← Chapters

ပြောင်းပြန်ကမ္ဘာ

Vol. 66 Ch. 990

ပြောင်းပြန်ကမ္ဘာ

Vol. 66 Ch. 990

ကြေးမုံနန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဝမ်လင်းတို့လူစုသည် မည်မျှထူးဆန်းသလဲ ဆိုသည်ကို သိလိုက်ရသည်။

သူတို့က လမ်းကြားတစ်ခု၏ အဝတွင် ထွက်ပေါ်လာပုံ မပေါ်ဘဲ မြို့၏တစ်နေရာသို့ ကြုံရာကျပန်း ပို့ဆောင်ခံလိုက်ရပုံရသည်။

အလင်းမှုန်ခန္ဓာကိုယ်များနှင့် လူကြီးလူငယ် အချို့သည် ဤနေရာတွင် စုရုံးနေကြသည်ကို သူတို့ သတိပြုမိသည်။

၎င်းတို့က ဤလောက၌ ပေါ်ထွက်လာပြီးနောက် လမ်းကြောင်းတစ်ခုပေါ်သို့ ဦးတည်သွားနေကြသည်။

ထိုလူစုလူဝေးထဲရှိ လူအတော်များများသည် အင်္ကျီအဖြူများကို ဝတ်ဆင်ထားခဲ့ကြသည်။

“ဒါက အဖိုးကြီးချန်မဟုတ်လား”

ကော်ဖျင်က သူနှင့်အကျွမ်းတဝင်ရှိသော အသွင်အပြင်ကို မြင်လိုက်ရသည်။

သို့သော်လည်း မူမမှန်သလို ခံစားရသဖြင့် တစ်ဖက်လူအားခေါ်ရန် ရှေ့မတိုးခဲ့ပေ။

“အားလုံးက ငါတို့မှန်းဆထားသလိုပဲ.. လက်တွေ့ကမ္ဘာမှာ သေဆုံးထားပြီးသားလူတွေက ဒီနေရာမှာ ပြန်လည်ရှင်သန်လာကြတယ်”

ဝမ်မင်က သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာမှ ခလုပ်ကိုနှိပ်ကာ ဖုံးကွယ်ခြင်းမုဒ်ကို ဝင်ရောက်ခဲ့သည်။

ဤမုတွင် ဝမ်လင်း1နှင့် ဝမ်လင်း2တို့သည် လူအရေပြားနှင့်ဆင်တူသော မျက်နှာဖုံးများကို အသုံးပြု၍ ရုပ်ဖျက်ကြမည်ဖြစ်သည်။

ဤသည်မှာ ဝမ်လင်း၏ မဟာလှည့်ဖြားမှု စွမ်းရည်ကို အခြေခံ၍တီထွင်ခဲ့သော လုပ်ဆောင်ချက် ဖြစ်သည်။

“အခြေအနေကိုမေးမြန်းကြည့်လိုက်ရင် ကောင်းမလား”

ကော်ဖျင်က မျိုးရိုးအမည်ချန်ရှိ သိပ္ပံပညာရှင်ကို ခဏမျှစူးစိုက်ကြည့်ကာ အခြေအနေကိုမေးမြန်းရန် ကြံစည်လိုက်သည်။

သို့သော် ထိုသို့ မလုပ်ဆောင်မီမှာပင် အဖြူရောင်အင်္ကျီဝတ် သိပ္ပံပညာရှင်ချန်ကို ကောင်းကင်မှ ဆင်းသက်လာသော အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများက ချက်ချင်းဆိုသလို ဖမ်းဆီးသွားခဲ့သည်။

ထိုအနက်ရောင်အရိပ် ဝတ်စုံဝတ်လူများသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သေဆုံးသွားခဲ့သော ကြေးစားကျင့်ကြံသူများဖြစ်သည်။

၎င်းတို့က ရှင်ပြန်ထမြောက်ပြီးနောက်တွင် သစ္စာအရှိဆုံးလက်အောက်ခံများ အဖြစ် အမှုထမ်းနေခဲ့ကြသည်။

“မင်းတို့ငါ့ကို ဘာလို့ အကြမ်းဖက်နေကြတာလဲ”

မျိုးရိုးအမည်ချန်ရှိသည့် သိပ္ပံပညာရှင်က ရုန်းကန်ရင်း ပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း’

ထို့နောက်တွင် အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်က သိပ္ပံပညာရှင်ချန်း၏ ဗိုက်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

အနီးအနားရှိ လူတချို့က အခြေအနေကို စောင့်ကြည့်နေကြသည်။

“ဘာကြည့်နေကြတာလဲ.. ငါတို့ဖမ်းဆီးသွားတဲ့ လူတွေအားလုံးက အထူးကိုင်တွယ်ဖြေရှင်းရမယ့် ရာဇဝတ်သားတွေပဲ.. မင်းတို့အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို သတိရပြီး အိပ်မက်အိမ်ထဲမှာ စာရင်းသွင်းဖို့ပဲ မှန်မှန်ကန်ကန် တန်းစီစမ်းပါ”

အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်က ရယ်မောလိုက်သည်။

ထို့နောက်တွင် သူက သိပ္ပံပညာရှင်ချန်းကို ပွေ့ချီကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများက စိတ်ကြိုက်သွားလာခွင့်ရထားပြီး သဲလွန်စ မကျန်ရှိဘဲ ပျောက်ကွယ်သွားကြသည်။

၎င်းတို့က အသစ်စက်စက် သိပ္ပံပညာရှင်များကို ရှာဖွေဖမ်းဆီးရန်အတွက် အထူးအမိန့်စာများ ရရှိထားသည်မှာ ထင်ရှားနေသည်။

တကယ်တမ်းတွင် သိပ္ပံပညာရှင်များသည် ဤကမ္ဘာသို့ မည်သို့ရောက်လာသည် သို့မဟုတ် မည်သို့ သေဆုံးသွားသည်ကို မသိခဲ့ကြပေ။

သူတို့၏မှတ်ဉာဏ်များက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ဤကမ္ဘာမြေပေါ်တွင် အိပ်မက်အိမ် ဆိုသည်မှာ အဘယ်နည်း။

“သွားကြည့်ရအောင်”

ဝမ်လင်းတို့လူစုက လူစုလူဝေး၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြသည်။

ဤကမ္ဘာကြီးတွင် လူသစ်များသည် မှတ်ပုံတင်ရန် အထူးလိုအပ်သည်။

ဝမ်လင်းက လူစုလူဝေးနှင့် အတူ လိုက်ပါလာရင်း အနည်းငယ်ရင်းနှီးပုံရသော လမ်းထဲရှိ အိပ်မက်အိမ်သို့ ရောက်ရှိခဲ့သည်။

ထိုလမ်းထဲမှ ကျောက်ရုပ်တုကြီးကို မြင်လိုက်ရသောအခါတွင် ထွင်ထျန်းဟာသည် ချွေးစေးချွေးပေါက်များပင် ကျဆင်းလာသည်။

လမ်းလယ်ခေါင်ရှိ ရုပ်တုသည် ဖန့်ရှင်း၏ ခေါက်ဆွဲဆိုင်အနီးနားရှိ ထွင်ထျန်းဟာ၏ ရုပ်တုနှင့် ဆင်တူနေသည်။

သို့ရာတွင် ပြောင်းလဲသွားသော အချက်များ ရှိသည်။

မူလရုပ်တုတွင် ထွင်ထျန်းဟာကို ကျိုးရီက ဓားဖြင့်ထိုးနေသည်။

ကြေးမုံနန်းတော် လောကထဲသို့ ရောက်ရှိသွားပြီးနောက်တွင်မူ ထွင်ထျန်းဟာက ကျိုးရီကို မျိုချနေသော ရုပ်တု ဖြစ်လာခဲ့သည်။

“ဒါဆို ကြေးမုံနန်းတော်မှာ အရာအားလုံးက ပြောင်းပြန်ဖြစ်နေတာပဲ”

ဤမြင်ကွင်းကိုကြည့်ကာ ဝမ်မင်နှင့် အခြားလူများကလည်း အံ့ဩသွားကြသည်။

ဤလမ်းက အနည်းငယ် ရင်းနှီးပုံပေါက်နေသည်မှာ အံ့ဩစရာမရှိပေ။

လမ်းအပြင်အဆင် အားလုံးသည် အတူတူပင် ဖြစ်သည်။

သို့သော် ဦးတည်ချက်ကမူ ပြောင်းလဲသွားပြီး လုံးဝခြားနားသည့်အဆုံးသတ်ကို ဖန်တီးရန်အတွက် မူလကမ္ဘာ၏ သမိုင်းကြောင်းအချို့သည် ပြောင်းပြန် ဖြစ်နေခဲ့သည်။

လမ်းထဲရှိ ဖန့်ရှင်းတို့ ခေါက်ဆွဲဆိုင်သည်လည်း အခြေအနေပြောင်းလဲသွားခဲ့သည်။

လုံးဝခြားနားသည့်အချက်မှာ အနက်ရောင်အရိပ် ဝတ်စုံဝတ်အဖွဲ့ခေါင်းဆောင် အစောပိုင်းက ပြောခဲ့သည့် အိပ်မက်အိမ် ဖြစ်နေခြင်းပင်။

ဤနေရာသည် လူသစ်များကို စာရင်းသွင်းရန် အတွက် ကြေးမုံနန်းတော်ကမ္ဘာ၏ နောက်ကွယ်မှလူ ဖန်တီးထားသည့်နေရာတစ်ခု ဖြစ်သည်။

အိပ်မက်အိမ်အတွင်းရှိ အပြင်အဆင်သည် အလွန်ပင် ရိုးရှင်းသည်။

အနက်ရောင်အရိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မှတ်ပုံတင်ဆိုင်ရာ အချက်အလက်ကို ကွန်ပျူတာထဲသို့ ရိုက်ထည့်နေခဲ့ပြီး အနက်ရောင်အရိပ် ဝတ်စုံဝတ်နှစ်ဦးသည် စည်းကမ်းထိန်းသိမ်းရန် အတွက် ဘေးတစ်ဖက် တစ်ချက်တွင် ရပ်နေခဲ့သည်။

မှတ်ပုံတင်အရာရှိသည် ဤနေရာသို့ ရောက်လာသူများကို မေးခွန်းများမေးမြန်းပြီးလျှင် စုဘီးကို လှည့်စေခဲ့သည်။

အစပိုင်းတွင် ဝမ်လင်းနှင့်အခြားသူများသည် နားမလည်ခဲ့ပေ။

သို့သော် လူပေါင်းများစွာ စာရင်းသွင်းသည်ကို ကြည့်ပြီးနောက်တွင် သဘောပေါက်သွားကြသည်။

ထိုအချိန်တွင် ရုပ်ရည်ချောမောသည့် ကောင်လေးတစ်ယောက်ကို မှတ်ပုံတင်အရာရှိက မေးလိုက်သည်။

“အမည်”

“ချိုက်ရီဖန်”

မှတ်ပုံတင်အရာရှိက ကွန်ပျူတာထဲသို့ အမည်ကိုရိုက်ထည့်လိုက်ပြီး အချက်အလက်ကို စစ်ဆေးလိုက်သည်။

“အင်း.. မင်းက ချိုက်ရီဖန်ပေါ့.. မင်းက ဘက်စ်ကက်ဘောကစားရတာကို နှစ်သက်ပေမဲ့ မင်းရဲ့ဥပဒေမဲ့ ကစားပုံကြောင့် လူတွေကမင်းကို မုန်းတီးကြပြီး စနောက်တဲ့ ဗီဒီယိုတွေကို ပြုလုပ်ကြတယ်.. မင်းက အဲဒီဗီဒီယိုတွေကို ကြည့်ပြီးတဲ့အခါ အမှတ်မထင် နှလုံးခုန်နှုန်း အရှိန်မြင့်လာပြီး နောက်ဆုံးမှာသေဆုံးသွားခဲ့တယ်”

မှတ်ပုံတင်အရာရှိ၏ စကားကိုကြားလျှင် လူငယ်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ဝမ်းနည်းမျက်ရည် ကျလာခဲ့သည်။

“ဟုတ်တယ်.. အဲဒီကိစ္စတွေ ဖြစ်ခဲ့တာကို အခုမှပဲ သတိရတော့တယ်”

“အင်း.. အခုက မင်းရဲ့ကံကြမ္မာကို ဆုံးဖြတ်ရမယ့်အချိန်ပဲ”

ထို့နောက်တွင် မှတ်ပုံတင်အရာရှိက စုဘီးကို လှည့်လိုက်သည်။

လူငယ်က လှည့်လိုက်ရာ စုဘီးမှလက်တံသည် ထူးဆန်းသောအကွက် တစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။

“ဂုဏ်ယူပါတယ်.. ဒါက လူသားလမ်းစဉ်ပဲ.. မင်းက ဒီမှာ လူသားတစ်ယောက် အနေနဲ့ ဆက်ပြီး နေထိုင်နိုင်တယ်”

မှတ်ပုံတင်အရာရှိက ပြုံး၍ ပြောလိုက်သည်။

“လူ.. လူသားလမ်းစဉ်လား”

“စိတ်အေးအေးထားပါ.. ဒီကမ္ဘာကြီးမှာ ရှိတဲ့လူတိုင်းက ဘက်စ်ကက်ဘော ကစားတာကို ဘောလုံးကစားတာထက် ပိုပြီးအားပေးတဲ့ ကမ္ဘာကြီးပဲ.. မင်းရဲ့ ကစားပေါက်တွေက ဒီကမိန်းကလေးတွေကို သဘောကျစေလိမ့်မယ်.. မင်းဒီမှာကောင်းမွန်စွာနေမယ်လို့ ငါမျှော်လင့်တယ်.. ငါက အိပ်မက်အိမ်ရဲ့ စီမံခန့်ခွဲသူပဲ.. မင်းကို လှည့်စားမှာမဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ်”

လူငယ်က ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ပဟေဠိဆန်နေပုံရသည်။

“ဒါဆိုဒီကမ္ဘာကြီးက ငါ့ရဲ့ကမ္ဘာကြီး ဖြစ်သွားပြီပေါ့”

“မင်းအဲဒီလိုတွေးလို့ရတယ်.. ဒီနေရာမှာက အရင်းအမြစ်အားလုံးကို မျှဝေထားတဲ့အတွက် ငွေကြေးတစ်စုံတစ်ရာ မလိုအပ်ဘူး.. မင်းလိုချင်တာကို ရယူနိုင်တယ်”

မှတ်ပုံတင်အရာရှိက ပြုံး၍ပြောလိုက်သည်။

“ထပ်ပြီး ဂုဏ်ပြုချင်တာက စုဘီးမှာ လူသားလမ်းစဉ်ကို ကျနိုင်ချေက အရမ်းကိုနည်းပါးတယ်”

“စုဘီးမှာလမ်းစဉ် ၆ခုကို ရေးထားပုံရတယ်”

ထွင်ထျန်းဟာက တန်းစီရင်း ပြောလိုက်သည်။

“လမ်းစဥ်၆ခုက ငရဲလမ်း၊ပိတ္တာလမ်း၊သားရဲလမ်း၊လူသားလမ်း၊နတ်ဆိုးလမ်းနဲ့ အောက်လမ်းတို့ ဖြစ်တယ်.. ကောင်းကင်လမ်းက အမှီခိုကင်းတဲ့ မဟာတာအို ဖြစ်လာပြီးနောက်မှာ သူ့ရဲ့မူလနေရာကို အောက်လမ်းနဲ့ အစားထိုးသွားပုံပဲ”

ထွင်ထျန်းဟာ ထိုသို့ ပြောပြီးနောက်တွင် ကတုံးပြောင်ပြောင်နှင့် မျက်မှန်တပ်ထားသော ပညာရှင်အဖိုးအို တစ်ယောက်သည် ရှေ့သို့ တက်လာခဲ့သည်။

“အမည်”

မှတ်ပုံတင်အရာရှိက မေးလိုက်သည်။

“ချွီရီရှန်း”

အဖိုးအိုက ပြန်ဖြေလိုက်သည်။

“အင်း.. ငါအခုပဲစစ်ဆေးပြီးပြီ.. မင်းကအလုပ်တွေ ပိုလုပ်လို့ သေသွားရတာပဲ”

အိပ်မက်စီမံခန့်ခွဲသူက စခရင်ကိုကြည့်၍ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး အိပ်မက်စီမံခန့်ခွဲသူက လူသားလမ်းစဉ်ထဲကို ဝင်ခွင့်ပေးပါ.. ဒီအဖိုးကြီးက အရည်အချင်း မရှိပေမဲ့လည်း ငါ ရေးထားတဲ့ စာအုပ်တချို့ကို လက်ဆောင်အဖြစ် ယူလာပါတယ်”

“အိုး.. မင်းက အလိုက်သိတဲ့သူ ဖြစ်ပုံရတယ်”

အိပ်မက်စီမံခန့်ခွဲသူဟု အမည်ရသည့် မှတ်ပုံတင်အရာရှိက အဖိုးကြီးပေးသည့် စာအုပ်လက်ဆောင်များကို ကြည့်လိုက်သည်။

ထိုစာအုပ်များမှာ ၃နှစ်တာ ကောလိပ်စာမေးပွဲလေ့လာမှုနှင့် ၅နှစ်တာသရုပ်သကန်(၁)၊ ၃နှစ်တာကောလိပ်စာမေးပွဲလေ့လာမှုနှင့် ၅နှစ်တာသရုပ်သကန်(၂)၊ ၃နှစ်တာကောလိပ်စာမေးပွဲလေ့လာမှုနှင့် ၅နှစ်တာသရုပ်သကန်(၃)။

“သူ့ကိုခေါ်သွားလိုက်တော့”

အိပ်မက်စီမံခန့်ခွဲသူ၏ မျက်နှာပေါ်တွင် ကြည်နူးနေသောအမူအရာများ ရှိနေသည်။

“စုဘီးကို မလှည့်ခိုင်းတော့ဘူးလား”

အနက်ရောင်အရိပ် ဝတ်စုံဝတ် တစ်ယောက်က မေးလိုက်သည်။

“မလိုတော့ဘူး.. သူ့ကို သားရဲလမ်းဆီ တိုက်ရိုက် ပို့ပေးလိုက်တော့”

အပိုင်း(၉၉၀) ပြီး၏

All Chapters