← Chapters

ကြေမွသွားသောအလင်းလုံး

Vol. 116 Ch. 1740

ကြေမွသွားသောအလင်းလုံး

Vol. 116 Ch. 1740

အကြီးအကဲဖုန့်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို လှောင်​ပြောင်သရော်လိုသောအမူအရာဖြင့် ကြည့်လိုက်၏။

“တောကောင်လေး... ငါမင်းကို ပြောလိုက်မယ်... မင်းနားလည်ဆင်ခြင်ထားတဲ့ နတ်ဘုရားစွမ်းအားက မဆိုးဘူးဆိုပေမဲ့ မင်းက အဲ့ဒီစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ထုတ်ဖော်နိုင်တယ်”

“နတ်ဘုရားစွမ်းအားတွေရဲ့ အစစ်အမှန်စွမ်းအားက အထက်ဘုံကနေပဲလာတာ”

အကြီးအကဲဖုန့်က ဝံ့ကြွားစွာဖြင့် ​ပြောလိုက်၏။

“အောက်ဘုံက မင်းတို့ပုရွက်ဆိတ်တွေက အန္တိမနတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ထားမယ်ဆိုရင်တောင် မင်းတို့တွေက ငါတို့ရဲ့ရိုက်တစ်ချက်ကို ခံနိင်ရည်ရှိမှာမဟုတ်ဘူး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အသံတိတ်သွား၏။

တဒင်္ဂအခိုက်အတန့်နှင့် ဘက်ပြန်ကြေးခွံသည် တစ်ဘက်လူ၏ သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ခြေဖျက်ခြင်း ခံလိုက်ရသောအခါ သူတို့ကြားကွာဟချက်က အန္တိမနတ်ဘုရားစွမ်းအားတချို့ဖြင့် ဖောထေးနိုင်သည့် တစ်စုံတစ်ရာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်သွားခဲ့၏။

သူက အန္တိမနတ်ဘုရားစွမ်းအား သုံးခု ၊ လေးခု သို့မဟုတ် ဆယ်ခုကို နားလည်ဆင်ခြင်ထားနိုင်သည်ဆိုလျှင်တောင် အဲ့ဒါက အချည်းနှီးသာဖြစ်ရပေလိမ့်မည်။

အောက်ဘုံနှင့် အထက်ဘုံကြားမှာ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခုရှိနေ၏။

ထို့ကြောင့်ပင်လျှင် ကမ္ဘာငယ် တစ်ဘီလျံမှာ အထက်ဘုံမှပညာရှင်များ ဆင်းသက်လာခြင်းကို တားဆီးပေးထားသည့် ကောင်းကင်နှင့်မြေကြီး နိယာမများရှိနေခြင်းပင်။

အထက်ဘုံမှ ပညာရှင်တစ်ယောက်၏ စွမ်းအားက ကမ္ဘာငယ်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။

“တောကောင်လေး.. ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်...အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရဲ့ တည်နေရာကို ပြောပြလိုက်... ငါမင်းရဲ့ဝိညာဥ်ကို မရှာဖွေရစေနဲ့”

အကြီးအကဲဖုန့်က မှင်သေသေဖြင့် ပြောလိုက်၏။

ဝိညာဥ်ရှာဖွေခြင်းက ကျရှုံးသွားဖို့ အခွင့်များလေသည်။

ထို့ကြောင့်ပင်လျှင် အကြီးအကဲဖုန့်က ချက်ချင်းတိုက်ခိုက်မလာခြင်းဖြစ်၏။

မဟုတ်ပါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤအချိန်ထိ တောင့်ခံနိုင်နေလိမ့်မည် မဟုတ်ပေ။

“ခွေးအိုကြီး”

ရုတ်တရက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သရော်တော်တော်အမူအရာဖြင့် ပြုံးပြလိုက်၏။

“ငါ့ရဲ့ ဒီအစစ်အမှန်ခန္ဓာကို မင်းဖျက်ဆီးလိုက်မယ်ဆိုရင်တောင်မှ ငါဂရုမစိုက်ဘူး... ဒါပေမဲ့... ငါ့ရဲ့နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံရမယ်ဆိုရင်တောင် ငါက သေသွားမှာမဟုတ်ဘူးဆိုတာ မှတ်ထား”

“ငါ့ရဲ့တခြားအစစ်အမှန်ခန္ဓာက အထက်ဘုံကိုတက်လှမ်းလာတဲ့အချိန်မှာ ငါကမင်းကိုသေချာပေါက်လာရှာမယ်... အဲ့ဒီအချိန်ကျရင် ငါမင်းကို အဆတစ်ရာပြန်ပေးဆပ်ခိုင်းမယ်”

“တောကောင်လေး... မင်းငါ့ကို ဘယ်လိုတောင်ခြိမ်းခြောက်ရဲတာလဲ”

အကြီးအကဲဖုန့်၏ အမူအရာက လုံးဝကိုညိုမည်းသွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းရှိရာသို့ သူ၏ လက်ကို ဆန့်ထုတ်လိုက်လေသည်။

“အဲ့ဒါဆိုလည်း သေလိုက်တော့”

သူက ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ဖဝါးက အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုနှင့်အတူ ဆင်းသက်လာ၏။

ထိုစွမ်းအားအောက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လုံးဝကို မလှုပ်ရှားနိုင်တော့ပေ။

အကြီးအကဲဖုန့်၏ လက်ဖဝါး သူ့ဦးခေါင်းပေါ်သို့ ဆင်းသက်လာသည်ကို သူက ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။

ဖျောက်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အရိုးများကျိုးသံကို ကြားလိုက်ရ၏။

နောက်ခဏ၌ သူ၏ စိတ်ထဲသို့ သိပ်သည်းပြင်းထန်သော နာကျင်မှုက တလိပ်လိပ်တိုးဝင်လာလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဆက်လက်၍ အသံမထွက်နိုင်တော့ပေ။

အကြောင်းမှာ အကြီးအကဲဖုန့်သည် သူ၏ လက်ဝါးဖြင့် နဂါးဖီးနစ်၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပစ်လိုက်ပြီဖြစ်သောကြောင့်ပင်။

ဆူပွက်နေသောသွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

နဂါးအရိုးတောင်ကြား၏ အထက်မှာ လူသားမျိုးနွယ်၏ ဧကရာဇ်များ ၊ လုံရန်နှင့် အခြားသူများသည် ဗလာကျင်းနေသော အမူအရာနှင့်အတူ အရာရာတိုင်းကို ငေးကြည့်နေကြ၏။

ထိုစွမ်းအားနှင့် ရင်ဆိုင်ရာမှာ လူတိုင်းသည် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ကြရ၏။

လူသားဧကရာဇ်၏ ချိပ်စည်းပင်လျှင် အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်​ခြင်ထားသည့် တဗူးနဂါးဖီးနစ်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ချင်မှ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သို့သော်ယခုအခါ အထက်ဘုံ၏ စုန်းမျိုးနွယ်မှ ဤလူအိုကြီးသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းကို ခြေမွှဖျက်​ဆီးပစ်လိုက်လေသည်။

အဲ့ဒါက အလွန်တရာကြမ်းကြုတ်ပြီး တုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်၏။

“အစ်ကိုကြီး”

မျောက်နှင့်အခြားသူများက မြောက်ပိုင်းဒေသ၏ နယ်စပ်မှာ ဝမ်းနည်းပူဆွေးသော အမူအရာများနှင့်အတူ မတ်တတ်ထရပ်လာကြ၏။

ထိုသည်ကိုတွေ့မြင်သောအခါ ချောမောလှပသော အဖြူရောင်ဝတ်အမျိုးသမီးတစ်ဦးက ညင်သာစွာသက်ပြင်းချလိုက်၏။

ခွန်လွင်အပျက်အစီးဒေသတွင်....။

နန်းကြည်သည် အဲ့ဒါကို မကြည့်ရက်တော့သည့်အတွက် သူမ၏ ခေါင်းကို တစ်ဘက်သို့လှည့်လိုက်၏။

ညဝိညာဥ်က နက်ရှုင်းစွာမာန်ဖီလိုက်ပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူက သူ့မျက်လုံးထဲရှိ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ မိုးကောင်းကင်ထက်မှာ ဝံ့ကြွားစွာမတ်တတ်ရပ်နေသည့် ပုံရိပ်၇ခုကို အေးစက်စွာကြည့်နေ၏။

အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်များကို မည်သူကမှ မတားဆီးနိုင်ကြပေ။

အကြီးအကဲဖုန့်၏ လက်ဝါးအောက်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကြေမွသွားပြီး အထဲမှာရှိသော အသိစိတ်က ထွက်ပေါ်လာ၏။

သူ၏ အသိစိ​တ်ထဲမှာ သားရဲဘုရင် ၁၁ပါးက ဒေါသတကြီး ဟိန်းဟောက်နေကြ၏။ သို့သော်လည်း သူတို့သည် အကြီးအကဲဖုန့်၏ လက်ဝါးရိုက်ချက်စွမ်းအားဖြင့် ကြေမွသွားလေသည်။

သိပ်သည်းပြင်းထန်သော ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်နေသည့် အလျှံညီးညီး အလင်းလုံးကလည်း ကြေမွသွားလေသည်။

အလင်းလုံးထဲမှာ သွေးနီရောင်မီးတောက်တစ်ခုရှိနေ၏။

နဂါးဖီးနစ်အ​မြုတေစိတ်ဝိညာဥ်က ထိုမီးတောက်လုံးကို ငေးငိုင်စွာကြည့်နေ၏။

နောက်ဆုံးအလင်းလုံးက ကြေမွသွားခဲ့လေပြီ။

သူသည် ထိုအလင်းလုံးကြေမွသွားမည့်မြင်ကွင်းကို ကြိမ်ဖန်များစွာ မြင်ယောင်ကြည့်ခဲ့ဖူးလေသည်။ သို့သော်လည်း ဤနေ့ဤအခြေအနေမှာ အဲ့ဒါကို တွေ့မြင်ရလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

ထိုမီးတောက်လုံးထဲမှာ နောက်ဆုံးနတ်ဘုရားစွမ်းအားပါဝင်လေသည်။

ထိုမီးတောက်လုံးထဲမှာ နောက်ဆုံး သားရဲဘုရင်လည်း ပါဝင်လေသည်။

ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်သည်နှင့် သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ပြီးပြည့်စုံသည့်အဆင့်ထိ ကျင့်ကြံသွားနိုင်မည်ဟု အဓိပ္ပါယ်ရလေသည်။

သို့သော်လည်း အဲ့ဒါက အလဟဿဖြစ်ရလေပြီ။

သူက ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင်တောင် သူသည် အထက်ဘုံမှစုန်းမျိုးနွယ်၏ ပညာရှင်များကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

သူတို့ကြား ကွာဟချက်က အရမ်းကိုကြီးမားလွန်းနေ၏။

ဒါ့အပြင် အကြီးအကဲဖုန့်သည် သူ့အား နောက်ဆုံးထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ဖို့ အခွင့်အရေး ပေးလိမ့်မည်မဟုတ်ပေ။

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် သူ၏ အမြင်အာရုံက မှောင်မည်းသွားသည်ဟု ခံစားလိုက်ရ၏။

အကြီးအကဲဖုန့်၏ လက်ဖဝါးက ဆင်းသက်ခဲ့ပြီးလေပြီ။

သူ၏ အမြုတေစိတ်ဝိညာဥ်က ဖမ်းဆီးခံလိုက်ရသောအခါ အဲ့ဒီမှာရလဒ်တစ်ခုသာလျှင်ကျန်ရစ်တော့၏။

ဝိညာဥ်ရှာဖွေခြင်းက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူက နောက်ဆုံးမှာ သေရပေလိမ့်မည်။

“အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ရဲ့ နောက်ဆုံးနတ်ဘုရားစွမ်းအားကို ငါမကျင့်ကြံနိုင်တော့တာ နှမြောစရာပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကြိတ်၍သက်ပြင်းချလိုက်၏။

သို့သော်လည်း သိပ်မကြာခင် ရက်စက်ကြမ်းတမ်း၍ ပြတ်သားသောအကြည့်တစ်ခုက နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်၏ မျက်လုံးထဲမှာ ပေါ်ထွက်လာ၏။

ဆူဇီမိုက သေရမည်ကို ဘယ်တုန်းကမှ မကြောက်ရွံ့ပေ။

ဒါ့အပြင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံရမည်ဆိုလျှင်တောင် သူက အမှန်တကယ် သေဆုံးရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ့ကို အခြားသူများက ဝိညာဥ်ရှာဖွေမည်ကိုလည်း သူက ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

အဲ့ဒါက သူ့ကိုလုံးဝစော်ကားခြင်းဖြစ်လေသည်။

သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကိုဖြစ်စေ သူ၏ မှတ်ဉာဏ်ထဲရှိ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်နှင့် ပတ်သက်သည့်တစ်စုံတစ်ရာကိုဖြစ်စေ အခြားသူများနောက်သို့ သေချာပေါက် အပါခံလိမ့်မည် မဟုတ်ပေ။

“ခွေးအိုကြီး... မင်းက ငါ့ဝိညာဥ်ကိုရှာဖွေချင်တယ်ဆိုရင် နောက်ဘဝမှပဲ လုပ်တော့”

နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်က ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး သူ့ထံကနေ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာ၏။

“ဟမ်...”

“သူက သူ့အမြုတေစိတ်ဝိညာဥ်ကို သူကိုယ်တိုင် ဖောက်ခွဲဖျက်ဆီးတော့မှာပဲ”

“သူ့ကို မြန်မြန်တားကြ “

အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်အချို့က စွမ်းအင်အတက်အကျကို အာရုံခံမိလိုက်သောအခါ အော်ဟစ်လိုက်ကြ၏။

အစိမ်းရင့်ရောင် စွမ်းအားက အကြီးအကဲဖုန့်၏ လက်ဖဝါးထဲကနေ ခပ်မြန်မြန်ဆန့်တန်းထွက်ပေါ်လာပြီး နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို ရစ်ပတ်ကာ သူ့ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခြင်းကနေ တားဆီးချင်လေသည်။

သို့သော်လည်း အဲ့ဒါက နောက်ကျသွားခဲ့ပြီဖြစ်၏။

ဝုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်က ပေါက်ကွဲထွက်သွားပြီး နေရာမှာပင် ပျက်ပြယ်ကာ ဘာမှမကျန်အောင် ပြောင်းလဲသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခြင်းသည် ကြီးမားသော စိတ်ဝိညာဥ်အတက်အကျတစ်ခုကို ဖြစ်ပေါ်လာစေပြီး ဘေးပတ်လည်ရှိ လေဟာနယ်မှာ အက်ကွဲကြောင်းများပင်လျှင် ပေါ်ထွက်လာ၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ဝမ်းနည်းပူဆွေးသောအမူအရာများနှင့်အတူ အသံတိတ်သွားကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်များနှင့် ရင်ဆိုင်ရာမှာ ဤကဲ့သို့ ပြတ်သား၍ ကြောက်စရာကောင်းသော နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။

သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီး၍ သူ၏ ဝိညာဥ်က ကြေမွပျက်ပြယ်သွား၏။ အဲ့ဒါက ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲသို့ပင် ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။

သူတို့က သေရတော့မည်ဆိုတာကို သိရှိထားသည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးရဲသည့်သူက များစွာမရှိပေ။

“သေစမ်းကွာ”

အကြီးအကဲဖုန့်က ဒေါသချောင်းချောင်း ထွက်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တည်နေရာကို သူမရလိုက်သည့်အချက်က သိပ်အရေးမကြီးပေ။

ပို၍အရေးကြီးသည်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခုခံဆန့်ကျင်မှုက သူ့ကိုရန်စစော်ကားလိုက်ခြင်းဖြစ်သည်ဟု ခံစားရလေသည်။

“သူက အောက်ဘုံကပုရွက်ဆိတ်တစ်ကောင်ပဲကို... သူ့မှာ တဗူးမျိုးဆက်သွေးရှိတယ်ဆိုရင်တောင် သူက တောကောင်လေးတစ်ကောင်ပဲ... သူက ငါ့ကိုဘယ်လိုတောင် ဆန့်ကျင်ရဲတာလဲ”

အကြီးအကဲဖုန့်၏ အမူအရာက အေးစက်လာပြီး သူ၏ ကြီးမားသောလက်ဖဝါးက အုပ်မိုးလွှမ်းခြုံလာခဲ့၏။ သူက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကြွင်းကျန်ရစ်သော ခန္ဓာကို ဖမ်းဆွဲပြီး ရုတ်တရက် ဖျစ်ညှစ်လိုက်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်က အကြီးအကဲဖုန့်၏ လက်ဖဝါးဖြင့် ဖိခြေခံလိုက်ရပြီး အလောင်းပင်မကျန်ရှိဘဲ သွေးမြူတ

All Chapters