← Chapters

ကြောက်စရာကောင်းသော မိစ္ဆာနည်းစနစ်

Vol. 118 Ch. 1762

ကြောက်စရာကောင်းသော မိစ္ဆာနည်းစနစ်

Vol. 118 Ch. 1762

သွေးမိစ္ဆာဧကရာဇ်သည် ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရှေးဟောင်းခေါင်းတလားထဲမှာ ချုပ်နှောင်ထားခဲ့၏။ သူသည် မင်းဝမ်ဆုတောင်းပုတီးစေ့တစ်စေ့ကိုပင် ချန်ထားပေးခဲ့လေသည်။

ဆူဇီမိုသည် ထိုသတင်းအချက်အလက်ကို လက်ခံရရှိစဥ်က သူက နားမလည်နိုင်ခဲ့ပေ။

သွေးမိစ္ဆာဧကရာဇ်သည် ဤကဲ့သို့သော ထောင်ချောက်တစ်ခုကို ခင်းကျင်းဖို့အတွက် ဘာ့ကြောင့် အပင်ပန်းအားထုတ်ခဲ့ရတာလဲ။

လွန်ခဲ့သည့်နှစ်လေးသောင်းက တိုက်ပွဲ၏ အခြေအနေကို သွေးမိစ္ဆာဧကရာဇ်က ကိုယ်တိုင်ပြန်ပြောပြသောအခါမှသာလျှင် ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

သွေးမိစ္ဆာဧကရာဇ်က အနိုင်ရရှိခဲ့သော်လည်း သူက မကျေမနပ်ဖြစ်ခဲ့လေသည်။ သူက ကိုယ်တော်တာမင်းနှင့် တိုက်ခိုက်ချင်သေး၏။

သွေးမိစ္ဆာဧကရာဇ်သည် ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုကို တမင်ရည်ရွယ်ချက်ရှိရှိ ချန်ထားပေးခဲ့ခြင်းဖြစ်လေသည်။

ကိုယ်တော်တာမင်းက အသက်ရှင်လျက် ထွက်လာချင်သည်ဆိုလျှင် သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံမှသာရပေမည်။

ဗုဒ္ဓကျောင်းတော်များ၏ မည်ကာမတ္တတပည့် ကိုယ်တော်တာမင်း....မေတ္တာတရားကြီးမားသူကြီး... အများလူထုကို ကယ်တင်ဖို့ကြိုးစားရင်း သူကိုယ်တိုင် မိစ္ဆာတာအိုမှာကျဆင်းကာ မိစ္ဆာနည်းနစ်တစ်ခုကို ကျင့်ကြံခဲ့ရ၏။ အဲ့ဒါက အတိတ်ကာလတုန်းက သူဖိနှိမ်ချင်ခဲ့သော မိစ္ဆာအဖြစ် သူကိုယ်တိုင် ဖြစ်လာသည်။

ကိုယ်တော်တာမင်းက ခေါင်းတလားထဲကနေ လွတ်မြောက်လာသည့်ခဏမှာပင် သူက ရှုံးနိမ့်သွားခဲ့ရပြီးလေပြီ။

တကယ်တော့... သူတို့နှစ်ယောက်ကြား တိုက်ပွဲက လုံးဝရပ်တန့်မသွားခဲ့ပေ။ ရပ်တန့်ရမည့်အစား အဲ့ဒါက နှစ်လေးသောင်းကြာမြင့်ခဲ့၏။

ဆူဇီမိုက စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်၏။

ကိုယ်တော်တာမင်းက ရှုံးနိမ့်ခဲ့ရသော်လည်း ဆူဇီမိုက သူ့ကိုချီကျူးမိဆဲ ဖြစ်၏။

နှစ်လေးသောင်းကြာ ရုန်းကန်နေခဲ့ခြင်း...။

အဲ့ဒါသည် မှောင်မိုက်တိတ်ဆိတ်နေသော ကျဥ်းကြုတ်လှသည့်ရှေးဟောင်း ခေါင်းတလားတစ်ခုထဲမှာဖြစ်၏။ အဲ့ဒီမှာ အထီးကျန် အမြုတေစိတ်ဝိညာဥ်နှစ်ခုကလွဲလျှင် တခြား မည်သည့်အသက်ဓါတ်နှင့် မည်သည့်အရာမှ မရှိပေ။

ကိုယ်တော်တာမင်းက နှစ်လေးသောင်းကြာအောင် ဘယ်လိုရှင်သန်နေထိုင်ခဲ့သလဲ ဆူဇီမိုက စဥ်းစားမကြည့်ရဲပေ။

သူက သန်မာသောစိတ်ဓာတ်တစ်ခုနှင့် မကိုင်လှုပ်နိုင်သော နှလုံးသားတစ်ခုရှိသည်ဟု သူ့ကိုယ်သူယုံကြည်ထား၏။ သို့သော်လည်း သူက တူညီသောအခြေအနေမှာ ရောက်ရှိသွားမည်ဆိုလျှင် နှစ်လေးသောင်းကြာတောင့်ခံနိုင်ပါ့မလား မသေချာပေ။

“မင်းက တကယ့်ကို အံ့အားသင့်စရာပဲ”

သွေးမိစ္ဆာဧကရာဇ်က ကိုယ်တော်တာမင်းကိုကြည့်ပြီး ပြောဆိုလိုက်၏။

“အရင်တုန်းက မင်းက မင်းရဲ့အမြုတေစိတ်ဝိညာဥ် ငြိုးခြောက်တဲ့မထိ မင်းရဲ့အချိန်တွေကို ဖြုန်းတီးပြီး ရှေးဟောင်းခေါင်းတလားထဲမှာ သေသွားမှာကို ငါတကယ်ပဲ စိုးရိမ်နေခဲ့တာ”

“နောက်ဆုံးတော့... ဟီးဟီး... မင်းနောက်ဆုံးတော့လည်း ထွက်လာရတာပဲမလား”

သွေးမိစ္ဆာဧကရာဇ်သည် သူ၏ ရင်ထဲရှိ ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားတက်ကြွမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ရယ်မောလိုက်၏။

“အဲ့ဒီနေက မင်းအခု လွတ်မြောက်လာပြီဆိုတော့... ငါနိုင်သွားပြီလို့ အဓိပ္ပါယ်ရတာပေါ့”

“နောက်ပြီး... မင်းက ဒီတစ်ခေါက် ဒီရေအလှည့်အပြောင်းကို ဘယ်လိုမှဖန်တီးနိုင်မှာ မဟုတ်တော့ဘူး”

“နှစ်လေးသောင်းကြာတိုက်ခိုက်ပြီးတဲ့နောက် ငါတကယ်ပဲ ရှုံးနိမ့်သွားတယ်”

ကိုယ်တော်တာမင်းက သူ၏ လက်နှစ်ဖက်ကို ကြည့်လိုက်၏။

“ဒီနှစ်တွေထဲမှာ ငါ့ရဲ့ခွန်အားကို မြှင့်တင်ဖို့အတွက် ငါက အဲ့ဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံခဲ့ရတယ်... ငါ့ရဲ့လက်က သွေးပေါင်းများစွာနဲ့ စွန်းထင်းသွားခဲ့ပြီ... ငါက တာမင်းဘွဲ့ကို ယူထားဖို့ ဆက်ပြီးမထိုက်တန်တော့ဘူး”

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ထို့ကြောင့်ပင်လျှင် ကိုယ်တော်တာမင်းသည် သူ၏ သရုပ်သကန်ကိုသိရှိပြီးနောက် ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးကို သူ့အား ပေးခဲ့ခြင်းဖြစ်၏။

ကိုယ်တော်တာမင်းက ရှေးဟောင်းခေါင်းတလားထဲကနေ လွတ်မြောက်လာခဲ့သော်လည်း သူသည် မလုံမလဲခံစားနေရပြီး သူ၏ မိတ်ဆွေဟောင်းများကို မျက်နှာမပြဝံ့တော့ပေ။ တကယ်ဆို... သူသည် သူ၏ မျက်နှာကို သူ၏ ဆံပင်ရှည်များဖြင့်ပင် ဖုံးအုပ်ထားခဲ့လေသည်။ ကိုယ်တော်တာမင်းသည် ဤနှစ်များအားလုံးမှာ ဆင်းရဲဒုက္ခများနှင့် နာကျင်မှုများစွာကို ခံစားခဲ့ရပြီးလေပြီ။

ခဏမျှငြိမ်သက်ပြီးနောက် ကိုယ်တော်တာမင်းက ပြော်လိုက်၏။

“လွန်ခဲ့တဲ့နှစ်လေးသောင်းက တိုက်ပွဲမှာ ငါရှုံးနိမ့်ခဲ့တယ်... ဒါပေမဲ့ ငါတို့ကြားတိုက်ပွဲက အခုချိန်ထိ မပြီးသေးဘူး... ဒီတစ်ခေါက် ငါပြန်လာတာက အဲ့ဒါကို နောက်ဆုံး နိဂုံးချုပ်ပေးဖို့ပဲ”

“ဟားဟားဟားဟား”

သွေးမိစ္ဆာဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။

“တာမင်း... ဘာမျှော်လင့်ချက်မှ လျှောက်မထားနဲ့တော့... မင်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံခဲ့ပြီဆိုကတည်းက မင်းက ငါ့ကို ဘယ်လိုမှ အနိုင်မရတော့ဘူးဆိုတာ မင်းကောင်းကောင်းသိနေတာပဲ”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သွေးမိစ္ဆာဧကရာဇ်၏ စကားလုံးက ပိုမိုနက်ရှိင်းသော အဓိပ္ပါယ်တစ်ခုရှိနေပုံရ၏။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံပြီးနောက် သူတို့က သွေးမိစ္ဆာဧကရာဇ်ကို ဘာကြောင့် အနိုင်မရနိုင်တော့တာလဲ။

သွေးမိစ္ဆာဧကရာဇ်က ပြောလိုက်၏။

“တာမင်း... ဒီဘက်မျိုးဆက်မှာ မင်းတစ်ယောက်ပဲ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ အခုတင် ငါပြောခဲ့သားပဲ... ဖြစ်နိုင်မယ်ဆိုရင် ငါက မင်းကို ငါ့ရဲ့ တတိယမြောက်ကိုယ်ပွားအဖြစ် မသန့်စင်ချင်ဘူး... မင်းက ဒီနေ့ငါ့ဆီမှာ အညံ့ခံဖို့ ရွေးချယ်လိုက်တာနဲ့ ငါကဒီလောကကို မင်းနဲ့မျှဝေပေးမယ်”'

“ဒီနေ့ကစပြီး မင်း... တာမင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ငါနဲ့ပခုံးချင်းယှဥ်ပြီး ရပ်တည်နိုင်မယ်... မင်းရဲ့အဆင့်အတန်းက ဧကရာဇ်အားလုံးရဲ့အထက်မှာရှိပြီး မင်းက မင်းရဲ့ခြေဖဝါးအောက်မှာ မျိုးနွယ်စုတစ်သောင်းကိုထားပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးနိုင်လိမ့်မယ်”

ဧကရာဇ်များက တုန်လှုပ်သွားကြ၏။

သွေးမိစ္ဆာဧကရာဇ်က ကိုယ်တော်တာမင်းကို ဘယ်လောက်ထိ တန်ဖိုးထားသလဲ လူတိုင်းက ပြောနိုင်ကြ၏။

သွေးမိစ္ဆာဧကရာဇ်သည် ကိုယ်တော်တာမင်းအား သူ၏ တတိယမြောက်ကိုယ်ပွားအဖြစ် ဖန်တီးဖို့ကို စွန့်လွှတ်လိုပြီး သူနဲ့ ပခုံးချင်းယှဥ်ပြီးရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခုကိုပင် ကမ်းလှမ်းနေလေသည်။

ကိုယ်တော်တာမင်းပေါ်ထွက်လာပြီးနောက် သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးထဲမှာ အခြားမည်သူကိုမှ မမြင်တော့ပေ။

အတိအကျဆိုရလျှင် သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးထဲမှာ အခြားသူများနှင့် ဆူဇီမိုပင်လျှင် သူ၏ သွေးကျွန်များသာဖြစ်၏။

ကိုယ်တော်တာမင်းကသာ သူနှင့်ယှဥ်ဖို့ အဆင့်မီပေလိမ့်မည်။

ရုတ်တရက် ဆူဇီမို၏ စိတ်ထဲသို့ ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုဝင်ရောက်လာပြီး သူကမေးလိုက်၏။

“သွေးမိစ္ဆာ... မင်းက နှစ်တစ်ထောင်သွေးပင်လယ်နဲ့ အရှေ့ပင်လယ်မှာ ငါ့ကိုဘာလို့ နှစ်ကြိမ်ကယ်တင်ခဲ့တာလဲ”

နှစ်တစ်ထောင်သွေးပင်လယ်မှာတုန်းက ဆူဇီမိုကို ကယ်တင်ဖို့အတွက် သွေးနီရောင်ပူဖောင်းများကိုထုတ်ဖော်ခဲ့သူသည် သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွား ထောင်ဝူသားရဲဧကရာဇ်ဖြစ်လေသည်။

အရှေ့ပင်လယ်၏ အထက်မှာ သွေးမိစ္ဆာဧကရာဇ်သည် ဟာမစ်အဖြစ်အသွင်ပြောင်းလဲပြီး သူ့ကို ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်၏ လက်ကနေ ကယ်တင်ပေးခဲ့၏။

“ဟီးဟီး...”

သွေးမိစ္ဆာဧကရာဇ်က ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းအခုထိ သဘောမပေါက်သေးဘူးလား... မင်းတောင်မှ ငါ့ရဲ့ သွေးကျွန်တစ်ယောက်ပဲလေ”

“သွေးကျွန်တွေအများကြီးထဲမှာ မင်းက အထူးချွန်ဆုံးနဲ့ အလားအလာအရှိဆုံးပဲ... ငါကမင်းကို ဘယ်လိုလုပ်သတ်ရက်ပါ့မလဲ”

ဧကရာဇ်များက ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ကြ၏။

သိုင်းဧကရာဇ်ပင်လျှင် သွေးမိစ္ဆာဧကရာဇ်၏ သွေးကျွန်သာဖြစ်သည်တဲ့လား။ ထိုသတင်းအချက်အလက်က အရမ်းကို ကြောက်စရာကောင်းလေသည်။

ကိုယ်တော်တာမင်းက ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။

“မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်က ဒီလောက်ထိစွမ်းအားကြီးမားနေတဲ့ အကြောင်းအရင်းက အဲ့ဒါက မျိုးဆက်သွေးကို အကန့်အသတ်မဲ့သန့်စင်နိုင်တာကြောင့်ပဲ မဟုတ်ဘူး... အဲ့ဒါအပြင် အဲ့ဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံတဲ့သူတွေက သွေးမိစ္ဆာရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်နိုင်တော့မှာမို့လို့ပဲ”

ဆူဇီမိုသည် ရှေးဟောင်းခေါင်းတလားပေါ်ရှိ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ ကျင့်ကြံခဲ့၏။

အဲ့ဒါကြောင့် သူသည် ထိုမိစ္ဆာနည်းစနစ်၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။

သို့သော်လည်း ထိုမိစ္ဆာနည်းစနစ်ကို အကြိမ်ရေအနည်းငယ် ထုတ်ဖော်ပြီးနောက် ၎င်း၏ နောက်ကွယ်မှာ အလွန်တရာကြောက်စရာကောင်းသော တစ်စုံတစ်ရာရှိနေသည်ကို သူက ဝိုးတဝါးခန့်မှန်းမိခဲ့၏။

အဲ့ဒါကြောင့် နှစ်တစ်ထောင်သွေးပင်လယ်မှာ ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး၌ သူသည် ဘယ်လောက်ပင် အန္တရာယ်များသည့်အခြေအနေနှင့် ကြုံတွေရသည်ဖြစ်စေ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထပ်မံ၍ အသုံးမပြုတော့ပေ။

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲ့လိုဆိုရင်... ခင်ဗျားက ဒီမိစ္ဆာနည်းစနစ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားလေလေ အဲ့ဒီကနေ ရုန်းထွက်ဖို့ ပိုခက်လေလေပေါ့... အဲ့လိုလား”

“အမှန်ပဲ”

ကိုယ်တော်တာမင်းက ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါကြောင့်ပဲ ကြယ်ခြောက်စင်းတောင်မှာတုန်းက မင်းကိုငါသတ်ချင်ခဲ့တာ... ဘာလို့လည်းဆိုတော့ မင်းက အဲ့ဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံထားတဲ့အတွက် မင်းကို သွေးကျွန်တစ်ယောက်အဖြစ် သတ်မှတ်နိုင်နေပြီမို့လို့ပဲ”

“ငါကမင်းကို ပိုပြီးတော့ သန်မာမလာစေချင်တော့ဘူး... အဲ့ဒါကြောင့် ငါမင်းကို သတ်ချင်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးအချိန်ထိတောင် မင်းက အဲ့ဒီမိစ္ဆာနည်းစနစ်ကို အသုံးမပြုခဲ့ဘူး... အဲ့ဒါကြောင့်ပဲ ငါမင်းကို မသတ်တော့တာ”

ကိုယ်တော်တာမင်းက ဆက်ပြောလိုက်၏။

“ငါတို့နှစ်ယောက်ကျင့်ကြံထားတဲ့ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သွေးမိစ္ဆာက သီးသန့်ချန်ထားပေးခဲ့တာ... အဲ့ဒါကြောင့် အဲ့ဒီမှာ အားနည်းချက်နည်းနည်းပါးပါးပဲရှိတယ်... ဒါပေမဲ့ တခြားသူတွေ ကျင့်ကြံတဲ့ မိစ္ဆာနည်းစနစ်မှာတော့ သူက အားနည်းချက်တွေ အများကြီးကို ချန်ထားခဲ့တယ်... အဲ့ဒါကြောင့် တူညီတဲ့မိစ္ဆာနည်းစနစ်ကို ထုတ်ဖော်တာဆိုပေမဲ့... တခြားသူတွေက ငါတို့အပေါ် သက်ရောက်နိုင်ဖို့ခက်ခဲတာပဲ”

ရုတ်တရက်ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

တစ်ချိန်တည်းမှာပင်သူသည် ကိစ္စများစွာကို ရုတ်တရက် နားလည်သိရှိလာခဲ့၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် ခရမ်းရောင်မီးတောက်တို့ကို မျိုးဆက်သွေးများသန့်စင်ခြင်းက​နေကိုယ်တော်တာမင်းက တားဆီးနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

သီယွီ၏ သွေးယဇ်ပူဇော်ခြင်းကပင် ကိုယ်တော်တာမင်းအပေါ် မသက်ရောက်နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကိုယ်တော်တာမင်းသည် ထိုသူကို ပြန်လည်သန့်စင်နိုင်ခဲ့လေသည်။

ရှင်းရှင်းပြောရလျှင် သူတို့အားလုံးသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော်လည်း သူတို့နှစ်ယောက်သည် ပို၍ပြီးပြည့်စုံသော ထိပ်တန်းအဆင့်မိစ္ဆာနည်းစနစ်ကို ကျင့်ကြံခဲ့လေသည်။ အခြားသူများကတော့ ပို၍နိမ့်ကျသော မူကွဲတစ်ခုကို ကျင့်ကြံခဲ့ရခြင်းဖြစ်၏။

“အမှန်ပဲ”

သွေးမိစ္ဆာဧကရာဇ်က ဆူဇီမိုကိုကြည့်ပြီး ဝံ့ကြွားစွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... အခုကစပြီး မင်းက ငါ့ရဲ့လက်အောက်က အဆင့်မြင့်ဆုံး သွေးကျွန်ဖြစ်လာလိမ့်မယ်... မင်းက ငါနဲ့ တာမင်းထက် တစ်ဆင့်ပဲနိမ့်လိမ့်မယ်”

ထိုသို့ပြောလိုက်ခြင်းဖြင့် သွေးမိစ္ဆာဧကရာဇ်က ဆူဇီမိုကို မဟာလက်ဆောင်တစ်ခု ချီးမြှင့်လိုက်သည့်အလားပင်။

All Chapters