← Chapters

ကောင်းကင်ပြောင်းလဲခြင်း(ဂ)

Vol. 91 Ch. 1406

ကောင်းကင်ပြောင်းလဲခြင်း(ဂ)

Vol. 91 Ch. 1406

သဲလွန်စများမှတဆင့် ထိုအသက်ရှင်ကျန်ရစ်သူကို ရှာဖွေရန် ကြိုးစားခြင်းသည် လုံးဝမဖြစ်နိုင်သော ကိစ္စဖြစ်သည်။ မည်သို့ဖြစ်ပါစေ ကျင့်ကြံသူများသည် သူတို့၏ ရုပ်အသွင်ကို အလွယ်တကူ ပြောင်းလဲနိုင်ကြသည်။

ထို့ပြင် ရွှီချင်းက ဤကိစ္စကို စိတ်မဝင်စားချေ။

သူက စေတီ၏ အတွင်းပိုင်းကို ကြည့်လိုက်လေရာ အနည်းငယ် နောင်တရသွားသည်။ သို့ဖြစ်၍ သူက ဘေးပတ်ပတ်လည်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်လေရာ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ကြယ်မြေပုံပေါ်သို့ ကျရောက်သွားသည်။

ယင်းက သူနှင့်မရင်းနှီးသော်လည်း ရွှီချင်းက သေချာမှတ်ထားလိုက်သည်။

ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း သူက အပြင်ထွက်တော့မည့်အချိန် ရွှီချင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ခြေလှမ်းကို ရပ်လိုက်ပြီး ရှည်လျားသော စင်မြင့်ကို ကြည့်လိုက်သည်။ ယင်းကို အစောနက သူက သာမန်ကာလျှံကာသာ ကြည့်ခဲ့သည်။

သူ၏ အကြည့်က စင်မြင့်ပေါ်မှ ကျောက်စိမ်းနက်ပေါ်သို့ ကျရောက်သွားသည်။ ကျောက်စိမ်းနက်သည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

သူ၏ ဝိညာဉ်ချည်မျှင်များက ပျံ့နှံ့ထွက်လာပြီး ကျောက်စိမ်းနက်ထဲသို့ မြန်ဆန်စွာ ပေါင်းစပ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားပြီး ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မယုံကြည်နိုင်သော အရိပ်အယောင်တစ်စွန်းတစ်စပင် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက… ”

သူ၏ အသိစိတ်က လှုပ်ခတ်သွားသည်။ သူက ယင်းကို အနီးကပ်ကြည့်ပြီး သေချာအတည်ပြုရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရုတ်တရက်ဆိုသလို…

အပြင်မှာ ကျန်နေခဲ့သော အရိပ်လေးသည် ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများကို ရွှီချင်းထံသို့ ပို့လွှတ်လာသည်။

ထိုစိတ်ခံစားချက်ထဲမှာ ကြောက်လန့်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းဖြင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာ ၎င်းက မြင်ကွင်းတစ်ခုကို ပို့လွှတ်လိုက်သည်။

ထိုမြင်ကွင်းထဲတွင် ပူဖောင်းအပြင်ဘက်မှ ပင်လယ်ရေသည် အောက်သို့ နစ်မြုပ်သွားနေသည်။

ယင်းက ပင်လယ်ကြမ်းပြင်တစ်ခုတည်းသာ မဟုတ်ပေ။ ယင်းအစား ဧရိယာအားလုံးက ထိုအတိုင်း ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ပင်လယ်ကြမ်းပြင်အောက်မှ ဖိအားသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ နားကွဲလုမတတ် ကျယ်လောင်သော မြည်သံများသည် နေရာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။

အရေအတွက်များပြားသော ပင်လယ်သားရဲများသည် တုန်ယင်သွားကြသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ အမူအရာကို တည်ကြည်သွားစေသည်။ သူက ပူဖောင်းအပြင်ဘက်သို့ ချက်ချင်း ဦးတည်ပြေးသွားသည်။ ဘေးပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် သူ၏ ခန္ဓာကိုယ်က အပေါ်သို့ ပျံတတ်သွားပြီး ပင်လယ်ရေမျက်နှာပြင်ကို ထိုးဖောက်သွားသည်။

ပင်လယ်ရေပြင်ထက်တွင် သူမြင်လိုက်ရသည်မှာ လောကကြီးကို သဏ္ဍာန်မဲ့ဖိအားတစ်ခုက ဖိနှိပ်ထားဟန် ရသည်။ ထိုဖိအားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် တားမြစ်ပင်လယ်၏ မျက်နှာပြင်က အောက်သို့ နစ်မြုပ်သွားနေခြင်း ဖြစ်သည်။

ကောင်းကင်ပေါ်တွင် ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော မိုးကြိုးသွားများက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး တားမြစ်ပင်လယ်ကို လွှမ်းခြုံသွားသည်။ ထိုမျှသာမကပေ။ စက္ကန့်ပိုင်းအတွင်းမှာ ယင်းက ဒေသကြီးများနှင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံများက လောကထဲမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ မည်သည့်ဧရိယာတွင်မဆို တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်ရုံဖြင့် ထူးဆန်းသော ထိုအဖြစ်အပျက်ကို အာရုံခံနိုင်လိမ့်မည်။

ယင်းက ထွန်းလင်းတောက်ပသော ကြယ်ဂြိုလ်ငါးခုက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်အလွန်မှာ မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။

အစတွင် ယင်းတို့က အလင်းစက်များသာ ဖြစ်ကြသည်။ သို့သော်လည်း ယင်းတို့က မြန်ဆန်စွာ ကြီးမားလာကြသည်။ အဆုံးမဲ့သော အလင်းရောင်က ယင်းတို့ထံမှ ပေါ်လျှိုးထွက်နေသည်။

နောက်ဆုံးမှာတော့ သက်ရှိအားလုံး၏ အကြည့်အောက်မှာ တောင်နှစ်လုံး၊ ရုပ်တုနှစ်ခုနှင့် ကုန်းမြေတစ်ခုက ထွက်ပေါ်လာကြသည်။

အဆုံးမဲ့သော စွမ်းအားသည် ကြယ်တာရာကောင်းကင်ထဲမှာ ရိုက်ခတ်သွားပြီး မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ကံကြမ္မာအပြောင်းအလဲ၏ စိတ်ခံစားမှုက ပျံ့နှံ့ထွက်လာသည်။

ကြယ်ဂြိုလ်ငါးခု ဦးတည်သွားနေကြသော တည်နေရာများသည် ကွဲပြားခြားနားကြသည်။ ယင်းတို့က မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် အလယ်ပိုင်းဆီသို့ အသီးသီး ဆင်းသက်သွားကြသည်။

မြေပြင်သည် တုန်ယင်သွားပြီး ဝမ်ကူးကုန်းမြေသည် လှုပ်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါသည် ဝမ်ကူးကုန်းမြေထဲမှာ ရိုက်ခတ်သွားသည်။ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော မျိုးနွယ်စုများနှင့် သက်ရှိများက နှလုံးတုန်သွားကြသည်။

ကောင်းကင်သည် အမှန်တကယ် ပြောင်းလဲသွားသည်။

ဝမ်ကူးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် အဆုံးမဲ့သော ရေခဲလွင်ပြင်ပေါ်၌ မြောက်ပိုင်းအရှင်သခင်ဖြစ်သော မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုထဲမှ နတ်ဘုရားများသည် ကောင်းကင်ပေါ်သို့ အမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်ကြသည်။

ဝမ်ကူးကုန်းမြေ၏ အနောက်ပိုင်းဒေသတွင် အေးစက်စက် နှာခေါင်းရှုံ့သံသည် နီလာအင်ပါယာကုန်းမြေမျိုးနွယ်စုထံမှ ပဲ့တင်ထပ်လာသည်။

သေခြင်းမြူခိုးသည် ဝမ်ကူးကုန်းမြေ၏ တောင်ပိုင်းဒေသတွင် မြေအောက်လောကအလောင်းကောင်မျိုးနွယ်စုထဲမှ မြှောက်တတ်လာသည်။

ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင်တော့…

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် နတ်ဘုရားသုံးပါးက ခေါင်းမော့လိုက်ကြသည်။

လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲ၌ ဧကရီသည် နန်းတော်အပြင်ဘက်မှာ ရပ်နေပြီး ကောင်းကင်ပေါ်သို့ အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထို့ပြင် ဝမ်ကူးကုန်းမြေထဲမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများသည်လည်း ပြန်နိုးထလာကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က ခေါင်းမော့လိုက်ကြပြီး မတူညီသော သဘောထားဖြင့် ကောင်းကင်ကို ကြည့်လိုက်ကြသည်။

ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင် စွန့်ပစ်တောင်တစ်လုံးပေါ်မှ ဝါးတောထဲတွင် လက်ဖက်ရည်နှပ်နေသော ယုလျှိုချန်းက တီးတိုးရေရွတ်လိုက်သည်။

“ ဒီလောက် ဆူဆူညံညံလုပ်နေတာ ဘုရားသခင်နိုးလာမှာကို ဒင်းတို့မကြောက်ကြဘူးလား ”

နတ်ဘုရားတချို့သည် ဤအပြောင်းအလဲအတွက် ဘာမှမခံစားရချေ။

နတ်ဘုရားတချို့သည်တော့ ပျော်ရွှင်သွားကြသည်။

နတ်ဘုရားတချို့သည် လောဘကြီးလာကြပုံပေါ်သည်။

နတ်ဘုရားတချို့သည်တော့ ဆာလောင်လာကြသည်။

ဒြပ်နှောမြူခိုးဖြင့် ဖုံးလွှမ်းခံထားရသော ကောင်းကင်ဝါးမျိုဒေသကြီးသည်တော့ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းတော်ထဲတွင် ရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ကျစ်လွီဆဲ့ဧကရာဇ်က ပြုံးလိုက်သည်။

“ ဒီလိုဖြစ်လာမယ်ဆိုတာ အချိန်ထဲမှာ ငါမြင်ခဲ့တယ်… ”

သူတော်စင်ကုန်းမြေများက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။

ဤအခိုက်အတန့်မှာ မျိုးနွယ်စုတချို့က တုန်ယင်သွားကြပြီး မျိုးနွယ်စုတချို့က စိတ်လှုပ်ရှားသွားကြသည်။ မျိုးနွယ်စုတချို့သည်တော့ စိတ်ပျက်သွားကြသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတော်စင်ကုန်းမြေများ၏ ထွက်ပေါ်လာမှုက လူတိုင်း၏ အာရုံစိုက်မှုကို သိမ်းပိုက်သွားခဲ့သည်။

ရှေးဘုရင်ရွှမ်ယုံထွက်သွားသည့်အချိန်မှစ၍ သူတော်စင်ကုန်းမြေနှင့်ပတ်သက်သော ပုံပြင်ဇာတ်လမ်းများသည် ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများကြားမှာ ပျံ့နှံ့သွားခဲ့သည်။

ထိုသူတော်စင်ကုန်းမြေများကို မျိုးနွယ်စုအသီးသီးမှ ဧကရာဇ်များနှင့် ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့ကြသော ကောင်းကင်အရွေးချယ်ခံများက တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ၎င်းတို့ကို တချို့လူများက ကဲ့ရဲ့ရှုံ့ချကြပြီး တချို့လူများကတော့ မျှော်လင့်စောင့်ဆိုင်းကြသည်။

၎င်းတို့က အရေးကြီးဆုံး အခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေမှ ထွက်ခွာသွားကြသော သူရဲဘောကြောင်သူများ ဖြစ်ကြသည်ဟု တချို့က တွေးထင်ကြသည်။

၎င်းတို့ပြန်ရောက်လာသည့်အခါ ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာဆိုးက အဆုံးသတ်သွားပြီး ယခင်ကဲ့သို့ ပြန်လည်ငြိမ်းချမ်းလာလိမ့်မည်ဟု ထင်မှတ်နေကြသူများလည်း ရှိကြသည်။

သူတို့၏ သဘောထားက မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ ၎င်းတို့က အမှန်တကယ် ပြန်ရောက်လာကြသည်။

၎င်းတို့ပြန်ရောက်လာရသည့် ရည်ရွယ်ချက်သည်တော့ မရှင်းလင်းပေ။

၎င်းတို့က ရန်သူလော မိတ်ဆွေလော မရှင်းလင်းပေ။

All Chapters