တန်ပြန်တိုက်ခိုက်မှုမှ လုံးဝအောင်ပွဲခံခြင်း
Vol. 65 Ch. 962
ဂိုဏ်းခေါင်းဆောင်များသည် ဂိုဏ်းခေါင်းဆောင်များဟုသာ ပြောနိုင်တော့သည်။
ဖေဖေချန်းနှင့် အခြားသူများသည် အံ့ဩသွားကြသည်။
ဤဂိုဏ်းအဖွဲ့များသည် နှစ်စဉ်ဝင်ငွေသန်းနှင့်ချီ ရနေ၍ ယွမ်တစ်သိန်း ပမာဏလောက်ကို စိတ်ကူးထဲပင်မထည့်ပေ။
ဖေဖေချန်း၏ စူပါခွန်အားသိုင်းခန်းမသည် စီးပွားရေးကောင်းလာပြီး နောက်တွင် တစ်နှစ်ဝင်ငွေ တစ်သန်းကျော်အထိ ရလာသည်။
၎င်းသည် ချန်းမိသားစု အတွက် သက်သောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်၏။
ထိုပမာဏက ဂိုဏ်းခေါင်းဆောင်များ၏ဝင်ငွေနှင့် မနှိုင်းသာသော်လည်း အနည်းဆုံးတော့ သူတို့သည် အစားအသောက် သို့မဟုတ် အဝတ်အထည်အတွက် စိတ်ပူစရာမလိုအပ်ပေ။
ရံဖန်ရံခါမျိုးတွင် ဇိမ်ခံခရီးများကိုပါ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။
ဤသည်မှာ အားကျစရာ ကောင်းလောက်အောင် ပျော်ရွှင်ဖွယ်ဘဝတစ်ခု ဖြစ်သည်။
ထိုနှစ်တွင် ချမ်းသာသော ဂိုဏ်းအဖွဲ့များမှ ဝမ်စစ်ထူထံ လက်ဆောင်များ ဆက်တိုက် ပေးပို့ခဲ့ကြသည်။
ထိုအတွက်ကြောင့် ကျင့်ကြံခြင်းစာဖတ်သူ နက်ဝေါ့ခ်တွင် တစ်နှစ်တာအကောင်းဆုံး စာရေးဆရာအဖြစ် တိုက်ပွဲဝင်ရာ၌ အလှည့်အပြောင်း တစ်ခု ဖြစ်လာခဲ့သည်။
မဖြစ်နိုင်သော အပြောင်းအလဲကြောင့် ဝက်ဘ်ဆိုက်ရှိခေါင်းဆောင်များ အားလုံးက တုန်လှုပ်သွားကြသည်။
ဖေဖေဝမ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျူးကဲကအပြင်းအထန် ခံစားခဲ့ရပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
ဖေဖေဝမ်ထံမှ မဲများသည် စာဖတ်သူများထံမှ လက်ဆောင်အဖြစ် ပေးပို့ထားသောကြောင့် ဖေဖေဝမ် ကိုယ်တိုင်က မဲလိမ်ချင်လျှင်ပင် မဲလိမ်ရန်အတွက် နည်းလမ်းမရှိပေ။
လက်ဆောင်မဲများကို ဝက်ဘ်ဆိုက်တွင် စာဖတ်ပရိသတ်အားလုံး ကြည့်ရှုနိုင်ရန်အတွက် မှတ်တမ်းတင်ထားသည်။
ဤသည်မှာ လုံးဝငြင်းဆန်၍ မရသည့် အကောင်းဆုံးတန်ပြန်တိုက်စစ် ဖြစ်သည်။
ဖေဖေချန်းက ကျူးကဲ၏အခြေအနေ မည်သို့ရှိမည်ကို မသိသော်လည်း ယမန်နေ့ညက မဲပေးရန် နောက်ဆုံး နာရီဝက်အလိုတွင် လျန့်ဟန်သည် ကျူးကဲ၏ “အရှက်မရှိ”ဝတ္တုကို ကျင့်ကြံခြင်းဖိုရမ်တွင် မျှဝေရန် တစ်စုံတစ်ဦးကို ခိုင်းခဲ့သည်။
အဆုံးသတ်တွင် အက်မင်ဖြစ်သည့် "ငါက အန်ကယ်ကြောင်"သည် ထိုအကောင့်ကို တိုက်ရိုက် ပိတ်ပင်ခဲ့ပြီး ပို့စ်ကိုပါ ဖျက်ပစ်ခဲ့သည်။
တကယ်တမ်းတွင် အခြားသောစာရေးဆရာများသည် ဖေဖေဝမ်လောက် ဝတ္တုအပေါ်တွင် လေးလေးနက်နက်အလုပ်မလုပ်ခဲ့ကြပေ။
ကျူးကဲ ရှုံးနိမ့်သွားသဖြင့် လျန့်ဟန်သည် အပြင်းအထန် ခံစားခဲ့ရသည်။
ဤသည်မှာ ဘွဲ့ရပြီးနောက်တွင် ဖေဖေချန်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်လိုက်ရခြင်းဖြစ်၍ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။
ကျူးကဲက အကောင်းဆုံး စာရေးဆရာဆုကို မရရှိခဲ့ရုံသာမက လျန့်ဟန်သည်လည်း ယခုတစ်ကြိမ် ကျူးကဲ အတွက် လစဉ်မဲပေးပွဲတွင် ယွမ်ထောင်ပေါင်း များစွာကို အသုံးပြုခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် သူလုပ်သမျှ အရာအားလုံးသည် အဟောသိကံ ဖြစ်သွားရသည်။
တစ်ချိန်တည်းမှာပင် လစဉ်မဲပေးပွဲကိစ္စနှင့် ပတ်သက်၍ သံသယဖြစ်စရာ အချက်များစွာ ရှိနေသည်။
ဥပမာအားဖြင့် ချမ်းသောသောမိသားစုမှ မမလေး ဖြစ်သည့် အမှောင်ဘုရင်ခံ လေဒီ၁၃သည် ယွမ်တစ်သိန်းကို ပထမဆုံးအကြိမ် လက်ဆောင်ပေးပို့ပြီးနောက်တွင် သဲလွန်စမဲ့စွာပျောက်ကွယ်သွားခဲ့ပြီး နောက်ထပ် တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။
ယခုတစ်ကြိမ် မဲပေးပွဲတွင် နာမည်ကျော် လေဒီ၁၃ ကိုယ်တိုင်ပါဝင်မည်ကို သေချာမသိလျှင် လျန့်ဟန်သည် ကျူးကဲ၏ အောင်ပွဲကို အစကတည်းက ယုံကြည်နေမည် မဟုတ်ပေ။
ထိုအမှောင်ဘုရင်ခံ လေဒီ၁၃သည် ယခုအခါတွင် မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။
ကျင့်ကြံခြင်း စာဖတ်သူနက်ဝေါ့ခ်၏ အယ်ဒီတာ့ အာဘော်ဌာနသည် စီးပွားရေးလုပ်ငန်းများ ပေါင်းစုံသည့် မြို့လယ်တွင်တည်ရှိသည်။
ထို့နေရာတွင် လုပ်ငန်းပေါင်း များစွာရှိပြီး ကျင့်ကြံခြင်းစာဖတ်သူ နက်ဝေါ့ခ်သည်လည်း ၎င်းတို့ထဲမှတစ်ခု ဖြစ်၏။
အဓိကအွန်လိုင်း ဝက်ဘ်ဆိုက်ကုမ္ပဏီ တစ်ခုအနေဖြင့် ထိုကုမ္ပဏီသည် အဆောက်အဦး တစ်ခုလုံးကို သိမ်းပိုက်ထားပြီး ဌာနများကို သူ့အပိုင်းနှင့်သူ ခွဲခြားထားသည်။
ယနေ့တွင် ဘီယာဗိုက်ကဲ့သို့ ဗိုက်ပူပူ ဖြစ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဒုတိယထပ်ရှိ အယ်ဒီတာရုံးခန်းသို့ ရောက်ရှိလာသည်။
သူက စစ်အင်္ကျီကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ရွှေဆွဲကြိုးကို ဆွဲထား၏။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာသည် မုန်တိုင်းဒဏ်ခံနေရသကဲ့သို့ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေသည်။
အယ်ဒီတာချုပ်၏ ဧည့်ခန်းဧရိယာတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသော်လည်း ထိုအမျိုးသားသည် ဆေးလိပ်မီးကို ညှိ၍ ဖွာရှိုက်နေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရနံ့သည် လေထုကိုပြည့်လျှံသွားပြီး ထိုနေရာရှိ အယ်ဒီတာများအား မျက်မှောင်ကြုတ်သွားစေသည်။
ထိုအမျိုးသားသည် ကျင့်ကြံခြင်း စာဖတ်သူနက်ဝေါ့ခ်၏ ဂုရုစာရေးဆရာကျူးကဲ မှလွဲ၍ အခြားသူမဟုတ်ပေ။
သူ၏အမည်အရင်းမှာ ရှန်းယွမ် ဖြစ်သည်။
“ဆရာကျူးကဲ.. အကြီးအကဲဟွမ်က ခေါ်ခိုင်းလိုက်တယ်.. ကျေးဇူးပြု၍ ကျွန်မနောက်ကလိုက်ခဲ့ပါ”
ခဏအကြာတွင် ချောမောလှပသော အမျိုးသမီး အယ်ဒီတာတစ်ဦး ရောက်ရှိလာပြီး သူ့ကို လာရောက်ခေါ်ဆောင်ခဲ့သည်။
ခြုံငုံ၍ကြည့်လျှင် စာရေးဆရာများသည် အယ်ဒီတာရုံးသို့ရောက်လာသောအခါတွင် အယ်ဒီတာများသည် စာရေးဆရာများ၏ အမည်အရင်းများကို မခေါ်ဘဲ ၎င်းတို့၏ အမည်ဝှက်ဖြင့်သာ ခေါ်ဝေါ်ကြသည်။
အမျိုးသမီးအယ်ဒီတာသည် ကျူးကဲကို လူချင်းတွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
ရိုးသားစွာပြောရလျှင် ကျူးကဲ၌ သူမ ထင်ထားသလို အထင်ကြီးစရာ တစ်ကွက်မှ မရှိပေ။
ကလောင်အမည်က ကျူးကဲ ဖြစ်သော်လည်း အနည်းငယ်အောက်တန်းကျသည့်ပုံ ပေါ်နေသည်။
ရှင်းရှင်းပြောရလျှင် ကျက်သရေပင် တစ်စက်မှ မရှိချေ။
ဤကလောင်အမည်က တကယ်ကို မလိုက်ဖက်သော ကလောင်အမည် ဖြစ်သည်။
အမျိုးသမီးအယ်ဒီတာက ကြိုးစား၍ ပြုံးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အတွေးများ ပေါ်မလာစေရန် ရုန်းကန်နေရသည်။
“ဒီနေ့ကျမှ အဖိုးကြီးဟွမ်က ဘာဖြစ်နေတာလဲ.. ငါစောင့်နေတာ အရမ်းကြာနေပြီ”
ကျူးကဲက စိတ်မရှည်သောလေသံဖြင့် ရေရွတ်လိုက်သည်။
“ဆရာကျူးကဲ.. ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်လာခဲ့ပေးပါ”
“မလိုပါဘူး.. ဒီနေရာက ငါအကျွမ်းတဝင်ရှိနေပြီးသား.. ငါ့ဘာသာ သွားလို့ရတယ်”
ကျူးကဲက မျက်မှောင်ကြုံ့၍ပြောလိုက်သည်။
သူက အလိုလိုနေရင်း ဤအမျိုးသမီးအယ်ဒီတာကို ကြည့်၍မရတော့ပေ။
“ကောင်မလေး.. မင်းကဒီမှာအသစ်လား”
“ဟုတ်ကဲ့”
“မင်းငါ့ကို ဂုရုကျူးကဲလို့ ခေါ်သင့်တယ်.. နားလည်လား.. ငါကမင်းတို့ ဝက်ဘ်ဆိုက်ရဲ့ အရေးပါဆုံး စာရေးဆရာကြီးပဲ”
“တောင်းပန်ပါတယ် ဂုရုကျူးကဲ”
အမျိုးသမီးအယ်ဒီတာက တောင်းပန်လိုက်သည်။
သူမက သူမရှေ့မှ ဘီယာဗိုက်ကို ကြော်စားရန် မီးဂေါ်ဇီလာအဖြစ်သို့ မပြောင်းလဲနိုင်သဖြင့် ဒေါသမီးကို နှလုံးသားထဲတွင်သာ ကြိတ်မှိတ်၍ မျိုသိပ်ခဲ့ရသည်။
တကယ်တမ်းတွင် ထိုအမျိုးသမီး အယ်ဒီတာသည် ကျူးကဲနှင့်ယနေ့တွေ့ဆုံရန် မျှော်လင့်နေခဲ့သည်။
ယခုအခါတွင်မူ သူမသည် ကျူးကဲ၏ အမာခံပရိသတ် မဟုတ်တော့ပေ။
“ရပါတယ်.. ငါက သဘောထားကြီးပြီးသားပါ”
“ဒီနှစ်အတွက် ဒုတိယဆုရတဲ့ အတွက် ဂုဏ်ယူပါတယ် ဂုရုကျူးကဲ”
“မင်းစောင့်နေ.. မင်းရဲ့ခေါင်းဆောင်ကို ငါရှာလိုက်ဦးမယ်.. လူသစ်တွေက စကားကိုဘယ်လိုပြောရမလဲ မသိဘူးပဲ”
“..........”
“ဤသို့ဖြင့် ကျူးကဲက ဒေါသတကြီးဖြင့် ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။
ရုံးခန်းတံခါးကို ပိတ်လိုက်သည်နှင့် အမျိုးသမီး အယ်ဒီတာက သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုခဏတွင် လုပ်ဖော်ကိုင်ဖက် တချို့က သူမ အနားသို့ တိုးကပ်လာကြသည်။
“ရွှမ်လေး မင်းအဆင်ပြေရဲ့လား.. ကျူးကဲကို စိတ်ထဲမထားပါနဲ့.. သူက ဒီလိုပါပဲ.. မင်းက အသစ်ဖြစ်တဲ့အတွက် သူဌေးဟွမ်က မင်းကိုဘာမှအရေးယူမှာ မဟုတ်ပါဘူး”
“ကျေးဇူးတင်ပါတယ် အစ်ကိုအစ်မတို့.. ကျွန်မ အဆင်ပြေပါတယ်”
“ကျူးကဲက ဒုတိယနေရာကို ရောက်သွားတဲ့အတွက် တအားစိတ်ဆိုးနေတယ်.. ဒါကြောင့် သူ့ရဲ့ ဒေါသအားလုံးကို မင်းအပေါ် ပုံချလိုက်တာနေမယ်”
“ကျူးကဲက အခု ရုံးခန်းထဲကို ရောက်သွားပြီ.. ဘာဆက်ဖြစ်မလဲဆိုတာ သိချင်မိတယ်”
ရွှမ်လေးက သက်ပြင်းချ၍ ပြောလိုက်သည်။
အယ်ဒီတာချုပ်ရုံးခန်းတွင် ကျူးကဲက တစ်ဖက်လူကို ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုနေသည်။
“အဖိုးကြီးဟွမ်”
“ကုမ္ပဏီမှာရှိတဲ့အချိန် ငါ့ကိုသူဌေးဟွမ်လို့ ခေါ်ပါ”
အယ်ဒီတာချုပ် ဟွမ်ထောင်က ထိုင်ခုံတွင် ထိုင်ရင်း မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။
“ဟုတ်ပါပြီ သူဌေးဟွမ်”
ကျူးကဲက နှုတ်ခမ်းကို မဲ့ရွဲ့၍ ပြောလိုက်သည်။
လေထုက ခဏတာ အေးခဲသွားပုံရ၏။
ခဏအကြာတွင် ကျူးကဲသည် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“အကောင်းဆုံး စာရေးဆရာဆုနဲ့ ပတ်သက်ပြီး သူဌေးဟွမ် လုပ်နိုင်တာ တစ်ခုခုရှိလား”
“မနေ့က လူတိုင်းတွေ့ခဲ့တာပဲ.. ဝမ်စစ်ထူက ပြိုင်ပွဲကို ရိုးရိုးသားသား ယှဉ်ပြိုင်သွားခဲ့တယ်.. သူ့ကို သတ်ရုံကလွဲပြီး ငါတို့ဘာမှလုပ်လို့မရဘူး.. ဘာလဲ.. မင်းက သူ့ကိုတစ်ခုခုလုပ်ဖို့ သူ့ရဲ့လိပ်စာကို လာစုံစမ်းတာလား”
သူဌေးဟွမ်က ပြုံး၍ ပြောလိုက်သည်။
“ဟုတ်တယ်.. ငါအဲဒီလိုစဉ်းစားထားတယ်”
“မင်းရဲ့အတွေးကို ခေါင်းထဲက မောင်းထုတ်လိုက်တော့ ကျူးကဲ”
ထိုစကားကို ပြောနေသည့် သူဌေးဟွမ်၏ မျက်နှာက လေးနက်နေသည်။
“မနေ့က ဝမ်စစ်ထူအတွက် လက်ဆောင်တွေ အားလုံးကို ဘယ်သူတွေပေးခဲ့လဲ မင်းသိလား”
“ဘယ်သူလဲ”
ကျူးကဲက အံ့ဩမှင်တက်စွာ မေးလိုက်သည်။
“သူတို့အားလုံးက ကျင့်ကြံခြင်းဖိုရမ်ရဲ့ မန်ဘာတွေထဲက ဂိုဏ်းခေါင်းဆောင်တွေပဲ.. ဝမ်စစ်ထူကို မင်းတစ်ခုခု လုပ်လိုက်တာနဲ့ နောက်တစ်နေ့မှာ ဂိုဏ်းခေါင်းဆောင်တွေက မင်းရဲ့ခေါင်းကို ဖြတ်ပစ်လိမ့်မယ်လို့ ငါအာမခံတယ်”
“ဂိုဏ်း.. ဂိုဏ်းခေါင်းဆောင်တွေလား”
ကျူးကဲက မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“မင်းနဲ့ ဝမ်စစ်ထူက စိတ်ကူးယဉ်ရေးတာချင်းတော့ အတူတူပဲ.. ဒါပေမဲ့ သူ့ရဲ့ဝတ္တုမှာက ပညာရပ်ဆိုင်ရာ သီအိုရီအချို့ ပါနေတယ်.. သူ့ဝတ္တုကို နားမလည်တဲ့သူတွေက ဖျော်ဖြေမှုသက်သက်လို့ ထင်ကြပေမဲ့ ဂိုဏ်းခေါင်းဆောင်တွေကတော့ ရတနာတစ်ခုလို ယူဆထားကြတယ်”
အယ်ဒီတာချုပ် ဟွမ်ထောင်က ပြောကြားခဲ့သည်။
“ဒါ့အပြင် ငါတို့ကုမ္ပဏီမှာ အမှောင်ဘုရင်ခံ လေဒီ၁၃လို့ အမည်ရတဲ့ ချမ်းသာကြွယ်ဝတဲ့ ဝါရင့်စာဖတ်သူ တစ်ယောက် အမြဲရှိခဲ့တယ်.. မင်းအဲဒီလူကို သိမယ်လို့ ငါထင်တယ်.. ကျူးကဲ”
ထိုစကားကိုကြားလျှင် ကျူးကဲက မှင်တက်သွားသည်။
အယ်ဒီတာချုပ်က ဘာအတွက်ကြောင့် ထိုစကားကိုရုတ်တရက် ပြောခဲ့မှန်း သူ မသိသော်လည်း အေးစက်သောချွေးစက်အချို့က သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။
ကျူးကဲ “ဒီလူက မနေ့ကတိုက်ပွဲမှာ ငါ့ကိုကူညီပေးခဲ့တဲ့ စာဖတ်သူဖြစ်ပြီး ငါ့ရဲ့အမာခံပရိသတ်တွေထဲက တစ်ယောက်ပါ.. ဒါကြောင့် ငါ သူ့ကို ကောင်းကောင်းသိပါတယ်”
“ဟားဟား.. ဒါတော့ဟုတ်တယ်.. သူက မင်းရဲ့အမာခံပရိသတ်ပဲ.. ကျူးကဲ.. မင်းအခုထိ ထုတ်မပြောသေးဘူးကိုး”
အယ်ဒီတာချုပ် ဟွမ်ထောင်က ရယ်မောလိုက်ပြီး အံဆွဲထဲမှ ဖိုင်ကိုထုတ်ကာ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
“ကြည့်လိုက် ကျူးကဲ.. တစ်စုံတစ်ယောက်က အမည်မသိတိုင်ကြားစာ တစ်စောင် ငါ့ဆီပို့ထားတယ်”
ကျူးကဲက ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။
“ငါ့ကို ဘယ်သူက တိုင်ကြားစာပို့တာလဲ”
“စိတ်အေးအေးထားပါ ကျူးကဲ”
အယ်ဒီတာချုပ် ဟွမ်ထောင်ကပြုံးလိုက်ပြီး ပဟေဠိ ဆန်သောအမူအရာဖြင့် ကျူးကဲကို စိုက်ကြည့်လိုက်သည်။
“မင်းကို ကျူးကဲလို့ မခေါ်သင့်ဘူး”
“သူဌေးဟွမ်.. မင်းစကားက ဘာကိုဆိုလိုတာလဲ”
“ငါက ဘာကိုဆိုလိုတာလဲ.. ဟုတ်လား”
ဟွမ်ထောင်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။
“တကယ်တော့ အမှောင်ဘုရင်ခံလေဒီ၁၃က မင်းကိုယ်တိုင်ပဲမဟုတ်လား”
အပိုင်း(၉၆၂) ပြီး၏