သွေးမိစ္ဆာဧကရာဇ်
Vol. 118 Ch. 1759
ရွှေကျီးကန်းဧကရာဇ်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး သူ၏ ခြေလှမ်းကို အလောတကြီးရပ်တန့်ကာ သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အလျှံညီးညီး နေတစ်စင်းကဲ့သို့ ကွေးညွှတ်သွားလေသည်။
ကောင်းကင်ဘုံခုတ်ချက်က ဆင်းသက်လာခဲ့၏။
ဖောက်...
ရပ်တန့်မှုများစွာမရှိဘဲ ကောင်းကင်ဘုံခုတ်ချက်၏ အလင်းသည် အလျှံညီးညီး နေမင်းကိုနှစ်ပိုင်းထိုးခွဲကာ လတ်ဆတ်သောသွေးများက အရှေ့ပင်လယ်ထဲသို့ ဖျန်းပက်ကျဆင်းသွား၏။
ရွှေကျီးကန်းဧကရာဇ်က သေဆုံးသွားလေပြီ။
“ဒီလောကမှာ ဆေဘာဧကရာဇ်တစ်ယောက်ကပဲ ကောင်းကင်ဘုံခုတ်ချက်ကို ထုတ်ဖော်နိုင်လိမ့်မယ်”
ကိုယ်တော်ခုံးယွင်က တည်တံ့စွာပြောလိုက်၏။
“အဲ့ဒါ ဟာမစ်လား”
ပုံပြောအဖိုးအိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဟာမစ်က သန်မာတယ်ဆိုပေမဲ့... ငါသိရသလောက်ဆိုရင် သူက အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုပဲ နားလည်ဆင်ခြင်ထားရသေးတယ်... သူက ဘယ်အချိန်တုန်းက အဲ့လောက်ထိသန်မာသွားရတာလဲ”
အဲ့ဒါသည် ကောင်းကင်ဘုံခုတ်ချက်တစ်ချက်သာဖြစ်သော်လည်း အဲ့ဒါသည် တိုက်ခိုက်သူ၏ တိုက်ခိုက်ရည်ခွန်အားက မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များထက် များစွာသာလွန်သည်ဆိုတာကို ပြသပေးနေ၏။
နောက်ထပ် ဧကရာဇ်တစ်ပါးက တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“နောက်ပြီး... ထူးဆန်းတာက မကြာသေးခင်နှစ်တွေက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ကြီးကြီးမားမားဖြစ်ရပ်တွေမှာ သူက ဘာလို့ပေါ်ထွက်မလာခဲ့တာလဲ”
လူသားမျိုးနွယ်မှ ဧကရာဇ်များက လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။
အရှေ့ပင်လယ်အထက်မှာ လှေငယ်တစ်စင်းက ကျယ်ပြန့်သော မီးခိုးများကြားကနေ လွင့်မျောလာ၏။ ၎င်းက နှေးကွေးသည်ဟု ထင်ရသော်လည်း အလွန်တရာမြန်ဆန်လေသည်။ လှေငယ်လေးပေါ်မှာ အစိမ်းရောင်ဖျင်ကြမ်းမိုးကာအင်္ကျီကို ဝတ််ဆင်ထားပြီး မြက်ခမောက်တစ်လုံးကို ဆောင်းထားသည့် အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေ၏။ အဝေးကကြည့်လျှင် သူက တံငါသည်တစ်ယောက်နှင့် တူနေလေသည်။
“အဲ့ဒါ ဟာမစ်ပဲ”
ကိုယ်တော်ခုံးယွင်က ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ်... အခုလိုချိန်မှာ သူရောက်လာတာက ငါတို့အတွက် ဆိုးတာတော့ မဟုတ်ဘူး”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ပြောလိုက်လေသည်။
“အားလုံးပဲ... သတိထားကြ.. သူက ရန်လိုနေတယ်”
“ဟမ်...”
ဧကရာဇ်များက ရင်တစ်ချက်ထိတ်သွားကြ၏။
ထိုစဥ်မှာပင် လှေငယ်လေးက ကမ်းစပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဟာမစ်သည် သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အလယ်ပိုင်းတိုက်ရှိရာသို့ လှမ်းကြည့်ကာ လျှောက်လှမ်းလာခဲ့လေသည်။
သူ၏ နောက်ဘက်တွင် လေဟာနယ်က ကွဲထွက်သွားပြီး ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာ၏။ သူတို့သည် စွမ်းအားကြီးမားသော အော်ရာများကိုဖြာထုတ်ပေးနေပြီး သူတို့အားလုံးက ဧကရာဇ်များဖြစ်ကြ၏။
လူရိုင်းမျိုးနွယ်ကို သစ္စာဖောက်ခဲ့သော တောင်လူရိုင်းဧကရာဇ် ၊ တိမ်စိုင်လေခွန်ဧကရာဇ်နှင့် ကျားခွန်ဧကရာဇ်တို့ကလည်း သူတို့ကြားထဲမှာ ပါဝင်လေသည်။
လူရိုင်းမျိုးနွယ်နှင့် ခွန်မျိုးနွယ်မှ ဧကရာဇ်များအပြင် အဲ့ဒီမှာ ကမ္ဘာဦးမျိုးနွယ်များမှ အခြားသောဧကရာဇ်များလည်း ဟာမစ်နောက်ကနေ လိုက်ပါလာကြ၏။
ထပ်မံ၍ လူသားမျိုးနွယ်နှင့် သားရဲမျိုးနွယ်မှ ဧကရာဇ်တချို့လည်း ပါရှိလာခဲ့လေသည်။ တစ်ခဏချင်းမှာပင် ဟာမစ်နောက်ကနေ လိုက်ပါလာသော ဧကရာဇ်များက အယောက် ၂၀ နီးပါးရှိလာခဲ့၏။
“ထျန်ထောင်လား”
ပုံပြောအဖိုးအိုက မျက်မှောင်ကြုတ်ပြီး ဧကရာဇ်များထဲမှတစ်ပါးကို စိုက်ကြည့်လိုက်၏။
“မင်းက မသေဘူးပဲ”
မျိုးနွယ်စုခေါင်းဆောင် ထျန်ထောင်သည် ပဟေဠိနန်းတော်၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားသည်မှာ ကြာခဲ့လေပြီ။
နောက်ပိုင်းတွင် သူက ပျောက်ကွယ်သွားခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ထျန်ထောင်သည် သူ၏ ဘဝသက်တမ်းကုန်ခန်းပြီး တစ်နေရာရာမှာ ကွယ်လွန်သွားသည်ဟု လူတိုင်းက တွေးထင်ထားခဲ့ကြ၏။
ယခု ထျန်ထောင်သည် ဧကရာဇ်တစ်ပါးဖြစ်လာကာ ဟာမစ်၏ နောက်ကနေ လိုက်ပါလာခဲ့၏။
“တိမ်စိုင်လေ... ကျားခွန်..”
ခွန်ဧကရီယင်လန်သည် ခွန်မျိုးနွယ်ကို သစ္စာဖောက်ပြီး သူမ၏ ကလန်သားများကို သတ်ဖြတ်ခဲ့သည့် သစ္စာဖောက်နှစ်ယောက်ကို တွေ့မြင်သောအခါ သူမ၏ မျက်လုံးများက နီရဲလာပြီး ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ ရှေ့သို့ပြေးတက်ချင်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူမကို အလောတကြီး ဖမ်းဆွဲထားလိုက်၏။ ယင်လန်သည် ဧကရာဇ်အဆင့်သို့ ဝင်ရောက်လာခါစဖြစ်ပြီး သူမသည် တိမ်စိုင်လေခွန်ဧကရာဇ်နှင့် ကျားခွန်ဧကရာဇ်တို့ကို သေချာပေါက်ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါအပြင် ယခုအချိန်သည် ခွန်မျိုးနွယ်၏ ရန်ငြိုးရန်စကို ဖြေရှင်းရမည့်အချိန် မဟုတ်ပေ။ သူတို့က အဲ့ဒါကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ဘူးဆိုလျှင် သူတို့အားလုံးက ဤနေရာမှာ သေရပေလိမ့်မည်။
သိပ်မကြာခင်... ဟာမစ်က သားရဲတစ်ထောင်တောင်ကြားအထက်သို့ ရောက်ရှိလာခဲ့၏။
ဟာမစ်.. ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့က မတူညီသော အရပ်သုံးဘက်ကနေ မတ်တတ်ရပ်ပြီး ဆူဇီမိုနှင့် အခြားသောဧကရာဇ်များကို ဖိုခနောက်ဆိုင်ပုံစံဖြင့် ရံလိုက်ကြ၏။
ဟာမစ်သည် လက်တစ်ဖက်ထဲမှာ ငါးဖမ်းပိုက်ကွန်တစ်ခုနှင့် အခြားလက်တစ်ဖက်ထဲမှာ သေးသွယ်သောငါးမျှားတံတစ်ချောင်းကို ကိုင်ဆွဲထား၏။ သူက ဆူဇီမိုနှင့် အခြားသူများကို မချိတင်ကဲ အမူအရာနှင့်ကြည့်ပြီး သက်ပြင်းချလိုက်၏။
“ငါဒီနေ့ကို စောင့်နေခဲ့ရတာ... အရမ်းကိုကြာသွားခဲ့ပြီ”
“လူရိုင်းမျိုးနွယ်... ခွန်မျိုးနွယ်နဲ့ နဂါးမျိုးနွယ်ရဲ့ကပ်ဘေးတွေကို နောက်ကွယ်ကနေ ကိုင်တွယ်ထိန်းချုပ်ခဲ့တဲ့သူက မင်းပေါ့.... မင်းရဲ့ ရည်မှန်းချက်ပန်းတိုင်က မျိုးနွယ်စုတစ်သောင်းကြားမှာ စစ်ပွဲတစ်ခုဖြစ်လာစေဖို့ပဲ”
ပုံပြောအဖိုးအိုက တင်းမာခက်ထန်စွာပြောလိုက်၏။
“ဟုတ်မှာပါ”
ဟာမစ်ကပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။
“ပင်လယ်နဂါးဧကရီက ဘယ်မှာလဲ”
လုံရန်က တင်းမာခက်ထန်စွာ မေးလိုက်လေသည်။
ပင်လယ်နဂါးဧကရီသည် တစ်ခါက ချန်နဂါးဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီး မျိုးနွယ်စုတစ်သောင်းအကြား ကြီးမားသောတိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
ဟာမစ်၏ နောက်မှာ ဧကရာဇ်များစွာရှိသော်လည်း အဲ့ဒီမှာ ပင်လယ်နဂါးဧကရီ၏ အရိပ်အယောင်ကို မတွေ့မြင်ရပေ။
“ပင်လယ်နဂါးဧကရီက ဒီမှာလေ”
ဟာမစ်သည် သူ၏ မြက်ခမောက်ကို ဖယ်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်၏။
လူတိုင်း၏ ရှေ့မှောက်မှာ သူသည် တစ်ခေါင်းလုံးဖြူဖွေးနေသည့် အမျိုးသမီးအိုကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွား၏။ အဲ့ဒါသည် ပင်လယ်နဂါးဧကရီ၏ ရုပ်ရည်သွင်ပြင် ဖြစ်လေသည်။
အန္တိမနတ်ဘုရားစွမ်းအား... အသင်္ချေအသွင်ပြောင်းလဲခြင်း...။
ဧကရာဇ်များက တုန်လှုပ်စွာဖြင့် မျက်လုံးများပြူးကျယ်သွားကြ၏။
လူတိုင်းသည် အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် နဂါးမျိုးနွယ်၏ သွေးချီဖြင့် ပြည့်လျှမ်းနေသည့် ထိုအမျိုးသမီးအိုကြီးသည် လူသားတစ်ယောက်ကနေ အသွင်ပြောင်းလဲထားခြင်းဖြစ်သည်ဆိုတာကို ယုံကြည်မိကြလိမ့်မည် မဟုတ်ပေ။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အသင်္ချေအသွင်ပြောင်းလဲခြင်းက မည်သည့်သတ်ဖြတ်ခြင်းစွမ်းအားကိုမှ မပိုင်ဆိုင်ထားပေ။
သို့သော်လည်း... ထိုသူသည် အသင်္ချေအသွင်ပြောင်းလဲခြင်းကို လက်ရှိဧကရာဇ်များအားလုံး၏ အသိစိတ်အောက်ကနေ ဖုံးကွယ်နိုင်သောအတိုင်းအတာထိ ကျင့်ကြံထားခဲ့သည့်အတွက် လူတိုင်းက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကြ၏။
အမျိုးသမီးအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ချန်နဂါးအိုကြီးက အိုမင်းနေပြီဆိုပေမဲ့ သူ့မှာဝှက်ဖဲတချို့ရှိနေတုန်းပဲ... အဲ့ဒါကို ငါကိုယ်တိုင်မလှုပ်ရှားဘူးဆိုရင် တခြားဘယ်သူက အဲ့ဒါကို လုပ်နိုင်မှာလဲ”
ချန်နဂါးဧကရာဇ်၏ သေဆုံးမှုက သံသယများစွာကို ကျန်ရစ်ခဲ့စေ၏။
ထိုအချိန်တုန်းက ပင်လယ်နဂါးဧကရီသည် သူမ၏ ခွန်အားအရ ရိုက်ချက်တစ်ချက်တည်းဖြင့် ချန်နဂါးဧကရာဇ်ကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့သလဲ ဆူဇီမိုက သံသယဝင်နေခဲ့ပြီးသားဖြစ်၏။
ယခု... ထိုသံသယများက ပြေလည်သွားခဲ့လေပြီ။
“မင်းက ဟာမစ်မဟုတ်ဘူး”
ဆူဇီမိုက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်၏။
“ဒါပေါ့... ဘယ်ဟုတ်ပါ့မလဲ”
အမျိုးသမီးအိုကြီး၏ မျက်လုံးနှစ်ဖက်က သွေးရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့၏။
“အဲ့ဒီဟာမစ်က အရမ်းကို ခေါင်းမာတယ်ကွ... သူက ငါ့ဆီမှာအညံ့ခံဖို့ ငြင်းဆန်ခဲ့တယ်လေ... ငါသူ့ကိုသတ်ပစ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ မသိတော့ဘူး”
“တာအိုအရှင်သွေးမိစ္ဆာ..”
ဆူဇီမိုက အမျိုးသမီးအိုကြီးကို မမှိတ်မသုန်စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကိစ္စတွေက... ဒီအခြေအနေထိရောက်လာပြီဆိုမှတော့.... ဘာမှဖုံးကွယ်နေစရာမလိုတော့ဘူး... မင်းရဲ့ အစစ်အမှန် သွင်ပြင်ကို ပြလိုက်တော့”
“အာ.... တာအိုအရှင်သွေးမိစ္ဆာလား”
“အဲ့ဒါ... ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
ဧကရာဇ်များက တုန်လှုပ်သွားကြ၏။
“ဟားဟားဟားဟား”
ရုတ်တရက် အမျိုးသမီးအိုကြီးက သူမ၏ မျက်နှာကို မော့၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆတ်ခနဲတုန်ယင်သွား၏။ ဧကရာဇ်များ၏ ရှေ့မှောက်မှာ သူမသည် အနီရောင်ဆံပင်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွား၏။ သူ၏ မျက်လုံးနှစ်ဖက်က နီရဲနေလေသည်။
သူက အလွန်တရာချောမောပြီး နဖူးမှခြေဖျားထိ နတ်ဆိုးအော်ရာဖြင့် ပြည့်လျှမ်းနေ၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဆူဇီမိုကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။
“သိပ်တော်တယ်... မင်းက ငါ့ရဲ့သရုပ်သကန်ကို တကယ်ကို ခန့်မှန်းနိုင်တာပဲ”
“အဲ့ဒါတကယ်ပဲ... မင်းကိုး”
ပုံပြောအဖိုးအိုသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြင်ဆင်ထားသော်လည်း သူက သွေးနီရောင်ဆံပင်နှင့်အမျိုးသားကို တွေ့မြင်သောအခါ တုန်လှုပ်သွားရဆဲဖြစ်၏။
“တာအိုအရှင်သွေးမိစ္ဆာ”
“အဲ့ဒါ တကယ်ပဲသူကိုး... သူက မသေဘူးပဲ”
အသက်ကြီးကြီး ဧကရာဇ်များထဲမှအချို့သည် တာအိုအရှင်သွေးမိစ္ဆာ၏ မျက်နှာကို မှတ်မိသိရှိသွားပြီး အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ရုတ်တရက်... သွေးရောင်ဆံပင်နှင့်အမျိုးသားသည် တိုက်ခိုက်လိုက်ပြီဖြစ်ပြီး စောစောက စကားပြောလိုက်သော ဧကရာဇ်တစ်ပါးကို လေဟာနယ်ထဲကနေ ဖမ်းဆွဲလိုက်၏။
ဖောင်း...
ဧကရာဇ်၏ ခန္ဓာကိုယ်က သွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
သူ၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများက သွေးရည်များ ဖြစ်လုနီးပါး ပျော်ကျလာခဲ့၏။
သွေးရောင်ဆံပင်နှင့် အမျိုးသားသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ဖန်တီးရှင်ဖြစ်လေသည်။
ထိုမိစ္ဆာနည်းစနစ်ကို သူကိုယ်တိုင်ထုတ်ဖော်လိုက်သောအခါ အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလွန်းနေ၏။
ဧကရာဇ်တစ်ပါးပင်လျှင် သူ့ထံမှ လှုပ်ရှားကွက်တစ်ကွက်ကို မခုခံနိုင်ပေ။
သွေးရောင်ဆံပင်နှင့် အမျိုးသားက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး စုပ်ယူလိုက်သောအခါ သွေးနီရောင်အလင်းစီးကြောင်းတစ်ခုက သူ၏ ပါးစပ်ထဲသို့ ပစ်ဝင်လာခဲ့၏။
သူက မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ သူ့နှုတ်ခမ်းထောင့်မှသွေးစများကို သူ၏ လက်ညိုးဖြင့် သုတ်ဖယ်လိုက်၏။ သူက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ငါက အခုဧကရာဇ်တစ်ပါးဖြစ်နေပြီ... ငါ့ရဲ့တာအိုဘွဲ့က သွေးမိစ္ဆာဧကရာဇ်ပဲ... ငါ့ရဲ့တာအိုဘွဲ့ကို မှားယွင်းပြီးခေါ်တဲ့ ဘယ်သူမဆို သေသင့်တယ်”
ဧကရာဇ်များက တုန်လှုပ်ချောက်ချားသွားသောအမူအရာများနှင့် ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြ၏။
ထျန်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့ကပင် လက်ရှိဧကရာဇ်များကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပြီဖြစ်၏။
သို့သော်လည်း သူတို့ရှေ့မှ သွေးမိစ္ဆာဧကရာဇ်သည် ဧကရာဇ်များ၏ အကြောက်တရားခံစားချက်ကို ထပ်မံတိုးမြှင့်ပေးလိုက်၏။ သူက သွေးဆာရက်စက်ပြီး ကြမ်းကြုတ်ခက်ထန်ကာ တကယ့်ကို အံ့မခန်းဖြစ်လေသည်။
ဤသွေးမိစ္ဆာဧကရာဇ်သည် ထျန်ဝူဧကရာဇ်နှင့် ကြယ်တာရာဧကရာဇ်တို့ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။
ဆူဇီမိုက ငြိမ်သက်နေ၏။
နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူက နောက်ဆုံးမှာပေါ်ထွက်လာခဲ့ပြီဖြစ်သော်လည်း သူ၏ စိတ်ထဲမှာ မေးခွန်းများစွာကျန်ရှိနေဆဲ ဖြစ်၏။