← Chapters

နတ်ဘုရားစွမ်းအားများဖြင့် တိုက်ခိုက်ခြင်း

Vol. 116 Ch. 1739

နတ်ဘုရားစွမ်းအားများဖြင့် တိုက်ခိုက်ခြင်း

Vol. 116 Ch. 1739

စုန်းမျိုးနွယ်၏ အကြီးမားဆုံး အားနည်းချက်မှာ သူတို့၏ ကိုယ်ကာယနှင့် သာမန်မျိုးဆက်သွေးဖြစ်၏။

သို့သော် ယခုအခါ အထက်ဘုံမှစုန်းသည် ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပါးကို သူတို့၏ အားအနည်းဆုံး နည်းလမ်းများဖြင့် သတ်ဖြတ်ပစ်လိုက်၏။ အဲ့ဒါက ပုရွ​က်ဆိတ်တစ်ကောင်ကို ခြေမွှလိုက်သကဲ့သို့ ရိုးရှင်းလေသည်။

“ဒီစွမ်းအားက...”

ပုံပြောသူ၏ မျက်နှာက ဖြူဖျော့သွားပြီး တီးတိုးရေရွတ်လိုက်၏။

“တဗူးနဂါးဖီးနစ်တောင်မှ အဲ့ဒီလက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိချင်မှ ရှိလိမ့်မယ်”

“အထက်ဘုံကို တက်လှမ်းပြီးသွားရင် ဒီလိုကြီးမားတဲ့ အသွင်ပြောင်းလဲမှုကို ရနိုင်တာကိုး”

လူသားမျိုးနွယ်မှ ဧကရာဇ်များကလည်း တုန်လှုပ်သွားကြ၏။

အချိန်တိုအတွင်းမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အကြီးအကဲဖုန့်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ မျက်လုံးထဲတွင် မည်သည့်ကြောက်လန့်မှုမှမရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။

သူသည် စောစောက ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို တွေ့မြင်ထားလေသည်။

ဒါ့အပြင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူက တဗူးမျိုးဆက်သွေးနှင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူသည် အထက်ဘုံမှ စုန်းမျိုးနွယ်၏ ထိုစွမ်းအားကို သေချာပေါက်ခုခံနိုင်မည် မဟုတ်ကြောင်း နားလည်ထားလေသည်။

သို့သော်လည်း သူက လက်လျှော့ဖို့ကို စိတ်ကူးမရှိပေ။

သူက သေရမည်ဆိုလျှင်တောင် သူနှင့်အတူ အထက်ဘုံ၏ စုန်းတစ်ယောက်ကို အပါဆွဲခေါ်သွားရပေမည်။ အခြားသော စုန်းခြောက်ယောက်သည် ကမ္ဘာဦးမျိုးနွယ်များမှ အခြားသောဧကရာဇ်များကို လိုက်လံဖမ်းဆီးနေပြီး အကြီးအကဲဖုန့်၏ ဘေးသို့ ပြန်ရောက်မလာသေးပေ။ အဲ့ဒါက သူ့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်၏။

အကြီးအကဲဖုန့်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ပြောင်​ပြောင်တင်းတင်းအကဲခတ်ကြည့်လိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အရမ်းကိုကြီးမားပြီး အလျှံညီးညီး မီးတောက်များဖြင့် လောင်ကျွမ်းနေသော သွေးနီရောင်ကြေးခွံများဖြင့် သူ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားလေသည်။ အကြီးအကဲဖုန့်၏ ရှေ့မှာပင် သူ၏ အော်ရာက လျော့ကျမသွားပေ။

“ကြည့်ရတာ... မင်းက လက်မခံနိုင်သေးဘူးနဲ့​တူတယ်”

အကြီးအကဲဖုန့်က ညင်သာစွာပြုံးလိုက်၏။

“ငါ့ရဲ့ရှေ့မှာ မင်းရဲ့သွင်ပြင်ကို ထိန်းထိန်းသိမ်းသိမ်းနေ”

ထိုသို့ပြောလိုက်သည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖမ်းဆွဲထားသည့် စိမ်းညိုရောင်လက်သည် ရုတ်တရက်တင်းကျပ်သွားပြီး အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ခပ်သဲ့သဲ့ ညည်းတွားလိုက်လေသည်။

ဇီ.... ဇီ...

အစိမ်းရောင်မီးခိုးများက အူထွက်လာ၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးဖီးနစ်မီးတောက်များက ချက်ချင်းပင်ငြိမ်းသေသွားလေသည်။

သူ၏ ကျောပေါ်ရှိ တောင်ပံနှစ်စုံသည် ဧရာမလက်ဝါးဖြင့် ချိုးဖဲ့ခြင်းခံလိုက်ရပြီး လတ်ဆတ်သောသွေးများက စီးကျလာ၏။

စိမ်းညိုရောင်လက်ဝါး၏ ဖိအားအောက်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မဆက်မပြတ် ကျုံ့ဝင်သွားပြီး သိပ်မကြာခင် သူ၏ လူသားသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွား၏။

“ပြောစမ်း”

အကြီးအကဲဖုန့်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဘယ်မှာလဲ”

“ကျုပ်ခင်ဗျားကို ပြောပြနိုင်တယ်... ဒါပေမဲ့ ကျုပ်ရဲ့ ဒီအစစ်အမှန်ခန္ဓာကို ခင်ဗျားလွှတ်ပေးနိုင်မလား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရုတ်တရက်မေးလိုက်၏။

ထိုသို့သူပြောလိုက်သည်မှာ အကြီးအကဲဖုန့်ကို တွေဝေစေပြီး ထိုသူကိုအငိုက်မိသွားစေဖို့ဖြစ်၏။

“ရတယ်... ကိစ္စမရှိဘူး”

အကြီးအကဲဖုန့်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်နေသော အကြည့်တစ်ခုပေါ်ထွက်လာပြီး သူက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်ရှိ သူ၏ စိမ်းညိုရောင်လက်ကိုပင် ​ဖြေလျော့ပေးလိုက်၏။

“ပြောတော့”

အကြီးအကဲဖုန့်က ညင်သာစွာ ပြုံးပြလိုက်၏။

“ခွေးမသား... သေပေတော့”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တည်ငြိမ်နေသော မျက်ဝန်းထဲမှာ အလွန်တရာအေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

“ဘက်ပြန်ကြေးခွံ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အ​မြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

တကယ်တော့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုတည်းက အထက်ဘုံမှ ပညာရှင်များကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဘက်ပြန်ကြေးခွံကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် နဂါးဖီးနစ််အစစ်အမှန်ခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို လှည့်ပတ်လိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ခပ်လှမ်းလှမ်းမှာရှိသော အကြီးအကဲဖုန့်ကို လက်ညိုးဖြင့်ထိုးညွှန်ပြီး ညင်သာစွာအော်ငေါက်လိုက်၏။

“တဒင်္ဂအခိုက်အတန့်”

အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက မည်သည့်အရိပ်အယောင် သို့မဟုတ် မည်သည့် ပုံပန်းသဏ္ဌာန်မှမရှိဘဲ အကြီးအကဲဖုန့်အပေါ် လွှမ်းခြုံလာခဲ့၏။

သာမန်မျက်လုံးဖြင့်ဖြစ်စေ ၊ စိတ်ဝိညာဥ်အသိစိတ်ဖြင့်ဖြစ်စေ မည်သူကမှ ထိုစွမ်းအား၏ ပုံစံကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။

အဲ့ဒါက အချိန်၏ စွမ်းအားဖြစ်၏။ အချိန်သည် အစကတည်းက ပုံပန်းသဏ္ဌာန်မရှိပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် စောစောက အကြီးအကဲဖုန့်ပြောခဲ့သည့် စကားများအားလုံးကို ကြားခဲ့ရလေသည်။

အကြီးအကဲဖုန့်သည် ဖန်တီးခြင်းကြာပဒုမ္မာကိုရရှိလျှင် သူ၏ ဘဝသက်တမ်းကို မြှင့်တင်နိုင်မည်ဟု ပြောခဲ့လေသည်။

ဆိုလိုသည်မှာ အကြီးအကဲဖုန့်တွင် ဘဝသက်တမ်း သေချာပေါက် များများစားစားကျန်ရှိတော့မည် မဟုတ်ပေ။

တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်လိုက်ခြင်းသည် အကြီးအကဲဖုန့်အတွက် သေချာပေါက် အဖျက်စွမ်းအားတစ်ခုဖြစ်ပေလိမ့်မည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံကို ထုတ်ဖော်လိုက်သောအခါ အကြီးအကဲဖုန့်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုရိပ်က ပို၍ထင်ရှားလာ၏။

တဒင်္ဂအခိုက်အတန့် ဆင်းသက်လာသောအခါမှသာ အကြီးအကဲဖုန့်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဟမ်..”

သူက အဲ့ဒါကို အာရုံခံမိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

“အချိန်ရဲ့ စွမ်းအားပဲ”

“နဂါးဖီးနစ်ရဲ့ မျိုးဆက်သွေးဆိုတဲ့အတိုင်းပဲ.. မင်းက အောက်ဘုံမှာတောင် အချိန်ရဲ့စွမ်းအားကို နားလည်ဆင်ခြင်လာနိုင်တာပဲ... နောက်ပြီး အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်တဲ့ပုံပဲ”

ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာကသုန်မှုန်နေ၏။

အကြီးအကဲဖုန့်က တည်ငြိမ်လွန်းနေလေသည်။

တဒင်္ဂအခိုက်အတန့် ထွက်ပေါ်လာချိန်မှာ အကြီးအကဲဖုန့်က အနည်းငယ်လှုပ်ရှားသွားသော်လည်း သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို လုံးဝအတည်အတံ့ မမှတ်ယူထားသည့်အလား မည်သည့်ကြောက်ရွံ့ထိတ်လန့်မှုမှ မရှိပေ။

“ဟီးဟီး”

အကြီးအကဲဖုန့်က ရယ်မောလိုက်၏။

“နဂါးဖီးနစ်... မင်းရဲ့မျိုးဆက်သွေးက မဆိုးဘူးဆိုပေမဲ့ မင်းက ရေတွင်းထဲက ဖားတစ်ကောင်ထက် မပိုဘူး”

“ဒီနေ့... အစစ်အမှန် နတ်ဘုရားစွမ်းအားက ဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”

သူမစကားမဆုံးသေးခင်မှာပင် အကြီးအကဲဖုန့်သည် မန္တန်တစ်ခုကို ရွတ်ဆိုပြီး သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာသန့်စင်၍ ကြွယ်ဝသော စွမ်းအားတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

ထိုစွမ်းအားသည် မနှိုင်းယှဥ်သာအောင် သန်မာပြီး မန္တန်အသံနှင့် ပေါင်းစည်းကာ အလွန်တရာကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။

အကြီးအကဲဖုန့်သည် ရှေ့သို့စေညွှန်ပြီး အော်ငေါက်လိုက်၏။

“ဆီးနှင်းကျိန်စာ”

“ဆီးနှင်းကျိန်စာတဲ့လား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ထိုမန္တန်ကိုကြားသောအခါ မှင်တက်သွားလေသည်။ နဂါးအရိုးတောင်ကြားအထက်ရှိ လူသားမျိုးနွယ်ဧကရာဇ်များ ၊ ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများကလည်း မှင်တက်၍ တွေဝေငေးမောသွား၏။

ဆီးနှင်းကျိန်စာသည် စုန်းမျိုးနွယ်၏ အရိုးရှင်းဆုံး သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။

အကြီးအကဲဖုန့်သည် အန္တိမနတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်ကို ခုခံဖို့အတွက် တကယ်ပဲ သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်တာလား။

လူတိုင်း၏ ရင်ထဲရှိ တွေဝေရှုပ်ထွေးမှု မပျက်ပြယ်ခင်မှာပင် သူတို့သည် အလွန်တရာတုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နှာရောင်ကနေ လွင့်မျောလာသော ဘက်ပြန်ကြေးခွံသည် အကြီးအကဲဖုန့်၏ ရှေ့သို့ မရောက်ရှိခင်မှာပင် ဆီးနှင်းတစ်လွှာဖြင့် ဖုံးအုပ်ခြင်းခံလိုက်ရ၏။

​ဖျောက်... ဖျောက်... ဖျောက်...

တစ်ခဏချင်းမှာပင် ဘက်ပြန်ကြေးခွံပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

ဘန်း...

နောက်ခဏ၌ ဘက်ပြန်ကြေးခွံက ဘာမှမကျန်အောင် ကြေမွသွား၏။

ဖျောက်... ဖျောက်... ဖျောက်...

ထို့နောက်ချက်ချင်းပင် အကြီးအကဲဖုန့်၏ ဘေးပတ်လည်မှ ပို၍ပင် ပြင်းထန်သော အသံများထွက်ပေါ်လာ၏။

အကြီးအကဲဖုန့်၏ ဘေးပတ်လည်ရှိ လေဟာနယ်မှာ အက်ကွဲကြောင်းမှာ သိပ်သည်းများပြားစွာပေါ်ထွက်လာ၏။

အချိန်ကိုမမြင်ရပေ။

သို့သော်လည်း ဆီးနှင်းကျိန်စာသည် လေဟာနယ်ထဲရှိ အချိန်၏ စွမ်းအားကို အေးခဲသွားစေပြီး ၎င်းကိုဆက်လက်မဆင်းသက်စေနိုင်တော့ပေ။

“ဒါက...”

ဧကရာဇ်များစွာက မှင်တက်၍ ကြောင်အသွားကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည်လည်း တုန်လှုပ်သွားလေသည်။

သူ၏ အန္တိမနတ်ဘုရားစွမ်းအားသည် အကြီးအကဲဖုန့်၏ သာမန်နတ်ဘုရားစွမ်းအားဖြင့် အပြတ်အသတ်ဖိနှိမ်ခြင်းခံလိုက်ရ၏။

အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကျိန်စာများနှင့် ပတ်သက်၍ မသိရှိသော်လည်း အကြီးအကဲဖုန့်၏ ဆီးနှင်းကျိန်စာမန္တန်သည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ စုန်းမျိုးနွယ်မှ ဧကရာဇ်များရွတ်ဆိုသော ဆီးနှင်းကျိန်စာနှင့် ကွာခြားမှုမရှိပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ အကြီးအကဲဖုန့်က ထိုသာမန်နတ်ဘုရားစွမ်းအားကိုစုဖွဲ့လိုက်သောအခါ အလွန်တရာသန့်စင်၍ ကြွယ်ဝသောစွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်ပေါ်လာခြင်းပင်။

ဤစွမ်းအားသည် ဆီးနှင်းကျိန်စာနှင့် ပေါင်းစည်းလိုက်သောအခါ ထိုသာမန်နတ်ဘုရားစွမ်းအားကို လုံးဝအသွင်ပြောင်းလဲသွားစေ၏။

တကယ်ဆို ၎င်းသည် တဒင်္ဂအခိုက်အတန့်ကိုပင် အေးခဲသွားစေလေသည်။

“အဲ့ဒါက အထက်ဘုံက လာတဲ့စွမ်းအားလား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်သည့်ပုံရိပ်တစ်ခုက ထင်ဟပ်လာ၏။

သူ၏ ဝှက်ဖဲများအားလုံးကို အသုံးချပြီးတာတောင် သူက အကြီးအကဲဖုန့်ကို လုံးဝထိခိုင်အောင်လုပ်နိုင်ခြင်း မရှိပေ။

ကွာဟချက်က အရမ်းကိုကြီးမားနေ၏။

သူက အနိုင်ရဖို့အတွက် လုံးဝအခွင့်အရေး မရှိပေ။

“ဟီးဟီး”

ထိုစဥ်မှာပင် အထက်ဘုံမှ စုန်းခြောက်ယောက်က တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာပြီး ထိုသည်ကို တွေ့မြင်သောအခါ လှောင်ရယ်မောလိုက်ကြ၏။

“အောက်ဘုံက ဒီပုရွက်ဆိတ်က ငါတို့ကို ဆန့်ကျင်ချင်သေးတယ်ပေါ့”

“သူက... တကယ့်ကို ဘာမှမသိနားမလည်တဲ့ ရေတွင်းထဲက ဖားတစ်ကောင်ပဲ”

“အကြီးအကဲဖုန့်... ကျုပ်အထင်တော့ ကျုပ်တို့က သူ့ရဲ့အ​မြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးပြီး ဝိညာဥ်ရှာဖွေသင့်တယ်... ဘာလို့သူနဲ့ အချိန်ဖြုန်းနေမှာလဲ”

All Chapters