← Chapters

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ(ခ)

Vol. 91 Ch. 1411

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ(ခ)

Vol. 91 Ch. 1411

သူတို့အားလုံးက ထွက်ပေါ်လာပြီးနောက် အလောင်းကောင်တားမြစ်နယ်မြေထဲသို့ ပြေးဝင်သွားကြသည်။

ထူးဆန်းသော ထိုအပြုအမူက အစကတည်းက ဤနေရာကို အာရုံစိုက်နေကြသော ယင်ဟွမ်ပြည်နယ်နှင့် နန်းဟွမ်ကုန်းမြေမှ အင်အားစုများနှင့် ကျင့်ကြံသူများကို ပိုပြီးတည်ကြည်သွားစေသည်။

တစ်ချိန်တည်းမှာ သူတို့၏ သတိထားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဖုန်းဟိုင်ဒေသငယ်၏ စစ်တပ်သည် ယင်ဟွမ်ပြည်နယ်ဆီသို့ ရွှေ့ပြောင်းလာပြီး ထိုနေရာမှာ တပ်စခန်းချလိုက်သည်။

သို့သော်လည်း ထူးဆန်းစွာပင် လာမည့်လများတွင် ကောင်းကင်ဘုံတောင်ဆီမှာ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်ခဲ့ပေ။ ထိုကျင့်ကြံသူများသည် အလောင်းကောင်တားမြစ်နယ်မြေကိုသာ အာရုံစူးစိုက်ထားကြသည်။

သူတို့က အလောင်းကောင်တားမြစ်နယ်မြေထဲမှ အရင်းအမြစ်အမျိုးမျိုးကို လိုက်လံစုဆောင်းကြသည်။

ပင်လယ်ရေ၊ ဒြပ်နှောများ၊ အလောင်းကောင်တားမြစ်နယ်မြေထဲမှ အပင်များ၊ ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားသက်ရှိများသည်ပင် သူတို့၏ စုဆောင်းခြင်းခံလိုက်ရသည်။

တားမြစ်ပင်လယ်ထဲမှာ အသံနတ်ဘုရားအခွင့်အာဏာကို လေ့ကျင့်နေပြီး ရွှေကျီးကန်းနဂါးရထားလုံးကို လိုက်လံရှာဖွေနေသော ရွှီချင်းသည်လည်း အင်အားစုအသီးသီး၏ သတင်းပေးပို့မှုကြောင့် ထိုကိစ္စကို ကြားသိခဲ့သည်။

ဤအတောအတွင်း လူသားမျိုးနွယ်နှင့် ပိုပြီးရင်းနှီးလာသော ဟွမ်ယန်ထံမှ သတင်းအချက်အလက်များကိုလည်း သူရရှိခဲ့ပြီး ရှေးခေတ်ကိစ္စများကို ပိုပြီးလေးလေးနက်နက် နားလည်လာခဲ့သည်။

“ ရွှီချင်း… တားမြစ်ပင်လယ်ပေါ်ကို ကျဆင်းလာတဲ့ သူတော်စင်ကုန်းမြေထဲက မျိုးနွယ်စုအကြောင်းကို လူသားမျိုးနွယ်ရဲ့ ရှေးခေတ်မှတ်တမ်းတွေကနေ ရှာတွေ့သွားပြီ… မင်းတို့လူသားမျိုးနွယ်က ရှေးခေတ်သမိုင်းကြောင်းတွေကို စုံစုံလင်လင် မှတ်တမ်းတင်ထားခဲ့တယ်လို့ ဆိုရမယ် ”

“ အဲ့ဒါကို မကောင်းဆိုးဝါးမျိုးနွယ်လို့ ခေါ်တယ်… အဲ့ဒါက ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ မျိုးနွယ်စုကြီးတစ်ခုမဟုတ်ပေမဲ့ သူတို့ရဲ့ မိစ္ဆာဆန်ပြီး တမူထူးခြားတဲ့ သဘာဝကြောင့် အတော်အသင့် နာမည်ကျော်ကြားတယ်… အစောပိုင်းနှစ်တွေမှာ မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ ဧကရာဇ်က ရှေးဘုရင်ရွှမ်ယုံဆီမှာ အညံ့ခံလိုက်ပြီး ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ပေးခဲ့တယ်… အဲ့ဒါကြောင့် သူတို့က ကပ်ဘေးမှာ အသက်ရှင်နိုင်ခဲ့ပြီး အကျိုးအမြတ်တချို့ကို ရရှိခဲ့ကြတယ် ”

“ ပြီးတော့ သူတို့ကို မကောင်းဆိုးဝါးမျိုးနွယ်လို့ ခေါ်ရတာက သူတို့ရဲ့ မွေးရာပါစွမ်းရည်ကြောင့်ပဲ… သူတို့က စစမွေးဖွားလာတဲ့အချိန်မှာ အရမ်းအားနည်းကြတယ်… အဲ့ဒါကြောင့် သူတို့က ကြီးထွားနေတဲ့ အတောအတွင်း တခြားမျိုးနွယ်စုတွေဆီက ကိုယ်တွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လုယက်ပြီး သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ထဲမှာ အစားထိုးပစ်ကြတယ် ”

“ ပြောရရင် ခရုက ခရုခွံကို အကာအကွယ်အဖြစ် အသုံးပြုတဲ့ပုံစံမျိုးပဲ ”

“ ဒါကြောင့် မကောင်းဆိုးဝါးမျိုးနွယ်စုထဲက မျိုးနွယ်ဝင်တွေက တစ်ယောက်နဲ့တစ်ယောက် အသွင်သဏ္ဍာန်မတူညီကြဘူး… သူတို့က ရှေးဘုရင်ရွှမ်ယုံဆီမှာ အညံ့မခံခင် ဝမ်ကူးကုန်းမြေက အသင်္ချေမျိုးနွယ်စုတွေဆီကနေ ကိုယ်တွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လုယက်ခဲ့ကြတယ်… တကယ်လို့ သူတို့သာ အရမ်းမသန်မာဘူးဆိုရင် မကောင်းဆိုးဝါးမျိုးနွယ်စုက အစောကြီးကတည်းက မျိုးတုန်းသတ်ဖြတ်ခံရလောက်ပြီ ”

ရွှီချင်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ လူသားမျိုးနွယ်က နိမ့်ကျသွားပြီဖြစ်သော်လည်း သူတို့ဆီမှာ ရှည်လျားသော သမိုင်းကြောင်းနှင့် ရှေးခေတ်စာအုပ်အများကြီး ရှိသည်။ သူတို့၏ သမိုင်းမှတ်တမ်းများက နွေဦးအင်မော်တယ်နန်းတော်ကို မယှဉ်နိုင်သော်လည်း မျိုးနွယ်စုအများကြီးထက် သာလွန်နေဆဲပင်။

“ ဒီသူတော်စင်ကုန်းမြေက အဝါရောင်အဆင့်ပဲ… ယေဘုယျအားဖြင့်ပြောရရင် အဝါရောင်အဆင့် သူတော်စင်ကုန်းမြေတွေမှာ အုပ်ချုပ်သူအဆင့်ပုဂ္ဂိုလ်က တစ်ယောက်နှစ်ယောက် ရှိလိမ့်မယ် ”

“ အဲ့ဒီနေ့က အလောင်းကောင်တားမြစ်နယ်မြေထဲကို ဝင်ရောက်သွားတဲ့ ပုဂ္ဂိုလ်က ဒီသူတော်စင်ကုန်းမြေရဲ့ အရှင်သခင်ဖြစ်လောက်တယ် ”

“ မင်းတို့ လူသားဧကရီရဲ့ စုံစမ်းစစ်ဆေးမှုရယ်… ဒီအတောအတွင်း တခြားသူတော်စင်ကုန်းမြေတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြတဲ့ အင်အားစုတွေဆီက သတင်းအချက်အလက်တွေရယ်… ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေရယ်… အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ပြီးနောက် အကျဉ်းချုပ်သုံးသပ်မှုတစ်ခုကို ငါပြုလုပ်ခဲ့တယ် ”

“ ဒီသူတော်စင်ကုန်းမြေတွေ ဝမ်ကူးကုန်းမြေကနေ ထွက်ခွာသွားတဲ့အချိန်မှာ ဒီလိုမျိုး တင်းကျပ်တဲ့ အဆင့်သတ်မှတ်ချက်မျိုး မရှိခဲ့ဘူး… သူတို့အများစုက အဆင့်အတူတူပဲ… ရွှမ်ယုံသူတော်စင်ကုန်းမြေကတော့ အဆင့်အမြင့်ဆုံးဖြစ်ပြီး ကျန်တဲ့သူတော်စင်ကုန်းမြေအားလုံးရဲ့ အရှင်သခင်ဖြစ်တယ် ”

“ အဲ့ဒီနောက် ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တာ သေချာတယ်… အဲ့ဒါက သူတော်စင်ကုန်းမြေတွေကို အဝါရောင်၊ အနက်ရောင်၊ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံဆိုပြီး အဆင့်လေးဆင့် ခွဲခြားပစ်လိုက်တယ် ”

ရွှီချင်းက တားမြစ်ပင်လယ်ထဲမှာ ရွေ့လျားနေစဉ် ဟွမ်ယန်၏ နတ်ဘုရားစိတ်အာရုံက ငှက်မွှေးထဲမှ ထွက်ပေါ်လာပြီး သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အဝါရောင်အဆင့် သူတော်စင်ကုန်းမြေတွေမှာ အုပ်ချုပ်သူတစ်ပါး ဒါမှမဟုတ် အုပ်ချုပ်သူနှစ်ပါး ရှိတယ်… အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေကတော့ အခုထိ မဆင်းသက်လာသေးဘူးဆိုပေမဲ့ သူတို့ဆီမှာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ရှိလောက်တယ် ”

“ ကမ္ဘာမြေအဆင့် သူတော်စင်ကုန်းမြေကတော့… သူတို့ဆီမှာ နွေဦးအင်မော်တယ်တစ်ပါးရှိဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး… အဲ့ဒါကြောင့် ကမ္ဘာမြေအဆင့် သူတော်စင်ကုန်းမြေကို ခြေလှမ်းဝက်အင်မော်တယ်တွေရဲ့ အရေအတွက်နဲ့ ဆုံးဖြတ်ပေးတာ ဖြစ်နိုင်တယ် ”

“ ပြီးတော့ ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေက တစ်ခုတည်းပဲ ရှိတယ်… ပြီးတော့ အဲ့ဒီသူတော်စင်ကုန်းမြေမှာ နွေဦးအင်မော်တယ်တစ်ပါးရှိဖို့က ဖြစ်နိုင်ခြေအရမ်းများတယ် ”

“ ဧကရီရဲ့ သုံးသပ်ချက်အရ ရွှမ်ယုံသူတော်စင်ကုန်းမြေက ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေမဟုတ်ဘူး… အဲ့ဒါကြောင့် အခုချိန်မှာ နွေဦးအင်မော်တယ်ရှိတဲ့ တစ်ခုတည်းသော ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေက ရွှမ်ယုံသူတော်စင်ကုန်းမြေမဟုတ်ဘူး… တခြားသူတော်စင်ကုန်းမြေပဲ ”

တားမြစ်ပင်လယ်ထဲတွင် ရွှီချင်း၏ ခြေလှမ်းက ရပ်တန့်သွားသည်။

“ နွေဦးအင်မော်တယ်… ”

သူက တီးတိုးရေရွတ်လိုက်သည့်အခါ စူးရှသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ သူတော်စင်ကုန်းမြေအားလုံးက ဆင်းသက်လာပြီးကတည်းက တူညီတဲ့အရာကို လုပ်ဆောင်နေကြတယ် ”

ဟွမ်ယန်က ဆက်ပြီး အသံပို့လွှတ်သည်။

“ သူတို့က အရင်းအမြစ်တွေ လိုက်စုဆောင်းနေကြတယ် ”

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတော်စင်ကုန်းမြေတစ်ခုက ဒီနေရာကို ဆင်းသက်လာပြီဆိုတော့ တားမြစ်ပင်လယ်ထဲမှာ သိပ်အကြာကြီး မနေနဲ့… ဒီကို စောစော ပြန်လာပါ ”

ဟွမ်ယန်သည် ထိုသို့ပြောပြီးနောက် အသံပို့လွှတ်ခြင်းကို အဆုံးသတ်လိုက်သည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး တားမြစ်ပင်လယ်၏ ရေမျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။

လေသည် တည်ငြိမ်သော ပင်လယ်ပြင်ထဲမှာ တိုက်ခတ်သွားသည်။ တဖြည်းဖြည်း လေက ပိုပြီးအားကောင်းလာသည့်အခါ လှိုင်းဂယက်များက ထွက်ပေါ်လာကြသည်။

ကောင်းကင်က မည်းမှောင်သွားသည့်အခါ မုန်တိုင်းတစ်ခု ထွက်ပေါ်လာတော့မည့်ဟန် ရ၏။

“ နောက်ထပ် နှစ်လကြာအောင် ငါရှာဖွေဦးမယ်… နှစ်လကြာသွားတာတောင် ရွှေကျီးကန်းနဂါးရထားလုံးကို ငါရှာမတွေ့သေးဘူးဆိုရင် တားမြစ်ပင်လယ်ကနေ ထွက်ခွာပြီး ဖုန်းဟိုင်ဒေသငယ်ဆီ ပြန်တော့မယ် ”

ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ ဆက်လက် ပျံသန်းသွားသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားသည်။

တစ်လကုန်လွန်သွားသည်။

ဤလထဲမှာ နောက်ထပ်သူတော်စင်ကုန်းမြေသုံးခုက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။

ယခု ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသော သူတော်စင်ကုန်းမြေများသည် စုစုပေါင်း (၃၃)ခုထိ ရှိသွားကြသည်။

တားမြစ်ပင်လယ်ထဲမှ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည်တော့ အလောင်းကောင်တားမြစ်နယ်မြေထဲမှ သူတို့၏ အရင်းအမြစ်ရိတ်သိမ်းမှုက အဆုံးသတ်သွားဟန် ရ၏။ ထို့ကြောင့် သူတို့က ဘေးပတ်ဝန်းကျင်မှ ကျွန်းစုများပေါ်သို့ စတင်ခြေဆန့်လာကြသည်။

သူတို့က မကောင်းသော မည်သည့်လုပ်ရပ်ကိုမှ မလုပ်ဆောင်ပေ။ မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် ဘေးပတ်ဝန်းကျင်မှ ကျွန်းစုများဆီသို့ ရင်းနှီးဖော်ရွေစွာ သွားရောက်ခဲ့ကြသည်။

သူတို့က ဝမ်ကူးကုန်းမြေမှ သတင်းအချက်အလက်များကို ယဉ်ကျေးစွာ မေးမြန်းကြသည်။ သူတို့က ဒြပ်နှောဖြင့် သက်ရောက်ခံထားရသော လူနာများကိုပင် ကုသပေးကြသည်။ သူတို့က မထွက်ခွာခင် သူတော်စင်ကုန်းမြေဆီမှ ဆေးလုံးတချို့ကိုပင် ပေးအပ်ခဲ့ကြသည်။

ထိုဆေးလုံးသည် ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများကို ဖယ်ရှားရာတွင် အလွန်အသုံးဝင်သည်။

မျိုးနွယ်စုအသီးသီးက စိုးရိမ်ကြောင့်ကြနေကြသော်လည်း သူတော်စင်ကုန်းမြေထံမှ ကောင်းမွန်သော ဆန္ဒကို သူတို့အာရုံခံနိုင်ကြသည်။

သတင်းအချက်အလက်များကို စုဆောင်းနေရင်း မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် စာသုံးဆောင်ကို အပြင်သို့ ပေးပို့လိုက်သည်။

စာတစ်ဆောင်သည် နန်းဟွမ်ကုန်းမြေ၏ ဖီးနစ်တားမြစ်နယ်မြေဆီသို့ ရောက်ရှိသွားသည်။ ယင်းကို တားမြစ်နယ်မြေ၏ အပြင်ဘက်မှာ ချထားခဲ့သည်။ ယင်းက မီးတောက်ဖီးနစ်အတွက် စာဖြစ်သည်။

ဒုတိယစာတစ်ဆောင်သည် ချီယွဲ့ထုံဂိုဏ်းဆီသို့ ရောက်ရှိလာသည်။ ယင်းက သတ္တမသခင်ကြီးအတွက် ဖြစ်သည်။

တတိယစာတစ်ဆောင်ကိုတော့ ယင်ဟွမ်ပြည်နယ်ဆီသို့ ‌ပေးပို့လိုက်သည်။ ယင်းက သန့်စင်ရေလှိုင်းဒေသကြီး၏ ဒေသအရှင်သခင်အတွက် ဖြစ်သည်။

စာသုံးဆောင်ထဲမှ စကားလုံးများက မတူညီကြသော်လည်း ယင်းတို့၏ အဓိပ္ပာယ်က တစ်ခုတည်းသာ ဖြစ်သည်။ စာထဲတွင် သူတို့၏ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက ဤနေရာကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ဆင်းသက်လာခြင်းမဟုတ်ကြောင်း၊ အရင်းအမြစ်များ ရှာဖွေရန်သက်သက်သာ ရောက်လာခြင်းဖြစ်ကြောင်း၊ မည်သူနှင့်မှ ရန်သူမဖြစ်လိုကြောင်း ယဉ်ကျေးစွာ အသိပေးထားသည်။

သူတို့က အင်အားစုသုံးခုစလုံးဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရန် မျှော်လင့်နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးကြပြီးနောက် ဖုန်းဟိုင်ဒေသငယ်၊ နန်းဟွမ်ကုန်းမြေနှင့် ချီယွဲ့ထုံဂိုဏ်းသည် ဝမ်ကူးကုန်းမြေမှ တခြားမျိုးနွယ်စုများ၏ သဘောအတိုင်း တူညီစွာ လုပ်ဆောင်ရန် တစ်စိတ်တစ်ဝမ်းတည်း ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က သူတော်စင်ကုန်းမြေ၏ လုပ်ဆောင်မှုများကို ဆက်ပြီး လေ့လာစောင့်ကြည့်နေမည်။

သူတို့က မဆင်မခြင် မလှုပ်ရှားခဲ့ကြပေ။ ယင်းအစား သူတို့က သတိကြီးစွာထား၍ သူတော်စင်ကုန်းမြေ၏ လုပ်ဆောင်မှုများကို တစ်ချိန်လုံး စောင့်ကြည့်နေကြသည်။

စာသုံးဆောင်ကို ပေးပို့ပြီးနောက် သူတော်စင်ကုန်းမြေသည် ငြိမ်းချမ်းရေးကို အဓိကရှေးရှု၍ လုပ်ဆောင်ခဲ့သည်။ နောက်လများတွင်လည်း သူတို့က နားလည်မှုလွဲစေမည့် မည်သည့်ကိစ္စကိုမှ မလုပ်ဆောင်ခဲ့ကြပေ။

သူတို့က စူးစမ်းရှာဖွေသည့် ဧရိယာကို ပိုမိုတိုးမြှင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ကျွန်းစုအများအပြားနှင့် ထိတွေ့ဆက်ဆံလာကြသော်လည်း သူတို့၏ သဘောထားက သိမ်မွေ့နူးညံ့နေဆဲပင်။ သူတို့က လူနာများကို ကုသပေးပြီး ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။

သူတော်စင်ကုန်းမြေမှ ဆေးဝါးများကို ချီယွဲ့ထုံဂိုဏ်းက သုတေသနပြုလုပ်ခဲ့သည်။ ဟွမ်ယန်ကိုယ်တိုင်ပင် ယင်းတို့ကို စစ်ဆေးကြည့်ခဲ့ပြီး မည်သည့်လျှို့ဝှက်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပေးခဲ့သည်။

သို့ဖြစ်၍ အရာအားလုံးက အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်။

တားမြစ်ပင်လယ်ပေါ်မှ မုန်တိုင်းသည်သာ ပိုပြီးကြီးမားလာဟန် ရသည်။

ရွှီချင်းအတွက်တော့ အစမှ ယခုအထိ နှစ်ဝက်ခန့် ကြာမြင့်သွားသည်။ လွန်ခဲ့သော နှစ်လအတွင်းမှာ သူက အသံနတ်ဘုရားအခွင့်အာဏာကို အသုံးပြု၍ ယင်ဟွမ်ပြည်နယ်နှင့် နန်းဟွမ်ကုန်းမြေကြားမှ ပင်လယ်ဧရိယာအားလုံးနီးပါးမှာ စစ်ဆေးရှာဖွေခဲ့သည်။

ထိုထဲမှာ အန္တရာယ်များသော နေရာများ ပါဝင်ခဲ့သော်လည်း ရွှီချင်းက အနက်ပိုင်းထဲထိ မဝင်ရောက်ခဲ့ပေ။ သူရှာဖွေချင်သည်မှာ ရွှေကျီးကန်းနဂါးရထားလုံးသာ ဖြစ်သည်။

သို့သော်လည်း အဆုံးမှာတော့ မည်သည့်သဲလွန်စမှ သူရှာမတွေ့ခဲ့ပေ။

“ အဲ့ဒီကြေးရထားလုံးနဲ့ ဘီလူးက အပြင်ပိုင်းပင်လယ်ဆီ ထွက်ခွာသွားတာ ဖြစ်မယ် ”

ပင်လယ်ပြင်ပေါ်တွင် ရွှီချင်းက ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ပေတစ်သောင်းရှည်လျားသည့် ဒိုင်နိုဆောအလောင်းပေါ်မှာ ထိုင်နေသည်။

ပင်လယ်လေက တိုက်ခတ်လာသည့်အခါ သူ၏ ခရမ်းရောင်ဆံပင်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားသည်။

သူ၏ အမူအရာက တည်ငြိမ်ပြီး ဘေးပတ်ဝန်းကျင်မှာ ထွန်းလင်းတောက်ပသော အလင်းစက်များဖြင့် ပြည့်နှက်နေသည်။

ယင်းတို့က သူ၏ ခြေဖဝါးအောက်မှ နတ်ဘုရားသက်ရှိ၏ နတ်ဘုရားစွမ်းအင်များ ဖြစ်ကြသည်။

ရွှီချင်းက ယင်းတို့ကို စုပ်ယူနေရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။

ယင်းက အပြင်ပိုင်းပင်လယ်၏ ဦးတည်ရာ ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ရွှီချင်းက ခေါင်းခါလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်သည်။ ယခုအချိန်က အပြင်ပိုင်းပင်လယ်ဆီသို့ ခရီးထွက်ရန် သူ့အတွက် သင့်တော်သောအချိန် မဟုတ်ပေ။

ယင်းကို အချိန်တစ်ခဏထိ လက်လျော့ထားရန် သူစီစဉ်ထားသည်။ သူက ရှာဖွေမှုကို အဆုံးသတ်ပြီး ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်တော့ရန် ပြင်လိုက်သည့်အချိန် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားက ရုတ်တရက် တုန်ယင်သွားသည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ ဒုတိယစီနီယာအမ၏ အသံက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဂျူနီယာမောင်လေး… ငါ နင့်ကို ကိစ္စတစ်ခုပြောစရာ ရှိတယ်… ”

“ ဘိုးဘေးရွှယ်လျန်ဇီက လောလောဆယ် ဒုန်းယိုကျွန်းပေါ်မှာ ရှိနေတယ်… သူက အကူအညီလှမ်းတောင်းတယ်… အထူးသဖြင့် သူက နင့်ကို အကူအညီလှမ်းတောင်းတယ် ”

ဒုတိယစီနီယာအမ၏ အသံထဲမှာ ဒေါသအရိပ်အယောင် ပါဝင်နေသည်။ မည်သို့ဖြစ်ပါစေ ဘိုးဘေးက မြေးတပည့်ဆီမှ အကူအညီလှမ်းတောင်းသည်မှာ မဖြစ်သင့်သောကိစ္စ မဟုတ်ပါလော။

သို့သော်လည်း ယင်းက ယုတ္တိရှိသည်။

“ အဖိုးကြီးက ပိုပြီးအသက်ကြီးလာပြီ… ဒီနှစ်တွေမှာ သူက ပါးစပ်ပိတ်နေခဲ့တယ်… အခုမှ သူက အကူအညီတောင်းတယ်ဆိုတော့ နင့်ကို ဒုန်းယိုအရှင်သခင်ရှေ့မှာ ကြွားလုံးထုတ်ချင်တာ ဖြစ်မယ်… နင်အဆင်ပြေရင် အဲ့ဒီကို တစ်ချက်သွားကြည့်လိုက်ဦး ”

ရွှီချင်းက ဆွံ့အသွားသည်။ သူက ချက်ချင်း ပြန်ဖြေလိုက်သည့်အခါ သူ၏ အမူအရာက တည်ကြည်သွားသည်။

“ ကောင်းပြီ ဒုတိယစီနီယာအမ… ငါအခုပဲ ဒုန်းယိုကျွန်းဆီ သွားလိုက်မယ် ”

All Chapters