← Chapters

အရိပ်လူသားများ၏ လျှို့ဝှက်ချက်

Vol. 66 Ch. 988

အရိပ်လူသားများ၏ လျှို့ဝှက်ချက်

Vol. 66 Ch. 988

ကံကြမ္မာတာအို..

၎င်းကို ဝမ်လင်းတစ်ခါမှ မကြားဖူးသော်လည်း ကောင်းကင်တာအိုထဲတွင် ဝမ်လင်းယခင်ကအသုံးပြုခဲ့သည့် တာအိုနှင့်ပတ်သက်နေသည်မှာ အမှန်ပင်။

သူကကော်ဟောက်၏အနာဂတ်ကိုခန့်မှန်းရန်အတွက် မဟာတာအိုကြံကြမ္မာကို အသုံးပြုခဲ့ဖူးသည်မဟုတ်လော။

ဟောကိန်းအရ အနှစ်၆၀၀အတွင်း ကော်ဟောက်သည် ဟွာရှို့နိုင်ငံတွင် ဟော့ပေါ့ဆိုင်ကို စတင် တည်ထောင်ပြီး အကြီးစားပင်လယ်စာ ဈေးကွက်ကို ဖွင့်လှစ်မည် ဖြစ်၏။

သို့သော် ဤအနက်ရောင်အရိပ် ဝတ်စုံဝတ် လူများ၏ နောက်ကွယ်မှ သခင်၏ခွန်အားကို ကြည့်လျှင် ဤကံကြမ္မာတာအိုသည် မဟာကံကြမ္မာတာအိုနှင့် မတူလောက်ပေ။

ပြတ်သားစွာပြောရလျှင် မဟာကံကြမ္မာတာအိုသည် ကောင်းကင်တာအိုများထဲမှ တစ်ခုသာ ဖြစ်ပြီး ကံကြမ္မာတာအိုသည် သီးခြားခွဲထွက်နေသည့် တာအိုအမျိုးအစား တစ်ခုဖြစ်သည်။

ဤသည်မှာ မဟာကံကြမ္မာတာအိုနှင့် ကံကြမ္မာတာအိုတို့ နှစ်ခုအကြားရှိ ကွာခြားချက်ပင်။

သီးသန့်တာအိုတစ်ခု အနေဖြင့် ကံကြမ္မာတာအို၏နက်နဲမှုသည် မဟာကံကြမ္မာတာအိုထက် သိသိသာသာပင် ကွဲပြားသည်။

“ဒါဆို ဒီလူတွေက ကံကြမ္မာတာအိုကြောင့် ရှင်ပြန်ထမြောက်ခဲ့တဲ့လူတွေများ ဖြစ်နေမလား”

ဝမ်မင်က မှန်းဆလိုက်သည်။

ဤလောကတွင် ကံကြမ္မာတာအို ရှိနေသည်ကို သူ မအံ့ဩပေ။

သူတကယ် သိချင်သည်မှာ ကံကြမ္မာတာအိုက သူ၏သခင်ကိုရွေးချယ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကိုပင်။

ဤအချက်ကနေ ခြုံငုံသုံးသပ်ကြည့်လျှင် ဝမ်လင်းသည် စကြာဝဠာ၏ တစ်ဦးတည်းသော ရွေးချယ်ခံ မဟုတ်လောက်ပေ။

သို့သော် မေးစရာရှိသည်မှာ ဝမ်မင်၏ အိပ်မက်ထဲမှ ဝမ်လင်းနှင့်ဆင်တူသည့် ဆယ်ကျော်သက်အရွယ်သည် မည်သူနည်း။

ဝမ်မင် အနည်းငယ် မှင်တက်သွားခဲ့သည်။

“စကြာဝဠာကြီးက ရွေးချယ်ခံတွေကို ကျပန်းရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါ့မလား.. ခံစားချက်မဲ့ ငါးမသာ မျက်လုံးပိုင်ရှင်တွေကိုပဲ ရွေးချယ်ခဲ့တာများလား”

ထိုကဲ့သို့ တွေးတောမိပြီးနောက်တွင် ဝမ်မင်သည် အနည်းငယ်မနာလို ဖြစ်သွားမိသည်။

သူ့တွင် ခံစားချက်မဲ့ငါးမသာ မျက်လုံး မရှိသော်လည်း သဘာဝဆန်ဆန် ဆွဲဆောင်မှုရှိသည့် မျက်ခွံနှစ်ထပ် ရှိသည်။

“ညီနောင်ဝမ်မင်.. တစ်ခုခု စဉ်းစားမိလို့လား”

“မဟုတ်ပါဘူး”

ဝမ်မင်က အသိစိတ် ပြန်ကပ်လာခဲ့သည်။

တကယ်တမ်းတွင် သူသည် ကမ္ဘာမြေသို့ ပြန်လာပြီးနောက်တွင် သူ၏မျက်ခွံနှစ်ထပ်ကို ခံစားချက်မဲ့ငါးမသာမျက်လုံးအဖြစ် ပြောင်းလဲရန်အတွက် ပလက်စတစ် ဆာဂျရီလုပ်ရင် ကောင်းမလားဟု တွေးတောနေခဲ့ခြင်း ဖြစ်သည်။

“သေချာပါတယ်.. ဒါက ကံကြမ္မာတာအိုရဲ့ အမှတ်အသားပဲ”

နတ်ပလ္လင်က အခိုင်အမာ ပြောဆိုလိုက်သည်။

ထိုခဏတွင် ကြယ်သခင်၏ ခြေထောက်ပေါ်၌ မျက်နှာတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

ထိုမျက်နှာသည် ယခင်က နတ်ပလ္လင်ပေါ်တွင် ပေါ်ထွက်ခဲ့သောမျက်နှာနှင့် ဆင်တူသည်။

ယခင်က ထိုမျက်နှာ ထွက်ပေါ်လာသောအချိန်တွင် ကောင်းကင်ကနေ ရွှေရောင်ပွင့်ချပ်များ လွင့်ပျံလာခဲ့ပြီး အနှိုင်းမဲ့မြင်ကွင်း တစ်ခုကို ဖန်တီးပေးခဲ့သည်။

သို့သော် ခြေထောက်တွင် စည်းထားသော ကျောက်ပတ်တီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် နတ်ပလ္လင်၏ အသွင်အပြင်သည် ဖော်မပြနိုင်လောက်အောင် ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။

နတ်ပလ္လင်က အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“မင်းတို့ရဲ့လှည့်ကွက်လေးက ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို မပြောနဲ့ ငါ့ကိုတောင် မလှည့်စားနိုင်ဘူး.. ပြောစမ်း.. မင်းဘယ်ကလာတာလဲ”

“မင်းအားလုံးသိပြီးသားပဲ မဟုတ်လား.. ငါ့ကိုဘာလို့ ထပ်မေးနေရတာလဲ”

သူက သေခြင်းတရားကို လုံးဝ မကြောက်ရွံ့၍ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အကယ်၍ ဤလူများသာ သူ၏မှတ်ဉာဏ်ကို ခိုးယူရန် သူ၏စိတ်ထဲသို့ အတင်းဝင်ရောက်လာခဲ့လျှင် ကံကြမ္မာတာအိုအမှတ်အသားသည် သူ့ကို သတ်ဖြတ်ရန် ချက်ချင်း လုပ်ဆောင်သွားမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် သူက လုံးဝလွတ်မြောက်သွားပြီး နှိပ်စက်ညှင်းပန်းခြင်း ဝေဒနာကို လုံးဝ ခံစားရတော့မည်မဟုတ်ပေ။

သို့သော် အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်သည် တစ်စုံတစ်ရာကို နားလည်မှုလွဲသွားပုံရသည်။

သူက ထုတ်မပြောခဲ့သော်လည်း ဤအရာသည် နတ်ပလ္လင်ကို အခက်တွေ့စေလိမ့်မည် မဟုတ်ပေ။

အဆုံးသတ်တွင် နတ်ပလ္လင်သည် ကြယ်စင်အရှင်သခင်၏ ကြီးထွားမှုကို အကူအညီပေးရန် အတွက် နတ်နယ်မြေမှ စေလွှတ်ထားသော တမန်တော် ဖြစ်သည်။

သူ၏မူလဇစ်မြစ်မှာ တောင်ပံတစ်ထောင် နတ်ဘုရား၏ ခြေဖဝါးတင်သည့် သီးသန့်ခွေးခြေခုံ ဖြစ်သည်။

သူ၏အဆင့်အတန်းက မည်မျှပင် မွန်မြတ်လိုက်သနည်း။

နတ်ဘုရားရဲ့ မြင့်မြတ်တဲ့ နှုတ်ကပတ်တော်တွေကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ငါနားထောင်ခဲ့ရတယ်.. လင်းကျန်းရန်နဲ့ အရှင်ကျင့်ပိုင်တို့က လွဲရင် ငါအရှင်သခင်ရှေ့မှာဘယ်သူက မောက်မာရဲလဲ”

နတ်ပလ္လင်က ပေါ့ပေါ့တန်တန်သာ ပြောလိုက်သော်လည်း ၎င်း၏အလွန် အလေးအနက်ထားသော စကားလုံးများသည် ဝမ်လင်းနှင့် အခြားသူများကို အလွန်ပင် အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ငါအရှင်သခင်ဟူသော အသုံးအနှုန်းသည် ရယ်စရာ ဖြစ်နေသော်လည်း ဝမ်လင်းသည် အမှားအယွင်း တစ်စုံတစ်ရာကို မမြင်တွေ့ခဲ့ရပေ။

တကယ်တမ်းတွင် နတ်ပလ္လင်သည် ထိုင်ခုံတစ်ခုသာ ဖြစ်သည်။

ထိုသို့မသုံးနှုန်းလျှင် မည်သို့ သုံးနှုန်းရပါမည်နည်း။

“မင်းငါ့ဆီကနေ ဘာသတင်းမှ ရမှာမဟုတ်ဘူး”

အနက်ရောင်အရိပ် ဝတ်စုံဝတ် ခေါင်းဆောင်က အံကြိတ်၍ပြောလိုက်သည်။

“မင်းမပြောလည်း ငါအရှင်သခင်က မသိဘူးလို့ထင်နေလား”

နတ်ပလ္လင်က အေးစက်စက်ရယ်မောလိုက်သည်။

“မင်းရဲ့တင်ပါးပေါ်က အမှတ်အသားကိုကြည့်ရင် မင်းရဲ့သခင်က တခြားကမ္ဘာတစ်ခုကို ဖန်ဆင်းခဲ့တာ ဖြစ်နိုင်တယ်.. မင်းကကမ္ဘာနှစ်ခုကြားကို သွားလာနေတဲ့ ခရီးသွားပဲ.. ငါပြောတာမှန်တယ် မဟုတ်လား”

“ကမ္ဘာနှစ်ခုကြား သွားလာနေတဲ့ခရီးသွား.. ဟုတ်လား.. အဲဒါ ဘာကိုဆိုလိုတာလဲ”

ဝမ်မင်က မေးလိုက်သည်။

“ဒါက ရိုးရှင်းပါတယ်”

နတ်ပလ္လင်က ပြန်ဖြေလိုက်၏။

“ဒီလူတွေအားလုံးက သေသွားပြီးသားလူတွေပဲ”

“သေသွားပြီးသားလူတွေ.. ဟုတ်လား”

“ဟုတ်တယ်”

နတ်ပလ္လင်က ခေါင်းညိမ့်လိုက်သည်။

“ဒါပေမဲ့ ကံကြမ္မာတာအို အမှတ်အသားကြောင့် သူတို့ကတခြားကမ္ဘာမှာ ပြန်လည် ရှင်ပြန်ထမြောက်လာခဲ့တယ်.. ငါထင်တာမမှားရင် အဲဒီ တခြားကမ္ဘာက တကယ့်လက်တွေ့ကမ္ဘာရဲ့ မှန်တစ်ချပ်လိုပဲ.. သေဆုံးသွားတဲ့သူတွေကို ကံကြမ္မာတာအိုနဲ့ အဲဒီကမ္ဘာမှာ ပြန်လည်ရှင်ပြန်ထမြောက်စေပုံရတယ်”

“အဲဒါကို မင်းဘယ်လိုသိတာလဲ”

အနက်ရောင်အရိပ် ဝတ်စုံဝတ် အဖွဲ့ခေါင်းဆောင်က မေးမြန်းလိုက်သည်။

တစ်ဖက်သားက သူတို့အကြောင်းကို ဤမျှသိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ငါခန့်မှန်းလိုက်တာပါ.. ဒါပေမဲ့ မင်းရဲ့မေးခွန်းအရတော့ ငါရဲ့ခန့်မှန်းချက်က လုံးဝ မှန်ကန်နေပုံရတယ်.. တကယ်တော့ ငါက ကံကြမ္မာတာအိုအကြောင်းကို တောင်ပံတစ်ထောင် နတ်ဘုရားရဲ့ မြင့်မြတ်တဲ့မိန့်ခွန်းကနေ နည်းနည်းပဲ ကြားသိခဲ့ရတယ်.. ကံကြမ္မာတာအိုက ကံကြမ္မာကို တွန်းလှန်တဲ့တာအို ဖြစ်တယ်.. ဒါကြောင့် ကံကြမ္မာတာအိုနည်းစနစ်က ရှင်ပြန်ထမြောက်ခြင်းနဲ့ ဆက်စပ်နေလောက်တယ်လို့ ငါခန့်မှန်းမိခဲ့တာပဲ.. မင်းတို့အုပ်စုက သေရမှာကို မကြောက်ကြဘူး.. ဘာလို့လဲဆိုတော့ သေရမယ်ဆိုရင်တောင် တခြားကမ္ဘာမှာ ပြန်အသက်ရှင်နိုင်မယ်လို့ တွေးထားကြလို့ပဲ”

“ဒါက ကျိုးကြောင်းဆီလျော်တဲ့ ခန့်မှန်းချက်ပါပဲ”

ဝမ်မင်နှင့်ကော်ဖျင်တို့ကလည်း ခေါင်းညိမ့်၍ ထောက်ခံလိုက်သည်။

ထိုအချိန်တွင် ကျိုက်ယန်သည် တစ်စုံတစ်ရာကို တွေးမိလိုက်သည်။

“ဒါဆို သုတေသနဌာနက သိပ္ပံပညာရှင်တွေကို သတ်ဖြတ်တာက ကံကြမ္မာတာအိုနဲ့ သက်ဆိုင်နေတာများ ဖြစ်နေမလား.. သူတို့တွေက သိပ္ပံပညာရှင်တွေကို သတ်ပြီးနောက်မှာ အလောင်းတွေကို သယ်ယူသွားကြတယ်.. ဒါက ဘာရည်ရွယ်ချက်များ ဖြစ်နိုင်မလဲ”

“အခုတော့ အဲဒီပဟေဠိက ရှင်းလင်းသွားပါပြီ”

ဝမ်မင်က ပြောလိုက်သည်။

“နိုင်ငံတကာက သိပ္ပံပညာရှင်တွေ အားလုံး သတ်ဖြတ်ခံရတာက သေချာပေါက် ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုပဲ.. အပေါ်ယံမှာတော့ သိပ္ပံပညာရှင်တွေကို သတ်ဖြတ်လိုက်တယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ ကံကြမ္မာတာအိုကို အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာမှာ ပြန်လည်အသုံးချဖို့ဖြစ်နိုင်တယ်.. ဒီလူတွေသေရမှာ မကြောက်ရွံ့တာက သူတို့ရဲ့ရှင်ပြန်ထမြောက်နိုင်တယ် ဆိုတဲ့အချက်နဲ့ အများကြီး သက်ဆိုင်နေမှာကို ငါစိုးရိမ်မိတယ်.. ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား”

ဝမ်မင်က ပြောလိုက်သည်။

“ရှိတယ်.. ငါတို့က သူတို့ရဲ့ကံကြမ္မာတာအိုကို ဝရုန်းသုန်းကာဖြစ်အောင် လုပ်ပစ်ဖို့ပဲလိုတယ်”

နတ်ပလ္လင်က ပြောလိုက်သည်။

“ဘယ်လိုလုပ်ရမှာလဲ”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

ထိုအခိုက်တွင် နတ်ပလ္လင်သည် အံအားသင့်ဖွယ် အဖြေတစ်ခုကို ပေးလိုက်သည်။

“သူတို့ရဲ့ဖင်ကို လဲလှယ်ပစ်ရမယ်”

လူတိုင်း “..........”

အပိုင်း(၉၈၈) ပြီး၏

All Chapters