← Chapters

အနီရောင်ကြာပန်း ကံကြမ္မာမီး

Vol. 117 Ch. 1755

အနီရောင်ကြာပန်း ကံကြမ္မာမီး

Vol. 117 Ch. 1755

သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်တွင် ကံကြမ္မာစက်ကွင်းနှစ်ခုက ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ခရမ်းရောင်တောက်တောက်နှင့် ဂမ္ဘီရအလင်းတစ်ခုက ဖြာထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအားကို အာရုံခံလိုက်၏။ ကံကြမ္မာစက်ကွင်းနှစ်ခုကို စုဖွဲ့လိုက်ခြင်းသည် ကျင့်ကြံရေးလောကရှိ ဧကရာဇ်တစ်ပါးနှင့် တူညီလာခဲ့၏။

သို့သော် ယခုအခါ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာတို့ကို ယှဥ်နိုင်လာခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အဆင့်ချိုးဖျက်တက်လှမ်းမှုက ရပ်တန့်မသွားပေ။

သူသည် သူ၏ တတိယမြောက် ကံကြမ္မာစက်ကွင်းကို စုဖွဲ့ချင်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ခဲ့စဥ်ကတည်းက သူသည် သာမန်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကိုသာ အရည်ဖျော်နိုင်ခဲ့ပြီး အန္တိမနတ်ဘုရားစွမ်းအားများကို အရည်မဖျော်နိုင်ခဲ့ပေ။

အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို အရည်ဖျော်နိုင်မည်ဆိုလျှင် တတိယမြောက် ကံကြမ္မာစက်ကွင်းက ဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း သိုင်းစိတ်ဝိညာဥ်မီးတစ်ခုတည်းက အန္တိမနတ်ဘုရားစွမ်းအားများကို အရည်ဖျော်ဖို့ မတတ်နိုင်သလောက်နီးပါးပင်။

သိုင်းတာအိုပင်မခန္ဓာသည် နောက်ထပ်မီးတောက်တစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်ရပေမည်။

ဒါ့အပြင် ထိုမီးတောက်၏ အရည်အသွေး၊ အဆင့်အတန်းနှင့် အလားအလာက သိပ်ပြီးနိမ့်ကျနေလို့ မရပေ။

ယခုအချိန်ထိ ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝင်စားမှုနှင့် ထိုက်တန်သည့် တစ်ခုတည်းသော မီးတောက်က နဂါးဖီးနစ်မီးတောက်ဖြစ်၏။

ရွှေကျီးကန်းမျိုးနွယ်၏ နေမင်းအမြုတေမီးပင်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ နိမ့်ကျလေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နဂါးဖီးနစ်မီးတောက်သည် တဗူးနဂါးဖီးနစ်၏ ပင်ကိုအရည်အသွေးဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အရည်​ဖျော်ချပစ်မှသာ သူက ထိုမီးတောက်ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တည်ငြိမ်နေ၏။

ဤနှစ်များအတွင်း သူသည် နတ်ဘုရားစွမ်းအားများစွာနှင့် မရေမတွက်နိုင်သော ကျင့်ကြံရေးနည်းစနစ်များစွာနှင့် လျှို့ဝှက်အတတ်များကို အရည်ဖျော်ချခဲ့၏။ သူ၏ အသိစိတ်ထဲမှာ အလွန်များပြားသော အနှစ်သာရနှင့် လေးနက်သိမ်မွေ့မှုများရှိလာခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်အသစ်တစ်ခုကို နားလည်ဆင်ခြင်လိုလေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေကို စိန်ခေါ်ခဲ့၏။

ကပ်ဘေးသုံးဆင့်နယ်မြေထဲရှိ ဒုတိယမြောက်ကပ်ဘေးသည် ​ကံကြမ္မာမီးတောက်များဖြစ်၏။ ထိုအချိန်တုန်းက ၎င်းသည် သူ့ကိုအလွန်တရာနာကျင်စေခဲ့ပြီး မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရလေသည်။

ထိုအချိန်တုန်းက ကပ်ဘေးသုံးဆင့်နယ်မြေမှာ လောင်ကျွမ်းနေခဲ့သည့် ကံကြမ္မာမီးတောက်များသည် လောဘ ၊ ဒေါသနှင့် ဥပါဒါန်တို့ကြောင့် ဖြစ်လာခဲ့ခြင်းပင်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံရေးနည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများစွာကို အရည်ဖျော်ခဲ့ပြီး တောက်လျှောက်ကျင့်ကြံလာခဲ့ကာ အနိဋ္ဌာရုံကြမ္မာအပေါ် နက်ရှိုင်းသောနားလည်သိမြင်မှုတစ်ခု ရရှိလာ၏။

အနိဋ္ဌာရုံကြမ္မာ၏ မွေးဖွားပေါ်ထွက်လာမှုသည် လောဘရမ္မက်ကြောင့် သက်သက်သာလျှင် မဟုတ်ပေ။

သတ်ဖြတ်ခြင်း ၊ ခိုးယူခြင်းနှင့် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကလည်း အနိဋ္ဌာရုံကြမ္မာကို ဖြစ်ပေါ်လာစေနိုင်၏။

အနိဋ္ဌာရုံကြမ္မာသည် ကံကြမ္မာစက်ဝန်း၏ အကျိုးဆက်တစ်ခုဖြစ်၏။ တစ်နည်းအားဖြင့်ဆိုလျှင် သက်ရှိတိုင်းသည် ကံကြမ္မာနှင့်အတူ မွေးဖွားလာခဲ့ပြီး အနိဋ္ဌာရုံကြမ္မာနှင့် ဒွန်တွဲနေကြ၏။

သို့သော်လ​ည်း သူတို့ထဲမှ အချို့သည် ကုသလကြမ္မာဖြစ်ပြီး အခြားအရာများကတော့ အနိဋ္ဌာရုံကြမ္မာဖြစ်လေသည်။

ကျင့်ကြံရေးလမ်းကြောင်းမှာ ကျင့်ကြံသူများက သတ်ဖြတ်ကြခြင်းဖြင့် လူတိုင်းသည် များပြားလှစွာသော အနိဋ္ဌာရုံကြမ္မာများဖြင့် စွန်းထင်းခံလာရ၏။

ဆူဇီမိုပင်လျှင် အဲ့ဒီကနေ မလွတ်မြောက်နိုင်ပေ။

သက်ရှိတိုင်း၏ အနိဋ္ဌာရုံကြမ္မာသည် ထင်းပုံတစ်ပုံနှင့်တူလေသည်။ အဲ့ဒီပေါ်ကို မီးပွားတစ်ခုကျဆင်းလာသည်နှင့်အမျှ ၎င်းသည် အလျှံညီးညီး မီးတောက်တစ်ခုအဖြစ် ထွန်းညှိလာမည်ဖြစ်ပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါနှင့် အသားတို့ကို အတွင်းအပြင် လောင်ကျွမ်းစေပေလိမ့်မည်။

အဲ့ဒါက ကံကြမ္မာမီးတောက်များဖြစ်၏။

အနိဋ္ဌာရုံကြမ္မာက မပျက်ပြယ်သွားသေးသရွေ့ ကံကြမ္မာမီးတောက်များက ငြိမ်သေသွားလိမ့်မည် မဟုတ်ပေ။

အနိဋ္ဌာရုံကြမ္မာသည် ကံကြမ္မာစက်ဝန်းကြောင့် တည်ရှိလာခြင်းဖြစ်၏။

အနိဋ္ဌာရုံကြမ္မာနှင့်အတူ ကံကြမ္မာမီးတောက်များက ဖြစ်ပေါ်လာခဲ့၏။

ကံကြမ္မာက နေရာတိုင်းမှာရှိလေသည်။

လူတစ်ယောက်သည် မြင့်မားသောအဆင့်အတန်းနှင့် စွမ်းပကားကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သည်ဆိုလျှင်တောင် သူတို့သည် အနိဋ္ဌာရုံကြမ္မာများဖြင့် လွှမ်းခြုံခံထားရမည်ဖြစ်၏။ သို့သော်လည်း မည်သူကမှ အဲ့ဒါကို ထွန်းညှိမိလိမ့်မည် မဟုတ်ပေ။

လူတစ်ယောက်က နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်ပေါင်းများစွာကို နားလည်ဆင်ခြင်ထားမည်ဆိုလျှင်တောင် သူတို့သည် ကံကြမ္မာစက်ကွင်းထဲမှာသာရှိနေဆဲ ဖြစ်ပြီး အနိဋ္ဌာရုံကြမ္မာကို ပိုင်ဆိုင်ထားပေလိမ့်မည်။ သူတို့သည် ကံကြမ္မာမီးတောက်များ၏ နာကျင်မှုကနေ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ ကံကြမ္မာမီးတောက်များအပေါ် နားလည်ဆင်ခြင်မှုနှင့် သဘောပေါက်သိမြင်မှုအသစ်တစ်ခုရှိလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ပြင်းထန်ကြမ်းတမ်းသော မုန်တိုင်းတစ်ခုက စတင်လည်ပတ်လာခဲ့၏။

မုန်တိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်သွားပြီး အရာရာတိုင်းကို ဆုတ်ဖြဲပစ်ချင်နေသည့်အလား ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုကိုပိုင်ဆိုင်ထား၏။

စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုနှင့် ပြည့်လျှမ်းနေပြီး မုန်တိုင်းက လောကကို လှုပ်ခတ်သွားစေ၏။

အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်း...

အစတုန်းကတည်းက... သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုသည် ခွန်လွင်ကလန်သားပေါင်းများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိခဲ့၏။

အဲ့ဒီမှာ အပြေးအလွှားလာနေကြသော ခွန်လွင်ကလန်သားများစွာ ရှိလာခဲ့လေသည်။

ယခု... အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်း ဖြစ်ပေါ်လာပြီး ခွန်လွင်ကလန်သားများစွာက ပို၍ပင် တုန်လှုပ်သွားကြ၏။

“အဲ့ဒါ... ဟိုလူပဲမလား”

ခွန်လွင်ကလန်သား အချို့က တစ်စုံတစ်ရာကို အမှတ်ရသွား၏။

“ဟိုအရင်တုန်းက လူတစ်ယောက်က ခွန်လွင်အပျက်အစီးဒေသကို ရောက်လာပြီး နတ်ဘုရားစွမ်းအားမုန်တိုင်းတွေကို သူ့ဘက်က အရင်စပြီး နှိုးဆွခဲ့တယ်”

“ငါလည်းမှတ်မိသေးတယ်... နောက်ပြီး အဲ့ဒီလူက နတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှတောင် ရှင်သန်နိုင်ခဲ့တယ်”

ခွန်လွင်ကလန်သားတစ်ဦးက ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် ခွန်လွင်အပျက်အစီးဒေသမှာ နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ချခဲ့ခြင်းက ခွန်လွင်ကလန်သားများစွာအတွက် လျှို့ဝှက်ချက်မဟုတ်တော့ပေ။

သို့သော်လည်း သူက ဘယ်သူဆိုတာကို ခွန်လွင်ကလန်သားများက မသိရှိကြဘဲ သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကိုလည်း ရှင်းလင်းစွာ မတွေ့မြင်ကြရပေ။ သူတို့သည် ခပ်ဖျော့ဖျော့ မြူခိုးတစ်လွှာကိုသာ တွေ့မြင်ကြရ၏။

“အဲ့ဒီလူက ဆိတ်သုန်းပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား”

ခွန်လွင်ကလန်သားတစ်ယောက်က တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။

“အဲ့ဒီလူက နတ်ဘုရားစွမ်းအားမုန်တိုင်းတွေရဲ့ ဆုတ်ဖြဲခံလိုက်ရပြီလို့ ငါထင်ထားတာ... အခု သူက ပြန်ရောက်လာတာနဲ့ အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကိုတောင် နှိုးဆွလိုက်ပြန်ပြီ”

“တစ်ချက်လောက်သွားကြည့်ကြရအောင်”

ခွန်လွင်ကလန်သားများစွာက ခွန်လွင်အပျက်အစီးဒေသတစ်ဝှမ်းကနေ အပြေးအလွှားလာနေကြလေသည်။

အန္တိမနတ်ဘုရားစွမ်းအား မုန်တိုင်းအတွင်းမှာ...။

သိုင်းတာအိုပင်မခန္ဓာသည် အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းကို ခုခံဖို့အတွက် သူ၏ သွေးချီကို လှည့်ပတ်ခြင်းမရှိပေ။ ထိုအစားသူက ၎င်းကို သူ၏ ခန္ဓာကိုယ်အား အဆက်မပြတ်ဆုတ်ဖြဲခွင့်ပေးထား၏။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကနေ သွေးနီရောင် အလင်းများက တောက်ပလာ၏။

တစ်ယောက်ယောက်က နတ်ဘုရားစွမ်းအားမုန်တိုင်းကို ထွင်းဖောက်၍ မြင်နိုင်မည်ဆိုလျှင် သွေးနီရောင်မီးတောက်များသည် သိုင်းတာအိုပင်မခန္ဓာ၏ အတွင်းအပြင်လောင်ကျွမ်းနေသည်ကို တုန်လှုပ်ဖွယ်ရာတွေ့ရှိရပေမည်။

ကံကြမ္မာမီးတောက်များ...။

မရေမတွက်နိုင်သော အနိဋ္ဌာရုံကြမ္မာများက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ရစ်ပတ်လေနေလေသည်။

ကံကြမ္မာမီးတောက်များ၏ စွမ်းအားက အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုကိုပင် ဖြစ်ပေါ်လာစေခဲ့၏။

သို့သော်လည်း ထူးဆန်းသော အရာမှာ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲရှိ မီးတောက်များက မည်သည့်နတ်ဘုရားစွမ်းအားကိုမှ ဖြာထုတ်ပေးခြင်းမရှိပေ။

ကံကြမ္မာမီးက နတ်ဘုရားစွမ်းအား မဟုတ်ပေ။

အဲ့ဒါက အလွန့်အလွန်ထူးခြားသော စွမ်းအားတစ်ခုဖြစ်၏။

ကံကြမ္မာမီးတောက်များ၏ ဆေးကြောသန့်စင်မှုအောက်တွင် သိုင်းတာအိုပင်မခန္ဓာ၏ အသားအရည်က ပို၍ပင် သိပ်သည်းကျစ်လျစ်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ အနိဋ္ဌာရုံကြမ္မာက လောင်ကျွမ်းသန့်စင်ခံလာရ၏။ သူ၏ အရိုးများနှင့် အင်္ဂါများက တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ရှိ ကံကြမ္မာစက်ကွင်းနှစ်ခုသည် ခပ်ဖျော့ဖျော့တောက်ပနေပြီး သူတို့၏ အော်ရာများက ပို၍သန့်စင်လာကာ သူက နတ်ဘုရားတစ်ပါးနှင့်ပို၍တူလာခဲ့၏။

“နတ်ဘုရားစွမ်းအားတွေက အနိဋ္ဌာရုံကြမ္မာကို မယှဥ်နိုင်ဘူး”

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်နှစ်ဖက်နှင့်အတူ ကြာပန်းတစ်ခုနှင့်ဆင်တူသော ထူးဆန်းသော ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်၏။

ရုတ်တရက် သူ့ထံမှ စကားသံခြောက်သံက ခွန်လွင်အပျက်အစီးဒေသတစ်ဝန်း ပျံ့နှံ့သွားလေသည်။

အဲ့ဒါသည် ​ဓမ္မဆိုင်ရာ ပြဌာန်းချက်တစ်ခုကဲ့သို့ ဖြစ်၏။

ထိုစကားလုံးများကို ပြောဆိုလိုက်ပြီးနောက် ခွန်လွင်အပျက်အစီးဒေသရှိ မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများက ချက်ချင်းပင် တည်ငြိမ်လာခဲ့၏။

အစက သိုင်းတာအိုပင်မခန္ဓာကို လှည့်ပတ်နေသော အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းကလည်း တဖြည်းဖြည်းစဲလာခဲ့၏။

မုန်တိုင်းက သိုင်းတာအိုပင်မခန္ဓာကို လှည့်ပတ်နေဆဲဖြစ်သော်လည်း ၎င်းသည် သူ့ကိုဆက်လက်၍ တိုက်ခိုက်ခြင်းမရှိတော့ပေ။ ၎င်းသည် သူ့ကိုကာကွယ်ပေးလာခဲ့ခြင်းဖြစ်၏။

ထိုစကားလုံးများကို ပြောဆိုလိုက်ပြီးနောက် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ခွန်လွင်အပျက်အစီးဒေသတစ်ခုလုံးကနေ ဆင်းသက်လာခဲ့၏။

ပို၍ပင်သန်မာသောစိတ်စွမ်းအားတစ်ခုက ခွန်လွင်အပျက်အစ်ီးဒေသအထက်သို့ ရောက်ရှိလာသည့်အလားပင်။

အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းထဲမှာ သိုင်းတာအိုပင်မခန္ဓာက မထီတရီပြုံးလိုက်လေသည်။

သူ့လက်ဖဝါးထဲမှာ လောင်ကျွမ်းနေသော ကံကြမ္မာမီးတောက်များက လောကရှိ အဆုံးစွန်ရတနာများနှင့်ဆင်တူသော ကြည်လင်တောက်ပနေသည့် အနီရောင်ကြာပန်းနှစ်ခုအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလဲလာခဲ့၏။

အနီရောင်ကြာပန်းနှစ်ခုထဲမှာ မည်သည့်အနွေးဓာတ်မှ မရှိပေ။

သို့သော်လည်း အနီရောင်ကြာပန်းကနေ ထုတ်ဖော်နေသည့်အော်ရာက အလွန်တရာကြောက်စရာကောင်းပြီး အန္တိမနတ်ဘုရားစွမ်းအားမုန်တိုင်းကပင်လျှင် တည်ငြိမ်လာရ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှာ သိုင်းစိတ်ဝိညာဥ်မီးအပြင် နောက်ထပ်မီးတောက်တစ်ခုက စုဖွဲ့လာခဲ့၏။

အနီရောင်ကြာပန်းကံကြမ္မာမီး...။

အနီရောင်ကြာပန်းကံကြမ္မာမီးသည် နတ်ဘုရားစွမ်းတစ်ခုမဟုတ်သော်လည်း ၎င်းက နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ချပစ်နိုင်၏။

တကယ်ဆို... ခွန်လွင်အပျက်အစီးဒေသရှိ အန္တိမနတ်ဘုရားစွမ်းအားများကိုပင်လျှင် အနီရောင်ကြာပန်းကံကြမ္မာမီးတောက်က အရည်ဖျော်ချပစ်နိုင်လေသည်။

သိုင်းစိတ်ဝိညာဥ်မီးနှင့် အနီရောင်ကြာပန်းကံကြမ္မာမီး၏ ဆေးကြောသန့်စင်မှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုအလျင်အဟုန်က သိသိသာသာတိုးလာခဲ့၏။

မီးတောက်နှစ်ခု၏ မီးဆေးမှုအောက်မှာ သူ၏ ခန္ဓာကိုယ်ကလည်း ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။

ဘုန်း...

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ နောက်ထပ်ကျယ်လောင်သော မြည်ဟည်းသံတစ်သံ ထွက်ပေါ်လာ၏။

သူ၏ နောက်ဘက်မှာနောက်ထပ် ခရမ်းရောင် ကံကြမ္မာစက်ကွင်းတစ်ခုသည် ဒုတိယမြောက်တစ်ခု၏ အပြင်ဘက်မှာ စုဖွဲ့လာခဲ့၏။ သူ၏အော်ရာနှင့် ခွန်အားကလည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့၏။

တတိယမြောက် ကံကြမ္မာစက်ကွင်းသည် ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာသည် ပို၍ပင်မြင့်မားသော အဆင့်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်သွားခဲ့လေသည်။

All Chapters