ပြန်နိုးထလာပြီးနောက်(ဂ)
Vol. 91 Ch. 1398
လှေငယ်လေးပေါ်မှ ဟွမ်ယန်သည် သူ၏ မျက်နှာပေါ်မှ ရေစက်များကို သုတ်လိုက်ပြီး တုန်ယင်နေသော ကျူးယင်ကို ကြည့်လိုက်သည်။
“ ဒီကျူးယင်က အတော်လေး အခြေအနေဆိုးနေတာပဲ… သူ့ကို မင်းဖမ်းမိကတည်းက ဒီလတွေမှာ ငါးစာအဖြစ် အသုံးပြုခဲ့တယ်… သူရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံရပြီးတဲ့နောက် ပြန်ကောင်းမွန်လာတယ်… အခုတစ်ခါ ထပ်ပြီး ဖျက်ဆီးခံလိုက်ရပြီ… ”
ဟွမ်ယန်က စကားပြောနေရင်း အရိပ်လေးကို ကြည့်လိုက်သည်။
“ အဲ့ဒီကောင်လည်းပဲ သနားစရာကောင်းတယ်… သူက ဒီလတွေမှာ စကားအထစ်အထစ်နဲ့ အော်နေတယ် ”
“ ဒါပေမဲ့ သူက အများကြီး အသုံးမဝင်တဲ့ပုံပဲ… ငါတို့တွေ ဒီလောက်ရှာနေတာတောင် မင်းပြောတဲ့ ကြေးရထားလုံးနဲ့ ဘီလူးကို အခုထိ ရှာမတွေ့သေးဘူး ”
“ ပြီးတော့ ငါက ပိုပြီးတော့ သနားစရာကောင်းသေးတယ် ”
ဟွမ်ယန်က ရွှီချင်းကို ကြည့်လိုက်သည်။
“ မင်းရဲ့ ဆရာက ဘာအပူအပင်မှမရှိဘဲ တံခါးပိတ်ကျင့်ကြံသွားတယ်… ငါ့ကျတော့ မင်းကို အဖော်ပြုပေးခိုင်းခဲ့တယ်… စီနီယာအမကို ငါလွမ်းနေပြီ… သူ့ဘေးမှာ ငါမရှိတာ အရမ်းကြာသွားပြီ… သူလည်းပဲ ငါ့ကို အရမ်းလွမ်းနေမှာ သေချာတယ် ”
ဟွမ်ယန်က စိတ်ဆိုးနေသည်။
ယင်းကို ကြားသောအခါ ရွှီချင်းက သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေရင်း ပြောသည်။
“ ယောက်ဖ… အဲ့ဒါ ဆရာပေးထားတဲ့ တာဝန်ပါ ”
ဟွမ်ယန်က သက်ပြင်းချလိုက်ပြီး ညှိုးမှိုင်သွားသည်။ သူက အသံပို့လွှတ်ရန် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် နတ်ဘုရားစိတ်အာရုံအလင်းဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက နှုတ်ဆိတ်သွားသည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူက ရုတ်တရက် မျက်တောင်ခတ်လိုက်ပြီး စိတ်ဓာတ်တတ်ကြွသွားသည်။ သူ၏ မျက်နှာပေါ်မှ ညှိုးမှိုင်မှုက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက တဟားဟား ရယ်မောလိုက်ပြီး ပြောသည်။
“ ဟုတ်ပြီ… အဲ့ဒါကို မှတ်တမ်းတင်ပြီး မင်းရဲ့ ဒုတိယစီနီယာအမဆီ ငါပို့လိုက်ပြီ… ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး… မင်းရဲ့ စီနီယာအမက ရုပ်ကလေး နည်းနည်းပဲ လှတာပါ… ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နောက်ခံက အရမ်းမသန်မာဘူးမလား… ဒါကြောင့် သူက ဘေးကင်းလုံခြုံမှုပေးနိုင်မယ့်လူကို လိုအပ်တယ်… ကိစ္စမရှိပါဘူး… သူ့ကို ငါဂရုစိုက်ပေးလိုက်ပါ့မယ် ”
“ အို ”
ရွှီချင်းက အံ့ဩသွားသည့်ဟန် တုံ့ပြန်လိုက်သည်။ ဤလများတွင် ဟွမ်ယန်သည် အမြဲတမ်းနီးပါး ထိုသို့လုပ်ဆောင်လေ့ ရှိသည်။
“ ရွှီချင်း… မင်းလည်း သိတယ်မလား… နန်းဟွမ်ကုန်းမြေမှာ ငါ့ရဲ့ နောက်ခံက ထိပ်ဆုံးမှာ ရှိတယ် ”
ဟွမ်ယန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ ငါမင်းကို ပြောပြမယ်… ငါက အရမ်းဆွဲဆောင်မှုရှိတာ… မင်းရဲ့ စီနီယာအမက အမြဲတမ်း ငါ့နားမှာ ကပ်တွယ်နေတာ… ငါသူ့ကို စွန့်ပစ်သွားမှာကို သူက ကြောက်နေတာ… ငါဘယ်ကိုပဲသွားသွား ဒါမှမဟုတ် ချီယွဲ့ထုံဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ပေးတဲ့ အခါမှာပဲဖြစ်ဖြစ် သူက အမြဲတမ်း သူ့အနားကနေ ထွက်မသွားဖို့ ငါ့ကို တောင်းပန်လေ့ရှိတယ် ”
“ ဒီနှစ်တွေက ငါအရမ်းစိတ်ညစ်တာပဲ ”
“ ကံကောင်းစွာပဲ သတ္တမသခင်ကြီးက ငါ့ရဲ့ စိတ်ခံစားချက်ကို မြင်ခဲ့တယ်… ငါတို့အားလုံးက ယောင်္ကျားတွေမဟုတ်လား… နောက်တော့ သူနားလည်သွားပြီး ငါ့ကို ဒီကာလအတွင်းမှာ လွတ်လွတ်လပ်လပ် နေခွင့်ပြုလိုက်တယ် ”
ဟွမ်ယန်သည် စိတ်လှုပ်ရှားသွားပြီး ဘဝင်မြင့်သွားသည်။ သူ၏ စကားများက သူ၏ မြင့်မားသော အဆင့်အတန်းကို အဓိကဖော်ပြနေသော်လည်း ရွှီချင်းက မည်သို့ကြည့်ပါစေ သူ့ပုံစံက အကျဉ်းထောင်ထဲမှ ပြန်လွတ်မြောက်လာသော အကျဉ်းသားတစ်ယောက်နှင့် အလွန်ဆင်တူသည်။
“ ငါတို့ ဘယ်ကို ဆက်သွားကြမလဲ… တကယ်လို့ မင်းမှာ သွားစရာနေရာမရှိရင် ငါ ကောင်းတဲ့နေရာတစ်ခုကို ရှာတွေ့ထားတယ်… အဲ့ဒီနေရာက အရမ်းမှော်ဆန်တယ်… အဲ့ဒါကို တွေးလိုက်တာနဲ့တင် ငါ့သွေးတွေက ဆူပွက်လာတယ်… ”
ဟွမ်ယန်သည် စကားပြောနေရင်း ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ မည်သူမှ သူ့စကားကို ခိုးနားမထောင်နေကြောင်း အတည်ပြုပြီးနောက် သူ၏ မျက်လုံးက ဝင်းလက်သွားသည်။
ရွှီချင်းက ခေါင်းခါလိုက်သည်။
“ အတွင်းပိုင်းပင်လယ်နဲ့ အပြင်ပိုင်းပင်လယ်ကြားက နယ်နိမိတ်ဆီ ငါသွားတော့မယ် ”
တားမြစ်ပင်လယ်ကို အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ခွဲခြားထားသည်။ အတွင်းပိုင်းသည် အလွန်ကျယ်ပြောပြီး ထိုနေရာမှာ ဝမ်ကူးကုန်းမြေ၏ တားမြစ်ပင်လယ်မျိုးနွယ်စုများက နေထိုင်ကြသည်။ ယင်းက အန္တရာယ်များသော်လည်း သူသတိထားမည်ဆိုလျှင် ထိုနေရာမှာ စူးစမ်းရှာဖွေနိုင်သည်။
သို့သော်လည်း အပြင်ပိုင်းပင်လယ်သည် ပရမ်းပတာနယ်မြေဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ ကောလဟာလအရ နတ်ဘုရားအများအပြားက အပြင်ပိုင်းပင်လယ်ထဲမှာ အိပ်မောကျနေကြသည်ဟု ဆိုကြသည်။
“ အဲ့ဒီကိုလား… အဲ့ဒီနေရာက မဆိုးပါဘူး ”
ဟွမ်ယန်က နောင်တရစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ပြောသည်။
“ ဒါနဲ့ မင်း ဒီမှာ ခန္ဓာကိုယ်ထုဆစ်နေတုန်း လူသားမျိုးနွယ်ဆီကနေ သတင်းရောက်လာတယ် ”
“ ကောင်လေး… မင်းရာထူးတိုးသွားပြီ ”
ရွှီချင်းက ဟွမ်ယန်ကို ကြည့်လိုက်သည်။
“ သိပ်မကြာသေးခင်တုန်းက လူသားမျိုးနွယ်ရဲ့ ဧကရီက နင်ယန်ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်လိုက်တယ်လို့ အမိန့်တော်ထုတ်ပြန်လိုက်တယ် ”
“ အဲ့ဒီကောင်လေးက အရမ်းကံကောင်းတာပဲ… သူက တစ်ခဏလောက် အိပ်နေလိုက်တယ်… ပြန်နိုးလာတော့ ခမည်းတော်ကနေ မယ်တော်ဖြစ်သွားပြီး သူက အိမ်ရှေ့စံမင်းသားအဖြစ် ရာထူးတိုးသွားတယ်… ဒီကောင် အခုထိ ဆွံ့အနေလိမ့်မယ်ဆိုတာ သေချာတယ် ”
“ ပြီးတော့ မင်းက ပညာရှိအမတ်ကနေ အိမ်ရှေ့စံမင်းသားရဲ့ အတိုင်ပင်ခံအမတ်ဖြစ်လာတယ်… ဒါ့အပြင် မင်းက သန့်စင်ရေလှိုင်းဒေသကြီးနဲ့ ဝိညာဉ်နက်ဒေသကြီးရဲ့ ဒေသအရှင်သခင်လည်း ဟုတ်တယ်… အဲ့ဒီငတုံးကောင်နင်ယန်က အနာဂတ်မှာ ထီးနန်းဆက်ခံတဲ့အခါကျရင် မင်းက ပရောဟိတ်ဆရာ ဖြစ်လာလိမ့်မယ် ”
နင်ယန်က အိမ်ရှေ့စံမင်းသားဖြစ်လာခြင်းကို ရွှီချင်း မအံ့ဩပေ။
မည်သို့ဖြစ်ပါစေ ဧကရီ၏ သွေးသားရင်းချာသည် နင်ယန်နှင့် မင်းသားဆယ့်တစ်သာ ဖြစ်သည်။
အဘက်ဘက်မှ တွေးကြည့်မည်ဆိုလျှင် မင်းသားဆယ့်တစ်သည် အိမ်ရှေ့စံမင်းသားဖြစ်လာရန် မသင့်တော်ချေ။ ဘိုးဘေးကန်တော့ပွဲမှာ သူ၏ လုပ်ဆောင်မှုများက သူ့မယ်တော်အတွက် လက်စားပြန်ချေရန်ဖြစ်သော်လည်း ဝန်ကြီးများနှင့် နန်းမြို့တော်ထဲမှ အင်အားစုများ၏ နှလုံးသားထဲမှာတော့ ယင်းက ဆူးတစ်ချောင်းအဖြစ် ကျန်ရှိနေဆဲပင်။
ထို့ကြောင့် နင်ယန်ကို ရွေးချယ်ခြင်းသည် အကျိုးအကြောင်းသင့်သည်။
မည်သို့ကြောင့် ဧကရီက အိမ်ရှေ့စံမင်းသားကို မြန်မြန်ဆန်ဆန် ရွေးချယ်ခဲ့ရခြင်းမှာ အကြောင်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသားကို ရွေးချယ်မည့် နန်းတော်အပြင်ဘက်မှ အမွှေးတိုင်ဆယ့်နှစ်တိုင်တွင် ရလဒ်က မကြာခင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။
“ ဧကရီရဲ့ ဉာဏ်အမြော်အမြင်အရဆို သူက ရလဒ်ကို အစောကြီးကတည်းက ကြိုမြင်ထားလောက်တယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ အထီးကျန်လှေငယ်လေးက အရှေ့သို့ ဆက်ပြီး ရွေ့လျားနေစဉ် လွန်ခဲ့သော ငါးလအတွင်းမှ သူ၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည်။
လူသားမျိုးနွယ်၏ ဘိုးဘေးကန်တော့ပွဲပြီးနောက် ကျစ်လွီဆဲ့တိုင်းပြည်သည် ကောင်းကင်ဝါးမျိုဒေသကြီးထဲမှာ ထွက်ပေါ်လာသည်။ ထိုဒေသကြီးကို အဆုံးမဲ့သော ဒြပ်နှောများမှ ဖြစ်ပေါ်လာသော မြူခိုးက လွှမ်းခြုံထားသည်။ အပြင်လူများသည် အထဲသို့ မဝင်နိုင်ကြပေ။ သို့ဖြစ်၍ အထဲမှ အခြေအနေကို မည်သူမှ မသိရှိနိုင်ကြပေ။
သို့သော်လည်း လူသားမျိုးနွယ်မှ သတင်းအချက်အလက်များအရ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကောင်းကင်ဝါးမျိုဒေသကြီးထဲမှာ မြှောက်တတ်နေသည်။ ဤသည်မှာ ကျစ်လွီဆဲ့တိုင်းပြည်ထဲမှ လူတိုင်းက အသွင်ပြောင်းလဲနေကြသည့်အလားပင်။
“ အဲ့ဒါက ရှေးဦးအပျက်အစီးကို စိတ်ကျေနပ်စေတဲ့အတွက် ဆုလာဘ်ပဲ ”
ဧကရီက ထိုသို့ပြောခဲ့သည်။
ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ မြူခိုးက လွင့်ပြယ်သွားသည့်အခါ ဤလောကထဲ၌ ပြန်လည်ထွက်ပေါ်လာမည့် ကျစ်လွီဆဲ့တိုင်းပြည်က အတိတ်တုန်းကထက် ပိုပြီးကြောက်စရာကောင်းလာလိမ့်မည်ဖြစ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
ရွှီချင်း၏ အမူအရာက အေးစက်သွားသော်လည်း သူ၏ နှလုံးသားထဲတွင် မည်သည့်လှိုင်းဂယက်မှ မထွက်ပေါ်လာပေ။
ကျစ်လွီဆဲ့တိုင်းပြည်၏ အင်ပါယာအခွင့်အာဏာတစ်ဝက်ကြောင့် သူက ထိုအပြောင်းအလဲများကို တခြားလူများထက် ပိုပြီးရှင်းလင်းစွာ အာရုံခံနိုင်သည်။ အသွင်ပြောင်းလဲမှုမှ ဆင့်ခေါ်မှုကိုလည်း သူအာရုံခံနိုင်သည်။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည်မှ ကမ္မ၏ ဆင့်ခေါ်မှုဖြစ်သည်။
ခေါင်းဆောင်သည်တော့ နန်းမြို့တော်ထဲမှ ထွက်ခွာသွားသည်။ သူက လအနည်းငယ်ကြာလျှင် ပြန်ရောက်လာမည်ဟု သတင်းပို့ခဲ့သည်။
သို့သော်လည်း အချိန်တစ်ခုထိ သူက ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ သူက ဝတ်ရုံမျိုးနွယ်ဆီ အလည်သွားပြီး မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံလိမ့်မည်။
သူက ဝတ်ရုံမျိုးနွယ်စုထဲမှာ ညာလက်အိတ်ညီမနှင့် ဆော့ကစားနေလောက်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည်လည်း လွန်ခဲ့သော လအနည်းငယ်က နန်းဟွမ်ကုန်းမြေဆီသို့ ရောက်လာခဲ့သည်။ ရွှီချင်းအဆင်ပြေကြောင်း မြင်တွေ့ပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ သူက ပြန်ထွက်မသွားခင် ရွှီချင်းကို လဝက်ကြာ အဖော်ပြုပေးခဲ့သည်။
သူက ခရမ်းရွှမ်မီးအိမ်ကို ယူဆောင်ပြီး ဖုန်းဟိုင်ဒေသငယ်အောက်မှ အင်မော်တယ်တားမြစ်နယ်မြေထဲရှိ ဖီးနစ်နန်းဆောင်ဆီသို့ ခရီးထွက်သွားခဲ့သည်။ သူက ထိုနေရာမှာ အတိတ်ဘဝမှ အမွေအနှစ်ကို ဆက်ခံလိမ့်မည်။
ဧကရီက နတ်ဘုရားတစ်ပါးဖြစ်လာသည့်အခါ ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲတွင် လူသားမျိုးနွယ်၏ အင်အားသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်စုငယ်များသည် လူသားမျိုးနွယ်ကို အညံ့ခံလိုက်ကြသည်။
အထူးသဖြင့် လူသားမျိုးနွယ်၏ ပိုင်နက်များကို သိမ်းပိုက်ခဲ့ကြသော ဒေသကြီးများ ဖြစ်ကြသည်။