← Chapters

ဖုန့်အိမ်မွဲသွားပြီ

Vol. 8 Ch. 108

ဖုန့်အိမ်မွဲသွားပြီ

Vol. 8 Ch. 108

ဖုန့်မေ၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်ဟန်ငွေ့ငွေ့ကိုမြင်လိုက်ရသော် ဖုန့်ချန်းအနားသို့တိုးကပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"ဈေးနှုန်းအတွက်ပူမနေပါနဲ့" သူက အခိုင်အမာပြောလာသည်။ "ငါကတိပေးသလိုဝယ်ပေးတာမလို့ အခုမင်းအပိုင်ဖြစ်သွားပြီး တစ်ခြားဟာတွေတွေးပူမနေနဲ့တော့"

ဖုန့်မေအသာလေးခေါင်းညိတ်ပြလိုက်သော်လည်း ပူပန်စိတ်များတော့လွင့်ပျောက်မသွားသေးပေ။ ‌ရွေဒင်္ဂါးနှစ်သိန်းဆိုသည့် ဈေးနှုန်းကြီးက သူမစိတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။

လေလံပွဲကို ဆက်လက်ကျင်းပနေပြီး ကြေငြာသူ၏အသံကတော့ စိတ်လှုပ်ရှားဟန်ဖြင့် အစောကထက်ပိုမိုကျယ်‌လောင်တက်ကြွလာသည်။

"နောက်တစ်ခုကတော့ နာမည်ကြီးလက်မှုပညာရှင်တွေလက်ထွက် အထက်တန်းစားရတနာတစ်မျိုးဖြစ်ပါတယ် အဲ့ဒီရတနာကတော့ သံမဏိနှလုံးသားလို့သိကြတဲ့ တစ်ဖက်ပြတ်ဓားသွား အဆင့်နိမ့်မြေကမ္ဘာဓားပဲဖြစ်ပါတယ် ရှားပါးသတ္တုရိုင်းနဲ့သွန်းလုပ်ပြီး မြေကမ္ဘာရဲ့ဝိဉာဥ်နဲ့ ပေါင်းစပ်ထားတာကြောင့် ဓားကိုင်ဆောင်သူ ပြင်းထန်ရက်စက်တဲ့ဓားသိုင်းကွက်ကိုအသုံးပြုနေချိန်မှာ ထိုးဖောက်လို့မရနိုင်တဲ့ခံစစ်ကိုပါ တစ်ပါတည်းအသက်ဝင်စေပါတယ်"

ကြေငြာသူဟာ ဓားကိုဂရုတစိုက်ထုတ်ယူနေသောဝန်ထမ်းထံ ညွှန်ပြလိုက်သည်။ ဓားသွားက တောက်ပပြောင်လက်နေပြီး ဖြာထွက်နေသောစွမ်းအင်လှိုင်းပျော့ပျော့ကိုလည်း ခံစားမိစေသည်။

"သံမဏိနှလုံးသားအတွက် အဖွင့်ဈေးကို ရွှေဒင်္ဂါးသုံးသောင်းနဲ့စပါမယ်"

ချက်ချင်းပင် လက်ထောင်လာကြသည်။

"လေးသောင်း" တိမ်လွှာခွင်းဂိုဏ်း၏ကိုယ်စားလှယ်ကဈေးခေါ်လာသည်။ ကောင်းကင်မီးတောက်ငှက်မွှေးနှင့် တစ်ပါတည်းဆုံးရှုံးလိုက်ရသည့် သူတို့သိက္ခာအား နောက်ပစ္စည်းတစ်ခုကိုအရဝယ်၍ပြန်အဖတ်ဆယ်ရမည်ပင်။

ထို့အပြင် မြေကမ္ဘာအဆင့်လက်နက်ဆိုသည်မှာ သူတို့လိုဂိုဏ်းကြီးများအတွက်ပင် ရှားပါးလေသည်။

"လေးသောင်းခွဲ" အေးခဲမြူခိုးဂိုဏ်းမှလည်း ပိုပေးလာသည်။

စွမ်းအားကြီးဂိုဏ်းများ အထက်တန်းစားဓားကို အလုအယက်ဈေးခေါ်နေကြရင်း ဈေးနှုန်းကတဖြည်းဖြည်းမြင့်တက်လာသည်။ သို့သော် ဖုန့်မိသားစုမှာတော့ငြိမ်ချက်သားကောင်းလျက် လေလံလုရာတွင်ဝင်မပါတော့ပေ။ သူတို့မှာ အဆင့်မြင့် ကောင်းကင်လက်နက်များပိုင်ဆိုင်ထားပြီဖြစ်ရာ ဤဓားလောက်နှင့်ငွေကုန်မခံချင်ပါပေ။

ဈေးနှုန်းမှာ ရွေဒင်္ဂါးခြောက်သောင်းအထိတက်သွားပြီး တိမ်လွှာခွင်းဂိုဏ်းမှ နောက်ဆုံးဈေး ရွေဒင်္ဂါးခုနှစ်သောင်းဖြင့်အနိုင်ရရှိသွားသည်။

"‌ရောင်းထွက်ပါပြီ" လေလံဆွဲသူကကြေငြာလိုက်သည်။ ပစ္စည်းကို ပိုင်ရှင်အသစ်ထံသို့လွှဲပြောင်းပေးလိုက်သည်နှင့် လက်ခုပ်သံများထွက်ပေါ်လာသည်။

တစ်အောင့်ပင်ကြာအောင်မစောင့်ဘဲ လေလံဆွဲသူက ‌နောက်ပစ္စည်းအကြောင်း ချက်ချင်းစကားစသည်။ "ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ နောက်လာမယ့်ပစ္စည်းကလည်း ခပ်နိမ့်နိမ့်ထဲကမဟုတ်ပါဘူး အဲ့ဒါကတော့ ကျောက်တုံးလက်သီးလက်အိတ်လို့သိကြတဲ့ မြေကမ္ဘာအလယ်အလတ်ဆင့်လက်အိတ်တွေပဲဖြစ်ပါတယ် အနီးကပ်တိုက်ပွဲကျွမ်းကျင်သူတွေအတွက် အလွန်ကိုမှအသုံးဝင်ပြီး ဝတ်ဆင်သူရဲ့လက်မောင်းအားနဲ့ ကြံ့ခိုင်ရည်ကို တိုးမြှင့်ပေးနိုင်ပါတယ် အသက်ဝင်နေတဲ့လက်နက်တွေလို့ ဆိုစမှတ်ပြုကြပါတယ်"

အဖွင့်ဈေးကို ငါးသောင်းဖြင့်စလေသည်။

"ငါးသောင်းခွဲ" အေးခဲမြူခိုးဂိုဏ်းကပေးလာသည်။

"ခြောက်သောင်း" ယွမ်မိသားစုကလည်း အားကျမခံ။

"ခြောက်သောင်းခွဲ" တိမ်လွှာခွင်းဂိုဏ်းကလည်း ဈေးကိုတစ်ဖန်မြှင့်လိုက်ပြန်သည်။

ဂိုဏ်းကြီးများကြားက ပြင်းထန်သောဈေးခေါ်ပွဲများနှင့်အတူ လေလံပွဲကိုဆက်လက်ကျင်းပသည်။ အနည်းမျှဈေးမြှင့်ပေးပြီးကြပြီးနောက် တိမ်လွှာခွင်းဂိုဏ်းက ရွှေဒင်္ဂါးရှစ်သောင်းခွဲဖြင့် အနိုင်ရသွားတော့၏။

လက်အိတ်များရောင်းထွက်သွားပြီးသည်နှင့် လေလံဆွဲသူက နောက်ပစ္စည်းကိုစတင်မိတ်ဆက်သည်။ "ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ နောက်တစ်ခုဟာလည်း ရှားပါးအဖိုးတန်ရတနာတစ်ခုပါပဲ ရေခဲပိုးထည်သံချပ်ကာဖြစ်ပါတယ် ဒီမြေကမ္ဘာအလယ်အလတ်ဆင့်သံချပ်ကာကိုတော့ အရည်အသွေးအကောင်းဆုံးသောရေခဲပိုးချည်မျှင်တွေကနေ ယက်လုပ်ထားတာဖြစ်ပါတယ် ပြင်းထန်တဲ့အပူချိန်ကနေကာကွယ်ပေးနိုင်ပြီး ဝတ်ဆင်သူရဲ့ ရုပ်ပိုင်းဆိုင်ရာအင်အားကိုတိုးမြှင့်ပေးနိုင်တဲ့အတွက် ဒြပ်စင်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိစေပါတယ် ပေါ့ပါးပေမယ့် ထိုးဖောက်လို့မရနိုင်တဲ့အရည်အသွေးပါ ဒီသံချပ်ကာက အသေအကျေတိုက်ခိုက်နေရတဲ့တိုက်ပွဲတွေမှာဆိုရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အထိ အသုံးဝင်ပါတယ်"

အေးခဲမြူခိုးဂိုဏ်းနှင့် ယွင်ဟိုင်မိသားစုတို့ အကြိတ်အနယ်ဈေးခေါ်ကြရင်း ဈေးနှုန်းမှာ ‌ရွှေဒင်္ဂါးရှစ်သောင်းထိ လျင်မြန်စွာမြင့်တက်သွားတော့သည်။

ဤသို့အပြိုင်အဆိုင်လုကြသည်ကို နားလည်လို့ရပါ၏။ အကာအကွယ်မှော်ရတနာတွေက လက်နက်တွေထက်ကို ပိုရှားပါးတတ်သည်လေ။ ဒီသံချပ်ကာကို အမျိုးသမီးများအတွက် သီးသန့်ဖန်တီးထားသည်ဖြစ်ရာ အမျိုးသမီးတပည့်များကို တိုက်ပွဲအသုံးအဆောင်ကောင်းကောင်းဆင်ပေးချင်သည့်ဂိုဏ်းများအတွက်တော့ ရှားပါးရတနာပါပေ။

စွမ်းအားကြီးပုဂ္ဂိုလ်များ တစ်ဦးနှင့်တစ်ဦးယှဥ်ပြိုင်နေသည့်ကြားထဲတွင် ပွဲကြည့်သူလူအုပ်ကြီးမှာလည်းစိတ်လှုပ်ရှားလို့နေပြီး တစ်စုံတစ်ခုကို သတိထားမိစပြုလာသည်။

"ကောင်းကင်မီးတောက်ငှက်မွှေးကိုဝယ်လိုက်တော့ ဖုန့်မိသားစုစောက်ရမ်းချမ်းသာလှချည်လားလို့ ငါထင်နေတာ"

"သူတို့အခုထိ ဘာလက်နက်မှဝင်မဝယ်သေးဘူး"

"ပါသမျှပိုက်ဆံတွေကို ပစ္စည်းတစ်ခုတည်းမှာတင်အကုန်သုံးလိုက်မိလို့လား ဒါမှမဟုတ် ဘာလက်နက်မှထပ်မလိုတော့လို့လား"

"အရူးကလည်း ဂိုဏ်းဖြစ်ဖြစ် မိသားစုဖြစ်ဖြစ် မြေကမ္ဘာအဆင့်လက်နက်မလိုဘူးဆိုတာရှိပါ့မလား အဲ့ပစ္စည်းတစ်ခုနဲ့တင် ချမ်းသာသမျှကုန်သွားလို့ဖြစ်မှာပေါ့ ဦးနှောက်မရှိကြတာ"

"အဲ့ဒီကောင်းကင်မီးတောက်ငှက်မွှေးကလည်း တန်ဖိုးကြီးတယ်ဆိုပေမယ့် မြေကမ္ဘာအဆင့်လက်နက်နှစ်ခုနဲ့တော့ ဘယ်ယှဥ်လို့ရပါ့မလဲ"

All Chapters