တာမင်းဗုဒ္ဓဧကရာဇ်
Vol. 118 Ch. 1761
ထိုနေရာအရောက်တွင် ဧကရာဇ်များက နောက်ဆုံးမှာ နားလည်သဘောပေါက်လာကြ၏။
လွန်ခဲ့သည့်နှစ်နှစ်ထောင်ကျော်က သွေးနီရောင်ဝတ် ထိုပြိုင်စံရှားအမျိုးသမီးသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့ပြီး သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးပစ်ခဲ့၏။
သွေးနီရောင်ဝတ်အမျိုးသမီးကြောင့်သာ မဟုတ်လျှင် ထျန်ဟွမ်ကုန်းမြေတိုက်သည် သွေးမိစ္ဆာဧကရာဇ်၏ လက်အောက်သို့ ကျရောက်သွားခဲ့သည်မှာ ကြာနေလောက်လေပြီ။
တစ်ချိန်တည်းမှာပဲ ဧကရာဇ်များသည် ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်လာကြ၏။
သွေးမိစ္ဆာဧကရာဇ်သည် ယခုအချိန်မှာ ပေါ်ထွက်လာပြီဆိုတော့... အဲ့ဒါသည် သူ၏ တတိယမြောက်ကိုယ်ပွားကို ဖန်တီးပြီးသွားပြီဟု အဓိပ္ပါယ်ရလေသည်။
သွေးမိစ္ဆာဧကရာဇ်၏ မိစ္ဆာနည်းစနစ်က ပြီးပြည့်စုံသွားခဲ့လေပြီ။
“ဒီလိုဆိုရင်... မင်းက မျိုးနွယ်စုတစ်သောင်းကြား စစ်ပွဲကို လှုံ့ဆော်ပေးခဲ့တာ... မင်းရဲ့ တတိယမြောက်ကိုယ်ပွားကို ကျင့်ကြံဖို့အတွက်ပေါ့”
ပုံပြောအဖိုးအိုက ပြောလိုက်လေသည်။
သွေးမိစ္ဆာဧကရာဇ်က သူ၏ လက်ညိုးကိုထောင်ပြီး ညင်သာစွာ ခါယမ်းပြလိုက်၏။
“တတိယမြောက်ကိုယ်ပွားကို ကျင့်ကြံဖို့က ငါ့ရဲ့ရည်ရွယ်ချက်တွေထဲက တစ်ခုပဲ... ဒါပေမဲ့ အဲ့ဒါက ငါ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်မဟုတ်ဘူး”
သွေးမိစ္ဆာဧကရာဇ်က ဆူဇီမိုဘက်ကိုလှည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါ့ရဲ့တကယ့်အစစ်အမှန်ရည်ရွယ်ချက်က မင်းပဲ”
“ငါလား”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
သွေးမိစ္ဆာဧကရာဇ်ကပြောလိုက်၏
“ငါကမင်းရဲ့ နောက်ဆုံးဝှက်ဖဲတွေကို တွေ့မြင်ချင်ခဲ့တယ်... မျိုးနွယ်စုတစ်သောင်းကြားစစ်ပွဲက အဲ့ဒါကို စမ်းသပ်ဖော်ထုတ်ဖို့အတွက် အကောင်းဆုံး အခွင့်အလမ်းပဲ”
“အရင်တုန်းက ငါကနမော်နမဲ့နဲ့ အမှားတစ်ခုကိုကျူးလွန်ခဲ့လို့ ငါ့ရဲ့ကိုယ်ပွားတစ်ခုက ဖျက်ဆီးခံခဲ့ရတယ်... ငါက အဲ့လိုအမှားမျိုးထပ်ပြီး ကျူးလွန်မှာ မဟုတ်တော့ဘူး”
“အဲ့ဒီအမျိုးသမီးက မင်းကိုအရမ်းတန်ဖိုးထားတယ်ဆိုမှတော့... သူက မင်းအတွက် ဝှက်ဖဲတချို့ချန်ထားပေးခဲ့မှာကို ငါက စိုးရိမ်နေခဲ့တာ... အဲ့ဒါကြောင့် မျိုးနွယ်စုတစ်သောင်းကြား စစ်ပွဲရဲ့ အစစ်အမှန်ရည်ရွယ်ချက်မးက မင်းရဲ့နောက်ဆုံးဝှက်ဖဲတွေကို ထွက်ပေါ်လာစေဖို့ပဲ”
သွေးမိစ္ဆာဧကရာဇ်က အူမြူးအားရစွာဖြင့် ပြုံးလိုက်၏။
“အဲ့ဒီအမျိုးသမီးက တကယ်လည်း ပေါ်လာခဲ့တာပဲ”
ပုံပြောအဖိုးအို၏ အမူအရာက ပျက်ယွင်းသွား၏။
သွေးမိစ္ဆာဧကရာဇ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကြောင့်သာလျှင် မဟုတ်ဘဲ သူ၏ ဉာဏ်ရည်ဉာဏ်သွေးကြောင့်လည်း ဖြစ်လေသည်။ အဲ့ဒါက အလွန်တရာနတ်ဆိုးဆန်ပြီး အားနည်းချက်မရှိသလောက်နီးပါးပင်။
ပဟေဠိနန်းတော်သည် မနောဗေဒင်တွက်ချက်ခြင်းမှာ အထူးပြုပြီး သက်ရှိများအားလုံးကို ဟန်ချက်ညီညီရှိစေဖို့အတွက် ထိန်းကျောင်းပေးရလေသည်။
ပုံပြောသူအနေဖြင့် သူသည် ဤတာအိုမှာ ပို၍ပင်ကျွမ်းကျင်ပိုင်နိုင်လေသည်။
သို့သော်လည်း သွေးမိစ္ဆာဧကရာဇ် ထုတ်ဖော်ပြသခဲ့သော နည်းဗျူဟာက သူ့ထက်များစွာပိုမိုမြင့်မားလေသည်။
ယခုအချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ အက်ကွဲကြောင်းက ပိတ်ဆို့သွားပြီး အထက်ဘုံမှ မည်သည့်ပညာရှင်ကမှ ဆင်းသက်မလာနိုင်တော့ပေ။ ဤမိစ္ဆာကို မည်သူကမှ ဖိနှိမ်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမို၏ အကြည့်က ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့ကြား ရွေ့လျားသွားပြီး ရုတ်တရက်ပြောလိုက်၏။
“မင်းရဲ့ကိုယ်ပွားနှစ်ခုထဲမှာ တစ်ယောက်က သားရဲဧကရာဇ်...နောက်တစ်ယောက်က အင်မော်တယ်ဧကရာဇ်... မင်းကိုယ်တိုင်ကတော့ မိစ္ဆာဧကရာဇ်ဆိုတော့... ငါထင်တာမမှားဘူးဆိုရင် မင်းရဲ့ တတိယမြောက်ကိုယ်ပွားက ဗုဒ္ဓကျောင်းတော်တွေက ဧာကရာဇ်တစ်ပါးဖြစ်လိမ့်မယ်”
“ဉာဏ်ကောင်းသားပဲ”
သွေးမိစ္ဆာဧကရာဇ်က ချီးကျူး၍ လက်ခုပ်တီးလိုက်၏။
ရုတ်တရက်... ဆူဇီမိုသည် ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူ၏ ရင်ထဲမှာ နင့်ခနဲ ဖြစ်သွား၏။ သူက သွေးမိစ္ဆာဧကရာဇ်ကို စိုက်ကြည့်ပြီး တည်တံ့စွာမေးလိုက်၏။
“မင်းရဲ့တတိယမြောက်ကိုယ်ပွားက ဘယ်မှာလဲ... သူက ဘယ်သူလဲ”
“အဲ့ဒါငါပဲ”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အသံတစ်သံထွက်ပေါ်လာ၏
ထိုအသံက မေတ္တာစာဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သကဲ့သို့ သိမ်မွေ့ညင်သာ၍ တည်ငြိမ်နေ၏။
ဧကရာဇ်များက အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြ၏။
ဆူဇီမိုက အဲ့ဒါကို လှည့်မကြည့်ပေ။ အကြောင်းမှာ ထိုအသံပိုင်ရှင်ကို သူသိရှိထားသောကြောင့်ဖြစ်၏။
ကိုယ်တော်တာမင်း....။
မလှမ်းမကမ်းကနေ အဖြူရောင်သင်္ဃန်းကို ဝတ်ဆင်ထားသော ကိုယ်တော်တစ်ပါးသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားခဲ့သည့် သူ၏ ဆံပင်ရှည်များကို ရိတ်ပြီးသွားခဲ့ပြီဖြစ်၏။
“ကိုယ်တော်တာမင်း... အဲ့ဒါ တကယ်ပဲမင်းကိုး”
ပုံပြောအဖိုးအိုသည် ဤကိစ္စနှင့်ပတ်သက်၍ သိရှိထားသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူက ကိုယ်တော်တာမင်းကို တကယ်တမ်းမြင်တွေ့ရသည့်အခါ တုန်လှုပ်သွားရဆဲ ဖြစ်၏။
အခြားသောဧကရာဇ်များက ပို၍ပင်တုန်လှုပ်သွားကြ၏။
လွန်ခဲ့သည့်နှစ်လေးသောင်းက နာမည်ကြီးကျော်ကြားခဲ့သော ပြန်ဝင်စားမွန်းစတားနှစ်ယောက်သည် ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။
ဆူဇီမိုကလည်း ကိုယ်တော်တာမင်းကို လှည့်ကြည့်လိုက်၏။
ကိုယ်တော်တာမင်းက ဆူဇီမိုကို မသိမသာခေါင်းညိတ်၍ ပြုံးပြလိုက်၏။
ရုတ်တရက် လက်ရှိကိုယ်တော်တာမင်းသည် ပြောင်းလဲသွားပုံရသည်ဟု ဆူဇီမိုက ခံစားရ၏။
အဲ့ဒါသည် ဖော်မပြတတ်သော ခံစားချက်တစ်ခုဖြစ်ပြီး ထိုသူက သူ၏ ဆံပင်ရှည်များကို ရိတ်လိုက်သောကြောင့်သာ မဟုတ်ပေ။
“လတ်စသတ်တော့ ခင်ဗျားက သူဖန်တီးချင်တဲ့ တတိယမြောက်ကိုယ်ပွားပဲ... တာမင်းဗုဒ္ဓဧကရာဇ်ပေါ့”
ဆူဇီမိုက ညင်သာစွာသက်ပြင်းချလိုက်၏
“ကျုပ်အဲ့ဒါကို အစောကြီးကတည်းက ခန့်မှန်းမိခဲ့သင့်တယ်”
သွေးမိစ္ဆာဧကရာဇ်ကလည်း ကိုယ်တော်တာမင်းကိုကြည့်ပြီး တမ်းတမ်းတတပုံစံဖြင့် သက်ပြင်းချလိုက်၏။
“နှစ်လေးသောင်းကြာပြီးတဲ့နောက် ငါတို့တစ်ဖန်ပြန်တွေ့ကြပြန်ပြီ”
“ဒါပေါ့.... ငါတို့ပြန်တွေ့ကြပြီ”
ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံးပြလိုက်၏။
သူတို့နှစ်ယောက်က မိတ်ဆွေကောင်းများကဲ့သို့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြ၏။
အဲ့ဒီမှာ တစ်စုံတစ်ရာ ကွဲပြားခြားနားနေသည်ကို ဆူဇီမိုက ဝိုးတဝါးသတိထားမိလိုက်၏။
ကိုယ်တော်တာမင်းသည် ထောင်ဝူသားရဲဧကရာဇ် ၊ ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့နှင့် မတူပေ။ သူသည် သွေးမိစ္ဆာဧကရာဇ်၏ အပြည့်အဝ မွန်းမံသန့်စင်ခြင်းကို မခံထားရသည့်အလားပင်။
ကိုယ်တော်တာမင်းသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် အတွေးများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် ယခု သူတို့ရှေ့ရှိ ကိုယ်တော်တာမင်းကို သွေးမိစ္ဆာဧကရာဇ်၏ တတိယမြောက်ကိုယ်ပွားအဖြစ် ယခုအချိန်ထိ သတ်မှတ်လို့ မရနိုင်သေးပေ။
သို့သော်လည်း သွေးမိစ္ဆာဧကရာဇ်က အလောတကြီးမရှိသလို အံ့အားသင့်သွားခြင်းလည်း မရှိပေ။ အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည့်အတိုင်းပင်။
“ကိုယ်တော်တာမင်း... ဒီဘက်မျိုးဆက်မှာ မင်းတစ်ယောက်ပဲ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မီတယ်”
သွေးမိစ္ဆာဧကရာဇ်က ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်တောင်မှ ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး”
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သွေးမိစ္ဆာဧကရာဇ်ကသာလျှင် သိုင်းဧကရာဇ်ကို ဤကဲ့သို့ သဘောထားပြောဆိုနိုင်ပေလိမ့်မည်။
သူတစ်ယောက်တည်းသာလျှင် ဤကဲ့သို့သော တစ်စုံတစ်ရာကို ပြောဆိုဖို့ အဆင့်မီပေလိမ့်မည်။
“ငါတော့ အဲ့လိုမပြောရဲပါဘူး”
ကိုယ်တော်တာမင်းက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ဒါပေမဲ့... မင်းက သိုင်းဧကရာဇ်ကို လျှော့တွက်နေတာပဲ”
ကိုယ်တော်တာမင်းက ဆူဇီမိုကို အလေးအနက်တစ်ချက်ကြည့်ပြီး သွေးမိစ္ဆာဧကရာဇ်ကို ပြန်ကြည့်လိုက်၏။
“သိုင်းဧကရာဇ်က မင်းထင်ထားတာထက် ပိုပြီးသန်မာတယ်”
“ဟဲဟဲ... သူ့ရဲ့အစစ်အမှန်ခန္ဓာနှစ်ခုနဲ့လား”
သွေးမိစ္ဆာဧကရာဇ်က အထင်သေးစွာဖြင့် လှောင်ရယ်လိုက်၏။
ကိုယ်တော်တာမင်းက သူ၏ ခေါင်းကိုခါယမ်းပြီး ဆက်လက်၍ ရှင်းမပြတော့ပေ။
ဆူဇီမိုက ဘေးကနေ တိတ်တဆိတ်ဖြင့် အေးစက်စွာစောင့်ကြည့်နေ၏။
ကိုယ်တော်တာမင်းက တစ်စုံတစ်ရာကို သိရှိသွားသည်ဟု သူခံစားရ၏။
ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သရုပ်သကန်ကို သိရှိသွားပြီများလား။
သွေးမိစ္ဆာဧကရာဇ်က ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့နှစ်လေးသောင်း... ငါတို့ လေးကြမ်မြောက်တိုက်ခိုက်ခဲ့တုန်းက ငါက ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်... ဒါပေမဲ့ မင်းရဲ့နှလုံးသားက နူးညံ့သိမ်မွေ့တဲ့အတွက် ငါ့ကို ဗုဒ္ဓဝါဒကို ကူးပြောင်းဖို့ ဖျောင်းဖျခဲ့တယ်... အဲ့ဒါကြောင့်ပဲ ငါက မင်းကို ပြန်ပြီး တိုက်ခိုက်ဖို့အခွင့်အရေးရခဲ့တာ... တကယ်တော့... အဲ့တိုက်ပွဲမှာ ငါရှုံးခဲ့တယ်”
ဧကရာဇ်များက ကြက်သေသေနေကြ၏။
လွန်ခဲ့သည့်နှစ်လေးသောင်းက ကိုယ်တော်တာမင်းနှင့် တာအိုအရှင်သွေးမိစ္ဆာအကြား တုန်လှုပ်စရာကောင်းသော တိုက်ပွဲသည် ပဟေဠိနန်းတော်ကပင် မှတ်တမ်းမတင်နိုင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် ရှိနေခဲ့၏။
ထိုစဥ်တုန်းက အခြေအနေနှင့်ပတ်သက်၍ အမှန်တကယ်သိရှိသူများမှာ သွေးမိစ္ဆာဧကရာဇ်နှင့် ကိုယ်တော်တာမင်းတို့သာဖြစ်လေသည်။
သွေးမိစ္ဆာဧကရာဇ်က စကားလုံးတချို့ကိုသာပြောခဲ့သော်လည်း သူသည် ထိုတိုက်ပွဲ၏ အခြေအနေတစ်ရပ်လုံးကို အကြမ်းဖျင်းဖော်ပြပေးလိုက်၏။
ဆူဇီမိုကလည်း တုန်လှုပ်သွားရ၏။
အစကတော့... ကိုယ်တော်တာမင်းသည် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်ဟု သူကတွေးထင်ထားခဲ့၏။
ယခု... ဤကဲ့သို့သောအချက်အလက်များက ပေါ်ထွက်လာခဲ့လေသည်။
ကိုယ်တော်တာမင်းက ခေါင်းခါပြလိုက်၏။
“တိုက်ပွဲတစ်ခုမှာ အကုန်လုံးက မျှတပါတယ်... နောက်ဆုံးတော့ အဲ့ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့သူက ငါပဲ... အဲ့ဒါနဲ့ပတ်သက်ပြီး လက်မခံနိုင်စရာ မရှိပါဘူး”
သူတို့နှစ်ယောက်စလုံးက မာနကြီးသောလူများဖြစ်ကြ၏။
သွေးမိစ္ဆာဧကရာဇ်သည် ထိုစဥ်တုန်းက မမျှမတပုံစံဖြင့် အနိုင်ရရှိခဲ့သော်လည်း သူက ယနေ့မှာ အဲ့ဒါကို ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်ဖော်ပြောဆိုခဲ့လေသည်။
ကိုယ်တော်တာမင်းက ပို၍ပင်တည်ငြိမ်ပြီး ထိုတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍ ငြင်းဆန်လိုခြင်း မရှိပေ။
အဲ့ဒါက သူတို့၏ မာန်မာန ဖြစ်လေသည်။
“မင်းရဲ့ မေတ္တာတရားက အရင်တုန်းက ငါ့ကိုမသတ်ရက်နိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ငါအနိုင်ရတဲ့အခါမှာလည်း ငါကမင်းကိုသတ်မှာ မဟုတ်ဘူး”
ရုတ်တရက် သွေးမိစ္ဆာဧကရာဇ်က ပြုံးပြလိုက်လေသည်။
“မင်းက ငါ့ကိုဗုဒ္ဓဝါဒကို ကူးပြောင်းစေချင်တယ်မလား... ဒါပေမဲ့ ငါက ငြင်းဆန်ခဲ့တယ်... မင်းက အရမ်းကို မေတ္တာတရားကြီးမားပြီး သူတော်ကောင်းဆန်နေမှတော့... မင်းလိုလူမျိုးကို ငါက မိစ္ဆာတာအိုမှာ ကျဆင်းသွားအောင် လုပ်ပေးခဲ့ရတာပေါ့”
ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
လွန်ခဲ့သည့်နှစ်လေးသောင်းက တိုက်ပွဲက ရှင်းလင်းလာခဲ့၏။
သွေးမိစ္ဆာဧကရာဇ်သည် ကိုယ်တော်တာမင်းကို မသတ်ဖြတ်ခဲ့သည့်အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူသည် တစ်ဖက်လူကို အသိအမှတ်ပြုသောကြောင့်ဖြစ်၏။ အဲ့ဒါထက် ထိုတိုက်ပွဲမှာ ကိုယ်တော်တာမင်းသည် အစက အနိုင်ရရှိခဲ့သော်လည်း သူက သွေးမိစ္ဆာဧကရာဇ်ကို မသတ်ဖြတ်ခဲ့သောကြောင့်ဖြစ်၏။
ထိုအစား သူသည် သွေးမိစ္ဆာဧကရာဇ်ကို လွှတ်ပေးပြီး ရှင်သန်ဖို့အတွက် အခွင့်အရေးပေးခဲ့၏။
ကိုယ်တော်တာမင်းသည် သွေးမိစ္ဆာဧကရာဇ်ကို ဗုဒ္ဓဝါဒအဖြစ်ကူးပြောင်းဖို့ ဖျောင်းဖျခဲ့စဥ်မှစ၍ အရာအားလုံးက စတင်လာခဲ့၏။
အဲ့ဒါကြောင့်ပင် သွေးမိစ္ဆာဧကရာဇ်သည် ရှေးဟောင်းခေါင်းတလားထဲမှာ ကိုယ်တော်တာမင်းကို ပိတ်လှောင်ပြီး ခေါင်းတလားအဖုံး၏ အတွင်းဘက်မှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ခတ်နှိပ်ပေးထားခဲ့ခြင်းဖြစ်၏။
မင်းက ငါ့ကိုဗုဒ္ဓဝါဒကို ကူးပြောင်းစေချင်ဆိုမှတော့... ငါကလည်း မင်းကို မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားအောင်လုပ်မယ်.. ဆိုသည့်သဘောပင်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သွေးမိစ္ဆာဧကရာဇ်သည် ကိုယ်တော်တာမင်းနှင့် အမှန်တကယ်တိုက်ခိုက်နေဆဲ ဖြစ်၏။