← Chapters

မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး

Vol. 8 Ch. 100

မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး

Vol. 8 Ch. 100

အဆင့်များကို အပြီးသတ်ကြေငြာပြီးသွားသောအခါ ခန်းမထဲတွင် စိတ်လှုပ်ရှားမှုများနှင့် စိတ်ပျက်အားမရမှုများ ‌ရောနှောကျန်ခဲ့တော့သည်။ အများစုက ဂုဏ်ပြုအားပေးသံများဖြင့် ဆူညံဝေဆာနေသော်ငြား အချို့ကတော့ စိတ်ပျက်ဒေါသများကို မဖုံးကွယ်နိုင်ကြတော့ပေ။ အထူးသဖြင့် နောက်ဆုံးအဆင့်ရောက်ဖို့ ကပ်သီးလေးသာလိုတော့သော ပိုင်မိသားစုပင်။

သူတို့အထင်သေးလှောင်ပြောင်ခဲ့သော ဖုန့်မိသားစုက ပထမနေရာကိုအရယူသွားနိုင်ပြီး သူတို့ကတော့ အောက်ခြေပတ်လည်က မျက်နှာမွဲမိသားစုလေးအဖြစ်သို့ ‌ရောက်ရှိသွားရလေသည်။

ထျန်းလုံမိသားစုမှာလည်း သူတို့နည်းတူ စိတ်ပျက်လက်ပျက်ပင်။ ထျန်းလုံယုပါဝင်ယှဥ်ပြိုင်သောနှစ်ဖြစ်သဖြင့် ပထမနေရာကိုအရယူနိုင်ဖို့ အတော်လေးယုံကြည်ချက်ရှိထားခဲ့သည်။ မသကာ တစ်ခုခုလွဲချော်သွားတောင် ဒုတိယနေရာလောက်တော့ သေချာပေါက်ရလောက်မည်သာပင်။

သို့သော် ယခုတော့တတိယနေရာဖြင့်ပင် ရောင့်ရဲလိုက်ရပေပြီ။ ထို့အပြင် ပထမနေရာမှဖုန့်မိသားစုနှင့် အမှတ်ကွာခြားချက်က ရင်တုန်စရာပင်ကောင်းနေရော့သည်။

ပထမနေရာကို တစ်ခြားမိသားစုရသွားလျှင် သူတို့ဤမျှစိတ်အခြေအနေမကောင်းနေစရာ အကြောင်းမရှိပေ။ သို့သော် လက်ရှိရသွားသူက သူတို့ရန်စစော်ကားထားခဲ့သည့် ဖုန့်မိသားစုဖြစ်နေလေသည်။

တစ်ဖက်တွင်မူ ဖုန့်ချန်း၏မျက်နှာထားမှာတော့ ထိုအရှုံးသမားမိသားစုနှစ်ခုနှင့် ဆန့်ကျင်ဘက်ဖြစ်လျက်သာ။

[တာဝန်အခွဲတစ်ခု အောင်မြင် - အရှေ့ပိုင်းစီရင်စုစုဝေးပွဲ၏ ပထမဆုံးပြိုင်ပွဲစဥ်တွင် ပထမနေရာရယူခြင်း အောင်မြင်သွားပါပြီ]

[ဆုလာဘ် - စနစ်ရမှတ် ၃၀,၀၀၀]

[အဓိကတာဝန်၏ လက်ရှိအဆင့် - ၄ပုံ၁ပုံ အောင်မြင်ပြီး]

စနစ်မှတက်လာသော အသိပေးချက်များကြောင့် ဖုန့်ချန်းကျေနပ်စွာပြုံးလိုက်မိသည်။

ဖုန့်ချန်းမှာ စနစ်ထံမှ စုဝေးပွဲတွင် ပထမနေရာကိုအရယူရန် တာဝန်တစ်ခုပေးအပ်ခံရပြီး ပြိုင်ပွဲစဥ်အရေအတွက်နှင့်အလိုက် တာဝန်ခွဲများခွဲဖြာသွားတာဖြစ်၏။

စနစ်ရမှတ်များကို ကုန်သလောက်အသုံးပြုမိသွားသဖြင့် ဖုန့်ချန်းမှာ ဒီတစ်ခေါက်တာဝန်ရတာကို အတော်လေးပျော်မြူးနေမိသည်။

ထို့အပြင် ပြိုင်ပွဲစဥ်တစ်ခုချင်းစီတွင် သူ့မိသားစုက ပထမနေရာရယူနိုင်ပါက သူစနစ်ရမှတ်များ ထပ်ထပ်ရပေဦးမည်။

ဖုန့်ယွင်ကတော့ အရှေ့ပြိုင်ပွဲစဥ်သုံးခုအတွက် သိပ်စိတ်ပူမနေပါချေ။ ဘာပြိုင်ပွဲအမျိုးအစားတွေလဲဆိုတာကိုတော့ မသိရသေးသဖြင့် ပထမနေရာရဖို့ကိုတော့ အသေအချာကြီးအာမမခံနိုင်ပါ။

သို့သော် တိုက်ရည်ခိုက်ရည် ဒါမှမဟုတ် ပါရမီနှင့်ဆိုင်သည့်ပြိုင်ပွဲသာဖြစ်ပါမူ မိသားစုအတွက် ပထမနေရာကိုရအောင်ယူပေးနိုင်မည်ဟု ယုံကြည်သည်။

နောက်ဆုံးပြိုင်ပွဲအတွက်မူ နည်းနည်းမှကိုကြိုတင်ပူပန်စိတ်မရှိပါ။

ဘာကိုပဲပြိုင်ရပြိုင်ရ သူ့ထံမှပထမနေရာကို မည်သူတစ်ဦးတစ်ယောက်မှလုမယူနိုင်မှာ သေချာပါသည်။

"အားလုံးပဲ တာဝန်ကျေခဲ့တယ်" စိတ်ကျေနပ်အားရစွာဖြင့် ဖုန့်ချန်းချီးမွမ်းလိုက်သည်။ အားလုံးကတော့ ဖုန့်ချန်းမှာ သူ့မိသားစုပါရမီရှင်များ၏စွမ်းဆောင်ရည်ကြောင့် ဂုဏ်ယူပြုံးပျော်နေသည်ဟုထင်မှတ်လိုက်ကြသည်။ အထူးသဖြင့် ထင်မှတ်မထားလောက်အောင် ချပြနိုင်သွားသော ဖုန့်ယွင်နှင့် ဖုန့်မေကြောင့်ဖြစ်မည်ပင်။

သေချာပေါက် သူ့မိသားစုပြိုင်ပွဲဝင်များ၏အောင်မြင်မှုအတွက် သူဝမ်းမြောက်ရသည်ဆိုပေမယ့် သူပျော်နေရသည့်အဓိကအကြောင်းရင်းမှာ စနစ်၏အသိပေးချက်များကြောင့်ပင်။

သူတို့ပါရမီဆင့်များကို သူသိပြီးသားဖြစ်သဖြင့် ထူးပြီးမအံ့သြမိသော်ငြား သူ့ကို နည်းနည်းလောက်ရင်ခုန်စေလိုက်တဲ့တစ်ယောက်တော့ရှိ၏။

"အထူးသဖြင့် မင်းပဲ ဖုန့်ကျန်းဟောင် ငါမင်းကို၁၁ဆင့်လောက်ဆိုမိုင်ကုန်လောက်ပြီထင်ထားတာ ငါမှန်းထားတာထက်ကျော်ပြီး ၁၃ဆင့်ထိတောင်ရောက်သွားနိုင်တာပဲ"

ဖုန့်ချန်းအထူးချီးကျူးလိုက်သည်။

ထိုချီးကျူးစကားကြောင့် အတော်များများအံ့သြသွားရသည်။

သူ့စကားအရသာဆိုလျှင် ဖုန့်ယွင်နှင့်ဖုန့်မေ ဤမျှအမြင့်ထိတက်နိုင်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီးသလိုပင်။ ထို့အပြင် မိုးပြာကောင်းကင်အင်ပါယာ၏ စွမ်းရည်စစ်ကျောင်တောင်သမိုင်းကြောင်းတစ်လျှောက်တွင် အမြင့်ဆုံးဖြစ်သော ၁၈ဆင့်ထိ တက်ရောက်နိုင်ခဲ့သူဖုန့်ယွင်ထက် ဖုန့်ကျန်းဟောင်ကို သူကပိုအထင်ကြီးဂုဏ်ယူနေဟန်ပေါ်၏။‌ မျှော်လင့်မထားသောချီးကျူးစကားကြောင့် ကျန်းဟောင်ပင်ခေါင်းရှုပ်သွားရသည်။

ထို့အတူ သူ၏ကျားကုတ်ကျားခဲကြိုးစားမှုကို အသိအမှတ်ပြုပေးသည့်အတွက် ပီတိလည်းဖြစ်ရပါ၏။

"ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်"

ရိုသေသမှုဖြင့် ခေါင်းကိုငုံ့ကိုင်းကာ ကျေးဇူးစကားဆိုလိုက်သည့် ဖုန့်ကျန်းဟောင်၏မျက်နှာမှာ ထင်မှတ်မထားမှုနှင့် ဂုဏ်ယူဝင့်ကြွားဟန်များ ထင်ဟပ်လို့နေသည်။ ဖုန့်ချန်း ဤကဲ့သို့သီးသန့်ချီးကျူးသည်မှာရှားလှ၏။ ပြောင်မြောက်သောစွမ်းဆောင်ရည်များဖြင့် လူတိုင်းကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သော ဖုန့်ယွင်နှင့်ဖုန့်မေသည်ပင် ထိုသို့ဦးတည်ချီးကျူးခြင်းမခံရသည်သာ ကြည့်ပါတော့။ ထိုအကြောင်းကြောင့် ဖုန့်ချန်း၏ချီးကျူးစကားက ပိုလို့အဓိပ္ပာယ်ရှိနေခြင်းပင်။

အသိအမှတ်ပြုခံရမှုကြောင့် ဖုန့်ကျန်းဟောင်တစ်ယောက်ဂုဏ်ယူဝမ်းမြောက်မိနေစဥ် ဖုန့်မေသည် စချင်နောက်ချင်ဟန်ဖြင့် ဖုန့်ယွင်အနားတိုးကပ်သွားလိုက်သည်။

"ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ဇာတ်လိုက်နေရာဝင်ယူသွားပြီထင်ပါတယ်"

ခပ်ဆိုးဆိုးအပြုံးလေးဖြင့် ဖုန့်မေမှ တိုးတိုးလေးစနောက်လာသည်။ ကျောက်တောင်ပေါ်မှာ ဖုန့်ယွင်အဆုံးထိမကြိုးစားခဲ့တာကို သိဟန်ဖြင့် အစဖော်နောက်ပြောင်လာခြင်းပင်။

ဖုန့်ယွင်သာ နိုင်သလောက်ဆက်တက်ခဲ့မည်ဆိုလျှင် ဖုန့်ချန်း၏မျက်နှာသာပေးချီးကျူးမှုကိုရနိုင်လောက်သည်ဟု သူမထင်သောကြောင့်ဖြစ်သည်။ သို့သော် အမှန်မှာကား ဖုန့်ယွင်တစ်ယောက် ၂၀ဆင့်ထိတက်နိုင်ခဲ့လျှင်တောင် ဖုန့်ချန်းနည်းနည်းမှ အံ့သြရလိမ့်မည်မဟုတ်ပါ။

ဖုန့်ယွင်မှာ ခေါင်းယမ်းလျက်ရယ်လို့သာနေတော့သည်။ သူ့အစ်ကိုအကြောင်းကို သူကောင်းကောင်းသိပါသည်။ သူ၁၉ဆင့်ထိတက်နိုင်ခဲ့လျှင်တောင် သီးသန့်ချီးကျူးစကားရလောက်မည်မဟုတ်ပါ။ ဖုန့်ကျန်းဟောင်ကိုချီးကျူးခြင်းကလည်း သူမျှော်မှန်းထားသည်ထက် ပိုလုပ်ပြနိုင်သွားသောကြောင့်သာဖြစ်မှန်း သူရိပ်မိပါ၏။

"ထိုက်တန်ပါတယ် ကျန်းဟောင်ကရေကုန်ရေခမ်းကြိုးစားခဲ့တာပဲ"

ဖုန့်မေမတုံ့ပြန်ရသေးခင် ကြေငြာသူ၏အသံ တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။

"ဆို‌တော့ အရှေ့ပိုင်းစီရင်စုစုဝေးပွဲ ပထမဆုံပြိုင်ပွဲစဥ်ရဲ့ ရလဒ်အကျဥ်းချုပ်ကတော့ ဒီလောက်ပါပဲ အားလုံးပဲ စွမ်းရည်တွေဇွဲလုံ့လတွေ အကောင်းဆုံးထုတ်ပြနိုင်ခဲ့ပါတယ်" ထျန်းလုံကျန်းကဆက်ပြောသည်။

"ဒါပေမယ့် ဒုတိယပြိုင်ပွဲစဥ်အတွက် ပြင်ဆင်ရမယ့်အချိန်ကျရောက်လာပါပြီ ဒုတိယပြိုင်ပွဲစဥ်ကိုတော့ သဘက်ခါမှာကျင်းပပါမယ် အချိန်ကိုကောင်းစွာအသုံးချပြီး ပြန်လည်အားဖြည့်ကြပါ အောင်နိုင်ဖို့အတွက် ဗျူဟာတွေကြိုစဥ်းစားထားကြပါခင်ဗျာ"

"မိုးပြာကောင်းကင် ကူးသန်း‌ရောင်းဝယ်ရေးအစည်းအရုံးရဲ့ လေလံပွဲဟာလည်း မနက်ဖြန်ဒီခန်းမမှာပဲကျင်းပမှာဖြစ်ပါတယ် ခန်းမထဲကလူကြီးမင်းအားလုံးကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ"

ထျန်းလုံကျန်းသည် လေလံပွဲအကြောင်းကိုထည့်ပြောဖို့လည်းမမေ့ချေ။ ထိုလေလံပွဲသည် မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးကိုယ်တိုင် ကျင်းပသောပွဲဖြစ်ပြီး အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် အကြီးကျယ်ဆုံးလေလံပွဲပင်။

All Chapters