← Chapters

ဖျက်ဆီးချေမှုန်းခံရခြင်း

Vol. 116 Ch. 1736

ဖျက်ဆီးချေမှုန်းခံရခြင်း

Vol. 116 Ch. 1736

လွန်ခဲ့သည့် နှစ်တစ်ထောင်က ပုံပြောသူသည် ထာဝရ လူသားဧကရာဇ်ကို ဆင့်ခေါ်ဖို့အတွက် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုခဲ့ပြီး သူ၏ ဘဝသက်တမ်းက ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့၏။

ယခုအချိန်မှာ ဤလျှို့ဝှက်အတတ်သည် ပုံပြောအဘိုးအို၏ လျှို့ဝှက်အတတ်နှင့် ဆင်တူသည်မှာ သိသာလေသည်။

ဒါ့အပြင် စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်က ပို၍ပင် ပြင်းထန်ကြမ်းတမ်းလေသည်။

ငရဲစုန်းဧကရာဇ်ကဲ့သို့ ထိပ်သီးဧကရာဇ်တစ်ဦး၏ အသက်ဘဝကို စွန့်လွှတ်စတေးရရုံသာမက ၎င်းကို စုန်းမျိုးနွယ်၏ ဧကရာဇ် လေးပါးနှင့် စုန်းတစ်သိန်းကျော်၏ မျိုးဆက်သွေးများနှင့်အတူ အသက်သွင်းရလေသည်။

အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်တစ်ဦးက ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာတော့ပေမည်။

သို့သော်လည်း ဆူဇီမိုမှာ အဲဒါကို တားဆီးဖို့အတွက် မည်သည့်နည်းလမ်းမှ မရှိပေ။

“အခြေအနေမကောင်းတော့ဘူး”

ပုံပြောသူက ထိုသည်ကို တွေ့မြင်သောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။

လုံရန်ကလည်း သုန်မှုန်သော အမူအရာတစ်ခု ရှိလာခဲ့၏။

“စုန်းမျိုးနွယ်က ဆင့်ခေါ်လိုက်တဲ့ အထက်ဘုံက လာမယ့် ပညာရှင်က ဘယ်လောက်ထိ သန်မာမလဲ မသိဘူး.. ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အထက်ဘုံကနေ ဆင်းသက်လာတဲ့ ဘယ်ပညာရှင်မဆို ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်”

“အဲ့လိုပြောလို့ မရတော့ဘူး”

ပုံပြောသူက စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ သက်ပြင်းချလိုက်၏။

လူသား ဧကရာဇ်နန်းတော်၏ နန်းတော်အစောင့်အရှောက်အနေဖြင့် လက်ရှိထျန်ဟွမ်ကုန်းမြေတိုက်သည် ကသောင်းကနင်း ဖြစ်လာသော နိယာမများနှင့်အတူ ကောင်းကင်နှင့်မြေကြီးမှ ချို့ယွင်းချက်များ ရှိလာသည်ကို သူက သိလေသည်။

နှစ်တစ်ထောင် ကြာပြီးနောက်.. ဤလောက၏ ဥပဒေသ နိယာမများသည် အထက်ဘုံမှ ပညာရှင်များအပေါ် သက်ရောက်မှု ရှိချင်မှ ရှိပေတော့မည်။

ထိုသို့သာဆိုလျှင် အကျိုးဆက်များက စဉ်းစားကြည့်၍ မရနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။

လက်ရှိ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက သေကြေပျက်သုဉ်းရဖို့ ဖြစ်နိုင်ခြေ ရှိလေသည်။

အရင်တုန်းက ထာဝရ လူသားဧကရာဇ်၏ ကျင့်ကြံမှုအဆင့်သည် အဆက်မပြတ် ကျဆင်းခဲ့ပြီး သူက ဒဏ်ရာ အပြင်းအထန် ရရှိကာ သူ၏ အမြုတေစိတ်ဝိညာဉ်သာလျှင် ကျန်ရစ်ခဲ့၏။ ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ သူသည် ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်ကဲ့သို့ ထိပ်သီးဧကရာဇ်များကိုပင် သတ်ဖြတ်နိုင်ခဲ့၏။

စုန်းမျိုးနွယ်မှ ပညာရှင်တစ်ဦးသည် သူ၏ ကျင့်ကြံမှုအဆင့် ပြောင်းလဲခြင်း မရှိဘဲ အထက်ဘုံကနေ ဆင်းသက်လာနိုင်မည်ဆိုလျှင် ဘယ်သူကမှ သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဝုန်း.. ဝုန်း…

ကောင်းကင်ထက်ကနေ ကျယ်လောင်သော မြည်သံများ ထွက်ပေါ်လာ၏။

ရုတ်တရက်.. အစိမ်းရောင် အလင်းတန်းတစ်ခုက မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ထိုးဆင်းလာပြီး အလယ်ပိုင်းတိုက်၏ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးကျသွားလေသည်။

မြေပြင်က တသိမ့်သိမ့် လှုပ်ခါ၍ တောင်တန်းများက ယိမ်းထိုးသွားလေသည်။

အစိမ်းရောင် အလင်းတန်း ကျဆင်းလာရာ နေရာရှိ မရေမတွက်နိုင်သော သက်ရှိများက လောင်ကျွမ်းပြာကျသွားလေသည်။

ထို့​နောက် ချက်ချင်းပင်.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာ ပုဂ္ဂိုလ် ၇ဦးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

ပုဂ္ဂိုလ် ၇ဦးသည် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ ထျန်ဟွမ်ကုန်းမြေတိုက်မှ စုန်းများနှင့် မတူဘဲ သူတို့က ပို၍ အိုမင်းရင့်ရော်သည့်ပုံပေါ်လေသည်။

သို့သော် ထိုပုဂ္ဂိုလ် ၇ဦးမှာလည်း မိစ္ဆာတစ်ကောင်၏ မျက်လုံးများကဲ့သို့ အလွန်တရာ ထူးဆန်းပုံရသော အစိမ်းရင့်ရောင် မျက်လုံးများ ရှိလေသည်။

ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ ပုဂ္ဂိုလ် ၇ဦးသည် သိပ်သည်းပြင်းထန်သော စွမ်းပကားနှင့်အတူ ဆင်းသက်လာသောအခါ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် အန္တရာယ် အငွေ့အသက်ကို ခံစားလာကြရ၏။

သာမန်ကျင့်ကြံသူများကို မပြောနှင့်.. ထျန်ဟွမ်ကုန်းမြေတိုက်၏ ဧကရာဇ်များပင်လျှင် ထိုစွမ်းအားကို ခုခံဖို့အတွက် မည်သည့် သတ္တိကိုမှ စုစည်း၍ မရနိုင်​ပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သုန်မှုန်သော အမူအရာနှင့်အတူ ပုဂ္ဂိုလ် ၇ဦးကို ကြည့်နေ၏။

“သူတို့တွေက အထက်ဘုံက ပညာရှင်တွေလား”

“ဘယ်တစ်ယောက်က မဟူရာစုန်းလဲ”

“ဒါမှမဟုတ် မဟူရာစုန်းဆိုတာ လူတစ်ယောက်ကို ပြောတာ မဟုတ်ဘဲ တခြားတစ်ခုခုကို ရည်ညွှန်းတာများလား”

အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင် ၇ဦးသည် ဖြည်းဖြည်းချင်း ဆင်းသက်လာရင်း သူတို့၏ ဘေးပတ်လည်ရှိ လေဟာနယ်က အဆက်မပြတ် ပြိုကျသွား၏။

ဤလောကသည် စုန်းမျိုးနွယ် ပညာရှင် ၇ဦး၏ စွမ်းအားကို ခံနိုင်ရည် မရှိပေ။

ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ အထက်ဘုံမှ စုန်း ၇ဦးသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာပြီးနောက် မည်သည့် နိယာမ၏ သက်ရောက်မှုကိုမှ မတွေ့ကြုံရပေ။

ထာဝရ လူသားဧကရာဇ် အရင်တုန်းက စိုးရိမ်ပူပန်ခဲ့သည့် အရာက နောက်ဆုံးမှာ ဖြစ်ပွားလာခဲ့လေပြီ။

ကောင်းကင်နှင့်မြေကြီးမှာ ချို့ယွင်းချက်များ ရှိလာပြီး နိယာမများက ပြီးပြည့်စုံခြင်း မရှိတော့ပေ။

ငရဲစုန်းဧကရာဇ်သည် သူ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး အထက်ဘုံလောကမှ စုန်းမျိုးနွယ်၏ ပညာရှင်များကို ဆင့်ခေါ်ခဲ့၏။ သူတို့သည် သူတို့၏ ကျင့်ကြံမှုအဆင့် လျော့ကျခြင်း မရှိဘဲ ဤလောကသို့ ဆင်းသက်လာနိုင်ကြလေသည်။

“ဟမ်”

အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင် ၇ဦးကြားမှာ အသက်ကြီးကြီး အမျိုးသားတစ်ယောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့ ဒီကို ရောက်လာပြီပဲ.. ဒီကုန်းမြေတိုက်က ကမ္ဘာငယ်တစ်ခုပဲ”

“ဟားဟား.. ဒီကမ္ဘာငယ်မှာ ရှိတဲ့ သက်ရှိတွေက အရမ်းကို အားနည်းတာပဲ”

အနည်းငယ် ပိုမိုငယ်ရွယ်သော နောက်ထပ် စုန်းတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြုံးဖြီး၍ သူ၏ စိတ်ဝိညာဉ် အသိစိတ်ကို ထုတ်ဖော်ကာ ထျန်ဟွမ်ကုန်းမြေတိုက်ကို ပြောင်ပြောင်တင်းတင်း လှည့်ပတ်ကြည့်ရှုနေ၏။

“အကြီးအကဲဖုန့်.. ရှင်ပြောတာက အမှန်ပဲလား”

နောက်ထပ် စုန်းအမျိုးသမီးတစ်ယောက်က မေးလိုက်၏။

“ဒီကမ္ဘာငယ်မှာ ရှားရှားပါးပါး ရတနာတွေ တကယ်ပဲ ရှိနေတာလား”

“သေချာတာပေါ့”

အထက်ဘုံ၏ စုန်းမျိုးနွယ်မှ အသက်ကြီးကြီး အမျိုးသားက ခေါင်းညိတ်ပြလိုက်၏။

“ဒီကမ္ဘာငယ်က အားနည်းတယ်ဆိုပေမဲ့ အဲဒါက သူ့ကိုယ်ပိုင်တည်ဆောက်မှု ပုံသဏ္ဌာန်ရှိတဲ့ လောကတစ်ခုပဲ.. ဒီနေရာမှာ ရတနာတွေ ရှိနေဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”

အထက်ဘုံမှ လာသော စုန်းအချို့သည် သူတို့၏ အသံများကို တကူးတက ဖုံးကွယ်ခြင်း မရှိဘဲ အေးအေးလူလူ ပြောဆိုနေကြ၏။ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းကို လုံးဝ အတည်အတံ့ မှတ်ယူခြင်း မရှိပေ။

အဲဒါထက် အထက်ဘုံမှ စုန်း ၇ဦး၏ မျက်လုံးထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သက်ရှိများ အားလုံးက ပုရွက်ဆိတ်များ ဖြစ်လေသည်။

ဧကရာဇ်များပင်လျှင် အနည်းငယ် ပိုမိုသန်မာသော ပုရွက်ဆိတ်များသာ ဖြစ်၏။

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွား၏။

အကြီးအကဲဖုန့် ပြောသည်က မမှားပေ။

အနည်းဆုံးတော့ ဖန်တီးခြင်း ကြာပဒုမ္မာက အထက်ဘုံမှ လာသော ရတနာတစ်ခု ဖြစ်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်နှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တို့ကလည်း အထက်ဘုံမှ ဆင်းသက်လာခြင်း ဖြစ်ပုံရလေသည်။

အဲဒါက ဆူဇီမို သိထားသည့် အရာသာ ဖြစ်၏။ အဲဒီမှာ သူ မသိသော အခြားအရာများ ရှိနေနိုင်သေးလေသည်။

အကြီးအကဲဖုန့်က ဆက်ပြောလိုက်၏။

“အထက်ဘုံမှာ ရတနာတစ်ခုခု ပေါ်ထွက်လာမယ်ဆိုရင်.. ပညာရှင်ပေါင်းများစွာက အဲဒါအတွက် သေချာပေါက် တိုက်ခိုက်ပြီး သွေးချောင်းစီး သတ်ဖြတ်ပွဲတစ်ခု ဖြစ်ပွားလာလိမ့်မယ်”

“ဒါပေမဲ့ ငါတို့က ဒီအောက်ဘုံကို ဆင်းသက်လာနိုင်တာနဲ့.. ငါတို့က ဒီမှာရှိတဲ့ ရတနာတွေ အားလုံးကို ယူသွားရုံပဲ.. ဒီအောက်ဘုံမှာ ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ ဘာစွမ်းအားမှ မရှိဘူး”

“ဒါပေမဲ့ ဒီအောက်ဘုံများ ဘာရတနာများ ရှိနေနိုင်မှာလဲ”

နောက်ထပ် လူငယ်စုန်းတစ်ယောက်က ပြောလိုက်၏။

“ဒီကမ္ဘာငယ်မှာ ရှိတဲ့ စိတ်ဝိညာဉ်ချီက အရမ်းကို ပါးလွှာတယ်.. အဲဒါက အထက်ဘုံမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီနဲ့ အရမ်းကို ကွာခြားလွန်းတယ်”

“ဟီးဟီး”

အကြီးအကဲဖုန့်က ရယ်မောလိုက်၏။

“တကယ်တော့ ဒီအောက်ဘုံမှာ အစစ်အမှန်ရတနာတစ်ခုက မွေးဖွားပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိဘူး… ဒါပေမဲ့ အထက်ဘုံက ရတနာတွေက အောက်ဘုံကို ကျဆင်းလာဖို့ကတော့ ဖြစ်နိုင်ခြေ အများကြီးရှိတယ်”

“ဒဏ္ဍာရီအရဆို.. လောကရဲ့ တစ်ခုတည်းသော ဖန်တီးခြင်း ကြာပဒုမ္မာ​က အောက်ဘုံတစ်ခုမှာ ပျောက်ဆုံးသွားတယ်လို့ ပြောတယ်”

“ဖန်တီးခြင်း ကြာပဒုမ္မာကို ရရှိပြီး အဲဒါကို အဆင့် ၁၂ထိ ပြုစုပျိုးထောင်နိုင်တဲ့ ဘယ်သူမဆို.. သေချာပေါက် တဟုန်ထိုး မြင့်မားတိုးတက်လာလိမ့်မယ်.. ဖန်တီးခြင်း ကြာပဒုမ္မာရဲ့ ကြာစေ့တစ်စေ့ကို ဆေးလုံးတစ်လုံးအဖြစ် မွန်းမံသန့်စင်လိုက်မယဆိုရင် အဲဒါက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို အဆများစွာ မြှင့်တင်ပေးနိုင်တယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

“အလောတကြီး လုပ်နေကြစရာ မလိုပါဘူး.. ဒီမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး နိယာမတွေက ပြီးပြည့်စုံမှု မရှိတော့ဘူးဆိုမှတော့ ငါတို့က ဒီမှာ နောက်ထပ် ရက်နည်းနည်းကြာအောင် ဆက်ပြီး နေလို့ ရတာပဲ”

အကြီးအကဲဖုန့်က ထပ်ပြောလိုက်၏။

လွန်ခဲ့သည့် နှစ်တစ်ထောင်က ထာဝရ လူသားဧကရာဇ်သည် ဆင်းသက်လာခဲ့ပြီး နိယာမများ၏ ကန့်သတ်မှုကြောင့် သိပ်မကြာခင် အထက်ဘုံသို့ ပြန်တက်သွားရလေသည်။

သို့သော် ယခု ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာသော စုန်း ၇ဦးသည် သူတို့၏ ကျင့်ကြံမှုအဆင့်များ မလျော့ကျရုံသာမက သူတို့သည် ဤနေရာမှာ ရက်အနည်းငယ်ကြာအောင်ပင် နေထိုင်ကြပေမည်။

“သူတို့က ငါတို့ကို ဆင့်ခေါ်လိုက်တယ်ဆိုတော့ စုန်းမျိုးနွယ်မှာ တစ်ခုခုဖြစ်နေတာများလား”

အကြီးအကဲဖုန့်၏ အကြည့်က စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေရှိရာသို့ ရွေ့လျားသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူ၏ အသံက မတိုးလွန်း မကျယ်လွန်းသော်လည်း အဲဒါက ဩဇာအာဏာဖြင့် ပြည့်နှက်နေပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားလေသည်။

စုန်းမျိုးနွယ်၏ ဧကရာဇ် လေးဦးက အရှေ့သို့ အလောတကြီး ပြေးတက်လာပြီး ဒူးထောက်ချလိုက်၏။ ရိုသေလေးစားသော အမူအရာများနှင့်အတူ သူတို့က တည်ကြည်လေးနက်စွာ ပြောလိုက်၏။

“စုန်းမျိုးနွယ်က ဖျက်ဆီးချေမှုန်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်.. မဟူရာစုန်းတို့.. ကျုပ်တို့ရဲ့ မဟာရန်သူတော်ကို ကျေးဇူးပြုပြီး သတ်ဖြတ်ပေးပါ”

“အို.. ဟုတ်လား”

အကြီးအကဲဖုန့်က မျက်လုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။

“အထက်ဘုံမှာတောင် ငါတို့ စုန်းမျိုးနွယ်ကို စွမ်းအားကြီးမားတဲ့ မျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်ရတယ်… ဒီကမ္ဘာငယ်မှာ ငါတို့က ဖျက်ဆီးချေမှုန်းခံရမယ့် အန္တရာယ်နဲ့တောင် ကြုံတွေ့နေရတာလား”

“ဘယ်လိုလူကများ စုန်းမျိုးနွယ်ကို ဖျက်ဆီးချေမှုန်းဖို့ ကြိုးစားရဲတာလဲ”

ရုတ်တရက်.. အကြီးအကဲဖုန့်၏ အသံက ကြောက်မက်ဖွယ်ရာ စိတ်ဆန္ဒတစ်ခုနှင့်အတူ အေးစက်ခက်ထန်စွာ ထွက်ပေါ်လာ၏။

“အဲဒါက တဗူးနဂါးဖီးနစ်တစ်ကောင်ပဲ”

စုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ဦးက စုန်းမျိုးနွယ်ဘိုးဘေးကုန်းမြေ၏ အထက်ရှိ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အလောတကြီး လှည့်ပြီး လက်ညိုးထိုးပြလိုက်၏။

“အဲဒါ သူပဲ”

“အို..”

အကြီးအကဲဖုန့်၏ မျက်လုံးထဲမှာ နက်မှောင်နေသော အလင်းတစ်ချက် ဖျပ်ခနဲလက်သွားပြီး သူက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“ဒီကမ္ဘာငယ်မှာ ဒီလိုမျိုး သားရဲတောကောင်တစ်ကောင်တောင် မွေးဖွားပေါ်ထွက်လာတယ်ဆိုတော့.. ဘယ်လောက်တောင် ရှားရှားပါးပါးဖြစ်ရပ်လဲ”

“တဗူးနဂါးဖီးနစ်အပြင် အဲဒီမှာ တဗူးဂမ္ဘီရဟို့တစ်ကောင်လည်း ရှိသေးတယ်”

နောက်ထပ် စုန်းဧကရာဇ်တစ်ပါးက ဆက်ပြောလိုက်၏။

“ဒါနဲ့ စောစောက ခင်ဗျားတို့ ပြောနေတဲ့ ဖန်တီးခြင်း ကြာပဒုမ္မာဆိုတာ နဂါးဖီးနစ်ရဲ့ အစစ်အမှန်ခန္ဓာတွေထဲက တစ်ခုပဲ”

“ဟမ်”

ဖန်တီးခြင်း ကြာပဒုမ္မာအကြောင်း ကြားရချိန်တွင် အကြီးအကဲဖုန့်နှင့် အခြားစုန်းများ၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့၏။

All Chapters