← Chapters

ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေ

Vol. 117 Ch. 1754

ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေ

Vol. 117 Ch. 1754

တျဲယွဲ့သည် ကောင်းကင်ကို ပြုပြင်ဖာထေးပေး၍ တိုက်ပွဲက အဆုံးသတ်သွားပြီးနောက်.. လူသားမျိုးနွယ်မှ ဧကရာဇ်များသည် ထွက်ခွာသွားခြင်း မရှိကြပေ။ ထိုအစား သူတို့သည် ဆူဇီမို၏ အကြံပြုချက်အရ နဂါးအရိုးတောင်ကြားမှာ ယာယီအားဖြင့် နေထိုင်ကြလေသည်။

နန်းကြည်သည် နတ်ဘုရားမျိုးနွယ်နှင့်အတူ နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုက အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့၏။

တိုက်ပွဲက အဆုံးသတ်သွားသော်လည်း သွေးရောင်မျက်နှာက တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေ။

ထူးဆန်းသော အရာမှာ ကိုယ်တော်တာမင်းကလည်း ပေါ်ထွက်မလာခဲ့ပေ။

ဆူဇီမို၏ တွက်ချက်မှုအရ ထျန်ဟွမ်ကုန်းမြေတိုက်၏ ကပ်ဘေးများသည် လွန်ခဲ့သည့် နှစ်သုံးသောင်းကနေ စတင်လာခဲ့၏။

သားရဲတစ်ထောင်ကပ်ဘေးကနေ ကြယ်တာရာကပ်ဘေး၊ မဟာချွမ်ကပ်ဘေးနှင့်​ ယခုနောက်ဆုံး မျိုးနွယ်စုတစ်သောင်းကပ်ဘေးအထိ သွေးမျက်နှာက အောင်မြင်ခဲ့သည်ချည်းသာ ဖြစ်၏။

သူတို့က ဤတိုက်ပွဲမှာ အနိုင်ရခဲ့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်၏ မျိုးနွယ်စုတစ်သောင်းက သေကြေပျက်စီး ဆုံးရှုံးမှုများစွာကို တွေ့ကြုံခဲ့ရ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ သွေးများက စီးဆင်းနေပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

နောက်ဆုံးမှာတော့ အထက်ဘုံမှ ပညာရှင်များပါ ရောပါငြိစွန်းခဲ့ပြီး သူတို့၏ မျိုးဆက်သွေးများက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံသော ထိုသူများအတွက် စဉ်းစားကြည့်၍ မရနိုင်လောက်သည့် မဟာအားဆေးတစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် သွေးရောင်မျက်နှာက ဘယ်အဆင့်ထိ ကြီးထွားသွားမလဲကို စဉ်းစားကြည့်ရဲခြင်းပင် မရှိချေ။ တျဲယွဲ့ ဆင်းသက်လာသောအခါ သူမသည် ထိုကိစ္စကို မပြောဆိုခဲ့ပေ။ သို့သော်လည်း သွေးရောင်မျက်နှာ၏ တည်ရှိမှုသည် တျဲယွဲ့ထံကနေ ပုန်းကွယ်နိုင်လိမ့်မည် မဟုတ်ဟု ဆူဇီမိုက ယုံကြည်၏။

သို့သော်လည်း တျဲယွဲ့ ဆင်းသက်လာပြီးနောက် သူမသည် အထက်ဘုံမှ ပညာရှင်များနှင့် တိုက်ခိုက်နေရပြီး သူမမှာ အားလပ်ချိန်မရှိခဲ့ပေ။ နောက်ဆုံးမှာတော့ တျဲယွဲ့သည် အမြုတေနယ်မြေ၏ ခွန်အားကို ကုန်ဆုံးသည်အထိ သုံးစွဲခဲ့ရပြီး သူမ၏ ပုံရိပ်က ပျက်ပြယ်သွားခဲ့ရ၏။

ဆူဇီမိုသည် အထက်ဘုံသို့ ချက်ချင်း မတက်လှမ်းသေးသည့် အကြောင်းရင်းမှာလည်း သွေးရောင်မျက်နှာ၏ ပုန်းလျှိုးနေသော အန္တရာယ်ကြောင့်ဖြစ်၏။

ထိုတိုက်ပွဲအပြီး၌ လူသားမျိုးနွယ်နှင့် အမျိုးမျိုးသော မျိုးနွယ်စုများမှ ဧကရာဇ်များက ပြန်လည်အားဖြည့်ကြရမည်ဖြစ်၏။

ဆူဇီမိုသည် မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များကို မထင်မှတ်ထားသော ဖြစ်ရပ်များကို တားဆီးရန်အတွက် နဂါးအရိုးတောင်ကြားမှာ လောလောဆယ် စုစည်းနေထိုင်ဖို့ အတတ်နိုင်ဆုံး ဖျောင်းဖျထားလေသည်။

သူသည် အကြောင်းရင်း အတိအကျကို ရှင်းမပြခဲ့သော်လည်း မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များသည် ဤတိုက်ပွဲ မစတင်ခင်က နဂါး၊ ခွန်နှင့် လူရိုင်းမျိုးနွယ်မှာ ဖြစ်ပွားခဲ့သည့် အပြောင်းအလဲများကို ပြန်လည်အမှတ်ရသွားပြီး ကြောက်ရွံ့မှုကို ခံစားနေကြရဆဲဖြစ်၏။

ဒါ့အပြင် ဤတိုက်ပွဲအပြီး၌ သိုင်းဧကရာဇ်၏ ဩဇာတိက္ကမက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အတိတ်ကာလတုန်းက ထာဝရ လူသားဧကရာဇ်ကိုပင် ကျော်တက်သွားခဲ့လေပြီ။

ဆူဇီမိုကိုယ်တိုင်သည် ထိုအကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒါသည် တျဲယွဲ့ကြောင့်လည်း ပါလေသည်။

ဆူဇီမိုက သူတို့ကို ဖျောင်းဖျသောအခါ အမျိုးမျိုးသော မျိုးနွယ်စုများမှ ဧကရာဇ်များသည် ငြင်းဆန်ခြင်း မရှိဘဲ လောလောဆယ် နဂါးအရိုးတောင်ကြားမှာ နေထိုင်ကြလေသည်။

ထိုတိုက်ပွဲအပြီး၌ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စများစွာ ရှိနေပြီး ဧကရာဇ်များသည် သူတို့လက်အောက်မှ မျိုးနွယ်စုခေါင်းဆောင်များနှင့် ပေါင်းစည်းခန္ဓာများကို တာဝန်များ ခွဲဝေပေးလိုက်ကြ၏။

တစ်ခဏချင်းမှာပင် တစ်လတာက ကုန်ဆုံးသွား၏။

မထင်မှတ်ထားစွာပင် ထျန်ဟွမ်ကုန်းမြေတိုက်က တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာ၏။

ထိုတိုက်ပွဲအပြီး၌ မျိုးနွယ်စုတစ်သောင်းသည် တိတ်တဆိတ်ဖြင့် ပြန်လည်အားဖြည့်ဖို့ ရွေးချယ်ခဲ့ကြ၏။ သွေးရောင်မျက်နှာကလည်း ပေါ်ထွက်မလာဘဲ လုံးဝကို ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။

နဂါးအရိုးတောင်ကြားမှာ ပြန်လည်ကုသနေသော ဒဏ်ရာ အပြင်းအထန်ရရှိထားသည့် ဧကရာဇ်တချို့က လွဲလျှင် ဧကရာဇ်အများစုက သက်သာပျောက်ကင်းသွားကြပြီဖြစ်၏။

ဤနေ့မှာ ဆူဇီမို၊ ပုံပြောအဘိုးအိုနှင့် လုံရန်တို့က စုစည်းမိနေကြ၏။

“ထူးဆန်းတယ်… ငါတို့ရဲ့ အရင်ခန့်မှန်းချက်က မှားနေတာများလား”

ပုံပြောအဘိုးအိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“သွေးမျက်နှာက အထွတ်အထိပ် ကပ်ဘေးကို ဖြတ်ကျော်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာသွားတာများလား”

ပုံပြောအဘိုးအိုနှင့် လုံရန် နှစ်ယောက်စလုံးသည် သွေးမျက်နှာ၏ တည်ရှိမှုကို သိရှိထားကြ၏။

အရင်က လုံရန်သည် သားရဲတစ်ထောင်တောင်ကြားမှာ သေလုမတတ် ဖြစ်ခဲ့ရ၏။

“ကျုပ်တော့ အဲ့လိုမထင်ဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

သွေးမျက်နှာသည် ဤကဲ့သို့ တိတ်တဆိတ်ဖြင့် ထွက်ခွာသွားမည် မဟုတ်သည်ကို သူက ယုံကြည်လေသည်။

လုံရန်က ပြောလိုက်၏။

“ငါ့အထင်တော့ ငါတို့သုံးယောက်က အတူပူးပေါင်းပြီး သားရဲတစ်ထောင်တောင်ကြားမှာ ရှိတဲ့ အဲဒီ နှစ်တစ်ထောင်သွေးပင်လယ်ကို တစ်ချက်သွားကြည့်သင့်တယ်.. ငါတို့ ပူးပေါင်းထားမယ်ဆိုရင် အဲဒီ သွေးမျက်နှာကို မနိုင်ဘူးလို့ ငါမယုံဘူး”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး တစ်ခုခုပြောမည် ရှိစဉ်မှာပင် သူက ရင်တစ်ချက်ထိတ်သွား​ပြီး သူ၏ အကြည့်က တည်ကြည်လေးနက်လာခဲ့၏။

သူသည် သိုင်းတာအို ပင်မခန္ဓာ၏ တည်ရှိမှုကို အာရုံခံမိလိုက်ပြီဖြစ်၏။

. . . . .

ခွန်လွင်အပျက်အစီးဒေသတွင်..

ရေကန်တစ်ခု၏ အနက်ပိုင်းထဲမှာ အဲဒါသည် အလင်းရောင်များစွာ မရှိဘဲ နက်ရှိုင်း၍ မှောင်မည်းနေ၏။

ခရမ်းရောင်ဝတ် လူတစ်ယောက်သည် ရေကန်၏ အောက်ခြေမှာ လှဲလျောင်းနေသည်ဟု ထင်ရ၏။

သိုင်းတာအို ပင်မခန္ဓာသည် ဤနေရာမှာ သီးခြားအထိုင်ချ ကျင့်ကြံနေပြီး မည်သူကမှ သူ့ကို အာရုံမခံနိုင်ကြပေ။

သက်ရှိတစ်ယောက်က သူ့ဘေးကနေ ဖြတ်သွားမည်ဆိုလျှင်တောင် သူ၏ မျက်လုံးထဲနှင့် အသိစိတ်ထဲမှာ သိုင်းတာအို ပင်မခန္ဓာကို သက်မဲ့ကျောက်တုံးတစ်တုံးအဖြစ်သာ ခံစားမိပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအို ပင်မခန္ဓာသည် သူ၏ သီးခြားအထိုင်ချ ကျင့်ကြံရာကနေ နိုးထလာခဲ့၏။

သိုင်းတာအို ပင်မခန္ဓာ၏ ပုံရိပ်က ရေကန်၏ အောက်ခြေကနေ တဖြည်းဖြည်းတက်လာပြီး ရေမျက်နှာပြင် အထက်မှာ ပေါ်ထွက်လာ၏။ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သောအခါ တဖျတ်ဖျတ် တလက်လက် တောက်ပနေသော ဂမ္ဘီရအလင်းတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။

သိုင်းတာအို ပင်မခန္ဓာသည် ဤတစ်ခေါက် ကျင့်ကြံမှုကနေ အကျိုးအမြတ်များစွာ ရရှိခဲ့၏။

အစကတော့ သူ့ရှေ့မှာ မည်သည့်လမ်းကြောင်းမှ မရှိတော့ပေ။

လမ်းကြောင်းမရှိဘဲ သူက ဆက်လက်၍ ကျင့်ကြံနိုင်မည် မဟုတ်ပေ။

သူက နတ်ဘုရားစွမ်းအား ဘယ်လောက်များများနှင့် ပေါင်းစည်းသည်ဖြစ်စေ.. သူက ထိုနေရာမှာပင် တစ်ဆို့နေပေလိမ့်မည်။

ယခု သူသည် သိုင်းတာအိုကို ပြီးပြည့်စုံစေခဲ့ပြီး သူသည် နောက်ဆုံးမှာ ကျန်ရှိနေသော လမ်းကြောင်းကို ဖန်တီးနိုင်ခဲ့လေပြီ။

သိုင်းတာအို၏ ကျင့်ကြံမှုသည် အစကတည်းက အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာတာအိုများနှင့် ကွဲပြားခြားနားလေသည်။

သိုင်းတာအို၏ အဓိက အလေးပေးမှုမှာ ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ ဖြစ်၏။

လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ကျင့်ကြံသူများ နှိုးဆွဖော်ထုတ်လာမည်ကို စောင့်ဆိုင်းနေသော အဆုံးမဲ့ ပါရမီအလားအလာနှင့် ပြည့်နှက်နေသည့် ဧရာမ ရတနာတစ်ခု ဖြစ်လေသည်။

သိုင်းတာအို ပင်မခန္ဓာသည် သိုင်းစိတ်ဝိညာဉ်တစ်ခုကို​ ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံခြင်းနည်းလမ်းသည် အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာဂိုဏ်းများနှင့် များစွာ ကွဲပြားခြားနားခြင်း မရှိတော့ပေ။

အဲဒီမှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များ၊ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများနှင့် ပေါင်းစည်းခန္ဓာအဆင့်များ ရှိလေသည်။

သို့သော်လည်း မဟာယာနအဆင့်၌ သိုင်းတာအို ပင်မခန္ဓာသည် မည်သည့် နတ်ဘုရားစွမ်းအားကိုမှ နားလည်ဆင်ခြင်နိုင်ခြင်း မရှိတော့ပေ။ ထိုအစား သူသည် သူ၏ အသွေးအသားထဲကို ထည့်သွင်းပေါင်းစည်းဖို့အတွက် နတ်ဘုရားစွမ်းအားများကို အတင်းအကျပ် အရည်ဖျော်ခဲ့လေသည်။

ထိုအခိုက်အတန့်မှ စ၍ သိုင်းတာအိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေး နည်းစနစ်များနှင့် တစ်ဖန်ကွဲပြားခြားနားသွား၏။

နတ်ဘုရားစွမ်းအားများကို ကျင့်ကြံပြီးနောက်.. သူတို့သည် သူတို့၏ ပြိုင်ဘက်နှင့် ဆန့်ကျင်တိုက်ခိုက်ရန် နတ်ဘုရားစွမ်းအားများ၏ စုဖွဲ့မှုအပေါ် မှီခိုရလေသည်။

သိုင်းတာအို ပင်မခန္ဓာကတော့ သူသည် သူ့ခန္ဓာကိုယ်၏ စွမ်းအားနှင့် ပါရမီကို အဆက်မပြတ် နှိုးဆွဖို့အတွက် နတ်ဘုရားစွမ်းအားများကို တိုက်ရိုက် အရည်ဖျော်ချပစ်ခဲ့လေသည်။

သိုင်းတာအို ပင်မခန္ဓာသည် ရေကန်ထက်မှာ မျက်လုံးနှစ်ဖက် မှိတ်၍ တင်ပျဉ်ခွေထိုင်လိုက်၏။ သူ၏ အနက်ရောင် ဆံပင်များက လေမတိုက်ဘဲ တဖျပ်ဖျပ်လွင့်နေ၏။ သိုင်းစိတ်ဝိညာဉ်မီးက ဒေါသတကြီး လောင်ကျွမ်းနေပြီး သူ့ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းမှာ အဆက်မပြတ် သိပ်သည်းကျစ်လစ်လာခဲ့၏။

သိုင်းတာအိုမီးဖို၏ နတ်ဘုရားစွမ်းအားသည် သူ၏ အသွေးအသား၊ အရိုး.. တစ်ခုချင်းစီနှင့် ပေါင်းစည်းသွားပြီး သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်အား ပါရမီအလားအလာကို နှိုးဆွပေးနေ၏။

ကျင့်ကြံခြင်း၏ အဓိပ္ပာယ်က အသက်ဓာတ်၏ စွမ်းအားကို အဆက်မပြတ် နှိုးဆွပေးနေဖို့ ဖြစ်၏။

ရုတ်တရက်ဆိုသလို…

သိုင်းတာအို ပင်မခန္ဓာအတွင်းရှိ စွမ်းအားက အထွတ်အထိပ် အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။

ဝုန်း..

သိုင်းတာအို ပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအို ပင်မခန္ဓာအတွင်း အချုပ်အနှောင်တစ်ခုက ကျိုးပျက်သွားသည့်အလားပင်။

လျှို့ဝှက်ဆန်းကြယ်သော ရောင်လျှံစက်ဝန်းတစ်ခုက သိုင်းတာအို ပင်မခန္ဓာ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး သိုင်းတာအို၏ စွမ်းအားကို သိပ်သည်းကျစ်လစ်လာစေ၏။ ၎င်းသည် သိုင်းတာအို၏ တာအိုနှင့် ရောယှက်သွားပြီး အင်အားကြီးမားသော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးလာ၏။ ၎င်းသည် ဘေးပတ်လည်ရှိ လေဟာနယ်ကို ပြိုကျ၍ မြေပြင်ကို တုန်ခါသွားစေ၏။

လျှို့ဝှက်ဆန်းကြယ်သော ထိုရောင်လျှံစက်ဝန်း၏ တောက်ပလင်းထိန်မှုနှင့်အတူ သိုင်းတာအို ပင်မခန္ဓာက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။

လျှို့ဝှက်ဆန်းကြယ်သော ရောင်လျှံစက်ဝန်း၏ လွှမ်းခြုံမှုအောက်မှာ သိုင်းတာအို ပင်မခန္ဓာ၏ စွမ်းအားက ယခင်ကထက် များစွာကျော်လွန်လာခဲ့၏။

သိုင်းတာအို ပင်မခန္ဓာသည် ရပ်တန့်လိုက်ခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို သိပ်သည်းကျစ်လစ်လာစေရန် အဆက်မပြတ် လှည့်ပတ်နေ၏။

သိုင်းတာအို ပင်မခန္ဓာ၏ အော်ရာက အလျင်အမြန် မြင့်တက်လာနေဆဲဖြစ်၏။

အဲဒါသည် သိုင်းတာအို ပင်မခန္ဓာ ဖန်တီးလိုက်သည့် လမ်းကြောင်းဖြစ်လေသည်။

ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေ…

သိုင်းတာအိုကို ကျင့်ကြံမည်ဆိုပါက ပေါင်းစည်းခန္ဓာအဆင့်အပြီး၌ ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေကို ဝင်ရောက်သွားမည်ဖြစ်၏။

ကံကြမ္မာစက်ကွင်းသည် ရှေးဟောင်း သစ်ပင်တစ်ပင်၏ ကြီးထွားမှု စက်ကွင်းနှင့် တူလေသည်။

ကံကြမ္မာစက်ကွင်းများက ပို၍ များလေလေ.. သူတို့၏ အသက်ဓာတ်အားက ပို၍ ကြွယ်ဝလာလေလေ ဖြစ်ပြီး သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ကလည်း ပိုမို သန်မာလာမည်ဖြစ်၏။

သိုင်းတာအို ပင်မခန္ဓာ၏ ကောက်ချက်ချမှုအရ.. ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေမှာ အဆင့်ကိုးဆင့် ပါရှိလေသည်။

ယခုအချိန်မှာ သိုင်းတာအို ပင်မခန္ဓာသည် သူ၏ ပထမဆုံး ကံကြမ္မာစက်ကွင်းကိုသာ အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်၏။

သိုင်းတာအို ပင်မခန္ဓာသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ခြင်း မရှိဘဲ ဒုတိယ ကံကြမ္မာစက်ကွင်းသို့ ချိုးဖျက်ဝင်ရောက်ဖို့ ဆက်လက်ကြိုးစားနေ၏။

လဝက်ကြာသွားခဲ့၏။

သိုင်းတာအို ပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ဒုတိယမြောက် ပေါက်ကွဲသံက ထွက်ပေါ်လာ၏။

အဲဒီမှာ နောက်ထပ် အချုပ်အနှောင်တစ်ခုက ကျိုးပျက်သွားသည့်အလားပင်။

နောက်ထပ် ရောင်လျှံစက်ဝန်းတစ်ခုသည် ပထမ ရောင်လျှံစက်ဝန်း၏ နောက်မှာ ပေါ်ထွက်လာ၏။

ဒုတိယမြောက် ကံကြမ္မာစက်ကွင်း…

သိုင်းတာအို ပင်မခန္ဓာ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာပြီး သူက ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ အရိုးများ ကျိုးသံကဲ့သို့ တဖျောက်ဖျောက် အသံများ ထွက်ပေါ်လာပြီး လောကကို မထီမဲ့မြင် ပြုနိုင်သော ဧကရာဇ်တစ်ပါး၏ အော်ရာက ဖြာထွက်လာ၏။

ချက်ချင်းပင် ရာသီဥတုက ပြောင်းလဲသွား၏။

ခွန်လွင်အပျက်အစီးဒေသရှိ သက်ရှိများစွာသည် ထိုအရာကို အာရုံခံမိသွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြလေသည်။ အဲဒါသည် ကပ်ဘေးတစ်ခုက နောက်ခဏ၌ ဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။

All Chapters