← Chapters

ပြေရာပြေကြောင်း

Vol. 116 Ch. 1734

ပြေရာပြေကြောင်း

Vol. 116 Ch. 1734

ဆူဇီမိုသည် ပင်ကိုမျိုးဆက်သွေးများနှင့် ပတ်သက်၍ ဘယ်တုန်းကမှ အယုံအကြည် မရှိခဲ့ပေ။

ကမ္ဘာဦးမျိုးနွယ် ၉စုသည် စွမ်းအားကြီးမားသော မျိုးဆက်သွေးများနှင့်အတူ မွေးဖွားလာသော်လည်း သူတို့၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက လူသားမျိုးနွယ်၏ အထက်မှာ ရှိချင်မှ ရှိပေလိမ့်မည်။

သူ ဆူဇီမိုသည် သာမန်အဆန်ဆုံး မော်တယ်တစ်ယောက် ဖြစ်ခဲ့ပြီး သူ့မှာ စိတ်ဝိညာဉ်ရင်းမြစ်ပင် မရှိခဲ့ပေ။ ယခုဆို သူက ထျန်ဟွမ်ကုန်းမြေတိုက်၏ အထွတ်အထိပ်ထိ တက်လှမ်းလာပြီး သိုင်းဧကရာဇ်ဘွဲ့ကို ခံယူကာ မျိုးနွယ်စုအားလုံး၏ ရိုသေလေးစားမှုကို ရရှိခဲ့လေသည်။

လွန်ခဲ့သည့် နှစ်လေးသောင်းက တာအိုအရှင် သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းသည် ကမ္ဘာဦးမျိုးနွယ်များ၏ အပယ်ခံမျိုးဆက်များသာ ဖြစ်ခဲ့ကြ၏။ သူတို့၏ နောက်ဆုံး အောင်မြင်ရရှိမှုသည် သန့်စင်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည့် ကမ္ဘာဦးမျိုးနွယ်များထက်ပင် ပိုမိုသန်မာခဲ့လေသည်။

နန်းကြည်အတွက်လည်း ထို့အတူပင်။

နန်းကြည်သည် ပြီးခဲ့သည့် နှစ်တစ်ထောင်ကျော်အတွင်း နတ်ဘုရားကုန်းမြေတိုက်မှာ ကိစ္စပေါင်း မြောက်များစွာကို ကြုံတွေ့ခဲ့ရမည်ကို ဆူဇီမို ယုံကြည်လေသည်။ တကယ်ဆို အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူဖြတ်သန်းခဲ့စဉ်ကထက်ပင် ပို၍ စိတ်ဝင်စားစရာကောင်းနေနိုင်၏။

ထိုအတွေ့အကြုံများကြောင့်ပင် သူမက လက်ရှိ နတ်ဘုရားဧကရီ ဖြစ်လာခဲ့ခြင်းပင်။

“နန်းကြည်.. ဒီတစ်ခေါက် မင်း ဘာလို့ ဒီကို ရောက်လာတာလဲ”

ဆူဇီမိုက တစ်ဖန်ထပ်၍ မေးလိုက်၏။

နန်းကြည်က ညင်သာစွာ ပြုံးပြလိုက်၏။

“နတ်ဘုရားကုန်းမြေတိုက်ရဲ့ လူမှုအဖွဲ့အစည်းမှာ ပဟေဠိနန်းတော်က မနောဗေဒင်တွက်ချက်ခြင်း နည်းစနစ်တချို့လိုမျိုး ကိစ္စတွေကို ကြိုတင်တွက်ချက်နိုင်တဲ့ ဗေဒင်တွက်ချက်ခြင်း နည်းစနစ်တစ်ခု ရှိတယ်”

“ကျွန်မတို့ တွက်ချက်မှုအရ.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်နေပြီ.. အဲဒါက ကမ္ဘာဦးမျိုးနွယ်တွေနဲ့ လူသားမျိုးနွယ်ကြားက ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်နိုင်တာကို ကျွန်မ ခန့်မှန်းမိခဲ့တယ်.. အဲဒါကြောင့်ပဲ ရှင့်ကို ကူညီပေးဖို့အတွက် ကျွန်မရဲ့ ကလန်သားတွေကို ဒီနေရာကို ခေါ်လာခဲ့တာပဲ”

ထိုသို့ပြောပြီးသည်နှင့် နန်းကြည်က ရုတ်တရက် ထုတ်ဖော်ကြေညာလိုက်၏။

“နတ်ဘုရားမျိုးနွယ်သက်ရှိ​တွေ အားလုံးပဲ နားထောင်ကြ.. ထျန်ဟွမ်ကုန်းမြေတိုက်က လူသားကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး စုန်း၊ သွေးနွယ်ပင်၊ ကောင်းကင်မျက်လုံး၊ ယက္ခနဲ့ ရွှေကျီးကန်းမျိုးနွယ်တွေကို ဖိနှိမ်ကြရမယ်”

“နားလည်ပါပြီ”

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာက သံပြိုင်အော်ဟစ်ကာ သဘောတူလိုက်ကြ၏။

နတ်ဘုရားမျိုးနွယ် စစ်တပ်က အသက်ဝင်လာခဲ့ပြီး သူတို့၏ သံမဏိခွာများကို တဖုန်းဖုန်းပေါက်ကာ သူတို့သည် မြောက်ပိုင်းဒေသ၏ နယ်စပ်ရှိ စစ်မြေပြင်သို့ ဝင်ရောက်သွားလေသည်။

နန်းကြည်၏ နောက်ဘက်တွင် နတ်ဘုရား တရားစီရင်ခြင်း လက်နက်များကို ကိုင်စွဲထားသည့် နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးသာလျှင် ကျန်ရစ်ခဲ့လေသည်။

နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးက ဆူဇီမိုကို စိုးရိမ်ပူပန်သော၊ ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြ၏။

သူတို့က ဆူဇီမိုအတွက် မည်သည့် ခံစားချက်မှ မရှိပေ။

သူတို့အားလုံး သိရှိထားသည်မှာ နန်းကြည်အနေဖြင့် နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားဧကရီ ဖြစ်နေတာတောင် သိုင်းဧကရာဇ်ကို ဦးညွှတ်ခြင်းက တကယ်ကို မသင့်လျော်ပေ။

မည်သို့ပင်ဆိုစေ.. နတ်ဘုရားဧကရီ၏ အဆင့်အတန်းသည် အနည်းဆုံးတော့ သိုင်းဧကရာဇ်နှင့် ညီတူမျှတူ ရှိသင့်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နန်းကြည်သည် ဆူဇီမို၏ ဘေးသို့ ပြန်လည်ရောက်ရှိလာသောအခါ သူမသည် အတိတ်ကာလသို့ ပြန်လည်ရောက်ရှိသွားသည့်အလား နတ်ဘုရားဧကရီ၏ အော်ရာက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူမ၏ လေသံ၊ မျက်ခုံး၊ မျက်လုံးနှင့် သူမ ပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီကနေ နန်းကြည်သည် ဆူဇီမိုကို ဘယ်လောက် ယုံကြည်ကိုးစားသလဲ သိသာစွာ ဖော်ပြနေ၏။

နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ် ၄ပါးက မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုက မြောက်ပိုင်းဒေသ၏ စစ်မြေပြင်သို့ လှည့်ကြည့်လိုက်လေသည်။ သူ၏ အသံက အေးစက်နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ရွှေကျီးကန်း မီးဧကရာဇ်.. အရိပ်မဲ့ဧကရာဇ်.. မျက်လုံးတစ်ထောင် ဧကရာဇ်နဲ့ သွေးဧကရာဇ်တို့က သုတ်သင်ခံလိုက်ရပြီ”

“ကမ္ဘာဦးမျိုးနွယ် ၅စုနဲ့ သားရဲနယ်မြေရှစ်ခွင်က သက်ရှိတွေ နားထောင်ကြ… ငါတို့က အညံ့ခံတဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်မှာ မဟုတ်ဘူး.. မင်းတို့တွေက ခေါင်းမာမာနဲ့ ဆက်ပြီးခုခံနေမယ်ဆိုရင် ငါတို့က သနားညှာတာမှု မရှိဘဲ မင်းတို့ကို သတ်ရလိမ့်မယ်”

ဆူဇီမိုသည် သူတို့အားလုံးကို သတ်ဖို့ စိတ်ကူးမရှိပေ။

တစ်ဖက်ကနေ ကြည့်လျှင် ဤတိုက်ပွဲမှာ နှစ်ဦးနှစ်ဖက်စလုံးသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ သူတို့က ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

အခြားတစ်ဖက်ကနေ ကြည့်လျှင် နောက်ထပ် ကြီးမားသော အန္တရာယ်တစ်ခုနှင့် ပတ်သက်ပြီး သူက စိုးရိမ်ပူပန်နေ၏။

မြောက်ပိုင်းဒေသ စစ်မြေပြင်မှာ ကမ္ဘာဦးမျိုးနွယ် ၅စုမှ ဧကရာဇ်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီးနောက် ကမ္ဘာဦးမျိုးနွယ် ၅စုက ရှုံးနိမ့်သည့် လက္ခဏာများ ပြသလာပြီဖြစ်၏။ ယခုဆို နတ်ဘုရားမျိုးနွယ် စစ်တပ်က စစ်မြေပြင်သို့ ဝင်ရောက်ပူးပေါင်းလာပြီဖြစ်၏။

ဆူဇီမိုက ထိုစကားကို ပြောလိုက်သောအခါ ကမ္ဘာဦးမျိုးနွယ် ၅စု၏ မဟာမိတ်စစ်တပ်သည် ချက်ချင်းပင် သူတို့၏ စိတ်ဓာတ်များ လဲပြိုကျဆင်းသွားပြီဖြစ်၏။

သားရဲနယ်မြေရှစ်ခွင်မှ သက်ရှိများကလည်း သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ခုခံဖို့ကို လက်လျှော့လိုက်ကြပြီဖြစ်ပြီး အညံ့ခံသူခံ၊ ထွက်ပြေးသူပြေး ဖြစ်ကုန်ကြ၏။

လူသားမျိုးနွယ်မှ ဧကရာဇ်များသည် ထိုသည်ကို တွေ့မြင်သောအခါ နောက်ဆုံးမှာ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ဤတိုက်ပွဲအပြီး၌ ကမ္ဘာဦးမျိုးနွယ် ၅စုသည် လုံးဝကို အသံတိတ်သွားမည်ဖြစ်ပြီး သူတို့အနေဖြင့် သမိုင်းတစ်လျှောက် ပြန်လည်ဦးမော့လာဖို့ ခဲယဉ်းသွားပေလိမ့်မည်။

လေထဲတွင်…

နန်းကြည်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထားပြီး ညင်သာစွာ ပြောလိုက်၏။

“သခင်လေး.. ကျွန်မ တောင်းပန်ပါတယ်”

“ဘာလို့လဲ”

ဆူဇီမိုက နားလည်ရခက်သွားပြီး အလိုလိုမေးလိုက်၏။

နန်းကြည်က သူမ၏ နောက်ဘက်တွင် အကျဉ်းချထားသော နတ်ဘုရားမျိုးနွယ် သက်ရှိများကို လက်ညိုးထိုးပြလိုက်၏။

“ဘာပဲပြောပြော.. သူတို့တွေက နတ်ဘုရားမျိုးနွယ်ကပဲ.. နတ်ဘုရားဧကရီအနေနဲ့ ကျွန်မက သူတို့အားလုံးကို သတ်ပစ်လိုက်ဖို့က မလွယ်ဘူး”

“အဲဒါက အဆင်ပြေပါတယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

လူသားမျိုးနွယ်က ဤတိုက်ပွဲမှာ အနိုင်ရခဲ့မည်ဆိုလျှင်တောင် သူက သူတို့အားလုံးကို သတ်ဖြတ်ဖို့ စိတ်ကူးမရှိခဲ့ပေ။

စောစောက ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားဧကရာဇ် ၃ပါးကို တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဖိနှိမ်ပေးလိုက်ခြင်းသည် နန်းကြည်အနေဖြင့် ဤတိုက်ပွဲမှာ သေဆုံးခဲ့ရသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် တာဝန်ယူပေးပြီးသား ဖြစ်သွားခဲ့လေပြီ။

“သခင်လေး.. ကျွန်မ သွားချင်တဲ့ နေရာတစ်ခုရှိတယ်”

ခဏမျှ ငြိမ်သက်ပြီးနောက်.. နန်းကြည်က ရုတ်တရက် ပြောလိုက်၏။

“သွားကြတာပေါ့.. ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်”

နန်းကြည်သည် အဲဒါကို ရှင်းလင်းစွာ မပြောဆိုသော်လည်း ဆူဇီမိုက အဲဒါကို ခန့်မှန်းမိပြီးသား ဖြစ်၏။

သူတို့နှစ်ယောက်သည် မြောက်ဘက်အရပ်သို့ ဦးတည်လိုက်ကြ၏။ နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ် ၄ပါးက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

သိပ်မကြာခင် သူတို့ ၆ယောက်က ခွန်လွင် အပျက်အစီးဒေသသို့ ရောက်ရှိလာလေသည်။

နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးသည် သူတို့၏ နတ်ဘုရား တရားစီရင်လက်နက်များကို ထုတ်ဖော်ကာ သူတို့၏ သွေးချီကို လှည့်ပတ်လိုက်ကြ၏။ သူတို့လက်နက်များ၏ စွမ်းအားကို ထိန်းချုပ်ပြီး ခွန်လွင် အပျက်အစီးဒေသမှာ ရှည်လျားသော စင်္ကြံလမ်းတစ်ခုကို ဖောက်လုပ်လိုက်လေသည်။

ဤစင်္ကြန်လမ်းထဲသို့ မည်သည့် နနတ်ဘုရားစွမ်းအား မုန်တိုင်းကမှ ဝင်ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့ ၆ယောက်သည် ရှေ့သို့ တက်လှမ်းသွားကြပြီး သိပ်မကြာခင် နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြားဆီသို့ ရောက်ရှိလာကြ၏။

နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြား၏ တစ်ဖက်တစ်ချက်စီတွင် သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ အရပ်အမောင်း မြင့်မား၍ ကြမ်းကြုတ်ခက်ထန်သော အလောင်းနှစ်လောင်းက မတ်တတ်ရပ်နေကြ၏။

သူတို့ သေဆုံးခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပြီးခဲ့တာတောင် အလောင်းနှစ်လောင်းထံမှ ချောက်ချားစရာကောင်းသော အော်ရာနှင့် တရုန်းရုန်း ထကြွနေသော အော်ရာတစ်ခုက ဖြာထွက်နေဆဲဖြစ်၏။

ကမ္ဘာဦးခေတ်၏ ဂမ္ဘီရဟို့နှစ်ကောင်…

နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြားသို့ ရောက်ရှိလာပြီးနောက်.. နန်းကြည်သည် ဂမ္ဘီရဟို့နှစ်ကောင် ရှေ့မှာ ဒူးထောက်ချလိုက်၏။

“နတ်ဘုရားဧကရီ.. ခင်ဗျား ဘာလို့…”

နတ်ဘုရားမျိုးနွယ်မှ လူကြီးက ထိုသည်ကို တွေ့မြင်သောအခါ သူက ရှေ့သို့ အလောတကြီး တက်လှမ်းပြီး နန်းကြည်ကို ထူမ,ပေးချင်လေ၏။ သို့သော်လည်း နန်းကြည်က သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။

ထိုအပြာရောင် မျက်လုံးများသည် စောစောက ဆူဇီမိုကို ကြည့်နေခဲ့စဉ်က နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ နန်းကြည်၏ မျက်လုံးများသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့် ဩဇာအာဏာစက်နှင့်အတူ ပြည့်နှက်လာခဲ့၏။

လူအုပ်ကြီးက ရင်တစ်ချက်ထိတ်သွားပြီး ဆတ်ခနဲ တုန်ယင်ကာ အသံတိတ်သွား၏။

နန်းကြည်က ညင်သာစွာ​ ပြောလိုက်၏။

“စီနီယာတို့.. နတ်ဘုရားမျိုးနွယ်က အရင်တုန်းက ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပြီး ရှင်တို့နှစ်ယောက်ကို ဒီနေရာမှာ သေဆုံးစေခဲ့တယ်.. ရှင်တို့ကို နာကျည်းမှုတွေ အမြဲတမ်း ခံစားရစေခဲ့တယ်”

“ဒီနေ့ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်တွေက ရောက်ရှိလာကြပြီ… ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ စီနီယာတို့”

ထိုသို့ပြောရင်း နန်းကြည်သည် ဒူးထောက်ချကာ ဂမ္ဘီရဟို့နှစ်ကောင်ကို ဦးညွှတ်လိုက်၏။

တစ်ခါပြီးတစ်ခါ..

သူမ တစ်ကြိမ်ဦးချလိုက်တိုင်း နန်းကြည်၏ မျက်လုံးများက အပြစ်ရှိသော ခံစားချက်နှင့်အတူ ပြည့်နှက်လာခဲ့၏။

“နန်းကြည်.. ထတော့”

ဆူဇီမိုက အဲဒါကို မကြည့်ရက်တော့ဘဲ ညင်သာစွာ ပြောလိုက်၏။

“အဲဒါက အရင်တုန်းက နတ်ဘုရားမျိုးနွယ်က ဘိုးဘေးတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုပဲ.. အဲဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး.. မင်းက အဲဒါအတွက် ခံစားပေးနေစရာ မလိုဘူး”

နန်းကြည်က ပြန်မဖြေဘဲ ဆက်လက်၍ ဦးချနေ၏။

မသိလိုက် မသိဘာသာနှင့်ပင်.. ညဝိညာဉ်က ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

အရင်တုန်းက ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို သိရှိပြီးနောက် ညဝိညာဉ်သည် အဲဒါကို ထုတ်ဖော်မပြောခဲ့သော်လည်း သူ၏ ရင်ထဲမှာ နန်းကြည်အပေါ် မကြေလည်နိုင်သော အထုံးတစ်ခု တကယ်ပင် ရှိနေခဲ့၏။

နန်းကြည်က အဲဒါကို အာရုံခံမိနိုင်ခဲ့၏။

ထို့ကြောင့်ပင်လျှင် သူမသည် ဆူဇီမိုကို ချန်ထားရစ်ကာ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး နတ်ဘုရားကုန်းမြေတိုက်သို့ သူမတစ်ယောက်တည်း ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။

သူမသည် ဆူဇီမိုကို ကူညီပေးချင်သည့်အပြင် ဤတစ်ခေါက် ပြန်လည်ရောက်ရှိလာသည့် နောက်ထပ် အရေးကြီးသော အကြောင်းရင်းမှာ နတ်ဘုရားမျိုးနွယ်၏ အပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ပေးချင်သောကြောင့် ဖြစ်၏။

သိပ်မကြာခင် နန်းကြည်၏ နဖူးက သွေးများဖြင့် နီရဲလာခဲ့၏။

အတန်ကြာပြီးနောက်.. သူမက သူမ၏ ခေါင်းကို မော့ပြီး ဂမ္ဘီရဟို့နှစ်ကောင်၏ အလောင်းကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျွန်မ.. နတ်ဘုရားဧကရီကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်.. ကျွန်မ အသက်ရှင်နေသမျှ နတ်ဘုရားကုန်းမြေတိုက်က ကျွန်မတို့ရဲ့ ဘယ်ကလန်သားကမှ ထျန်ဟွမ်ကုန်းမြေတိုက်ကို မကျူးကျော်စေရပါဘူး”

“ဒီသစ္စာကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ကျွန်မကို ကောင်းကင်ဘုံက ခြေမွှဖျက်ဆီးပစ်ပါစေ”

ဝုန်း.. ဝုန်း… ဝုန်း…

ထိုသို့ သူမ ပြောလိုက်သည့် ခဏမှာပင်.. နတ်ဘုရားသတ်ဖြတ်ခြင်း တောင်ကြား၏ တစ်ဖက်တစ်ချက်စီတွင် ရှိသော ဂမ္ဘီရဟို့တို့၏ အလောင်းများက စတင်ကြေမွလာပြီး မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြောင်းလဲကာ လေထဲမှာ ပြန့်ကျဲသွား၏။

အလင်းစက်များက တဗူး ဂမ္ဘီရဟို့နှစ်ကောင်အဖြစ် တဖြည်းဖြည်း ပြန်လည်စုဖွဲ့လာ၏။

ဂမ္ဘီရဟို့နှစ်ကောင်က ညဝိညာဉ်ကို လေးနက်စွာ ကြည့်၍ နန်းကြည်ကို မာန်ဖီဟိန်းဟောက်ပြကာ တစ်ယောက်ပြီးတစ်ယောက် လှည့်ထွက်သွားကြ၏။ သူတို့က လူတိုင်း၏ ရှေ့မှောက်ကနေ မကြာခင် ပျောက်ကွယ်သွားလေသည်။

ညဝိညာဉ်က တိတ်တဆိတ် ဒူးထောက်ချပြီး သူ၏ မျက်လုံးထဲမှာ မျက်ရည်များဖြင့် ပြည့်နှက်နေ၏။

ဆူဇီမိုက ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခုနှင့်အတူ သက်ပြင်းချလိုက်၏။

ကမ္ဘာဦးခေတ်၏ ဂမ္ဘီရဟို့နှစ်ကောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို စိုးရိမ်ပူပန်နေခဲ့ကြ၏။ သူတို့က သေဆုံးပြီးတာတောင် သူတို့၏ အစွဲအလမ်း ဥပါဒါန်များကို လွှတ်ချနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင်လျှင် သူတို့၏ ရုပ်အလောင်းများက ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျောပေး၍ ဤနေရာမှာ မတ်တတ်ရပ်နေခဲ့ကြခြင်း ဖြစ်၏။

နန်းကြည်၏ ကတိသစ္စာကျိန်ဆိုမှုသည် ဂမ္ဘီရဟို့နှစ်ကောင်၏ အစွဲအလမ်းများကို နောက်ဆုံးမှာ လွှတ်ချနိုင်စေခဲ့ပြီး သူတို့က လောကကနေ အပြီးတိုင် ထွက်ခွာသွားကြ၏။

နန်းကြည်က ခွင့်လွှတ်မှုကို လက်ခံရရှိခဲ့၏။

နတ်ဘုရားမျိုးနွယ်က သူတို့၏ အပြစ်များကို ပြေရာပြေကြောင်း ပြုလုပ်နိုင်ခဲ့၏။

ဂမ္ဘီရဟို့တို့ကလည်း သူတို့၏ အစွဲအလမ်းများကို လွှတ်ချနိုင်ခဲ့လေသည်။

ထိုအခိုက်အတန့်မှာ ကမ္ဘာဦးခေတ်၏ အငြိုးအတေးများသည် အပြီးတိုင် ကြေအေးသွားပြီး နောက်ဆုံးတွင် အတိတ်ကာလမှာ ကျန်ရစ်ခဲ့လေသည်။

All Chapters