နတ်ဆိုးကျိန်စာဆော့ဝဲလ်
Vol. 65 Ch. 967
မျှချေမှော်ခန်းမသည် မကြုံစဖူး စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်ေနရသည်။
လက်ရှိတွင် လျန့်ဟန်၏အခြေအနေသည် နောက်ပြန်လှည့်၍ရသော အခြေအနေမဟုတ်ဟု ဆိုနိုင်သည်။
တိုက်ဂါးလျန့်က ဒဏ်ရာအပြင်းအထန်ရထား၍ ဖက်ထုပ်ကဲ့သို့ စည်းနှောင်ခံထားရသည်။
ကံကောင်းစွာဖြင့် သူက ခေါင်းရှိနေပါသေးသည်။
သခင်လေးသုံးယောက်က သူ့ကို အလွန်ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း ဦးနှောက်ကိုမူ တိုက်ရိုက် မထိခိုက်စေခဲ့ပေ။
သို့ရာတွင် လျန့်ဟန်ကမူ ဦးနှောက်ကွဲမတတ် ခံစားခဲ့ရသည်။
"ချန်ရီ.. ဒီကိစ္စ ဒီမှာတင် မပြီးသေးဘူး"
လျန့်ဟန်က တိုက်ဂါးလျန့်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
တိုက်ဂါးလျန့်၏ ဒဏ်ရာက အလွန်ပြင်းထန်ပြီး စကားပင် မပြောနိုင်တော့ဘဲ ကျင့်ကြံခြင်းတရားရုံးသို့ ခေါ်သွားလျှင်ပင် အသုံးဝင်မည်မဟုတ်မှန်း သူကောင်းစွာသိသည်။
ဂိုဏ်းခေါင်းဆောင်သုံးဦးသည် သူ၏ မျှခြေမှော်ခန်းမသို့ ရှေ့နေမှတဆင့် စာများပေးပို့ထားပြီ ဖြစ်သည်။
ယခုအခါတွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှုံးနိမ့်မှုကို ဝန်ခံခြင်းပင် ဖြစ်၏။
လက်ရှိအခြေအနေအရ သူတွင် အခြား ရွေးချယ်စရာမရှိတော့ဟု ထင်ရသည်။
ထိုအချိန်မှာပင် ခန်းမအပြင်ဘက်၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လျန့်ဟန်က တံခါးဖွင့်လိုက်ရာ ရောက်ရှိလာသူကိုတွေ့ပြီး အံ့အားသင့်သွားခဲ့သည်။
ဘီယာဗိုက်နှင့် ထိပ်ပြောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ဝင်ပေါက်တွင် သုန်မှုန်သောအမူအရာဖြင့်ရပ်ကာ ဆေးလိပ်ဖွာနေခဲ့သည်။
"ဂုရုကျူးကဲပါလား"
ကျူးကဲက ကျင့်ကြံခြင်း စာဖတ်သူနက်ဝေါ့ခ်နှင့် စာချုပ်ဖျက်သိမ်းလိုက်မှန်း လျန့်ဟန် မသိသေးပေ။
ပရိသတ် တွေ့ဆုံပွဲတစ်ခုတွင် သူတို့သည် အချင်းချင်းတွေ့ဆုံခဲ့ဖူးသည်။
ထိုပွဲကို ထိပ်ဆုံးပရိသတ် အယောက်နှစ်ဆယ်သာ တက်ရောက်ရန် အရည်အချင်း ပြည့်မီ၏။
"မင်းကိုကြည့်ရတာ တစ်ခုခု အဆင်မပြေဘူးထင်တယ်"
ကျူးကဲက အေးစက်စွာပြုံး၍ ပြောလိုက်သည်။
လျန့်ဟန်၏ စိတ်ပျက်ကာ သုန်မှုန်နေသော အမူအရာကိုကြည့်ရင်း သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိသည်။
ဝက်ဘ်ဆိုက်က သူ၏စာချုပ်ကို ဖျက်သိမ်းလိုက်ရသည့် အကြောင်းအရင်းမှာ တကယ်တမ်းတွင် ကျင့်ကြံခြင်းဖိုရမ်မှ ဂိုဏ်းခေါင်းဆောင်များ၏ ဖိအားကြောင့် ဖြစ်သည်။
အယ်ဒီတာချုပ် ဟွမ်ထောင်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောမပြခဲ့သော်လည်း စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ဝန်ထမ်းအချို့နှင့် အဆက်အသွယ်ရပြီး အကြမ်းဖျင်း သိခဲ့ရသည်။
ကျူးကဲက လိပ်နက်အရိုးဆေးမှုန့် တစ်ဘူးကိုထုတ်ကာ လျန့်ဟန်အား ပေးလိုက်သည်။
"မင်းရဲ့သားလေး အရိုးထိခိုက်သွားတာ ငါသိပြီးပြီ.. ဒီပစ္စည်းကို လက်ခံလိုက်ပါ"
"ဂုရုကျူးကဲ.. မင်းက သိပ်သဘောကောင်းတာပဲ"
လျန့်ဟန်က ဆေးဘူးကို ရိုသေစွာ လက်ခံလိုက်သည်။
သူ့သားက အရိုးအားလုံးနီးပါး ကျိုးသွားသဖြင့် ဤသည်က မှန်ကန်သော လက်ဆောင်ဟုပင် ယူဆနိုင်သည်။
ကျူးကဲက ဤနေရာသို့ မလာမီ ကြိုတင်ပြင်ဆင်ထားပုံရသည်။
တိုက်ဂါးလျန့်၏ ဒဏ်ရာ အခြေအနေကိုပင် သူက သတိပြုမိခဲ့သည်။
သူတို့နှစ်ဦးက မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ကျူးကဲက ဦးစွာစကားစပြောလိုက်သည်။
"ကျင့်ကြံခြင်း စာဖတ်သူနက်ဝေါ့ခ်နဲ့ ငါ့ရဲ့စာချုပ်ကို ရပ်ဆဲလိုက်ပြီ"
လျန့်ဟန်က အံ့ဩသွားသည်။
"ဘာဖြစ်လို့လဲ ဂုရုကျူးကဲ "
"တစ်စုံတစ်ယောက်က သူတို့ကို ဖိအားပေးလိုက်လို့ပဲ"
လေဒီ၁၃က သူကိုယ်တိုင်ဖြစ်သည် ဟူသောအချက်ကိုမူ သူကမထုတ်ဖော်ခဲ့ပေ။
တကယ်တမ်းတွင် သူက ဤကိစ္စကို မဖုံးကွယ်ချင်ခဲ့ပေ။
သို့သော် ထိုကိစ္စကို ပြောလိုက်သည်နှင့် သူ့ကိုယ်သူ လေဒီ၁၃အဖြစ် အသွင်ယူရန် ဂါဝန်ကို ဝတ်ဆင်ခဲ့မှန်း လျန့်ဟန်က နောက်ပိုင်းတွင် ခန့်မှန်းမိသွားမည် ဖြစ်သည်။
ဤသည်က ကျူးကဲအတွက် အလွန်ရှက်စရာကောင်းသော ကိစ္စဖြစ်၏။
ဘီယာဗိုက်နှင့် ဖက်တီးတစ်ယောက်က ၎င်းနှင့်လိုက်ဖက်မှုမရှိသည့် ဂါဝန်ကို ဝတ်ဆင်ထားသောမြင်ကွင်းသည် မည်မျှပင် မထော်မနှမ်း ဖြစ်နေလိမ့်မည်နည်း။
သူက ပုခုံးသိုင်းကြိုးကို လက်တစ်ဖက်နှင့် တင်လိုက်သောအချိန်တွင် L ဆိုဒ်ရှိသည့်ဂါဝန်က ချက်ချင်းပင် စုတ်ပြဲသွားသည်ကို ပြန်အမှတ်ရမိသေးသည်။
"ဂုရုကျူးကဲ.. ကျွန်တော့်အထင် ဂိုဏ်းတွေရဲ့ဖိအားကြောင့်များလား"
လျန့်ဟန်က အလွန်ပင် ပါးနပ်သည်။
သူက ကျူးကဲ၏ အမူအရာပြောင်းလဲမှုကို မြင်သည်နှင့် ဖြစ်နိုင်သည်ကို အလွန်လျင်မြန်စွာ တွေးတောမိခဲ့သည်။
ရှောင်လင်းအမေကို အကူအညီပေးခဲ့ကြသည့် သခင်လေးသုံးယောက်၏ ဖခင်များသည် ဝမ်စစ်ထူ၏ ပရိသတ်များဖြစ်ကြ၍ လျန့်ဟန်အနေဖြင့် တွေးတောရန် သိပ်မခက်ပေ။
"ငါမနက်ဖြန်ကျရင် စုန့်ဟိုင်မြို့ကနေထွက်ပြီး တခြားနေရာလေးတစ်ခုမှာ အယ်ဒီတာချုပ် အဖြစ် အလုပ်သွားလုပ်တော့မယ်"
ကျူးကဲက စီးကရက်ကိုဖွာရှိုက်ရင်း လျန့်ဟန်ကိုကြည့်ကာ မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်သည်။
လျန့်ဟန်က အံကြိတ်လိုက်သည်။
"ဂုရုကျူးကဲ.. မင်းလည်း ဒီကိစ္စကို အခဲမကျေနိုင်ဘူး မဟုတ်လား.. မင်းကြိုးစားခဲ့သမျှ အရာအားလုံးက တခြားလူရဲ့ လုယူခြင်းကို ခံခဲ့ရတယ်"
"အချိန်တန်ရင် ကိုယ်ပြုတဲ့ကံက ကိုယ့်ဆီပြန်လာမှာပဲလေ.. ငါ ဘာမှစိတ်မဆိုးပါဘူး"
ကျူးကဲက အေးစက်စက် ရယ်မောလိုက်ပြီး အိတ်ကပ်ထဲမှ USB တစ်ခုကို ထုတ်လိုက်သည်။
"ငါ့ရဲ့ ပရိသတ်တစ်ယောက်က ဒီ USB ကို အမြန်ချောပို့နဲ့ ပို့ပေးလိုက်တယ်"
"ဒါကဘာလဲ"
လျန့်ဟန်က USB ကို စိုက်ကြည့်နေခဲ့သည်။
"ငါ့ပရိသတ်က ငါ့ရဲ့အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ ပြောတာပဲ.. ငါဖွင့်ကြည့်လိုက်တော့ အထဲမှာ ကျိန်စာတိုက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို တွေ့လိုက်ရတယ်"
ကျူးကဲက ပြောလိုက်သည်။
"ကျိန်စာတိုက်တဲ့ဆော့ဖ်ဝဲ.. ဟုတ်လား"
"ဒါက နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ တစ်စုံတစ်ယောက်က တီထွင်ခဲ့တာ ဖြစ်နိုင်တယ်"
"ကျိန်သာက ဘယ်လိုမျိုးတိုက်ရလဲ.. ကျိန်စာတိုက်ဖို့အတွက် ပိုက်ဆံရောပေးရလား"
"နတ်ဆိုးလမ်းစဉ်က ဘယ်သူနဲ့မှတော့ ငါမသိကျွမ်းဖူးဘူး.. ဒါပေမဲ့ ငါသိရသလောက်တော့ နတ်ဆိုးတွေက ငွေကြေးလိုမျိုး လောကီပစ္စည်းတွေကို ရှာဖွေဖို့ စိတ်မဝင်စားဘူး.. ဆော့ဖ်ဝဲကို ဖွင့်ကြည့်ပြီးတဲ့နောက်မှာ ကျိန်စာတိုက်ဖို့အတွက် လိုအပ်ချက်က ဘဝသက်တမ်းနဲ့ အလဲအလှယ်လုပ်ဖို့ပဲ"
ကျူးကဲက ရယ်မော၍ ပြောလိုက်သည်။
"ဒါကြောင့် ငါ့အတွက် ဒီဆော့ဖ်ဝဲက အသုံးမဝင်ဘူး.. ငါက မလှုပ်မယှက် အနေအထားနဲ့ နာရီပေါင်းများစွာ စာထိုင်ရေးခဲ့ရတဲ့အတွက် ကျန်းမာရေး ချို့ယွင်းနေပြီ.. ငါ့မှာ ဆီးချိုသွေးချိုအပြင် အသည်းအဆီဖုံးတဲ့ ရောဂါလည်း ရှိနေတယ်.. ဒီဘက်ခေတ်ရဲ့ အကောင်းဆုံးကျန်းမာရေး ဖြည့်စွက်စာတွေ စားမယ်ဆိုရင်တောင် ကိုယ်အလေးချိန်ကို မလျှော့ချနိုင်သရွေ့ အနှစ်တစ်ရာအတွင်း သေရမှာပဲ"
ထိုစကားကိုကြားလျှင် လျန့်ဟန်က တိတ်ဆိတ်သွားခဲ့သည်။
"ဒီကျိန်စာဆော့ဖ်ဝဲက အစစ် ဟုတ်မဟုတ်ကို ခဏထားလိုက်ဦး.. တစ်ဖက်လူကို လက်စားချေဖို့အတွက် ငါ့သက်တမ်းရဲ့ ဆယ်စုနှစ်များစွာကို စတေးလိုက်ရမယ်ဆိုရင် ဒါက တန်ဖိုးမဲ့လုပ်ရက်တစ်ခုပဲ.. အဆုံးသတ်ပြောရမယ်ဆိုရင် ဒါက အကျိုးမရှိတဲ့ လုပ်ရပ်ပဲ.. ဒါ့အအပြင် ကျိန်စာတိုက်ပြီးတာနဲ့ ငါ့အတွက် အသက်ရှင်ဖို့ နှစ်အများကြီး ကျန်ရှိတော့မှာ မဟုတ်ဘူးလေ"
ထိုစကားကိုပြောပြီးနောက် ကျူးကဲက သက်ပြင်းချလိုက်သည်။
USBကို ဆုပ်ကိုင်ထားသည့် လျန့်ဟန်က ကျူးကဲ၏ စကားအတွက် အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။
ချန်ရီကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့သည်က သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
တိုက်ဂါးလျန့်၏ ခေါင်းစခြေဆုံး ပတ်တီးတဖွေးဖွေး ဖြစ်နေသည့် ဆိုးရွားလှသောအသွင်အပြင်ကို တွေးမိလျှင် လျန့်ဟန်သည် လက်စားချေချင်စိတ်များ တဖွားဖွား ဖြစ်လာသည်။
ထို့နောက်တွင် လျန့်ဟန်သည် ဘီယာဘူး အနည်းငယ်ကိုဖွင့်ကာ တွဲဖက်စားသောက်ရန် အတွက် အရံဟင်းအချို့ကို ပြင်ဆင်ခဲ့သည်။
သူနှင့်ကျူးကဲက အရက်သောက်ရင်း စကားစမြည် ပြောခဲ့ကြသည်။
စကားပြောနေရင်း လျန့်ဟန်က သူ့ဘေးရှိလက်ပ်တော့ကို အသုံးပြုကာ USBရှိဖိုင်ကို ကူးယူထားလိုက်သည်။
နာရီဝက်ခန့် သောက်စား၍ စကားပြောပြီးသောအခါတွင် ကျူးကဲသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ငါသွားတော့မယ် ခေါင်းဆောင်လျန့်ရေ"
ကျူးကဲက နှုတ်ဆက်လိုက်ပြီး ထိုင်ခုံမှ ထလိုက်ရာ အနည်းငယ် ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။
လျန့်ဟန်က ဖေးမရန်ပြင်လိုက်ရာ ကျူးကဲက လက်ဖြင့်ဟန့်တားလိုက်ပြီး သူ့ကိုယ်သူ ထိန်းထားလိုက်သည်။
"ခေါင်းဆောင်လျန့်.. ကော်ပီကူးပြီးရင် ကျေးဇူးပြုပြီး ငါ့ဆီ USBကို ပြန်ပေးပါ"
"ကောင်းပါပြီ"
ကျူးကဲ ပြန်သွားပြီးနောက်တွင် လျန့်ဟန် ပထမဆုံး လုပ်ခဲ့သည့်အရာမှာ သူကူးယူထားသည့် ဆော့ဖ်ဝဲကို ဖွင့်ရန်ဖြစ်သည်။
ကျူးကဲ ပြောခဲ့သလိုပင် ဤသည်မှာ ကျိန်စာတိုက်သည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။
သူက ဆော့ဖ်ဝဲကိုဖွင့်လိုက်ရာ ဝင်းဒိုးတစ်ခုပေါ်လာပြီး ကောက်ရိတ်ဓားကို ကိုင်ဆောင်ထားသော ကြမ်းတမ်းခက်ထန်သည့် ကောက်ရိတ်သမားရုပ်ပုံသည် ချက်ချင်းပင် ကွန်ပျူတာမျက်နှာပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုကောက်ရိတ်သမား၏ လျှာပေါ်တွင် နာမည်ရိုက်ထည့်၍ ရသည့် ဘောက်စ်တစ်ခု ရှိသည်။
ထိုနေရာတွင် အမည်ကို ရိုက်ထည့်သောအခါ၌ ကျိန်စာတိုက်မည့်လူ၏ အသွင်အပြင်ကို တွေးတောနေရန် လိုအပ်သည်။
ထို့ပြင် မတူညီသော ကျိန်စာများအတွက် ဈေးနှုန်းများကိုလည်း စာမျက်နှာများပေါ်တွင် ရှင်းလင်းစွာမှတ်သားထားသည်။
လျန့်ဟန်က ကျိန်စာဈေးနှုန်း မီနူးကို ဖွင့်ကြည့်လိုက်သည်။
အပျော့စားကျိန်စာ=သက်တမ်းတစ်နှစ်
အလယ်အလတ်ကျိန်စာ=သက်တမ်းငါးနှစ်
ပြင်းထန်သောကျိန်စာ=သက်တမ်းရှစ်နှစ်
စူပါကျိန်စာ=သက်တမ်းဆယ်နှစ်
အဆင့်မြင့်ကျိန်စာ၄မျိုးပက်ကေ့= သက်တမ်းအနှစ်နှစ်ဆယ်
ထင်ရှားသော ကျိန်စာဈေးနှုန်းများအပြင် ညာဘက်အပေါ်ထောင့်၌ သက်တမ်းကို ထပ်မံ ဖြည့်သွင်းရန်အတွက် ဘောက်စ်တစ်ခုပင် ရှိသေးသည်ကို သူမြင်လိုက်ရသည်။
ကျိန်စာအမျိုးအစားကို မောက်စ်ဖြင့် ရွေးချယ်ပြီး ငွေဖြည့်သွင်းခြင်း ပြီးမြောက်ရန်အတွက် စိတ်ထဲတွင် နံပါတ်ကို ရွတ်ဆိုလိုက်ရုံပင်။
ကျိန်စာဈေးနှုန်းများကို ကြည့်ပြီးနောက်တွင် လျန့်ဟန်က ကောက်ကျစ်စွာပြုံးလိုက်သည်။
သူ၏ မျှခြေသိုင်းခန်းမက လွန်ခဲ့သည် ရက်အနည်းငယ်အတွင်း နာမည်ကျဆင်းကာ စီးပွားရေး ကြပ်တည်းလာသော်လည်း သူ့တွင် ကျောင်းသား အများအပြား ရှိနေပါသေးသည်။
အပိုင်း(၉၆၇) ပြီး၏