လည်း ခေါင်းသုံးလုံး လက်ခြောက်ဖက်ပါရှိသည့် မိစ္ဆာနတ်ဆိုးက သူတို့ဘက်သို့ လှည့်လာပြီး သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်လာမှာကို စိုးရိမ်ကာ သူတို့အားလုံးက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြလေပြီ။

ငရဲစုန်းဧကရာဇ်၏ မျက်လုံးထဲတွင် ညှိုးငယ်သွားသော အကြည့်တစ်ခုပေါ်ထွက်လာပြီး သူက ကြိတ်၍သက်ပြင်းချလိုက်၏။

ကမ္ဘာဦးမျိုးနွယ် ၆စုက ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီဆိုတာကို သူကောင်းကောင်းသိလိုက်ပြီဖြစ်၏။

အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ခန္ဓာနှစ်ခုက အမှန်တကယ်ကြီးပြင်းလာခဲ့ပြီဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ် ၆စု မှစွမ်းအားဖြင့် သူ့ကိုဆက်လက်၍ မဖိနှိမ်နိုင်တော့ပေ။

သူတို့က အလျှော့မပေးလိုဘဲ အထီးကျန်သိုင်းသခင်နှင့် ဆက်လက်တိုက်ခိုက်နေဦးမည်ဆိုလျှင် သူတို့အားလုံးက ဤနေရာမှာ သေဆုံးရပေလိမ့်မည်။

အခြားတစ်ဘက်မှာ ရွှေကျီးကန်းမီးဧကရာဇ်သည် အစက ညဝိညာဥ်ကို သတ်ဖြတ်ချင်​လေသည်။ သို့သော်လည်း ဆူဇီမိုက လက်​ခြောက်ဘက်ကို ဝေ့ယမ်း၍ ကြမ်းကြုတ်ခက်ထန်စွာ ပြေးဝင်လာသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

“မကောင်းတော့ဘူး”

ရွှေကျီးကန်းမီးဧကရာဇ်က ရင်တစ်ချက်ထိတ်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယခုအချိန်မှာ သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်ကို သူသိလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တဗူးဂမ္ဘီရဟို့နှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူက သေချာပေါက်သေရပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ရွှေကျီးကန်းမီးဧကရာဇ်သည် သူ့တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးဖို့ပြင်ဆင်လိုက်၏။ သူသည် ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကို သတိပေးဖို့ပင် စိတ်ကူးမရှိတော့ပေ။

ဖောက်...

ရုတ်တရက်ဆိုသလို...

အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီး သူ၏ တောင်ပံတစ်ဖက်က ထိုးဖောက်ခံလိုက်ရ၏။

လတ်ဆတ်သောသွေးများက ပြန့်ကျဲသွားလေသည်။

“အား..”

ရွှေကျီးကန်းမီးဧကရာဇ်က ခပ်စူးစူး အော်ဟစ်လိုက်၏။

“မင်း ငါ့ရှေ့မှာ ဘယ်လိုတောင်စိတ်အာရုံပျံ့လွင့်ရဲတာလဲ”

ညဝိညာဥ်၏ အသံက မကောင်းဆိုးဝါးဆန်စွာဖြင့် ရွှေကျီးကန်းမီးဧကရာဇ်၏ နားထဲမှာ ထွက်ပေါ်လာ၏။

တဗူးဂမ္ဘီရဟို့က ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဆိုလျှင်တောင် သူ့က အခြားသူများမယှဥ်နိုင်သည့် သတ်ဖြတ်ခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

All Chapters