← Chapters

ခေါက်ဆွဲပွဲကြီးတစ်ပွဲ

Vol. 66 Ch. 981

ခေါက်ဆွဲပွဲကြီးတစ်ပွဲ

Vol. 66 Ch. 981

(Visual China)ကုမ္ပဏီ

ထိုကုမ္ပဏီသည် အွန်လိုင်းပုံများကို ဒေါင်းလော့လုပ်ကာ အသုံးပြုမှုအတွက် မူပိုင်ခွင့်အခကြေးငွေ ကောက်ခံသည့် ယုတ်မာသော ကုမ္ပဏီဆိုးတစ်ခု ဖြစ်သည်။

အွန်လိုင်းပုံများကို မရည်ရွယ်ဘဲ အသုံးပြုခဲ့သူများထံသို့ မူပိုင်ခွင့်ဆိုင်ရာ အခကြေးငွေများ တောင်းဆိုရန်အတွက် ဝန်ထမ်းများသည် လာရောက်လေ့ရှိကြသည်။

အရေးကြီးသောအချက်မှာ ကုမ္ပဏီသည် ၎င်းတို့အား ဓာတ်ပုံများကို ဖျက်ခိုင်းရုံသာမက လျော်ကြေးငွေပေးရန် အတင်း တောင်းဆိုလေ့ ရှိသည်။

မလိုက်နာခဲ့လျှင်မူ ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ခံရမည်ဖြစ်၏။

အကယ်၍ ကျူးလွန်သူသည် ချမ်းသာသောကုမ္ပဏီတစ်ခု ဖြစ်နေလျှင်(Visual China)သည် ရှေ့နေမှတဆင့် စာတစ်စောင်ကို ချက်ချင်းပေးပို့ကာ ကြီးမားသောဒဏ်ကြေးကို တောင်းဆိုမည် ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ဆုံးအရာမှာ ရုပ်သံမူပိုင်ခွင့် တရားစွဲဆိုမှုများ အပေါ်တွင် မှီခိုနေရသည့် ဤကုမ္ပဏီသည် အတုအယောင် စာရင်းများကိုပင် ပြုလုပ်နိုင်ခြင်းဖြစ်၏။

အွန်လိုင်းတွင် စကားတစ်ခွန်း ရှိသည်။

(Visual China)ကြောင့် တရုတ်ပြည်သူတိုင်း ဒုက္ခရောက်နေကြသည်။

မူပိုင်ခွင့်ကို လေးစားခြင်းသည် ကောင်းမွန်သော်လည်း မူပိုင်ခွင့်ကို ကာကွယ်ရန်အကြောင်းပြ၍ တရားမဝင် လှည့်ဖျားခြင်းသည် ကောင်းမွန်သောလုပ်ရပ် မဟုတ်ပေ။

(Visual China)တွင် မှန်ကန်သောအသိ ရှိပုံမရပေ။

ပိုင်ယိုချွမ်အား မတရား ဒဏ်ကြေးကောက်ခံနေသည်ကိုထောက်လျှင် ဤလုပ်ရပ်သည် ထင်ရှားနေသည်။

ပိုင်ယိုချွမ်က ပြတင်းပေါက်ကို ပိတ်လိုက်ပြီး အပြင်ဘက်မှလူငယ်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

တကယ်တမ်း ကမ္ဘာပေါ်တွင် အနာကျင်ရဆုံးအရာမှာ လူရမ်းကားများနှင့် ဆက်ဆံရခြင်းပင် ဖြစ်သည်။

ပုံမှန်အားဖြင့် လူဆိုးဂိုဏ်းများသည် ကြောက်စရာမရှိပေ။

ပညာတတ်များ ယုတ်မာလာသောအခါတွင် ထိုထက်ပို၍ ကြောက်စရာကောင်းသည် မဟုတ်လော။

“မင်းသူ့ကို လစ်လျူရှုလိုက်တာလား”

ပိုင်ယိုချွမ်း၏ ပင်ကိုယ်စရိုက်အရ ထိုကဲ့သို့ လျစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။

ဖန့်ရှင်းက ပိုင်ယိုချွမ်နှင့် တွေ့သည်မှာ မကြာသေးသော်လည်း တစ်ဖက်လူက မည်သို့သော လူမျိုးမှန်း ကောင်းစွာ သိထားခဲ့သည်။

ဤလူက ပြုံးနေသောလူရမ်းကားဟု ခေါ်ဆိုနိုင်သည့် အန္တရာယ်အရှိဆုံးလူ မဟုတ်လော။

ပိုင်ယိုချွမ်က ပြတင်းပေါက်ကို ပိတ်ပြီးနောက်တွင် နာရီကိုကြည့်လိုက်သည်။

“အင်း.. ၃စက္ကန့်ကျန်သေးတာပဲ.. ၃.. ၂.. ၁”

“ဝုန်း”

ပိုင်ယိုချွမ်၏ ရေတွက်ခြင်းအဆုံးတွင် ဖန့်ရှင်းသည် ပြတင်းပေါက် အပြင်ဘက်မှ ပေါက်ကွဲသံကို ရုတ်တရက်ကြားလိုက်ရသည်။

တံတားပေါ်ရှိ ယာဉ်များအားလုံးပင် တုန်ခါမှုကိုခံစားလိုက်ရသည်။

ထိုအချိန်တွင် ပိုင်ယိုချွမ်သည် ရေဒီယိုထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ရေဒီယို၌ သတင်းတစ်ခု ကြေညာလာသည်။

“လေးစားရပါသော နိုင်ငံသားများ.. အောက်ပါသတင်းက အထူးသတင်းကောင်း ဖြစ်ပါတယ်.. နောက်ဆုံးရ သတင်းတွေအရ(Visual China) ကုမ္ပဏီရဲ့ အဆောက်အဦးမှာ လွန်ခဲ့သောငါးမိနစ်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်.. အခုအချိန်မှာ အဆောက်အဦက ပြာမှုန်တွေပဲ ကျန်ရစ်တော့တယ်.. အကြောင်းအရင်းကိုတော့ အတိအကျ စုံစမ်းနေဆဲပါ”

ဖန့်ရှင်းက အံ့ဩသွားခဲ့သည်။

“ဒါက မင်းတို့လက်ချက်တော့ မဟုတ်ပါဘူးနော်”

“ဟုတ်တယ်.. ဒါက ငါတို့အဖွဲ့အစည်းရဲ့ လက်ချက်ပဲ.. မင်းက မြန်မြန်ဆန်ဆန် ရိပ်မိသွားတယ် ဆိုတော့ ပါးနပ်လွန်းတယ်လို့ ဆိုရမယ်”

ပိုင်ယိုချွမ်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

“မင်းတို့မှာ လူတိုင်းကို ပြဿနာရှာရဲတဲ့သတ္တိ တကယ်ကြီး ရှိနေတာလား”

“အိုင်ခွန်က လွဲရင်ပေါ့.. သူတို့ကတော့ အရေအတွက် အရမ်းများတယ်လေ.. အချိန်တိုတွင်း ရှင်းပစ်ဖို့ မဖြစ်နိုင်ဘူး”

“..........”

“ဒါပေမဲ့ငါတို့က အိုင်ခွန်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာသတင်းလွှင့်ထားတဲ့ အတွက် ဟွာရှို့မဟာမိတ်က သူတို့ကိုအရေးယူမယ်လို့ ငါတို့ ယုံကြည်ထားတယ်”

“မင်းတို့ သတင်းလွှင့်လိုက်ရုံနဲ့ ဟွာရှို့မဟာမိတ်က သူတို့ကို ဘာလို့အရေးယူရမှာလဲ”

“အိုင်ခွန်ရဲ့ အဓိပ္ပါယ်ကို မင်းသိလား”

“???”

“အိုင်ခွန်ဆိုတာက ငါမဟာမိတ်အဖွဲ့ကို သတ်ချင်တယ်လို့ အဓိပ္ပါယ်ရတယ်.. ဒါက မဟာမိတ်အဖွဲ့ကို ဖျက်ဆီးမယ်လို့ရည်ညွှန်းတာနဲ့ တူမနေဘူးလား”

“..........”

“ဟားဟား.. ဒါကြောင့်ပဲ သိပ်မကြာခင်မှာ အိုင်ဒေါလ်အဖွဲ့ဖြစ်တဲ့ အိုင်ခွန်က ပျက်စီးသွားလိမ့်မယ်”

ပိုင်ယိုချွမ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက်တွင် သူက အင်မော်တယ်ရှဲဖီ၏ အရိုးပြာထည့်ထားသော အနက်ရောင် သံသေတ္တာကို ပွတ်သပ်လိုက်သည်။

ဖန့်ရှင်းက အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။

ပိုင်ယိုချွမ်က အနည်းငယ် ကြောက်စရာကောင်းသည်ဟု သူခံစားလိုက်ရသည်။

သူ့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ ဤတစ်ကြိမ် မစ်ရှင်ကို ဦးဆောင်လာသည့် ဥက္ကဌပိုင်၏ နောက်ကွယ်မှလူ ဖြစ်သည်။

ထိုလူ ဘယ်သူလဲဆိုသည်ကို သူလုံးဝမသိပေ။

ယခုအခါတွင် သူသည် ပိုင်ယိုချွမ်၏ အနီးကပ်စောင့်ကြည့်မှုအောက်၌ လွတ်မြောက်ရန်အခွင့်အရေး အနည်းငယ်သာရှိသည်။

ဝမ်လင်းက ဤတစ်ကြိမ်တွင် အန္တရာယ်ကို အာရုံခံနိုင်ပါမည်လော။

ဖန့်ရှင်းက စိတ်ပူသွားခဲ့သည်။

“ဖန့်ရှင်း.. မင်းက ငါတို့အဖွဲ့အစည်းအတွက် ပထမဆုံးလက်ဆောင်ကို ပေးခဲ့ပြီးပြီ.. မင်းငါတို့ခေါင်းဆောင်နဲ့ တွေ့ချင်စိတ်ရှိလား”

“မင်းအဖေကိုပြောတာလား”

ဖန့်ရှင်းက မေးလိုက်သည်။

“မဟုတ်ပါဘူး.. ငါပြောတာက နောက်ကွယ်က လူပါ.. သူကမင်းဘယ်တော့မှ ထင်မှတ်မထားတဲ့ လူတစ်ယောက်ပဲ”

ပိုင်ယိုချွမ်က ဖြေလိုက်သည်။

ထိုအချိန်တွင် ဝမ်လင်း၊ ဝမ်မင်နှင့်ကော်ဖျင်တို့သည် ခေါက်ဆွဲဆိုင်တွင် ဖန့်ရှင်းပြန်လာမည်ကို စောင့်နေကြသည်။

“ကျောင်းသားဖန့်က ပစ္စည်းတွေဝယ်ဖို့ ထွက်သွားတာ နှစ်နာရီတောင်ရှိပြီ.. သူအခုထိ ပြန်မလာသေးဘူးလား”

ကော်ဖျင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ပြီး အခြေအနေက သိပ်မရိုးရှင်းဟု ခံစားလိုက်ရသည်။

“သူက လမ်းပိတ်နေလို့ ကြန့်ကြာနေတာ ဖြစ်နိုင်တာပဲလေ.. သီချင်းနားထောင်ပြီး သူ့ကိုစောင့်ရအောင်”

ဝမ်မင်က ပြောလိုက်သည်။

သူက ယနေ့ထွက်ရှိထားသည့် ဒေါသဓမ္မရာဂျာ၏ နောက်ဆုံးထွက်သီချင်း ဖြစ်သည့် ခေါက်ဆွဲပွဲကြီးတစ်ပွဲ သီချင်းကို ဖွင့်လိုက်သည်။

ထိုသီချင်းက အချိန်တိုအတွင်း လူသန်းပေါင်းများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သောသီချင်း ဖြစ်သည်။

ဒေါသဓမ္မရာဂျာသည် ယခင်က ဆိုးရွားသော အဆိုတော်တစ်ဦးအဖြစ် အမြဲတစေ လှောင်ပြောင်ခြင်း ခံခဲ့ရသော်လည်း ယခုထွက်ရှိထားသောသီချင်းသည် လူတိုင်း၏ အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။

ဒေါသဓမ္မရာဂျာ၏ အသံက ကောင်းမွန်သော်လည်း ကော်ဖျင်က ထိုသီချင်းကို စိတ်အေးအေးထားပြီး နားထောင်နေရန် စိတ်မဝင်စားခဲ့ပေ။

ဖန့်ရှင်း ပြန်မလာသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်၍ ကော်ဖျင်က ခံစားချက်ကောင်း ရှိမနေခြင်း ဖြစ်သည်။

“တစ်ခုခုဖြစ်နေတာများလား”

ကော်ဖျင်က ထိုသို့ ပြောလိုက်သောအခါတွင် ဝမ်လင်းသည် ဖန့်ရှင်း၏ ဦးတည်ရာလမ်းကြောင်းကို မှန်းဆရန်အတွက် မဟာကျိုးကြောင်းတွက်ဆခြင်း မှော်စွမ်းရည်ကို အသုံးပြုလိုက်သည်။

ဖန့်ရှင်း၏ ကံကြမ္မာကြိုးမျှင်က အေးဆေးတည်ငြိမ်နေပြီး ထွေထွေထူးထူး ရှိမနေခဲ့ပေ။

အကယ်၍ ဖန့်ရှင်းသာ အန္တရာယ်တစ်စုံတစ်ရာ ရင်ဆိုင်ရလျှင် ကံကြမ္မာကြိုးမျှင်သည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ဝမ်လင်းက ဖန့်ရှင်းတို့ ခေါက်ဆွဲဆိုင်၏ မုယောလက်ဖက်ရည်ကို သောက်လိုက်သည်။

ဤမုယောလက်ဖက်ရည်သည် ဖန့်မိသားစု ခေါက်ဆွဲဆိုင်၏ သင်္ကေတလည်း ဖြစ်သည်။

ရုတ်တရက်ဝမ်လင်းက သူ၏ မဟာကျိုးကြောင်း တွက်ဆခြင်းတာအိုတွင် တစ်ခုခုမှားနေကြောင်း သတိထားမိခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် သူ၏တာအိုသည် အဟန့်အတားလုပ်ခြင်း ခံနေရပုံရသည်။

နောက်ထပ် နာရီဝက်ခန့်အကြာတွင် ကော်ဖျင်သည် မစောင့်နိုင်တော့ပေ။

သူက ဖန့်ရှင်းကို အမှန်တကယ်ပင် စိတ်ပူနေခဲ့သည်။

ဖန့်ရှင်းက ကော်ဖျင်နှင့် မရင်းနှီးသော်လည်း ကော်ဖျင်က ဖန့်ရှင်းနှင့် အလွန်ရင်းနှီးသည်။

တကယ်တမ်းတွင် ကော်ဖျင်သည် ဖန့်ရှင်းကြီးပြင်းလာသည်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

ထိုအချိန်က အင်မော်တယ်ရှဲဖီသည် ဗိုလ်ချုပ်ရီကို ဥတစ်လုံးပေးခဲ့သည်။

ကော်ဖျင်က သူ့လက်ထဲတွင်ရှိသည့် စက်ကိရိယာများကိုအသုံးပြု၍ ထိုဥကို ဘေးကင်းစွာ ဥဖောက်ကာ ဖန့်ရှင်းကို မွေးဖွားပေးခဲ့သူလည်း ဖြစ်သည်။

ဆိုရလျှင် ကော်ဖျင်သည် ဥမှ ပေါက်ဖွားလာသည့် ဖန့်ရှင်းကို မျက်မြင်တွေ့ခဲ့ရသူများထဲမှ တစ်ဦးဖြစ်သည်။

ထို့ကြောင့် သူတို့်နှစ်ဦးသည် ဟိုးအရင်ကတည်းကပင် ဆက်နွယ်မှုရှိပြီးသား ဖြစ်သည်။

ထိုအကြောင်းကို ဖန့်ရှင်းသာ မသိခဲ့ခြင်း ဖြစ်၏။

“အားလုံးခဏစောင့်ပါဦး.. ငါစုံစမ်းကြည့်လိုက်ဦးမယ်”

ကော်ဖျင်က သူ၏ဖုန်းကိုထုတ်ကာ မြို့တွင်းရှိ သူ့မိတ်ဆွေအချို့ထံ မေးမြန်းခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်စေ အခြားအခြေအနေတစ် ခုဖြစ်စေ ကျင့်ကြံခြင်းစခန်းသည် အရာအားလုံးကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။

အကယ်၍ မတော်တဆမှုတစ်ခုခု တကယ်ဖြစ်ခဲ့လျှင် ရဲစခန်းရှိ ကော်ဖျင်၏ မိတ်ဆွေများသည် အချက်အလက်အချို့ကို ပြန်လည်ပေးပို့နိုင်မည် ဖြစ်၏။

ကော်ဖျင်က နယ်ပယ်အစုံမှ သူ့မိတ်ဆွေများကို စာပို့ခဲ့သည်။

သူက ကျင့်ကြံခြင်းဆိုင်ရာ လူထုလုံခြုံရေးကိုပင် အထူးတလည် တောင်းဆိုခဲ့သေးသည်။

အထူးစစ်ဆေးရေး ပြုလုပ်ရန်အတွက် စူပါကွန်ပျူတာကိုအသုံးပြုခဲ့သော်လည်း သဲလွန်စပင် မရရှိခဲ့ပေ။

“အခြေအနေဘယ်လိုလဲ”

ဝမ်မင်က မေးလိုက်သည်။

“ဘာသတင်းမှ မရသေးဘူး”

ကော်ဖျင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

“ငါဆက်သွယ်ကြည့်ဦးမယ်”

ထိုအချိန်တွင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

သူကအမှတ် ၆၀ အထက်တန်းကျောင်း၏ ချက်ဂရုထံသို့ မက်ဆေ့ချ် ပေးပို့လိုက်သည်။

“မင်းတို့ထဲက တစ်ယောက်ယောက် ဖန့်ရှင်းကို တွေ့မိသေးလား”

“ဖန့်ရှင်းလား.. မတွေ့မိဘူး.. မင်းသူ့ကို ရှာနေတာလား”

ချန်းချောင်က တစ်စက္ကန့် အတွင်းမှာပင် ပြန်ဖြေလိုက်သည်။

ချက်ချင်းပြန်ဖြေပုံကို ထောက်၍ ချန်းချောင်က ဂိမ်းကစားနေမှန်း ဝမ်လင်း သိလိုက်သည်။

“အင်း”

ဝမ်လင်းက ချန်းချောင်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“သူငါတို့ကို မဆက်သွယ်ဘူး.. သူအခု ဘယ်ရောက်နေလဲ ငါတို့လည်း မသိဘူး.. ပြန်ပေးဆွဲခံရဖို့ ဖြစ်နိုင်ချေ အရမ်းများမယ်လို့ ငါထင်တယ်”

ထိုစကားကိုပြောရင်း ချန်းချောင်သည် မိစ္ဆာအပြုံး အီမိုဂျီကို ပေးပို့ခဲ့သည်။

အပိုင်း(၉၈၁) ပြီး၏

All Chapters