အချစ်မီးပွား(ဂ)
Vol. 91 Ch. 1402
ဤအခိုက်အတန့်မှာ ဝိညာဉ်လှုပ်ခတ်စေနိုင်သော စူးရှရှအသံသည် နေရာအနှံ့သို့ ပျံ့လွင့်သွားသည်။
ကျွန်းစုတစ်ခုလုံး တုန်လှုပ်သွားပြီး ပင်လယ်ရေမျက်နှာပြင်က ပိုပြီးလှိုင်းထလာသည်။ တစ်ဆက်တည်းမှာ အံ့ဖွယ်ကောင်းသော တည်ရှိမှုက ရေလှိုင်းလုံးများကြားထဲတွင် ထွက်ပေါ်လာသည်။
၎င်းက ပင်လယ်ရေမျက်နှာပြင်ထက်မှာ လဲလျောင်းနေသော အဝတ်စုတ်အပိုင်းအစတစ်ခု ဖြစ်သည်။
၎င်းက ဆယ်ကီလိုမီတာကျော် ရှည်လျားသည်။
၎င်း၏ အရောင်က မည်းမှောင်နေလေရာ တားမြစ်ပင်လယ်နှင့် အနည်းငယ် ဆင်တူသည်။ ထို့ပြင် ၎င်းက လှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် ရွေ့လျားနေသည်။ သို့ဖြစ်၍ ပထမတစ်ခါ ကြည့်လိုက်သည့်အခါ ၎င်းကို တားမြစ်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းဟု အထင်မှားနိုင်ပေသည်။
အနီရောင်မီးဘောလုံးတစ်ထောင်က ထွက်ပေါ်လာသည့်အခါမှသာ ၎င်းက တားမြစ်ပင်လယ်နှင့် သီးခြားကွဲထွက်သွားသည်။ အမှန်မှာ ထိုမီးဘောလုံးများက ကြက်သွေးရောင်မီးအိမ်များသာ ဖြစ်ကြသည်။
ယင်းတို့က ဧရာမအဝတ်စုတ်ပေါ်တွင် လွင့်မျောနေကြပြီး အလင်းရောင်ကို အရပ်မျက်နှာအဘက်ဘက်ဆီသို့ ထုတ်လွှတ်နေကြသည်။ ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာ မည်းနက်နေသော ဧရာမအဝတ်စုတ်က အနီရောင်စွန်းထင်သွားသည်။
ထိုအလင်းရောင်ထဲမှာလည်း ပုန်းကွယ်နေသော မှော်သင်္ကေတတချို့ ပါရှိသည်။
ထိုမှော်နက်သင်္ကေတများသည် သစ်ခေါက်များနှင့် ဆင်တူသည်။ ပိုပြီးထူးဆန်းသည်မှာ ကြယ်အလင်းရောင်ခပ်မှိန်မှိန်က ကြက်သွေးရောင်အလင်း၏ လွှမ်းခြုံမှုအောက်မှာ မထင်မရှား တောက်ပနေသည်။
ယင်းက အလွန်ထူးဆန်းသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပေါ်လျှိုးလာသည့်အခါ ဘေးပတ်ဝန်းကျင်တွင် ထူထဲသော မြူခိုးက မြှောက်တတ်လာသည်။
ထိုမြူခိုးထုသည် မရေမတွက်နိုင်သော လက်တံများနှင့် ဆင်တူသည်။ မြူခိုးက လှုပ်ယမ်းသွားသည့်အခါ ယင်း၏ တစ်စိတ်တစ်ပိုင်းက ပင်လယ်လိပ်ကျွန်းစုပေါ်သို့ ဦးတည်သွားပြီး တခြားတစ်စိတ်တစ်ပိုင်းက ဒုတိယစီနီယာအမဆီသို့ ဦးတည်သွားသည်။
ဤသည်မှာ မြူခိုးက ဤနေရာမှ အရာအားလုံးကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။
သို့သော်လည်း မြူခိုးလက်တံများက ဒုတိယစီနီယာအမဆီသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း ကမ္ဘာတုန်ဟီးစေနိုင်သော မီးတောက်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။
လေထဲတွင် မီးတောက်များက မီးတောက်ဖီးနစ်ပုံရိပ်ကို ဖွဲ့စည်းလိုက်သည်။ ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည့်အခါ ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး တားမြစ်ပင်လယ်က လောင်ကျွမ်းသွားသည်။
ယင်းက ဒုတိယစီနီယာအမ၏ ခန္ဓာကိုယ်ပေါ်တွင် ဟွမ်ယန်ချန်ထားခဲ့သော အကာအကွယ်ဖြစ်သည်။
မီးတောက်များက ပျံ့နှံ့ထွက်လာသည့်အခါ မြူခိုးအားလုံးက ချက်ချင်း လွင့်ပြယ်သွားသည်။ တားမြစ်ပင်လယ်ပေါ်မှာ လွင့်မျောနေသော ဧရာမအဝတ်စုတ်သည်လည်း ရပ်တန့်သွားသည်။
အေးစက်စက်အလင်းက ဒုတိယစီနီယာအမ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး ဧရာမဓားပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက မီးတောက်ပင်လယ်ကြားထဲတွင် အဝတ်စုတ်ဆီသို့ လျှောက်သွားသည်။
သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ဝတုတ်သော ပုံရိပ်တစ်ခုက ဒုတိယစီနီယာအမ၏ အရှေ့မှာ ဘွားခနဲ ထွက်ပေါ်လာပြီး သူ့ကို ဖက်လိုက်သည်။
“ စီနီယာအမ… စိတ်လျော့ပါ… ဒေါသမထွက်ပါနဲ့… သူ့ကို ငါကိုင်တွယ်လိုက်ပါ့မယ် ”
ဟွမ်ယန်၏ မျက်နှာပေါ်မှာ သိမ်မွေ့ညင်သာမှုဖြင့် ပြည့်နှက်နေသည်။ သူက စကားပြောနေရင်း လက်ဖျောက်တီးလိုက်သည်။
အားနည်းသော မီးပွားစတစ်ခုက သူ၏ လက်ချောင်းကြားထဲမှာ မွေးဖွားလာသည်။
ထိုမီးပွားက ခုန်မြည်နေသော နှလုံးတစ်ခုနှင့် ဆင်တူသည်။ မီးပွားသည် အမှောင်ထုထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး ဧရာမအဝတ်စုတ်ပေါ်သို့ ကျဆင်းသွားသည်။
မီးပွားက ကျဆင်းသွားသည့်အခါ တရှဲရှဲမြည်သံက ထွက်ပေါ်လာသည်။ ဤသည်မှာ မီးပွားက ၎င်း၏ တည်ရှိမှုကို ဘေးပတ်ဝန်းကျင်ဆီသို့ အသိပေးနေသည့်အလားပင်။
တရှဲရှဲမြည်သံက ထွက်ပေါ်လာသည့်အခါ မီးပွား၏ အရေအတွက်က တိုးပွားလာသည်။ ဤသည်မှာ သဏ္ဍာန်မဲ့စွမ်းအင်တစ်မျိုးက မီးပွားများကို ဆင့်ခေါ်လိုက်သည့်အလားပင်။
နောက်အခိုက်အတန့်မှာ ယင်းက ထိတ်လန့်ဖွယ်ကောင်းသော အပူချိန်ကို ထုတ်လွှတ်လိုက်သည်။
တရှဲရှဲမြည်သံသည်လည်း တဖြည်းဖြည်း ပိုပြီးကျယ်လောင်လာပြီး တဝုန်းဝုန်းမြည်သံသို့ ပြောင်းလဲသွားသည်။
ယင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် မီးပွားများ၏ ပေါင်းစည်းမှုက လောကကို လောင်ကျွမ်းပြာချပစ်နိုင်သော ဆေးမီးဖိုတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ ဆေးမီးဖိုသည် ၎င်း၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို မီးလောင်တိုက်သွင်းချင်နေသည်။
ထို့နောက် ၎င်းက ဧရာမအဝတ်စုတ်ပေါ်သို့ ကျဆင်းသွားသည်။
ချက်ချင်းဆိုသလို ၎င်းက နာနာကျင်ကျင် အော်ဟစ်ညည်းညူလိုက်ရသည်။ ၎င်း၏ စူးရှသော အော်မြည်သံသည် ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
ကြက်သွေးရောင်မီးအိမ်များက မီးတောက်တစ်မျိုးဖြစ်သော်လည်း ဆေးမီးဖိုထံမှ မီးတောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၎င်းတို့နှစ်ခုကြားမှ ကွာခြားမှုက လမင်းနှင့် ပိုးစုန်းကြူးပမာ ကြီးမားလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ကြက်သွေးရောင်မီးအိမ်အားလုံးက အရည်ပျော်သွားပြီး ပြာဖြစ်သွားကြသည်။
မီးတောက်ဖြတ်သန်းသွားသည့်နေရာတိုင်း ဧရာမအဝတ်စုတ်သော်လည်းကောင်း၊ ကောင်းကင်သော်လည်းကောင်း၊ ဟင်းလင်းပြင်သော်လည်းကောင်း၊ တားမြစ်ပင်လယ်သော်လည်းကောင်း ယင်းတို့အားလုံးက လောင်ကျွမ်းသွားသည်။
အမှန်မှာ ထိုမီးတောက်က အလွန်ကြောက်စရာကောင်းသည်။ ဒြပ်နှောများသည်ပင် ထိုမီးတောက်ကြောင့် လောင်ကျွမ်းသွားသည်။
သို့ဖြစ်၍ ထူးဆန်းသော မြင်ကွင်းတစ်ခုက ရွှီချင်း၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။
ဤဧရိယာတစ်ဝိုက်မှ တားမြစ်ပင်လယ်သည် အနက်ရောင်မဟုတ်တော့ပေ။
ယင်းအစား မီးတောက်၏ လောင်ကျွမ်းမှုအောက်မှာ နှစ်ပေါင်းများစွာကြာပြီးနောက် ပင်လယ်သည် အပြာရောင်သို့ ပြန်ပြောင်းလဲသွားသည်။
ဤသည်မှာ ပင်လယ်က သန့်စင်ခံလိုက်ရသည့်အလားပင်။
မီးတောက်များ၏ သန့်စင်မှုအောက်မှာ မသန့်စင်မှုအားလုံးနှင့် ညစ်ညမ်းမှုအားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အသန့်စင်ဆုံး အနှစ်သာရကိုသာ ချန်ထားခဲ့သည်။
ဤသည်မှာ ရွှီချင်းက မီးတောက်ဖီးနစ်၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မီးတောက်ဖီးနစ်က နန်းဟွမ်ကုန်းမြေတစ်ခုလုံးကို သိမ်းပိုက်ထားပြီး နတ်ဘုရားများတည်ရှိသော ဤဝမ်ကူးကုန်းမြေထဲမှာ တောင်ပိုင်းအင်ပါယာဟူသော ဘွဲ့နာမည်ကို မည်သို့ကြောင့် ရရှိခဲ့ကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။
မီးတောက်ဖီးနစ်သည် နတ်ဘုရားများကို အရိုအသေမပေးသလို နတ်ဘုရားမျက်နှာပျက်ကြီးကိုလည်း ယဇ်ပူဇော်ခြင်း မပြုချေ။
၎င်းက နန်းဟွမ်ကုန်းမြေ၏ အရှင်သခင်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ထိုအင်ပါယာက ဒုတိယစီနီယာအမကို သိမ်မွေ့ညင်သာစွာ ဖက်ထားသည်။
သူ့အတွက်တော့ ထိုမီးပွားက ရိုးရှင်းစွာ အသက်ရှူထုတ်လိုက်ခြင်းနှင့် မခြားပေ။ အမှန်မှာ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက သူ၏ စိတ်အာရုံထဲမှာ မရှိတော့ပေ။
သူ၏ စိတ်အာရုံက ဒုတိယစီနီယာအမပေါ်မှာသာ ရှိသည်။
တောင်ပိုင်းအင်ပါယာ၏ အဖက်ခံထားရသော ဒုတိယစီနီယာအမသည်တော့ ဟွမ်ယန်ကို စူးစိုက်ကြည့်လိုက်ပြီး ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သည်။ သို့သော်လည်း ဟွမ်ယန်၏ အနောက်မှ ရွှီချင်းကို မြင်သွားသောအခါ သူက သည်းခံလိုက်သည်။
ဟွမ်ယန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက စကားပြောတော့မည့်အချိန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တားမြစ်ပင်လယ်အောက်ဆီသို့ ကြည့်လိုက်သည်။
ဒုတိယစီနီယာအမကို နှုတ်ဆက်တော့မည့် ရွှီချင်းသည်လည်း ယင်းကို အာရုံခံမိသွားသည်။ သူက စောစောတုန်းက ဧရာမအဝတ်စုတ်ရှိနေခဲ့သော နေရာကို ကြည့်လိုက်သည်။
ထိုနေရာတွင် မီးတောက်များက ငြိမ်းသတ်သွားပြီ ဖြစ်သည်။
သို့သော်လည်း ပင်လယ်အောက်တွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော အဝတ်စုတ်အပိုင်းအစသည် ဟွမ်ယန်၏ ကြောက်စရာကောင်းသော မီးတောက်၏ လောင်ကျွမ်းမှုအောက်မှာ အကောင်းတိုင်း ကျန်ရှိနေဆဲပင်။
ဤအခိုက်အတန့်မှာ ၎င်းက ပင်လယ်အောက်ခြေဆီသို့ မြန်ဆန်စွာ ဦးတည်သွားနေသည်။
မီးတောက်က လောင်ကျွမ်းနေဆဲဖြစ်သော်လည်း ၎င်းက ယခုထိ အသက်ရှင်နေသေးလေရာ မည်မျှထူးခြားကြောင်း မြင်နိုင်ပေသည်။
“ စိတ်ဝင်စားစရာပဲ ”
ဟွမ်ယန်က နက်နဲစွာ တွေးတောလိုက်သည်။
ရွှီချင်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက အနည်းငယ် အံ့ဩသွားပြီး ဇဝေဇဝါဖြစ်သွားသည်။
“ စောစောက အဲ့ဒါကို သာမန်ကာလျှံကာပဲ ငါကြည့်ခဲ့တယ်… အခု ငါသေချာကြည့်လိုက်တော့ အဲ့ဒါက ငါနဲ့ နည်းနည်း ရင်းနှီးတဲ့ပုံပဲ… ဒုတိယစီနီယာအမနဲ့ ယောက်ဖ… ငါတစ်ချက်သွားကြည့်လိုက်ဦးမယ် ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး တားမြစ်ပင်လယ်ထဲသို့ တိုက်ရိုက် ခြေချလိုက်သည်။ တားမြစ်ပင်လယ်ထဲတွင် သူ၏ အလျင်က ပေါက်ကွဲထွက်လာပြီး သူက ထွက်ပြေးနေသော အဝတ်စုတ်ဆီသို့ ဓားတစ်ချောင်းနှယ် ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တွားသွားထွက်လာသည်။ ၎င်းက တစ်ချက်လှုပ်ယမ်းလိုက်ပြီး လေးမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းနှယ် ရှည်ထွက်လာသည်။ ၎င်းက ပြင်းပြသော စိတ်ခံစားချက်ကို သယ်ဆောင်လျက် အဝတ်စုတ်နောက်သို့ အရူးအမူး လိုက်ဖမ်းသည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ စောစောတုန်းက သူအံ့ဩသွားခြင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က အားလှိုင်းအတတ်အကျတချို့ကို ထုတ်လွှတ်လိုက်သောကြောင့် ဖြစ်သည်။
သူ့ကို ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိစေသည်မှာ အဝတ်စုတ်ပေါ်တွင် ပုန်းကွယ်နေသော မျဉ်းကြောင်းများ ဖြစ်ကြသည်။
“ အဲ့ဒါက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ရဲ့ အရေပြားနဲ့ နည်းနည်း ဆင်တယ်… ’