← Chapters

ချန်းချောင်၏ ကောင်းချီးပေးသောပါးစပ် မူလဇစ်​မြစ်

Vol. 65 Ch. 969

ချန်းချောင်၏ ကောင်းချီးပေးသောပါးစပ် မူလဇစ်​မြစ်

Vol. 65 Ch. 969

ထိုနေ့ပြီးနောက်တွင် ချန်းချောင်က အပြင်းဖျားကာ အဖျားတက်လာသည်။

ချန်းချောင်က ငယ်စဉ်ကတည်းကပင် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် များကို လေ့ကျင့်ထားသူဖြစ်သောကြောင့် အမြဲတစေကျန်းမာနေခဲ့သည်။

ထိုသို့တစ်ခါမှ မဖျားဖူးသောကြောင့် ဖေဖေချန်းနှင့် မေမေချန်းတို့က အလွန်စိုးရိမ်သွားကြသည်။

ဤကာလက တုပ်ကွေးရာသီလည်း ဖြစ်၍ ကလေးဆေးရုံသည် ကလေးလူနာများနှင့် ပြည့်ကျပ်နေသည်။

ဤအချိန်ထိ ဖေဖေချန်းနှင့် မေမေချန်းတို့သည် ကျိန်စာနှင့်ပတ်သက်၍ မစဉ်းစားမိခဲ့ကြပေ။

ဘယ်မိဘကမှ သူတို့ကလေး၏ အဖျားကို ကျိန်စာနှင့် ပတ်သက်နေသည်ဟု ထင်မည်မဟုတ်ပေ။

ဆေးရုံသို့ သွားရာလမ်းတွင် ရှောင်လင်းသည် အဖျားကျ ပလာစတာများကို ချန်းချောင်အား ကပ်ပေးကာ ဂရုတစိုက် ပြုစုနေခဲ့သည်။

အစပိုင်းတွင် ဖေဖေချန်းက ရှောင်လင်းကို သူတို့နှင့်အတူ မလိုက်စေလိုခဲ့ပေ။

သို့ရာတွင် ကလေးနှစ်ယောက်ကြားရှိ ဆက်ဆံရေးက အလွန်ပင် နီးစပ်နေခဲ့သည် မဟုတ်လော။

ရှောင်လင်းက ဆွံ့အသူဖြစ်သော်လည်း အလွန်ခေါင်းမာကြောင်း ဖေဖေချန်း ကောင်းစွာသိသည်။

သူမ ဆုံးဖြတ်ပြီးသားကိစ္စကို ပြောင်းလဲအောင်လုပ်ရန် မလွယ်ပေ။

ထို့ကြောင့်ပင် ဖေဖေချန်းသည် ရှောင်လင်းကို သူတို့နှင့်အတူ လိုက်ပါလာစေခဲ့သည်။

သို့ရာတွင် ဖေဖေချန်းသည် ရှောင်လင်း ကူးစက်ခံရမည်စိုးသောကြောင့် ရှောင်လင်းကို သတိထားရန် မှာကြားခဲ့သည်။

ဤနှစ်ရက်အတွင်း ချန်းမိသားစုဝင်များ စားသမျှသည် တရုတ်ဆေးဘက်ဝင် ဆေးမြစ်များ ပါဝင်နေခဲ့သည်။

ဆေးပင်အမြစ်ခေါက်ဆွဲပြုတ်၊ ဆေးပင်အမြစ်ကြက်ဥပြုတ်၊ ဆေးပင်အမြစ်ဘလက်တီး စသည်ဖြင့်...

"လူတွေအများကြီး လိုက်ဝင်ဖို့မလိုဘူး.. မင်းတို့အားလုံး အပြင်မှာစောင့်နေကြ"

သူတို့၏ တိုကင်နံပါတ်ကို ခေါ်သည်ကိုကြားလျှင် ဖေဖေချန်းသည် အားနည်းနေသည့် ချန်းချောင်ကို ကျောပိုး၍ သယ်သွားခဲ့သည်။

ဆေးရုံထဲရှိ မိဘတော်တော်များများက ချန်းချောင်လေးကို ကြည့်ကာ သနားကရုဏာသက်နေကြသည်။

"ကလေးက အရမ်းသနားဖို့ကောင်းတာပဲ"

"ဒီရာသီက တုပ်ကွေးရာသီ ဖြစ်ပေမဲ့လည်း ဒီကလေးက ဝမ်းတွေလည်းသွားပြီး အဖျားကြီးနေရှာတယ်"

"သူ့အခြေအနေကို ကြည့်ရတာ တော်တော်ဆိုးနေပုံပဲ"

ချန်းချောင်၏ သနားစဖွယ် အသွင်အ​ပြင်ကို မြင်လိုက်ရလျှင် လူများစွာ၏ မျက်နှာတွင် ကိုယ်ချင်းစာသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဤနေရာရှိ လူအများစုသည် မိဘများသာ ဖြစ်ကြသည်။

ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် မိဘတစ်ဦးအနေဖြင့် မည်မျှစိတ်ပူနေမှန်း ကောင်းစွာသိကြသည်။

ဖေဖေချန်းက အထူးကု ဆရာဝန်ထံ ကြိုတင်ဘိုကင် ယူခဲ့သည်။

တံခါးဝတွင် ချိတ်ဆွဲထားသော ပရိုဖိုင်အရ ဤအထူးကုဆရာဝန်သည် လျှိုမင်ဟုခေါ်သည့် နာမည်ကြီးဆရာဝန်တစ်ယောက်ဖြစ်သည်။

သူမက ကုသရခက်သော ကလေးရောဂါများကို အထူးကုသသည့် ပါရဂူတစ်ဦး ဖြစ်သည်။

ဖေဖေချန်းက ချန်းချောင်ကို ကျောပိုး၍ မြင်လာသည်ကို မြင်လျှင် လျှိုမင်၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်သောအမူအရာ ဖြစ်ပေါ်လာသည်။

လျှိုမင်က ကလေးအထူးကုဖြစ်၍ ကလေးပေါင်းများစွာကို မြင်ဖူးသည်။

ထို့ကြောင့် အဖျားတက်ရာမှ မေ့လဲသွားသော အခြေအနေသည် အလွန်အန္တရာယ်များကြောင်း သူမ ကောင်းစွာသိသည်။

"ရှင် သူ့ကိုကိုယ်ပူချိန် တိုင်းထားပြီးပြီလား.. ဘယ်လောက်ရှိလဲ"

"42ဒီဂရီပါ.. သူက ပိုပူလာပုံရတယ် ဒေါက်တာ"

"အင်း.. အခြေအနေက တော်တော်ဆိုးရွားတာပဲ.. ဒါပေမဲ့ အဆင်ပြေမှာပါ.. ကျွန်မ သူ့ကို ကုသနိုင်ပါတယ်"

ဒေါက်တာလျှိုမင်က အလွန်ယုံကြည်မှုရှိသော လေသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဒေါက်တာ"

ဖေဖေချန်းက သက်ပြင်းချလိုက်သည်။

"ဒီလောက်က အသေးအဖွဲပါ.. အရင်ကဆိုရင် အဖျား70ဒီဂရီလောက်ရှိတဲ့ ကလေးတစ်ယောက်ကိုတောင် ကြုံဖူးတယ်"

"70ဒီဂရီတောင်လား"

"ဟုတ်တယ်.. အဲဒါအပြင် ကလေးမိဘတွေက ကလေးပေါ်မှာ အဖြစ်သည်းမနေခဲ့ဘူး.. ကလေးရဲ့နှဖူးပေါ်မှာ ကြက်ဥတောက် ကြော်ခဲ့သေးတယ်"

".........."

"ကျွန်မသူ့ကို ကုသတော့မယ်"

ထို့နောက်တွင် ဒေါက်တာလျှိုမင်က သူမ၏ လက်နှစ်ဖက်ကို သေချာသန့်စင်လိုက်ပြီး ချန်းချောင်၏ နဖူးကိုထိလိုက်သည်။

ထိုခဏတွင် သူမ၏ လက်ဖဝါးကနေ တောက်ပသောအပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤသည်က အဖျားကျ မှော်စွမ်းရည် အမျိုးအစား ဖြစ်သည်။

ကျင့်ကြံသူများအနေဖြင့် မိမိကိုယ်ကို ကုသနိုင်ရန်အတွက် အသုံးပြုသည့် မှော်စွမ်းရည်မျိုးဖြစ်သည်။

သို့ရာတွင် ဤမှော်စွမ်းရည်၏ အခြေခံအဆင့်ကို ကျင့်ကြံရန်အတွက် အချိန်အတော်ကြာ လိုအပ်သည်။

သင်သည် ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်သူတစ်ဦးမဟုတ်ခဲ့လျှင် ဤမှော်စွမ်းရည်ကို အတိုင်းအတာတစ်ခု အထိသာ အသုံးပြုနိုင်သည်။

သို့သော် ဒေါက်တာလျှိုကဲ့သို့ ဆရာဝန်များကမူ ကွဲပြားသည်။

သူမက ဤမှော်စွမ်းရည်ကို အသုံးပြု၍ အဖျားကျအောင် ချက်ချင်းလက်ငင်း ကုသနိုင်သည်။

ဒေါက်တာလျှိုမင်က ကုသနေစဉ် ​​ဆေးရုံကုတင်ပေါ်ရှိ တိုင်းတာမှုကိုပါ စောင့်ကြည့်ခဲ့သည်။

ဆေးရုံကုတင်သည် မှော်ရတနာ သုတေသနဌာနနှင့် သိပ္ပံအကယ်ဒမီတို့ ပူးပေါင်း တီထွင်ထားသည့် သိပ္ပံနည်းကျကျင့်ကြံခြင်း မှော်ကိရိယာတစ်ခု ဖြစ်သည်။

၎င်းက ၎င်းပေါ်တွင် လဲလျောင်းနေသော လူနာတစ်ဦး၏ အခြေအနေ အားလုံးကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်သည်။

ထို့ကြောင့် ထိုကဲ့သို့ ကုတင်တစ်လုံးရှိလျှင် ဆေးရုံပေါ်တွင် ပြာပန်းခပ်မျှ ပြေးလွှားနေသည့် ဆေးရုံဝန်ထမ်းများ၏ အခက်အခဲကို ဖြေရှင်းနိုင်မည် ဖြစ်၏။

ဒေါက်တာလျှိုမင်က မှော်အစွမ်းဖြင့် ကုသပြီးနောက်တွင် ချန်းချောင်၏အပူချိန်သည် 42ဒီဂရီမှ 39ဒီဂရီသို့ ကျဆင်းသွားခဲ့သည်။

သို့ရာတွင် ဤသည်က သာမန်လူတစ်ဦး၏ ကိုယ်အပူချိန်မဟုတ်သေးပေ။

"အလုပ်မဖြစ်ဘူး.. သူ့ရဲ့အပူချိန်က ကျမသွားသေးဘူး"

ဒေါက်တာလျှိုမင်က ခေါင်းခါယမ်းလိုက်သည်။

"ဒေါက်တာ.. ကလေးကဗိုင်းရက်စ်များ မိနေတာလား"

"ကျွန်မ အတွေ့အကြုံအရတော့ ဗိုင်းရက်စ်မိတာ မဟုတ်ဘူး"

ဒေါက်တာလျှိုမင်က ပြောလိုက်သည်။

"ရှင့်ကလေးက ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်နေတာလား"

"ထူးခြားတဲ့ကျင့်စဉ်လား"

"ဟုတ်တယ်.. အခုခေတ်မိဘတချို့က အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်ခင်မှာ သူတို့ကလေးတွေရဲ့ ကျင့်ကြံမှုအပေါ်မှာ အရမ်းကို တင်းကျပ်လွန်းတယ်.. သူတို့က သားသမီးတွေကို အဆင့်မြင့်ကျင့်စဉ်တွေ သင်ယူစေခဲ့ပေမဲ့ အဲဒီကျင့်စဉ်တွေနဲ့ ကလေးတွေကသင့်တော်ရဲ့လား ဆိုတာကိုတော့ မေ့နေတတ်ကြတယ်.. ကျင့်စဉ်နဲ့ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်က မကိုက်ညီရင်လည်း ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့အဖျားကို ဖြစ်စေနိုင်တယ်လေ"

ဒေါက်တာလျှို၏ ရှင်းပြမှုကိုကြားလျှင် ဖေဖေချန်းက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

"ကျွန်တော့်ကလေးက ဖျားလေ့ဖျားထ မရှိဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သိုင်းခန်းမရဲ့ ခန္ဓာကိုယ်နည်းစနစ်တွေကို ငယ်ငယ်ကတည်းက ကျင့်သုံးခဲ့လို့ပဲ.. အဆင့်မြင့် ကျင့်စဉ်တွေ ကျင့်ကြွမယ့်အစား ခန္ဓာကိုယ် နည်းစနစ်တွေကိုပဲ သူ့ကိုကျင့်စေခဲ့တယ်"

ဖေဖေချန်း၏ စကားကိုကြားလျှင် ဒေါက်တာလျှိုက မျက်မှောင်ကြုတ်လိုက်သည်။

"ရှင့်ကလေးရဲ့အဖျားက ဘယ်အချိန်မှာ စတက်တာလဲ"

"မနက်အစောကြီးဖြစ်နိုင်တယ်"

"သူအဖျားတက်နေတာကို သတိထားမိတော့ ၆နာရီထိုးနေပြီ.. ပုံမှန်ဆိုရင်တော့ အဲဒီအချိန်က သူလေ့ကျင့်နေကျ အချိန်ပဲ.. လေ့ကျင့်နေတာကို မတွေ့လို့ သူ့အခန်းကို သွားကြည့်မှ အဖျားတက်နေမှန်း သိခဲ့ရတယ်"

ဖေဖေချန်းက ချန်းချောင်၏ လက်ကို ဆုပ်ကိုင်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ဒေါက်တာလျှို.. မင်းတစ်ခုခုသိထားရင် ငါ့ကို​ပြောပြပါ"

"တကယ်တော့ ရှင့်ရဲ့ကလေးက ကျန်းမာရေးကောင်းတယ်.. ကျွန်မရဲ့ စစ်ဆေးချက်အရတော့ ဒီပုံမှန်မဟုတ်တဲ့အဖျား ဖြစ်ပေါ်ရခြင်းမှာ နက်နဲတဲ့ အကြောင်းအရင်းတွေ ရှိမယ်လို့ထင်တယ်"

ဒေါက်တာလျှိုမင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ရှင့်မှာ ရန်သူရှိလား"

"ရန်သူလား"

ဖေဖေချန်းက အံ့အားသင့်သွားသည်။

ထိုခဏမှာပင် သူက ရုတ်တရက် လျန့်ဟန်ကို တွေးမိလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဖေဖေချန်းသည် လျန့်ဟန်က သူ့ကလေးအား ထိုသို့ပြုလုပ်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။

ထို့ပြင် ဤသည်မှာ ယခုအချိန်၌ မှန်းဆချက် သက်သက်သာ ရှိပါသေးသည်။

အကယ်၍ နောက်ကွယ်မှ တရားခံမှာ လျန့်ဟန် ဖြစ်နေခဲ့လျှင်ပင် ဖေဖေချန်း၌ သက်သေမရှိသေးပေ။

"ဒေါက်တာလျှိုက သားလေးဖျားတာကို ကျိန်စာကြောင့်လို့ ပြောချင်တာလား"

"ဟုတ်တယ်.. အမျိုးမျိုးသော ရောဂါလက္ခဏာတွေကို ကြည့်ပြီး ရှင့်ကလေးရဲ့ပုံမှန်မဟုတ်တဲ့အဖျားက ကျိန်စာတစ်ခုခုကြောင့်လို့ ကျွန်မသံသယဖြစ်မိတယ်.. ကျွန်မတို့ ဆေးရုံမှာ ကျိန်စာတိုက်ဖျက်ရေး ဌာနလည်း ရှိပေမဲ့ ရှင့်ကလေးရဲ့ကျိန်စာက အနည်းငယ် ရှုပ်ထွေးနေတယ်..ဘယ်လိုကျိန်စာမျိုးလဲဆိုတာ မသိတဲ့အတွက် ကျိန်စာကို ပြန်ဖျက်ဖို့ဆိုရင် အနည်းဆုံး နှစ်ရက်လောက် အချိန်ယူရမှာဖြစ်တယ်.. ဒါပေမဲ့ ဒီနှစ်ရက် ဆိုတဲ့အချိန်က ရှင့်ကလေးရဲ့ ရောဂါကို ပိုပြီးတော့ဆိုးဝါးသွားစေလိမ့်မယ်"

"ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ"

ဖေဖေချန်းက စိုးရိမ်ပူပန်သွားခဲ့သည်။

"ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်ကို ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရမယ်"

ဒေါက်တာလျှိုက လေးနက်စွာပြောလိုက်သည်။

ထို့နောက် သူမက ဆေးဘက်ဆိုင်ရာ ဖိုင်တစ်ခုတွင် ဖေဖေချန်းဖတ်ရှု၍ မရသော စကားလုံးများစွာကို ရေးသားလိုက်ပြီး သူမ၏ ကိုယ်ပိုင် သတ္တုတံဆိပ်ကို ရိုက်နှိပ်လိုက်သည်။

"ဒီဆေးမှတ်တမ်းကိုယူပြီး မြို့ရဲ့အနောက်ဘက်မှာ ငါ့ရဲ့ဆရာကို သွားရှာပါ.. ငါ့ကိုယုံကြည်ပါ.. သူ့မှာ ကုသဖို့နည်းလမ်းရှိတယ်.. ရှင့်ကလေးရဲ့ ရောဂါက ဒီတိုင်းဆို မလွယ်ဘူး.. အခုချိန်မှာ ချန်းချောင်လေးရဲ့ အပူချိန်ကို 39ဒီဂရီမှာ ထိန်းထားနိုင်တယ်ဆိုပေမဲ့ အဲဒါက ကြာရှည်ခံမှာမဟုတ်ဘူး.. ရှင့်အနေနဲ့ အခုချက်ချင်း အမြန်ဆုံးသွားမှ ဖြစ်လိမ့်မယ်"

"ဒေါက်တာလျှိုရဲ့ဆရာလား.. နားလည်ပါပြီ.. ကျေးဇူးတင်ပါတယ် ဒေါက်တာလျှို"

ဒေါက်တာလျှို၏ အလေးအနက်စကားကြောင့် ဖေဖေချန်းက တုန်လှုပ်သွားခဲ့သည်။

အဖြစ်အပျက်က ဤအခြေအနေထိ ရောက်နေရာ သူ့အနေဖြင့် သူမစကားကိုသာ ယုံကြည်ရတော့မည်ဖြစ်သည်။

နှစ်နာရီခန့်အကြာတွင် ဖေဖေချန်းသည် ဒေါက်တာလျှို ညွှန်ပေးလိုက်သော နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤနေရာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်သည်။

ဒေါက်တာလျှို ကိုယ်တိုင်ရေးခဲ့သော ဆေးမှတ်တမ်းကို အားကိုးအားထားပြု၍ ဖေဖေချန်းသည် ဒေါက်တာလျှို၏ဆရာနှင့် တွေ့ခွင့်ရခဲ့သည်။

ဒေါက်တာလျှို၏ဆရာက ကြည်ညိုဖွယ်ကောင်းသော ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး ဆံပင် နှင့် မုတ်ဆိတ်မွှေးများပင် ဖွေးဖွေးဖြူနေပြီ ဖြစ်သည်။

ထိုဘုန်းတော်ကြီးက အော်မီတောဖောဟု ရွတ်ဆိုကာ ချန်းချောင်ကို ဖေဖေချန်း၏ လက်ထဲကနေ ပွေ့ချီလိုက်သည်။

"ဒီလိုကလေးငယ်ကို ဘယ်နတ်ဆိုးက ကျိန်စာတိုက်လိုက်တာများလဲ.. ဘယ်လောက်တောင် ရက်စက်လိုက်သလဲ"

"ဘုန်းတော်ကြီး.. ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကို ကူညီပေးပါ"

"မစိုးရိမ်ပါနဲ့ ဒကာတော်"

ဘုန်းတော်ကြီးက ခေါင်းငြိမ့်လိုက်သည်။

ထို့နောက်တွင် ဘုန်းတော်ကြီးက ချန်းချောင်၏ နဖူးကို လက်ညိုးဖြင့်ထိလိုက်သည်အား ဖေဖေချန်း တွေ့လိုက်ရသည်။

ဘုန်းတော်ကြီး၏ လက်ညိုးကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချန်းချောင်၏ ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်ချီကို သုတ်သင်လိုက်သည်။

ထို့နောက်တွင် ဘုန်းတော်ကြီးက သူ၏ ချွေးများကို သုတ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဒကာတော်.. အခု မင်းရဲ့ကလေးက နေကောင်းသွားပါပြီ"

ဖေဖေချန်းက အနည်းငယ် သံသယဖြစ်မိသွားသည်။

"တကယ်လား ဘုန်းတော်ကြီး"

"အင်း.. အခုအဆင်ပြေသွားပါပြီ ဒကာတော်.. မင်းရဲ့သားလေး ခန္ဓာကိုယ်က ဉာဏ်အလင်းပါ ရရှိသွားခဲ့ပြီ"

ဖေဖေချန်း ".........."

အပိုင်း(၉၆၉) ပြီး၏

All Chapters