← Chapters

ကျားမ

Vol. 65 Ch. 965

ကျားမ

Vol. 65 Ch. 965

ရှောင်လင်း၏အမေ အရိုက်ခံရသောသတင်းက လျန့်ဟန်ဆီသို့ လျင်မြန်စွာရောက်ရှိသွားသည်။

သို့သော်လည်း သူက တိုက်ဂါးလျန့်ကို ဘာမှအပြစ်မပြောခဲ့ပေ။

လက်ရှိတွင် စူပါခွန်အားသိုင်းခန်းမသည် လူသိများလာပြီဖြစ်သည်။

ထို့အပြင် ချန်ယွီသည် ယခုအခါတွင် ဝမ်စစ်ထူ၏ အမာခံပရိသတ် အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။

ထို့ကြောင့် ချန်ယွီအား ပြဿနာရှာရန် လွယ်ကူမည်မဟုတ်ပေ။

သို့ရာတွင် လျန့်ဟန်အတွက် အစီအစဉ်အသစ် တစ်ခု ရှိနေခဲ့သည်။

သူ၏ ကျောင်းသားများ ပြောခဲ့သည့်စကားသာ မှန်လျှင် ဝမ်ရှောင်လင်းသည် အမှန်တကယ်ပင် ရှားပါး ပါရမီရှင်တစ်ဦး ဖြစ်သည်။

အကယ်၍ သူမအား မျှခြေမှော်ခန်းမသို့ ဆွဲဆောင်၍ မြေတောင် မြှောက်ပေးနိုင်ခဲ့လျှင် သူတို့၏ ကျဆင်းနေသော ဂုဏ်သတင်းသည် ပြန်လည်ရရှိလာမည် ဖြစ်သည်။

သို့ရာတွင် ဝမ်ရှောင်လင်းကို ခေါ်ယူရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း လျန့်ဟန် ကောင်းစွာသိသည်။

ရှင်းလင်းစွာပြောရလျှင် ရှောင်လင်း၏ အမေကို ခြိမ်းခြောက်ပြီး သင်ခန်းစာပေးမှသာ ဖြစ်နိုင်ပေမည်။

တကယ်တမ်းတွင် လျန့်ဟန်သည် ရှောင်လင်း၏မိခင် ဆီသို့ တစ်စုံတစ်ဦးအား စေလွှတ်ကာ ရှောင်လင်းကို မျှခြေမှော်ခန်းမသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ထိုတောင်းဆိုမှုကို ရှောင်လင်း၏မိခင်က ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။

လျန့်ဟန်က သူ၏ဂုဏ်သိက္ခာကို တန်ဖိုးထားသူ တစ်ဦး ဖြစ်သည်။

သူက တစ်စုံတစ်ခုကို မရနိုင်လေ ပို၍လိုချင်လေ ဖြစ်၏။

တိုက်ဂါးလျန့်သည်လည်း သူ့အဖေကဲ့သို့ သဘောထား သေးသိမ်သော စရိုက်ကို ဆက်ခံခဲ့သည်။

တိုက်ဂါးလျန့်သည် ကြီးပြင်းလာသည့် တလျှောက်တွင် ရွယ်တူကလေးများ အပေါ်၌ ဗိုလ်ကျ၍ ကြီးပြင်းလာခဲ့ရသည်။

လျန့်ဟန်က ရက်စက်လွန်း၍ သူ့ကို ပြဿနာရှာရန် မည်သူမှသတ္တိမရှိခဲ့ပေ။

ဤပုံစံအတိုင်းသာ ဆက်လက် ပြုမူနေလျှင် တိုက်ဂါးလျန့်သည် တစ်နေ့နေ့တွင် အန္တရာယ် ကျရောက်လာပေလိမ့်မည်။

ထိုနေ့ညနေခင်းတွင် ကလေးတစ်စုသည် မျှခြေမှော်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

လျန့်ဟန်က ကြက်ကြော်များစွာကို ထိုကလေးများအား ကျွေးခဲ့သည်။

ထိုကလေးများက ရှောင်လင်း၏အမေကို ဒုက္ခပေးရန် အတွက် တိုက်ဂါးလျန့်နှင့်အတူ သွားခဲ့ကြသော ကလေးများဖြစ်ကြသည်။

“ငါ့သား မင်းမနေ့က အရမ်းတော်တယ်.. မင်းကြီးလာရင် မင်းလိုချင်တာမှန်သမျှ အဖေ သေချာပေါက် ဖြည့်ဆည်းပေးမယ်”

လျန့်ဟန်က ကလေးကို ဆုံးမရမည့်အစား ချီးကျူးလိုက်သေးသည်။

ထို့နောက် သူက အခြားသော ကလေးများကို ကြည့်လိုက်သည်။

“မင်းတို့အားလုံးလုပ်တာ အရမ်းကောင်းတယ်.. ငါတို့ မိသားစုရဲ့ ကလေးက စိတ်ထိခိုက်နေတဲ့ အတွက် သူ့ကို ဂရုစိုက်ဖို့ မင်းတို့ကို ဒုက္ခပေးရဦးမှာပဲ”

လျန့်ဟန်က အလွန်ပင် လိမ္မာပါးနပ်သည်။

တိုက်ဂါးလျန့် ပြဿနာရှာသမျှကို အတူတကွ ပူးပေါင်းပေးရန် လှုံ့ဆော်ခြင်းမရှိဘဲ ဂရုစိုက်ပါ ဟူသော စကားလုံးကို သုံးနှုန်းခဲ့သည်။

“အဖေ.. မနေ့က အဖြစ်အပျက်ကို အမေ သိသွားပုံရတယ်.. သူ အရမ်းစိတ်ဆိုးနေတယ်”

ကြက်ခြေထောက်ကြော်ကို စားနေသည့် တိုက်ဂါးလျန့်က ပြောလိုက်သည်။

“ဒီကျားမကြီးကို မင်းလျစ်လျူရှုထားလို့ ရတယ်.. မင်းအမေဆီက သင်ယူမယ့်အစား မင်းအဖေဆီကပဲ ပိုပြီး သင်ယူစမ်းပါ”

လျန့်ဟန်က တိုက်ဂါးလျန့်၏ ခေါင်းကိုပွတ်သပ်ကာ ပြုံးရွှင်စွာပြောလိုက်သည်။

လျန့်ဟန်က သူ့မိန်းမကို အပြင်လူတွေ ရှေ့မှာပင် ကျားမကြီးဟု အမြဲခေါ်ဝေါ်လေ့ ရှိသည်။

ထိုအချိန်က ချန်ယွီထံမှ တက္ကသိုလ်ဆရာမကို ခိုးယူပြီးနောက်တွင် လျန့်ဟန်သည် ထိုဆရာမနှင့် လက်ထပ်ခဲ့ပြီး တိုက်ဂါးလျန့်ကို ရရှိခဲ့သည်။

ထိုနောက်ပိုင်းတွင် လျန့်ဟန်သည် သူတို့ လင်မယားနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြင်နာမှု သိပ်မရှိဟု ခံစားခဲ့ရသည်။

ချန်ယွီ၏အရှေ့တွင် တိုက်ဂါးလျန့်၏အမေကို လက်ထပ်နိုင်ခဲ့သော်လည်း ဝမ်းသာပီတိ ဖြစ်မနေခဲ့ပေ။

သူ့အတွက် အရေးအကြီးဆုံးမှာ သားဖြစ်သူ တိုက်ဂါးလျန့်ကို အမြင့်ဆုံးအဆင့်ထိ ရောက်ရန် ပြုစုပျိုးထောင်ဖို့သာ ဖြစ်သည်။

သူ့မိသားစု၏ ကျားမကြီးက ဘာမှကြောက်စရာမရှိပေ။

ဆိုရလျှင် သူမသည် သူ့မိန်းမ ဖြစ်သော်လည်း သူ့လောက် မရက်စက်တတ်ချေ။

သူက သူ့သားကို ကျားကြီးတစ်ကောင်လို အကာအကွယ်ပေးမည့် ဖခင်မျိုး ဖြစ်၏။

ဆိုရိုးစကားအတိုင်းပင် ကျားတွင်းထဲကို မဝင်ဘဲ ကျားကလေးကို မည်သို့ ဖမ်းနိုင်ပါမည်နည်း။

သို့ရာတွင် ထိုဂန္တဝင်ဆိုရိုးစကားက ပျက်ပြားတော့မည်ဟု သူ မသိလိုက်ပေ။

ဖေဖေချန်း မှန်းဆထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် တိုက်ဂါးလျန့်သည် ရှောင်လေး၏ မိခင်ကို ပြဿနာရှာရန်အတွက် ကလေးတစ်စုကို ထပ်မံ ခေါ်ဆောင်သွားပြန်သည်။

တကယ်တမ်း သူတို့သာ အသက်ပြည့်လျှင် သူတို့၏ လုပ်ဆောင်ချက်များသည် ရာဇဝတ်မှုဟု သတ်မှတ်ခံရမည်မှန်း သူတို့မသိခဲ့ကြပေ။

ထိုအစား သူတို့သည် ပျော်စရာလုပ်ရပ် တစ်ခုဟုသာ ထင်မြင်ခဲ့ကြသည်။

ကလေးများက သူတို့၏လုပ်ဆောင်ချက် မည်မျှ ဆိုးရွားမှန်း နားမလည်ခဲ့ကြပေ။

ထိုသို့သော အခြေအနေမျိုးတွင် မိဘများသည် သားသမီးများကို ပြောင်ပြောင်တင်းတင်း အားမပေးသင့်ပေ။

သို့မဟုတ်လျှင် ကလေးများသည် ယခင်ကထက်ပင် ပိုမို၍ မဆင်မခြင်လုပ်ရပ်များကို လုပ်လာနိုင်ပေသည်။

ဖေဖေချန်းက ချန်းချောင်နှင့် ဝမ်ရှောင်လင်း တို့ကို ဘာမှလုပ်ခွင့်မပေးခဲ့ပေ။

ရှောင်လေးမိခင်၏ ပလုံဆိုင်သည် ကော်ဖီဆိုင်အနီးတွင် ရှိသည်။

ဖေဖေချန်းက ချန်းချောင်နှင့် ဝမ်ရှောင်လင်းကို ထိုကော်ဖီဆိုင်သို့ ခေါ်သွားကာ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာခင်မှာပင် တိုက်ဂါးလျန့်သည် သူတို့၏ မြင်ကွင်း၌ ပေါ်လာသည်။

ဝမ်ရှောင်လင်းက ထိတ်လန့်စွာပင် တိုက်ဂါးလျန့်တို့ကို ညွှန်ပြလိုက်သည်။

ချန်းချောင်က ဝမ်ရှောင်လင်း၏ တုန်ယင်နေသောလက်ကို ဆုတ်ကိုင်လိုက်ပြီး သူမကို စိတ်တည်ငြိမ်အောင် နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ ရှောင်လင်း.. ငါတို့က ဒီပွဲကို စောင့်ကြည့်နေဖို့ပဲလိုတယ်”

တကယ်လည်း သူတို့က ဤပွဲကိုကြည့်ရှုရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ဂိုဏ်းခေါင်းဆောင်သုံးယောက်၏ သားများသည် ရှောင်လေးမိခင်၏ ပလုံဆိုင်ထဲတွင် စောင့်ဆိုင်းနေကြသောကြောင့်ပင်။

မနက်စောစောကတည်းကပင် ဇိမ်ခံကားတစ်စီးသည် သူတို့သုံးယောက်ကို ပလုံဆိုင် ဆီသို့ ခေါ်လာခဲ့သည်။

သူတို့ကိုမြင်လျှင် ရှောင်လေး၏မိခင်က အံ့ဩသွားပြီး ပြဿနာရှာခံရတော့မည်ကို တွေးမိလိုက်သည်။

အဆုံးသတ်တွင် ယာဉ်မောင်းဖြစ်သည့် သက်တော်စောင့်သည် ရှောင်လင်းတို့အမေ၏ ဆိုင်အတွင်းမှ အမှိုက်အားလုံးကို ငွေသားအဖြစ် ဝယ်ယူခဲ့သည်။

ဟုတ်ပါသည်၊ သက်တော်စောင့်များသည် ဤအမှိုက်များကို လုံးဝမလိုအပ်ပေ။

သူကရှောင်လင်းတို့အမေကို အကူအညီပေးခဲ့ခြင်းသာဖြစ်သည်။

ထို့နောက်တွင် သခင်လေးသုံးယောက်ကို ဆိုင်ထဲ၌ နေရာချပေးခဲ့သည်။

ထို့နောက်တွင် ပျမ်းမျှအသက် ဆယ်နှစ်အောက်သာရှိသော အာဏာရှင်မြေကမ္ဘာဂိုဏ်း၊ ကောင်းကင်ရွှယ်ဂိုဏ်းနှင့် ကြယ်ပွင့်လူသတ်သမားဂိုဏ်းမှ သခင်လေးသုံးယောက်သည် ခေါက်ထိုင်ခုံလေးများတွင်ထိုင်ကာ တိုက်ဂါးလျန့်တို့အဖွဲ့ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သခင်လေးသုံးယောက်က ထိုင်ခုံပေါ်တွင် အလွန်မြင့်မြတ်သော ကိုယ်ဟန်အနေအထားဖြင့် ထိုင်နေခဲ့ကြသည်။

သူတို့တစ်ဦးချင်းစီက အနောက်တိုင်းဝတ်စုံအသေးစားကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်ကို တပ်ထားကြသည်။

ရှောင်လင်းတို့အမေက ထိုကလေးသုံးယောက်ကို အဘယ်ကြောင့်ဆိုင်ထဲတွင် အချိန်ဖြုန်းနေမှန်း မသိခဲ့ပေ။

သို့သော်နေ့ခင်းဘက်အရောက်တွင် ယမန်နေ့ကသူမကို ဒုက္ခပေးခဲ့သော တိုက်ဂါးလျန့်တို့အဖွဲ့ ရောက်ရှိလာသည်ကို သူမတွေ့လိုက်ရသည်။

အစပိုင်းတွင် သူမသည် တိုက်ဂါးလျန့်တို့ကို တောင်းပန်ရန် စိတ်ကူးထားခဲ့သည်။

ယမန်နေ့က တိုက်ဂါးလျန့်၏မှော်မီးလုံးကြောင့် အမှိုက်များမီးလောင်သွားသည်ကို ပြန်တွေးမိလိုက်ချိန်တွင် သူမသည် ကြောက်ရွံ့မှုခံစားချက်များကို ခံစားလိုက်ရသည်။

ရှောင်လင်းတို့အမေ၏ အမူအယာကိုမြင်လျှင် နံဘေးရှိသက်တော်စောင့်က ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။

“အန်တီဘာမှစိတ်မပူပါနဲ့.. အေးအေးဆေးဆေးပဲနေပါ.. ဒီကိစ္စကို ဟိုကလေးတွေကိုပဲ ကိုင်တွယ်ခွင့်ပြုလိုက်ပါ”

သူကသခင်လေးသုံးယောက်၏ ဘေးကင်းမှုအတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဆိုရလျှင်သက်တော်စောင့်သည် အခြေအနေကို ထိန်းချုပ်ရန်အတွက် ဤနေရာတွင်ရှိနေခြင်းဆိုလည်း မမှားပေ။

မထင်မှတ်သောအရာတစ်ခုခုဖြစ်လာခဲ့လျှင် ကယ်တင်ရှင်ထွက်ပေါ်လာရန်မှာ ခဲယဉ်းသည်မဟုတ်ပါလော။

သက်တော်စောင့်က အာဏာရှင်မြေကမ္ဘာ၏ဂိုဏ်းခေါင်းဆောင် ကျန်းကျစ်တီ၏အမိန့်အရ ဤနေရတွင်ရှိနေခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှာပင် တိုက်ဂါးလျန့်ကရောက်ရှိလာသည်။

ပလုံဆိုင်အတွင်းထိုင်နေသော သခင်လေးသုံးယောက်ကိုမြင်လျှင် သူကခနဲ့တဲ့တဲ့ရယ်မောလိုက်သည်။

“မင်းတို့သုံးယောက်က ရှောင်လင်းအမေရဲ့စစ်ကူတွေလား”

သခင်လေးသုံးယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ကြပေ။

သူတို့က ယနေ့ဖျော်ဖြေပွဲအတွက် မနက်အစောကြီးထကာ ဆံပင်ကိုသပ်ရပ်စွာညှပ်ပြီး ဝတ်စုံစင်တူကိုပင် ဝတ်ဆင်ထားခဲ့ကြသည်။

သူတို့က အရပ်အမောင်းကွာခြားမှု သိပ်မရှိသဖြင့် ရုတ်တရက်ကြည့်လျှင် ညီအစ်ကိုသုံးယောက်ဟုပင် ထင်ရသည်။

ဂိုဏ်းခေါင်းဆောင်သုံးယောက်၏ဆက်ဆံရေးက အလွန်ကောင်းမွန်သောကြောင့် သခင်လေးသုံးယောက်၏ ဆက်ဆံရေးကလည်း သာမန်ဆက်ဆံရေးမျိုးမဟုတ်ခဲ့ပေ။

“မင်းတို့ဘာမှပြန်မပြောရင် စစ်ကူတွေလို့ပဲ သတ်မှတ်လိုက်မယ်”

တိုက်ဂါးလျန့်က ရယ်မော၍ပြောလိုက်သည်။

“ဒါပေမဲ့မင်းတို့ကို အခွင့်အရေးတစ်ခုပေးပါရစေ.. အခုထွက်သွားမလား.. ဒါမှမဟုတ် ဆိုးဆိုးရွားရွားထိခိုက်ပြီးမှ ထွက်သွားမလား”

တိုက်ဂါးလျန့်က ဘဝတစ်လျှောက်လုံး ကလေးများကြားတွင် ဗိုလ်ကျခဲ့၍ စကားပြောသည့်အခါတွင် အလိုအလျောက်မာနကြီးသောလေးသံ ဖြစ်သွားခဲ့သည်။

သို့ရာတွင် ဤသခင်လေးသုံးယောက်သည် သာမန်ကလေးများမဟုတ်ပေ။

မျှချေမှော်ခန်းမသည် ဤဒေသတွင် အမှန်တကယ်ပင် နာမည်ကြီးသော သိုင်းခန်းမဖြစ်သည်။

ထိုသို့နာမည်ကြီးသော်လည်း တိုက်ဂါးလျန့်သည် ဂိုဏ်းခေါင်းဆောင်သုံးဦး၏ ကလေးများနှင့် မည်သို့ယှဉ်နိုင်ပါအံ့နည်း။

လျန့်ဟန်ကမည်မျှသန်မာသည်ဖြစ်စေ သို့မဟုတ် မှော်ခန်းမက မည်မျှကျော်ကြားသည်ဖြစ်စေ ၎င်းသည်စစ်မှန်သောအလင်းဂိုဏ်းများ၏ရှေ့တွင် သေးငယ်သောအစက်အပြောက်မျှသာဖြစ်သည်။

သိုင်းခန်းမခေါင်းဆောင်၏ကလေးတစ်ဦးက အဘယ်ကြောင့်ဤမျှလောက်ထိ မောက်မာနေရသလဲဆိုသည်ကို သခင်လေးသုံးယောက်က မသိနိုင်ခဲ့ပေ။

အလယ်ထိုင်ခုံတွင်ထိုင်နေသည့်သခင်‌လေးက ချက်ချင်းပင်လှုပ်ရှားလိုက်သည်။

ထိုကလေးက အာဏာရှင်မြေကမ္ဘာဂိုဏ်း၏ခေါင်းဆောင် ကျန်းကျစ်တီ၏သားဖြစ်ပြီး အသက်ရှစ်နှစ်သာရှိသေးသည်။

သူ၏လှုပ်ရှားမှုက အလွန်လျင်မြန်သောကြောင့် ချန်းချောင်က မှင်တက်သွားပြီး အသေအချာမမြင်လိုက်ရပေ။

သူသတိပြန်ဝင်လောသောအခါတွင် ထိုသခင်လေး၏လက်ဝါးရိုက်ချက်သည် တိုက်ဂါးလျန့်၏ညာဘက်ပါးပြင်ကို ထိမှန်သွားခဲ့သည်။

“ဖောင်း”

တိုက်ဂါးလျန့်က သွေးအန်သွားပြီး နောက်သို့လွင့်စင်သွားခဲ့သည်။

“စွန့်စားမှုမရှိလျှင် မည်သည့်အရာကိုမှ ရရှိနိုင်မည်မဟုတ်”

အပိုင်း(၉၆၅) ပြီး၏

All Chapters