← Chapters

ပကတိခြေမှုန်းဖျက်ဆီးခြင်း

Vol. 117 Ch. 1744

ပကတိခြေမှုန်းဖျက်ဆီးခြင်း

Vol. 117 Ch. 1744

ထိုသည်ကိုကြားသောအခါ ဆူဇီမိုသည် ရီဝေသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ နှလုံးက သူ၏ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည့်အလား အရူးအမူးခုန်လာခဲ့၏။

သူသည် ဤကဲ့သို့ ကြွေလောက်သည့်စကားများကို တစ်ခါမှ မကြားဖူးခဲ့ပေ။

ဒါ့အပြင် အဲ့ဒါသည် တျဲယွဲ့ထံမှ ထွက်ရှိလာခြင်းဖြစ်၏။

သို့သော်လည်း တျဲယွဲ့သည် သူ့ကို ကူညီဖို့အတွက် သူမရောက်ရှိလာခြင်းကို ရည်ညွှန်းပြောဆိုတာလား... သို့မဟုတ် အဲ့ဒါရဲ့နောက်ကွယ်မှာ အခြားအဓိပ္ပါယ်တစ်ခုခုရှိနေသလား မပြောတတ်ပေ။

ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်နှာက နီမြန်းလာကာ သူက ပို၍ပင် ဂနာမငြိမ်ဖြစ်လာခဲ့၏။

“နင်ဘာတွေလျှောက်တွေးနေတာလဲ”

တျဲယွဲ့သည် ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား သူ့ကိုပြုံးစစဖြင့် ကြည့်လိုက်၏။

ဆူဇီမို၏ မျက်နှာက ပို၍ပင် နီမြန်းသွား၏။

“ဘာ..ဘာရယ် မဟုတ်ပါဘူး”

သူက မအီမသာအမူအရာနှင့်အတူ အလောတကြီးပြန်ဖြေလိုက်၏။

ဘာ့ကြောင့်ရယ်မသိ ဤတစ်ခေါက်ပြန်လည်ဆုံစည်းပြီးနောက် တျဲယွဲ့သည် ယခင်ကထက် ပို၍ပြုံးလာသည်ဟုထင်ရ၏။

တျဲယွဲ့သည် ပင်ယန်းမြို့မှာ သူ့အား မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမနတ်ဆိုးကျင့်စဥ်ကိုသင်ကြားပေးခဲ့စဥ်က သူမ၏ အမူအရာက အေးစက်နေခဲ့ပြီး ရံဖန်ရံခါမှသာ ပြုံးတတ်လေသည်။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အကဲခတ်ကာ မေးလိုက်၏။

“မိန်းမပျိုတျဲ... အဲ့ဒီတတိယလက်ဆောင်က ဘာအဓိပ္ပါယ်လဲ”

“တကယ်တော့.... အရင်တုန်းက ငါထွက်သွားခဲ့တုန်းကတောင် နင်က ဒီအဆင့်ထိ ကျင့်ကြံလာနိုင်လိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး”

တျဲယွဲ့၏ အမူအရာကလည်း စိတ်ခံစားချက်ဖြင့် ရောယှက်လာခဲ့၏။

သာမန်မျိုးဆက်သွေးသာရှိသော မော်တယ်တစ်ယောက်အနေဖြင့် ရက်စက်ကြမ်းတမ်းလှသော ကျင့်ကြံရေးလောကမှာ နောက်ခံပေးထားသော ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် အထောက်အပံ့အရင်းအမြစ်များမရှိဘဲ မြင့်မားတိုတက်လာဖို့က ဘယ်လောက်တောင်ခက်ခဲသလဲ သူမကောင်းကောင်းသိထားလေသည်။

သူမထွက်သွားခဲ့စဥ်က သူမသည် အသောကပန်း ၊ နတ်ဖီးနစ်အရိုးနှင့် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ချန်ထားပေးခဲ့၏။ သို့သော်လည်း ဆူဇီမိုအမှန်တကယ် ကြီးပြင်းလာဖို့ အခွင့်အရေးက အလွန်တရာ နည်းပါးကြောင်းလည်း သူမသိခဲ့လေသည်။

ဆူဇီမိုသည် သူမကိုလာရှာမည်ဟုပြောခဲ့သော်လည်း ထိုစဥ်တုန်းက သူမသည် ပြုံးရုံသာပြုံး၍ အဲ့ဒါကို အတည်အတံ့မမှတ်ယူခဲ့ပေ။ အဲ့ဒါကြောင့် ယခု... တျဲယွဲ့သည် ဆူဇီမိုနှင့်တစ်ဖန်ပြန်တွေ့ပြီး ထိုသူက ဤအဆင့်ထိကျင့်ကြံလာနိုင်ခဲ့သည်ကို တွေ့မြင်သောအခါ သူမက အတော်လေး သဘောကျကျေနပ်သွားလေသည်။ ထိုသို့ဖြင့် သူမက ပို၍ပြုံးရွှင်လာခဲ့ခြင်းဖြစ်လေသည်။

တျဲယွဲ့က ဆက်ပြောလိုက်၏။

“မဟာအရိုင်းကမ္ဘာက သားရဲဘုရင် ၁၂ပါးရဲ့ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှာ သားရဲဘုရင် ၁၂ပါးစလုံးကို ကျင့်ကြံနိုင်ပြီး သွေးလိပ်ပြာဖြစ်ပေါ်လာတဲ့အခါမှပဲ ငါက အဲ့ဒါကို အာရုံခံမိလိမ့်မယ်... အဲ့ဒီအချိန်ကျမှပဲ ငါ့ရဲ့အသိစိတ်နဲ့ ဒီမျိုးဆက်သွေးနယ်မြေဆီ ဆင်းသက်လာနိုင်မယ်”

ဆူဇီမိုက တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။

သည့်ယခင်က သူကျင့်ကြံထားသော မျိုးဆက်သွေးနယ်မြေသည် သွေးလိပ်ပြာပုံရိပ်ကို စုဖွဲ့နိုင်ခဲ့သော်လည်း အဲ့ဒါက ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်လေသည်။

သို့သော်လည်း သားရဲဘုရင် ၁၂ပါးကို ကျင့်ကြံပြီးနောက် ဤတစ်ခေါက်ဖြစ်ပေါ်လာသော သွေးလိပ်ပြာက ရုပ်ဒြပ်ပါရှိလာလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် သူသည် သားရဲဘုရင် ၁၂ပါးကို ကျင့်ကြံပြီးမှသာ အစစ်အမှန် သွေးလိပ်ပြာအမြုတေနယ်မြေဖြစ်စဥ်ကို ဆင့်ခေါ်နိုင်ပေလိမ့်မည်။

“ဒါဆို.. လက်ရှိခင်ဗျားက...”

ဆူဇီမိုသည် တျဲယွဲ့ကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းသွား၏။

ဘာပဲပြောပြော မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်မှာ ဤကဲ့သို့သော ကိစ္စများကို ပြောင်ပြောင်တင်းတင်း ပြောလို့မသင့်လျော်ပေ။

တျဲယွဲ့က မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

“နင်အခုမြင်နေတာက ငါ့ရဲ့အစစ်အမှန်ခန္ဓာ မဟုတ်ဘူး... အလွန်ဆုံးအဲ့ဒါကို ကိုယ်ပွားတစ်ခုလို့ပဲ သတ်မှတ်လို့ရမယ်”

တကယ်ဆို... ကိုယ်ပွားတစ်ခုလို့ ခေါ်ဆိုဖို့ကပင် ချဲ့ကားရာကျနေပေလိမ့်မည်။

ယခုအချိန်မှာ တျဲယွဲ့သည် ဆူဇီမိုဆင့်ခေါ်ထားသော မျိုးဆက်သွေးနယ်မြေဖြစ်စဥ်တစ်ခုမျှသာဖြစ်၏။

သို့သော်လည်း တျဲယွဲ့၏ အသိစိတ်က ထိုအထဲမှာ နိုးထလာခဲ့၏။

ဘေးမှာရှိသော အကြီးအကဲဖုန့်နှင့် အခြားသောစုန်းများက မဆင်မခြင်ပြုမူရဲခြင်း မရှိခဲ့ကြပေ။

ထိုစကားကိုကြားသောအခါမှသာ စုန်းမျိုးနွယ်ပညာရှင် ၇ဦးသည် အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

သူတို့ကတော့ သူတို့၏ အစစ်အမှန်ခန္ဓာများဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏။

သို့သော်လည်း သူတို့ရှေ့မှ အမျိုးသမီးသည် မျိုးဆက်သွေးနယ်မြေဖြစ်စဥ်တစ်ခုမျှသာဖြစ်ပြီး အဲ့ဒါကို ကိုယ်ပွားတစ်ခုဟုပင် မသတ်မှတ်နိုင်ပေ။

“ဟဲဟဲ”

အထက်ဘုံမှ စုန်းမျိုးနွယ်၏ အမျိုးသမီးတစ်ယောက်က တျဲယွဲ့၏ ရုပ်ရည်သွင်ပြင်နှင့်အော်ရာကို အစကတည်းက မနာလိုအားကျနေခဲ့၏။

ယခု... တျဲယွဲ့၏နောက်ခံကို သိရှိလိုက်သောအခါ သူမက လှောင်ရယ်လိုက်လေသည်။

“ငါက ဘယ်လိုအကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာသလဲလို့ စဥ်းစားနေတာ... လတ်စသတ်တော့ နင်က မျိုးဆက်သွေးနယ်မြေတစ်ခုပဲ... နင်က ဒီကိုလာပြီး ဘာတွေများမော​က်မာပြနေတာလဲ”

ထိုစကားကိုကြားသောအခါ တျဲယွဲ့၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွား၏။

“စုန်းမဲတချို့က ငါ့ရှေ့မှာ ဘယ်လိုတောင် ဆူညံပူညံလာလုပ်ရဲတာလဲ”

တျဲယွဲ့က အကြီးအကဲဖုန့်နှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။

သူမက မှင်သေသေဖြင့် ပြောလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်၏။

မည်သည့် ဓမ္မပညာရပ် သို့မဟုတ် နတ်ဘုရားစွမ်းအားကိုမှ လှည့်ပတ်ခြင်းမရှိဘဲ တျဲယွဲ့သည် သူမ၏ လက်ဖဝါးကိုသာ ညင်သာစွာဆန့်ထုတ်လိုက်၏။ ထိုလက်သည် ကျောက်စိမ်းဖြူရောင်ကဲ့သို့ တလက်လက်တောက်ပနေပြီး အထက်ဘုံမှ စုန်းမျိုးနွယ် အမျိုးသမီးပေါ်သို့ ကျဆင်းလာခဲ့လေသည်။

“သေစမ်း”

စုန်းမျိုးနွယ် အမျိုးသမီးနှင့် သူမဘေးတွင်ရှိသော အထက်ဘုံမှ စုန်းနှစ်ယောက်သည် တစ်ချိန်တည်းမှာတိုက်ခိုက်လာကြပြီး သာမန်နတ်ဘုရားစွမ်းအား သုံးခုကို ထုတ်ဖော်လိုက်ကြ၏။

“ကောင်းကင်သော့ခတ်ကျိန်စာ”

“အဆုံးစွန်ကျိန်စာ”

“အထွတ်အထိပ်ကျိန်စာ”

ဤသာမန်နတ်ဘုရားစွမ်းအားသုံးခုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှပညာရှင်များ အသုံးပြုသော နတ်ဘုရားစွမ်းအားများနှင့် မတူပေ။

အထက်ဘုံမှ ပညာရှင်များ၏ သာမန်နတ်ဘုရားစွမ်းအားများသည် အသွင်ပြောင်းလဲသွားသည်ဟုထင်ရပြီး ဆူဇီမို၏ အန္တိမနတ်ဘုရားစွမ်းအားကိုပင် အလွယ်တကူဖိနှိမ်နိုင်ခဲ့၏။

သာမန်နတ်ဘုရားစွမ်းအား သုံးခုသည် လောကကိုဖျက်ဆီးပစ်ချင်နေသည့်အလား တစ်ချိန်တည်းမှာထွက်ပေါ်လာခဲ့၏။

ဖောက်... ဖောက်... ဖောက်...

သို့သော်လည်း သာမန်နတ်ဘုရားစွမ်းအား သုံးခု ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့သည် တျဲယွဲ့၏ လက်ဖဝါးဖြင့် ဖိခြေခံလိုက်ရပြီး မည်သည့်ဝဲဂယက်မှ မထွက်ဘဲ ဘာမှမကျန်အောင် ပျက်ပြယ်သွား၏။

သာမန်နတ်ဘုရားစွမ်းအားသုံးခုသည် တျဲယွဲ့ကို ထိခိုက်စေဖို့နေနေသာ သူမ၏ လက်ဖဝါးကိုပင် ခံနိုင်ရည်မရှိပေ။

ဖောင်း...

တျဲယွဲ့သည် အညှာအတာမဲ့စွာဖြင့် ပစ်ရိုက်ချလိုက်ပြီး အထက်ဘုံမှ စုန်းသုံးယောက်၏ ခန္ဓာကိုယ်က ချက်ချင်းပင်ပေါက်ကွဲထွက်ကာ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။

စုန်းမျိုးနွယ်ပညာရှင်သုံးယောက်၏ အမြုတေစိတ်ဝိညာဥ်များက ထွက်မပြေးနိုင်ခင်မှာပင် သူတို့သည် တျဲယွဲ့၏ လက်ဖဝါးရိုက်ချက်ဖြင့် သေသည့်တိုင်အောင် ပစ်ရိုက်ခံလိုက်ရ၏။

ထျန်ဟွမ်ကုန်းမြေတိုက်က လှုပ်ခတ်သွားလေသည်။

လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ သူတို့၏ မျက်လုံးထဲမှာ ပြိုင်ဘက်ကင်း၍ ရပ်တန့်၍ မရနိုင်သော အထက်ဘုံမှလာသည့် စုန်းမျိုးနွယ်ပညာရှင်များသည် သွေးနီရောင်ဝတ်အမျိုးသမီး၏ လက်ဖဝါးအောက်မှာ ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေ၏။

သူမသည် သူတို့သုံးယောက်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်လေသည်။

“အဲ့ဒါက အရမ်းကို သန်မာတာပဲ”

လုံရန်က တိတ်တဆိတ်ဆွံ့အသွားပြီး တံတွေးကို မျိုချလိုက်ရ၏။

“အဲ့ဒါက မျိုးဆက်သွေးနယ်မြေတစ်ခုပဲရှိသေးတယ်... သူမရဲ့ အစစ်အမှန်ခန္ဓာသာဆိုရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ”

ဆူဇီမိုက လုံးဝအံ့အားသင့်သွားခြင်း မရှိပေ။

“နတ်ဆိုးမ”

အကြီးအကဲဖုန့်က တုန်လှုပ်သွားပြီး တည်တံ့စွာပြောလိုက်၏။

“နင် သိပ်ပြီးလွန်ကြူးမလာရင် ကောင်းလိမ့်မယ်... နင်ငါ့ကို ဖိအားပေးမယ်ဆိုရင်... ငါက ဒီမှာဖြစ်ခဲ့တဲ့သတင်းကို စုန်းလောကဆီ ဖြန့်ပေးလိုက်မယ်”

“ဒီနေရာမှာ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုရှိတာကို သူတို့သိသွားမယ်ဆိုရင်... အဲ့ဒီအချိန်မှာ ဆင်းသက်လာမဲ့သူတွေက ငါတို့လိုမဟူရာစုန်းအဆင့်က ပညာရှင်တွေဖြစ်မှာ မဟုတ်တော့ဘူး”

“စောစောက သူ့ကို တောကောင်လေးလို့ခေါ်လို​က်တာ နင်လား”

တျဲယွဲ့က အကြီးအကဲဖုန့်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး သူမ၏ အကြည့်က သူ့ထံသို့ ရွေ့လျားသွား၏။

သူမ၏ မျက်လုံးက ဂမ္ဘီရအလင်းတစ်ခုဖြင့် တောက်ပလာ၏။

အ​ကြီးအကဲဖုန်း၏ ဘေးပတ်လည်ရှိလေဟာနယ်က ချက်ချင်းပင်ပြိုကျသွား၏။

နောက်ခဏ၌ အကြီးအကဲဖုန့်၏ ခန္ဓာကိုယ်ကလည်း စတင်ကြေမွသွားပြီး သွေးမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။

“ငါက ဒီကုန်းမြေတိုက်ကို ဖျက်ဆီးပစ်ပြီး သွေးမြစ်စီးအောင်လုပ်ပြမယ်”

အကြီးအကဲစုန်း၏ အမြုတေစိတ်ဝိညာဥ်က နောက်ဆုံးအကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က လောင်ကျွမ်းသွားပြီး အမျိုးအမည်မသိရသော လျှို့ဝှက်အတတ်တစ်ခုကို ထွက်ပေါ်လာစေ၏။

၎င်းသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ တိမ်စိုင်များကြား ပစ်လွင့်သွားပြီး မိုးကောင်းကင်ထက်ရှိ ဧရာမအက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွား၏။

“မင်းတို့တွေကတော့ သွားပြီ”

ကျန်ရှိနေသော အထက်ဘုံမှစုန်းသုံး​ယောက်သည် သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြသော်လည်း သူတိုသည် တျဲယွဲ့ ၊ ဆူဇီမိုနှင့် အခြားသူများကိုကြည့်ကာ ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

“ငါတို့စုန်းလောကရဲ့ ပညာရှင်တွေက အဲ့ဒီသတင်းကို လက်ခံရရှိပြီးရင် ဒီနေရာကို သေချာပေါက်ရောက်လာလိမ့်မယ်”

“အဲ့ဒီအချိန်ကျရင် မင်းတို့တွေအားလုံးနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ သက်ရှိတွေအကုန်လုံးက အကြီးအကဲဖုန့်နဲ့အတူ သေဆုံးရလိမ့်မယ်”

အထက်ဘုံမှ စုန်းသုံးယောက်က ကြောက်မက်ဖွယ်ရာ အမူအရာများနှင့်အတူ ရယ်မောလိုက်ကြ၏။

“အဲ့လိုလား”

တျဲယွဲ့က မထီတရီမျက်နှာပေးရှိနေပြီး စိတ်လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။ သူမက မှင်သေသေဖြင့် ပြောလိုက်၏။

“အဲ့ဒါဆိုလည်း နင်တို့တွေက အရင်သေရမယ်”

သူမက ရှေ့သို့ ပစ်ရိုက်ချလိုက်၏။

ကျန်ရှိနေသော အထက်ဘုံမှစုန်းသုံးယောက်သည် အလောင်းပင်မကျန်ရှိဘဲ သွေးမြူသုံးခုအဖြစ်ပြောင်းလဲသွားကာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကလည်း ဖျက်ဆီးခံလိုက်ရ၏။

လောကက အသံတိတ်သွား၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက တုန်လှုပ်သွားကြလေသည်။

အထက်ဘုံမှလောကမှ စုန်း၇ဦးက အလွန်တရာသန်မာပြီး မောက်မာခက်ထန်နေခဲ့ကြ၏။

သို့သော်လည်း သွေးနီရောင်ဝတ်အမျိုးသမီး ဆင်းသက်လာသောအခါ သူမသည် အထက်ဘုံလောကမှ စုန်း၇ဦးကို အလွယ်တကူသတ်ဖြတ်ကာ မည်သူ့ကိုမှ ချမ်းသာမပေးပေ။

All Chapters