← Chapters

သွေးမိစ္ဆာ၏ မှားယွင်းတွက်ချက်မှု

Vol. 118 Ch. 1763

သွေးမိစ္ဆာ၏ မှားယွင်းတွက်ချက်မှု

Vol. 118 Ch. 1763

“သွေးမိစ္ဆာ.. မင်းက အရမ်းတွေ ယုံကြည်မှုရှိနေပါလား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“ငါက မင်းရဲ့ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ရဲ့ အပိုင်းတချို့ကိုပဲ ကျင့်ကြံခဲ့တာ.. ငါက အဲဒါကိုလည်း နှစ်ကြိမ် သုံးကြိမ်ပဲ ထုတ်သုံးခဲ့တာ.. မင်းက အဲဒါနဲ့ ငါ့ကို ထိန်းချုပ်နိုင်မယ် ထင်နေလို့လား”

“ထပ်ပြီးပြောရရင်.. မင်းက အဲဒါကို ထိန်းချုပ်နိုင်မယ်ဆိုရင်တောင်မှ မင်းက အလွန်ဆုံး ငါ့ရဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ထိန်းချုပ်နိုင်ရုံပေါ့.. ငါ့ရဲ့ ဒီအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို​ ဖန်တီးခြင်း ကြာပဒုမ္မာကနေ ဖန်တီးထားတာ.. အဲဒါက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နဲ့ ဘာမှ မပတ်သက်ဘူး”

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို တည်ဆောက်ပြီးနောက် ဆူဇီမိုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဘယ်တော့မှ အသုံးမပြုတော့ပေ။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို တကယ်တမ်း ထုတ်ဖော်ခဲ့သူမှာ သူ၏ မူလခန္ဓာ.. လက်ရှိ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသာ ဖြစ်လေသည်။

“ဟဲဟဲဟဲဟဲ”

သွေးမိစ္ဆာဧကရာဇ်က သွားဖြီး၍ ခေါင်းခါပြလိုက်၏။

“အထီးကျန်သိုင်းသခင်… မင်းက တော်တော်နုံအတာပဲ.. ငါဖန်တီးထားတဲ့ မိစ္ဆာနည်းစနစ်က ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးအပေါ်ပဲ သက်ရောက်နိုင်တယ်လို့ ထင်လို့လား”

“မင်းက အဲဒါကို ကျင့်ကြံလိုက်တာနဲ့ အဲဒီ မိစ္ဆာနည်းစနစ်က မင်းနောက်ကို အမြဲတမ်း လိုက်ပါနေလိမ့်မယ်.. မင်းရဲ့ အမြုတေစိတ်ဝိညာဉ်တောင်မှ ချမ်းသာရာရမှာ မဟုတ်ဘူး”

သူ့စကား မဆုံးသေးခင်မှာပင်.. သူ၏ မျက်လုံးက ထူးဆန်းသော သွေးရောင်အလင်းဖြင့် ဝင်းလက်သွား၏။

“အာ..”

ဆူဇီမိုက ခပ်သဲ့သဲ့ ညည်းတွားလိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်တွင် သွေးရောင် ချိန်းကြိုးများ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်လာခဲ့၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ သွေးချီကို ဘယ်လိုပင် လှည့်ပတ်သည်ဖြစ်စေ.. သူသည် တဗူးသွင်ပြင်သို့ ယူခြင်းနှင့် သွေးနီရောင် ချိန်းကြိုးများကနေ ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာလည်း ဖန်တီးခြင်း ကြာခုံပေါ်ရှိ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ပေါ်မှာ သွေးနီရောင် ချည်မျှင်များက ပေါ်ထွက်လာ၏။

သွေးနီရောင် ချည်မျှင်များသည် အလွန်တရာ ဆိုးယုတ်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးပြီး အလွန်တရာ ထက်ရှကာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို တင်းကျပ်စွာ ရစ်ပတ်လာခဲ့၏။

ဆူဇီမို၏ အမူအရာက အလွန်တရာ ပျက်ယွင်းသွားလေသည်။

ဤမိစ္ဆာနည်းစနစ်သည် ဤမျှအထိ ကြောက်စရာကောင်းနေသည်ဆိုတော့..။

သူ၏ အမြုတေစိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲထုတ်ပြီး အစစ်အမှန်ခန္ဓာနှစ်ခုအဖြစ် ကျင့်ကြံခဲ့သည်ဆိုလျှင်တောင် သူသည် ထိုမိစ္ဆာနည်းစနစ်၏ လွှမ်းမိုးမှုကနေ ရုန်းမထွက်နိုင်ခဲ့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မည်သည့် ညစ်နွမ်းမှုမှ မရှိဘဲ တည်ဆောက်ခဲ့ပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် မည်သို့မှ မပတ်သက်သော်လည်း သူ၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် တစ်ချိန်တုန်းက သူကျင့်ကြံခဲ့သော ထိုမိစ္ဆာနည်းစနစ်၏ ဆိုးယုတ်စွမ်းအားဖြင့် စွန်းထင်းခံခဲ့ရပြီး ဖြစ်နေ၏။

သွေးမိစ္ဆာဧကရာဇ်က ဘေးပတ်လည်ကို အကဲခတ်ပြီး အခြားသော ဧကရာဇ်များကို ဝင့်ကြွားစွာ ကြည့်လိုက်၏။

“မင်းတို့တွေက ဘာလို့ အညံ့မခံကြသေးတာလဲ.. မင်းတို့ရဲ့ သိုင်းဧကရာဇ်တောင်မှ အခုချိန်မှာ ငါ့ရဲ့ သွေးကျွန်ဖြစ်နေပြီ”

ဧကရာဇ်များစွာက စိတ်ပျက်အားငယ်မှုနှင့်အတူ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူလျော် ဖြစ်သွားကြ၏။

ပုံပြောအဘိုးအို၏ မျက်လုံးများပင်လျှင် မှေးမှိန်သွား၏။

သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က သိုင်းဧကရာဇ် ဖြစ်လေသည်။

သို့သော် ယခု သိုင်းဧကရာဇ်သည် သွေးမိစ္ဆာဧကရာဇ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကာ ထျန်ဟွမ်ကုန်းမြေတိုက်မှာ မည်သူကမှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

“မင်းက ရုန်းကန်ချင်နေတုန်းပဲလား”

သွေးမိစ္ဆာဧကရာဇ်က ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဒူးထောက်စမ်း”

သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးနှစ်ဖက်က သွေးနီရောင်အလင်းဖြင့် တောက်ပလာခဲ့၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်ရှိ သွေးနီရောင် ချိန်းကြိုးများက တင်းကျပ်လာခဲ့လေသည်။

သူတို့သည် အလွန်တရာ ထူးဆန်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို စတင်စုပ်ယူလာခဲ့၏။

စွမ်းအားကြီးမားသော စိတ်ဆန္ဒတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ ဆင်းသက်လာခဲ့၏။

ထိုစိတ်ဆန္ဒ၏ လွှမ်းခြုံမှုအောက်မှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်သည် သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားရပြီး သူ၏ အသိစိတ်က စတင်ဝေဝါးလာခဲ့၏။

“ဂါး..”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မာန်ဖီဟိန်းဟောက်လိုက်၏။

သူသည် သွေးနီရောင် ချိန်းကြိုးများနှင့် ဆန့်ကျင်တိုက်ခိုက်နေရင်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ နီရဲနေသော နဂါးကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့၏။

မတူညီသော အင်အားနှစ်ခုက တစ်ခုကိုတစ်ခု ချေဖျက်ဝါးမျိုနေကြ၏။

တစ်ချိန်တည်းမှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်သည် ထိုစိတ်ဆန္ဒနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး အလျှော့ပေးဖို့ကို ငြင်းဆန်နေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း တူညီသော အခြေအနေမှာ ကျရောက်နေ၏။

အလွန်တရာ စွမ်းအားကြီးမားသော စိတ်ဆန္ဒသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဖိနှိမ်ပြီး အဲဒါကို ထိန်းချုပ်ချင်လေသည်။

ဖန်တီးခြင်း ကြာခုံ၏ ကြာစိမ့်ပေါက် ၇၂ပေါက်ကနေ အစိမ်းရောင် အလင်းရောင်ခြည်များက ပစ်လွင့်ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ထိုစိတ်ဆန္ဒကို ခုခံဆန့်ကျင်နေ၏။

သူ၏ အစစ်အမှန်ခန္ဓာနှစ်ခု၏ နှလုံးသားထဲမှာ သူ့ကို လက်လျှော့လိုက်ဖို့ ပြောနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်ဟု ထင်ရ၏။

ဆူဇီမို၏ စိတ်က ယိမ်းယိုင်သွားခြင်း မရှိဘဲ ထိုစွမ်းအားနှင့် ဆန့်ကျင်တိုက်ခိုက်ရန် သူ၏ စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်နေစေဖို့ ကြိုးစားနေ၏။

အစစ်အမှန်ခန္ဓာနှစ်ခုသည် သွေးမိစ္ဆာဧကရာဇ်၏ စိတ်ဆန္ဒမှာ အညံ့မခံကြသော်လည်း သူတို့က တုန်ယင်၍ သိပ်သည်းပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။

သွေးမိစ္ဆာဧကရာဇ်က မျက်မှောင်ကြုတ်၍ သူ၏ အမူအရာက ညိုမည်းလာ၏။

ဆူဇီမို၏ စိတ်ဓာတ်သည် ဤမျှအထိ သန်မာပြီး သူနှင့် လွန်ဆွဲနိုင်သည့် အခြေအနေတစ်ရပ်သို့ ကျရောက်သွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ထိုသည်ကို တွေ့မြင်သောအခါ ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံးလိုက်လေသည်။

“သွေးမိစ္ဆာ.. မင်းတွက်ချက်တာ မှားသွားပြီ”

“မင်းက နှစ်လေးသောင်းကြာ ကြံစည်နေခဲ့ပြီး ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့မယ်ဆိုရင်တောင် သိုင်းဧကရာဇ်က သူ့ရဲ့ မိစ္ဆာမဆန်မှုနဲ့ သူ့ရဲ့ သန်မာတဲ့ တာအိုနှလုံးသားကြောင့် မင်းနဲ့ လွန်ဆွဲနိုင်တဲ့ အခြေအနေတစ်ခုကို ဝင်ရောက်သွားလိမ့်မယ်လို့ မင်း ဘယ်လိုမှ ထင်ထားမိမှာ မဟုတ်ဘူး”

“ဟမ့်”

သွေးမိစ္ဆာဧကရာဇ်က ဂရုမစိုက်ဟန်ဖြင့် လှောင်ရယ်လိုက်၏။

“အဲဒါ ဘာမှမဟုတ်ဘူး.. လက်ရှိအခြေအနေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ”

“ငါက အထီးကျန်သိုင်းသခင်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးဆိုပေမဲ့ သူ့ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုက အခုချိန်မှာ သူ့ကိုယ်သူ အနိုင်နိုင် ခုခံနေရတာ.. သူ့မှာ တိုက်ခိုက်ရည်ခွန်အား မကျန်ရှိတော့ဘူး.. ငါက သူ့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တယ်”

သွေးမိစ္ဆာဧကရာဇ်၏ စကားက မမှားကြောင်း လူတိုင်းက ပြောနိုင်၏။

ယခုအချိန်မှာ ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ကန့်သတ်ချုပ်နှောင်ခြင်းကို ခံနေရ၏။ သူတို့က လုံးလုံး ကျဆင်းမသွားသေးသော်လည်း အဲဒီကနေ ရုန်းထွက်နိုင်ဖို့က အင်မတန် ခက်ခဲပေလိမ့်မည်။

သွေးမိစ္ဆာဧကရာဇ်ကို မပြောနှင့်.. မည်သည့်ဧကရာဇ်မဆို ဆူဇီမိုကို အခုချိန်မှာ အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

သွေးမိစ္ဆာဧကရာဇ်က ကိုယ်တော်တာမင်းကို ကြည့်ပြီး ဆက်ပြောလိုက်၏။

“ငါက အထီးကျန်သိုင်းသခင်ကို လုံးလုံးလျားလျား ထိန်းချုပ်ချင်တယ်ဆိုရင်.. အဲဒါက မဖြစ်နိုင်တာ​တော့ မဟုတ်ဘူး.. ငါက မင်းကို သန့်စင်ပြီး ငါ့ရဲ့ မိစ္ဆာနည်းစနစ်ကို ပြီးပြည့်စုံစေလိုက်တာနဲ့ ငါက သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်သွားလိမ့်မယ်”

ကိုယ်တော်တာမင်းက ခေါင်းခါပြလိုက်၏။

“ထပ်ပြီး မှားပြန်ပြီ.. ဒါကတော့ မင်းရဲ့ ဒုတိယမြောက် မှားယွင်းတွက်ချက်မှုပေါ့”

“ငါတို့နှစ်ယောက်ကြား တိုက်ပွဲက မပြီးသေးဘူးလို့ ငါပြောခဲ့ပြီးပြီပဲ.. ငါ အခု ပြန်လာတယ်ဆိုတာ မင်းနဲ့အတူ အဲဒါကို အဆုံးသတ်ပေးဖို့ပဲ”

သွေးမိစ္ဆာဧကရာဇ်က လှောင်ရယ်လိုက်၏။

“တာမင်း.. မင်းက အထီးကျန်သိုင်းသခင်နဲ့ မတူဘူးလေ.. ဒီနှစ်တွေထဲမှာ မင်းက မိစ္ဆာတာအိုမှာ နက်နက်ရှိုင်းရှိုင်း ကျဆင်းသွားခဲ့ပြီ… မျိုးနွယ်စုတစ်သောင်းတိုက်ပွဲမှာ မျိုးဆက်သွေး ဘယ်လောက်များများကို မင်း သန့်စင်ခဲ့လဲဆိုတာ မင်းကိုယ်မင်း ကောင်းကောင်းသိပါတယ်”

“ငါက မင်းကို ငါ့ရဲ့ တတိယမြောက် ကိုယ်ပွားအဖြစ် သန့်စင်မွမ်းမံချင်တယ်ဆိုရင် မင်းက အဲဒါကို လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး”

ကိုယ်တော်တာမင်းက ပြောလိုက်၏။

“သွေးမိစ္ဆာ.. ငါ ဘာလို့ အဲဒီ မိစ္ဆာနည်းစနစ်ကို ကျင့်ကြံပြီး ရှေးဟောင်း ခေါင်းတလားထဲကနေ ထွက်လာခဲ့သလဲ မင်းသိလား”

သွေးမိစ္ဆာဧကရာဇ်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“အဲဒါ ငါက အသက်ရှင်သန်ချင်လို့ အဲ့ဒါကို လုပ်ခဲ့တာ မဟုတ်ဘူး”

ကိုယ်တော်တာမင်းက ဆက်ပြောလိုက်၏။

“အဲဒီ မိစ္ဆာနည်းစနစ်ကို ကျင့်ကြံပြီး ငါက ရုန်းထွက်လာခဲ့တယ်ဆိုတာ မင်းရဲ့ မိစ္ဆာနည်းစနစ်ကို ချေဖျက်နိုင်မယ့် နည်းလမ်းတစ်ခုကို ငါက ရှာဖွေဖော်ထုတ်ချင်လို့ပဲ”

“ပကတိ ပြီးပြည့်စုံတယ်ဆိုတာ ဘာမှ မရှိဘူး.. ဒီလောကက အရာရာတိုင်းမှာ သူတို့ရဲ့ တန်ပြန်ဝိပါတ်ဆိုတာ ရှိတယ်”

“အပြည့်စုံဆုံး ကျင့်ကြံရေးနည်းစနစ်မှာတောင်မှ အားနည်းချက်ဆိုတာ ရှိတယ်.. မင်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးနိုင်တယ်ဆိုရင် ငါက အဲဒါကို သေချာပေါက် ချေဖျက်ပြမယ်”

“မင်း…”

သွေးမိစ္ဆာဧကရာဇ်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ သူ၏ မိစ္ဆာနည်းစနစ်ကို လှည့်ပတ်လိုက်၏။

သူက ကိုယ်တော်တာမင်းကို ထိန်းချုပ်ဖို့ ကြိုးစားချင်လေသည်။

ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်မှာ မိစ္ဆာချီအလင်းတန်းများက ပစ်လွင့်ထွက်ပေါ်လာ၏။

ဆိုးသွမ်းသော မိစ္ဆာတစ်ကောင်က ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်အတွင်းမှာ နိုးထလာသည့်အလားပင်။

ရုတ်တရက် ကိုယ်တော်တာမင်းသည် သူ၏ လက်ညိုးကို တောက်ထုတ်လိုက်ပြီး အကြင်နာ မေတ္တာတရား ကြီးမားသော အကြည့်တစ်ခုနှင့်အတူ ညင်သာစွာ ပြုံးပြလိုက်၏။

ဂမ္ဘီရဆန်၍ ပြီးပြည့်စုံသော ရောင်လျှံစက်ဝန်းတစ်ခုက သူ၏ ဦးခေါင်းနောက်မှာ ပေါ်ထွက်လာ၏။

စွမ်းအားကြီးမားသော မြင့်မြတ်ထည်ဝါသည့် စိတ်ဆန္ဒတစ်ခုက ဆင်းသက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကြမ်းကြုတ်မိစ္ဆာကို ဖိနှိမ်လိုက်လေသည်။

သွေးမိစ္ဆာဧကရာဇ်၏ အမူအရာက လုံးဝကို ညိုမည်းသွား၏။

သူက မအောင်မြင်ခဲ့ပေ။

ကိုယ်တော်တာမင်းက သူ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ထိန်းချုပ်မှုကို ခုခံဆန့်ကျင်နေ၍ မလှုပ်ရှားနိုင်သော်လည်း သူက အပြင်ဘက်ရှိ အခြေအနေကို အာရုံခံမိနိုင်ဆဲဖြစ်၏။

ကိုယ်တော်တာမင်းသည် ဤနှစ်တွေထဲမှာ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာကို ဘာကြောင့် စုဆောင်းနေခဲ့သလဲ နောက်ဆုံးမှာ သူက နားလည်သဘောပေါက်သွား၏။

ကိုယ်တော်တာမင်းသည် ပဟေဠိနန်းတော်သို့ပင် စွန့်စားဝင်ရောက်ကာ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ခိုးယူခဲ့လေသည်။

အကြောင်းမှာ သူသည် ထိုကျင့်ကြံရေး နည်းစနစ်ကို အသုံးပြုပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်နိုင်မည့်​ နည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်နေခဲ့သောကြောင့် ဖြစ်၏။

နောက်ပြီး ယခု သူက အဲဒါကို အောင်မြင်သွားခဲ့လေပြီ။

အဲဒါကြောင့်ပင် ဤတစ်ခေါက် ပြန်လာသောအခါ သူက သူ၏ ဆံပင်ရှည်များကို ရိတ်ပြီး နောက်တစ်ဖန် ကိုယ်တော်တာမင်း ဖြစ်လာခဲ့ခြင်းပင်။

ကိုယ်တော်တာမင်းက မရှုံးနိမ့်သေးပေ။

All Chapters