ယင်ယန်ငါးများ
Vol. 116 Ch. 1729
ဇီ...
မျက်လုံးတစ်ထောင်က တစ်ချိန်တည်းမှာ တောက်ပလာပြီး ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာ၏။
ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ပေါ့လျော့ရဲခြင်းမရှိဘဲ မျက်လုံးတစ်ထောင်မြုပ်နှံခြင်းကို ခုခံဖို့အတွက် သူတို့၏ သွေးချီများကို ၎င်း၏ အကန့်အသတ်ထိ အလောတကြီးလှည့်ပတ်လိုက်၏။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။
လောကကို မြှုပ်နှံပစ်နိုင်သော အလင်းရောင်ခြည်တစ်ထောင်သည် ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာသော်လည်း သူတို့နှစ်ယောက်က မြှုပ်နှံခြင်း မခံရနိုင်ပေ။
သို့သော်လည်း မျက်လုံးတစ်ထောင်မြှုပ်နှံခြင်း၏ စွမ်းအားက အရမ်းကိုကြောက်စရာကောင်းနေဆဲ ဖြစ်၏။
ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထုတ်ဖော်ဖို့အတွက် မည်သည့်အန္တိမနတ်ဘုရားစွမ်းအားများမှ မကျန်ရှိတော့ပေ။ သူတို့သည် သူတို့၏ သွေးချီနှင့် ကိုယ်ကာယသက်သက်နှင့်လည်း အချိန်တိုအတွင်းမှာ မျက်လုံးတစ်ထောင်၏ ဟန့်တားနှောက်ယှက်မှုကို မဖြတ်ကျော်နိုင်ပေ။
တကယ်တော့... ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်ရှိခွန်အားအရ သူသည် မျက်လုံးတစ်ထောင်ဧကရာဇ်၏ အထက်မှာရှိနေဆဲ ဖြစ်၏။
ဖောင်း... ဖောင်း... ဖောင်း...
မျက်လုံးတစ်ထောင်ဧကရာဇ်၏ ဘေးပတ်လည်ရှိ မျက်လုံးများသည် တစ်ခုပြီးတစ်ခု ဘာမှမကျန်အောင် ကြေမွပျက်စီးလာ၏။
သို့သော်လည်း ဆူဇီမိုနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျက်လုံးတစ်ထောင်ကို အပြီးတိုင်ဖျက်ဆီးပစ်နိုင်သည့်အချိန်မှာ ငရဲစုန်းဧကရာဇ်နှင့်အရိပ်မဲ့ဧကရာဇ်တို့က ထွက်ပြေးလွတ်မြောက်သွားပေလိမ့်မည်။
ထျန်ဟွမ်ကုန်းမြေတိုက်က အရမ်းကိုကြီးမားကျယ်ပြန့်လေသည်။
ဒါ့အပြင် အဲ့ဒီမှာ အခြားသော လျှို့ဝှက်ချက်များလည်း ရှိနေလေသည်။
ထိပ်သီးဧကရာဇ်နှစ်ပါးကို ထွက်ပြေးပုန်းရှောင်ခွင့်ပေးလိုက်မည်ဆိုလျှင် နောင်တစ်ချိန် ဘယ်လိုကပ်ဘေးမျိုး ဆင်းသက်လာနိုင်မလဲ မည်သူကမှ မသိရှိပေ။
“ဂါး...”
နဂါးဖီးနစ််အစစ်အမှန်ခန္ဓာက သူ၏ ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်၏။.
ထို့နောက်ချက်ချင်းပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးနှစ်ဖက်က တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုဖြင့် တောက်ပလာပြီး ကျိန်းစပ်နေသော အလင်းတန်းနှစ်ခုက အရိပ်မဲ့ဧကရာဇ်ရှိရာသို့ ပစ်လွင့်သွားလေသည်။
အဲ့ဒါက မီးပဒေသာမျက်လုံးဖြစ်၏။
မီးပဒေသာမျက်လုံးသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပင်ကိုနတ်ဘုရားစွမ်းအားအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီးပြီဖြစ်၏။
ဒါ့အပြင် အဲ့ဒီမှာလုံလောက်သောအချိန်ရှိသည်နှင့်အမျှ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မီးပဒေသာမျက်လုံးကို အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိရောက်ရှိအောင် ကျင့်ကြံနိုင်ပေလိမ့်မည်။
ယခုအချိန်မှာ မီးပဒေသာမျက်လုံးကို အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုအဖြစ်သာ သတ်မှတ်နိုင်လေသည်။
မျက်လုံးတစ်ထောင်မြှုပ်နှံခြင်းကဲ့သို့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ မီးပဒေသာမျက်လုံးက သိသိသာသာအားနည်းနေ၏။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျက်လုံးတစ်ထောင်ဧကရာဇ်၏ ဟန့်တားနှောက်ယှက်မှုကနေ တတ်နိုင်သမျှရုန်းထွက်ချင်သည်ဆိုလျှင် သူက သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ရပေလိမ့်မည်။
ဆူဇီမိုကလည်း တွေဝေတုံ့ဆိုင်းမနေပေ။ ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကလည်း မင်ကဲ့သို့ နက်မှောင်သွား၏။
သူ၏ မျက်လုံးထဲမှ နက်မှောင်နေသော အလင်းတန်းနှစ်ခုကလည်း ပစ်လွင့်ထွက်ပေါ်လာပြီး အေးစက်နေသောအော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။ သူတို့သည် အမှတ်တစ်ခုမှာ စုဆုံသွားပြီး မျက်လုံးတစ်ထောင်ဧကရာဇ်ရှိရာသို့ ပစ်ဝင်သွားလေသည်။
တမလွန်မီးရောင်မျက်လုံးကလည်း တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့လေပြီ။
ယခုအချိန်မှာ ထိုစက္ခုနည်းစနစ်ကို အဆင့်မြင့်နတ်ဘုရားစွမ်းအားများအဖြစ်သာ သတ်မှတ်နိုင်၏။
သို့သော်လည်း မီးပဒေသာမျက်လုံးကနေ ထုတ်ဖော်လိုက်သောအလင်းတန်းနှင့် တမလွန်မီးရောင်မျက်လုံးကနေ ထုတ်ဖော်လိုက်သော အနက်ရောင်အလင်းတန်းက လေထဲမှာထိတွေ့သွားသောအခါ အလွန်တရာထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုက ဖြစ်ပေါ်လာ၏။
စက္ခုနည်းစနစ်နှစ်ခု၏ စွမ်းအားက မျက်လုံးတစ်ထောင်ဧကရာဇ်နှင့် ထိတွေ့ရိုက်ခတ်မိခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် စက္ခုနည်းစနစ်နှစ်ခု၏ စွမ်းအားက လေထဲမှာ အလင်းလုံးနှစ်လုံးအဖြစ် သိပ်သည်းစုဖွဲ့သွား၏။ တစ်ခုက အနက်ရောက်ဖြစ်ပြီး အခြားတစ်ခုက အဖြူရောင်ဖြစ်ကာ တစ်ခုနှင့်တစ်ခု ပြေးတမ်းလိုက်တမ်းကစားနေကြ၏။
အလင်းလုံးနှစ်လုံးသည် အသိစိတ်တစ်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ထင်ရပြီး သူတို့က တစ်ခုနှင့်တစ်ခု ဆော့ကစားရင်း ပေါင်းစည်းနေကြ၏။
ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမို၏ စိတ်ထဲမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာ၏။
သူ၏ အသိစိတ်ထဲမှာ အရာရာတိုင်းက ပျောက်ကွယ်သွားသည်ဟုထင်ရ၏။
သူ၏ မြင်ကွင်းထဲမှာ အနက်ရောင်အလင်းလုံးနှင့် အဖြူရောင်အလင်းလုံးသာလျှင်ကျန်ရစ်ခဲ့လေသည်။
အလင်းလုံးနှစ်လုံးသည် အမြီးနှင့် ခေါင်း၊ ခေါင်းနှင့်အမြီး ချိတ်ဆက်ထားသော ဧရာမငါးနှစ်ကောင်းကဲ့သို့ အဆက်မပြတ် ချိတ်ဆက်လာခဲ့၏။
ရုတ်တရက် ဆူဇီမိုသည် မီးပဒေသာကျောက်တုံးနှင့် ပတ်သက်၍ မွေးနီတစ္ဆေ သူ့ကိုပြောပြခဲ့သော ဒဏ္ဍာရီတချို့ကို ပြန်လည်အမှတ်ရလိုက်၏။
မီးပဒေသာသည် အဆုံးစွန်ယန်၏ စွမ်းအားကို ကိုယ်စားပြုလေသည်။
တမလွန်မီးရောင်က အဆုံးစွန်ယင်၏ စွမ်းအားကို ကိုယ်စားပြုလေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် လုံးဝမတူညီသော စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကွဲလွဲဆန့်ကျင်နေရပေမည်။
သို့သော်လည်း မီးပဒေသာကျောက်တုံးသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထဲမှာရှိပြီး တမလွန်မီးရောင်ကျောက်တုံးက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲမှာရှိလေသည်။
အစစ်အမှန်ခန္ဓာနှစ်ခုသည် အစတုန်းက တစ်ခုတည်းဖြစ်ခဲ့၏။
ထို့ကြောင့်ပင်လျှင် ထိုအဆုံးစွန်စွမ်းအားနှစ်ခုက ဤကဲ့သို့ ထူးဆန်းသောစွမ်းအားတစ်ခုကို ဖန်တီးလာနိုင်ခြင်းဖြစ်၏။
ယင်ယန်ငါးနှစ်ကောင်က တစ်ကောင်းနှင့်တစ်ကောင် ပြေးတမ်းလိုက်တမ်း ကစားနေကြ၏။
ယင်ယန်စွမ်းအားက မည်သည့်အန္တရာယ်မှ မရှိသည့်အလား ဖြည်းဖြည်းချင်း လည်ပတ်လာ၏။
သို့သော်လည်း ယင်ယန်ငါးများလှည့်ပတ်ရင်း ဘေးပတ်ဝန်းကျင်ရှိအရာရာတိုင်းက ဘာမှမကျန်အောင် ဝါးမျိုခံလိုက်ရသည်ဟုထင်ရ၏။
လေဟာနယ်က ပြိုကျ ၊ အလင်းများကတွန့်လိမ် ၊ ဓမ္မစွမ်းအားများက မှိန်ဖျော့သွားပြီး နတ်ဘုရားစွမ်းအားများက ပျက်ပြယ်လာ၏။ အရာရာတိုင်းသည် ယင်ယန်ငါးနှစ်ကောင်၏ လှည့်ပတ်မှုအောက်မှာ တဖြည်းဖြည်းဝါးမျိုခံလာရ၏။
အချိန်ပင်လျှင် ရှုပ်ထွေးနောက်ကျိသွား၏။
ဆူဇီမိုသည် သူ၏ လက်ရှိအခြေအနေမှာ မည်သည့်အရာကိုမှ သတိမထားမိပေ။
ဧကရာဇ်များစွာ၏ ရှေ့မှောက်မှာ စက္ခုနည်းစနစ်နှစ်ခုက ထွက်ပေါ်လာပြီး အနက်ရောင်နှင့် အဖြူရောင်အလင်းလုံးနှစ်လုံးက တစ်ခုကိုတစ်ခု ပြေးလိုက်နေရင်း တစ်ဘက်မှာရှိသော မျက်လုံးတစ်ထောင်က ကြေမွပျက်စီးသွားလေသည်။
အနက်ရောင်နှင့် အဖြူရောင်အလင်းလုံးနှစ်လုံးသည် တစ်ဘက်မှာရှိသော မျက်လုံးတစ်ထောင်နှင့် ထိတွေ့မိခြင်းပင်မရှိဘဲ ထိုအန္တိမနတ်ဘုရားစွမ်းအားက ဘာမှမကျန်အောင်ပြောင်းလဲသွား၏။
“ဟာ...”
ထိုသည်ကိုတွေ့မြင်သော ဧကရာဇ်များက ပင့်သက်ကိုရှိုက်လိုက်ကြ၏။
“အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်”
အနက်ရောင်နှင့် အဖြူရောင် အလင်းလုံးနှစ်လုံးနှင့် ရင်ဆိုင်ရချိန်မှာ အန္တိမနတ်ဘုရားစွမ်းအား မျက်လုံးတစ်ထောင်မြှုပ်နှံခြင်းက အသက်တစ်ရှိုက်စာအတွင်း ပြိုကျသွားလေသည်။
ယင်ယန်ငါးနှစ်ကောင်က ပိုမိုမြန်ဆန်သည်ထက်မြန်ဆန်စွာ လှည့်ပတ်လာ၏။
စွမ်းအားနှစ်ခု၏ အရှိန်အဟုန်က အဆက်မပြတ်မြင့်တက်လာခဲ့လေသည်။
ယင်ယန်ငါးများကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် ပို၍ပို၍ ကြောက်စရာကောင်းလာခဲ့၏။
အဆုံးသတ်မှာ ငါးနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင်အရူးအမူးကိုက်ခဲလာကြသည်ကို ဆူဇီမိုက ခံစားမိလာနိုင်၏။
ဆူဇီမိုသည် တမလွန်မီးရောင်မျက်လုံးကို အလောတကြီးဖြတ်တောက်လိုက်၏။
စွမ်းအား၏ မျှခြေက ကျိုးပျက်သွားပြီး ယင်ယန်ငါးများက နေရာမှာပင် ပေါက်ကွဲထွက်သွား၏။ အဲ့ဒီကနေ အလွန်တရာ ကြောက်စရာကောင်းသော စွမ်အင်အတက်အကျတစ်ခု ထွက်ပေါ်လာကာ အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ၏ မျက်လုံးထဲရှိ ထုံထိုင်းထိုင်းနာကျင်မှုတစ်ခုနှင့်အတူ နိုးထလာခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲမှလည်း သွေးတစ်စက်က စီးကျလာ၏။
အဲ့ဒါက အနည်းငယ်ကြောက်စရာကောင်းလေသည်။
ဆူဇီမို၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး သူက ရင်တလှပ်လှပ်ခံစားနေရ၏။
ကံကောင်းထောက်မစွာပင် သူသည် တမလွန်မီးရောင်မျက်လုံးကို အချိန်မီဖြတ်တောက်နိုင်ခဲ့၏။ စွမ်းအားနှစ်ခုက အဆက်မပြတ် မြင့်တက်လာမည်ဆိုလျှင် သူတို့သည် နောက်ဆုံးမှာ သူ၏ ထိန်းချုပ်မှုအောက်ကနေ သေချာပေါက် လွတ်ထွက်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူက သတိတစ်ချက်ပေါ့လျော့မိပါက သူ၏ မျက်လုံးက သွေးထွက်လာရုံမျှသာ ကလိမ့်မည်မဟုတ်ပေ။
သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက သေဆုံးသွားရဖို့ ဖြစ်နိုင်ချေရှိလေသည်။
အဲ့ဒါက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
ဆူဇီမိုသည် ယင်ယန်ငါးနှစ်ကောင်ထံမှ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ခံစားမိလိုက်သောကြောင့်ဖြစ်၏။
စောစောက ထွက်ပေါ်လာသောအရာက ၎င်း၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်လေသည်။
ဆူဇီမိုသည် အလိုလိုလှည့်ကြည့်လိုက်၏။
မျက်လုံးတစ်ထောင်မြှုပ်နှံခြင်းက အလိုလိုပျက်ပြယ်သွားခဲ့လေပြီ။ ဆန့်ကျင်ဘက်လေထဲမှာ မျက်လုံးတစ်ထောင်ဧကရာဇ်သည် ငေးငိုင်ပျောက်ဆုံးနေသောအမူအရာတစ်ခုနှင့်အတူ မလှုပ်မယှက်ရပ်နေ၏။
ရုတ်တရက်ဆိုသလို..
မျက်လုံးတစ်ထောင်ဧကရာဇ်၏ ခန္ဓာကိုယ်က စတင်၍ လဲပြိုကျဆင်းသွား၏။ ဆူဇီမို၏ အကြည့်အောက်မှာ ၎င်းသည် မည်သည့်သွေးတစ်စက်မှ ထွက်လာခြင်းမရှိဘဲ တဖြည်းဖြည်း ဘာမှမကျန်အောင် ပြောင်းလဲသွား၏။
မျက်လုံးတစ်ထောင်ဧကရာဇ်သည် စောစောက ယင်ယန်ငါးနှစ်ကောင်၏ စွမ်းအားဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့်အတူ ငရဲစုန်းဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်နောက်သို့ ပြေးလိုက်သွားလေသည်။
သူသည် ထိုဧကရာဇ်နှစ်ပါးကို သတ်ဖြတ်ရပေမည်။ မဟုတ်ပါက နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်၏။
နဂါးအရိုးတောင်ကြား ကောင်းကင်ထက်တွင်... ငရဲစုန်းဧကရာဇ်နှင့် အခြားသောထိပ်သီးဧကရာဇ်လေးဦးသည် သေသူသေ၊ ထွက်ပြေးသူထွက်ပြေး ဖြစ်ကုန်ကြလေပြီ။
ကမ္ဘာဦးမျိုးနွယ် ၆စု မှ ဧကရာဇ်များစွာ ကျန်ရှိနေသေးသော်လည်း သူတို့သည် စိတ်ပိုင်းဆိုင်ရာလဲပြိုသွားခဲ့ပြီဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် စိတ်အားမာန်မရှိတော့ပေ။
တိုက်ပွဲနယ်မြေသို့ ညဝိညာဥ်ဝင်ရောက်လာခြင်းက သူတို့၏ အခြေအနေကို ပို၍ပင်ဆိုးဝါးသွားစေ၏။
ညဝိညာဥ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ထားပြီး ဒဏ်ရာအပြင်းအထန် ရရှိထားလျှင်တောင် သူထုတ်ဖော်လိုက်သည့် သတ်ဖြတ်ခြင်းနည်းစနစ်များသည် ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်များ ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
သိပ်မကြာခင် ကမ္ဘာဦးမျိုးနွယ် ၆စု မှ ဧကရာဇ်များသည် စိတ်ပိုင်းဆိုင်ရာ လုံးဝပြိုလဲသွားပြီး ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၏။
သားရဲနယ်မြေရှစ်ခွင်မှ ဧကရာဇ်များကလည်း သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေပြီ။
သားရဲဧကရာဇ် ၁၇ပါးထဲမှ ၅ပါးသာလျှင် အသက်ရှင်လျက် ကျန်ရစ်ခဲ့လေသည်။
သားရဲ ဧကရာဇ် ၅ပါးသည် သူတို့က ထွက်မပြေးနိုင်တော့ဘူးဆိုတာကို သိရှိလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်မှာ ဒူးထောက်ချကာ အသနားခံတောင်းပန်လိုက်ကြ၏။
ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ခြေကုန်လက်ပန်းကျနေသော အမူအရာများနှင့်အတူ သည်းထန်စွာ မောဟိုက်နေ၏။ သူတို့သည် ကမ္ဘာဦးမျိုးနွယ်များမှ ထွက်ပြေးသွားသော ဧကရာဇ်များနောက်သို့ ပြေးလိုက်ဖို့ ခွန်အားမကျန်ရှိတော့ပေ။
လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ဝက်နီးပါးကလည်း ကျဆုံးခဲ့ပြီး အဲ့ဒီမှာဆယ်ယောက်ကျော်သာလျှင်ကျန်ရစ်တော့၏။
သို့သော်လည်း ဤတိုက်ပွဲက ယခုအချိန်ထိ ပြီးဆုံးမသွားသေးပေ။