← Chapters

ဒုက္ခတော့ရောက်လာပြီ

Vol. 65 Ch. 974

ဒုက္ခတော့ရောက်လာပြီ

Vol. 65 Ch. 974

ညစာစားချိန်နှင့်ကပ်မှ ကော်ဖျင်က ရောက်လာသည်။

သူက ဖိတ်ထားခြင်းမရှိဘဲ လာခဲ့သော်လည်း လက်ရှိအချိန်တွင် ထင်ရှားကျော်ကြားသူ ဖြစ်သည်။

ထို့ပြင်ကော်ဖျင်သည် ဝမ်လင်း၏ တာအိုအဆောင်ကို အက်ပ်ဒိတ်မြှင့်တင်ရာတွင် ပါဝင်ကူညီခဲ့ကြောင်း ဝမ်လင်း တစ်ခါမှ မသိခဲ့ပေ။

ဝမ်လင်းသိထားသည်မှာ ဝမ်မင်အပြင် ဥက္ကဌချီ တစ်ယောက်သာ သိထားခဲ့သည်။

ဆိုရလျှင် သူ၏ တာအိုအဆောင်လက်ဖွဲ့နှင့် ပတ်သက်သည့်သုနေသနသည် လျှို့ဝှက်သည့် သုတေသနတစ်ခု ဖြစ်သည်။

မေမေဝမ်က အနည်းငယ် အံ့ဩသွားသည်။

“ဆရာကော် ဒီနေ့ရောက်လာတာက ဘာကိစ္စများရှိလို့လဲ”

“ထွေထွေထူးထူး ကိစ္စတော့ မရှိပါဘူး.. ငါ့ရဲ့တူလေးက ဝမ်လင်းရဲ့ အတန်းဖော်လေ.. အတန်းထဲမှာလည်း ဝမ်လင်းရဲ့ဂရုစိုက်မှုတွေ အများကြီးကို ရရှိထားတယ်.. ဒီနေ့က ဝမ်လင်းဆီကို သက်သက်လာလည်တာပါ”

ကော်ဖျင်က ပြောလိုက်သည်။

“..........”

ထို့နောက်တွင် မေမေဝမ်သည် ကော်ဖျင်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

သိပ်မကြာခင်မှာပင် အာဝဇ္ဇန်းရွှင်သော ကော်ဖျင်သည် မေမေဝမ်တို့နှင့် အလွန်ရင်းနှီးသွားသည်။

ဝမ်မိသားစုက ဧည့်သည်များအပေါ်တွင် အမြဲလိုလို ဧည့်ဝတ်ကျေလေ့ရှိပြီး ထုံးစံအတိုင်းပင် မေမေဝမ်သည် ကော်ဖျင်ကို ညစာစားရန် ဖိတ်ခေါ်လိုက်သည်။

ဖိုးဖိုးဝမ်က လွန်ခဲ့သည့်ရက် အနည်းငယ်ကပင် တီဗွီတွင် ကျော်ကြားနေသူက သူ၏ အိမ်ကလေးသို့ လာလည်သည်ကိုမြင်သောအခါ မျက်နှာတစ်ခုလုံး တောက်ပသွားခဲ့သည်။

သူက ဤရက်ပိုင်းတွင် ဟင်းအသစ်တစ်မျိုး တီထွင်ခဲ့သေးသည်။

“ဆရာကော်လာတာနဲ့ အတော်ပဲ.. ငါ့ရဲ့ ဟင်းအသစ်ကို ဒီညမြည်းစမ်းကြည့်မှရမယ်”

“အဖိုးက ဟင်းချက်ကောင်းတယ်လို့ ကြားမိတယ်.. အဖိုးရဲ့လက်ရာကိုစားရမယ်ဆိုတော့ ကျွန်တော် အရမ်းကံကောင်းတာပဲ”

ကော်ဖျင်က ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဆရာကော်.. မင်းက ငါ့ကို အရမ်းမြှောက်ပင့်နေတာပဲ.. ဒီည ငါ့ရဲ့ဟင်းအသစ်က ရေခဲနီဘယ်ရီသီး အစာသွပ်မုန့်ပဲ.. ဒီဟင်းကို ပြုလုပ်ဖို့အတွက် ရေခဲနီဘယ်ရီသီးရဲ့ အခွံထဲက အသားကို အရင်ထုတ်ရတယ်.. ပြီးရင် ဂျုံနဲ့လုံးပြီး မီးပြင်းပြင်းနဲ့ လှိမ့်ပြီး ကြော်ရတယ်.. အဲဒါမှ အရသာပြည့်စုံတဲ့ အစာသွပ်မုန့် တစ်ခုကို ရရှိမှာဖြစ်တယ်”

သူ၏ဟင်းပွဲအသစ်နှင့် ပတ်သက်၍ ဖိုးဖိုးဝမ်က စကားစမြည်ပြောဆိုခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

“အဖိုးက ကျွန်တော့်ကို သိပ်အထင်ကြီးနေတဲ့ပုံပဲ”

ကော်ဖျင်က ဖိုးဖိုးဝမ်၏ စကားကို နားထောင်၍ လွတ်လပ်စွာရယ်မောလိုက်သည်။

“အဖိုး.. ကျွန်တော့်ကို ဆရာကော်လို့ ခေါ်စရာ မလိုပါဘူး.. ကော်လေးဆိုရင် ရပါပြီ”

“ကောင်းပါပြီ ကော်လေး.. မြေးလေးလင်းကို လာရှာတာမဟုတ်လား.. သူ့ကိုငါခေါ်လိုက်မယ်”

မေမေဝမ်က ပြောလိုက်သည်။

“အန်တီ အလုပ်များနေပါမယ်.. ကျွန်တော့် ဘာသာသွားရှာလိုက်ပါမယ်”

ကော်ဖျင်က ပြောလိုက်သည်။

အောက်ထပ်တွင် စကားစမြည် ပြောဆိုသံများကို ဒုတိယထပ်မှဝမ်လင်းက ကြားလိုက်ရပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူ၏အဆောင်လက်ဖွဲ့ အက်ပ်ဒိတ် မြှင့်တင်မှုတွင် ကော်ဖျင်ပါဝင်ပတ်သက်နေမှုကို ဝမ်မင်က အရိပ်အမြွက်လောက်ပင် မပြောပြခဲ့သဖြင့် ဝမ်လင်းကအံ့ဩနေခဲ့သည်။

အဆုံးသတ်တွင် သူ၏စွမ်းအားကို ထိန်းချုပ်သည့် တာအိုအဆောင်လက်ဖွဲ့ကို ဖန်တီးခြင်းသည် အလွန်ပင်အရေးကြီးသောအရာဖြစ်သည်။

ဝမ်လင်းက ဤကိစ္စကိုမေးရန် ဝမ်မင်ကို စာပို့ထားခဲ့သော်လည်း အကြောင်းပြန်စာကို ယခုထိမရရှိသေးပေ။

ပုံမှန်အခြေအနေဆိုလျှင် ဝမ်မင်သည် စက္ကန့်ပိုင်းအတွင်း ပြန်လည်ဖြေကြားလေ့ရှိသော်လည်း ယခုအခါတွင် ထူးခြားနေခဲ့သည်။

ကော်ဖျင်က သူ့အကြောင်းကို အလွန်ရင်းနှီးနေပြီး အပြင်လူအဖြစ် လုံးဝ မသတ်မှတ်ထားကြောင်း ဝမ်လင်းခံစားခဲ့ရသည်။

ကော်ဖျင်က ဝမ်လင်း၏ အိပ်ခန်းရှိရာသို့ အတိအကျသိနေသကဲ့သို့ပင် ယုံကြည်မှုအပြည့်ဖြင့် ဒုတိယထပ်သို့ တက်သွားခဲ့သည်။

ဖေဖေဝမ်၏ စာကြည့်ခန်းကို ဖြတ်ကျော်လိုက်ရင်း သူကပို၍ပင် ပေါ့ပါးစွာ လှမ်းလာခဲ့သည်။

ဤသည်ကိုကြည့်လျှင် ဖေဖေဝမ်၏ ဝိသေသလက္ခဏာကို ကောင်းစွာသိထားကြောင်း ထင်ရှားနေသည်။

ဝမ်မင်က ကော်ဖျင်ကို ဝမ်မိသားစုအိမ်ကလေးနှင့် ပတ်သက်၍ အတော်လေး ပြောပြထားပုံရသည်။

ဝမ်လင်း၏ အိပ်ခန်းတံခါးကို ရောက်လျှင် ကော်ဖျင်က တံခါးခေါက်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။

ထို့ကြောင့် သူက တံခါးလက်ကိုင်ကို လှည့်လိုက်ရာ အိပ်ခန်းတံခါးတွင် လူမျက်နှာတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

နောက်ဆုံးတစ်ကြိမ်က ဝမ်လင်း၏ အိပ်ခန်းထဲသို့ မေမေဝမ်တံခါးမခေါက်ဘဲ ဝင်လာပြီးနောက်ပိုင်းတွင် ဝမ်လင်းသည် အိပ်ခန်းတံခါးကို ဉာဏ်အလင်းပေးခဲ့သည်။

ဤဉာဏ်အလင်းရအဖွဲ့၏ အဖွဲ့ဝင်အသစ်ဖြစ်သူမှာ နာဂါတိုဟုခေါ်သော တံခါးစောင့် ဖြစ်သည်။

“ကျွန်တော်တို့သခင်လေးက ဒီနေ့ ဧည့်မတွေ့ဘူး”

တံခါးစောင့်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

“မင်းအနေနဲ့ အတင်းအကျပ် ကျူးကျော်မယ်ဆိုရင် ငါမင်းကို အရေးယူရလိမ့်မယ်”

“ဒီတံခါးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ”

ကော်ဖျင်က ရယ်မောလိုက်သည်။

နာဂါတိုက ခြိမ်းခြောက် စကားပြောဆိုခဲ့သော်လည်း ကော်ဖျင်က မကြောက်သဖြင့် နာဂါတိုတစ်ယောက် လျင်မြန်စွာပင် ငြိမ်သက်သွားခဲ့သည်။

ကော်ဖျင်က ဝမ်လင်း၏ လျှို့ဝှက်ချက်ကို ကောင်းစွာသိရှိထားခဲ့သည်။

ထို့ကြောင့် ဝမ်မိသားစုအိမ်ငယ်လေး၏ ထူးခြားဆန်းပြားမှုအမျိုးမျိုးကို သူအံ့အားသင့်ခြင်း မရှိခဲ့ပေ။

ဝမ်လင်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေမှန်း သူကောင်းစွာသိသည်။

ဤသည်မှာ ဝမ်မင်က သူလာမည့်ကိစ္စအား ဝမ်လင်းကိုကြိုတင် မပြောပြထားခြင်းကြောင့် ဖြစ်နိုင်၏။

ဤနှစ်ရက်အတွင်း သုတေသနဌာနသည် ဂြိုဟ်သားများထံမှ အချက်အလက်များကို လက်ခံရယူပြီး ၎င်းတို့၏ယဉ်ကျေးမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။

သုတေသနဌာနက ၎င်းတို့၏နည်းပညာများနှင့် ဂြိုဟ်သားတို့ထံမှရရှိသော နည်းပညာအချက်အလက်များကို ပေါင်းစပ်ခြင်းဖြင့် သုတေသနပြုမှုများတွင် မမျှော်လင့်သော အောင်မြင်မှုများကို ဤရက်ပိုင်းတွင် ရရှိခဲ့သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း ဝမ်မင်သည် သူ၏ဦးနှောက်ကို အလွန်ပင် အသုံးချခဲ့ရသည်။

သူရောက်လာမည့်ကိစ္စကို ဝမ်လင်းအား အသိပေးမထားသည့်အကြောင်းအရင်းမှာ ဝမ်မင်တစ်ယောက် မနိုးသေးသောကြောင့် ဖြစ်နိုင်သည်ဟု ကော်ဖျင်က တွေးမိခဲ့သည်။

ဝမ်မင်သည် ဦးနှောက်ကို အလွန်အကျွံ အသုံးပြုပြီးနောက်တွင် အလွန်ပြင်းထန်သော အဖျားရောဂါဖြင့် မကြာခဏ မေ့မျောသွားလေ့ ရှိသည်။

ထိုအချိန်တွင် သူ၏အပူချိန်သည် အမြင့်ဆုံး 70ဒီဂရီ သို့မဟုတ် 80ဒီဂရီထိ ရှိ၏။

သာမန်လူတစ်ဦး၏ဦးနှောက်သည် ထိုအပူချိန်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုသို့မဖြစ်စေရန် ဝမ်မင်သည် သူ၏ဦးနှောက်ထဲတွင် အအေးပေးစနစ်ကို တပ်ဆင်ထားခဲ့သည်။

ထို့ကြောင့်ဝမ်မင်က အပြင်ဘက်တွင် အပူချိန် အလွန်မြင့်မားနေသော်လည်း ဦးခေါင်းခွံအတွင်းမှ အပူချိန်သည် ပုံမှန်အတိုင်းပင် ဖြစ်သည်။

ဝမ်လင်း အိပ်ခန်းထဲသို့ မဝင်နိုင်သည်ကို မြင်လျှင် ကော်ဖျင်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ထို့ကြောင့် ဝမ်မင်၏ အကြောင်းကိုသိရရန် ကျိုက်ယန်ကို ဖုန်းခေါ်ဆိုလိုက်သည်။

“မင်္ဂလာပါကျိုက်ရန်.. ဝမ်မင်နိုးပြီလား.. ဝမ်မင်သတိရပြီလား”

“အခုထိတော့ သတိမရသေးဘူး”

ဖုန်း၏အခြားတစ်ဖက်တွင် ကျိုက်ရန်သည် လေးနက်စွာဖြေလိုက်သည်။

“သူ့ရဲ့စိတ်ဖိစီးမှုက အတော်လေးပြင်းထန်တယ်.. အေးအေးဆေးဆေးဖြစ်သွားဖို့ နောက်ထပ်တစ်ရက်လောက်တော့ ကြာမယ်လို့ ကျွန်မ ထင်တယ်”

“နောက်ထပ်တစ်ရက် ထပ်ကြာဦးမှာလား”

“ဝမ်မိသားစုအိမ်ငယ်လေးဆီ ကျွန်တော်သွားလည်တဲ့ ကိစ္စကို ဝမ်လင်းဆီမပြောပြထားဘူး.. ဒါကြောင့် သူ့ညီလေးက ကျွန်တော့်ကို ဝင်ခွင့်မပြုဘူး ဖြစ်နေတယ်”

“ရှင်ခေါက်ဆွဲခြောက်ထုပ် မယူသွားဘူးလား”

“မယူသွားမိဘူး”

“အဲဒါဆိုရင် ရှင်ဒီနေ့ မဝယ်နိုင်မှာကို ကျွန်မစိုးရိမ်တယ်”

“..........”

“ဘာလို့လဲ”

“အဲဒါကိုနောက်မှပဲ ကျွန်မရှင်းပြမယ်.. ရှင်သိရမှာက ရှင့်ထက်ကျွန်မက သူ့ညီလေး အကြောင်းကို ပိုသိတယ်”

“ဒါနဲ့ ကျိုက်ယန် မင်းဟင်းချက်နေတာလား.. တစ်ခုခုကြော်တဲ့အသံ ငါကြားမိသလိုပဲ”

“ကျွန်မအကင် ကင်နေတာပါ”

ကျိုက်ယန်က ပြောလိုက်သည်။

သုတေသနဌာနမှာ ဂက်စ်မီးဖိုသုံးတာကို တားမြစ်ထားတယ်မဟုတ်လား”

ကျိုက်ယန်၏ နဂါးဝက်သားဟင်းက ဥက္ကဌချီကို သတ်မိလုနီးပါး ဖြစ်သွားခဲ့ကြောင်း ကော်ဖျင် သိထားခဲ့သည်။

ဥက္ကဌချီတစ်ယောက် ဆေးရုံရောက်သွားပြီးသည့်နေ့မှ စ၍ သုတေသနဌာနတွင် ဓာတ်ငွေ့မီးဖိုများ၊ မီးဖိုချောင်သုံးမီးဖိုများ၊ မိုက်ခရိုဝေ့ဗ် မီးဖိုများ စသည့် ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သော စက်ကိရိယာအားလုံးကို တားမြစ်ခဲ့သည်။

ထို့ပြင် အပူနှင့် မီးတောက်များကို ထုတ်လုပ်ပေးနိုင်သည့် မှော်ရတနာများကိုပင် ဥက္ကဌချီ၏ အမိန့်အောက်၌ သိမ်းဆည်းထားခဲ့သည်။

သတ်မှတ်ထားသော ဝန်ထမ်းများမှလွဲ၍ မည်သူမှ ယူသုံးခွင့်မရှိပေ။

အထူးသဖြင့် ကျိုက်ယန် ဖြစ်သည်။

ဆိုရလျှင် သုတေသနဌာနသည် ဇီဝလက်နက် အဖွဲ့အစည်းမဟုတ်သည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကျိုက်ယန်၏ လက်ရာဖြစ်သည့် နဂါးဝက်သား၏ သေစေနိုင်သောအစွမ်းသည် အမေကျွမ့်၏ လက်ရာကို လုံးဝ ဆက်ခံထားသည်ဟုပင် ဆိုနိုင်သည်။

ကော်ဖျင်က ပြန်ရောက်တာ မကြာသေးသော်လည်း ကျိုက်ယန်နှင့် သူမ၏ ဟင်းချက်နည်းများကို ကောင်းစွာ သိထားခဲ့သည်။

လက်ရှိတွင် သုတေသနဌာန၌ ဓာတ်ခွဲခန်းအဆင့် ဆယ်ဆင့်ရှိသည်။

အဆင့်မြင့်မားလေ သုတေသနဆောင်ရွက်နေစဉ် အတွင်း ဓာတုဗေဒပစ္စည်းယိုဖိတ်မှုနှင့် ပုံမှန်မဟုတ်သော ဓာတ်ငွေ့များ ပေါက်ကြားခြင်းမှ ကာကွယ်ရန်အတွက် ဘေးကင်းရေးနှင့် သီးခြားခွဲထားရေး စည်းစနစ်များကို ပိုမို တင်းကျပ်ထားခဲ့သည်။

သို့သော် အဆင့်တစ်ဆယ် ဓာတ်ခွဲခန်းတစ်ခုသည် ကျိုက်ယန်၏ နဂါးဝက်သားကို ကာကွယ်နိုင်မည်မဟုတ်ပေ။

ကျိုက်ယန်၏ နဂါးဝက်သားဆိုလျှင် အနည်းဆုံးအဆင့် ၁၁မှသာ ဖြစ်နိုင်လိမ့်မည်။

“ဥက္ကဌချီက ကျွန်မကိုဟင်းချက်ခွင့် မပေးဘူးလေ.. ဒါပေမဲ့မပူပါနဲ့.. ကျွန်မအကင်ကင်ဖို့ ဘာမီးဖိုမှ မလိုပါဘူး.. ဝမ်မင်ရဲ့ဒီတစ်ခေါက် အဖျားက အတော်လေးမြင့်တဲ့ အတွက် အသုံးမပြုရင် ဖြုန်းတီးရာကျမယ်လို့ ကျွန်မတွေးမိခဲ့တယ်.. ဒါကြောင့်ကျွန်မက မီးဖိုမလိုဘဲ သူ့ရဲ့ခေါင်းပေါ်မှာပဲ အကင်ကင်လိုက်တော့တယ်”

“မင်းက တကယ်ပဲ သူများရဲ့ ခေါင်းပေါ်မှာ အကင်ကင်နေတာလား”

ကော်ဖျင်က ထိတ်လန့် အံ့ဩသွားခဲ့သည်။

“ဒီလိုကင်တဲ့ အကင်က ရှားပါးတယ်နော်.. ပြန်လာတဲ့အခါ မြည်းစမ်းကြည့်လို့ရပါတယ်.. ငရုတ်ကောင်းရော ထည့်ဦးမလား”

ကျိုက်ယန်က ပြန်မေးလိုက်သည်။

အပိုင်း(၉၇၄) ပြီး၏

All Chapters