← Chapters

သခင်လေး ကျွန်မပါ

Vol. 116 Ch. 1733

သခင်လေး ကျွန်မပါ

Vol. 116 Ch. 1733

သိပ်မကြာခင် ထျန်ဟွမ်ကုန်းမြေတိုက်မှ နတ်ဘုရားမျိုးနွယ် သက်ရှိများက အကျဥ်းချခံလိုက်ရ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများက တွေဝေရှုပ်ထွေးသွားကြ၏။

“ဂမ္ဘီရဧကရာဇ်... ဘာတွေဖြစ်ကုန်တာလဲ”

လုံရန်က မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

“နတ်ဘုရားကုန်းမြေတိုက်က အဲ့ဒီသူတွေက ရူးနှမ်းကုန်ကြတာလား... ဒါမှမဟုတ် သူတို့က တစ်ခုခုကို ကြံစည်နေကြတာလား”

ပုံပြောအဖိုးအို၏ မျက်လုံးထဲတွင် မြူခိုးတစ်လွှာပေါ်ထွက်လာ၏။ သူသည် သူ၏ လက်ချောင်းများကို ဆန့်ထုတ်ပြီး အလျင်အမြန်တွက်ချက်နေ၏။

သို့သော်လည်း ခဏကြာပြီးနောက် မည်သည့် ရလဒ်မှ ထွက်မလာသေးပေ။

ပုံပြောသူက ခေါင်းခါပြလိုက်၏။

“အဲ့ဒီနတ်ဘုရားဧကရာဇ်ကို လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရအလင်းလွှာတစ်ခုက လွှမ်းခြုံထားတယ်... အဲ့ဒါက အဲ့ဒီသရဖူနဲ့ ပလ္လင်ကနေ ဆင်းသက်လာတဲ့ပုံပဲ... ငါက ဘာကိုမှ တွက်ချက်လို့မရဘူး”

ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... နတ်ဘုရားကုန်းမြေတိုက်က ရန်လိုစိတ်များများစားစားမရှိတဲ့ပုံပဲ”

ဆူဇီမိုသည် ပလ္လင်ပေါ်မှ နတ်ဘုရားဧကရာဇ်ကို အလေးအနက်ကြည့်လိုက်၏။

သူ၏ ရင်ထဲမှာ ခန့်မှန်းချက်တစ်ခု ရရှိလာသော်လည်း အဲ့ဒါက အလွန်တရာရဲတင်းပြီး သူက အဲ့ဒါကို အတည်မပြုနိုင်ပေ။ သိပ်မကြာခင် နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ကာကွယ်မှုအောက်ကနေ ဆူဇီမိုနှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာ၏။

နတ်ဘုရားဧကရာဇ်က သူ၏ ပလ္လင်ပေါ်ကနေ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားလေသည်။

နတ်ဘုရားဧကရာဇ်သည် ပခုံးထောက် ရွှေရောင်ဆံပင်ရှိပြီး ရှိုက်ကြီးဖိုငယ်အသွယ်သွယ် ခန္ဓာကိုယ်တစ်ခုနှင့်အတူ အရက်အမောင်းမြင့်မားလေသည်။ သူသည် ကြော့ရှင်းတင့်တယ်သော အဖြူရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားပြီး သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ထင်ပေါ်နေစေ၏။

အဲ့ဒါက အမျိုးသမီးတစ်ယောက်ဖြစ်၏။

ကံဆိုးစွာနှင့်ပင် သူမသည် ဆူဇီမိုခန့်မှန်းမိသည့်လူ မဟုတ်ပေ။

လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်က နန်းကြည်သည် ခွန်လွင်အပျက်အစီးဒေသတွင် ကမ္ဘာဦးခေတ်စစ်ပွဲကို ရှာဖွေသိရှိသွားသောအခါ သူမသည် မလုံမလဲခံစားခဲ့ရပြီး ဆူဇီမို သို့မဟုတ် ညဝိညာဥ်ကို မျက်နှာချင်းဆိုင်ဝံ့ခြင်း မရှိတော့ပေ။

ထိုသို့ဖြင့် သူမသည် သက်တံရောင်လိုဏ်ဂူထဲသို့ ခုန်ဝင်ပြီး နတ်ဘုရားကုန်းမြေတိုက်သို့ ဝင်ရောက်သွားခဲ့၏။

ဤနှစ်များအတွင်း သူမထံမှ မည်သည့်သတင်းမှ ရရှိမလာခဲ့ပေ။

ဆူဇီမိုသည် နတ်ဘုရားကုန်းမြေတိုက်က ထျမ်ဟွမ်ကုန်းမြေတိုက်အပေါ် ရန်လိုစိတ်များစွာမရှိသည်ကို တွေ့မြင်သောအခါ သူ၏ စိတ်ထဲသို့ ရဲတင်းသောအတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာခဲ့၏။

နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားဧကရီက နန်းကြည် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

သို့သော်လည်း သူသည် နတ်ဘုရားဧကရီ မတ်တတ်ထရပ်လာသည်ကို တွေ့မြင်ပြီး အခိုက်အတန့်မှာ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

သူမ၏ ရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရသော်လည်း သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ဖူးသော နန်းကြည်ကို သူက ကောင်းကောင်းသိလေသည်။

နန်းကြည်သည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး အမြဲတမ်း ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်ခဲ့၏။ နှစ်တစ်ထောင်ကျော်ကြာပြီးတာတောင် သူမက များစွာပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

ယခုသူမ၏ ပုံပန်းသဏ္ဌာန်က ပြောင်းလဲသွားရုံသာမကဘဲ သူမ၏ အော်ရာကပါ သိသာခြားနားစွာပြောင်းလဲနေ၏။

နန်းကြည်သည် ဆူဇီမို၏ ဘေးမှာ အလွန်တရာကျိုးနွံနာခံစွာရှိနေတတ်ခဲ့၏။

သို့သော်လည်း သူ့ရှေ့မှ နတ်ဘုရားဧကရီသည် စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။

နတ်ဘုရားဧကရီသည် မတ်တတ်ထရပ်ပြီး ဆူဇီမိုကို တိတ်တဆိတ်ငေးကြည့်နေ၏။

ဆူဇီမိုက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ခဏနေပြီးနောက် နတ်ဘုရားဧကရီသည် သူမ၏ ပလ္လင်ပေါ်ကနေ ဆင်းသက်ကာ ဆူဇီမိုရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်လေးပါးက ထပ်ကြပ်မကွာလိုက်ပါလာပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများက လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေးလိုက်၏။

သူတို့နှစ်ယောက်က ဆယ်ပေပင် မကွာဝေးတော့ပေ။

နတ်ဘုရားဧကရီက သူမ၏ လက်ကို မြှောက်ပြီး ညင်သာစွာပြောလိုက်၏။

“ရှင်တို့တွေ... ဒီမှာနေခဲ့ကြ”

နတ်ဘုရားမျိုးနွယ် ဧကရာဇ်လေးပါးက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

ဆူဇီမို၏ နားနှစ်ဖက်က လှုပ်ခတ်သွားလေသည်။

ထိုအသံက ရင်းနှီးသလို စိမ်းသက်သလိုရှိနေ၏။

နတ်ဘုရားဧကရီက ဆူဇီမိုထံသို့ တစ်ယောက်တည်းလျှောက်လှမ်းလာ၏။

ဆူဇီမိုသည် နတ်ဘုရားဧကရီထံမှ မည်သည့်ရန်လိုမှုကိုမှ မခံစားမိနိုင်ပေ။

ထိုသို့ဆိုလျှင်တောင် သူက သူ၏ သတိကို လျှော့မချရဲပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။

မြောက်ပိုင်းဒေသ၏ နယ်စပ်မှာတိုက်ခိုက်နေကြသော ပညာရှင်အချို့ပင်လျှင် သူတို့၏ လှုပ်ရှားမှုများကိုရပ်တန့်ရင်း လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများတွင် မရေမတွက်နိုင်သောမေးခွန်းများရှိလာခဲ့၏။

သိုင်းဧကရာဇ်နှင့် နတ်ဘုရားဧကရီ... သက်ဆိုင်ရာ ကုန်းမြေတိုက်များ၏ အထွတ်အထိပ်ပညာရှင်နှစ်ဦးက ပထမဆုံးတွေ့ဆုံသည့်အခါ ဘာတွေဖြစ်လာမလဲ လူတိုင်းက သိချင်စိတ်ပြင်းပြနေကြ၏။

သိပ်မကြာခင် နတ်ဘုရားဧကရီက ဆူဇီမိုရှေ့သို့ ရောက်ရှိလာ၏။

သူတို့နှစ်ယောက်က လက်တစ်ကမ်းပင် မကွာဝေးတော့ပေ။

ဧကရာဇ်များအတွက်တော့ ထိုအကွာအဝေးသည် အလွန်တရာနီးကပ်ပြီး အန္တရာယ်များလွန်းလေသည်။

သို့သော်လည်း ဆူဇီမိုက နောက်ဆုတ်ခြင်း မရှိဘဲ စူးစမ်းလိုသော တွေဝေရှုပ်ထွေးသော အကြည့်နှင့်အတူ ချဥ်းကပ်လာသော နတ်ဘုရားဧကရီကို တိတ်တဆိတ်ကြည့်နေ၏။

ဧကရာဇ်နှစ်ပါးက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

ထို့နောက်ချက်ချင်း.. လူတိုင်း၏ ရှေ့မှောက်မှာပင် နတ်ဘုရားဧကရီသည် သိုင်းဧကရာဇ်ကို အလေးအနက် ဦးညွှတ်လိုက်လေသည်။

“အာ...”

ထျန်ဟွမ်ကုန်းမြေတိုက်မှ အုန်းအုန်းကျတ်ကျတ်အသံများ ထွက်ပေါ်လာလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

“နတ်ဘုရားဧကရီ...”

“နတ်ဘုရားဧကရီ... ခင်ဗျား အဲ့လိုလုပ်လို့ မရဘူးလေ”

နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ် ဧကရာဇ်လေးပါးက ထိတ်လန့်တကြား အော်ပြောလိုက်ကြ၏။

“နန်းကြည်လား”

ဆူဇီမိုက သူ့ရှေ့တွင်ဦးညွှတ်နေသော နတ်ဘုရားဧကရီကိုကြည့်ပြီး သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ဖိနှိမ်ကာ ညင်သာစွာမေးလိုက်၏။

“သခင်လေး... ကျွန်မပါ”

နတ်ဘုရားဧကရီက သူမ၏ ခေါင်းကိုမော့ပြီး သူမ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွား၏။

သရဖူ၏ စွမ်းအားက ပျက်ပြယ်သွားပြီး လောကကို မှင်တက်စေမည့် ပြီးပြည့်စုံလုနီးပါး မျက်နှာတစ်ခုက ပေါ်ထွက်လာ၏။

ဆူဇီမိုက နေရာမှာပင် ငေးမောမှင်တက်သွား၏။

သူမ၏ ရုပ်ရည်သွင်ပြင်က တစ်နည်းတစ်ဖုံပြောင်းလဲသွားသော်လည်း အဲ့ဒီမှာ အတိတ်ကာလတုန်းက နန်းကြည်၏ ထင်ရှားသော အရေးအကြောင်းများ ကျန်ရှိနေဆဲပင်။

နန်းကြည်က ကြီးပြင်းလာခဲ့လေပြီ။

ပြောင်းလဲမသွားသည့် တစ်ခုတည်းသောအရာမှာ သမုဒ္ဒရာကဲ့သို့ ပြာလဲ့နေသော သူမ၏ မျက်လုံးများဖြစ်၏။

သူမ၏ မျက်လုံးများက အဆုံးမဲ့ မျှော်လင့်တမ်းတမှု ၊ စိတ်လှုပ်ရှားမှုနှင့် နူးညံသိမ်မွေ့မှု… တို့ဖြင့် ပြည့်နှက်နေ၏။

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

သူသည် ထိုအသံကို ရင်းနှီးသလို စိမ်းသက်သလိုထင်နေရသည်မှာ မထူးဆန်းတော့ပေ။

အကြောင်းမှာ နန်းကြည်သည် အရွယ်ရောက်ကြီးပြင်းလာပြီးနောက် သူမ၏ အသံက အတိုင်းအတာတစ်ခုထိ ပြောင်းလဲသွားသောကြောင့်ဖြစ်၏။

“အဲ့ဒါက... ဟိုမိန်းကလေးမလား.”

ပုံပြောအဖိုးအိုသည် နန်းကြည်ကို တွေ့မြင်သောအခါ သူက အနည်းငယ်ငေးငိုင်သွားသော်လည်း လျင်မြန်စွာတုံ့ပြန်လာခဲ့၏။

သူသည် ငေးငိုင်စွာဖြင့် ဝေးကွာသောမှတ်ဉာဏ်တစ်ခုစီ ရောက်ရှိသွားပြီး ညည်းတွားရေရွတ်လိုက်၏။

လွန်ခဲ့သည့်ထိုအချိန်က သူသည် မြောက်ပိုင်း​​​ဒေသရှိ မဟာကျိုးမြို့တော်မှာ ဆူဇီမိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဥ် ထိုသူ့နောက်သို့ မိန်းကလေးတစ်ယောက်က တကောက်ကောက်လိုက်ပါနေခဲ့၏။

ထိုအချိန်တုန်းက ဤမိန်းကလေး၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးတချို့ပါရှိနေခဲ့သည်ကို သူသတိထားမိခဲ့၏။

သို့သော်လည်း အဲ့ဒါက သိပ်ပြီးထင်ရှားမှု မရှိပေ။

သူသည် အဲ့ဒါနှင့်ပတ်သက်ပြီး များစွာစဥ်းစားတွေးတောခဲ့ခြင်း မရှိပေ။

သူမသည် နတ်ဘုရားမျိုးနွယ်၏ သွေးနှောကပြားတစ်ယောက်မျှသာဖြစ်၏။

ထိုနှစ်များအတွင်း နန်းကြည်သည် ဆူဇီမို၏ ဘေးမှာရှိနေခဲ့၏။ သူမ၏ ကျင့်ကြံမှုက သိပ်ပြီးနောက်ကျမကျန်ရစ်ခဲ့သော်လည်း သူမသည် မည်သည့်ဝံ့ကြွားမှုကိုမှ မပြသခဲ့ပေ။

သို့သော်လည်း ထိုစဥ်တုန်းက မိန်းကလေးသည် နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားဧကရီဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်မိပါမည်နည်း။

“နန်းကြည်... အဲ့ဒါတကယ်ပဲ မင်းကိုး”

ဆူဇီမိုက ဝမ်းသာအားရ ပြုံးလိုက်၏။

သူက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့အလောတကြီး တက်လှမ်းပြီး နန်းကြည်၏ ပခုံးကိုကိုင်ကာ သူမကိုထူမပေးလိုက်၏။

“မင်းဘယ်လိုတောင်ရဲတင်းတာလဲ”

ကြမ္မာဆိုးဓားကို ကိုင်ဆွဲထားသော နတ်ဘုရားမျိုးနွယ်မှလူကြီးက မျက်လုံးပြူး၍ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

သူက သူ၏ မုတ်ဆိတ်ကို မှုတ်ထုတ်ပြီး ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်၏။

“နတ်ဘုရားဧကရီရဲ့ ခန္ဓာကိုယ်က မွန်မြတ်သန့်စင်တယ်... မင်းက အဲ့ဒါကို ဘယ်လိုတောင် ထိရဲတာလဲ”

“နောက်ဆုတ်နေ... မရိုင်းပျစမ်းနဲ့”

နန်းကြည်က ဘေးတိုက်တစ်ချက် စွေကြည့်ပြီး မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်လေသည်။

နတ်ဘုရားမျိုးနွယ်မှလူကြီးသည် မကျေမနပ်ဖြစ်သွားသော်လည်း သူက ငြင်းဆန်ရဲခြင်းမရှိဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် နောက်သို့ဆုတ်သွားရ၏။

“နန်းကြည်... မင်းဘယ်လိုလုပ်ပြီး...”

ဆူဇီမို၏ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ရှိနေ၏။

“အဲ့ဒါက ပြောရရင်တော့... အရှည်ကြီးပဲ”

နန်းကြည်က သူမ၏ မျက်လုံးထဲရှိ မသိသာမထင်ရှားသော ခါးသက်မှုအငွေ့အသက်တစ်ခုနှင့်အတူ ပြုံးပြလိုက်၏။

ရုတ်တရက် ဆူဇီမိုသည် သနားဂရုဏာသက်မှုနှင့် ရင်ထဲမှာနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူက ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ပေ။

သို့သော်လည်း နန်းကြည်သည် နတ်ဘုရားကုန်းမြေတိုက်မှာ သူမတစ်ယောက်တည်း နာကြည်းမှုများ ၊ အန္တရာယ်များနှင့် အခက်အခဲပေါင်းများစွာကို သေချာပေါက်တွေ့ကြုံခံစားခဲ့ရမည်ကို သူစဥ်းစားကြည့်နိုင်၏။

မသန့်စင်သော မျိုးဆက်သွေးနှင့် နတ်ဘုရားမျိုးနွယ်၏ သွေးနှောကပြားတစ်ယောက်အနေနှင့် နန်းကြည်သည် နတ်ဘုရားဧကရီ၏ နေရာအထိ တစ်ဆင့်ခြင်း တက်လှမ်းခဲ့ရပေမည်။ ထိုကြားကာလမှာ သူမသည် ဘယ်လိုဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားခဲ့ရသလဲ မသိနိုင်ပေ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် တျဲယွဲ့ ၊ ဆန်းကြယ်တောင်ထွတ် ၊ မျိုးနွယ်စုခေါင်းဆောင် ​ယွမ်ပေ ၊ မွေးနီတစ္ဆေ ၊ အဆုံးစွန်မီး ၊ လင်းရွှမ်ကျီနှင့် သူ့ဘက်တွက်ရပ်တည်ခဲ့သော ဂိုဏ်းသားအဖော်များ၏ အကူအညီများကို ရရှိနိုင်ခဲ့သေး၏။

နတ်ဘုရားကုန်းမြေတိုက်မှာ နန်းကြည်သည် တစ်ယောက်တည်းနေပြီး မည်သူ့ကိုမှ မမှီခိုနိုင်ပေ။

All Chapters