← Chapters

သူ့ကို သတ်လိုက်

Vol. 116 Ch. 1731

သူ့ကို သတ်လိုက်

Vol. 116 Ch. 1731

နဂါးအရိုးတောင်ကြားထက်တွင်…

ဖရိုဖရဲဖြစ်နေသော နတ်ဘုရားမျိုးနွယ် ဧကရာဇ် အချို့သည် အနောက်ဘက်စူးစူးကနေ ချဉ်းကပ်လာနေသော နတ်ဘုရားမျိုးနွယ်စစ်တပ်ကို စိတ်လှုပ်ရှားတက်ကြွသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

“သူတို့ နောက်ဆုံးတော့ ဒီကို ရောက်လာကြပြီပဲ”

“ကြမ္မာဆိုးဓား၊ ကပ်ဘေးဒိုင်းကာ၊ မိုးသောက်တောင်ဝှေးနဲ့ တရားစီရင်လှံပဲ.. ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရား တရားစီရင် လက်နက်လေးခုက ဆင်းသက်လာပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်သူကများ အဲဒါကို ခုခံနိုင်မလဲ ကြည့်ရတာပေါ့”

“ပုလ္လင်ပေါ်ကသူက ငါတို့ နတ်ဘုရားကုန်းမြေတိုက်ရဲ့ နတ်ဘုရား ဧကရာဇ်ပဲ ဖြစ်ရမယ်”

မြောက်ပိုင်းဒေသ၏ နယ်စပ်မှာ တိုက်ခိုက်နေကြဆဲဖြစ်သော နတ်ဘုရားမျိုးနွယ်မျိုးနွယ် သက်ရှိအချို့က ပို၍ပင် စိတ်အားတက်ကြွလာ၏။ နတ်ဘုရားကုန်းမြေတိုက်မှာ ဘွဲ့အမျိုးမျိုးနှင့် ဧကရာဇ်များ ရှိကြသော်လည်း လူပုဂ္ဂိုလ်တစ်ယောက်တည်းကသာလျှင် နတ်ဘုရားကုန်းမြေတိုက်၏ ဧကရာဇ်ဖြစ်လာပြီး နတ်ဘုရား ဧကရာဇ်ဘွဲ့ကို ခံယူဖို့ အဆင့်မီပေလိမ့်မည်။

နတ်ဘုရား ဧကရာဇ်ကသာလျှင် ထိုပုလ္လင်ပေါ်မှာ ထိုင်ပြီး နတ်ဘုရား ဧကရာဇ် သရဖူကို ဆောင်းဖို့ အဆင့်မီပေလိမ့်မည်။

နတ်ဘုရား ဧကရာဇ်၏ သရဖူသည် နတ်ဘုရားဘုံကနေ ဆင်းသက်လာသော အဆုံးစွန်ရတနာတစ်ခုဖြစ်သည်ဆိုသော ဒဏ္ဍာရီရှိလေသည်။

နတ်ဘုရားမျိုးနွယ် အပါအဝင် အခြားသော မျိုးနွယ်များနှင့် နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်များပင်လျှင် နတ်ဘုရား ဧကရာဇ်၏ ပုလ္လင်ပေါ်သို့ တက်ထိုင်ပါက နေရာမှာပင် သေဆုံးရပေလိမ့်မည်။

နတ်ဘုရား ဧကရာဇ် ပုလ္လင်၏ အသိအမှတ်ပြုမှုကို မရရှိဘဲ မည်သူကမှ သရဖူ၏ အလေးချိန်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ သေသည့်တိုင်အောင် ဖိခြေခြင်း ခံရပေလိမ့်မည်။

နတ်ဘုရားကုန်းမြေတိုက်ရှိ နတ်ဘုရား ဧကရာဇ် တစ်ဦးတည်းသာလျှင် ထိုအဆုံးစွန်ရတနာနှစ်ခု၏ အသိအမှတ်ပြုမှုကို ရရှိနိုင်လေသည်။

နတ်ဘုရားကုန်းမြေတိုက်၏ လူမှုအဖွဲ့အစည်းသည် နတ်ဘုရားဘုံမှ ဆင်းသက်လာသော ဤရတနာနှစ်ခုကနေ အရင်းခံဖြစ်ပေါ်လာခဲ့၏။

အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။

နဂါးအရိုးတောင်ကြား အထက်ရှိ ဧကရာဇ်များအကြား တိုက်ပွဲဖြစ်စေ.. မြောက်ပိုင်းဒေသ၏ နယ်စပ်ရှိ မျိုးနွယ်စုတစ်သောင်းဖြစ်စေ.. အကုန်လုံးက တဖြည်းဖြည်း ရပ်တန့်သွားကြ၏။

အရိပ်မဲ့ ဧကရာဇ်ကလည်း တုန်လှုပ်စွာဖြင့် လေထဲမှာ ရပ်တန့်နေ၏။

ခဏနေပြီးနောက်.. သူသည် ငူငိုင်နေရာကနေ နိုးထလာကာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။ သူက နောက်ပြန်လှည့်ကြည့်ပြီး တွေဝေတုံ့ဆိုင်းသော အမူအရာတစ်ခု ရှိလာခဲ့၏။

အခိုက်အတန့်မှာ သူသည် အလယ်မှာ ကြားညှပ်နေလေပြီ။

ဆူဇီမိုက နောက်မှာ ရှိပြီး နတ်ဘုရားမျိုးနွယ် စစ်တပ်က ရှေ့မှာ ရှိလေသည်။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ် စစ်တပ်သည် အလွန်တရာ လျင်မြန်စွာ ချီတက်လာပြီး သိပ်မကြာခင် အလယ်ပိုင်းတိုက်ကို ရောက်ရှိလာကာ မြောက်ပိုင်းဒေသသို့ ဆက်လက်ဦးတည်လာခဲ့၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များသည် မိုးကောင်းကင်ထက်မှာ ဒုန်းစိုင်းလာကြပြီး သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ တိမ်စိုင်များကို စီးနင်းလာကြ၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ နင်းခြေမှုအောက်တွင် လေဟာနယ်တစ်ခုလုံးက တုန်ခါ၍ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်း ထကြွလာ၏။

အရိပ်မဲ့ ဧကရာဇ်သည် ခဏမျှ စဉ်းစားပြီးနောက် ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်၏။

သူသည် ဆူဇီမိုနှင့် ရင်ဆိုင်ရပါက သေချာပေါက် သေရပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ် စစ်တပ်က ကြောက်စရာကောင်းသော်လည်း ယက္ခမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ နတ်ဘုရားမျိုးနွယ်နှင့် တစ်ဖက်တည်းမှာ ရပ်တည်ခဲ့လေသည်။ ဒါ့အပြင် ထိပ်သီးဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ဘယ်ကုန်းမြေတိုက်သို့ ရောက်ရှိသည်ဖြစ်စေ.. ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်နေပေလိမ့်မည်။

သူက ယက္ခမျိုးနွယ်ကို နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းစေမည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်က သူတို့ကို သေချာပေါက် ကြိုဆိုပေလိမ့်မည်။

ထိုသို့အတွေးဖြင့် အရိပ်မဲ့ ဧကရာဇ်သည် အစီအစဉ်တစ်ခုကို ချပြီး နတ်ဘုရားမျိုးနွယ် စစ်တပ်ရှိရာသို့ ပြေးဝင်သွားလေသည်။

“ကျုပ်က ယက္ခမျိုးနွယ်က အရိပ်မဲ့ပဲ… ကျုပ်တို့က ထျန်ဟွမ်ကုန်းမြေတိုက်မှာ နတ်ဘုရားမျိုးနွယ်နဲ့အတူ ရပ်တည်တဲ့ ကမ္ဘာဦးမျိုးနွယ် ၉စုထဲက တစ်စုပဲ.. ကျုပ်တို့က တစ်ဖက်တည်းမှာ ရပ်တည်ပြီး အကြိမ်ပေါင်းများစွာ အတူလက်တွဲ တိုက်ခိုက်ခဲ့ကြတယ်”

ယက္ခဧကရာဇ်သည် နတ်ဘုရားမျိုးနွယ် စစ်တပ်နှင့် ခပ်ဝေးဝေးမှာပင် ရှိနေဆဲဖြစ်ပြီး သူက အော်ပြောလိုက်၏။

“ကျုပ်က ယက္ခမျိုးနွယ်ကို ဦးဆောင်ပြီး အထီးကျန်သိုင်းသခင်လို သစ္စာဖောက်တွေကို ဖိနှိမ်ဖို့အတွက် နတ်ဘုရားမျိုးနွယ်က တာအိုရောင်းရင်းတို့နဲ့ အတူပူးပေါင်းလိုစိတ် ရှိတယ်”

“ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”

လုံရန်က ထိုစကားကို ကြားသောအခါ ကျိန်ဆဲလိုက်လေသည်။

ခွန်လွင်နှင့် လူရိုင်းမျိုးနွယ်မှ ပညာရှင်များသည်လည်း အထင်အမြင်သေးသော အမူအရာများကို ထုတ်ဖော်ပြသလာကြ၏။ ထျန်ဟွမ်ကုန်းမြေတိုက်ရှိ အသန်မာဆုံး ဧကရာဇ်များထဲမှ တစ်ယောက်အနေဖြင့် အရိပ်မဲ့ ဧကရာဇ်သည် ကျူးကျော်လာသော ပြင်ပမျိုးနွယ်များထံမှာ အရင်ဆုံး အညံ့ခံသွားခဲ့လေသည်။

အရိပ်မဲ့ ဧကရာဇ်က လိမ္မာပါးနပ်လေသည်။

သူက ရှေ့သို့ မဆင်မခြင် ပြေးဝင်သွားမည်ဆိုလျှင် နတ်ဘုရားမျိုးနွယ် စစ်တပ်က သူ့အပေါ် ရန်လိုတိုက်ခိုက်လာနိုင်သည်ကို သူက သိလေသည်။

အဲဒါကြောင့် အဝေးကနေပင် အရိပ်မဲ့ ဧကရာဇ်သည် သူ၏ စိတ်နေသဘောထားကို ဖော်ပြဖို့အတွက် အော်ပြောလိုက်လေသည်။

တကယ်ပင် နတ်ဘုရားမျိုးနွယ် စစ်တပ်၏ အလျင်အဟုန်က လျော့ကျသွား၏။

သိပ်မကြာခင် နတ်ဘုရားမျိုးနွယ် စစ်တပ်သည် အရိပ်မဲ့ ဧကရာဇ် ရှေ့သို့ ရောက်ရှိလာပြီး သူ့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေးလိုက်၏။

တစ်ခဏချင်းမှာပင် အရိပ်မဲ့ ဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်များ၏ ကြားသို့ ရောက်ရှိသွားလေသည်။

အကြည့်ပေါင်းများစွာက အရိပ်မဲ့ ဧကရာဇ်ပေါ်သို့ ကျဆင်းလာခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ ထိပ်သီးဧကရာဇ်တစ်ပါးအနေဖြင့် အခြားသော မျိုးနွယ်မှ ပညာရှင်များစွာ၏ ဝန်းရံခြင်း ခံထားရသော်လည်း အရိပ်မဲ့ ဧကရာဇ်က တည်ငြိမ်၍ အကြောက်အလန့် ကင်းမဲ့နေဆဲဖြစ်၏။

“နှုတ်ဆက်ပါတယ် နတ်ဘုရားမျိုးနွယ်က တာအိုရောင်းရင်းတို့”

ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်များနှင့် ရင်ဆိုင်ရချိန်မှာ အရိပ်မဲ့ ဧကရာဇ်သည် မည်သည့် မောက်မာခက်ထန်မှုကိုမှ မပြသပေ။ ထိုအစားက သူက လက်နှစ်ဖက်ကို ယှက်၍ ပြုံးပြလိုက်၏။

နတ်ဘုရား တရားစီရင် လက်နက်များကို ကိုင်ဆွဲထားသည့် နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးသည် အရိပ်မဲ့ ဧကရာဇ်ကို စေ့စေ့စပ်စပ် ကြည့်၍ အကဲခတ်နေကြ၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ် ၄ပါးသည် အပေါ်ယံမှာ မည်သည့် စိတ်နေသဘောထားကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။ ထိုအစား သူတို့သည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသော အမူအရာနှင့်အတူ ဂမ္ဘီရ ပုလ္လင်ပေါ်ရှိ ပုဂ္ဂိုလ်ကို လှည့်ကြည့်လိုက်ကြ၏။

အရိပ်မဲ့ ဧကရာဇ်ကလည်း အဲဒါကို ပြောနိုင်လေသည်။

နတ်ဘုရားမျိုးနွယ် သက်ရှိများစွာကြားမှာ အမြင့်မားဆုံးနှင့် အမြင့်မြတ်ဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့်သူက သရဖူတစ်ခုကို ဆောင်း၍ ဂမ္ဘီရ ပုလ္လင်ပေါ်မှာ ထိုင်နေသော ထိုပုဂ္ဂိုလ် ဖြစ်လေသည်။

စွမ်းအားကြီးမားသော အော်ရာများကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားမျိုးနွယ် ဧကရာဇ်များပင်လျှင် ဤပုဂ္ဂိုလ်၏ အမိန့်ကို နားခံရလေသည်။

သို့သော်လည်း ထိုလူ၏ ရုပ်ရည်သွင်ပြင်က သရဖူ၏ ဖုံးအုပ်မှုအောက်မှာ ဝေဝါးနေ၏။

“နတ်ဘုရားဧကရာဇ်.. ဒီလူက အညံ့ခံနေပြီ.. ကျုပ်တို့က သူ့ကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲ”

ကြမ္မာဆိုးဓားကို သူ၏ ကျောပေါ်မှာ လွယ်ထားသော ချပ်ဝတ်တန်ဆာဝတ် လူကြီးက သူ၏ ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ပြီး ဂမ္ဘီရ ပုလ္လင်ပေါ်မှာ ပုဂ္ဂိုလ်ကို အနည်းငယ် ဦးညွှတ်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏။

နတ်ဘုရားဧကရာဇ်က သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်၏။

အရိပ်မဲ့ ဧကရာဇ်၏ အကြည့်က ထိုလက်ဖဝါးပေါ်သို့ ဆင်းသက်သွားလေသည်။

အဲဒါသည် ဖြူဖွေးနုနယ်သော လက်ဖဝါးတစ်ဖက် ဖြစ်ပြီး တလက်လက်ပင် တောက်ပနေ၏။

အဲဒါက အမျိုးသမီးတစ်ယောက်၏ လက်နှင့် ပိုတူလေသည်။

အရိပ်မဲ့ ဧကရာဇ်က စိတ်လှုပ်ရှားနေစဉ်မှာပင်.. နတ်ဘုရားဧကရာဇ်က ညင်သာစွာ ပြောလိုက်၏။

“သူ့ကို သတ်လိုက်”

အရိပ်မဲ့ ဧကရာဇ်က မတုံ့ပြန်နိုင်ခင်မှာပင် သူ့ဘေးကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

“သတ်”

ချပ်ဝတ်တန်ဆာဝတ် လူကြီးက သူ၏ ကျောပေါ်ရှိ ကြမ္မာဆိုးဓားကို ထုတ်ယူ​ပြီး အရိပ်မဲ့ ဧကရာဇ်ကို ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်က အသက်ကြီးကြီး အမျိုးသားတစ်ယောက် ဖြစ်သော်လည်း သူ၏ သွေးချီက အလွန်တရာ သန်မာနေဆဲဖြစ်၏။

နတ်ဘုရားမျိုးနွယ်မှ လူကြီး၏ လက်ထဲမှာ ကြမ္မာဆိုးဓားသည် အေးစက်၍ ဆိုးယုတ်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးလိုက်၏။ ဓားပေါ်ရှိ အနက်ရောင် အင်းကွက်များက ဝင်းလက်တောက်ပလာပြီး နက်မှောင်နေသော ဓားချီက လေထဲမှာ ထွက်ပေါ်လာ၏။

“ဟမ်”

အရိပ်မဲ့ ဧကရာဇ်က ထိတ်လန့်သွား၏။

အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်ထားသော ထိပ်သီး ဧကရာဇ်တစ်ပါးအနေဖြင့် သူက အညံ့ခံဖို့ ရွေးချယ်ခဲ့ပြီးတာတောင် တစ်ဖက် အဖွဲ့အစည်းက သူ့ကို မည်သည့် အခွင့်အရေးမှ ပေးလိမ့်မည် မဟုတ်ဟု သူက ထင်မှတ်မထားခဲ့ပေ။

အရိပ်မဲ့ ဧကရာဇ်သည် သူ၏ မူပိုင်ဓမ္မလက်နက် ဆေဘာကွေးနှစ်လက်ကို အလောတကြီး ထုတ်ယူပြီး ကြမ္မာဆိုးဓားကို ပိတ်ဆို့တားဆီးလိုက်၏။

ချွမ်း..

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်ထွက်သွား၏။

“ဖွီး..”

အရိပ်မဲ့ ဧကရာဇ်က ဆတ်ခနဲ တုန်ယင်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။

သူ၏ ဓမ္မရတနာ ဆေဘာကွေးနှစ်လက်သည် သူ့လက်ထဲကနေ လွင့်စင်ထွက်သွားလေသည်။

သူ၏ တုံ့ပြန်မှုက အစကတည်းက နှေးကွေးနေပြီး သူက သူ၏ ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။

ဒါ့အပြင် သူသည် စောစောကတင် ဆူဇီမိုနှင့် တိုက်ခိုက်နေခဲ့ရပြီး သူ၏ သွေးချီ အမြောက်အများက ကုန်ခမ်းနေ၏။ ထိုသို့ဖြင့် သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ လျော့ကျသွားလေသည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ အရိပ်မဲ့ ဧကရာဇ်သည် နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ တိုက်ခိုက်မှုဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွား၏။

ကြမ္မာဆိုးဓားသည် ဆေဘာကွေးတစ်လက်ကို လွင့်စင်ထွက်စေပြီးနောက် အရိပ်မဲ့ ဧကရာဇ်ထံသို့ ထပ်မံ၍ ခုတ်ပိုင်းကျဆင်းလာ၏။

အရိပ်မဲ့ ဧကရာဇ်သည် ယက္ခမျိုးနွယ်၏ ကြောက်စရာကောင်းသော လှုပ်ရှားမှု နည်းစနစ်အပေါ် မှီခိုပြီး အစွမ်းကုန် ထုတ်ဖော်ကာ နောက်သို့ ခုန်ဆုတ်လိုက်၏။

သို့သော်လည်း ကြမ္မာဆိုးဓားချက်ဖြင့် သူ၏ ရင်ဘတ်ပေါ်မှာ ကြီးမားသော ဟက်တက်ကွဲ ပြတ်ရှရာတစ်ခု ပေါ်ထွက်လာ၏။

ထိုခုတ်ချက်က အရိပ်မဲ့ ဧကရာဇ်ကို နှစ်ပိုင်းပြတ်ကျလုနီးပါး ဖြစ်စေခဲ့၏။

အရိပ်မဲ့ ဧကရာဇ်က ထိတ်လန့်တကြား ဖြစ်သွားပြီး တွေဝေရှုပ်ထွေးသော အမူအရာနှင့်အတူ နတ်ဘုရားမျိုးနွယ်မှ လူကြီးကို ကြည့်လိုက်၏။

သူက အဲဒါကို နားမလည်နိုင်ပေ။

သူက အဲဒါကို စဉ်းစားနေဖို့ အချိန်လည်း မရှိတော့ပေ။

နတ်ဘုရားမျိုးနွယ်မှ လူကြီးက သူ့လက်ထဲရှိ ကြမ္မာဆိုးဓားနှင့်အတူ အရိပ်မဲ့ ဧကရာဇ်ထံသို့ လျှောက်လှမ်းလာ၏။

“လျှပ်တပြက် ခုန်ကူးခြင်း”

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အရိပ်မဲ့ ဧကရာဇ်က သူ၏ အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။ ​

All Chapters