← Chapters

ကောင်းကင်၊ မြေကြီး၊ မဟူရာနှင့် အဝါရောင်

Vol. 117 Ch. 1747

ကောင်းကင်၊ မြေကြီး၊ မဟူရာနှင့် အဝါရောင်

Vol. 117 Ch. 1747

ဆူဇီမို၏ စိတ်ထဲမှာ တျဲယွဲ့သည် ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုနီးပါး ဖြစ်​နေလေပြီ။

သို့သော် ယခုအခါ တျဲယွဲ့က အဲဒါကို ကိုယ်တိုင်ပြောဆိုလာခဲ့၏။ သူမ၏ ကျင့်ကြံမှုအဆင့်အရ အထက်ဘုံမှာ သူမ လွှမ်းမိုးခြယ်လှယ်နိုင်သည့် နေရာက တစ်ဝက်ထက် ပိုမရှိပေ။

သူက အထက်ဘုံသို့ မတက်လှမ်းခင်မှာပင်.. အထက်ဘုံ၏ ကျယ်ပြောမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့က ဆူဇီမိုအတွက် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာခဲ့၏။

တျဲယွဲ့က ပြောလာခဲ့၏။

“အခုဆို နင်က ဒီကုန်းမြေတိုက်မှာ ပြိုင်ဘက်ကင်းနေပြီ.. ဒါပေမဲ့ နင်က အထက်ဘုံကို တက်လှမ်းလာမယ်ဆိုရင်.. နင်က အောက်ဆုံးအဆင့်နီးပါးမှာပဲ ရှိနေလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အထက်ဘုံမှာ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စား မွန်းစတားတွေ မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာ စီနီယာ လူသားဧကရာဇ်ကလည်း ကျုပ်ကို ပြောခဲ့သေးတယ်.. အထက်ဘုံကို တက်လှမ်းလာနိုင်တဲ့လူတွေ အားလုံးက အောက်ဘုံမှာရှိတဲ့ ထိပ်သီးပညာရှင်တွေချည်းပဲတဲ့”

“အဲဒါက အောက်ဘုံကနေ တက်လှမ်းလာတဲ့ သူတွေပဲ မကဘူး”

တျဲယွဲ့က ပြောလိုက်၏။

“အထက်ဘုံမှာ.. အဲ့မှာတင် မွေးဖွားပြီး ကြီးပြင်းလာတဲ့ ပြိုင်စံရှားတွေလည်း အများကြီးရှိတယ်.. သူတို့က မွေးဖွားလာကထဲက သူတို့က အောက်ဘုံမှာ ရှိတဲ့ သက်ရှိတွေထက် ပိုမြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေကြပြီ”

ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မေးလိုက်၏။

“စောစောက အထက်ဘုံကနေ ဆင်းသက်လာတဲ့ စုန်း ၇ယောက်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်တွေမှာလဲ”

“သူတို့က မဟူရာ စုန်းတချို့ပဲ”

တျဲယွဲ့က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“မဟူရာ စုန်းတွေကို အထက်ဘုံရဲ့ စုန်းလောကမှာ အောက်ဆုံးအဆင့်က သက်ရှိတွေလို့ပဲ သတ်မှတ်ရမယ်”

“ဒါပေမဲ့ အထက်ဘုံရဲ့ အောက်ဆုံးအဆင့်မှာ ရပ်တည်တဲ့ သက်ရှိတွေကတောင် ကျုပ်ကို အလွယ်တကူ ဖိနှိမ်နိုင်တယ်”

ဆူဇီမိုက ခါးသီးစွာ ပြုံး၍ ခေါင်းခါပြလိုက်၏။

“ကျုပ် နားလည်ဆင်ခြင်ထားတဲ့ အန္တိမ နတ်ဘုရားစွမ်းအားက အဲဒီ မဟူရာ စုန်းတွေရဲ့ သာမန် နတ်ဘုရားစွမ်းအားကိုတောင်မှ မခုခံနိုင်ဘူး”

တျဲယွဲ့က ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

“အခုချိန်မှာ အဲဒါတွေ နင့်ကို ပြောပြလို့လည်း ကိစ္စတော့ မရှိပါဘူး.. အထက်ဘုံမှာ နင် ပထမဆုံး တွေ့ကြုံရမယ့်အရာက အဓိက အဆင့်ကြီးသုံးဆင့်ပဲ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အာရုံစိုက်၍ နားထောင်လိုက်၏။

သူသည် အထက်ဘုံနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ လက်မလွှတ်လိုပေ။ ဘာပဲပြောပြော သူက အဲဒါနှင့် ပတ်သက်၍ ပိုမိုသိထားလေလေ.. အထက်ဘုံသို့ တက်လှမ်းပြီးနောက် သူက အဲဒီမှာ ရပ်တည်နိုင်ဖို့ အခွင့်အရေး ပိုရလေလေဖြစ်၏။

ဒါ့အပြင် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူသည် သူ့အနာဂတ်နှင့် ပတ်သက်၍ ဘာကိုမှ မသိရသေးပေ။

တျဲယွဲ့က ပြောလိုက်၏။

“အဓိက အဆင့်သုံးဆင့်ကတော့ မဟူရာ အမြုတေ၊ ကမ္ဘာမြေ အမြုတေနဲ့ ကောင်းကင်အမြုတေအဆင့်တွေပဲ.. စုန်းမျိုးနွယ်မှာဆိုရင် မဟူရာ အမြုတေအဆင့်မှာ ရှိတဲ့ လူတွေကို မဟူရာစုန်းတွေလို့ ခေါ်တယ်.. မဟူရာ အမြုတေအဆင့်မှာ ရှိတဲ့ အင်မော်တယ် ကျင့်ကြံသူတွေကိုတော့ မဟူရာ အင်မော်တယ်တွေလို့ ခေါ်တာပေါ့”

“တကယ်တော့ လောကသုံးထောင်ရဲ့ ယဉ်ကျေးမှုတွေကလည်း ကွာခြားကြတယ်.. သူတို့ရဲ့ တာအိုဘွဲ့တွေက ကွာခြားကောင်း ကွားခြားနိုင်ပေမဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ကျင့်ကြံမှုအဆင့်တွေကတော့ သိပ်များများစားစား ကွာမှာ မဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြီး မေးလိုက်လေသည်။

“အဲဒီ အဓိက အဆင့်သုံးဆင့်ကို ဘာလို့ မဟူရာ အမြုတေ၊ ကမ္ဘာမြေ အမြုတေနဲ့ ကောင်းကင်အမြုတေလို့ ခေါ်တာလဲ.. အဲဒါရဲ့ နောက်ကွယ်မှာ သိသာထင်ရှားတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေလား”

တျဲယွဲ့က ပြန်ဖြေခြင်း မရှိဘဲ ပြန်လှန်မေးလိုက်၏။

“မဟူရာ၊ ကမ္ဘာမြေနဲ့ ကောင်းကင်ဆိုတော့ အဲဒီ အစဉ်လိုက် ရပ်တည်မှုမှာ နင် တစ်ခုခုကို တွေးမိလား”

မဟူရာ၊ ကမ္ဘာမြေ၊ ကောင်းကင်… ။

ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားကာ ပြောလိုက်လေသည်။

“ကောင်းကင်၊ ကမ္ဘာမြေ၊ မဟူရာနဲ့ အဝါရောင်မလား”

“မှန်တယ်”

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်သိပြီ”

ဆူဇီမိုက ပြောလိုက်၏။

“ကောင်းကင်၊ ကမ္ဘာမြေ၊ မဟူရာနဲ့ အဝါရောင်ဆိုတော့.. တကယ်တော့ အဝါရောင်ဆိုတာ ကမ္ဘာမြေ တစ်ဘီလီယံမှာ ရှိတဲ့ ဧကရာဇ်တွေကို ရည်ညွှန်းပြောဆိုတာမလား”

တျဲယွဲ့က သူမ မျက်လုံးထဲရှိ ချီးကျူးလိုသော အရိပ်အယောင်နှင့်အတူ မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“မဟူရာ အမြုတေ၊ ကမ္ဘာမြေ အမြုတေနဲ့ ကောင်းကင်အမြုတေမှာ အမြုတေဆိုတဲ့ စကားလုံးက အထက်ဘုံရဲ့ စွမ်းအားအရင်းအမြစ် ကောင်းကင်နဲ့မြေကြီး အမြုတေချီကို ရည်ညွှန်းပြောဆိုတာပဲ”

“ကောင်းကင်နဲ့မြေကြီး အမြုတေချီက ကမ္ဘာငယ်တွေမှာ ရှိတဲ့ စိတ်ဝိညာဉ်ချီနဲ့ ဆင်တူတယ်.. ဒါပေမဲ့ အဲဒါက အဆပေါင်း မရေမတွက်နိုင်အောင် ပိုပြီးသန်မာတယ်.. စောစောက မဟူရာစုန်းရဲ့ သာမန်နတ်ဘုရားစွမ်းအားတစ်ခုက နင့်ရဲ့ အန္တိမ နတ်ဘုရားစွမ်းအားကို ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောခဲ့တယ်မလား.. ဘာလို့လဲဆိုတော့ သူ့ရဲ့ သာမန်နတ်ဘုရားစွမ်းအား ကောင်းကင်နဲ့မြေကြီး အမြုတေချီနဲ့ ပေါင်းစည်းထားလို့ပဲ”

“အဲ့လိုကိုး”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

“ကောင်းကင်နဲ့မြေကြီး အမြုတေချီနဲ့ ပေါင်းစည်းပြီးတဲ့နောက်.. နတ်ဘုရားစွမ်းအားတွေက အဲ့လောက် အတိုင်းအတာထိ အသွင်ပြောင်းလဲသွားနိုင်တာကိုး”

တျဲယွဲ့က ပြောလိုက်၏။

“အဲဒီ နတ်ဘုရားစွမ်းအားဆိုတဲ့ နည်းစနစ်က အထက်ဘုံကနေ ဆင်းသက်လာခဲ့တာပဲ.. နတ်ဘုရားစွမ်းအားတွေရဲ့ အစစ်အမှန်စွမ်းအားကို ကောင်းကင်နဲ့မြေကြီး အမြုတေချီနဲ့ ပေါင်းစည်းပြီးမှပဲ အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မယ်”

ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. ဆူဇီမိုက တစ်ဖန်ထပ်၍ မေးလိုက်၏။

“ကျုပ်က ကောင်းကင်နဲ့မြေကြီး အမြုတေချီကို ကျင့်ကြံနိုင်မယ်ဆိုရင်.. ကျုပ်က အဲဒီ နတ်ဘုရားစွမ်းအားတွေကို စိတ်ရှိသလို ထုတ်ဖော်နိုင်မှာလား”

“ဘယ်ဟုတ်ပါ့မလဲ”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“ပုံမှန်ဆိုရင် မဟူရာ အမြုတေအဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတွေကပဲ သာမန်နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်နိုင်လိမ့်မယ်.. ကမ္ဘာမြေ အမြုတေအဆင့်မှာ ရှိတဲ့သူတွေကတော့ အဆင့်မြင့် နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်နိုင်မယ်.. ကောင်းကင် အမြုတေအဆင့်မှာ ရှိတဲ့သူတွေကပဲ အန္တိမ နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်နိုင်လိမ့်မယ်”

“ပထမအချက်.. အဆင့်မြင့် နတ်ဘုရားစွမ်းအား ဒါမှမဟုတ် အန္တိမ နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်ဖို့အတွက် လိုအပ်တဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီက အရမ်းကို သိပ်သည်းများပြားတဲ့အတွက် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားရင် အဲဒါကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး”

“ဒုတိယတစ်ချက်.. လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားဘူးဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ အမြုတေတွေက အဆင့်မြင့် နတ်ဘုရားစွမ်းအားတွေနဲ့ အန္တိမ နတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်ရတဲ့ ဝန်ထုပ်ဝန်ပိုးဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ဆူဇီမိုသည် အရာရာတိုင်းကို စိတ်ထဲမှာ မှတ်သားထားပြီး အဲဒါကို နားလည်ဆင်ခြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

တျဲယွဲ့က ပြောလိုက်၏။

“နင်က နင့်ရဲ့ အမြင်ကို ကျယ်ကျယ်ချဲ့ပြီး ပိုပြီးတော့ ပိုပြီးတော့ဝေးဝေးကို မြင်နိုင်ဖို့ လိုတယ်.. အထက်ဘုံမှာဆိုရင် အဲဒီမှာ နတ်ဘုရားစွမ်းအားတွေတင် မဟုတ်ဘူး.. အဲဒီမှာ နင် တစ်ခါမှ မမြင်ဖူးတဲ့ ရတနာတွေနဲ့ လျှို့ဝှက်အတတ်တွေကလည်း မရေမတွက်နိုင်အောင် ရှိနေလိမ့်မယ်”

“အထက်ဘုံမှာ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတွေတင်မကဘူး.. အဲဒီမှာ တဗူးဂမ္ဘီရ ပညာရပ်တချို့လည်း ရှိတယ်.. နင်က အဲဒီထဲက တစ်ခုခုကို ရရှိနိုင်မယ်ဆိုရင် အဲဒါကို နင့်ရဲ့ ဘဝတစ်လျှောက်လုံး အသုံးချနိုင်လိမ့်မယ်”

အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား..

သူသည် ထိုစကားလုံးကို ပုံပြောအဘိုးအိုထံမှ ပထမဆုံးအကြိမ် ကြားဖူးခဲ့လေသည်။

သို့သော်လည်း အဲဒါသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်ပြီး သူသည်လည်းပဲ အဲဒါကို တစ်ခါမှ မတွေ့မြင်ဖူးကြောင်း ပုံပြောအဘိုးအိုက ပြောခဲ့ဖူးလေသည်။ ယခု သူသည် တျဲယွဲ့ထံကနေ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားများ အမှန်တကယ်တည်ရှိသည်ကို သူသိလိုက်ရလေသည်။

ဒါ့အပြင် သူတို့က အထက်ဘုံမှာသာ ရှိလေသည်။

သို့သော်လည်း ကောင်းကင်အမြုတေ ပညာရှင်များသာလျှင် အန္တိမ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။

အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ဖို့အတွက် ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားဖို့ လိုအပ်မလဲ။

ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား တျဲယွဲ့က ပြောလိုက်၏။

“ကောင်းကင်အမြုတေအဆင့် ပြီးရင် နောက်ထပ် ပိုပြီးမြင့်မားတဲ့ အဆင့်တွေ ရှိသေးတာပေါ့.. ဒါပေမဲ့ နင်က အဲဒါနဲ့ ထိတွေ့နိုင်ဖို့ အဝေးကြီးလိုသေးတယ်”

“မဟူရာ အမြုတေ၊ ကမ္ဘာမြေ အမြုတေနဲ့ ကောင်းကင်အမြုတေဆိုတဲ့ အဆင့်ကြီးတစ်ဆင့်ချင်းစီတိုင်းကို နောက်ထပ် အဆင့်သေး ကိုးဆင့် ထပ်ပြီးခွဲထားတယ်.. အဆင့်သေးတစ်ဆင့်အကြား ကွာဟချက်က အရမ်းကို ကြီးမားတယ်.. အဓိက အမြုတေအဆင့်သုံးခုကြားမှာဆိုရင် ကွာဟချက်က ပိုလို့တောင် ကြီးမားသေးတယ်”

ဆူဇီမိုက မေးလိုက်၏။

“မိန်းမပျိုတျဲ.. ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်အမြုတေအဆင့်ရဲ့ အထက်မှာ ရှိတာလား”

“ဒါပေါ့”

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

“နင်ပြောတဲ့ လူသားဧကရာဇ်ကလည်း ကောင်းကင်အမြုတေအဆင့်ရဲ့ အထက်မှာ ရှိလိမ့်မယ်”

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

အစကတော့ သူသည် အထက်ဘုံသို့ တက်လှမ်းပြီးနောက်.. တျဲယွဲ့ကို သိပ်မကြာခင် လိုက်မီလာနိုင်လိမ့်မည်ဟု တွေးထင်ခဲ့၏။

ယခု သူနှင့် တျဲယွဲ့ကြားမှာ အရမ်းကို ကြီးမားစွာ ကွာဟနေသေးသည်ကို သူက သိရှိလိုက်ရ၏။

သူတို့နှစ်ယောက်၏ အပြန်အလှန်ပြောဆိုမှုကို တျဲယွဲ့က လျှို့ဝှက်အတတ်တစ်ခုဖြင့် ပိုင်းခြားထားပြီး မည်သူကမှ အဲဒါကို မကြားနိုင်ပေ။

တျဲယွဲ့၏ အကြည့်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်သွား၏။

ခဏမျှ ကြည့်ပြီးနောက် သူမက ပြောလိုက်၏။

“အဲဒါက အဆင့်ရှစ် အထွတ်အထိပ်ထိ တက်လှမ်းလာနိုင်ခဲ့တာ တကယ့်ကို ရှားရှားပါးပါးပဲ”

“ဟုတ်တယ်.. ကျုပ်က အဲဒါကို အဆင့်ကိုးအထိ ရောက်​အောင် မကျင့်ကြံနိုင်သေးတာ နှမြောစရာပဲ”

ဆူဇီမိုက ပြောလိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ အချိန်တစ်ခုကြာသွားခဲ့လေပြီ။

အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ပြီးတာတောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်ရှစ်၏ အဟန့်အတားကို ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။

“ဖန်တီးခြင်း ကြာပဒုမ္မာက လောကမှာ တစ်ခုတည်းပဲ ရှိတာ.. အဲဒါက ဘယ်လို ကြီးပြင်းလာနိုင်မလဲဆိုတာ ငါလည်း မပြောတတ်ဘူး”

တျဲယွဲ့က ပြောလိုက်၏။

“ဒါပေမဲ့ အဆင့်ကိုး ဖန်တီးခြင်း ကြာပဒုမ္မာက သူ့ရဲ့ အကန့်အသတ် မဟုတ်ဘူး… သူ့ရဲ့ အစစ်အမှန် အထွတ်အထိပ်က အဆင့်-၁၂ ပဲ”

“နောက်ပြီး ဖန်တီးခြင်း ကြာပဒုမ္မာရဲ့ နောက်ပိုင်း အဆင့်လေးဆင့်က မဟာအခွင့်အလမ်းတွေကိုပါ ထုတ်ဖော်ပေးလိမ့်မယ်.. အဲဒီကိုယ်ပွားရဲ့ ပါရမီအလားအလာက နင့်ရဲ့ နဂါးဖီးနစ်ခန္ဓာထက် သေချာပေါက် အားနည်းမှာ မဟုတ်ဘူး”

“တကယ်ဆို အဲဒါက နဂါးဖီးနစ်ခန္ဓာကိုတောင် ကျော်တက်သွားနိုင်တယ်”

တျဲယွဲ့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အလွန်တရာ မြင့်မားစွာ တွက်ချက်ထားလေသည်။

ဆူဇီမိုမှာ တျဲယွဲ့ကို ပြောချင်သည့် ကိစ္စများစွာ ရှိလေသည်။

သို့သော်လည်း ထိုစဉ် တျဲယွဲ့သည် ရုတ်တရက် ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းကို မော့ကြည့်ပြီး ပြောလိုက်၏။

“သူတို့ ရောက်လာပြီပဲ”

သူမ ပြောလိုက်သည့် ခဏမှာပင်… အလွန်တရာ ဖိနှိမ်ချုပ်ချယ်နိုင်သော အော်ရာတစ်ခုက အက်ကွဲကြောင်းကနေတစ်ဆင့် ထျန်ဟွမ်ကုန်းမြေတိုက်ဆီသို့ တလိပ်လိပ် တိုးဝင်လာခဲ့၏။

ဝေါ…

အစိမ်းရောင် မြစ်တစ်စင်းက ကောင်းကင်ထက်ကနေ လွင့်မျောလာပြီး ၎င်းက ကြွယ်ဝသော ဆိုးယုတ်အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မြစ်ထဲရှိ ရေတစ်စက်ချင်းစီမှာ ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မည်သည့် ဧကရာဇ်ကိုမဆို သတ်ဖြတ်နိုင်သည့် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါဝင်လေသည်။

All Chapters