← Chapters

အဖြူရောင်ဝတ်အမျိုးသား

Vol. 117 Ch. 1751

အဖြူရောင်ဝတ်အမျိုးသား

Vol. 117 Ch. 1751

ရုတ်တရက် မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ပုံရိပ်တစ်ခုက ဆင်းသက်ပေါ်ထွက်လာ၏။

ထိုလူက အနက်ရောင်ဆံပင်များကို ဖြန့်ချထားပြီး အဖြူရောင်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူက ရုပ်ရည်ချောမောပြီး သူ၏ မျက်လုံးများက ကြယ်များကဲ့သို့ ကြည်လင်နက်ရှိုင်းနေ၏။ သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားပြီး သူက အင်မော်တယ်တစ်ပါးနှင့်တူလေသည်။

သူက လူသားတစ်ယောက်ဖြစ်ပုံရလေသည်။

အဲ့ဒါသည် အထက်ဘုံမှလာသော လူသားတစ်ယောက်ဖြစ်လေသည်။

“ဟမ်...”

လေထဲမှာ မတ်တတ်ရပ်နေရင်း အဖြူရောင်ဝတ်အမျိုးသားက ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ချက်ဝေ့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒီကမ္ဘာငယ်က မဆိုးဘူးပဲ... မျိုးနွယ်စုတစ်သောင်းက အတူရှိနေကြတယ်... အာ.. အဲ့ဒီမှာ ဂမ္ဘီရဟို့လည်းရှိတာပဲ”

“ဟမ်...”

ရုတ်တရက် သူ၏ အကြည့်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်သွား၏။ သူက နှာတစ်ချက်ရှုံ့ပြီး သူ၏ မျက်လုံးက ဝင်းလက်သွားလေသည်။

“နဂါးဖီးနစ်ရဲ့ အော်ရာပဲ... ဟဟားဟားဟား”

အဖြူရောင်ဝတ်လူက ရယ်မောလိုက်၏။

“မဆိုးဘူးပဲ... မဆိုးဘူး... ငါက ဒီဂမ္ဘီရဟို့နဲ့ နဂါးဖီးနစ်ကို ငါ့ရဲ့ အင်မော်တယ်တောကောင်တွေအဖြစ် ဖမ်းဆီးသွားရမယ်”

“ဒါပေမဲ့ ငါက ဖန်တီးခြင်းကြာပဒုမ္မာကို အရင်ရှာရဦးမယ်... အဲ့ဒါက ဘယ်မှာပါလိမ့်”

အဖြူရောင်ဝတ်လူက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

အသက်ရှုချိန် အနည်းငယ်အကြာမှာ သူ၏ အကြည့်က ခွန်လွင်အပျက်အစီးဒေသနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ်သို့ ဆင်းသက်သွားလေသည်။

ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်က အေးစက်သွားပြီး ခေါင်းနပန်းကြီးလာသည်ဟု ခံစားရ၏။

“လတ်စသတ်တော့... သူက အဲ့ဒီမှာ ပုန်းနေတာပဲ”

အဖြူရောင်ဝတ်လူက အံ့အားသင့်ဟန်ဖြင့် စုတ်တစ်ချက်သပ်လိုက်၏။

“သူက အသွေးအသားနဲ့ ကောင်းကောင်းပေါင်းစည်းထားတာပဲ... ဘယ်လောက်တောင် ရှားရှားပါးပါးလဲ”

အဖြူရောင်ဝတ်လူ၏ အကြည့်အောက်မှာ ဆူဇီမိုသည် မည်သည့်လျှို့ဝှက်ချက်မှ မကျန်အောင် နဖူးမှခြေဖျားထိ ဖောက်ထွင်းမြင်ခံနေရသည့်အလား ခံစားရလေသည်။

ဆူဇီမိုက တိတ်တဆိတ် ထိတ်လန့်သွား၏။

စုန်းမျိုးနွယ်ဖြစ်စေ ၊ မျက်လုံးတစ်ဖက်သတ္တဝါဖြစ်စေ ၊ ရှေးဟောင်းခေါင်းလောင်းဖြစ်စေ ၊ အထက်ဘုံလောကရှိ မည်သည့်ပညာရှင်ကမှ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မရှာဖွေနိုင်ခဲ့ပေ။

သို့သော်လည်း ဤအဖြူရောင်ဝတ်လူက သူ့ကိုချက်ချင်းပင် ရှာဖွေတွေ့ရှိသွားနိုင်၏။

အဖြူရောင်ဝတ်လူ၏ ကျင့်ကြံမှုအဆင့်ကို သူမသိသော်လည်း ထိုသူသည် အထက်ဘုံမှ ယခင်ဆင်းသက်လာသော ပညာရှင်များအားလုံးထက် သေချာပေါက် ပိုမိုကြောက်စရာကောင်းလေသည်။

“အာ...”

အဖြူရောင်ဝတ်လူ၏ အကြည့်က နန်းကြည်ပေါ်သို့ ဆင်းသက်သွားပြီး သူ၏ မျက်လုံးက ဝင်းလက်သွား၏။

“မဆိုးဘူး... ဒီမိန်းကလေးက နတ်ဘုရားမျိုးနွယ်ကပဲ... သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က ထိပ်တန်းအဆင့်မှာရှိတယ်... ငါ သူ့ကိုလည်း ခေါ်သွားရမယ်”

ရွှစ်...

ဖျတ်ခနဲဆို အဖြူရောင်ဝတ်လူက ခွန်လွင်အပျက်အစီးဒေသ၏ အထက်သို့ ဆင်းသက်လာခဲ့၏။

သူက ဆူဇီမိုကို ကြည့်လိုက်လေသည်။

“ငါက... အင်မော်တယ်ဆေးလုံးတစ်လုံးကို သန့်စင်ရင်း ဖန်တီးခြင်းကြာပဒုမ္မာကို လိုနေတာ... မင်းကိုသန့်စင်ပြီးရင် ငါက အဲ့ဒီဆေးလုံးကို သေချာပေါက်အောင်မြင်အောင်ဖန်တီးနိုင်လိမ့်မယ်”

“ငါ့ရဲ့ဆေးလုံးဖော်စပ်မှုမှာ ပါဝင်ပစ္စည်းအနေနဲ့ သန့်စင်မွန်းမံခံရမှာ မင်းအတွက်ဂုဏ်ယူစရာပဲ”

အဖြူရောင်ဝတ်လူက ဝံ့ကြွားစွာ ပြောဆိုပြီး ဆူဇီမိုကို လှမ်းဆွဲလိုက်လေသည်။

ရုတ်တရက် သွေးနီရောင်ဝတ်ပုံရိပ်က ဆူဇီမို၏ ရှေ့မှာ ဖျတ်ခနဲပေါ်ထွက်လာလေသည်။

“နင်ကတော့ သေချင်နေပြီပဲ”

အဖြူရောင်ဝတ်လူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ လက်ဖဝါးကနေ တျဲယွဲ့ဆီသို့ ပစ်လွင့်ထွက်ပေါ်လာ၏။

တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူမက သူမ၏ လက်ဖဝါးကို သာမန်ကာလျှံကာသာ ဝေ့ယမ်းလိုက်၏။

ဘန်း...

သူတို့နှစ်ယောက်က တိုက်ခိုက်ဖလှယ်လိုက်ပြီး ကျယ်လောင်သောမြည်သံတစ်သံထွက်ပေါ်လာ၏။

အဖြူရောင်ဝတ်လူက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။

ဆူဇီမိုကလည်း တိတ်တဆိတ် ထိတ်လန့်သွား၏။

တိုက်ပွဲ၏ ဤအခြေအနေအထိ ဤအဖြူရောင်ဝတ်လူတစ်ယောက်တည်းကသာလျှင် တျဲယွဲ့၏ တိုက်ခိုက်မှုကို ဒဏ်ရာအပြင်းအထန် မရရှိဘဲ ခုခံနိုင်လေသည်။

ထိုမျှသာမက အဖြူရောင်ဝတ်လူက နောက်သို့ ခြေလှမ်းဝက်မျှပင် ဆုတ်မသွားခဲ့ပေ။

ဆူဇီမိုသည် စိုးရိမ်ပူပန်မှုကို ခံစားလာရ၏။

သို့သော်လည်း တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေပြီး သူမ၏ မျက်လုံးများက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။ သူမက အဖြူရောင်ဝတ်လူကို အေးစက်စွာဖြင့်သာ ကြည့်နေ၏။

“နင်ဘယ်သူလဲ”

အဖြူရောင်ဝတ်လူက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး တင်းမာခက်ထန်စွာမေးလိုက်၏

“ထွက်သွားလိုက်တော့”

တျဲယွဲ့က မည်သည့်အရာကိုမှ ထပ်မံ၍ မပြောဆိုတော့ပေ။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

တျဲယွဲ့သည် သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူမသည် အဖြူရောင်ဝတ်လူနှင့် အချိန်ဖြုန်းနေခြင်း သို့မဟုတ် သူ့ကိုထွက်ခွာခွင့်ပေးခြင်း ပြုလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ သူမက တစ်စုံတစ်ရာကို ငဲ့ကွက်ထိန်ချန်နေပုံရ၏။

အဖြူရောင်ဝတ်လူက တျဲယွဲ့ကို ခြိမ်းခြောက်နိုင်လောက်အောင် သန်မာနေတာ ဖြစ်နိုင်မလား။

“နင်က မျိူးဆက်သွေးနယ်မြေဖြစ်စဥ်တစ်ခုပဲ... နင်က ဘယ်လောက်ထိ သန်မာနိုင်မှာမို့လဲ”

အဖြူရောင်ဝတ်လူက တျဲယွဲ့၏ ပုံပန်းသဏ္ဌာန်ကို ချက်ချင်းပင် သိမြင်နိုင်ပြီး သရော်ပြုံးပြုံးလိုက်လေသည်။

တျဲယွဲ့က မှင်သေသေဖြင့် ပြောလိုက်လေသည်။

“နင်ကလည်း ကိုယ်ပွားတစ်ခုပါပဲ”

“အဲ့ဒါက ကွာတယ်လေ”

အဖြူရောင်ဝတ်လူက ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“ငါ့ရဲ့ဒီကိုယ်ပွားမှာ သူ့ကိုယ်ပိုင် အမြုတေစိတ်ဝိညာဥ်ရှိတယ်... ငါက နှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှ ဒါကို ဖန်တီးထားတာ... အဲ့ဒါက နင့်လို မျိုးဆက်သွေးနယ်မြေ ဖြစ်စဥ်တစ်ခု ယှဥ်နိုင်တဲ့တစ်စုံတစ်ရာမဟုတ်ဘူး”

“ငါက... ဒီကမ္ဘာငယ်က ဖန်တီးခြင်းကြာပဒုမ္မာကို သေချာပေါက် အရယူမှာပဲ”

အဖြူရောင်ဝတ်လူက အေးစက်စွာပြောလိုက်၏။

“ဒီနေ့ ငါ့ရှေ့မှာပိတ်ရပ်လာတဲ့ ဘယ်သူ့ကိုမဆို ငါသတ်မယ်... နင့်ရဲ့ အစစ်အမှန်ခန္ဓာက ဆင်းသက်လာရဲမယ်ဆိုရင်တောင် ငါနင့်ကိုပါ သတ်ပစ်မယ်”

သူ့စကားမဆုံးသေးခင်မှာပင် အဖြူရောင်ဝတ်လူ၏ နှာရောင်ပေါ်မှာ ကျိန်းစပ်နေသော အလင်းတစ်ခုပေါ်ထွက်လာ၏။

“အား...”

ဆူဇီမို ၊ နန်းကြည်နှင့် အခြားသူများသည် ထိုအလင်းလုံးထံမှ သိပ်သည်းပြင်းထန်သော ဖိအားကိုခံစားလိုက်ရပြီး ညည်းတွားလိုက်ကြ၏။

ထိုအလင်းသည် မိုးကောင်းကင်ထက်ရှိ အလျှံညီးညီး နေမင်းထက်ပင် ပို၍ လင်းထိန်တောက်ပနေပြီး မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။

“ဒီကိုယ်ပွားက ဒီအဆင့်ထိ ရောက်အောင် တကယ်ပဲကျင့်ကြံထားနိုင်တာပဲ”

တျဲယွဲ့က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဥ်းလိုက်၏။

“နင်အခုမှ နောင်တရမယ်ဆိုလည်း နောက်ကျသွားပြီ”

အဖြူရောင်ဝတ်လူက ငေါက်ငမ်းလိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ အလင်းက အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ကာ သူ၏ လက်နှစ်ဖက်ထဲသို့ တလိပ်လိပ်တိုးဝင်သွားစေ၏။

ကြောက်စရာကောင်းသော စွမ်းအားက အဖြူရောင်ဝတ်အမျိုးသား၏ လက်ဖဝါးထဲမှာ ဧရာမဓားတစ်လက်အဖြစ် အလျင်အမြန် စုဖွဲ့သွား၏။

ထိုဓားသည် အစစ်အမှန် လက်နက်တစ်ခုမဟုတ်သော်လည်း ၎င်းသည် စောစောက ရှေးဟောင်းခေါင်းလောင်းထက် အဆများစွာပိုမိုသန်မာလေသည်။

“သုတ်သင်လိုက်စမ်း”

သူ၏ ဓားကိုကိုင်မြှောက်ပြီး အဖြူရောင်ဝတ်အမျိုးသားက တျဲယွဲ့ထံသို့ ခုတ်ပိုင်းချလိုက်၏။

“နင်ငါ့ကို သတ်ချင်တာလား”

တျဲယွဲ့၏ အကြည့်က အေးစက်လာခဲ့၏။

“ငါဘယ်သူလဲဆိုတာ နင်မသိသေးဘူးနဲ့တူတယ်”

သူမစကား မဆုံးသေးခင်မှာပင် တျဲယွဲ့၏ ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွား၏။

လေထဲမှာ ဆယ်ပေအကျယ် သွေးနီရောင်လိပ်ပြာတစ်​ကောင်က ပေါ်ထွက်လာ၏။

သွေးနီရောင်လိပ်ပြာ၏ တောင်ပံနှစ်ဖက်ပေါ်မှာ လပြည့်ဝန်းနှစ်ခုကို ခတ်နှိပ်ထားပြီး ၎င်းသည် မျက်လုံးတစ်စုံကဲ့သို့ အဖြူရောင်ဝတ်အမျိုးသားကို အေးစက်စွာ စိုက်ကြည့်နေ၏။

ဆူဇီမိုက အသက်အောင့်ထားပြီး အာရုံစိုက်၍ ကြည့်နေ၏။

သည့်ယခင်က တျဲယွဲ့သည် သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခဲ့ခြင်း မရှိပေ။

သူမထံမှ သာမန်ကာလျှံကာတိုက်ခိုက်မှုတချို့နှင့်ပင် သူမသည် အထက်ဘုံမှ ပညာရှင်များအားလုံးကို ဖိနှိမ်နိုင်ခဲ့၏။

သို့သော် ယခုအခါ တျဲယွဲ့သည် အဖြူရောင်ဝတ်အမျိုးသားနှင့် ရင်ဆိုင်ရာမှာ သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၏။

“ဟဲဟဲ...”

အဖြူရောင်ဝတ်အမျိုးသားက လှောင်ရယ်လိုက်၏။

“လိပ်ပြာမျိုးနွယ်ထဲမှာဆို ရွှေလိပ်ပြာဘုရင်မတွေကပဲ သန်မာကြတာ... နင်က အနီရောင်လိပ်ပြာ....”

သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား အဖြူရောင်ဝတ်အမျိုးသားက ဆက်လက်၍ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

“မင်း... မင်းက...”

အဖြူရောင်ဝတ်လူ၏ မျက်နှာက သွေးဆုတ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ကြောက်ရွံမှုဖြင့် ပြူးကျယ်သွား၏။

တျဲယွဲ့ကို လက်ညိုးထိုးရင်း သူ၏ လက်က အနည်းငယ်တုန်ယင်နေကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်လေသည်။

“ခင်..ခင်ဗျားက မဟာအရိုင်းကမ္ဘာက သွေးလိပ်ပြာပဲ”

ထိုသို့သူ​ပြောလိုက်သည့်ခဏမှာပင် အဖြူရောင်ဝတ်လူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလေတော့သည်။

တျဲယွဲ့က သူမ၏ တောင်ပံများကို ခတ်လိုက်၏။

ထိုတုန်ခါမှုက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။

သို့သော်လည်း အဖြူရောင်ဝတ်လူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပြင်းထန်စွာ တဆတ်ဆတ်တုန်ခါသွားပြီး သူ့ဆင့်ခေါ်ထားသော ဓားပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

ဖျောက်... ဖျောက်.... ​ဖျောက်...

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

အဲ့ဒီမှာ တဖျတ်ဖျတ်တလက်လက် တောက်ပနေသောဓားက ကြေမွပျက်စီးသွားလေသည်။

အဖြူရောင်ဝတ်လူက တုန်လှုပ်သွားသော အမူအရာနှင့်အတူ သွေးတစ်လုတ်ကိုထွေးထုတ်ပြီး ဆက်လက်၍ ထွက်ပြေးချင်လေသည်။

သို့သော်လည်း တျဲယွဲ့က သူမ၏ တောင်ပံများကို တစ်ဖန်ထပ်၍ ခတ်လိုက်၏။

ထိုတုန်ခါမှုသည် ကြောက်စရာကောင်း၍ ကမ္ဘာဖျက်စွမ်းအား မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပုံရပြီး ၎င်းက အဖြူရောင်ဝတ်အမျိုးသားပေါ်သို့ ချက်ချင်းပင်ဆင်းသက်သွားလေသည်။

အဖြူရောင်ဝတ်အမျိုးသား၏ အသားများက မုန်တိုင်းထဲမှာ အဆက်မပြတ်ကွာကျလာပြီး လတ်ဆတ်သော သွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။

“အား... အား...”

သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

“သွေး လိပ်ပြာ ဧကရီ... ကျေးဇူးပြုပြီး... ချမ်းသာပေး...”

မုန်တိုင်းထဲမှာ အဖြူရောင်ဝတ်လူ၏ အသံက ပြတ်တောင်း ပြတ်တောင်း ထွက်ပေါ်လာ၏။ သူက အသနားခံတောင်းပန်နေသည့်အလားပင်။

All Chapters