← Chapters

ဧကရာဇ်များကို သတ်ဖြတ်ခြင်း

Vol. 116 Ch. 1738

ဧကရာဇ်များကို သတ်ဖြတ်ခြင်း

Vol. 116 Ch. 1738

နဂါးအရိုးတောင်ကြားအထက်တွင်...

လူသား ၊ နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်မှ ဧကရာဇ်များသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖမ်းဆီးခံလိုက်ရသည်ကို မတတ်နိုင်ဘဲ ကြည့်နေလိုက်ရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားပြီး အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များကိုပင် သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း အထက်ဘုံမှ စုန်းမျိုးနွယ်ပညာရှင်၏ လက်ထဲတွင် တဗူးနဂါးဖီးနစ်က ကူကယ်ရာမဲ့နေ၏။ သူတို့က ရှေ့သို့ပြေးတက်သွားမည်ဆိုလျှင်တောင် မည်သည့်အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ငါတို့ဘာလုပ်ရမလဲ”

လုံရန်က ပူပန်ကြောင့်ကြနေပြီး ပုံပြောသူကို လှည့်ကြည့်ကာ မေးလိုက်၏။

“ခင်ဗျားက ထာဝရလူသားဧကရာဇ်ကို ဆင့်ခေါ်နိုင်မဲ့ နည်းလမ်းတစ်ခုခု စဥ်းစားလို့ မရဘူးလား”

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က လူသားဧကရာဇ်က ဆင်းသက်လာပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်... ဒီနှစ်တွေထဲမှာ လူသားဧကရာဇ်နန်းတော်ထဲကနေတောင် ငါက လူသားဧကရာဇ်နဲ့ မဆက်သွယ်နိုင်ခဲ့ဘူး”

ပုံပြောသူက သူ၏ ခေါင်းကိုခါပြပြီး သက်ပြင်းချလိုက်၏။

“စုန်းမျိုးနွယ်က အထက်ဘုံက ပညာရှင်တွေကို ဆင့်ခေါ်နိုင်တယ်ဆိုရင်... နဂါး.. လူရိုင်းနဲ့ ခွန်မျိုးနွယ်တို့ကရော အဲ့လိုမျိုး မလုပ်နိုင်ကြဘူးလား”

လူသားမျိုးနွယ်မှ ပညာရှင်တစ်ဦးက ဝင်ရောက်မေးမြန်းလိုက်၏။

ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များက သူတို့၏ ခေါင်းများကို ခါယမ်းပြလိုက်၏။

လုံရန်ကလည်း သက်ပြင်းချလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်တွေထဲမှာ စုန်းမျိုးနွယ်ကပဲ အဲ့လိုမျိုး လျှို့ဝှက်အတတ်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်”

“ဒါဆိုရင်...တဗူးနဂါးဖီးနစ်သေဆုံးသွားမှာကို ကျုပ်တို့က ဒီတိုင်းပဲကြည့်နေရမှာလား”

ကိုယ်တော်ခုံးယွင်က နာကျင်ရသောအမူအရာဖြင့် မေးလိုက်၏။

“အဲ့ဒါတင် ဘယ်ကမလဲ”

ပုံပြောသူ၏ မျက်နှာက တည်ကြည်လေးနက်နေ၏။

“နဂါးဖီးနစ်တင်မဟုတ်ဘူး... ငါတို့လူသားမျိုးနွယ်နဲ့ ကမ္ဘာဦးမျိုးနွယ်က တခြားပညာရှင်တွေကလည်း သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်တော့ဘူး”

“အဲ့ဒါဟုတ်တယ်”

လုံရန်က ခေါင်းညိတ်ပြလိုက်၏။

“ငါတို့က ဧကရာဇ်တွေဆိုပေမဲ့... အထက်ဘုံက ဒီပညာရှင်တွေရဲ့မျက်လုံးထဲမှာ ငါတို့တွေက ပုရွက်ဆိတ်တွေလိုပဲ... ငါတို့ရဲ့အသက်တွေက ဘာမှတန်ကြေးမရှိဘူး”

ရွှစ်...

ထိုစဥ်မှာပင် ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးသည် အခြေအနေမကောင်းတော့ဘူးဆိုတာကို နားလည်သိရှိလိုက်၏။

လှစ်ခနဲဆို သူက သူ၏ တောင်ပံများကို ခတ်ပြီး အနောက်ဘက်စူးစူးသို့ ပြေးထွက်လိုက်လေသည်။

အခြားသောအဆင့်မှာရှိသည့် ပညာရှင်များက အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိကောင်းရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း အထက်ဘုံမှလာသော စုန်းမျိုးနွယ်ပညာရှင်များသည် စုန်းမျိုးနွယ်ကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးစေချင်သည်ဆိုလျှင် သူတို့သည် အခြားသောမျိုးနွယ်မှဧကရာဇ်များအားလုံးကို သတ်ဖြတ်ရပေလိမ့်မည်။

အခြားသော ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကလည်း အဲ့ဒါကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားကြ၏။

ယက္ခဧကရာဇ်ထွက်ပြေးသွားပြီးနောက် ရွှေကျီးကန်း ၊ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် သွေးနွယ်ပင်မျိုးနွယ်မှ အခြားသော ဧကရာဇ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးလိုက်ကြ၏။

ခွန်လွင်အပျက်အစီးဒေသမှာရှိသည့် သက်တံရောင်လိုဏ်ဂူသည် သူတို့ရှင်သန်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဆိုတာကို ဧကရာဇ်များက နားလည်သဘောပေါက်ထားကြ၏။

အကြီးအကဲဖုန့်သည် ကီလိုမီတာထောင်ပေါင်းများစွာ အကွာအဝေးမှ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဆွဲယူနေ၏။

ထိုသည်ကိုတွေ့မြင်သောအခါ သူက သရော်တော်တော်အမူအရာဖြင့် လှောင်ပြုံးပြုံး၍ ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

“အောက်ဘုံက အဲ့ဒီပုရွက်ဆိတ်တွေကို အထက်ဘုံရဲ့စွမ်းအားက ဘာလဲဆိုတာ ပြပေးလိုက်စမ်းပါဦး”

“ရတာပေါ့”

အထက်ဘုံမှ အခြားသော စုန်းခြောက်ယောက်က စိတ်အားထက်သန်နေပြီဖြစ်ပြီး စိတ်မရှည်နိုင်ကြတော့ပေ။ အထက်ဘုံမှ စုန်းခြောက်ယောက်က တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။

လူငယ်စုန်းတစ်ယောက်၏ ပုံရိပ်က ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် လှစ်ခနဲ လှုပ်ရှားသွား၏။ အသက်ရှုချိန်အနည်းငယ်အတွင်း သူသည် အရင်ဆုံးထွက်ပြေးသွားခဲ့သော ယက္ခဧကရာဇ်ကို လိုက်မီသွားခဲ့ပြီဖြစ်၏။

မျိုးနွယ်စုများကြားမှာ ယက္ခမျိုးနွယ်က အမြန်ဆုံးဖြစ်လေသည်။

စုန်းမျိုးနွယ်ကတော့ သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သာမန်သာဖြစ်ပြီး သူတို့၏ လှုပ်ရှားမှုနည်းစနစ်ကလည်း သာမန်သာဖြစ်လေသည်။

ထိုသို့ဆိုလျှင်တောင် အထက်ဘုံမှ လူငယ်စုန်းသည် အသက်ရှုချိန်အနည်းငယ်အတွင်း ယက္ခဧကရာဇ်ကို လိုက်မီသွားခဲ့ပြီဖြစ်၏။

“မင်းက ဘယ်ကိုသွားချင်တာလဲ”

အထက်ဘုံမှ လူငယ်စုန်းက ညင်သာစွာပြုံး၍ သူ၏ ပါးစပ်ကို ရုတ်တရက်ဖွင့်ဟကာ ယက္ခဧကရာဇ်ရှိရာဘက်သို့ အစိမ်းရင့်ရောင်လေစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။

လေစီးကြောင်းက ယက္ခဧကရာဇ်ပေါ်သို့ ဆင်းသက်လာသောအခါ သူ၏ ပုံရိပ်က လေထဲမှာ အေးခဲရပ်တန့်သွား၏။

အဲ့ဒီနောက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှာပင် ယက္ခဧကရာဇ်၏ ခန္ဓာကိုယ်က အစိမ်းရောင်ပူဖောင်းများနှင့်အတူ အလျင်အမြန် ဆွေးရိသွားလေသည်။

တစ်ခဏချင်းမှာပင် သူသည် စေးကပ်နေသော အစိမ်းရောင်အရည်များအဖြစ် တိုက်စားခံလိုက်ရ၏။

သေလေပြီ။

ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးသည် လေစီးကြောင်းတစ်ခုဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရ၏။

ကမ္ဘာဦးမျိုးနွယ်မှ ထွက်ပြေးနေကြသော အခြားသောဧကရာဇ်များသည် ထိုသည်ကိုတွေ့မြင်သောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။

သူတို့သည် ဧကရာဇ်အဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ကြသောအခါ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အသန်မာဆုံး တည်ရှိမှုများဖြစ်လာခဲ့ကြပြီး သူတို့သည် ဤကဲ့သို့သော အကြောက်တရားကို တစ်ခါမှမခံစားခဲ့ရပေ။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက တုန်လှုပ်သွားပြီးနောက် ဆက်လက်ထွက်ပြေးဖို့ပြင်လိုက်စဥ်... စုန်းမျိုးနွယ်မှ အမျိုးသမီးတစ်ယောက်က မလှမ်းမကမ်းမှာ ပေါ်ထွက်လာ၏။

ဤအမျိုးသမီးကလည်း အထက်ဘုံမှလာခြင်းဖြစ်လေသည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ်က အထက်ဘုံမှ စုန်းမျိုးနွယ်အမျိုးသမီးကို ကြည့်လိုက်၏။

စုန်းမျိုးနွယ်အမျိုးသမီး၏ မျက်လုံးများသည် ထူးဆန်းသော အစိမ်းရင့်ရောင်အရောင်အဝါတစ်ခုဖြင့် တောက်ပလာ၏။

“မကောင်းတော့ဘူး”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ်က ထိတ်လန့်သွားလေသည်။

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ ကောင်းကင်ဘုံမျက်လုံးကို ဖွင့်ဟပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ဖို့ပြင်တင်လိုက်၏။

သို့သော်လည်း ကောင်းကင်ဘုံမျက်လုံး ပွင့်ဟလာသည့်ခဏမှာပင် သူ၏ မျက်လုံးက ပေါက်ကွဲထွက်သွား၏။

“အား...”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ်က စူးစူးဝါးဝါး အော်လိုက်၏။

သို့သော်လည်း သိပ်မကြာခင် စူးစူးဝါးဝါး အော်သံက ယတိပြတ်ရပ်တန့်သွားလေသည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဧကရာဇ်၏ ဦးခေါင်းသည် ဘေးဘက်သို့ လည်ကျသွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ပေ။

သေဆုံးသွားလေပြီ။

တကယ်ဆို... သူသေဆုံးသွားသည့်တိုင် သူက ဘယ်လိုသေသွားသလဲ မသိရပေ။

အခြားသူများ၏ မျက်လုံးများထဲမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် ဧကရာဇ်သည် အထက်ဘုံမှ စုန်းမျိုးနွယ် အမျိုးသမီးနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သေဆုံးသွားရလေသည်။

အဲ့ဒါက အထက်ဘုံရဲ့စွမ်းအားလား။

ပုံပြောသူနှင့် အခြားသူများက တုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားကြ၏။

ထိုစွမ်းအားသည် သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝကို ကျော်လွန်သွားခဲ့လေပြီ။

သွေးနွယ်ပင်မျိုးနွယ်မှ ဧကရာဇ်တစ်ပါးက ဝေးဝေးသို့ ထွက်မပြေးနိုင်ခင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မသိလိုက်မသိဘာသာနှင့်ပင် အစိမ်းရောင် မီးပွားတစ်ခုက ပေါ်ထွက်လာ၏။

သို့်သော်လည်း ထိုမီးပွားက သွေးနွယ်ပင်မျိုးနွယ်၏ ဧကရာဇ်ကို အလျင်အမြန် လောင်ကျွမ်းပြာကျသွားစေ၏။

ဖြစ်စဥ်တစ်ခုလုံးက အသက်သုံးရှိုက်စာပင် မကြာခဲ့ပေ။

သွေးနွယ်ပင်မျိုးနွယ်မှ ဧကရာဇ်က သေဆုံးသွားလေပြီ။

ထိုစဥ်... မကောင်းဆိုးဝါးဆန်ဆန် ရယ်သံတစ်သံက ကောင်းကင်ထက််ကနေ ထွက်ပေါ်လာ၏။

အထက်ဘုံမှ စုန်းတစ်ယောက်သည် ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်တစ်ပါး၏ ဘေးပတ်လည်မှာ လှည့်ပတ်ကာ ရယ်မောနေခြင်းဖြစ်လေသည်။

ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်က ဘယ်ဘက်အရပ်ကို ထွက်ပြေးသည်ဖြစ်စေ အထက်ဘုံမှစုန်းက သူ၏ ရှေ့ကို ဝင်ရောက်ပြီး သူ့ကိုတားဆီးနိုင်လေသည်။

“မင်းက ဘယ်ကို ထွက်ပြေးဖို့ ကြိုးစားချင်နေတာလဲ... ဟမ့်”

အထက်ဘုံမှစုန်းက ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်ကို ပြုံးစစဖြင့် ကျီစယ်နေ၏။ အဲ့ဒါသည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ဆော့ကစားနေသည့်အတိုင်းပင်။

“မင်း ထွက်ပြေးလို့ရမှာ မဟုတ်ပါဘူးကွာ... လက်လျှော့လိုက်တော့”

အထက်ဘုံမှစုန်းက လှောင်ပြောင်သရော်ကာ ရယ်မောလိုက်၏။

“သတ်”

ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်က မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို တွေ့မြင်သောအခါ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သေခြင်းရှင်ခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ ထိုစုန်းထံသို့ ပစ်ဝင်သွားလေသည်။

အထက်ဘုံမှစုန်းက ရှောင်တိမ်းခြင်း သို့မဟုတ် မည်သည့်နည်းလမ်းကိုမှ အသုံးပြုခြင်းမရှိဘဲ နေရာမှာပင် မတ်တတ်ရပ်နေ၏။

လူတိုင်း၏ ရှေ့မှောက်မှာ ရွှေကျီးကန်းမျိုးနွယ်ဧကရာဇ်သည် အထက်ဘုံမှစုန်းကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။

ရွှေကျီးကန်းမျိုးနွယ်ဧကရာဇ်၏ တတိယမြောက် ​ခြေသည်းကပင် အထက်ဘုံမှစုန်း၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

စုန်းမျိုးနွယ်သည် အားနည်းသော ကိုယ်ကာယနှင့် မျိုးဆက်သွေးရှိလေသည်။ ခြေသုံးချောင်းရွှေကျီးကန်း၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့လောက် မသန်မာသော်လည်း သူတို့ကို အထင်သေး၍ မရနိုင်ပေ။

ရွှေကျီးကန်းမျိုးနွယ်၏ တတိယမြောက်ခြေထောက်က ပို၍ပင် ထက်ရှမာကြောပြီး အရာရာတိုင်းကို ထိုးဖောက်နိုင်လေသည်။

သူ့အနေဖြင့် အထက်ဘုံမှ ဤစုန်းကို သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။

ပုံပြောသူနှင့် အခြားသူများက အသက်အောင့်ထားကြလေသည်။

ထိုစဥ်... အထက်ဘုံမှစုန်း၏ ရယ်မောသံက ထွက်ပေါ်လာပြီး သူက အေးစက်စွာပြောလိုက်၏။

“မင်းကို လက်လျှော့လိုက်ပါလို့ ငါပြောသားပဲ”

ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်က တုန်လှုပ်သွားလေသည်။

သူ၏ တတိယမြောက်ခြေထောက်က အထက်ဘုံမှစုန်း၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားပြီး သတ္တုချင်းထိခတ်သံကိုပင် ကြားလိုက်ရ၏။

သူ၏ ထက်ရှသော ခြေသည်းက အထက်ဘုံမှ စုန်း၏ အသားနှင့်အရေပြားကို ထိုးဖောက်နိုင်ခြင်းပင် မရှိပေ။

ကွာဟချက်က အရမ်းကို ကြီးမားနေ၏။

ရွှေကျီးကန်းဧကရာဇ်၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

“ငါမင်းနဲ့ထပ်ပြီးမကစားတော့ဘူး... ပျင်းစရာကောင်းတယ်”

အထက်ဘုံမှစုန်းက တတွတ်တွတ်ပြောဆိုပြီး သူ၏ လက်ဖဝါးကို သက်တောင့်သက်သာ ဆန့်ထုတ်ကာ ရွှေကျီးကန်းဧကရာဇ်ကို ပစ်ရိုက်ချလိုက်၏။

ဖောင်း...

ရွှေကျီးကန်းဧကရာဇ်သည် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး အလောင်းပင်မကျန်ဘဲ သေဆုံးသွားရလေသည်။

All Chapters