← Chapters

နေလုံးထဲမှ တေးသံ

Vol. 91 Ch. 1412

နေလုံးထဲမှ တေးသံ

Vol. 91 Ch. 1412

ဒုန်းယိုကျွန်းသည် အတိတ်တွင် ချီယွဲ့ထုံဂိုဏ်းနှင့် မဟာမိတ်ဖြစ်ခဲ့သည်။

ယခု အင်အားစုနှစ်ခု၏ ပူးပေါင်းမှုက ပိုပြီးနီးကပ်လာသည်။ ထို့ပြင် ဖုန်းဟိုင်ဒေသငယ်ထဲမှ ချီယွဲ့ထုံဂိုဏ်း၏ မြင့်တတ်လာမှု၊ သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးထဲ၌ သွယ်ဝိုက်သော လွှမ်းမိုးနိုင်မှုတို့ကြောင့် ဒုန်းယိုကျွန်းသည်လည်း တားမြစ်ပင်လယ်ထဲမှာ အရှင်သခင်တစ်ပါး ဖြစ်လာသည်။

ဒုန်းယိုအရှင်သခင်သည် ယန်ယန်၏ အဖွားဖြစ်ပြီး ဘိုးဘေးရွှယ်လျန်ဇီနှင့် ဆက်ဆံရေးကောင်းရှိသည်။ အမှန်မှာ ချီယွဲ့ထုံဂိုဏ်းထဲမှ သတ္တိကောင်းသော တပည့်တချို့သည် ဘိုးဘေးရွှယ်လျန်ဇီနှင့် မုဆိုးမဖြစ်သော ဒုန်းယိုအရှင်သခင်ကြားမှာ မိတ်ဆွေအဆင့်ထက် ကျော်လွန်သော ဆက်ဆံရေးရှိလိမ့်မည်ဟု သံသယဝင်နေကြသည်။

အထူးသဖြင့် ဘိုးဘေးရွှယ်လျန်ဇီသည် ဤနှစ်များတွင် ဒုန်းယိုကျွန်းပေါ်သို့ မကြာခဏ သွားရောက်လည်ပတ်ခဲ့သည်။ ထို့ပြင် အလည်သွားသည့်အခါတိုင်း သူက ကျွန်းပေါ်မှာ လအနည်းငယ်ကြာအောင် နေထိုင်လေ့ရှိသည်။

ယခု ဒုန်းယိုကျွန်းပေါ်တွင် ကျင့်ကြံသူအားလုံးက တည်ကြည်လေးနက်နေကြပြီး သတိကြီးစွာ ထားနေကြသည်။

ကျွန်း၏ အလယ်ဗဟိုပေါ်တွင် ရှည်လျားသော စည်းချအစီအရင်စင်မြင့်တစ်ခုရှိပြီး အမျိုးသမီးတစ်ယောက်က ထိုစင်မြင့်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။

အချိန်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားများ ချန်ထားခဲ့သည်။ သို့သော်လည်း ထိုအမှတ်အသားများက သူ၏ အလှကို မပျက်စီးသွားစေဘဲ ရင့်ကျက်တည်ငြိမ်မှုကို ပိုပြီးပေါ်လွင်စေသည်။ ယင်းက သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။

သူ၏ အသားအရေက ဖြူဖွေးပြီး ပျက်စီးလွယ်သော သိမ်မွေ့နူးညံ့မှုကို ပေးသည်။ သူ၏ အံ့ဖွယ်ကောင်းသော ခန္ဓာကိုယ်အချိုးအစားသည် သူ၏ အနက်ရောင် ဂါဝန်ရှည်နှင့် အထူးလိုက်ဖက်သည်။ ထို့ပြင် အစီအရင်လက်နက်များကို သူ၏ ဘေးပတ်ပတ်လည်မှာ ခင်းကျင်းထားသည်။

ထိုသူက ယန်ယန်မှလွဲ၍ တခြားလူမဟုတ်ပေ။

သို့သော်လည်း ယခု သူက မျက်လုံးမှိတ်ထားလေရာ အိပ်ပျော်နေသည့်အလားပင်။ သူ၏ မျက်တောင်သည်သာ ရံဖန်ရံခါ တုန်ယင်သွားသည်။ သူ၏ မျက်နှာအမူအရာသည် တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်လာပြီး တစ်ခါတစ်ရံ နာကျင်မှုဖြင့် ပြည့်နှက်သွားသည်။ ယင်းက ထူးဆန်းသော ခံစားမှုကို ပေးသည်။

အထူးဆန်းဆုံးအရာမှာ သူ၏ ခန္ဓာကိုယ်ဖြစ်သည်။

အတိတ်တွင် ယန်ယန်ကို ပထမဆုံးအကြိမ် ရွှီချင်းမြင်လိုက်စဉ် ယန်ယန်က ထူးခြားကြောင်း သူအာရုံခံမိခဲ့သည်။ သူက အလွန်ရှားပါးသူဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ ဒြပ်နှောများ လုံးဝမရှိပေ။

ဒြပ်နှောများသည် နတ်ဘုရားအရှိန်အဝါများဖြစ်ပြီး ဝမ်ကူးကုန်းမြေထဲမှ နေရာတိုင်းမှာ တည်ရှိကြသည်။ အဆင့်မြင့် ပညာရှင်ကျင့်ကြံသူများသည်သာ သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများကို ဖယ်ရှားနိုင်ကြသည်။ အဆင့်နိမ့်ကျင့်ကြံသူများသည်တော့ ဒြပ်နှောများကို အပြည့်အဝ ဖယ်ရှားရန် မဖြစ်နိုင်လုနီးပါး အလွန်ခက်ခဲသည်။

ရွှီချင်းက ထိုသို့စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ ခရမ်းသလင်းကျောက်ကြောင့် ဖြစ်သည်။

ယန်ယန်က ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ အမည်မသိ ထူးဆန်းသော ရုပ်ခန္ဓာကိုယ်ကြောင့် ဖြစ်သည်။

သို့သော်လည်း အတိတ်တွင် ဒြပ်နှောများ လုံးဝမရှိခဲ့သော ယန်ယန်၏ ခန္ဓာကိုယ်ထဲမှာ အနက်ရောင်ဓာတ်ငွေ့တစ်ခု ဖြစ်ပေါ်လာနေသည်။

ယင်းက ဒြပ်နှောများဖြစ်သည်။

ကံကောင်းစွာဖြင့် ဒြပ်နှောများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အောက်မှ စည်းချအစီအရင်က လင်းလက်တောက်ပသွားသည်။ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်လာသည့်အခါ စည်းချအစီအရင်ထံမှ ကျယ်ပြောသော စွမ်းအားက ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများကို ဖယ်ရှားပေးလိုက်သည်။

ယင်းက ယန်ယန်၏ ခန္ဓာကိုယ်ပေါ်သို့လည်း ဆင်းသက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာနေသော အနက်ရောင်ဓာတ်ငွေ့ကို ချက်ချင်း သန့်စင်ပေးလိုက်သည်။

ဒြပ်နှောများ ပျောက်ကွယ်သွားသည့်အခါ ယန်ယန်၏ မျက်နှာပေါ်မှ နာကျင်သော အမူအရာက ပျောက်ကွယ်သွားသည်။ သူ၏ အသက်ရှူသံက ပုံမှန်ပြန်ဖြစ်သွားလေရာ သူက တကယ်အိပ်ပျော်နေသည့်အလားပင်။

ယင်းကို မြင်သောအခါ စည်းချအစီအရင်ကို ထိန်းချုပ်နေသည့် ရွှယ်လျန်ဇီနှင့် ဒုန်းယိုအရှင်သခင်က စိတ်သက်သာရာရသွားကြသည်။

“ ဘယ်လိုလဲ… နည်းနည်းလေး အားစိုက်ထုတ်လိုက်ရုံနဲ့ ဒီကိစ္စကို ငါဖြေရှင်းနိုင်လိမ့်မယ်… ငါ စကားတစ်ခွန်းဆိုလိုက်တာနဲ့ ဖုန်းဟိုင်ဒေသငယ်က ဒီစည်းချအစီအရင်ကို ချက်ချင်း လာပို့ပေးသွားတယ် ”

“ ဒီစည်းချအစီအရင်က ထူးခြားတယ်… လူသားမျိုးနွယ်ထဲမှာ ကောင်းကင်ဘုံအမတ်မိသားစုတွေပဲ ဒီဟာကို ပိုင်ဆိုင်နိုင်တယ် ”

ယန်ယန်အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ရွှယ်လျန်ဇီက ချောင်းဟန့်လိုက်ပြီး ဒုန်းယိုအရှင်သခင်ကို ပြောသည်။

“ ဘာမှမစိုးရိမ်ပါနဲ့… ငါ့ရဲ့ လိမ္မာတဲ့ မြေးတပည့်လေးက ဒီကို မကြာခင် ရောက်လာလိမ့်မယ်… သူနဲ့ငါ ပူးပေါင်းလိုက်ရင် ဒီကိစ္စက ပြေလည်သွားလိမ့်မယ် ”

“ ဘာကိစ္စကြီးမို့လို့လဲ… နတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ ပစ်မှတ်ထားခံရရုံပဲမလား… အဲ့ဒါက ဖြေရှင်းဖို့ မခက်ခဲပါဘူး ”

ရွှယ်လျန်ဇီက ယုံကြည်ချက်ရှိစွာ ပြောသည်။

ဘေးမှ ဒုန်းယိုအရှင်သခင်သည် ရွှယ်လျန်ဇီကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒါ အချိန်ဘယ်လောက်ကြာမှာလဲ ”

ဒုန်းယိုအရှင်သခင်က သူ၏ စကားကို လက်ခံသဘောတူကြောင်း မြင်သွားသောအခါ ရွှယ်လျန်ဇီ၏ စိတ်ခံစားချက်များက မြင့်တတ်သွားသည်။

“ ဘာမှစိတ်မပူပါနဲ့… ငါအကြောင်းကြားထားပြီးပြီ… ဒီကိစ္စက တစ်ဝက်လောက် ပြေလည်သွားပြီ ”

“ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အခု အဆင့်အတန်းက ထူးခြားတယ်ဆိုတာ မင်းလည်း သိတယ်မလား ”

“ ငါ့တပည့်က နွေဦးအင်မော်တယ်တစ်ပါးဖြစ်ဖို့ အရမ်းရာခိုင်နှုန်းများတယ် ”

“ နွေဦးအင်မော်တယ်တစ်ပါးရဲ့ ဆရာ… အဲ့ဒါ ဘာအဓိပ္ပာယ်လဲ မင်းသိတယ်မလား ”

ရွှယ်လျန်ဇီက သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ယင်းကို ကြားသောအခါ ရွှယ်လျန်ဇီနှင့် အများဆုံး ရန်ဖြစ်ခဲ့ဖူးသော ဒုန်းယိုအရှင်သခင်က ဆက်ပြီး သည်းမခံနိုင်တော့ပေ။

“ ရှင်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလေလုံးထွားရမလဲပဲ သိတယ် ”

ဒုန်းယိုအရှင်သခင်က ထိုသို့ပြောလိုက်သည့်အခါ ရွှယ်လျန်ဇီက တဟားဟား ရယ်မောလိုက်သည်။

“ ငါက ဘာလို့ လေလုံးထွားရမှာလဲ… ငါက သတ္တမသခင်ကြီးရဲ့ ယောက္ခထီးဖြစ်နေတုန်းပဲ… ဘယ်လိုလဲ… မင်းရော သူ့ရဲ့ ယောက္ခမဖြစ်မလာချင်ဘူးလား… ဒါက အရမ်းရှားပါးတဲ့ အခွင့်အရေးနော် ”

ဒုန်းယိုအရှင်သခင်က ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ရွှယ်လျန်ဇီက ဝမ်းသာပျော်ရွှင်သွားသည်။

“ တကယ်လို့ မင်းက ငါ့ကို နွေဦးအင်မော်တယ်ရဲ့ ဆရာအဖြစ် အသိအမှတ်မပြုချင်ရင်တောင် ငါ့မှာ မြေးတပည့်နှစ်ယောက် ရှိနေသေးတယ်… တစ်ယောက်က လူသားမျိုးနွယ်ရဲ့ ဘုရင်ကျန်းကန်၊ ဒေသကြီးနှစ်ခုရဲ့ ဒေသအရှင်သခင်၊ အိမ်ရှေ့စံမင်းသားရဲ့ အတိုင်ပင်ခံအမတ်၊ အနာဂတ်မှာ ပရောဟိတ်ဆရာဖြစ်လာမယ့်လူ ”

“ တခြားတစ်ယောက်က မီးတောက်ဖီးနစ်ရဲ့ တာအိုလက်တွဲဖော်ပဲ ”

ဒုန်းယိုအရှင်သခင်က တည်ငြိမ်စွာ ပြောသည်။

“ နောက်ထပ်နှစ်ယောက် မရှိတော့ဘူးလား ”

ရွှယ်လျန်ဇီက လက်ယမ်းပြလိုက်သည်။

“ တခြားနှစ်ယောက်ကို ငါမမှတ်မိဘူး ”

“ ရှင်က တကယ်ထူးချွန်တဲ့ ဆရာဘိုးဘိုးပါ ”

ဒုန်းယိုအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပြီး ရွဲ့ပြောသည်။

ရွှယ်လျန်ဇီက သူ၏ အဖြူရောင်မျက်ခုံးမွှေးကို အပေါ်သို့ မြှင့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်က ကောင်းကင်ပေါ်သို့ တစ်ပြိုင်နက် မော့ကြည့်လိုက်ကြသည်။

မိုးခြိမ်းသံသည် ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားပြီး လျှပ်စီးသွားများသည် ဘေးပတ်ဝန်းကျင်တွင် ရွေ့လျားကူးခတ်သွားကြသည်။ မိုးထစ်ချုန်းသံသည် ဒုန်းယိုကျွန်းပေါ်မှာ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

သို့သော်လည်း ထိုပေါက်ကွဲမှုသည် တိတ်ဆိတ်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ထူးဆန်းသော ထိုအဖြစ်အပျက်က ဒုန်းယိုကျွန်းပေါ်မှ ကျင့်ကြံသူများကို အံ့ဩထိတ်လန့်သွားစေသည်။ ရွှယ်လျန်ဇီနှင့် ဒုန်းယိုအရှင်သခင်သည်ပင် နှလုံးတုန်သွားကြသည်။

တိတ်ဆိတ်သော မိုးခြိမ်းသံများကြားတွင် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူက ခြေတစ်လှမ်းနှင့်အတူ ကျွန်း၏ အလယ်ဗဟိုမှ စည်းချအစီအရင်စင်မြင့်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက ရွှယ်လျန်ဇီနှင့် ဒုန်းယိုအရှင်သခင်ကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။

“ နှုတ်ဆက်ပါတယ် ဆရာဘိုးဘိုး… နှုတ်ဆက်ပါတယ် စီနီယာဒုန်းယို ”

ဒုတိယစီနီယာအမ၏ အကြောင်းကြားမှုကို ရရှိပြီးနောက် အမြန်ပြေးလာရန်အတွက် ရွှီချင်းက အသံနတ်ဘုရားအခွင့်အာဏာကို အသက်သွင်းခဲ့သည်။ အစောနက အသံမဲ့သော မိုးခြိမ်းသံသည် အသံနတ်ဘုရားအခွင့်အာဏာ၏ စွမ်းအင်သာ ဖြစ်သည်။

သို့မှသာလျှင် သူက တားမြစ်ပင်လယ်ကို မြန်နိုင်သမျှမြန်မြန် ကျော်ဖြတ်နိုင်လိမ့်မည်။ သို့မဟုတ်လျှင် ထိုထက် အချိန်ပိုကြာမြင့်လိမ့်မည်။

သို့ဖြစ်၍ ယင်းက တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။

“ လိမ္မာလိုက်တဲ့ ငါ့မြေးတပည့်လေး… ဟား ဟား… မင်းကို မတွေ့ရတာ အချိန်အတော်ကြာသွားပြီ… မဆိုးဘူး မဆိုးဘူး… မင်းရဲ့ လက်ရှိပုံစံက ငါငယ်ငယ်ကနဲ့ အတူတူပဲ ”

ရွှယ်လျန်ဇီသည် သူ၏ နှလုံးသားထဲမှ အံ့ဩထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ရွှီချင်း၏ ရိုသေလေးစားမှုက သူ့ကို စိတ်ကျေနပ်စေသည်။ တစ်ချိန်တည်းမှာ အတိတ်တွင် ရွှီချင်းကို ပထမဆုံးအကြိမ် သူမြင်တွေ့ခဲ့သော မြင်ကွင်းက သူ၏ စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။ အချိန်သည် မြန်ဆန်စွာ ကုန်လွန်သွားသည်။ အတိတ်တုန်းက ထိုကောင်လေးက ယခု ကောင်းကင်ဘုရင်တစ်ပါး ဖြစ်လာသည်။

ဒုန်းယိုအရှင်သခင်သည်လည်း နှလုံးတုန်သွားသည်။ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူက ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။

သို့မှသာ ရွှီချင်းက ခါးပြန်မတ်လိုက်ပြီး စည်းချအစီအရင်စင်မြင့်ပေါ်မှ ယန်ယန်၏ ပုံရိပ်ကို ကြည့်လိုက်သည်။

“ ဆရာဖိုးဖိုး ငါ့ကို ဆင့်ခေါ်တာ ယန်ယန်ကြောင့်လား ”

ရွှီချင်းက အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။

“ ဟုတ်တယ်… အမည်မသိ နတ်ဘုရားသက်ရှိတစ်ကောင်က အဖြေရှာမရတဲ့ အကြောင်းအရင်းတချို့ကြောင့် လွန်ခဲ့တဲ့ လတွေမှာ ညဘက်ရောက်ရင် ပင်လယ်ကြမ်းပြင်ဆီကနေ ယန်ယန်ကို လှမ်းကြည့်လေ့ ရှိတယ်… အဲ့ဒီအကြည့်ကနေ ဆက်သွယ်မှုတစ်ခုဖြစ်လာပြီး သူ့ကို တစ်ချိန်လုံး ဆင့်ခေါ်နေတယ် ”

“ မင်းမရောက်လာခင်မှာ ဒီအဖိုးကြီးက သန့်စင်ခြင်းစည်းချအစီအရင်ကို အသုံးပြုပြီး အဲ့ဒီဆင့်ခေါ်တဲ့ စိတ်ဆန္ဒကို သန့်စင်ပစ်ခဲ့တယ်… အခု မင်းရောက်လာပြီဆိုတော့ ဒီကိစ္စကို မင်းပဲ ဆောင်ရွက်လိုက်ပါ ”

အရေးကြီးသည့် ကိစ္စကို ပြောသည့်အခါ ရွှယ်လျန်ဇီ၏ အသံက လေးနက်သွားသည်။

မည်သို့ဖြစ်ပါစေ ယင်းက ယန်ယန်နှင့် သက်ဆိုင်နေသည်။ ယန်ယန်သည် ဒုန်းယိုအရှင်သခင်၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည်။

ရွှီချင်း၏ အမူအရာသည်လည်း တည်ကြည်သွားသည်။

“ ငါတစ်ချက် သွားကြည့်လိုက်ဦးမယ် ”

ရွှီချင်းသည် စကားပြောပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ယန်ယန်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ယန်ယန်၏ အရှေ့မှာ မတ်တတ်ရပ်လိုက်သည်နှင့် သူ၏ မျက်လုံးထဲမှာ နတ်ဘုရားအမှတ်အသားများ ထွန်းလင်းတောက်ပလာသည်။ ယင်းက သူ့အား သေမျိုးမျက်လုံးထက် ပိုပြီးထွင်းဖောက်မြင်နိုင်စေသည်။

ယန်ယန်သည် အနက်ရောင်အရှိန်အဝါဖြင့် ဖုံးလွှမ်းခံထားရသည်။ ထိုနွယ်ပင်များသည် တစ္ဆေသရဲများနှင့် ဆင်တူပြီး အသံမဲ့သော ဟိန်းသံကို ထုတ်ဖော်လျက် သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေကြသည်။

ယင်းတို့က သူ၏ ဦးခေါင်းထက်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော မြူခိုးဘောလုံးအသွင် စုဝေးနေကြသည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံကြောင့် သူက မြူခိုးဘောလုံးအတွင်းမှ လက်တစ်ဖက်ကို မြင်တွေ့သွားသည်။

ယင်းက အမျိုးသမီးတစ်ယောက်၏ လက်တစ်ဖက်ဖြစ်သည်။

လက်ဖဝါးပေါ်တွင် လောလောဆယ် မှိတ်ထား‌သော မျက်လုံးတစ်လုံးရှိသည်။ ဤသည်မှာ ယင်းက နက်ရှိုင်းစွာ အိပ်မောကျနေသည့်အလားပင်။

အေးစက်စက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ညှိုးကို မြှောက်လိုက်ပြီး ယန်ယန်၏ နဖူးပေါ်သို့ ဖိချရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းထံမှ ထုတ်လွှတ်နေသော ရင်းနှီးကျွမ်းဝင်သည့် အရှိန်အဝါက ယန်ယန်ကို ပြန်နိုးလာစေသည်။ သူက ရွှန်းလဲ့တောက်ပသော မျက်လုံးကို ဖွင့်လှစ်လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

“ အကိုရွှီချင်း… ”

တီးတိုးရေရွတ်သံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှ အမူအရာက ပြောင်းလဲသွားသည်။ ပျော်ရွှင်ခြင်း၊ စွဲမက်ခြင်း၊ မျှော်လင့်ခြင်း၊ တောင့်တခြင်း၊ နာခံခြင်းနှင့် တခြားသော စိတ်ခံစားချက်များက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။

ယန်ယန်၏ မျက်ဝန်းထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေကြောင်း မြင်သွားသောအခါ ဒုန်းယိုအရှင်သခင်နှင့် ရွှယ်လျန်ဇီသည် ပိုပြီးထူးဆန်းသွားကြသည်။

ရွှီချင်း၏ ဆန့်ထုတ်လိုက်သော လက်ချောင်းကို မြင်သောအခါ ယန်ယန်က သူ၏ သေးငယ်သော ပါးစပ်ကို ဖွင့်ဟလိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး သူ၏ လက်ချောင်းက ရပ်တန့်သွားသည်။

ရွှီချင်းက စကားမပြောကြောင်း မြင်သောအခါ ယန်ယန်၏ အမူအရာက ညှိုးနွမ်းသွားသည်။ ဤသည်မှာ ပွင့်လန်းခါနီး ပန်းတစ်ပွင့်က ချက်ချင်း သေဆုံးတော့မည့်အလားပင်။ သူ၏ အသက်ရှင်သန်ချင်သော ဆန္ဒက လျော့နည်းသွားသည်။ ထိုအခါ အပြင်လူများ မမြင်နိုင်သော သူ၏ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်မြူခိုးက ချက်ချင်း ပိုပြီးသိပ်သည်းလာသည်။

ရွှီချင်းက သက်ပြင်းချလိုက်ပြီး သူ၏ လက်ညှိုးကို ယန်ယန်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

လက်ချောင်းက အထဲသို့ ဝင်ရောက်သွားသည့်အခိုက် ယန်ယန်က ဝမ်းသာပျော်ရွှင်သွားသည်။ သူက သူ၏ ပါးစပ်ထဲမှ ရွှီချင်း၏ လက်ချောင်းကို ချက်ချင်း စုပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ လျှာက ရွှီချင်း၏ လက်ညှိုးပေါ်မှာ ရွေ့လျားသွားသည်။

သူ၏ မျက်နှာပေါ်မှ လိုချင်တောင့်တမှုက ပိုပြီးအားကောင်းလာသည်။

ဒုန်းယိုအရှင်သခင်သည် နှုတ်ဆိတ်သွားသည်။

ရွှယ်လျန်ဇီသည် မျက်တောင်ခတ်လိုက်ပြီး နှုတ်ဆိတ်နေသော သူ့ဘေးမှ ဒုန်းယိုအရှင်သခင်ကို ကြည့်လိုက်သည်။ သူသည်လည်း နှုတ်ဆိတ်သွားသည်။

ရွှီချင်းသည်တော့ ယန်ယန်ကို ဆက်ပြီး ခွင့်ပြုပေးထားပြီး ယန်ယန်၏ ခန္ဓာကိုယ်ကို သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် လွှမ်းခြုံလိုက်သည်။

ရုပ်ခန္ဓာကိုယ်၏ ထိတွေ့မှုနှင့် စိတ်အာရုံချင်း ပေါင်းစည်းမှုကြောင့် ယန်ယန်၏ ကံတရားပေါ်မှ အနက်ရောင်အရှိန်အဝါကို သူရှာတွေ့သွားသည်။ သူက ထိုအရှိန်အဝါနောက်သို့ လိုက်၍ တားမြစ်ပင်လယ်ဆီသို့ ဦးတည်သွားသည်။

ယင်းက ပိုပြီးနက်ရှိုင်းသထက် နက်ရှိုင်းလာသည်။

အချိန်ကာလတစ်ခုကြာပြီးနောက် အနက်ရောင်ပင်လယ်၏ အောက်ခြေတွင် ရွှီချင်းက နှလုံးကွဲကြေသော အော်သံများကို ကြားလိုက်ရသည်။ ယင်းတို့က အော်ဟစ်ငိုကြွေးသံများနှင့် ညည်းညူသံများ ဖြစ်ကြသည်။

ထိုအသံများက တစ္ဆေရိုင်းများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ္ဆေသည် တစ်ကောင်တည်း မဟုတ်ပေ။ ယင်းအစား မရေမတွက်နိုင်အောင် များပြားလှသည်။

သူ့နတ်ဘုရားစိတ်အာရုံ၏ အနက်ပိုင်းထဲတွင် ယိုယွင်းပျက်စီးနေသော နန်းတော်တစ်ခုက ရွှံ့မြေထဲမှာ နစ်မြုပ်နေကြောင်း ရွှီချင်းအာရုံခံမိသွားသည်။ ယင်းက ပိုပြီးကြီးမားသော ဧရာမနန်းတော်ကြီးတစ်ခုထံမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုဖြစ်ဟန် ရသည်။

ယခု နန်းတော်ငယ်က အချိန်ထဲမှာ အပျက်အစီးတစ်ခုဖြစ်လာသည်။

မရေမတွက်နိုင်သော တစ္ဆေသရဲများက ထိုအပျက်အစီးပေါ်မှာ လဲလျောင်းနေကြသည်။

သူတို့၏ အသွင်သဏ္ဍာန်က ရက်စက်ကြမ်းကြုတ်ပြီး ဖော်မပြနိုင်အောင် ချောက်ချားဖွယ်ကောင်းသည်။ သို့သော်လည်း သူတို့က ရွှီချင်းကို အာရုံမခံနိုင်သည်မှာ ထင်ရှားသည်။ သူတို့က အော်ဟစ်ငိုကြွေးနေရင်း အလုပ်များနေကြသည်။ သူတို့၏ စူးရှသော အော်သံသည် ဝိညာဉ်လှုပ်ခတ်စေနိုင်အောင် ပြင်းထန်သည်။ ယင်းက ပင်လယ်ရေအောက်ထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ အတွေးကို အေးခဲသွားစေသည်။

ယင်းက အလွန်ရင်းနှီးကျွမ်းဝင်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူက တားမြစ်ပင်လယ်ပေါ်မှာ ထိုသို့တစ္ဆေသရဲများနှင့် တွေ့ဆုံခဲ့ပြီး တူညီသော အော်သံကို ကြားခဲ့ဖူးသည်။

အဲ့ဒါက တစ္ဆေတစ်ရာရဲ့ အမှောင်ညလှည့်ပတ်ခြင်းပဲ…

“ အဆုံးမဲ့ပင်လယ်ထဲမှာ သူတို့က သေမျိုးတွေမကြားနိုင်တဲ့ အံ့ဖွယ်အရာတွေပဲ… ရွှေကျီးကန်းချီယန်က အဖော်ပြုပေးပြီး အသံတစ်ရာက တေးသံဖြစ်လာတယ်… အဲ့ဒါက လကို ကြိုဆိုတဲ့ ကောင်းကင်ဘုံတေးသံပဲ ”

“ နတ်ဘုရားက အသံကြားတဲ့အခါ ပျော်ရွှင်လာတယ်… မျက်လုံးဖွင့်လိုက်ပြီး သူကြည့်လိုက်တဲ့အခါ ပင်လယ်တစ်ခုလုံး တားမြစ်ဇုန်တစ်ခုဖြစ်လာတယ်… အသံတစ်ရာက ယင်ဖြစ်လာတယ် ”

ရွှီချင်းက ပင်လယ်မှတ်တမ်းထဲမှာ မှတ်သားထားသော စကားလုံးများကို မှတ်မိနေဆဲပင်။

ယန်ယန်ကို ပူးကပ်ချင်နေသော နတ်ဘုရားသက်ရှိကိုလည်း အဆုံးမဲ့သော တစ္ဆေသရဲများတည်ရှိနေသည့် ထိုအပျက်အစီးပုံထဲမှာ သူမြင်တွေ့သွားသည်။

ယင်းက သေးသွယ်သော လက်ပြတ်တစ်ဖက် ဖြစ်သည်။

ယင်းက ပေတစ်ထောင်ရှည်လျားသည်။ အပျက်အစီးကြားထဲတွင် လက်ဖဝါးပေါ်မှ မျက်လုံးက မှိတ်နေသော်လည်း လက်ချောင်းများက လှုပ်ရှားနေကြသည်။

လက်ချောင်းများက လှုပ်ရှားနေကြစဉ် တစ္ဆေသရဲများက အော်ဟစ်ညည်းညူသံများဖြင့် ပြန်လည်တုံ့ပြန်လိုက်ကြသည်။

ဤသည်မှာ ထိုလက်က တူရိယာတစ်ခုကို တီးခတ်နေသည့်အလားပင်။

“ အဲ့ဒါက အမှောင်ညမှာ လှည့်ပတ်တဲ့ တစ္ဆေတစ်ရာရဲ့ မူလဇစ်မြစ်လား ”

ရွှီချင်းက စဉ်းစားနေစဉ် သူ၏ မျက်လုံးက ရုတ်တရက် ဝင်းလက်သွားသည်။ တားမြစ်ပင်လယ်ထဲမှာ နှစ်ဝက်ကြာအောင် သူရှာဖွေနေခဲ့သော ရွှေကျီးကန်းနဂါးရထားလုံးကို ဤအခိုက်အတန့်မှာ ရှာဖွေနိုင်လောက်သည်ဟု သူခံစားမိသွားသည်။

သို့ဖြစ်၍ တစ်ခဏကြာ စောင့်ကြည့်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ထိုလက်ပြတ်ပေါ်သို့ ပစ်မှတ်ထားလိုက်သည်။ တစ်ချိန်တည်းမှာ ကျွန်းပေါ်မှ စည်းချအစီအရင်စင်မြင့်ပေါ်မှာ ရပ်နေသော ရွှီချင်းက ရုတ်တရက် ပြောသည်။

“ ဆရာဖိုးဖိုး… တားမြစ်ပင်လယ်ရဲ့ ဒဏ္ဍာရီတွေနဲ့ ပတ်သက်ပြီး ငါအများကြီး မသိဘူး… ဆရာဖိုးဖိုးက အသိဉာဏ်ကြယ်ဝပါတယ်… တစ္ဆေတစ်ရာရဲ့ အမှောင်ညလှည့်ပတ်ခြင်းနဲ့ပတ်သက်ပြီး မင်းတစ်ခုခုသိထားလား ”

“ အဲ့ဒီလက်ပြတ်က တစ္ဆေတစ်ရာရဲ့ အသံတွေကို ထိန်းချုပ်နိုင်ပုံရတယ် ”

ရွှယ်လျန်ဇီသည် ဆွံ့အသွားပြီး နှုတ်ဆိတ်သွားသည်။ သူ့ဘေးမှ ဒုန်းယိုအရှင်သခင်က ရုတ်တရက် ပြောသည်။

“ တားမြစ်ပင်လယ်ရဲ့ ဒဏ္ဍာရီတွေကို သူ့ထက်ပိုပြီး ငါသိတယ် ”

“ မင်းပြောတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခု ရှိတယ် ”

“ ဒဏ္ဍာရီထဲမှာတော့ တစ္ဆေတစ်ရာရဲ့ အမှောင်ညလှည့်ပတ်ခြင်းက ရွှေကျီးကန်းနေလုံးကနေ ဆင်းသက်လာတာလို့ ဖော်ပြထားတယ် ”

“ ပုံပြင်ထဲမှာတော့ အဲ့ဒါမပြုတ်ကျခင် ရွှေကျီးကန်းက နဂါးရထားလုံးကို စီးပြီး ကောင်းကင်ပေါ်မှာ နေ့တိုင်း လှည့်ပတ်တယ်… အဲ့ဒါက နေလုံးအဖြစ် အသွင်ပြောင်းလဲပြီး ဝမ်ကူးကုန်းမြေကို အလင်းရောင်ပေးတယ်… ညအချိန်ရောက်သွားတဲ့အခါ နေနန်းတော်ထဲမှာ တေးသံပညာရှင်တစ်ယောက်က ‘ လကြိုဆိုကောင်းကင်ဘုံတေးသွား ’ကို တီးခတ်ပြီး ကောင်းကင်ပေါ်မှာ လထွက်လာဖို့ ဆင့်ခေါ်တယ် ”

“ နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာတဲ့အခါမှာ ရွှေကျီးကန်းက သေဆုံးသွားတယ်… အသံတစ်ရာက ယင်အဖြစ် ပြောင်းလဲသွားတယ်… ‘ လကြိုဆိုကောင်းကင်ဘုံတေးသွား ’ကို တီးခတ်တဲ့ တေးသံပညာရှင်လည်းပဲ အရည်ပျော်သွားပြီး လက်တစ်ဖက်ပဲ ကျန်နေခဲ့တယ်… အဲ့ဒီလက်ပြတ်က နောက်ပိုင်းမှာ တားမြစ်ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တယ် ”

“ ရွှီချင်း… ဒဏ္ဍာရီထဲက အဲ့ဒီလက်ပြတ်ကို မင်းရှာတွေ့ခဲ့တာလား ”

ဒုန်းယိုအရှင်သခင်က ရွှီချင်းကို ကြည့်လိုက်သည်။

All Chapters