← Chapters

တစ်သန်းဆိုလောက်ပြီလား

Vol. 8 Ch. 112

တစ်သန်းဆိုလောက်ပြီလား

Vol. 8 Ch. 112

ယွင်ဟိုင်မိသားစုကဲ့သို့ပင် အေးခဲမြူခိုးဂိုဏ်းသည်လည်း ဂုဏ်ပြုစကားများ တဖွဲဖွဲလက်ခံရရှိလေသည်။

ထျန်းလုံယုလည်း ဂုဏ်ပြုစကားသွားဆိုရသည်သာ။ ဒီနေ့တွင်တော့ သူ့အစီအစဥ်တွေဘာတစ်ခုမှဖြစ်မလာသည့်အပြင် ပြိုင်ဘက်များကိုရှုံးနိမ့်ပြီးနောက် ဂုဏ်ပြုစကားပင်သွားပြောနေရသေး၏။

"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ နောက်လာမယ့်ပစ္စည်းအတွက် အဆင်သင့်ဖြစ်နေကြပြီလို့ထင်ပါတယ်" စိတ်လှုပ်ရှားစွာဖြင့် ကြေငြာသူကစကားစလာသည်။ နောက်လာမည့်ပစ္စည်းကိုမြင်လိုက်ရလျှင် သူတို့အားလုံး နောက်တစ်ဖန်အံ့သြမင်သက်သွားဦးမည်မှန်း သူသိနေသည်လေ။

"နောက်ပစ္စည်းကတော့ မြေကမ္ဘာအလယ်အလတ်ဆင့်ဓားသိုင်းကျင့်စဥ် နောက်တစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ"

ပွဲကြည့်ပရိတ်သတ်ကြီးမှာ မယုံနိုင်စွာအာမေဋိတ်ပြုရပြန်သည်။ နှင်းခဲကိုယ်ပျောက်ဓားကျင့်စဥ်အပြီး တန်ဖိုးကြီးပစ္စည်းတွေ ဒီတစ်ခါတော့တကယ်ကုန်သွားလောက်ပြီအတွေးတွင် နောက်တစ်ဖန် တန်ဖိုးကြီးပစ္စည်းတစ်ခု ပေါ်လာပြန်လေသည်။

"ဒီကျင့်စဥ်ကိုတော့ အရိပ်ဓားသိုင်းလို့လူသိများပါတယ် ကိုယ်ပျောက်စွမ်းရည်နဲ့ သွက်လက်တိကျတဲ့စွမ်းရည်ကို ပေါင်းစပ်ထားတဲ့ဓားသိုင်းဖြစ်ပြီး ကျင့်ကြံသူဟာ မမြင်နိုင်လောက်တဲ့အလျင်နဲ့ မလွဲနိုင်လောက်တဲ့သေကွင်းသေကွက်ကို ကောင်းကောင်းကြီးချိန်ဆနိုင်ပါလိမ့်မယ်"

ကြေငြာသူဟာ အရိပ်သဏ္ဍာန်အခြယ်အသများဖြင့် အစွန်းနှစ်ဖက်က တလက်လက်တောက်ပနေသည့် ပေရွက်လိပ်လှလှလေးတစ်လိပ်ကို ညွှန်ပြလာသည်။ ဖြာထွက်နေသောအရှိန်အဝါမှာ မှောင်မိုက်နက်ရှိုင်းသောစွမ်းအင်ဖြင့် တစ်မျိုးစွဲမက်ဖွယ်‌ကောင်းလှပြီး အားလုံး၏အကြည့်ကို ဖမ်းစားစုစည်းထားတော့လေ၏။

အံ့သြတကြီးရေရွတ်သံများနှင့် တီးတိုးသံများမှာ ခန်းမနံရံများတွင် ပဲ့တင်ထပ်လို့သွားသည်။

"နောက်တစ်ခုတဲ့လား"

"မြေကမ္ဘာအလယ်အလတ်ကျင့်စဥ်နောက်တစ်ခု ထပ်မြင်နေရပြန်ပြီတဲ့လား ဘာတွေဖြစ်နေကြတာလဲဟ"

"မဟုတ်သေးပါဘူး"

"ဘယ်လေလံပွဲက မြေကမ္ဘာအဆင့်ဓားသိုင်းကျင့်စဥ်တွေ ဒီလောက်အများကြီးထုတ်လာနိုင်ဖူးလို့တုန်း"

ခန်းမထဲရှိလူတိုင်းမှာ မယုံကြည်နိုင်ဟန်မျက်နှာထားများကိုချိတ်ဆွဲလျက်။ သူတို့အားလုံး မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးရဲ့ တန်ခိုးအာဏာကို မျက်မြင်သိလိုက်ရပြီပင်။ မြေကမ္ဘာအဆင့်ဓားသိုင်းကျင့်စဥ်သုံးခုကို လေလံပွဲတစ်ပွဲတည်းမှာပင် ထုတ်ပြနိုင်သည်တဲ့။

တစ်နှစ်ကို မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုလောက် ရောင်းချသည်ဆိုတာတောင်မှ ရှားရှားပါးပါးမှမြင်ရကြားရတာပင်။ လေလံပွဲတစ်ပွဲတည်းတွင် သုံးခုဆိုသည်မှာ အံ့သြစရာထက်ပိုနေပါပြီ။

ထို့နောက် မိသားစုများနှင့်ဂိုဏ်းဂဏများဟာ ထိုကျင့်စဥ်ကို မရရအောင်ယူဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။ နှစ်ကြိမ်တိုင်တိုင် ရှေ့ဆင့်နောက်ဆင့်ရှုံးခဲ့ရသော ထျန်းလုံယုကတော့ အလွန်ပင်စိတ်အားထက်သန်လို့နေပေပြီ။

အေးခဲမြူခိုးဂိုဏ်းရော ယွင်ဟိုင်မိသားစုရော မပါနိုင်တော့ဘူးဆိုတော့ ဒီတစ်ပွဲ၏အောင်နိုင်သူက သေချာပေါက်သူပင်။

"လူကြီးမင်းများခင်ဗျာ အရိပ်ဓားသွားရဲ့အဖွင့်ဈေးကို ရွေဒင်္ဂါးနှစ်သိန်းနဲ့စမှာဖြစ်ပါတယ် တစ်ကြိမ်ကို ငါးထောင်တိုးပြီး ဈေးခေါ်ရပါမယ်"

"တစ်သန်း" ထျန်းလုံယုသည် ဘယ်သူ့ကိုမှအကြောပေးမနေတော့ဘဲ ချက်ချင်းတစ်သန်းပစ်ပေးလိုက်တော့၏။ ဒီတစ်ပွဲမှာတော့ သေချာပေါက်သူအနိုင်ရရမည်။ သူ့မျက်နှာကိုအဖတ်ပြန်ဆယ်ရမည်။ နည်းနည်းနောနောပမာဏမဟုတ်ပေသည့် မြေကမ္ဘာအလယ်အလတ်ဆင့်ဓားသိုင်းကျင့်စဥ်တစ်ခုက ထိုမျှလောက်တော့ထိုက်တန်သည်ဟု သူယူဆပါသည်။

တုံ့ပြန်သံတစ်ခုမှထွက်မလာသော် ထျန်းလုံယု ဘေးပတ်ပတ်လည်ကဂိုဏ်းများကို ဝင့်ကြွားဟန်အပြုံးဖြင့် တစ်ပတ်လှည့်ကြည့်နေလိုက်သည်။

"လေလံဈေးကို မြှင့်ပေးချင်တဲ့သူများ ရှိနေသေးလားခင်ဗျာ"

နောက်ထပ်မြှင့်ပေးချင်သူများရှိနေဦးမလားဟု ကြေငြာသူတစ်မိနစ်ခန့်စောင့်၍မေးပါသော်လည်း မည်သူမျှ တုတ်တုတ်မလှုပ်ကြတော့ပေ။

"ရွေဒင်္ဂါးတစ်သန်း တစ်ကြိမ်....နှစ်ကြိမ်....."

‌ရောင်းထွက်သွားပါပြီဟု သူအော်မည့်ဆဲဆဲတွင် တီးတိုးသံများကြားမှ အော်သံတစ်ခုထွက်ပေါ်လာသည်။ "တစ်သန်း တစ်သိန်း"

"ဘာလဲဟ" ထျန်းလုံယုလွှတ်ခနဲရေရွတ်မိလိုက်သည်။ ‌လန့်ဖျပ်သွားဟန်အပြင် ဒေါသရိပ်များလည်း သူ့မျက်နှာထက်ပေါ်လွင်လာတော့၏။

(ငါ့ကိုတုပြီး ဘယ်သူကလေလံဝင်လုရဲတာလဲ)

သူစိတ်တိုတိုဖြင့်တွေးလိုက်ပြီး အသံလာရာသို့လှမ်းကြည့်လိုက်သည်။

"ယွမ်ဟောင်?"

သူအံ့သြတကြီး‌ရေရွတ်လိုက်မိသည်။

ယွမ်မိသားစု ပိုက်ဆံမရှိတော့ကြောင်း သူသေချာသိလိုက်ပါသည်။ သူတို့သည်လည်း ယွင်ဟိုင်မိသားစုကို ငွေကြေးကူညီလိုက်သည့်မိသားစုများထဲကတစ်ခုပင်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ယွမ်ဟောင်က သူ့မိသားစုပိုင်သမျှအကုန်သယ်လာတာများလား"

သူခပ်တိုးတိုးခန့်မှန်းမိပေမယ့် ထိုအတိုင်းမဖြစ်နိုင်မှန်းလည်းသိပါသည်။

လေလံပွဲမှာ ဒီလိုရတနာတွေ အုံလိုက်ကျင်းလိုက်ပါလာမည်မှန်း သူကြိုသိလျှင်လည်း မိသားစုပိုင်သမျှကို‌ရောင်းထုတ်သယ်လာမည်ဖြစ်သည်။ သို့သော် ယွမ်ဟောင်ကြိုသိပြီး ထိုသို့သယ်လာတာမျိုးကတော့ မဖြစ်နိုင်ပါပေ။

ထျန်းလုံယုမျက်နှာမကောင်းတော့သော်ငြား နောက်တစ်ကြိမ်ထပ်မရှုံးချင်တာကြောင့် ဈေးကိုထပ်မြှင့်လိုက်သည်။

"တစ်သန်း နှစ်သိန်း"

"တစ်သန်း သုံးသိန်း"

ယွမ်ဟောင်မှာ လေလံဈေးကိုတစ်ဖန်မြှင့်ပြန်သည်။ သူ့အတွက် ပိုက်ဆံနှင့်ပက်သက်ပြီးပူပန်စရာ နည်းနည်းမှရှိမနေသည့်အတိုင်းပင်။

ထျန်းလုံယုမှာ အံ့သြတကြီးလည်းဖြစ်ရသလို ခေါင်းလည်းရှုပ်လာတော့၏။

"ဟင်းဟင်း ဒီကျင့်စဥ်ကိုတော့ ဘယ်လောက်ကုန်ကုန်ရအောင်ယူပစ်မယ်"

ယွမ်ဟောင်ကယုံကြည်မှုအပြည့်ဖြင့် ရေရွတ်လာသည်။ ပိုက်ဆံချေးလိုက်မိလို့ နောင်တရနေသည့်မျက်နှာထားမှာလည်း အရိပ်အယောင်ပင်မကျန်တော့ပါ။

သူပိုက်ဆံဘယ်ကရလာသလဲဆိုရင်တော့ သူလည်းချေးလာတာဖြစ်ပါ၏။

သူဆုံးဖြတ်ချက်မှားယွင်းခဲ့၍ မြေကမ္ဘာအလယ်အလတ်ဆင့်ဓားသိုင်းကျင့်စဥ်ကို လက်လွှတ်ရချိန်တွင် ကြေညာသူမှာ မြေကမ္ဘာအလယ်အလတ်ဆင့်ဓားသိုင်းကျင့်စဥ်နောက်တစ်ခုကို ထုတ်ပြလာပြန်ခဲ့လေသည်။

ထို့အပြင် သူတို့မိသားစုမှာ ဓားကိုအဓိကလက်နက်အနေဖြင့် အသုံးပြုကြသည်ဖြစ်၍ ဤကျင့်စဥ်မှာ သူတို့နှင့်အလွန်တရာမှကို ကိုက်ညီနေသည်ပင်။

သူဒီတစ်ခုကို အရယူရတော့မည်ဆိုတာ သိလိုက်သည်။

ဒါပေမယ့် ဘယ်လိုယူရမတဲ့လဲ?

ယွင်ဟိုင်မိသားစုလို ပိုက်ဆံပတ်ချေးဖို့ သူတွေးမိလိုက်ပါသည်။

သို့သော်လည်း ကျန်မိသားစုများမှာ နောက်လာသည့်ရတနာများကိုဝယ်ယူချင်သေးကြသဖြင့် ချေးငှားပေးရန်ငြင်းပယ်ခဲ့ကြလေသည်။

မျှော်လင့်ချက်ကုန်ဆုံးခါနီးတွင် လေလံပွဲကို ပြဇာတ်ကြည့်သည့်ပမာ အေးအေးလူလူထိုင်ကြည့်နေသော ဖုန့်ချန်းကိုမြင်လိုက်မိသည်။

ကောင်းကင်မီးတောက်ငှက်မွှေးကိုအရယူစဥ်အချိန်အား ယွမ်ဟောင်ပြန်တွေးမိသည်။ သူသိပ်မသေချာသော်လည်း ဖုန့်ချန်းမှာ အတော်လေးချမ်းသာဟန်ရသည်ပင်။ ကောင်းကင်မီးတောက်ငှက်မွှေးဝယ်တုန်းက ပိုက်ဆံအတော်ဖြုန်းလိုက်ရသော်လည်း သူ့ကြည့်ရသည်မှာ နည်းနည်းမှကိုခေါင်းထဲထည့်သည့်ပုံမပေါ်။

ထို့အပြင် မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်များကိုလည်း ဖုန့်ချန်းနည်းနည်းမှစိတ်ဝင်စားဟန်မရှိလှပေ။

မေးကြည့်တာ အရှုံးမရှိနိုင်ပေ။ ထို့ကြောင့် ဖုန့်ချန်းဆီသို့ဦးတည်ကာ အခုလောလောဆယ်အချိန်လေးအတွက် ပိုက်ဆံချေးနိုင်မလားဟုသွားမေးလိုက်တော့၏။

"ပိုက်ဆံချေးချင်တာလား ဘာလို့လဲ"

ဖုန့်ချန်းအတွေးရှုပ်သွားဟန်ဖြင့်မေးလာသော်လည်း ချက်ချင်းငြင်းဆန်ခြင်းတော့မပြု။

ယွမ်ဟောင်က သူ့မိသားစုအကြောင်းနှင့် ထိုဓားသိုင်းကျင့်စဥ်နှင့် ဘယ်လိုကိုက်ညီလှသည့်အကြောင်းများကို အတိုချုံးရှင်းပြလိုက်သည်။

"ဖုန့်မိသားစုခေါင်းဆောင် ကျုပ်ဆက်ဆက်ပြန်ပေးမယ်လို့ကတိပြုပါတယ် အတိုး၁၀ရာခိုင်နှုန်းထိပေးဖို့ ကျုပ်ဆန္ဒရှိပါတယ်"

ယွမ်ဟောင်ကပြောလာသည်။

"အင်း...."

ဖုန့်ချန်းခဏလောက်တွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီလေ"

မည်သို့ပင်ဆိုစေ ယွမ်ဟောင်ဝင်ပြိုင်လုမည်ဆိုလျှင် ပစ္စည်းဈေးပိုတက်ပြီး သူအမြတ်ပိုရမည်မဟုတ်လော။

ထို့အပြင် အမြတ်၁၀ရာခိုင်နှုန်းဆိုသည်မှာလည်း မုန့်ချိုပေါ်သကာရည်ဆမ်းသကဲ့သို့ပင်။

ယွမ်ဟောင်ပြန်ပေးမပေးကိုလည်း သူသိပ်စိတ်ပူမနေပါချေ။ အကြွေးပြန်မပေးမှတော့ ယွမ်မိသားစုကိုရှင်းပစ်လိုက်ရုံသာ။

ယွမ်ဟောင်မှာ ဖုန့်ချန်းသဘောတူလိုက်သည်ကိုကြားသော် ထခုန်မတတ်ဝမ်းသာပီတိဖြစ်သွားရတော့၏။

"ခဏစောင့်ဦး"

ဖုန့်ချန်းသည် ကြေညာသူထံ သူရထားသည့်ပိုက်ဆံများသွား‌တောင်းရန် ဖုန့်ကျန်းရှန်အားစေလွှတ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်မှာပင် မဟာအကြီးအကဲဖုန့်ကျန်းရှန်ဟာ မင်သက်မိနေသာမျက်နှာထားဖြင့် ပြန်ရောက်လို့လာ၏။

အူကြောင်ကြောင်မျက်နှာပေးဖြင့်သာ ဖုန့်ချန်းကို သိုလှောင်လက်စွပ်ကမ်းပေးလိုက်တော့သည်။

ပစ္စည်းများရောင်းချရာမှရလာသော သိုလှောင်လက်စွပ်တွင်းမှပိုက်ဆံများကိုကြည့်ပြီး ဖုန့်ချန်းကျေနပ်စွာပြုံးလိုက်သည်။

ဖုန့်ကျန်းရှန်၏မျက်နှာပေးအရတော့ ငွေပမာဏကြောင့် အံ့သြကြောင်အသွားပုံပင်။

သိုလှောင်လက်စွပ်အတွင်း၌ ရွှေဒင်္ဂါးပေါင်း ၄သန်းခွဲနီးပါးရှိနေလေသည်။ ထို့နောက် သူယွမ်ဟောင်ဘက်သို့လှည့်‌မေးလိုက်သည်။

"တစ်သန်းဆိုလောက်ပြီလားခင်ဗျ"

စာစဉ် ပြီး၏

All Chapters